← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

"ကျီဝမ်၊ နင့်ကို တစ်ယောက်ယောက် လာရှာတယ်။ သူ နင့်ကို တံခါးမှာ စောင့်နေတယ်" စာသင်ခန်းတံခါးမှ တစ်စုံတစ်ယောက်က လှမ်းအော်ခဲ့သည်။

ကျီဝမ် တံခါးဘက် လှည့်ကြည့်လိုက်သည်။ အတိုးကြီး ငွေးချေးစားတဲ့သူတွေဆီက ပိုက်ဆံချေးထားတဲ့ ကောင်မလေးပင်။

“ဝင်လာခဲ့” ကျီဝမ် ပြောလိုက်သည်။

ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့ အစားအသောက်သယ်ပြီး ပြန်လာကြတဲ့အချိန် ကောင်မလေးကို တွေ့လိုက်သောအခါ ဖန့်ရှောင်နွမ် ချက်ချင်း လျှောက်သွားပြီး ပြောခဲ့သည်။ “နင်ဘာလို့ ဒီကိုလာတာလဲ။ နင်လိုအပ်တာရှိရင် ငါ့ကိုပြော၊ ငါ့တူလေးကို မနှောင့်ယှက်နဲ့!"

ကျီဝမ်က ထိုင်နေသည်။ အပြင်မှာ ဆူဆူညံညံအသံကြားလို့ ဘာဖြစ်နေတာလဲဆိုတာကြည့်ဖို့ ချက်ခြင်း ထလာခဲ့သည်။

ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့က နေ့လယ်စာနှင့် သောက်စရာများကို ကိုင်ထားပြီး မနေ့က မိန်းကလေးနှင့် အေးစက်စွာ စကားပြောနေကြသည်။

ကျီဝမ် အမြန်လမ်းလျှောက်ပြီး နေ့လည်စာ တစ်ဝက်ကို ယူလိုက်သည်။ "မင်းတို့နှစ်ယောက် ဘာကို အရမ်းစိတ်လှုပ်ရှားနေကြတာလဲ"

လျိုစစ်ယွီက စာသင်ခန်းတံခါးကို ညွှန်ပြလိုက်သည်။ "ရှောင်ဝမ်၊ အထဲပြန်သွား "

ကျီဝမ် ကြက်သေသေသွားသည်။

ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး သူမ လည်း “သွား” ဆိုပြီး ဟောက်ခဲ့သည်။

ကျီဝမ်က သူ့ရဲ့နေလည်စာကိုယူကို နာခံစွာဖြင့် စာသင်ခန်းထဲကို ပြန်ဝင်သွားသည်။

တံခါးဝမှာ ငိုနေတဲ့ မိန်းကလေးတစ်ယောက်ကို သူ ထားရစ်ခဲ့သည်။ သူမရဲ့လက်ထဲတွင် လိမ်းဆေးပုလင်းကို ကိုင်ထားသည်။

ကောင်မလေးက စိတ်ထိခိုက်ကာ ပြောလိုက်သည်။ “ကျီဝမ် ငါ့ကြောင့် အရိုက်ခံရတာ။ ငါ သူ့ကို စိတ်ပူလို့"

လျိုစစ်ယွီက သူမဘေးနားမှာ ငိုယိုနေတဲ့ ထူးဆန်းတဲ့ မိန်းကလေးကို သည်းမခံနိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “ငါနင့်ကို သတိပေးထားတယ်နော်။ ငါ့ရဲ့ ရှောင်ဝမ် နင့်ကြောင့် အရိုက်ခံရတာဆိုရင် နင့်ကို ငါခွင့်မလွှတ်ဘူးလို့ ငါပြောထားပြီးသား။ နင် သူ့အတွက် အမြင့်အနိမ့်ကို ရှာဖွေဖို့ ပြတ်ပြတ်သားသား ကြိုးစားပြီး ဒီကိုလာဖို့ နင့်မှာ သတ္တိရှိသေးတယ်နော်!”

"နင်ဘာလို့ ရှောင်ဝမ်ကို အသုံးချခဲ့တာလဲ။" ဖန့်ရှောင်နွမ် တည်ငြိမ်စွာ မေးလိုက်သည်။

“ငါ..ငါမလုပ်ပါဘူး” မိန်းကလေးက ငိုနေသည်။

"ကောင်းပြီ၊ဒါဆို ငါ့ကိုပြော။ နင့် အဖိုးက ဘာရောဂါခံစားနေရတာလဲ "

“အဲ့...အဲ့ဒါက ကင်ဆာ”

