← Chapters

အတိတ်က စွေ့ညီအစ်ကိုများ

Vol. 15 Ch. 148

အတိတ်က စွေ့ညီအစ်ကိုများ

Vol. 15 Ch. 148

အားကျောက်ကို အိမ်ပြန်ပို့ပြီးနောက် ကျန်းကျင်းခိုင်တယောက် ဆေးရုံသို့ ထွက်လာခဲ့၏။ ရက်တချို့ကြာပြီးနောက် ချိုတောက်ကန်း အတော်အတော်လေးထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့ပေပြီ။ သို့သော် သူ့သေဆုံးချိန်နီးလာမှန်းကိုတော့ ချိုတောက်ကန်း ခံစားနေမိ၏။ အစိုးရအနေနှင့် သူ့ကို အလွယ်တကူ သေခွင့်ပြုလိမ့်မည်မဟုတ်။ စံနမူနာပြအနေနှင့် သေဒဏ်ပေးမည်မှန်း သူ ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

"ခင်ဗျား အတော်လေး ကျန်းမာရေး ပြန်ကောင်းနေပြီပဲ"

ကုတင်ဘေးရှိ ထိုင်ခုံတွင်ဝင်ထ််ိုင်ရင်း ကျန်းကျင်းခိုင်က ချိုတောက်ကန်းကို နှုတ်ဆက်လိုက်၏။

"လူသိရှင်ကြား ကြားနာမဲ့ရက်ကို သတ်မှတ်ပြီးပြီလား"

"မသတ်မှတ်ရသေးဘူး ဒါပေမဲ့ မကြာခင် သတ်မှတ်ပါလိမ့်မယ်"

ချိုတောက်ကန်း ကုတင်ပေါ် ပြန်ထိုင်ရင်း ပြောလိုက်သည်။

"ကျွန်တော့်ကို ငွေအများကြီးသုံးပြီး ကုသပေးတဲ့အတွက် အစိုးရကို ကျေးဇူးတင်ရမယ်"

"ဟုတ်တယ် ခင်ဗျားအနေနဲ့ အစိုးရကို ကျေးဇူးတင်သင့်တယ်"

ထိုအချိန်၌ စားပွဲပေါ်တွင် ပန်းကန်များ၊ ဇွန်းခရင်းနဲ့ ဓားများ ကျန်နေသေးသည်ကို ကျန်းကျင်းခိုင် သတိထားမိလိုက်၏။

"ဒီနေ့ ညနေစာစားတာ နောက်ကျတယ်ပေါ့ ဟုတ်လား"

"ဆိုပါတော့ဗျာ"

ချိုတောက်ကန်း ပြန်ဖြေလိုက်၏။

"အင်စပက်တာကျန်းလဲ ခုတလော ကျွန်တော့်ဆီ လာမလည်ဘူးပဲ"

"အင်း"

ကျန်းကျင်းခိုင် ခေါင်းတချက်ညိတ်ပြရင်း ပြုံးလိုက်သည်။

"ကဲ ပြေားစရာရှိတာ ပြောပါ အင်စပက်တာ ခင်ဗျား ဒီကို ကျွန်တော်နဲ့ စကားပြောဖို့သက်သက် လာတာ မဟုတ်ဘူး မဟုတ်လား"

ချိုတောက်ကန်းက ကျန်းကျင်းခိုင်ကို စူးစိုက်ကြည့်ရင်း အထက်ပါအတိုင်း ပြောလိုက်၏။

"အင်စပက်တာကျန်း ခင်ဗျားအနေနဲ့ အမှုနဲ့ပတ်သက်ပြီး တိုးတက်မှုတချို့ ရခဲ့တယ်ဆိုတာ ကျွန်တော် သိတယ် မဟုတ်ရင် ခင်ဗျား ဒီမှာ ရှိနေမှာ မဟုတ်ဘူး"

"အင်း ခင်ဗျားမှန်ပါတယ်"

ကျန်းကျင်းခိုင်က အားကျောက်ပေးခဲ့သည့်သောကို ထုတ်ပြီး ချိုတောက်ကန်းကို ပေးလိုက်၏။

"ဒီသော့ကို ခင်ဗျား မှတ်မိလား"

"ကျွန်တော် ကြည့်မယ်"

ချိုတောက်ကန်း သော့ကိုယူပြီး သေသေချာချာ ကြည့်နေ၏။

"အင်စပက်တာကျန်း ဒီသော့ကို ရှာတွေ့ခဲ့ပြီပေါ့ ဒီသော့ ပျောက်နေတာကြာပြီ စွေ့တီကွမ်းဆီကနေတဆင့် အားရှုလက်ထဲရောက်နေတယ်လို့တော့ ကျုပ်တို့ သံသယရှိခဲ့တယ်"

