← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

ရေသောက်ပြီးနောက် ဖန့်ရှောင်နွမ် အနည်းငယ်ငြိမ်သက်သွားသည်။ ဤအခိုက်အတန့်တွင် သူမသည် အိမ်တွင် သူတို့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်က ကျီဝမ် ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားသည်။ ဖန့်ရှောင်နွမ်က အမှန်ဟုတ်မဟုတ်ကို သိချင်တာကြောင့် မေးလိုက်သည်။ "အချစ်၊ ရှင် နေမကောင်းဖြစ်နေလို့ အိပ်ရာပေါ်မှာ အားနည်းတာလား"

အကယ်၍ ခင်ပွန်းသည်၏ ကျောက်ကပ်က အားနည်းနေပြီး သူမကို ဤကဲ့သို့ နှိပ်စက်နေသေးပါက၊ သူသည် အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက သူမ ပြီးသွားလိမ့်မည် မဟုတ်ပေ။

ကျီလင်းချန် ပြောလိုက်သည်။ "အားနည်းတယ်? " သူ့ကိုလား?

"မင်းကို ဘယ်သူပြောတာလဲ" မည်းမှောင်နေတဲ့အမူအရာဖြင့် သူ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က တော်တဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူမခင်ပွန်းအား ပြောပြခဲ့သည်။ "ဒီမှာရှောင်ဝမ်ကို ကျွန်မ ပထမဆုံးစတွေ့တုန်းက သူက ကျွန်မကို အိမ်နောက်ဖေး တမင်တကာ ခေါ်သွားပြီး အဲဒီနယ်ပယ်က ပြဿနာတချို့ရှိနေတယ်လို့ လိမ္မာပါးနပ်စွာ ပြောပြဖူးတယ်။ အနာဂတ်မှာ ကျွန်မ မုဆိုးမအဖြစ် နေရမှာကို စိုးရိမ်တယ်လို့လည်း သူက ပြောတယ်"

ဒါပေမယ့် နှစ်ညအကြာတွင် သူမ၏ခင်ပွန်းက လုံးဝကောင်းမွန်နေပုံရသည်။

ကျီလင်းချန်၏ အမူအရာက ပို၍ပင် မည်းမှောင်လာခဲ့သည်။ " ရှောင်နွမ် မင်း ပင်ပန်းရင် အရင်အိပ်နှင့်လိုက်။ ကိုယ် အပြင်ခဏသွားဦးမယ်။"

ဖန့်ရှောင်နွမ် တွေးလိုက်သည်။ 'ယောကျ်ားက သူ့ကို သင်ခန်းစာ သွားပေးတော့မယ့်ပုံပဲ'

နောက်တစ်နေ့မနက်တွင် ဖန့်ရှောင်နွမ် ကျီဝမ်ကို မတွေ့သောအခါ သူမ ဖန်ချီကိုမေးလိုက်သည်။ "ယောက်မ၊ ရှောင်ဝမ် ဘာလို့ ဒီမှာမရှိနေတာလဲ"

"မနေ့ညက သူ နေမကောင်းဖြစ်ပြီး ကျီလင်းချန်က သူ့ကို ညလယ်ခေါင်ကြီး ဆေးရုံလိုက်ပို့ပေးလိုက်တာ"

ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားသည်။ သူမ တစ်ခုခုကို နားလည်သွားပုံရသည်။

မနက်ခင်း သူမ ကျောင်းသွားချိန်မှာ ကျီလင်းချန်က သူမကို လိုက်ပို့ပေးချင်ပေမယ့် ဖန့်ရှောင်နွမ် ပြောလိုက်သည်။ " ရှောင်ဝမ်ကို သွားတွေ့ဖို့ ဆေးရုံသွားချင်လို့"

ကျီလင်းချန် ပြန်ဖြေလိုက်သည်။ “သူ အသက်ရှင်နေသေးတယ်”

ဖန့်ရှောင်နွမ်က သူ့မျက်နှာပေါ်မှာ မည်းမှောင်နေတဲ့အမူအရာရှိတဲ့ သူမယောကျ်ားကို ကြည့်လိုက်ရာ ရုတ်တရက် အလွန်ရက်စက်သည်ဟု ခံစားလိုက်ရသည်။ "ရှင် လုပ်လိုက်တာလား"

“ဟုတ်တယ်” ကျီလင်းချန် ပြန်ဖြေလိုက်သည်။

"သူ မသန်စွမ်းဖြစ်သွားပြီလား"

" မကြာခင် ဖြစ်တော့မှာ !" ကျီလင်းချန် ပြန်ဖြေခဲ့သည်။

ဖန့်ရှောင်နွမ်ပြန်ပြောလိုက်သည်။ "ယောကျ်ား၊ ရှင် အရမ်းရက်စက်တာပဲ။ ရှင့်မှာ ကျောက်ကပ်ပြဿနာရှိနေတယ်လို့ပဲ သူပြောခဲ့တာ မဟုတ်ဘူးလား။ အဲဒါ တကယ်လိုအပ်လို့လား "

