သီရာ
Vol. 3 Ch. 158
မြူလက်ဘုရားကျောင်း။
ရဟန်းမင်းကြီးပီးယပ်က သူ့ရှေ့မှာမြင်နေရတဲ့ မြင်ကွင်း ကို မယုံနိုင်တဲ့ပုံစံနဲ့ ကြည့်နေခဲ့ပါတယ်။
လေးသူတော်စင်သီရာနဲ့လှံသူတော်စင် နီကိုလပ် နှစ်ယောက်လုံးက ဒဏ်ရာတွေကိုယ်စီနဲ့ ဌာနချုပ်ဆီကို ပြန်ရောက်လာခဲ့ကြတယ်။ နီကိုလပ်ဟာ သတိတောင်မှကောင်းကောင်းမရှိဘဲ သတိလစ်သွားလိုက် ပြန်နိုးလာလိုက်နဲ့ဖြစ်လို့ နေပါတယ်။ တစ်ဖက်မှာတော့ သီရာက တော်တော်ကြီးကို စိတ်ဓာတ်ကျနေပုံပေါ်ပါတယ်။
“ဒါလက်မခံနိုင်စရာပဲ၊ လုံးဝလက်မခံနိုင်စရာပဲ။ ဒိုင်းသူတော်စင်နဲ့သူ့အဖော် ရှုံးပြီးတော့ ပြန်လာရတာ အဓိပ္ပါယ်ရှိသေးတယ်။ အခုက ဘုရားကျောင်းရဲ့တကယ့်တင်းပြည့်သူတော်စင် နှစ်ယောက်က သူတို့တပ်ဖွဲ့တွေကိုခေါ် ပူးပေါင်းပြီး အတူတိုက်ခဲ့တာကွ။ ဒါကိုရှုံးပြီးပြန်လာတယ်ဆိုတာ အဓိပ္ပါယ်ကိုမရှိဘူး။”
ပီးယပ်က ခန်းမထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ သူ့ပုံစံက အရင်တစ်ခါကထက် အများကြီးပိုအိုမင်းသွားပုံ ရပြီးတော့ ခါးတောင်နည်းနည်းကိုင်းနေပါတယ်။
ခန်းမပလ္လင်နဲ့ မလှမ်းမကမ်းမှာတော့ သွေးစွန်း ဘုန်းတော်ကြီးရပ်နေပြီး ပီးယပ်ကိုပြောတယ်။
“အရှင်မြတ်၊ နက်ဆန်က အစစ်အမှန်အယ်ဒါ တစ်ယောက်ဖြစ်ပါတယ်။ တိုက်ပွဲထဲက ပြန်လာတဲ့ ဘုန်းတော်ကြီးတွေအဆိုအရ သူတော်စင်တွေက သူ့ကိုကောင်းကောင်းဖိအားပေးနိုင်ခဲ့ပေမဲ့ သူ့ရဲ့ဖုတ်ကောင်အစေခံတွေထဲက တစ်ယောက်ကလည်း အယ်ဒါဖြစ်နေလို့ ရှုံးနိမ့်ခဲ့တယ်လို့ ဆိုပါတယ်။”
သွေးစွန်းဘုန်းတော်ကြီးရဲ့လေသံက အေးဆေး တည်ငြိမ်တယ်။ သူတော်စင်တွေရဲ့အရှုံးဟာ ဖြစ်ကိုဖြစ်လာရမယ့်ကိစ္စလိုမျိုး သဘောထားပြီး ပြောလိုက်တာ။ ပီးယပ်ကတော့
“သူတို့တွေက ဒီလောက်လူအများကြီးခေါ်သွားတာ တပ်မှူးတွေလည်းပါသေးတယ်။ ဒါလည်း အယ်ဒါနှစ်ယောက်ကို အနိုင်မရဘူးတဲ့လား။ ပြီးတော့ တိုက်ပွဲထဲမှာ မီးလျှံကျောင်းတော်ကလူတွေ ရှိနေသေးတာပဲဥစ္စာ။ သူတို့တွေကို သေချာ အသုံးချမယ်ဆိုရင် ညမင်းသားရဲ့ အစေခံတွေကို နှိမ်နင်းလို့ရတယ်။”
ပီးယပ်က ဖြစ်နိုင်ခြေရှိတဲ့ဗျူဟာတစ်ခုကို ပြောလိုက်တော့ သွေးစွန်းဘုန်းတော်ကြီးက တစ်ခု ထပ်ထောက်ပြပါတယ်။
