အခန်း (၂၅၉)
Vol. 18 Ch. 259
လျိုစစ်ယန် ခေါင်းညိတ်ပြလိုက်ပြီး ပေါ်လာတဲ့လူကို ကြည့်လိုက်သည်။ “CEO ကျီ၊ ရှောင်နွမ်နဲ့ ရှောင်ဝမ်ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ ခေါ်သွားလိုက်ပါ။ ကျွန်တော် ရှောင်ယွီကို စစ်ဆေးဖို့ ခေါ်သွားလိုက်မယ်။"
ထိုသို့ပြောပြီးနောက် ညီမဖြစ်သူအား ငြင်းဆိုဖို့ အခွင့်အရေးမပေးဘဲ သူမရဲ့လက်ကိုကိုင်ကာ ထွက်ခွာသွားခဲ့သည်။
ထိုအချိန်တွင် ကျီလင်းချန်မှာ လျိုစစ်ယွီကို ဂရုမစိုက်အားတော့ပေ။ ဇနီးနှင့်တူဖြစ်သူ၏ လက်ကို ကိုင်ကာ စစ်ဆေးဖို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့စစ်ဆေးလို့ပြီးသွားတဲ့အချိန်မှာ နေ့ခင်းပိုင်းဖြစ်နေပြီ။ ဒဏ်ရာမရရှိခဲ့သော ဖန့်ရှောင်နွမ်သည်လည်း တစ်ကိုယ်လုံးကို စစ်ဆေးဖို့ သွားခဲ့ရသည်။
အရိုက်ခံရတဲ့ လူဆိုးတွေလည်း သတိပြန်ရလာကြသည်။ လျိုစစ်ယန်သည် ၎င်းတို့၏ အသွင်အပြင်နောက်ကွယ်မှ အကြောင်းရင်းကို သိရှိခဲ့သည်။ ဒီလူဆိုးတွေက အတိုးကြီးယူပြီး ငွေချေးတဲ့သူတွေ။ ကောင်မလေးက သူတို့ဆီက ယွမ်ငွေ ၆၀၀၀၀ ချေးထားသည်။ သုံးလအတိုးနှင့် ငွေအရင်းကို ယွမ် ၁၂၀၀၀၀ အထိ ထည့်ထားသည်။ သူတို့ ပိုက်ဆံကို အကြိမ်ကြိမ် တောင်းခဲ့ပေမယ့် မိန်းကလေးက ပြန်မပေးခဲ့ပေ။ သူမကို ရှာဖို့ ကျောင်းကိုသာ သူတို့ သွားနိုင်ခဲ့သည်။
စတိုးဆိုင်မှ ထွက်သွားချိန်တွင် သူမက ကျီဝမ်နဲ့ ဝင်တိုးခဲ့သည်။ အန္တရာယ်ရှိနေမှန်းကိုသိတဲ့ မိန်းကလေးက ချက်ချင်းထလာပြီး ကျီဝမ်ရဲ့လက်မောင်းကို လှမ်းဖက်လိုက်သည်။ ကျီဝမ်အား သူမကို ကယ်တင်ပေးဖို့ ငိုပြီး တောင်းပန်ခဲ့ပြီး ဒီလူတွေက သူမကို ပြန်ပေးဆွဲဖို့ ဒီမှာ ရှိနေကြတာလို့တောင် ပြောခဲ့သည်။
ကျီဝမ်က သူတို့ရောက်နေရတဲ့ အကြောင်းရင်းကို မသိသဖြင့် သူ လမ်းလျှောက်သွားခဲ့သည်။ ဒီလူတွေက သူ့ကိုမြင်တော့ မေးခဲ့သည်။ “မင်းက သူ့ရည်းစားလား”
"ခင်များက ဘယ်သူလဲ"
ကောင်မလေးက ကျီဝမ် ရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ကျီဝမ် ထွက်သွားမှာကို ကြောက်နေသည်။
