← Chapters

အခန်း (၂၆၃)

Vol. 18 Ch. 263

အခန်း (၂၆၃)

Vol. 18 Ch. 263

" ယောကျ်ား ကျွန်မတို့ ဆေးရုံသွားကြမလား" ဖန့်ရှောင်နွမ် စိုးရိမ်တကြီး မေးလိုက်သည်။ "အရင်တုန်းက အဲ့လိုဖြစ်တော့ ရှောင်ဝမ် နှစ်ရက် အနားယူခဲ့ရတယ်!"

"ရှောင်နွမ်၊ မင်း အလယ်တန်းကျောင်းတက်တုန်းက ရှောင်ဝမ် ကို ကန်ခဲ့တဲ့သူက မင်းလို့ မပြောနဲ့နော်" ကျီလင်းချန် ခေါင်းကိုက်ကိုက်နဲ့ မေးလိုက်သည်။

ဤတစ်ကြိမ်သည် ဖန့်ရှောင်နွမ်၏ နှုတ်ဆိတ်နေရမယ့်အလှည့်ဖြစ်သည်။ သူမယောကျ်ားက အရာအားလုံးကို ဘယ်လိုလုပ် သိနေရတာလဲ။

သူ့ခင်ပွန်းအပေါ် မယိမ်းယိုင်တဲ့ သစ္စာစောင့်သိမှုနဲ့ သူ့အပေါ်ထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာတွေကို ပြသဖို့အတွက် ဖန့်ရှောင်နွမ် ကတိပေးလိုက်သည်။ “ယောကျ်ား၊ စိတ်မပူနဲ့။ နောက်ကျရင် ရှင် မစွမ်းဆောင်နိုင်တော့ရင်တောင် ရှင့်အနားမှာ ကျွန်မ အမြဲရှိနေပေးမယ်။ ရှင် တကယ်အလုပ်မဖြစ်တော့ဘူးဆိုရင် ဖန်ပြွန်သန္ဓေသား ဒါမှမဟုတ် ဖန်ပြွန်ထဲမှာ မျိုးဥသန္ဓေတည်တာတွေ လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့အမှားအတွက် ကျွန်မ တာဝန်ယူရမှာပေါ့။ ကျွန်မရှင့်ကို ဒုက္ခပေးမိခဲ့ရင် ရှင့်အနားမှာပဲ ကျွန်မ တစ်သက်လုံးရှိနေပေးမှာပါ"

ကျီလင်းချန်ရဲ့ ဒေါသများ မြင့်တက်လာသည်။ မစွမ်းဆောင်နိုင်တာက ဘာကိုဆိုလိုတာလဲ။ တစ်ချက်လေး အကန်ခံရတာကြောင့် သူ ဘယ်လိုလုပ် မသန်မစွမ်းဖြစ်နိုင်မှာလဲ။ သူက အဲ့လောက် အားနည်းနေလား။

ဇနီးဖြစ်သူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ကာ ဒဏ်ရာရထားသည့်နေရာကို ထိခိုင်းလိုက်သည်။ "အဲဒါကိုထိပြီး အဖြေရှာကြည့်လိုက်!"

"ဟင့်အင်း မလုပ်ချင်ပါဘူး! ကျီလင်းချန် ရှင် အရူးကောင်!" ဖန့်ရှောင်နွမ် ကန့်ကွက်ခဲ့သည်။

ဖန့်ရှောင်နွမ် သူမလက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ ပျော့ပျောင်းပြီး နွေးနေတဲ့နေရာကို ထိတွေ့လိုက်ရသည်ကို သူမခံစားလိုက်ရပြီး သူမ၏မျက်နှာက ချက်ချင်းမီးလောင်သွားသလို ခံစားလိုက်ရသည်။ သူမကို စနောက်နေတဲ့ သူ့ခင်ပွန်းကို ကြည့်လိုက်ပြီး သူမ မျက်နှာက ဒေါသကြောင့်ဖောင်းလာသည်။

သူမ ရှက်ရွံ့စွာဖြင့် သူ့ဘေးမှာ ရပ်လိုက်သည်။ ထို့နောက် သူမ ယောကျ်ားကို ဆူခဲ့သည်။ "ကျီလင်းချန်၊ ရှင် ညစ်ပတ်တဲ့ အရူးကောင်၊ ရှင်က တကယ်ကို အရှက်မရှိတဲ့သူပဲ !" ထို့နောက် ဖန့်ရှောင်နွမ် နီမြန်းနေတဲ့မျက်နှာဖြင့် ပြေးထွက်သွားသည်။

