← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

ကျီဝမ်က ဒေါသထွက်နေတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး “ဘာဖြစ်နေတာလဲ” လို့ အလျင်စလို မေးလိုက်တယ်။

ဖန့်ရှောင်နွမ်က သူ့အား မျှော်လင့်ချက်မဲ့တဲ့ ကိစ္စဟု ခံစားမိသောကြောင့် သူမ သူ့ နားရွက်ကို ဆွဲကာ ဆူလိုက်သည်။ "နက် ငတုံးကောင်! နင်ကလေ အသုံးချခံနေရမှန်းတောင် မသိဘူး။”

လျိုစစ်ယွီ ရှင်းပြလိုက်သည်။ “သူ့အဖိုးရဲ့ရောဂါကို ကုသဖို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ချေးတာမဟုတ်ဘူး။ သူမက ဇိမ်ခံပစ္စည်းတွေ ဝယ်ချင်နေတာ။ သူမ အခုအဲ့တာကိုပြန်မဆပ်နိုင်တော့ မနေ့က နင့်ကို ရည်ရွယ်ချက်ရှိရှိ အသုံးချခဲ့တာ။ အပြင်မှာ လူတွေအများကြီးရှိပေမယ့် သူမက နင့်ကိုရွေးခဲ့တာ။ သူမက နင် သူ့ပိုက်ဆံကို ကူပြီးပြန်ဆပ်ပေးအောင်လို့ နင့်ရဲ့ရည်းစားဖြစ်ဖို့ ဒီအခွင့်အရေးကို ယူချင်နေတာ။"

ကျီဝမ် တွေးလိုက်သည်။ 'မိန်းကလေးတွေအကြောင်း ငါ မသိဘူးလို့များ သူထင်နေတာလား။'

လျိုစစ်ယွီ ဆက်ရှင်းပြခဲ့သည်။ “နင်က ချမ်းသာတဲ့ မိသားစုက လာတာဆိုတော့ သူ့အတွက် သောင်းဂဏန်း ဒါမှမဟုတ် သိန်းပေါင်းများစွာ ခိုးယူဖို့ နင့်အတွက် လွယ်လိမ့်မယ်လို့ ထင်နေတာ။ ဒါပေမယ့် သူ့ချေးငွေကို ဆပ်ဖို့ ကူညီတာထက် နင် အရိုက်ခံရလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့တာ”

ကျီဝမ် ပြောစရာစကားမဲ့သွားသည်။ 'ဒီမိန်းကလေးရဲ့ ဦးနှောက်မှာ တစ်ခုခုမှားနေတာလား ဒါမှမဟုတ် သူ့ဦးနှောက်ကပဲ တစ်ခုခုမှားနေတာလား။'

ဖန့်ရှောင်နွမ် ထိုမိန်းကလေးကို လက်သီးနဲ့ထိုးချင်လုနီးပါးပင်။

လျိုစစ်ယွီ ပြောလိုက်သည်။ "သူမက သိုက်တူးသမားဖြစ်ရုံတင်မကဘူး ထူးဆန်းပြီး အသိဉာဏ်မရှိတဲ့သူ!"

ကျီဝမ်က သူ့ဦးနှောက်မှာ ဘာအမှားအယွင်းမှ မရှိဘူးလို့ မထင်ခဲ့ပါပေ။ "ငါ့မှာ ပိုက်ဆံရှိတယ်၊ ဒါပေမယ့် သူ့ချေးငွေတွေကို ငါက ဘာလို့ကူပြီးပြန်ဆပ်ပေးရမှာလဲ။ သူချေးထားတဲ့ငွေကို သူ ပြန်မဆပ်နိုင်ရင် သူ့အစီအစဉ်က ချမ်းသာတဲ့သူတွေဆီသွားပြီး အကူအညီတောင်းဖို့လား။ သူ့အကြွေးတွေကို ဖြေရှင်းဖို့ အဲဒီသူဌေးတွေကို လိုက်ချိန်ချင်နေတာလား”

လျိုစစ်ယွီ ပြောလိုက်သည်။ "အတိအကျပဲ! နင် ကူညီရင် သူမက နင်နဲ့ အတူအိပ်ပေးလိမ့်မယ်၊ နင့်ရဲ့ရည်းစားတောင် ဖြစ်လာနိုင်တယ်။ နင်က ချမ်းသာပြီး ဒီကျောင်းမှာ ဆွဲဆောင်မှုရှိတဲ့ ယောကျ်ားတစ်ယောက်။ ငါသာ နင့်ရဲ့ရည်းစားဖြစ်ခဲ့မယ်ဆိုရင် ငါ......."

