အခန်း (၂၅၈)
Vol. 18 Ch. 258
လျိုစစ်ယွီ ဒေါသထွက်လွန်းလို့ သူ့အစ်ကိုကို ဖုန်းဆက်လိုက်သည်။ သူက လူတစ်စုကို ထိုနေရာသို့ ခေါ်ဆောင်ကာ သူတို့ကို ကောင်းကောင်းရိုက်နှက်ပေးခဲ့သည်။
ထိုအချိန်တွင်၊ ဤနှစ်ယောက်သာ ကျီဝမ်ကို အနိုင်ကျင့်နိုင်ပြီး အခြားဘယ်သူမှ ထိုကိစ္စကိုပင် စဥ်းတောင်စဥ်းစားလို့မရနိုင်ပေ။
...
ဖန့်ရှောင်နွမ် လူအုပ်ထဲသို့ ပြေးဝင်ကာ စတင်တိုက်ခိုက်ခဲ့သည်။
လျိုစစ်ယွီက တိုက်ခိုက်ဖို့အကြောင်း ဘာမှမသိခဲ့ပေ။ သူမ ခါးကိုကိုင်းကာ မနာကျင်စေရန် လှုပ်ရှားမှုကို ရှောင်လိုက်သည်။ သူမက ကျီဝမ်၏ နံဘေးသို့ အမြန်လျှောက်သွားပြီး သူ့မျက်နှာပေါ်ရှိဒဏ်ရာများကို စစ်ဆေးရန် ထိုင်ချလိုက်လေသည်။
ကျီဝမ်၏ အဖြူရောင် ဆွယ်တာအင်္ကျီက ဘွတ်ဖိနပ်ရာများဖြင့် ပြည့်နေသည်။ လျိုစစ်ယွီသည် ကျီဝမ်ရဲ့ခေါင်းကို လက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ၏ နှလုံးသားက နာကျင်နေသည်။ သူ့ခေါင်းက ဒဏ်ရာကို မြင်လိုက်ရတော့ သူမမျက်လုံးတွေ အနည်းငယ်နီရဲသွားသည်။ " ရှောင်ဝမ် နင်ထလို့ရသေးလား"
ကျီဝမ် ခက်ခက်ခဲခဲ ထခဲ့ပြီး ရှုပ်ယှက်ခတ်နေတဲ့ လူအုပ်ထဲကနေထွက်ဖို့ သူမက သူ့ကို ကူညီပေးခဲ့သည်။
နံရံမှာ တုတ်တွေ တန်းစီထားပြီး သူ့ကို ရိုက်ဖို့ လူတွေက သုံးခဲ့ကြသည်။
ကျီဝမ်က တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဖန့်ရှောင်နွမ်ကို အော်လိုက်သည်။ "အဒေါ် ဖမ်းလိုက်!" ဖန့်ရှောင်နွမ်ဆီ တုတ် ပစ်ပေးလိုက်သည်။
ဆယ်နှစ်ကြာအောင် သူတို့ အတူတူနေလာခဲ့ကြတာက အလကားမဟုတ်ပေ။ ဖန့်ရှောင်နွမ် တိတ်တဆိတ်လှည့်၍ တုတ်ကိုဖမ်းရန် လက်လှမ်းလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ သူမလက်သီးတွေကို သုံးဖို့ မလိုအပ်ပေ။ တုတ်က တစ်ယူနစ်ကဲ့သို့ သူမနှင့်အတူ လှုပ်ရှားသွားသည်။ သူမ၏ လှုပ်ရှားမှုတွေက အရည်ပျော်ကျသွားလောက်သည်။
ထိုလူတွေက ကိန်းဂဏန်းများ၏ အားသာချက်ကြောင့် ကျီဝမ်ကို မြေပြင်ပေါ်သို့ထိုးနှက်နိုင်ခဲ့သည်။ ၎င်းတို့သည် ယခင်က လေ့ကျင့်မှု မပြုလုပ်ဖူးသောကြောင့် ၎င်းတို့သည် ဖန့်ရှောင်နွမ်နှင့် လုံးဝ မယှဉ်နိုင်ပေ။
ဖန့်ရှောင်နွမ်ဆီမှ ရိုက်ခံရမှုကြောင့် ၎င်းတို့အနက်မှ တစ်ဦးမှာ သတိလစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့သည်။ ထို့နောက် သူမက နောက်သို့လှည့်ကာ အခြားသူ၏ ဦးခေါင်းနောက်သို့ သူမရဲ့လက်ကိုလွှဲခဲ့သည်။
လျိုစစ်ယွီသည် ကျီဝမ်ကို လူစုလူဝေးနှင့်ဝေးသောတစ်နေရာသို့ ကူညီပေးခဲ့သည်။ ခုနက ငိုပြီး အော်နေတဲ့ ကောင်မလေးလည်း ရောက်လာသည်။ သူမက ကျီဝမ်ကိုကူညီပြီး သူ၏ဒဏ်ရာများကို စစ်ဆေးပေးချင်ခဲ့သည်။