သူ့မိန်းမက သူ့ကို ပြတ်ပြတ်သားသား ဆူနေခဲ့တယ်ဆိုတာရှင်းပေမယ့် နှိပ်စက်ခံရတဲ့ ကျီလင်းချန် ကတော့ ပြုံးနေတာပဲ။ အဖြစ်အပျက်တွေ ဖြစ်လာပြီးကတည်းက သူ့ရဲ့အရှက်ကင်းမဲ့တဲ့ လုပ်ရပ်ကို ဒီည အဆုံးထိ လုပ်နိုင်ခဲ့သည်။

ဖန့်ရှောင်နွမ် စာကြည့်ခန်းမှ ပြေးထွက်လာပြီး အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ လက်ဆေးဖို့ ရေချိုးခန်းထဲ ချက်ချင်းဝင်သွားခဲ့သည်။ မှန်ထဲမှာတော့ ဖန့်ရှောင်နွမ် ရဲ့ မျက်နှာက စတော်ဘယ်ရီသီးမှည့်ကဲ့သို့ နီရဲနေသည်။

သိပ်မကြာခင်မှာပဲ အိပ်ခန်းတံခါးကို တစ်ယောက်ယောက်က ဖွင့်ခဲ့သည်။ သူမ ပြန်ထွက်လာသောအခါတွင် ခင်ပွန်းဖြစ်သူ ဝင်လာတာကို တွေ့လိုက်ရသည်။ သူမ ရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ကျီလင်းချန်က သူမ ထွက်ပြေးသွားသည်ကို စောင့်ကြည့်ခဲ့သည်။ "ဘယ်ကိုပြေးသွားတာလဲ ကြည့်ရအောင်"

ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ အခန်းထဲသို့ တန်းတန်းမတ်မတ်သွားပြီး ဖန်ချီက ကျီဝမ်အား သူမရဲ့ မိခင်မေတ္တာကို လက်ခံဖို့ တွန်းအားပေးနေသည်ကို တွေ့လိုက်ရသည်။ " ရှောင်ဝမ်၊ မင်းအတွက် ဆေးနည်းနည်းတော့ လိမ်းပေးပါရစေ။ ဒဏ်ရာတွေရှိရင် နောင်မှာ မိန်းမ ဘယ်လိုရှာမလဲ။ မိန်းကလေးတွေအားလုံး မင်းကို မထီမဲ့မြင်ပြုကြလိမ့်မယ်။”

ကျီဝမ် ပြောလိုက်သည်။ “အမေ၊ အမေထွက်သွားလို့ရပြီ။ မှန်ရှိတယ်။ ဆေးကို ကျွန်တော်ကိုယ်တိုင် လိမ်းလို့ရတယ်။"

“မရဘူး၊ မင်းကိုယ်တိုင် လုပ်လို့မရဘူး။ အမေ မင်းကို ကူညီပေးမယ်။"

ကျီဝမ်က သူ့အမေရှေ့မှာ ဒူးထောက်လုနီးပါးဖြစ်နေပေမယ့် နောက်ဆုံးမှာတော့ သူ့အမေရဲ့ စောင့်ရှောက်မှုကို လက်ခံခဲ့ရသည်။

" ရှောင်နွမ် ရောက်နေတာလား" ဖန်ချီ လှည့်ပြီး မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ခေါင်းညိတ်ပြပြီး ကျီဝမ်ရဲ့ ဂိမ်းဆော့တဲ့ခုံပေါ်မှာ ထိုင်လိုက်သည်။

ဖန်ချီက သူ့သားကို ဆေးတွေ လိမ်းပေးပြီးတဲ့ နောက်မှာတော့ သူမက ဖန့်ရှောင်နွမ်ကို ကြည့်ပြီး ပြောခဲ့သည်။ " ရှောင်နွမ်၊ ပိုအေးလာပြီ။ မင်းမှာ အဝတ်အစားကော အလုံအလောက်ရှိလား။ ငါ့မှာ စိတ်ကြိုက်ချုပ်ထားတာတွေရှိတယ်။ မင်းအတွက် အစုံတစ်ချို့လောက် မှာပေးရမလား"

“ယောက်မ၊ မလိုပါဘူး။ ကျွန်မဗီရိုက ပြည့်နေပြီ” လို့ ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

ကျီဝမ် က ဖန်ချီစကားပြောလို့ပြီးတာနဲ့ သူမကို အခန်းထဲက တွန်းထုတ်ခဲ့သည်။ “အမေ၊ ကျွန်တော် တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး သွားပါတော့။ ကျွန်တော် ဂိမ်းဆော့ချင်နေပြီ။ ကောင်းသောညပါ၊ ချစ်တယ်၊ ဘိုင်း"

"ကောင်းသောညပါ လား။ ညစာတောင် မစားရသေးဘူးလေ"