ဖန့်ရှောင်နွမ် မေးလိုက်သည်။ “ဘယ်လိုကင်ဆာမျိုးလဲ။ နင့်အဖိုးနာမည်ကဘာလဲ။ သူ ဘယ်မှာ ဆေးရုံတက်နေတာလဲ။ ခွဲစိတ်မှု ဘယ်နှခါလုပ်ပြီးပြီလဲ။ နင်တကယ်ဒုက္ခရောက်နေတာဆိုရင် ငါ နင့်ကိုချက်ချင်းကူညီနိုင်ပေမယ့် နင် ရှောင်ဝမ်ကို ထပ်ပြီးအသုံးချမယ်ဆိုရင်တော့ နင့်ကို ငါ ခွင့်မလွှတ်ပေးဘူး။ ဒီကျောင်းက ကျောင်းသူတစ်ယောက်အနေနဲ့ ငါက ဘယ်လိုလူလဲဆိုတာ နင်သိသင့်တယ်မဟုတ်လား"

ကောင်မလေးက ပြောစရာစကားမဲ့သွားသည်။

လျိုစစ်ယွီက ကောင်မလေးကို အေးစက်စွာ ကြည့်နေသည်။ "တစ်ခုခုပြောစမ်ပါ! ဆွံ့အနေတာလား။ မြန်မြန် ငါတို့ကို ပြန်ဖြေလေ!”

“ငါ- ငါ့အဘိုးက ဆေးရုံက ဆင်းလာပြီ” မိန်းကလေးက တုန်လှုပ်နေတဲ့ အသံဖြင့် ပြောခဲ့သည်။

"စိတ်မပူနဲ့၊ သူ ဆေးရုံတက်ခဲ့တဲ့ မှတ်တမ်းတွေကို ငါ စစ်ဆေးလို့ရတယ်" လျိုစစ်ယွီ ပြောလိုက်သည်။

ကောင်မလေးက ချက်ချင်း စကားမပြောဘဲ ငြိမ်ကျသွားသည်။ သူမ မျက်လုံးတွေက တခြားနေရာကိုကြည့်နေပြီး သူတို့ကို မကြည့်ရဲတော့ပေ။

"ဟမ့် နင်က ပိုက်ဆံတွေအကုန်လုံးကို ဇိမ်ခံပစ္စည်းတွေအတွက် သုံးနေတာ မဟုတ်လား" ဖန့်ရှောင်နွမ် အေးစက်စွာ နှာမှုတ်လိုက်သည်။

"ရှောင်ဝမ်က အစိုးရအရာရှိတစ်ယောက်ရဲ့သားဖြစ်ပြီး သူ့မိသားစုက ချမ်းသာတယ်ဆိုတာ နင် သိထားတဲ့အတွက် ရှောင်ဝမ်ကို နင် စိတ်ဝင်စားနေတာပဲ" လျိုစစ်ယွီ စကားဝိုင်းထဲဝင်ပြောလိုက်သည်။

ကောင်မလေးက သူမရဲ့နှုတ်ခမ်းကို စေ့ထားသည်။ သူမရဲ့ပုံစံက သနားစရာပုံစံနဲ့ ဒုက္ခရောက်နေပုံရသည်၊ "မဟုတ်ဘူး၊ အဲဒါမမှန်ဘူး!"

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "ဒါက မမှန်ဘူးဆိုတော့ နင့်ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့ သတ္တိရှိလား။ နင်ပြောတာသာ မှန်တယ်ဆိုရင် ငါ ချေးငွေကိုဆပ်ပေးမယ်။ ဒါပေမယ့် နင် လိမ်ညာပြီး ငါ့တူလေးကို ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ပြီး သူ့ကိုတောင် အသုံးချခဲ့တာဆိုတာကို ငါ သိခဲ့ရင် နင့်ကို ငါ ကျောင်းထုတ်ပစ်မယ်။ ငါ့ကိုယုံလား"

ခင်ပွန်းဖြစ်သူက သူမအား ပေးထားသည့် အခြေအနေအသစ်က ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ယောက်ယောက်ကို ချက်ချင်း ကျောင်းထုတ်ပစ်ဖို့ အဆင်ပြေစေခဲ့သည်။

မနေ့ညက ခင်ပွန်းသည်က သူမကို လက်တွေ့ကျကျ ဦးနှောက်ဆေးကြောပေးခဲ့သည်။ “ကျောင်းက မင်းအပိုင်။ မင်းလုပ်ချင်တာလုပ်လို့ရတယ်။ မင်းကို လာနှောင့်ယှက်တဲ့သူကို မောင်းထုတ်လို့ရတယ်။ ကျောင်းကို ကိုယ် ဝယ်ထားပေးပြီးသား။ မင်း အဲ့တာကိုမှ အဆင်မပြေသေးဘူးဆိုရင် ကိုယ်ကျောင်းကို ဘာအတွက် ဝယ်ခဲ့မှာလဲ "