ကျီဝမ်က ထွက်သွားချင်ပေမယ့် အဲဒီလူတွေက သူ့လမ်းကို ပိတ်ဆို့ထားခဲ့ကြသည်။ “ကောင်ဆိုးလေး၊ ငါတို့ စကားကောင်းကောင်းပြောဖို့ လိုနေပြီ။ သူတို့ကို ခေါ်သွားလိုက်ကြ”
ခေါင်းဆောင်က သူ့လူနှစ်ယောက်ကို သူတို့ မတွေ့ဖူးတဲ့လမ်းကြားထဲ ခေါ်သွားခိုင်းခဲ့သည်။
ခေါင်းဆောင်က ပြောခဲ့သည်။ “အခု ပိုက်ဆံပြန်ပေး။ ၁၂၀၀၀၀။ မင်းမှာ ပိုက်ဆံမရှိရင် မင်းရည်းစားရဲ့ ကိုယ်လုံးတီးဓာတ်ပုံကို အွန်လိုင်းမှာ တင်ပစ်လိုက်မယ်"
ကျီဝမ် မျက်မှောင်ကြုတ်ပြီး သူ့ဘေးနားက ကောင်မလေးကို ကြည့်လိုက်သည်။ သူမကို သူ လုံးဝမသိပေ
"ငွေတိုးချေးစားတဲ့သူလား"
ခေါင်းဆောင်က ပြန်ပြောခဲ့သည်။ “ဘာငွေတိုးချေးစားတဲ့သူလားလဲ၊ အဲဒါက မကောင်းဘူး။ ငါတို့က အကြွေးရှင်တွေ ”
“ကျွန်မ အဖိုးရဲ့ရောဂါကို ကုသဖို့ ယွမ်ငွေ ၆၀၀၀၀ ပဲချေးထားတာ။ ယွမ်ငွေ ၁၂၀၀၀၀ကို ကျွန်မက ဘယ်ကရမှာလဲ" ကောင်မလေးက ရှိုက်ငိုခဲ့သည်။
"ရဲကိုခေါ်ပြီး ကိုင်တွယ်ခိုင်းလိုက် "ကျီဝမ်က မိန်းကလေးဘက်သို့ လှည့်လိုက်သည်။
သူပြောပြီးတာနဲ့ လူဆိုးတချို့က ရှေ့ကို တိုးလာပြီး သူ့ကို လမ်းသေးသေးလေးထဲကို ဆွဲခေါ်သွားကြသည်။ သူတို့က သူ့ကို တိုက်ရိုက်ထိုးခဲ့ပြီး ပြောခဲ့သည်။ “မင်းကများ ရဲကို ခေါ်ဖို့ သတ္တိရှိနေတာလား။ မင်းရဲ့အကြွေးကို ပြန်ဆပ်ဖို့ကသာ အခွင့်အရေးပဲ၊ ဒါပေမယ့် မင်းအကြွေးတင်နေတဲ့အချိန်မှာ ရဲကို ဖုန်းဆက်ချင်သေးတာလား။"
ကျီဝမ်က နောက်ပြန်မဆုတ်ဘဲ တိုက်ခိုက်ခဲ့တဲ့သူနှင့် စတင်တိုက်ခိုက်ခဲ့သည်။
တစ်ပွဲချင်း တိုက်ပွဲတွင် ကျီဝမ်သည် သူ့ကိုယ်သူ ထိန်းထားနိုင်ဆဲဖြစ်သော်လည်း လက်သီးနှစ်ဖက်က လက်လေးဖက်နဲ့ မယှဉ်နိုင်တော့ပေ။ တစ်ချိန်တည်းမှာ လူရှစ်ယောက်က သူ့ကို တိုက်ခိုက်နေတာကြောင့် သူတို့ကို မထိန်းနိုင်ခဲ့ပေ။ အကူအညီတောင်းလို့တောင် မရခဲ့ဘူး။
ဖန့်ရှောင်နွမ် ပထမအကြိမ် ဖုန်းခေါ်တော့ သူ လှမ်းမကိုင်နိုင်ခဲ့ပေ။ ဒုတိယခေါ်ဆိုမှုတွင် သူ တွန့်ဆုတ်နေခဲ့ပြီး အော်ပြောခဲ့သည်။ “အနောက်တံခါး၊ လမ်းကြား။ ငါတို့ကို လာကယ်” ဒါတွေက အားလုံးပါပဲ။
သူပြောပြီးသည်နှင့် သူ့ဖုန်းက မြေပြင်ပေါ်သို့ ကျသွားသည်။