“သူတော်စင်နီကိုလပ်က သူတို့နဲ့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူတို့အယ်ဒါက လက်မခံဘဲ သီးသန့်လှုပ်ရှားခဲ့တာပါ။”
ဒါကိုကြားတော့ ပီးယပ်က လက်ကိုနောက်ပစ် ပလ္လင်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
“ပြိုင်ဘက်လုပ်သူနဲ့ ဆွေးနွေးတယ်တဲ့။ ဒါနဲ့များ ဗျူဟာသမားဖြစ်ချင်သေးတယ်။ ကိုယ့်ထက် နိမ့်ကျတဲ့ပြိုင်ဘက်ကို ဘုရားကျောင်းက ဆွေးနွေးစရာမလိုဘူး။ အဲဒီအစားအကျပ်ကိုင် ပြီးတော့ တခြားရွေးစရာမရှိဘဲ ကိုယ်ကြိုးဆွဲရာ ကရမယ့်အခြေအနေမျိုးဖြစ်အောင် လုပ်ပစ်ရမှာ။”
ပီးယပ်က သွားကြားထဲနေ ထွက်လာတဲ့ လေသံနဲ့ ဒီစကားကိုပြောလိုက်တာ။ ပြီးတဲ့နောက်မှာတော့
“ လှံသူတော်စင်နီကိုလပ် ဒဏ်ရာတွေပြန်ပြီး သက်သာလာရင် တိုက်ပိတ်ပြီး သူ့အမှားတွေသူ ပြန်ဆင်ခြင်ခိုင်းထားလိုက်။ ဒါနဲ့ဆားဗီးရပ်ဆိုတဲ့ ဘာအတွက်မှမကောင်းတဲ့ကောင်ရော ဘယ်ရောက်နေတာလဲ။ သူသာ ဒီကလေးနှစ်ယောက်နဲ့ အတူရှိနေရင် ညမင်းသားနိုင်မှာမဟုတ်ဘူး။”
သွေးစွန်းဘုန်းတော်ကြီးက ပီးယပ်ကိုဦးညွှတ် ရင်းနဲ့
“ဓားသူတော်စင်က နတ်ဆိုးတစ်ကောင်ကို အာရုံခံမိတယ်ဆိုပြီး ဘော်လကန်ဒေသက ချက်ကျောင်းတွေတစ်ခုချင်းစီကိုသွားပြီး လေ့လာနေပါတယ်။ အထောက်တော်တွေအဆိုအရတော့ တရားဟောချိန်တွေမှာ သေချာလိုက်နားထောင် နေတယ်လို့ပြောတယ်။ တစ်ခါတလေတော့ ပူးတွဲပဒေသရာဇ်ရဲ့အဖွဲ့ဝင်တွေကို လိုက်တိုက်ခိုက်တာမျိုးမြင်ရတယ်။ ဒါပေမဲ့...”
သွေးစွန်းဘုန်းတော်ကြီးက ပီးယ
ကြည့်လိုက်ရင်း အကောင်းမမြင်တဲ့ပုံစံနဲ့ ပြောလိုက်ပါပြီ။
“ဓားသူတော်စင် ပါလာတယ်ဆိုရင်တောင်မှ ညမင်းသားကိုအနိုင်ရဖို့ ခက်ခဲပါလိမ့်မယ်။ သူနဲ့ အတူတူရှိနေတဲ့ကောင်မလေးက နီကိုလပ် လွှတ်ပေးခဲ့တဲ့ အရိုင်းနတ်ဘုရားကြီးကို အနိုင်ယူခဲ့တယ်လို့ဆိုပါတယ်။ ခန့်မှန်းရသလောက် အဲဒီမိန်းကလေးက ရှေးဦးနတ်ဘုရားတစ်ပါးဖြစ်တဲ့ အင်နာနာဝင်စားတဲ့သူပဲ။”
ဒီတစ်ခါတော့ ပီးယပ်ကတည်ကြည်သွားတယ်။ အင်နာနာဆိုတဲ့နာမည်ဟာ လူတစ်ယောက်ကို လွန်စွာလေးနက်သွားစေနိုင်တဲ့ ဖိအားမျိုးကို သယ်ဆောင်ထားတယ်။
“အဲဒီလိုလား၊ နှစ်ထောင်ချီကတည်းက သေသွားသင့်တဲ့ တည်ရှိမှုတစ်ခုက ညမင်းသားနားမှာ ခြေရှုပ်နေတာပေါ့။”
...
