← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

ကျီလင်းချန် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး ကားသော့ကို တူဖြစ်သူထံ ပစ်ပေးလိုက်သည်။ “တံခါးလောခ့်ချခဲ့”

အဆင့်အတန်းမြင့်မားပြီး အားကြီးတဲ့ CEO ကျီသည် ပထမဆုံးအကြိမ်အဖြစ် စာကြည့်ခန်းသို့ သွားခဲ့ရပြီး သူ၏ အမှားများကို ဝန်ခံရခြင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ သူ အလွန်စိတ်လှုပ်ရှားနေပြီး အနည်းငယ် တုန်လှုပ်သွားသည်။ ဒါကြောင့် ဒါက သူ့ရုံးခန်းထဲကို မဝင်ခင်မှာ လူတွေ ဒီလိုခံစားခဲ့ရတာပေါ့။ ဒါက တကယ်ကို အဆင်မပြေဘူး။ နောင်တွင် သူ့လက်အောက်ငယ်သားများထံ ပိုမိုချဉ်းကပ်ရမည်ဟု ထင်ရသည်။

သူ စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်။

“ဝင်ခဲ့” လို့ ဇနီးဖြစ်သူက ပြောလာသည်။

ကျီလင်းချန်တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ စားပွဲခုံကိုမှီပြီးရပ်နေတဲ့ သူ့ဇနီးလေးကို မြင်သောအခါ တံခါးကိုပိတ်ပြီး အထဲသို့ ဝင်သွားလိုက်သည်။ ဝင်လာပြီးတာနဲ့ သူ ရှင်းပြခဲ့သည်။ " ရှောင်နွမ် ကိုယ်တို့အိမ်ပြန်ရောက်ရင် မင်းကို ကိုယ် ပြောပြမယ်လို့ လုပ်ထားတာ"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒါဆို ရှင် ကျောင်းမှာ မထိန်းနိုင်တော့ဘဲ ရှောင်ယွီက ရှင့်ညီမ ဖြစ်နိုင်တယ်လို့ လျိုစစ်ယန်ကို တိုက်ရိုက်ကြီး ပြောလိုက်တာပေါ့လေ"

သူမ ဒေါသကြီးနေသည်။ လျိုစစ်ယွီက သူ့ညီမမဟုတ်ကြောင်းယုံကြည်ထားဖို့ သူမရဲ့ယောကျ်ားကို သူမ ပြောထားပြီးသား။ ယခုဆိုလျှင် လျိုစစ်ယွီက သူ့ညီမ ဖြစ်နိုင်ကြောင်း ရုတ်တရက် လျိုစစ်ယန်ကို ပြောခဲ့သည်။ သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမှာလဲ။ သူတို့က လင်မယားဖြစ်ကြသော်လည်း သူက သူမကို ကိစ္စတွေ ဝှက်ထားဆဲပင်။

"ရလဒ်တွေထွက်လာပြီ "ကျီလင်းချန် ပြောလိုက်သည်။ " လျိုစစ်ယွီက A သွေးအမျိုးအစားနဲ့ မွေးဖွားလာပေမယ့် အခု သူမရဲ့ ခန္ဓာကိုယ်စစ်ဆေးမှုစာရွက်မှာ O အမျိုးအစား ဖြစ်နေတယ်။ မင်း စိတ်ဆိုးနေတာ ကိုယ်သိပါတယ်၊ ကိုယ်က မင်းသူငယ်ချင်းရဲ့ ပျော်ရွှင်တဲ့မိသားစုကို ဖျက်စီးချင်တဲ့ လူဆိုးတစ်ယောက်လို့ မင်းထင်နေတာကို ကိုယ်သိတယ်။ လျိုစစ်ယွီက ကျီရှောင်ယွီ ဆိုတာ ကိုယ်တို့ရှာတွေ့ရင် သူနဲ့ မင်းရဲ့ဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမယ်ဆိုတာကို မင်းမသိနိုင်ဘူး။ ရှောင်နွမ်၊ ကိုယ့်ကို အချိန်ခဏလောက်ပဲပေး ကိုယ်ရှင်းပြပါ့မယ်။"

ဖန့်ရှောင်နွမ် လက်သီးတွေ ဆုပ်ထားသည်။

ကျီလင်းချန်က သူ့ဇနီးလေး ဒေါသထွက်သွားမှာ ကြောက်သည်။ သူ သူမရဲ့လက်သီးတွေကို ကြည့်လိုက်သည်။ “ကိုယ် ရှင်းပြပါရစေ။ မင်းရဲ့လက်သီးတွေကို အရင်ဖြေလျှော့လိုက်"

"လျို မိသားစုမှာ လျိုစစ်ယွီလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် သူမက သေဆုံးသွားခဲ့တယ်။ သူတို့မိဘတွေ တစ္ဆေပွဲတော်တိုင်းမှာ တနေကုန် ပျောက်နေကြလိမ့်မယ် ”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "သူမကို သေပြီလို့ပြောပြီး ရှင် သူ့ကိုကျိန်ဆဲနေတာပဲ။ ကျီလင်းချန်၊ ရှင် အရိုက်ခံချင်နေတာလား”