ဖန်ချီ ရဲ့သားက သူမ စကား ပြောလို့ပြီးတာနဲ့ သူမကို အခန်းထဲက တွန်းထုတ်ခဲ့သည်။

ကျီဝမ်က သူ့ရင်ဘတ်ကို ပုတ်ပြီး တံခါးကို မှီလိုက်သည်။ သူ မကူညီနိုင်ဘဲ သက်ပြင်းချမိသည်။ “မိသားစုရဲ့ အချစ်လေးဖြစ်ဖို့ မလွယ်ဘူး။ သူတို့က ငါ့ကို တစ်ယောက်တည်း ထားမှာ မဟုတ်ဘူး။”

ဖန့်ရှောင်နွမ်က ကျီဝမ်ကို လေချွန်ပြီး သူ့ကို လာထိုင်ဖို့ ညွှန်ပြခဲ့သည်။

ကျီဝမ် ပဟေဠိဖြစ်သွားသည်။ "မင်း ငါ့အခန်းထဲမှာ ဘာလုပ်နေတာလဲ။ ငါ့ဦးလေးကို lecture ပေးလို့ပြီးပြီလား"

ဖန့်ရှောင်နွမ်မှာ ကျီဝမ်နဲ့ ဆွေးနွေးဖို့ အရေးကြီးတဲ့အကြောင်းအရာတစ်ခုရှိသည်။ သူမယောကျ်ားကို သူမ ကန်ခဲ့ကြောင်း သူတို့နှစ်ဦးသာ သိနိုင်သည်။ ဟုတ်ပါတယ်၊ သူမက ကျီဝမ်ကို မပြောပြပါဘူး။ ဒါပေမယ့် လျိုစစ်ယွီ အကြောင်းကတော့...

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ရှောင်ဝမ်၊ ငါတို့ ရှောင်ယွီ နဲ့ သူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်းများစွာကြာပြီ။ သူ့လက်မောင်းမှာ ကိုက်ထားတဲ့ အမာရွတ် ရှိလား"

ကျီဝမ် ပြောလိုက်သည်။ "ကိုက်ထားတဲ့အမာရွတ်။ အဲဒါ မမှန်ဘူးလို့ ထင်တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကို ကြည့်ပြီးအကဲဖြတ်ရရင် သူ့မှာအမာရွတ်ရှိရင် သူ ကုသမှု ခံယူပြီးတာ ကြာလောက်ပြီပေါ့”

"မှန်တယ်" ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ငါလည်း အဲ့လိုတွေးမိတယ်။ ဒါပေမယ့် နင့်ရဲ့ဦးလေးရဲ့ စိတ်က မှန်တာမဟုတ်ဘူး။ ရှောင်ယွီရဲ့ လက်မောင်းမှာ အမာရွတ် ရှိတယ်လို့ သူ အခိုင်အမာ ပြောနေတယ်"

ကျီဝမ် ပြောလိုက်သည်။ "မင်းတို့ အတူတူ အိပ်လာကြတာပဲ။ သူမမှာ ရှိလား မရှိဘူးလားဆိုတာမသိဘူးလား"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒီလိုအသေးအဖွဲလေးကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ ရှောင်ယွီကို ဖမ်းပြီး သူ့ခန္ဓာကိုယ်မှာ ကိုက်ထားတဲ့ အမာရွတ် ရှိမရှိကြည့်ဖို့ သူမကို အဝတ် ချွတ်ခိုင်းဖို့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား "

"ဒါပေမယ့် ငါ့ဦးလေးက ဘာလို့ ဒီလိုပြောရတာလဲ" ကျီဝမ်က အဓိပ္ပါယ်မရှိဘူးလို့ ထင်ခဲ့သည်။

"နင့်ဦးလေးက ရူးနေတာလေ!"

ကျီဝမ်က ဖန့်ရှောင်နွမ်ကို သဘောကျစွာ ကြည့်နေသည်။ ဒီအမျိုးသမီးက သူမပေါ်လာတဲ့အခိုက်မှာ သူ့မိသားစုကို ဇောက်ထိုးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ခဲ့တာလဲ။ ဒီလို အချိန်တိုလေးအတွင်းမှာ မိသားစုရဲ့ အချစ်ခံလေးတစ်ယောက် ဘယ်လိုဖြစ်လာတာလဲ။ နောက်ဆုံးတွင်၊ သူမက သူ့ဦးလေးထက်တောင် ထူးချွန်ပြီး မိသားစုမှာ အဆင့်အတန်းအမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

" ရှောင်နွမ် ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါ" လို့ ကျီဝမ်ပြောလိုက်သည် ။ သူ့ဦးလေးကိုလည်း အကောင်းဆုံးလုပ်ပေးတာထက် သူ့အတွက် တခြားဘာကမှ အရေးမကြီးဘူး။

ဖန့်ရှောင်နွမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူဘာကိုဆိုလိုသည်ကို ချက်ချင်းသိလိုက်သည်။ "နင် အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ နင့်အသက်နဲ့ ချ "

“ကြည့်လိုက်စမ်း။ ငါသေဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။” ကျီဝမ် မေးလိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "100%!"

All Chapters