“ဒါတွေအားလုံးက ငါ့အပြစ်တွေပဲ။ ငါသာ အခုထက်နည်းနည်းပိုပြီး သန်မာလာခဲ့ရင်။”
သီရာက ကိုယ်ပိုင်ဆေးရုံကုတင်ပေါ်မှာရှိနေရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထား ခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာတွေက နီကိုလပ်နဲ့ယှဥ်ရင် သာပြီးမကောင်းပေမဲ့ ပြင်းထန်လွန်းတဲ့စိတ် ရှိနေတဲ့အတွက်ကြောင့် နာကျင်ခံစားနေရတဲ့ ကြားထဲကကို နိုးထနေခဲ့တာပါ။
နောက်တော့ စစ်စတာတစ်ယောက်က မနက်စာ ပန်းကန်ကိုကိုင်ပြီး သီရာရဲ့ဆေးရုံအခန်းထဲကို ဝင်လာပါတယ်။
“သူတော်စင်အရှင်မ၊ မနက်စာသုံးဆောင်ဖို့ အချိန်ရောက်ပါပြီ။”
ဒါပေမဲ့ သီရာက စစ်စတာလက်ထဲက မနက်စာကို ဂရုစိုက်ပုံမပြဘဲ အိပ်ရာပေါ်ကနေကောက်ထဖို့ ကြိုးစားတဲ့အတွက်ကြောင့် လက်ပြန်သွေးကြောမှာတက်ထားတဲ့ ဆေးသွင်းအပ်တွေက ခန္ဓာကိုယ်ထဲနက်နက်တိုးဝင်လာတဲ့အတွက် နာကျင်မှုကြောင့် အော်ဟစ်လိုက်ရတယ်။
“အရှင်မ၊ ဖြည်းဖြည်းလုပ်ပါတယ်။ တစ်ကိုယ်လုံးလဲ ဒဏ်ရာတွေနဲ့ဥစ္စာ။”
ဒါပေမဲ့ သီရာကတော့ ခေါင်းခါပြတယ်။ အဲဒီအစား အခုလိုမျိုးပြောလိုက်တယ်။
“အရှင်ရဟန်းမင်းကို ကျွန်မတွေ့ချင်တယ်။ ကျွန်မကို သူ့ဆီခေါ်သွားပေးပါ။”
စစ်စတာက ငြင်းချင်ပေမဲ့ သီရာကထပ်ခါတလဲလဲ တောင်းဆိုနေတဲ့အတွက် နောက်ဆုံးမှာတော့ စစ်စတာက ရဟန်းမင်းကြီးကို အကြောင်းကြား ပေးမယ်လို့သာ နှစ်သိမ့်ပေးလိုက်တယ်။
အဲဒီနောက် စစ်စတာထွက်သွားပြီး အနည်းငယ် ကြာချိန်မှာတော့ ရဟန်းမင်းကြီးပီးယပ်နဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။ ပီးယပ်က စိတ် မကောင်းဖြစ်နေဟန်ပုံပေါ်အောင် ဟန်ဆောင် ထားခဲ့ပေမဲ့ သူ့မျက်လုံးတွေထဲက လှောင်ပြောင်လိုစိတ်ကိုတော့ ဖုံးကွယ်ထားလို့မရခဲ့ပါဘူး။ သူ့လက်ကိုနောက်ပစ်ထားပြီး လက်ထဲမှာလည်း အမည်မသိအရာတစ်ခုကို ဆုပ်ကိုင်ထားသေးတယ်။