"ဟုတ်တယ်"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်၏။

"ဒီသော့ ဘာကိုဖွင့်တဲ့သော့လဲဆိုတာ ခင်ဗျားသိမယ်လို့ ကျုပ် ထင်တယ် ခင်ဗျားကိုယ်တိုင်ပဲ ဒီသော့အကြောင်းကို ပြောမလား ဒါမှမဟုတ် ခင်ဗျားမှတ်မိလာအောင် ကျုပ် ကူညီရမလား"

ချိုတောက်ကန်း ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေ၏။ သူ့ပုံစံကြောင့် ကျန်းကျင်းခိုင် အံ့သြသွားလေသည်။

"ဘာလဲ ခင်ဗျားက ကျုပ်ကို မပြောပြချင်ဘူးပေါ့ ဟုတ်လား"

"ကျွန်တော့မှာ ပြောစရာ ဘာမှမရှိဘူး"

ချိုတောက်ကန်းက ကျန်းကျင်းခိုင်ကို ခပ်တည်တည်နှင့် စိုက်ကြည့်နေ၏။

"ကျွန်တော် သိတာကို ခင်ဗျားတို့ သိနေပြီလို့ ထင်တယ် ဒီတော့ ကျွန်တော်က ဘာက်ိုပြောနေရအုံးမှာလဲ"

"ဟဲ ဟဲ"

ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။ ထို့နောက် သုက အောက်ပါအတိုင်း ပြောလိုက်၏။

"ခင်ဗျားလူတွေက်ို​ သတ်တာ ဘယ်သူမှန်း ကျုပ်တို့ သိခဲ့ရပြီ ကျောက်ရန်းချူ အသတ်ခံရတဲ့ အခန်းရဲ့ ပြတင်းပေါက်အပြင်ဘက် မြေကွက်လပ်အောက်မှာ အလောင်းတလောင်း ကျုပ်တို့တွေ့တယ် အဲဒါ အားရှုအလောင်းပဲ စွေ့တီကွမ်း အသတ်ခံရတယ် မူးယစ်ဆေးဝါးတွေ အချိန်မှီ ရောက်မလာခဲ့ဘူး သူ့အဆက်အသွယ် ကျောက်ရန်းချူ ထွက်ပြေးသွားတယ် ဒါကြောင့် စပေါ်ငွေဆုံးပြီး သူတို့ပိုက်ဆံတွေ ပြန်လိုချင်နေတဲ့ ပြည့်တန်ဆာတချို့က အားရှုကို သတ်ပစ်ခဲ့ကြတယ်ဆိုတာ ကျုပ်တို့သိခဲ့ရပြီ ဒါကို အခဲမကျေနိုင်ဖြစ်နေတဲ့ အားရှုရဲ့ ဝိညာဥ်က လက်စားပြန်ချေနေတာပဲ အားရှုကို သတ်ဖြတ်ခဲ့တဲ့ ပြည့်တန်ဆာ အားယင်ဆိုတဲ့တ​ယောက်တော့ လွတ်သွားတယ် ကျုပ်တို့ သူ့ကို အဝေးကြီးပို့လိုက်ပြီ အားရှု ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေထဲကနေ အခု ခင်ဗျားလက်ထဲက သော့ကို ကျုပ်တို့ ရှာတွေ့ခဲ့တယ် ဒါပေမဲ့ ကျုပ်တို့ခုထိ အဖြေမရှာနိင်​သေးတဲ့ မေးခွန်းတွေ ကျန်နေသေးတယ်"

"ဟုတ်လား"

ချိုတောက်ကန်း၏ ပုံစံမှာ ကျန်းကျင်းခိုင်၏ စကားကို စိတ်ဝင်စားလာဟန်ရှိသည်။ နောက်ဆုံးတော့ သူက သက်ပြင်းတချက်ချရင်း အောက်ပါအတိုင်း စကားဆက်လိုက်လေသည်။

"စွေ့တီကွမ်း စွေ့ကျုံးယီ စွေ့ကျုံးလီ ကျောက်ရန်းချူ ပြီးတော့ ကျွန်တော်...ကျွန်တော်တို့ငါးယောက်က ညီအစ်ကိုတွေပဲ"