ဖန့်ရှောင်နွမ် အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်ပြီး ခင်ပွန်းသည်က သူမကို အမှားအယွင်းအားလုံးကို သင်ပေးနေသည်ဟု ခံစားနေရသည်။

ကျီလင်းချန် ဆက်ပြောခဲ့သည်။ “မင်းကို အဆင်ပြေအောင်လုပ်ပေးဖို့ ကိုယ် ပိုက်ဆံအများကြီး သုံးထားတာ။ အဆင်မပြေဘူးဆ်ုရင် အဓိပ္ပါယ်မရှိဘူး"

ဖန့်ရှောင်နွမ်က ဒါကို အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိသည်။

ကျီလင်းချန် ပြောခဲ့သည်။ “ကိုယ်တို့ လက်မထပ်ခင်မှာ မင်းကို လွတ်လပ်မှုပေးခဲ့တယ်။ အခု ကိုယ် မင်းကို အလုပ်ကြိုးစားဖို့ ယုံကြည်မှု ပေးမယ်။ မင်းပျော်နေသရွေ့ ကျန်တာကို ကိုယ် ဂရုစိုက်လိုက်ပါ့မယ်။"

ဖန့်ရှောင်နွမ် စိတ်လှုပ်ရှားသွားသည်။ "အဲ့တာကို ရှင့်ဘာသာ ပြောတာနော်။ ကျွန်မ မကောင်းတာလုပ်ခဲ့ရင်တောင် ရှင် ကျွန်မကို ကာကွယ်ပေးရမယ်။ ကျွန်မက ယုတ္တိမရှိရင်တောင် ရှင် ကျွန်မကို ကာကွယ်ရမယ်"

ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။

...

ကောင်မလေးက ကျီဝမ်ကို ပေးမည့် လိမ်းဆေးကို ဆုပ်ကိုင်ထားသည်။ ဖန့်ရှောင်နွမ်ရဲ့ စကားများကို ကြားလိုက်ရသည်နှင့် သူမ၏ အဆင့်အတန်းကို သတိရသွားစေသည်။ သူမကို မစော်ကားရဲပေ။ သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လှည့်ထွက်သွားဖို့ ကြိုးစားလိုက်သည်။

လျိုစစ်ယွီက လက်ကိုပိုက်ကာ ရှေ့သို့ တိုးပြီး ကောင်မလေး၏ လမ်းကို ပိတ်ဆို့လိုက်သည်။ "နင်က ထွက်သွားချင်တာလား။ ငါ့ကို ဘာအတွက်ခေါ်ရတာလဲ။ နင် ငါ့ဆီလာပြီဆိုကတည်းက ထွက်သွားဖို့ စဉ်းတောင်မစဥ်းစားနဲ့။ နင်ဘာလို့ ရှောင်ဝမ်ကို အသုံးချတာလဲ။"

“မဟုတ်ဘူး၊ ငါတကယ် အသုံးမချခဲ့ဘူး” ကောင်မလေးက ပြန်ဖြေခဲ့သည်။

"နင့်ရဲ့ အဓိပ္ပါယ်မရှိတာတွေကို နားထောင်ဖို့ ငါ စိတ်မရှည်ဘူး" ဖန့်ရှောင်နွမ် အေးစက်စွာပြောလိုက်သည်။

ကောင်မလေးက လှည့်ပြီး တခြားဘက်ကို ပြေးချင်ပေမယ့် ဖန့်ရှောင်နွမ်က သူမကို တားလိုက်သည်။

ကျီဝမ်က ဤမျှကြီးမားသော ဆုံးရှုံးမှုကို မခံစားခဲ့ဖူးပေ။ ဘာအတွက်ကြောင့် သူ အရိုက်ခံရတာလဲ။ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းရမယ်။

သူတို့ နှစ်ယောက်က ကောင်မလေးရဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က သူမကို လွှတ်ပေးမှာ မဟုတ်ဘူး။

ကျီဝမ်က တံခါးဝမှာ ရပ်လိုက်ပြီး “သူ့ကို လွှတ်ပေးလိုက်ပါ” လို့ ပြောချင်ပေမယ့် သူ တံခါးက ထွက်သွားတာနဲ့ ဖန့်ရှောင်နွမ်က ချက်ချင်း သူ့ကို စိုက်ကြည့်နေခဲ့သည်။ သူ နာခံမှုဖြင့်သာ နောက်ဆုတ်နိုင်ခဲ့သည်။

စာသင်ခန်းအပြင်ဘက်တွင် ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီ တို့သည် ကောင်မလေး၏ လမ်းမှာ နာရီဝက်ကြာရပ်နေခဲ့သည်။ သူတို့ စာသင်ခန်းထဲပြန်ရောက်တော့ အစားအသောက်တွေ အေးသွားပြီပင်။

All Chapters