“အရှင်မြတ်၊ ဒီနိမ့်ကျတဲ့မိန်းကလေးက ရန်သူကို ရှုံးနိမ့်ပြီး ဘုရားကျောင်းအတွက် အရှက်ရစရာတွေ လုပ်ခဲ့မိပါတယ်။ အားနည်းလွန်းတဲ့အတွက် ကာကွယ်ပေးရမယ့်သူတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။”
သီရာက အပြစ်ရှိတဲ့လေသံနဲ့ပြောလိုက်တော့ ပီးယပ်က အနည်းငယ်ရယ်မောရင်းပြုံးပြတယ်။ သူ့ပုံစံက ကရုဏာရှင်ကြီးတစ်ယောက်က ပြုံးပြနေသလိုမျိုးဆိုပေမဲ့ မျက်လုံးတွေက အဲဒီအချက်ကို သစ္စာဖောက်နေတယ်။
“သမီးတော်၊ သမီးတော်က တိုက်ပွဲမှာလုပ်နိုင်သမျှ လုပ်ခဲ့တာပဲမဟုတ်လား။ ညမင်းသားက ထင်တာထက်ပိုပြီး စွမ်းအားကြီးနေတာကတော့ မတတ်နိုင်တဲ့ ကိစ္စတစ်ခုပဲလေ။”
“ဒါပေမဲ့ ကျွန်မပိုပြီးတော့ စွမ်းအားကြီးလာချင်တယ်။”
သီရာက သူပြောချင်တဲ့ကိစ္စကို တိုက်ရိုက်ဖွင့်ပြော လာခဲ့ချိန်မှာတော့ ပီးယပ်က ပျော်ရွှင်မှုကို ဖုံးကွယ်မထားတော့ဘဲ ရယ်မောလိုက်ပါတယ်။ ပြီးတဲ့နောက် အခန်းထဲမှာရှိနေသေးတဲ့ စစ်စတာကို လက်ယမ်းပြကာ ထွက်သွားဖို့အချက်ပြလိုက်ပြီး စစ်စတာထွက်သွားချိန်မှာတော့ ပီးယပ်က သီရာကိုကြည့်ကာ ပြောလိုက်တယ်။
“ဒီလိုဆိုရင်တော့ တို့တွေရဲ့ဘုရားကျောင်းမှာ ရဟန်းမင်းကြီးတွေအဆင့်ဆင့် လက်ဆင့်ကမ်း လာခဲ့တဲ့ အထူးလေ့ကျင့်နည်းတစ်မျိုးရှိတယ်။ ဒါပေမဲ့ လေ့ကျင့်ရာမှာအလွန် အန္တရာယ်များတဲ့ အတွက်ကြောင့် သာမန်အသည်းငယ်သူတွေနဲ့ မသင့်တော်ဘူး။”
သီရာက လက်မှာချိတ်ထားတဲ့ ဆေးသွင်းအပ်တွေကို ဆွဲချွတ်လိုက်ပြီး အိပ်ရာပေါ်ကနေ ဆင်းလိုက်တယ်။ ဒဏ်ရာတွေပြန်ပွင့်လာနိုင်တဲ့ အန္တရာယ်ရှိပေမဲ့ သီရာက မစဥ်းစားတော့ဘူး။ အဲဒီအစား ပီးယပ်ရှေ့မှာဒူးထောက်ချလိုက်ပြီး ပြင်းထန်တဲ့စိတ်နဲ့ တောင်းဆိုလိုက်တယ်။
“ကျွန်မကို အဲဒီနည်းလမ်းသုံးပြီး လေ့ကျင့်ပေးပါ အရှင်မြတ်။”
ပီးယပ်ကတော့ အဲဒီမြင်ကွင်းကိုကြည့်နေရင်း ကျေနပ်အားရစွာပြုံးလိုက်တယ်။ သူ့ပုံစံက အခုလိုဖြစ်ပျက်လာမှာကို အစောကြီးကတည်းက စောင့်နေတဲ့သူလိုမျိုး။
“ကောင်းပြီ၊ သမီးတော်ကို သေချာလေ့ကျင့်ပေးရတော့မှာပေါ့။”
....