သူက သူမထက်တောင် ပိုရက်စက်သည်။ သူမ ရှောင်ဝမ် အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူ့အရင်ဒဏ်ရာတွေကနေ ပြန်ကောင်းမလာသေးသလို အခုလည်း ဒဏ်ရာ အသစ်ပြန်ရသွားပြီ။

ဒါပေမယ့် သူမက ဒါကိုဘယ်သူက ဖြစ်စေတာလဲဆိုတဲ့အကြောင်းအရင်းကို လုံးဝ မေ့နေခဲ့သည်။

ကျောင်းသို့ရောက်သောအခါ ဖန့်ရှောင်နွမ်က လျိုစစ်ယွီ ထော့နဲ့ထော့နဲ့ဖြစ်နေတာကိုတွေ့လိုက်ရသည်။

ဖန့်ရှောင်နွမ်က သူမကို ကူညီဖို့ အလျင်အမြန်သွားပြီး မေးလိုက်သည်။ “နင် ဘာဖြစ်ထားတာလဲ”

“ပြောတောင် ပြောမနေပါနဲ့တော့။ တနေ့ က ခြေကျင်းဝတ်အဆစ်လွဲသွားတာ !"လျိုစစ်ယွီ ဤအချက်ကို ပြောသည့်အတွက် ဒေါသထွက်သွားသည်။

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "ခြေကျင်းဝတ်က ဘယ်လိုလုပ် အဆစ်လွဲသွားရတာလဲ"

"တနေ့ကဖြစ်သွားတာ" လျိုစစ်ယွီ မှုန်ကုပ်ကုပ်နဲ့ပြောလိုက်သည်။ “ငါတို့ လမ်းခွဲပြီးတော့ ငါ့အစ်ကိုက ငါ့ကို အိမ်မခေါ်သွားဘူး။ သူက ငါ့ကို ဆေးရုံရဲ့ အလှပြုပြင်ခွဲစိတ်ဌာနကို ခေါ်သွားတာ။ သူက ငါ့ရဲ့ အမာရွတ်ကို လေဆာနဲ့ ဖယ်ရှားဖို့ ဆရာဝန်ကို တောင်းဆိုခဲ့တယ်။ အမာရွတ်တွေကို ဖယ်ရှားဖို့ မေ့ဆေးထိုးရမယ်ဆိုတာ ကြားတော့ ငါ ကြောက်ပြီး မလုပ်ချင်တော့ဘူး”

“ငါ့အစ်ကိုက ငါ့ကို လေဆာနဲ့ ခွဲစိတ်ဖို့ ပြောတယ်။ ငါ ထွက်ပြေးဖို့ကြိုးစားတော့ ခြေကျင်းဝတ် အဆစ်လွဲသွားပြီး ဒီလိုဖြစ်သွားတာပဲ”

“စကားမစပ် တနေ့ညတုန်းက ငါ နင့်ဆီ ခွင့်တောင်းဖို့ ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းလည်းမကိုင်ဘူးကော။ ငါထပ်ခေါ်တဲ့တော့ နင့်ဖုန်းက စက်ပိတ်သွားပြီ။ နင်ဘာလုပ်နေလို့လဲ"

ဖန့်ရှောင်နွမ်မှာ အရေးကြီးတဲ့ အချက်အလက်များကို ဖမ်းမိခံလိုက်ရသော်လည်း စီရင်ချက်၏ ဒုတိယပိုင်းကို သူမ လျစ်လျူရှုခဲ့သည်။ "ရှောင်ယွီ၊ နင့်လက်မောင်းမှာ အမာရွတ်ရှိတာလား" သူမ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ရှိတယ်၊ နင် ဘယ်လိုသိတာလဲ" လျိုစစ်ယွီ မေးလိုက်သည်။

ဖန့်ရှောင်နွမ် နှလုံးခုန်သံမြန်လာသည်။ သူမ လျိုစစ်ယွီ ၏ မျက်နှာသွင်ပြင်ကို စိုက်ကြည့်ကာ ခင်ပွန်းဖြစ်သူ ပြောခဲ့ဖူးတဲ့ စကားများကို သတိရမိသည်။ " စစ်ယွီ၊ နင်က O-သွေးလား"

"ထင်တာပဲ " လျိုစစ်ယွီ သံသယဖြစ်ဖွယ်ပြောလိုက်သည်။ “မှတ်ထားဖို့ ငါ မကြိုးစားဘူး။ အဲဒါကို ယောင်ဝါးဝါးပဲ မှတ်မိတယ်။ သွေးတွေဘာတွေ ငါ ဘာမှ မလှူခဲ့ဖူးဘူး။ ဘာဖြစ်လို့လဲ "