ကျီဝမ် ချက်ချင်းပင် မူးဝေလာသည်။ "စစ်ယွီ၊ ငါမင်းကို တောင်းပန်ပါတယ် ဆက်မပြောပါနဲ့တော့ "

သူ့တူလေးကိုကြည့်ရင်း ဖန့်ရှောင်နွမ်ရဲ့ နှလုံးသား နာကျင်လာသည်။ လျိုစစ်ယွီလည်း သူ့အတွက် စိတ်မကောင်းဖြစ်ရသည်။ ဒီလို ထူးဆန်းတဲ့လူနဲ့တွေ့ပြီး ဘာမှမဆိုင်ဘဲ ရိုက်နှက်တာကို ခံခဲ့ရတယ်။

“ငါ ကျိန်ပြောရဲတယ် နောက်တစ်ခါ ငါ ဘာကိုမှဂရုမစိုက်တော့ဘူး” ကျီဝမ် ပြောလိုက်သည်။ သူလည်း trauma ရပြီးပြီ။

ဖန့်ရှောင်နွမ်က သူ့ဗိုက်ကို ငြိမ်သွားစေဖို့အတွက် ရေတစ်ခွက် ပေးလိုက်သည်။ “နောက်တစ်ခါ နင် မိန်းမရှာမယ်ဆိုရင် ငါ နင့်ကို ကူညီပါရစေ”

"ငါလည်း နင့်အတွက် ကြည့်ပေးမယ်" လျိုစစ်ယွီ သဘောတူလိုက်သည်။

ကျီဝမ် ရုတ်တရက် အမျိုးသမီးတွေက ကြောက်စရာကောင်းတာကို ခံစားလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း အမျိုးသမီးတွေကသာ အခြားအမျိုးသမီးများကို နားလည်ကြသည်။

မနေ့က သူတို့ သူတို့နှစ်ယောက်က ကောင်မလေးကို စကားနည်းနည်းပဲ ပြောခဲ့ကြသည်။ သူဘာမှ ကောက်မကိုင်မိပေမယ့် ဒီနှစ်ယောက်က ဒီမိန်းကလေးရဲ့အစစ်အမှန်က ဘယ်လ်ုလဲဆိုတာ သိနိုင်သည်။

သူ စားနေရင်းနဲ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ "ဒါဆို အဲ့ကောင်မလေးကို ဘာလုပ်လိုက်ကြလဲ"

ဖန့်ရှောင်နွမ် စားနေသည်။ သူမ ခေတ္တရပ်ပြီးပြောလိုက်သည်။ " ငါ့တို့ သူ့ကို လွှတ်ပေးလိုက်တယ်”

လျိုစစ်ယွီ ပြောလိုက်သည်။ "နှင်ထုတ်ခံရတာ"

ကျောင်းပြီးသောအခါ ကျီလင်းချန်က သူ့ဇနီးနဲ့တူလေးကို ပြန်လာကြိုပြန်သည်။

ဤတစ်ကြိမ်တွင် လျိုစစ်ယွီကို သူကြည့်တဲ့ပုံစံက မတူတော့ပေ။ ထိန်းရခက်သည့် သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအချို့ ရှိနေသည်။

သူ သူ့လက်ကို မြှောက်လိုက်ပြီး လျိုစစ်ယွီ၏ ခေါင်းကိုထိတော့မယ့်အချိန်မှာ လျိုစစ်ယန်က သူ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့သည်။ “CEO ကျီ၊ ခင်များရဲ့ဇနီး ဒီမှာရှိတယ်နော်။ ကျွန်တော့်ညီမနဲ့ ခင်များ ခပ်ခွာခွာနေသင့်တယ်"

"ဗိုလ်ကြီး လျို၊ သူမက ဘယ်သူ့ညီမမှန်း မသေချာသေးပါဘူး!" ကျီလင်းချန် လက်သီး ဆုပ်ထားသည်။

လျိုစစ်ယန်က ကျီလင်းချန်ရဲ့ လက်ကောက်ဝတ်ကို အတင်းဆွဲကိုင်လိုက်ပြီး သူ့မျက်လုံးတွေက အေးစက်သွားခဲ့သည်။ "စီအီးအို ကျီ၊ ခင်များ ပြောချင်တာ ပြောလို့မရဘူး" သူ အနည်းငယ် စိတ်ရှုပ်သွားသည်။

"ဗိုလ်ကြီး လျို၊ ကျွန်တော် အဓိပ္ပါယ်မရှိတာတွေပြောနေတယ်ဆိုတာ ခင်များသိမှာပါ" ကျီလင်းချန်ရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ ကော့တက်သွားသည်။

