← Chapters

အခန်း (၂၆၇)

Vol. 18 Ch. 267

အခန်း (၂၆၇)

Vol. 18 Ch. 267

ကျီလင်းချန် ရယ်လိုက်သည်။ သူက သူ့မိန်းမရဲ့ ပါးကို ညှစ်ပြီး ပြောလိုက်သည်။ " ငတုံးမလေး၊ ကိုယ်တကယ် တစ်ခုခု ဖြစ်သွားရင် မင်းဘဝ တစ်သက်လုံး ပျက်စီးသွားလိမ့်မယ်။ နောက်တစ်ခါ မင်း ကိုယ့်ကိုရိုက်ချင်ရင် အဲ့နေရာကလွဲပြီး ကျန်တဲ့နေရာတွေကို ရိုက်လို့ရတယ် နားလည်လား"

ဖန့်ရှောင်နွမ် နှုတ်ခမ်းကိုစိထားကာ ဘာမှ မပြောခဲ့ပေ။

ကျီလင်းချန်က သူ့နာရီကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ “ကိုယ် မနက်ပိုင်း အစည်းအဝေးကို နေ့လယ်ကို ပြန်ရွှေ့ထားတယ်။ ကိုယ်အခု အလုပ်သွားတော့မယ်။ ညနေကျရင် အိမ်ပြန်လာပြီး မင်းနဲ့အဖော်လုပ်ပေးမယ်"

ဖန့်ရှောင်နွမ် နာခံစွာ ခေါင်းညိတ်လိုက်ပြီးစောင်အောက်မှ လက်လေးကို ဆန့်ထုတ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို တာ့တာပြလိုက်သည်။ သူမ ကလေးဆန်တဲ့အသံဖြင့်ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်"

!!

ကျီဘင်းချန် ချစ်စဖွယ်ပြုံးလိုက်ကာ ထပြီးသူ့ဇနီးထံ ချဉ်းကပ်လိုက်သည်။ သူမရဲ့နဖူးကို အသာလေး နမ်းလိုက်ပြီး အိပ်ခန်းထဲကနေ တွန့်ဆုတ်စွာဖြင့် ထွက်သွားခဲ့သည်။

ကျီလင်းချန် ရုံးသို့သွားစဉ်တွင် ဘဝင်လေဟပ်နေလေသည်။

"CEO ကျီ၊ လျိုစစ်ယွီက တကယ်မစ္စ ရှောင်ယွီ ဖြစ်နိုင်ပါ့မလား" လက်ထောက် လျိုက မေးလိုက်သည်။

ကျီလင်းချန် ပြုံးလိုက်သည်။ “မနေ့က သူ့ဆံပင်ကို မရဘူးဆိုတော့ သေချာမသိဘူး။ ဒီကိစ္စကို အရင်ဆုံး ငါ့အဖေနဲ့အစ်ကိုကို မပြောသေးနဲ့ဦး”

သူတို့ စိတ်ပျက်စရာများစွာကို ခံစားခဲ့ရပြီးပြီ။ အခုတော့ ထိုမျှော်လင့်ချက်က နီးကပ်လာနေပြီပင်။ သူသည် သူတို့ကို မျှော်လင့်ချက် မပေးချင်တော့ဘဲ ယခင်ကကဲ့သို့ သူတို့ကို စိတ်မပျက်စေချင်တော့ပေ။ သူလုံးဝသေချာသွားပြီဆိုခါမှ သူတို့ကို ပြောပြချင်သည်။

"CEO ကျီ၊ ဒီနေ့ဘာလို့အရမ်းပျော်နေတာလဲ" လက်ထောက်လျို က အံ့ဩစွာ မေးလိုက်သည်။

"ငါလား" ကျီလင်းချန် ပြုံးပြီး မေးလိုက်သည်။

လက်ထောက် လျို ခေါင်းညိတ်လိုက်သည်။ အတွင်းရေးမှူး စုန့် က ခေါင်းညိတ်ပြီး မေးခဲ့သည်။ “ဟုတ်တယ်။ CEO ကျီ ဘာဖြစ်လာလို့လဲ။ မဒမ်က စီအီးအိုကို နောက်ထပ် surprise ပေးခဲ့လို့လား။"

CEO ကျီကို အရမ်းပျော်အောင် လုပ်ပေးနိုင်တဲ့ တစ်ယေတာက်ည်းသော သူကတော့ မဒမ်ပင်။

“သူက ငါ့ကို ဒုက္ခရောက်အောင်မလုပ်ရင်ကို လုံလောက်နေပြီးသား” ကျီလင်းချန် တုန်နေအောင်ချစ်သလို ပြောလိုက်သည်။