ပီးယပ်က မျက်နှာကို အနက်ရောင်ပဝါနဲ့ စည်းထားခံရတဲ့ သီရာကို ခန်းမတစ်ခုထဲခေါ်လာတယ်။ နက်ဆန်သာဒီမှာရှိနေမယ်ဆိုရင်တော့ ဒီနေရာကို ရင်းရင်းနှီးနှီးသိနေမှာပါ။
ဒီနေရာက နှစ်ခြင်းခံခန်းမဖြစ်ပြီး နတ်သက်ကြွေ အိန်ဂျယ်ကိုထိန်းသိမ်းထားတဲ့နေရာပေါ့။ ပီးယပ်နဲ့အတူရှိနေတဲ့ သွေးစွန်းဘုန်းတော်ကြီးက တွန့်ဆုတ်နေတဲ့ပုံစံနဲ့မေးလိုက်တယ်။
“အရှင်၊ တကယ်ပဲဒီကိစ္စကို လုပ်တော့မှာလား။”
“အေး၊ မင်းစလို့ရပြီ။” ပီးယပ်က အမိန့်ပေးလိုက်တာနဲ့ သွေးစွန်းဘုန်းတော်ကြီးက ဦးညွှတ်ပြီးထွက်သွားတယ်။ မကြာခင်မှာပဲ ဘုရားကျောင်းက ကိုးကွယ်ယုံကြည်သူတွေအဖြစ် အတင်းစုဆောင်းထားတဲ့ အိနာရီနတ်ဘုရားမကို ကိုးကွယ်ခဲ့တဲ့ကလေးတွေကို ခန်းမထဲ ခေါ်လာခဲ့တယ်။
ဒါပေမဲ့ ကလေးတွေရဲ့ပုံစံက အသိစိတ်မရှိသလိုလို ရုပ်သေးရုပ်တွေလိုလိုဖြစ်နေတယ်။ ပီးယပ်ကတော့ သီရာနားကိုကပ်လာရင်းနဲ့ပြောလိုက်ပါပြီ။
“သမီးတော်သီရာ... အခုချိန်ကနေစပြီးတော့ ကြုံတွေ့ရမယ့်အရာအားလုံး၊ မြင်ရကြားရသမျှ အရာအားလုံးက အထူးလေ့ကျင့်
ကြောင့် ဖြစ်လာတဲ့အရာတွေဖြစ်ပြီး တကယ်မဟုတ်ဘူးဆိုတာကို နားစေချင်တယ်။”
နောက်တော့ ပီးယပ်လက်ထဲမှာ ဓားမြှောင်တစ်ချောင်းပေါ်လာပြီး သီရာ့ကိုယ်ပေါ်ကအဝတ်တွေကို ပိုင်းဖြတ်ပစ်လိုက်တယ်။ သီရာက ရုတ်တရက် မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားတဲ့ အတွက်ကြောင့် ရှက်စိတ်နဲ့အတူ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့နေရာတွေကို လက်တွေနဲ့အလိုလိုဖုံးကွယ် ထားလိုက်မိတယ်။
“သမီးတော်၊ ဒူးထောက်ပြီး ဘုရားကိုအာရုံပြု။”
သီရာက ပီးယပ်ရဲ့ညွန်ကြားချက်အတိုင်းပဲ ဒူးထောက်ချလိုက်ပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ စတင်ပြီးဝတ်ပြုဆုတောင်းတယ်။ ပီးယပ်က သီရာရဲ့နောက်မှာရပ်နေပြီး သီရာ့ ကျောပြင်ကို ဓား ထိပ်နဲ့ထိကာ မှော်စာလုံးတွေကိုစတင် ရေးထွင်းတယ်။
“သွေးစွန်းဘုန်းတော်ကြီး၊ မင်းလည်းစတော့။”