"ရဲကိုခေါ်ထားပြီးပြီလား"ကျီဝမ် လျိုစစ်ယွီကို မေးလိုက်သည်။
ကျီဝမ်က သူမရဲ့အဖြေကို စောင့်ရင်း ခေါင်းကို မော့ကာ ကောင်မလေးကို ကြည့်လိုက်သည်။
ငိုနေတဲ့မိန်းကလေးက ခေါင်းခါခဲ့သည်။ "မေ့သွားတယ်၊ မေ့သွားတယ်"
"မင်းကို ရဲခေါ်ဖို့ ငါပြောခဲ့တယ်လေ" ကျီဝမ် ဒေါသတကြီးပြောလိုက်သည်။
"ငါ...ငါ နင့်ကို ရိုက်နေကြတာကိုတွေ့တော့ ငါ မေ့သွားတယ်"
လျိုစစ်ယွီ ချက်ချင်း သူမ၏ ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့အစ်ကိုဆီ ဖုန်းဆက်လိုက်သည်။ "အစ်ကို၊ ညီမ ဒုက္ခရောက်နေပြီ"
"လိပ်စာက " လျိုစစ်ယွီ သူ့မျက်ခုံးကြားက နေရာလွတ်ကို ညှစ်ပြီး မေးလိုက်သည်။ သူ့အာရုံကြောတွေ တဆတ်ဆတ်တုန်နေသည်။
လျိုစစ်ယွီက ကျဉ်းမြောင်းသော လမ်းကြားနှင့် မြေပြင်ပေါ်ရှိ လူများကို ကြည့်လိုက်သည်။ “အစ်ကိုလာစရာ မလိုတော့ဘူး။ ဆေးရုံသွားလိုက်မယ် အဲ့မှာတွေ့ကြမယ်"
ဖန့်ရှောင်နွမ်က မထနိုင်တော့တဲ့ လူရှစ်ဦးကို ကြည့်ကာ သူမ၏ အသက်ရှူသံက မြန်လာသည်။ သူမ သူတို့ကို ရိုက်နှက်ရင်း မောပန်းနေပြီဖြစ်သည်။
ကျီဝမ်က သူမဆီ တုတ်ကို မပစ်ပေးခဲ့ရင် သူမ ဒီလူတွေကို ဒီလောက်လွယ်လွယ်နဲ့ ဆက်ဆံနိုင်မှာ မဟုတ်ဘူး။
" ရှောင်ယွီ၊ လူနာတင်ကားခေါ်လိုက် "ဖန့်ရှောင်နွမ် ပြောလိုက်သည်။
လျိုစစ်ယွီက ဖုန်းဆက်ထားပြီးသား။
ကျီ ကော်ပိုရေးရှင်းတွင် လက်ထောက် လျို သည် ထိတ်လန့်တကြားဖြင့် ရုံးခန်းထဲသို့ ပြေးသွားခဲ့သည်။ သူ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ “CEO ကျီ ၊ ရှောင်ဝမ် အရိုက်ခံရလို့။ မဒမ် ရန်ဖြစ်ခဲ့ပြီး လျိုစစ်ယွီ လည်း အဲ့ဒီမှာ ရှိနေတယ်။"
"ဘာ"
လက်ထောက် လျိုက ချက်ချင်းအသေးစိတ်ရှင်းပြခဲ့သည်။ " ရှောင်ဝမ်က လူဆိုးအနည်းငယ်ရဲ့ ရိုက်တာ ခံခဲ့ရတာ။ မဒမ်က အဲ့တာက်ု သိပြီးတော့ ရှောင်ဝမ်ကို ကယ်ဖို့ သွားလိုက်တာ။ သူမရဲ့ ခွန်အားကို ကောင်းကောင်းမထိန်းနိုင်ဘဲ အားလုံးကို ဆေးရုံပို့လိုက်ရတယ်။ လူနာတင်ယာဉ်ရောက်လာတော့ လျိုစစ်ယွီက အယောက်တိုင်းကို ကန်ခဲ့တယ် "
လျိုစစ်ယွီ၏ အထောက်အထားကို စုံစမ်းရန်အတွက် သူမနောက်လိုက်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်ထားခဲ့သည်။ ဒီလူတွေဆီက အချက်အလက်တွေ ရခဲ့တာဖြစ်သည်။
ကျီလင်းချန်ရဲ့ လူတွေက ဒါကိုမြင်ပြီး သူ့မိန်းမကို ကာကွယ်ဖို့ ရှေ့ကို ဆက်သွားချင်ပေမယ့် သူမရဲ့ ဒုက္ခတွေကိုသာ တိုးပေးမယ်ဆိုတာကို သူတို့ သဘောပေါက်ခဲ့ကြသည်။ သူတို့ရဲ့ “ပျော့ညံ့သော” မိန်းမပျိုလေးက အရွယ်ရောက်ပြီးသူ ရှစ်ဦးကို ဖြုတ်ချခဲ့သည်။ ထို့နောက် သူမက အနားယူဖို့ မြေပြင်ပေါ်တွင် ထိုင်ခဲ့သည်။