"ဒါပေမယ့် CEO ကျီ၊ စီအီးအို သူမနဲ့ပတ်သတ်ဖို့ ဆန္ဒမရှိနေဘူးဆိုတာ ကျွန်မ မသိလိုက်ဘူး။" အတွင်းရေးမှူး စုန့်က စနောက်လိုက်သည်။

ကျီလင်းချန် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးက ကျန်နေခဲ့သည်။ "ဘယ်သူက ငါ့ကို သူမနဲ့ လက်ထပ်ခိုင်းတာလဲ။ ငါ သူမကို မကိုင်တွယ်ရင် ဘယ်သူကိုင်တွယ်မှာလဲ"

“အခု ငါတို့မှာ အစည်းအဝေးရှိတယ်” သူ စာတမ်းကို ကိုင်ကာ ပြောလိုက်သည်။ “အစည်းအဝေးကို စောစောစီးစီး ပြီးအောင်လုပ်ရမယ်။ ညနေ အိမ်စောစောပြန်မယ်"

ကျင်းတက္ကသိုလ်၌...

မျက်နှာမှာ ဒဏ်ရာတွေရှိနေသေးတဲ့ ကျီဝမ်ဟာ အနည်းငယ် အထီးကျန်နေသလို ခံစားနေရသည်။

ဆရာက စာသင်ခန်းထဲကို တက်ရောက်သူဦးရေစာအုပ်ကို ယူလာပြီး ခေါ်ခဲ့သည်။ “ကျောင်းသူ ကျောင်းသားတို့၊ attendance ခေါ်မယ်”

"လျိုစစ်ယွီ"

"ဆရာမ!" ကျီဝမ် လက် မြှောက်လိုက်သည်။ "ဆရာမ၊ သူ မလာဘူး"

ဆရာက စာအုပ်ပေါ်တွင် အမှားခြစ်ကာ နာမည်တွေကို ဆက်ခေါ်ခဲ့သည်။ "ဖန့်ရှောင်နွမ် "

ကျီဝမ် သူ့လက်ကို ထပ်မြှောက်လိုက်ပြန်သည်။ “သူလည်း မလာပါဘူး”

ဆရာက တက္ကသိုလ်တွင် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီး အတန်းမတက်သည့် ကျောင်းသူ/သားများကို ကျော်လေ့ရှိသော်လည်း သူ ကျီဝမ်ကို မေးလိုက်သေးသည်။ "ကျီဝမ်၊ သူတို့အတူတူ အတန်းလစ်တာလား။ မင်းတို့ သုံးယောက် အတူတူ အတန်းလာတက်ကြတာ မဟုတ်ဘူးလား”

"လျိုစစ်ယွီရဲ့အစ်ကိုက သူ့ကိုယ်စား ခွင့်တိုင်ထားပါတယ် " ကျီဝမ်ပြောလိုက်သည်။ " ဖန့်ရှောင်နွမ်ရဲ့အမျိုးသားက သူ့ကိုယ်စား ခွင့်တိုင်ထားပါတယ်"

“ခွင့်တိုင်စာ ဘယ်မှာလဲ”

ကျီဝမ် ပြောလိုက်သည်။ "သူတို့ကို ကျောင်းအုပ်ကြီးတစ်ယောက်ရဲ့ နှုတ်နဲ့ ခွင့်ပြုချက်ပေးထားတယ်လို့ ကျွန်တော်ထင်ပါတယ်။"

ဆရာက ပြောစရာစကားပျောက်ရှသွားသည်။ အခု ဒီအတန်းကို သူဘယ်လို သင်ပေးရမလဲ။

"သူတို နောက်တစ်ကြိမ်ကျရင် ငါ့ဆီ ခွင့်တိုင်စာလာပေးဖို့ သေချာပါစေ၊ ဒါမှမဟုတ်ရင် အဲဒါကို အတန်းလစ်တယ်လို့ သတ်မှတ်လိုက်မယ်။"

ဆရာက နာမည်တွေ ဆက်ခေါ်ခဲ့သည်။ "ကျီဝမ်။ အိုး ဒီမှာ မင်းတစ်ယောက်တည်းပဲ"

ကျီဝမ်ရဲ့ အဖြေကို စောင့်မနေဘဲ ဆရာက နာမည်တွေ ဆက်ခေါ်ခဲ့သည်။

…

ကျီမိသားစု၏ နေအိမ်တွင် ဖန့်ရှောင်နွမ် အိပ်ရာမှ ထလာသည်။ ဖုန်းအသစ်ရောက်လာပြီ။ သူမ၏ ခြေထောက်တွေ နာကျင်နေကာ လှည့်ပတ်သွားဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။ ကုတင်ပေါ်၌ သွေးစွန်းထင်းနေသည့် အစွန်းအထင်းတစ်ခုလည်း ရှိနေသည်။ ယင်းသည် သူမ၏ အပျိုလေးဘဝအား နှုတ်ဆက်ခဲ့ကြောင်း သက်သေပြနေသည်။