ပြည်သူ့လုံခြုံရေးဗျူရိုတွင် ကျီလင်းချန်သည် အခြေအနေအားလုံးကို နားလည်လာခဲ့သည်။ အဆင်ပြေပုံပေါ်တဲ့ သူ့တူလေးကို ကြည့်ပြီး ပြောလိုက်သည်။ “အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းတောင်မှ သူ့ကိုယ်ပိုင်အစွမ်းအစကို ထည့်စဥ်းစားရတယ်။ မင်းအဒေါ်ရဲ့ တစ်ဝက်လောက်တောင် မတော်ဘူးဆိုရင် တခြားလူကို မင်း ဘယ်လိုကာကွယ်နိုင်မှာလဲ"
ကျီဝမ်က စကားပြန်မပြောရဲဘဲ ခေါင်းညိတ်လိုက်သည်။
ဖန့်ရှောင်နွမ်က သူမခင်ပွန်းရဲ့လက်ကို ချိတ်ထားသည်။ "ယောကျ်ား၊ ရှောင်ဝမ်ကို ဆက်ပြီး lecture ပေးမနေပါနဲ့တော့။ သူ ဘာအမှားမှ မလုပ်ခဲ့ပါဘူး”
အခြေအနေကို နားလည်ပြီးနောက် ကျီလင်းချန်က သူ့ရဲ့ဇနီးနှင့်တူကို အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။
လမ်းမှာ သူကားကို လမ်းဘေးမှာ ရပ်လိုက်ပြီး ကျီဝမ် အတွက် ဆေးဝယ်ဖို့ ဆေးဆိုင်ထဲကို ဝင်သွားခဲ့သည်။
ဖန့်ဂှောင်နွမ်နဲ့ ကျီဝမ်တို့ နောက်ထိုင်ခုံတွင် ထိုင်နေကြသည်။ ကျီဝမ်ရဲ့ဒဏ်ရာကို ဆေးဖြင့် ကုသခဲ့သည်။ သူမ သူ့ခေါင်းက ဒဏ်ရာကို စစ်ဆေးကြည့်ပြီး ဒေါသပိုထွက်လာကာ အဲဒီလူတွေကို သင်ခန်းစာ ထပ်ပြီး သင်ပေးချင်နေခဲ့သည်။ ကျီလင်းချန် မျက်စိမှိတ်ပြီး သဘောတူခဲ့သည်။သူတို့ချကြတာပေါ့!
အိမ်ပြန်ရောက်တော့ ကျီဝမ် စိတ်ရှုပ်သွားခဲ့ရသည်။ သူလိုချင်ခဲ့သလိုမျိုး ကျီမိသားစုရဲ့ ရတနာလေးလို ဆက်ဆံခံရသည်။ တစ်မိသားစုလုံးက သူ့ကျန်းမာရေးအတွက် စိတ်ပူနေကြသည်။
ဖန်ချီက သူ့သားကို မကြာခဏ လျစ်လျူရှုထားခဲ့ပြီး ယခုအခါတွင် သူမ၏သားမှာ ဒဏ်ရာများရရှိလာတော့ သူမ နှလုံးလည်း နာကျင်ခဲ့သည်။ "သားလေး နာနေလား။ သားအတွက် ဒဏ်ရာကို အမေဆေးထည့်ပေးမယ်။"
“အမေ၊ ရပါတယ်။ အဆင်ပြေပါတယ်” ကျီဝမ် ပြောလိုက်သည်။
ဖန်ချီ ပြောလိုက်သည်။ "ရောင်နေတာပဲ သား အဆင်ပြေရဲ့လား။ လင်းချန်၊ ရှောင်နွမ်၊ ရှောင်ဝမ် ရဲ့ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကရော ဘယ်လိုနေလဲ။"
"ကျွန်တော် သူ့ကို တစ်ကိုယ်လုံး ဆေးစစ်ခိုင်းထားတယ်။ ဒဏ်ရာကြီးကြီးမားမားမရှိတာ သေချာတော့မှ အိမ်ပြန်လာခဲ့တာ” ကျီလင်းချန် ပြန်ဖြေခဲ့သည်။