လျိုစစ်ယွီသည် ထိုလူများကို ပြန်လည်တိုက်ခိုက်ရန် အစွမ်းအစမရှိသည်ကို သူမ မြင်သောအခါ ဒေါသထွက်သွားသည်။ သူမ ရှေ့သို့လှမ်းကာ ကျီဝမ်အစား လက်စားချေဖို့ လူတိုင်းကို ကန်ပစ်ခဲ့သည်။ လူနာတင်ယာဉ်ရောက်လာတော့ မြေပြင်ပေါ်က လူတွေကို ဆွဲထုတ်သွားခဲ့ကြသည်။
ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့သည် ကျီဝမ်ကို ဆေးရုံသို့ ပို့ခဲ့သည်။ သူ ခံစားရတဲ့ အတွင်းဒဏ်ရာတွေကို အချိန်မီ ကုသပေးနိုင်ဖို့ သူ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ လိုအပ်သည်။
ဖန့်ရှောင်နွမ်ရဲ့ ကားမောင်းကျွမ်းကျင်မှုက သူ့တူလေးနဲ့အတူ ဆေးရုံကို ကားမောင်းလာရင်း အဆင်ပြေနေခဲ့သည်။ စောစောက ကောင်မလေးက သူတို့နောက်ကို လိုက်ချင်ခဲ့သည်။
လျိုစစ်ယွီက အမြဲတမ်း လျှာထက်ပြီး ကောင်မလေးကို ဟောက်ခဲ့သည်။ "နင့်ကြောင့် ငါ့ ရှောင်ဝမ် အရိုက်ခံရတာကို ငါ မသိချင်ယောင်ဆောင်ပေးနေခဲ့တာနော်။ နင်က ဒီလူဆိုးတွေကို နှိုးဆွပေးခဲ့တဲ့သူဆိုရင် ငါ နင့်ကို ခွင့်လွှတ်မှာမဟုတ်ဘူး!"
ကောင်မလေးသည် လျိုစစ်ယွီကြောင့် အလွန်ထိတ်လန့်သွားပြီး စကားမပြောရဲဘဲ ငြိမ်နေခဲ့သည်။
ဆေးရုံရောက်သောအခါ ဖန့်ရှောင်နွမ်က ကားရပ်လိုက်ပြီး လျိုစစ်ယွီက ချက်ချင်းစာရင်းသွင်းဖို့ ဝင်သွားခဲ့သည်။ သုံးယောက်သား ဆရာဝန်ရုံးခန်းထဲသို့ အတူတူဝင်ခဲ့ကြသည်။
ကျီလင်းချန် ဆေးရုံသို့ အမြန်သွားခဲ့ပြီး ကျီဝမ်ကို ဓာတ်မှန်ရိုက်ရန် ကူညီပေးနေတဲ့သူ နှစ်ဦးကို တွေ့ခဲ့သည်။ ကျီဝမ်ရဲ့မျက်နှာပေါ်က ဒဏ်ရာကို သူမြင်လိုက်ရသည်။
“ဦးလေး၊ အဲ့ဘက်ကလူတွေက အများကြီး။ ကျွန်တော်သူတို့ကိုမချနိုင်ခဲ့ဘူး။ အဒေါ်က ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာ။” ကျီဝမ်က ဆောလျင်စွာ စတင်တာဝန်ယူလိုက်သည်။
ကျီလင်းချန်က ကျီဝမ်ရဲ့ ဒဏ်ရာကို စစ်ဆေးဖို့ ရှေ့တိုးလာခဲ့သည်။ သူ မျက်မှောင်ကြုတ်ကာ သူ့မိန်းမကို ကြည့်လိုက်သည်။ "မင်းအဆင်ပြေရဲ့လား"
ဖန့်ရှောင်နွမ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကို နာခံစွာ ခါပြလိုက်သည်။
ထိုအချိန်တွင် လျိုစစ်ယန်လည်း ဆေးရုံသို့ရောက်ရှိလာခဲ့သည်။
"အစ်ကို၊ ညီမဒီမှာ" လျိုစစ်ယွီ ပြောလိုက်သည်။
လျိုစစ်ယွီက လျိုစစ်ယန်ကို မြင်ပြီး သူ့ဘေးသို့ ချက်ချင်း ပြေးသွားခဲ့သည်။
လျိုစစ်ယန်က သူမမှာ ဒဏ်ရာရှိမရှိကို စိုးရိမ်တကြီး စစ်ဆေးခဲ့သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "အစ်ကို၊ ညီမ အဆင်ပြေပါတယ်။ ရှောင်နွမ်က ပြန်ချခဲ့တဲ့သူ။ ရှောင်ဝမ်ကတော့ ဒဏ်ရာရထားတယ်"