သူ လျိုစစ်ယန်နဲ့ စကားများရန်ဖြစ်ဖို့ အာရုံစိုက်ထားသောကြောင့် မျက်မှောင်ကြုတ်နေတဲ့ ဇနီးသည်ကို လျစ်လျူရှုမိခဲ့သည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ စကားများကို နားထောင်ရင်း တစ်ခုခုလွဲချော်နေပြီလို့ သူမ ခံစားလိုက်ရသည်။

သူမက သူတို့နှစ်ဦးကြားတွင်သာ ရပ်ခဲ့ပြီး သူတို့ကို ခွဲခဲ့သည်။ "အစ်ကို လျို ကျွန်မတို့ အရင်သွားလိုက်ဦးမယ်။ နောက်မှတွေ့မယ်။" စကားပြောပြီးနောက် ခင်ပွန်းဖြစ်သူ၏ လက်ကိုဆွဲကာ ကားပေါ်သို့ ပြန်ဆွဲတင်ခဲ့သည်။

ကျီလင်းချန်ရဲ့ ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဇနီးဖြစ်သူက သူ့ image ကို ဂရုမစိုက်ဘဲ သူ့ကိုကားထဲ ဆွဲထည့်ခဲ့တာ ဖြစ်သည်။

လျိုစစ်ယွီ စိတ်ရှုပ်သွားသည်။ သူမက သူမအစ်ကိုနောက်မှာ ပုန်းနေပြီး သူမရဲ့ အချစ်ဆုံးသူငယ်ချင်း၏ ယောကျ်ား နေမကောင်းဖြစ်နေကြောင်း တိတ်တဆိတ် ညည်းညူခဲ့သည်။

လျိုစစ်ယန်က လျိုစစ်ယွီရဲ့ လက်ကိုဆွဲကာ ကားပေါ်သို့ပြန်တက်သွားခဲ့သည်။ သူ့ညီမကို အိမ်ပြန်ခေါ်သွားတာမဟုတ်ဘူး။ အဲဒီအစား သူတို့က ဆေးရုံရဲ့ အလှပြုပြင်ခွဲစိတ်မှုဌာနကို တိုက်ရိုက်သွားခဲ့ကြသည်။

တခြားကားထဲမှာတော့ ဖန့်ရှောင်နွမ် အနည်းငယ် ဒေါသထွက်နေသည်။ သူမ ဘာမှမပြောခဲ့သော်လည်း နောက်ခုံတွင်ရှိနေသည့် ကျီဝမ်က ဒါကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သူ ဝေခွဲမရဖြစ်နေသည်။ သူက သူမ စော်ကားတာကိုခံခဲ့ရတာ မဟုတ်ဘူးလား?

ကျီဝမ်က ကားမောင်းနေတဲ့ သူ့ဦးလေးကို ကြည့်လိုက်သည်။ သူ သူမကို တစ်ခုခုလုပ်လိုက်ပြန်ပြီလား။

ကျီဝမ်က ရှေ့ခရီးသည် ထိုင်ခုံမှ ဒေါသထွက်နေတဲ့ အမျိုးသမီးငယ်လေးကို တစ်ဖန် မော့ကြည့်ခဲ့သည်။ သူမရဲ့ရာသီလာချိန်မလို့လား။

ကျီလင်းချန်လည်း သူ့ဇနီးလေး သူ့ဘေးမှာ ဒေါသထွက်နေမှန်း သတိထားမိခဲ့သည်။ အခု သူ စကားပြောလိုက်ရင်သူမ ပေါက်ကွဲတော့မည်။ သူ နှုတ်ဆိတ်၍သာ နေနိုင်ခဲ့သည်။

သူတို့ အိမ်ပြန်ရောက်တော့ ဖန့်ရှောင်နွမ်က ကားပေါ်မှဆင်းကာ သူမယောကျ်ားကို ပြောခဲ့သည်။ "ရှင့်ရဲ့စာကြည့်ခန်းမှာ စောင့်နေမယ်!"

ကျီလင်းချန် ရယ်လိုက်သည်။

ကျီဝမ်က မျက်မှောင်ကြုတ်ပြီး ဒေါသထွက်နေတဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။ “ဦးလေး၊ သူ ဘယ်သူ့ကို ပြောနေတာလဲ” အသံတိုးတိုးဖြင့် မေးလိုက်သည်။

ကျီလင်းချန် မေးလိုက်သည်။"မင်းမှာ စာကြည့်ခန်းရှိလို့လား"

ကျီဝမ် ပြောလိုက်သည်။ "F*ck! ဖန့်ရှောင်နွမ်ရဲ့ အဆင့်အတန်းက အရမ်းမြင့်နေပြီလား။ သူ ဦးလေးကို ဒီလိုတောင် ပြောရဲနေပြီ။ စာကြည့်ခန်းထဲလာဖို့ ဦးလေးကိုတောင် အမိန့်ပေးလိုက်သေးတယ်”

All Chapters