အနိုင်ယူပြီး ဒေါသထွက်လို့မရနိုင်တဲ့အခါတိုင်း သူမ တိုက်ခိုက်ချင်ရုံပင်။

ကျီလင်းချန်က Silver Field ရဲ့နောက်ကွယ်မှ သူဌေးဖြစ်ကြောင်း ရှင်းလင်းသော်လည်း စာကြည့်ခန်းထဲမှာတော့ သူ့ရဲ့ပျော့စိပျော့ဖက် ဇနီးလေး ရိုက်တာကိုခံခဲ့ရသည်။

အဆုံးတွင် ဇနီးလေးရဲ့လက်ကို ဆုပ်ကိုင်ကာ သူမ၏ မျက်လုံးတွေကိုသာ ကြည့်နိုင်ခဲ့သည်။ " ရှောင်နွမ် ရှောင်ယွီရဲ့ ဘယ်ဘက်လက်မောင်းမှာ အမာရွတ်ရှိတယ်။ အဲ့တာကို မြင်ဖူးလား။ ”

မလွတ်မြောက်နိုင်တော့ဘဲ ဖန့်ရှောင်နွမ် သူမရဲ့ခြေထောက်ကို မြှောက်ကာ ခင်ပွန်းဖြစ်သူ၏ ခြေထောက်ကို နင်းလိုက်သည်။ သူမ ဒေါသတကြီးနဲ့ ဟိန်းဟောက်ခဲ့သည်။ “မမြင်ဘူး၊ တစ်ခါမှ မမြင်ဖူးဘူး!”

ကျီလင်းချန်က နာကျင်မှုကို အောင့်ခံပြီး ဒေါသတကြီးဖြစ်နေတဲ့ ဇနီးလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။

ဖန့်ရှောင်နွမ်က သူမရဲ့ ခွန်အားကို အကုန်သုံးပြီး လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။

ဒေါသကြောင့် ဖန့်ရှောင်နွမ်က သူမခြေထောက်ကို မြှောက်လိုက်ပြီး ထိုအမျိုးသား၏ ခြေထောက်ကြားနေရာကို ကန်ပစ်လိုက်သည်။

ဒါက သူမ ဘဝတစ်လျှောက်လုံး ဘာကိုဆိုလိုသည်ကိုပင် မစဉ်းစားမိဘဲ သူမက ကြမ်းတမ်းတဲ့ မိန်းကလေးတစ်ဦးဖြစ်သည်။ ဖန့်ရှောင်နွမ်က အဲ့လိုမိန်းကလေးပဲ။

သူမ ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ပစ်မှတ်ကို ထိခဲ့သည်။

ကျီလင်းချန်က သူ့မိန်းမကို ချက်ချင်းလက်လွှတ်ပေးလိုက်သည်။ သူ ခန္ဓာကိုယ်ကိုကိုင်းပြီး လွတ်လွတ်လပ်လပ် ရုန်းကန်ခဲ့တဲ့ သူ့ဇနီးလေးကို မော့ကြည့်လိုက်သည်။ " ဖန့်ရှောင်နွမ်! မင်း ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား"

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "ကျွန်မ ဒေါသထွက်နေတာကို မမြင်ဘူးလား။ ရှင် ကျွန်မကိုဘာလို့လာဖက်လဲ။ ရှင့်ကိုယ်ရှင် ဘောစိ CEO တစ်ယောက်လို့ တကယ်ထင်နေတာလား။ ဒေါသထွက်နေတဲ့အချိန် ပွေ့ဖက်ပြီးနမ်းလို့ရမယ်လို့ ထင်နေတာလား။ ကျွန်မ ရှင့်ကို နောက်တစ်ခါထပ်ပြောမယ် ကျွန်မ ဒေါသထွက်နေတဲ့အချိန် ကျွန်မကို လာမထိနဲ့!"

ကျီလင်းချန်ရဲ့နဖူးက နာကျင်မှုကြောင့် ချွေးတွေ ဖုံးလွှမ်းနေသည်။ အသက်ပြင်းပြင်းရှူပြီး ဒေါသကြီးနေတဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ သူ မျက်လုံးမှိတ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။ "မင်းက ငါ့မိန်းမ ငါ့ရဲ့မိန်းမ။ ငါ မင်းကို လက်ထပ်ထားတာ!"