ကျန်းကျင်းခိုင် တုန်လှုပ်သွား၏။

"ကျွန်တော်တို့မိသားစုက ငယ်ငယ်တုန်းက အလွန်ဆင်းရဲတယ် ကလေးတွေကို ဗိုက်ဝအောင် မကျွေးနိုင်ဘူးပေါ့ဗျာ ဒါနဲ့ ကျွန်တော့အစ်ကိုကြီးစွေ့တီကွမ်း... သူ့ကတော့ ကျွန်တော့်ဦးလေးဆီရောက်သွားတယ် ကျွန်တော့်ညီလေးစွေ့ကျုံးကျီ သူကတော့ ​ကျောက်မိသားစုဆီရောက်သွားပြီး ကျောက်ရန်းချူ ဖြစ်လာခဲ့တယ် ကျွန်တော်ကတော့ ချိုတောက်ကန်းဆိုပြီး ဖြစ်လာတယ် တကယ်တော့ ကျွန်တောာ့နာမည်ရင်းက စွေ့ကျုံးကျင်း"

ချိုတောက်ကန်း မျက်လုံးအစုံကို မှိတ်လျက် ​အေးအေးဆေးဆေးပင် ရှင်းပြနေ၏။

"ဒါကြောင့် ကျွန်တော်တို့ စုစုပေါင်းငါးယောက်တိတိရှိတယ် ဒီငါးယောက်အနက် စွေ့ကျုံးယီနဲ့ စွေ့ကျုံးလီတို့ပဲ ကျွန်တော်တို့ မိဘတွေနဲ့အတူ ကျန်ခဲ့တယ် အတိုချုပ်ပြောရရင်တော့ ကျွန်တော်တို့မိဘတွေ ကွယ်လွန်သွားတဲ့နောက်မှာ ကျွန်တော်တို့အားလုံး ဒီမှာလာဆုံကြပြီး အစ်က်ိုကြီးစွေ့တီကွမ်းရဲ့နောက်ကို လိုက်ခဲ့ကြတယ်ပဲ ဆိုပါတော့ အဲဒီအချိန်မှာ သူက မူးယစ်ရာဇာကြီး ဖြစ်နေပြီလေ"

ချိုတောက်ကန်း နောက်တကြိမ် သက်ပြင်းချလိုက်ပြန်၏။

"တကယ်တော့ ကျွန်တော်တို့ငါးယောက်မှာ လေးယောက်သေသွားပြီ ကျွန်တော်လဲ အချိန်သိပ်မကျန်တော့ပါဘူးလေ"

"သဘောပေါက်ပြီ"

ကျန်းကျင်းခိုင် ဘာပြောရမှန်းမသိ၍ ခေါင်းသာညိတ်ပြလိုက်၏။ လူတိုင်းအနေနှင့် ကောင်းမွန်သောဘဝမျိုးကို ကိုယ်စီလိုချင်ကြသည်မှာ ဘာမှမဆန်းလှချေ။ ချိုတောက်ကန်းတို့ညီအစ်ကိုများတွင် အပြစ်ဟူ၍ မှားယွင်းသောလမ်းကြောင်းကို လျှောက်မ်ိခြင်းသာလျင် ရှိပေသည်။

ထို့နောက် ကျန်းကျင်းခိုင်က လက်ထံရှိ သော့ကို ငုံ့ကြည့်ရင်း ပြောလိုက်ပြန်သည်။

"ဒီသော့ကရော ဘာအတွက်လဲ"

"တံခါးဖွင့်ဖို့"

ချိုတောက်ကန်း လှောင်ပြုံးပြုံးလိုက်၏။

"ဒါက သာမန်သော့တစ်တချောင်းပါပဲ ခင်ဗျားအတွက်ဆိုရင် ဘာတန်ဖိုးမှတောင် ရှိမယ်မထင်ဘူး ဒါ ကျုပ်တို့မွေးရပ်ဇာတိက အိမ်ရဲ့သော့ အစ်ကိုကြီးစွေ့တီကွမ်းမသေခင်လေးမှာ ဒီသော့ပျောက်သွားတယ် ကြည့်ရသလောက် အရေးကြီးတဲ့သော့ထင်လို့ အားရှုက ခိုးသွားတဲ့ပုံပါပဲ"

"တကယ်လား"

ကျန်းကျင်းခိုင် မယုံနိုင်ပဲ ဖြစ်သွား၏။

"ဒါပဲလား"

"ဟုတ်တယ်လေ အစ်ပက်တာက ဘာအတွက်များထင်လို့လဲ"

ချိုတောက်ကန်း၏ လေသံမှာ အေးစက်စက်နိုင်လှသည်။

"လူတိုင်းမှာ အမြဲတမ်း မြတ်နိုးပြီး ထာဝရ အမှတ်ရနေမယ့် အရာတွေဆိုတာ ရှိတတ်တယ် ကျွန်တော်တို့က မူးယစ်ဆေးဝါးကုန်သည်တွေဆိုပေမဲ့ နှလုံးသားမရှိတဲ့လူစားမျိုးတွေတော့ မဟုတ်ဘူးဗျ"