လျိုစစ်ယွီက သူမ၏ ကြောက်လန့်နေတဲ့ အချစ်ဆုံးသူငယ်ချင်းကို ကြည့်လိုက်သည်။ " ရှောင်ဝမ်ကော ဘယ်မှာလဲ"

ဖန့်ရှောင်နွမ်က သူမ၏ မျက်လုံးတွေကို ကြောင်အစွာဖြင့် ကြည့်နေခဲ့သည်။ ထို့နောက် သူမ ရုတ်တရတ် သဘောပေါက်သွားသလို ရုတ်တရက် ထရပ်လိုက်ပြီး ပြောခဲ့သည်။ " ရှောင်ယွီ၊ ရှောင်ဝမ် မနေ့ညက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ ဆေးရုံကို အမြန်သွားကြည့်ရအောင်။"

လျိုစစ်ယွီ - "ဟမ်။ ငါတို့ အခု သွားမို့လား။"

ဖန့်ရှောင်နွမ်က လျိုစစ်ယွီ လက်ကိုဆွဲကာပြောလိုက်သည်။ "ဟုတ်တယ်၊ ငါတို့ အခုသွားရအောင်။ ငါတို့ နှောင့်နှေးလို့ မရဘူး။ ငါတို့နောက်ကျသွားရင် ရှောင်ဝမ် ကို ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူး!” ထိုစကားကို ပြောပြီးနောက် နှစ်ယောက်သား ဖြည်းညှင်းစွာ ထွက်သွားကြသည်။ ဖန့်ရှောင်နွမ်က မြန်မြန်သွားချင်ပေမယ့် လျိုစစ်ယွီရဲ့ဒဏ်ရာက မြန်မြန်ဆန်ဆန်လှုပ်ရှားဖို့ အဆင်မပြေခဲ့ပေ။

ဖန့်ရှောင်နွမ်က ဒီနေ့ ကားမမောင်းလာတော့ လမ်းဘေးက တက္ကစီတစ်စီးကို ခေါ်ခဲ့သည်။ "ဆရာ၊ ကျေးဇူးပြုပြီး ကျင်းမြို့တော်ရဲ့ ပထမဆုံးပြည်သူ့ဆေးရုံကိုပို့ပေးပါ "

ဆေးရုံအတွင်းလူနာဌာန၌..

ကျီဝမ်က ဘာမှမလုပ်ဘဲ ကုတင်ပေါ်တွင် လှဲနေသည်။ မျက်နှာကျက်ကိုကြည့်ရင်း မှင်သက်နေခဲ့သည်။

“အကယ်၍ ကျွန်တော်သည် အတိတ်ဘဝမှာ နှလုံးသားမဲ့တဲ့ တစ်စုံတစ်ရာကို ပြုလုပ်ခဲ့မိပါလျှင် ကျေးဇူးပြုပြီး ကောင်းကင်ဘုံက ကျွန်တော့်ကို အပြစ်ပေးကြပါ။ ကျွန်တော်ဘာလို့ ကျီလင်းချန်ရဲ့တူဖြစ်လာတာလဲ။" သူ့ကိုယ်သူ ရေရွတ်နေခဲ့သည်။

ဆေးရုံကိုရောက်တဲ့အခါ ဖန့်ရှောင်နွမ်က ဘီးတပ်ကုလားထိုင်ငှားပြီး ဒဏ်ရာရနေတဲ့ သူငယ်ချင်းကို တွန်းသွားခဲ့သည်။ သူတို့ လူနာခန်းထဲသို့ တည့်တည့်သွား၍ ဘာအတွက်မှ အသက်ရှင်နေတာမဟုတ်တဲ့ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျီဝမ်ကို တွေ့လိုက်ရသည်။

"F*ck! လျိုစစ်ယွီ၊ မင်းလည်း ဘာလို့ မသန်မစွမ်းဖြစ်နေရတာလဲ" ကျီဝမ်က လျိုစစ်ယွီကိုတွေ့ပြီးနောက် ထိတ်လန့်တကြားမေးလိုက်သည်။

ဒါပေမယ့်သူက သူမနောက်က ဖန့်ရှောင်နွမ်ကို တွေ့တော့ ကျိန်ဆဲလိုက်သည်။ "ဖန့်ရှောင်နွမ် သေစမ်း။ မင်း ငါ့ဦးလေးကို ဘာပြောလိုက်တာလဲ။ မနေ့ညက ငါ့အခန်းထဲကို သူဝင်လာပြီး စကားမပြောဘဲ ငါ့ကို ရိုက်တော့တာပဲ။ ငါ မင်းကို ဘယ်လို နှိုးဆော်ခဲ့မိလို့လဲ"

All Chapters