ဖန့်ရှောင်နွမ်က သူမ၏ခင်ပွန်း အမှန်တကယ် နာကျင်နေပုံရသည်ကို မြင်လိုက်ရသည်။ နာကျင်လွန်းနေတဲ့ လူတစ်ယောက်ကို သူမ နောက်ဆုံးမြင်ဖူးခဲ့တာက ကျီဝမ်ပဲလေ။ ဒီခန္ဓာကိုယ် အစိတ်အပိုင်းက တကယ်ကို ပျက်စီးလွယ်တာလား။

ဘောင်းဘီခွကြားကို အုပ်ကိုင်ထားတဲ့ သူ့ခင်ပွန်းကို ကြည့်ပြီး သူမ အပြစ်ရှိသလိုနည်းနည်းလေး ခံစားလိုက်ရသည်။ သို့သော်လည်း သူမ ပြောနေတုန်းပင်။ “ရှင်..ရှင် ဟန်ဆောင်နေစရာ မလိုဘူး။ ကျ..ကျွန်မ ခုဏက အားမသုံးထားဘူး။ ဆိုးဆိုးရွားရွား မနာနိုင်ပါဘူး!”

ထိုသို့ပြောပြီးနောက် ဖန့်ရှောင်နွမ်က ခင်ပွန်းသည်၏ နာကျင်နေတဲ့ အမူအရာကို တစ်ချက်ခိုးကြည့်လိုက်ကာ သူ့ကိုယ်သူတွေးခဲ့သည်။ 'အိုးမိုင်ဂေါ့ ! ငါ သူ့ကို မသန်မစွမ်းဖြစ်အောင် မလုပ်ခဲ့ပါဘူးနော် ဟုတ်တယ်မလား'

သူမ ထိတ်လန့်တကြားနဲ့ သူ့ခင်ပွန်းကို ကြည့်လိုက်သည်။ သူမ ရှေ့ကို အမြန်ပြေးသွားလိုက်သည်။ “ယောကျ်ား၊ ကျွန်မကို မခြောက်နဲ့နော်။ ကျွန်မ လူနာတင်ကားခေါ်လိုက်မယ်။ ရှင့်ကို ခုချက်ချင်းဆေးရုံလိုက်ပို့ပေးမယ်။"

ဖန့်ရှောင်နွမ် ထိတ်လန့်သွားပြီး အကူအညီတောင်းရန် ဖုန်းထုတ်လိုက်သည်။

ထိုလူက ဖုန်းကို ဆုပ်ကိုင်လိုက်ပြီး ပျာနေတဲ့ သူ့မိန်းမကို လှည့်ကြည့်လိုက်သည်။ " ရှောင်နွမ်၊ မင်း တခြားယောက်ျားတွေရဲ့ သီးသန့်အစိတ်အပိုင်းတွေကို တိုက်ခိုက်လို့ရနိုင်ပေမယ့် မင်းယောက်ျားရဲ့ အဲဒီနေရာကို တိုက်ခိုက်လို့မရဘူး နားလည်လား"

ဖန့်ရှောင်နွမ် သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်သည်။ လေထုက မမှန်ဘူးဆိုတာ သူမသိပေမယ့် အထူးသဖြင့် တစ်ခုခုကို စူးစူးစိုက်စိုက် တွေးနေမိသည်။ သူမ ချက်ချင်းပဲ ထပ်ပေါင်းပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ ရှင့်သားရဲ့ အဲ့နေရာကို ရိုက်လို့မရဘူးပေါ့”

ကျီလင်းချန် ရယ်မောလိုက်သည်။

နာကျင်မှုတွေ ကင်းဝေးသွားတဲ့အခါမှာတော့ ကျီလင်းချန် မတ်မတ်နေနိုင်ခဲ့သည်။ စိုးရိမ်နေတဲ့ ဇနီးလေးကို ကြည့်ဖို့ ခေါင်းငုံ့ခဲ့ပြီး သူ့ သဘောထား ပြတ်သားသည်။ " ရှောင်နွမ် ကိုယ် ရှောင်ယွီ လိုက်ရှာနေတာ ဆယ်နှစ်ကျော်ပြီ။ သူမ အခု ပျော်ရွှင်နေတဲ့ ဘဝကို ဖြတ်သန်းနေတာကြောင့် ကိုယ် လက်လျှော့လိုက်လို့တော့ မဖြစ်ဘူး။ ရှောင်နွမ်၊ ကိုယ့်အမေက သူ့ကိုရှာဖို့ ကိုယ့်ကို စောင့်နေတုန်းပဲ။ ကိုယ် ရှောင်ယွီခေါ်လာပြီး သူ့သင်္ချိုင်းဆီလာလည်ဖို့ စောင့်နေတယ်။”

ယခုအချိန်တွင် ဖန့်ရှောင်နွမ်ရဲ့ စိတ်ထဲမှာ လျိုစစ်ယွီရဲ့ ကျီရှောင်ယွီတို့ကို လုံးဝဂရုမစိုက်ခဲ့ပေ။ သူမ ယောကျ်ားဖြစ်သူကို ကန်ခဲ့ပြီးတဲ့နောက် သူ အဆင်ကောပြေရဲ့လားဆိုတာကိုပဲ သူမ တွေးနေမိသည်။

All Chapters