"ခင်ဗျားတို့လိုလူတွေ အမက်မောဆုံးက ပိုက်ဆံလို့ ကျွန်တော် ထင်နေတာ"

ကျန်းကျင်းခိုင်က လက်ထဲရှိသော့ကိုလှည့်ရင်း ပြောလိုက်သည်။

"ခင်ဗျားတို့ အားရှုနဲ့ဆက်သွယ်ဖို့ ကျောက်ရန်းချူကို လွှတ်လိုက်တာဟာ ဒီသော့ကိုရှာဖို့လို့ ထင်တယ် ဟုတ်တယ်မလား"

"အင်စပက်တာ ခင်ဗျားကို အမြင်ကျယ်တဲ့လူလို့ ကျွန်တော်က ထင်နေတာ"

ချိုတောက်ကန်း၏ လေသံမှာ မသိမသာ တင်းမာလာ၏။

"ခင်ဗျားက လူကောင်းတစ်ယောက်မှန်း ကျွန်တော်သိတယ် ခင်ဗျားအလုပ်ကိုခင်ဗျား ချစ်တယ် ကြိုးကြိုးစားစားလုပ်တယ် ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရော ခင်ဗျား ဖမ်းမိတဲ့ ရာဇဝတ်ကောင်တွေကိုပါ ကောင်းကောင်း ဆက်ဆံတယ် ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ထက် တကယ်ပဲ ပိုကောင်းတဲ့လူ ဟုတ်ပါ့မလား အင်စပက်တာ"

ချိုတောက်ကန်း ပြုံးပြရင်း ဆက်ပြောပြန်သည်။

"ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ ခင်ဗျား ရခဲ့တဲ့ ပိုက်ဆံတွေနဲ့ ဘာတွေလုပ်ခဲ့သလဲ ခင်ဗျားတကိုယ်ရေစာ စားမယ် သောက်မယ် အများဆုံး ခင်ဗျားဇနီးနဲ့ သားသမီးတွေကို ကျွေးမွေးမယ် ဒါပေမဲ့ ကျွန်တော့်ကျတော့ကော ကျွန်တော် ဘာလုပ်ခဲ့သလဲခင်ဗျား သိရဲ့လား ကျွန်တော် ရခဲ့တဲ့ ငွေအားလုံးရဲ့ သုံးပုံတစ်ပုံကို ပရဟိတကို လှူခဲ့တယ်ဗျ ကဲ ခင်ဗျား ကျွန်တော့်နဲ့ ယှဉ်နိုင်သလား ပြောကြည့် ခင်ဗျားက ကျွန်တော် ငွေအတွက် လုပ်ခဲ့တာလို့ ပြောတယ် ဟုတ်ပါတယ် အစိုးရနဲ့ ပြည်သူတွေရဲ့ အမြင်မှာ ခင်ဗျားရဲ့ ငွေက အပြစ်ကင်းတယ် ကျွန်တော့်ရဲ့ ငွေကျတော့ တခြားသူတွေအားလုံးရဲ့ အမြင်မှာ မသန့်ရှင်းဘူးလို့ ယူဆကြတယ် ဒါပေမဲ့ ခင်ဗျားရဲ့ ငွေက ဘယ်ကိုရောက်သွားလဲ အဂတိလိုက်စားမှု ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူကနေ ပိုက်ဆံရှာတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်သူ့ရဲ့ ပိုက်ဆံက ညစ်ပတ်နေသလဲ ဒါမှမဟုတ် ပိုသန့်ရှင်းနေမယ်ထင်သလဲ နောက်ဆုံးမှာ ဘယ်သူက လူ့အဖွဲ့အစည်းကို ပိုပြီးအကျိုးပြုခဲ့သလဲ"

ကျန်းကျင်းခိုင် ပါးစပ်အဟောင်းသားနှင့် ချိုတောက်ကန်းကို ငေးကြည့်နေ၏။ ထိုမေးခွန်းများကို သူ မဖြေနိုင်ပါ။ နောက်ဆုံးတွင် သူ ထိုင်ခုံမှ တိတ်ဆိတ်စွာ ထရပ်လိုက်၏

ကျန်းကျင်းခိုင် အခန်းဝအရောက်တွင် အစောင့်ရဲများ၏ အော်သံ ထွက်ပေါ်လာ၏။ သူ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် ချိုတောက်ကန်းကား သူ့လည်မြိုကိုသူ ဓားနှင့်လှီးချလိုက်လေပြီ။

All Chapters