သူမက အစေခံတွေအား ဒီကိစ္စကို ကိုင်တွယ်ခွင့်မပေးနိုင်ဘဲ ရှက်လွန်းလို့ အိပ်ယာခင်းကို ချွတ်ပြီး အစွန်းအထင်းတွေကို ဆေးဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

နေ့ခင်းဘက်တွင် ဖန့်ရှောင်နွမ် ဆာလောင်နေသဖြင့် သူမ အိပ်ယာခင်းတွေကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်ပြီး ထမင်းစားဖို့ အောက်ထပ်သို့ ဆင်းခဲ့သည်။

"အယ်။ ရှောင်နွမ်၊ ဒီနေ့ အတန်းပျက်တာလား " သခင်ကြီးကျီ က ဖန့်ရှောင်နွမ်ကို ထမင်းစား စားပွဲမှာ တွေ့တဲ့အခါ စပ်စုပြီး မေးလိုက်သည်။

သူ့မြေးလေး မနက်က ကျောင်းသွားတာကိုတွေ့ခဲ့တော့ သူထပ်မေးလိုက်ပြန်သည်။ "ဒါမှမဟုတ် ကျီဝမ်က ကစားဖို့ ထွက်သွားတာလား။"

"အဖေ၊ ကျွန်မ ခွင့်ယူထားတာ" ဖန့်ရှောင်နွမ် ပြောလိုက်သည်။

အစေခံတွေက ပန်းကန်တွေကို ယူဆောင်လာကာ အစားအစာထဲတွင် သူမက ခေါင်းကို မြုပ်ထားခဲ့သည်။

သခင်ကြီးကျီ ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းအိမ်မှာနေတာ ကောင်းပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို နောက်ထပ် လယ်ဗယ်တက်အောင်ကူပေးဦး။ ငါ လယ်ဗယ် ၂၀၅ ကို မအောင်ဘူး”

"အဖေ၊ အဖေ မနေ့ကလယ်ဗယ် ၁၀၀ ကျော်လောက်ပဲ ရှင်းခဲ့တာလေ ဒီနေ့ လယ်ဗယ် ၂၀၅ ရောက်သွားပြီလား။ အဖေ ညဥ့်နက်ချိန်ထိ ဖုန်းဆော့နေတာလား"

သူ့ချွေးမက သူ ဖုန်းနဲ့ညဥ့်နက်ချိန်ထိ ဂိမ်းဆော့နေမှန်း သိသွားတော့ သခင်ကြီးကျီ ရှက်သွားသည်။ “ရှူး၊ တိုးတိုး။ ငါ မနေ့ညက အိပ်မပျော်လို့ ခဏလေးပဲ ကစားတာ”

“အဖေ၊ အမှန်အတိုင်းပြော။ အဖေ ဘယ်အချိန်အိပ်ရာဝင်တာလဲ"

"ငါ ဂိမ်းလေးပဲဆော့တာပါ" သခင်ကြီးကျီက အပြစ်ကင်းစွာပြောလိုက်သည်။ "ငါ မသေပါဘူး!"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “အဖေ၊ နောက်တစ်ခါ နောက်ကျတဲ့အထိ ဂိမ်းကစားနေတယ်ဆိုတာ သိရင် ကျွန်မယောကျ်ားကို ပြောပြလိုက်မှာနော်။ အဖေ့ရဲ့ဖုန်းကို သိမ်းခိုင်းပစ်မယ်!"

"မင်း ဒီလိုလုပ်မှာလား"

"အဖေ၊ ကျွန်မကို လာမစမ်းနဲ့"

၎င်းတို့နှစ်ဦးသည် သစ်ခုတ်သမားဖြစ်ပြီး ၎င်းတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် မယုံကြည်ခဲ့ပေ။

ဖန့်ရှောင်နွမ်က သခင်ကြီး ကျီ အိမ်မှာ ပျင်းလွန်းနေတာကို ခံစားမိသောကြောင့် အချိန်ကုန်စေရန် သူ့ဖုန်းမှာ ဂိမ်းကစားနည်းကို သင်ပေးခဲ့သည်။ ဒါပေမယ့် သူ့အသက်အရွယ်အရ ချုပ်တည်းမှု မရှိသည်မှာ ထင်ရှားသည်။ သူက ဂိမ်းဆော့ဖို့ နောက်ကျမှ အိပ်သည်။ ဒီလိုဖြစ်လာမယ်ဆိုတာကို သူမ သိခဲ့ရင် ဒီအရာတွေကို သူမ သင်ပေးမှာမဟုတ်ဘူး။

All Chapters