သွေးစွန်းဘုန်းတော်ကြီးက ကလေး တွေဘက်ကို ကြည့်လိုက်တယ်။ ကလေးတွေကလည်းပဲ ကျက်သီးထစရာ ကောင်းလောက်အောင် သက်မဲ့ပုံစံတွေနဲ့ ဝတ်ပြုဆုတောင်းစာတွေကို ရွတ်နေတယ်။ သွေးစွန်းဘုန်းတော်ကြီးက သူတို့တွေထဲကတစ်ယောက်ဆီ ချဥ်းကပ်သွားလိုက်ပြီး ဓားမြှောင်နဲ့လည်ချောင်းကိုဖောက်လိုက်တယ်။
လည်ချောင်းသွေးက မြေပြင်ကိုစီးကျချိန်မှာတော့ ကြမ်းပြင်ဟာ နီစွေးစွေးသံချေးရောင် တောက်ပလာခဲ့ပြီး တံခါးဝှက်လည်းပဲအနည်းငယ် ဟလာခဲ့တယ်။ မြေအောက်ခန်းထဲမှာတော့ ကျရှုံးအိန်ဂျယ်ဆယ်ရာဖင်းရှိနေပြီး သူ့ရဲ့မျက်လုံးတွေက သီရာကိုကြည့်နေပါတယ်။
ပီးယပ်က သီရာရဲ့ကျောမှာစာတွေကိုဆက်ပြီး ထွင်းတယ်။ သွေးစွန်းဘုန်းတော်ကြီးကတော့ ဆက်ပြီးယဇ်ပူဇော်တယ်။ နောက်ဆုံးတော့ သီရာရဲ့သွေးတွေနဲ့ကလေးတွေရဲ့သွေးတွေ ပေါင်းစပ်သွားပြီး ဆယ်ရာဖင်းဆီကိုအနီရောင် စမ်းချောင်းတစ်ခုလိုမျိုးစီးကျပါတယ်။ နောက်တော့ဆယ်ရာဖင်းရဲ့ခန္ဓာကိုယ်မှာဒဏ်ရာဒဏ်ချ
ပေါင်းများစွာ ပေါ်လာခဲ့ပြီးတော့ သံချေးရောင် အနည်းငယ်ပါတဲ့ သွေးစက်တွေစီးကျတယ်။
သီရာ့ကျောမှာစာတွေရေးထွင်းပြီးတဲ့နောက် ရဟန်းမင်းကြီးပီးယပ်က ကလပ်ခွက်တစ်ခွက်ကို လက်ထဲကနေကိုင်ကာ အိန်ဂျယ် သွေးတွေကို အပြည့်ဖြည့်လိုက်ပြီး သီရာဆီကိုရောက်လာပါတယ်။
“ကဲ၊ သမီးတော်။ ဒီဆေးကိုရောက်လိုက်။”
ပီးယပ်က သီးရာ့နှုတ်ခမ်းရှေ့ သွေးတွေကို တေ့ပေးလိုက်တယ်။ မျက်နှာစည်းခံထားရတဲ့ သီရာကတော့ မမြင်ရတဲ့အတွက် ဆေးအဖြစ်ပဲ သောက်လိုက်ပါတယ်။
နောက်တော့ သီရာ့ခန္ဓာကိုယ်က နာကျင်မှုကြောင့် တိန့်လိမ်သွားပြီး မြေပေါ်ကိုကွေးကျသွားတယ်။ နောက်တော့ ငယ်သံပါအောင်အော်ဟစ် လိုက်တော့တာပဲ။ သူ့ကျောမှာတော့ ဓားဒဏ်ရာလို ဒဏ်ရာတွေပွင့်လာပြီး ဖြူစွတ်နေတဲ့တောင်ပံတစ်စုံ ချက်ချင်းထိုးထွက်လာတယ်။ ဒါပေမဲ့တောင်ပံတင်မကဲ ပိုသေးတဲ့ဒဏ်ရာတွေကတော့ မျက်လုံးတွေအဖြစ်ကို ပွင့်လာခဲ့တယ်။ အဲဒီမျက်လုံးတွေကလည်း သိရာရဲ့မျက်လုံးတွေပဲ ဖြစ်နေပြီးတော့ ပတ်ဝန်းကျင်ကသွေးလွှမ်းတဲ့ ဖြစ်ရပ်ကိုမြင်ရချိန်မှာတော့ ခံနိုင်ရည်မရှိတော့ဘဲ ကြောက်လန့်တကြားအော်ဟစ် ရုန်းကန်မိတော့တာပါပဲ။