ဖန်ချီရဲ့ နှလုံးသားက နာကျင်နေပေမယ့် သူမလည်း မကျေမနပ်ဖြစ်နေသည်။ “မင်းလည်း အရမ်းတော်တယ်။ မင်းဘာလို့ဒီလောက်စပ်စုရတာလဲ"
မြို့တော်ဝန် ကျီက သူ့သား ဒဏ်ရာရသွားတာကို မြင်တော့ “အဖေ၊ ကြည့်ပါဦး ” လို့သာ ပြောခဲ့သည်။ သူ့နှလုံးသား နာကျင်မှုကို ကြားနေရသည်။
သခင်ကြီး ကျီ ဒေါသထွက်နေသည်။ ဒေါသအရမ်းကြီးပြီး အားလုံးကို ခုတ်ထစ်ပစ်ပြီး ခွေးတွေကို ကျွေးချင်ခဲ့သည်။
“အဖေ၊ အဲ့လူတွေ အားလုံး ဆေးရုံမှာ။ သူတို့ထွက်လာရင် ကျွန်မတို့ အတူတူသွားကြမယ်” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
"သူတို့ ဆေးရုံတက်နေကြတာလား။ ဘယ်သူက သူတို့ကို ရိုက်လိုက်တာလဲ။”
ဖန့်ရှောင်နွမ်က သူ့ကိုယ်သူ စိတ်ကြီးဝင်စွာ ညွှန်ပြခဲ့သည်။
သခင်ကြီးကျီ ပြောလိုက်သည်။ "ကောင်းတယ်! ငါ မင်းကို ဆုချမယ်။ မင်းဘာလိုချင်လဲ"
ဖန့်ရှောင်နွမ် အံ့အားသင့်သွားသည်။ ရန်ဖြစ်ခဲ့တာကို ဆုရတာလား။ ကျီ မိသားစုက သားသမီးတွေကို ဒီလိုပညာသင်ပေးတာလား။
ကျီဝမ် ဒဏ်ရာရပြီးနောက် ကျောင်းမှာ သူက "ဘောစ့်" ဖြစ်လာခဲ့သည်။ ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့က သူ့ကို အရမ်းဂရုစိုက်ကြသည်။
အပြင်မှာ အေးနေပြီး နေ့လည်စာဝယ်ဖို့ ကျီဝမ်ကို မသွားခိုင်းဘူး။ အအေးဒဏ်ကြောင့် ကျီဝမ်ရဲ့ ဒဏ်ရာတွေ ပိုဆိုးလာမှာကို စိုးရွံ့မိတဲ့အတွက် အစားအစာကို သူတို့ပဲ ယူလာကြသည်။ သူ့ကိုလည်း ခွံ့ကျွေးကြသည်။
အဲ့တာကြောင့် ကျီဝမ်က သူ့ဘဝတစ်လျှောက်လုံး ဒဏ်ရာတွေ ရနေတာက ကောင်းမွန်တဲ့ အကြံဥာဏ်တစ်ခု ဖြစ်နိုင်သည်ဟု ကျီဝမ်အား ခံစားရစေသည်။ 'ငါ ပြန်ကောင်းခါနီးမှာ တစ်ယောက်ယောက်ကို ငါ့ကို ရိုက်ခိုင်းလိုက်ရင်ကော'လို့တောင် သူတွေးခဲ့သည်။ ဒီလို ဝန်ဆောင်မှုပေးတာက အရမ်းကောင်းသည်။
သူ ရေဆာလာတဲ့အခါ တစ်ယောက်ယောက်က သူ့ကို ရေနွေးနွေးလေး ထည့်ပေးသည်။ သူ ဗိုက်ဆာတဲ့အခါ တစ်ယောက်ယောက်က သူ့အတွက် စားစရာဝယ်ပေးသည်။
သူက မိန်းကလေး မဟုတ်လို့သာပေါ့။ မဟုတ်ရင် ဒီနှစ်ယောက်က သူ အိမ်သာသွားရင်တောင် လိုက်လာကြလိမ့်မယ်။