← Chapters

အခန်း (၂၄၁၉-၂၄၂၁)

Vol. 98 Ch. 2419-2421

အခန်း (၂၄၁၉-၂၄၂၁)

Vol. 98 Ch. 2419-2421

အပိုင်း (၂၄၁၉)

“မင်းကလား ငါ့ကို သေစေချင်တာ…” ယောင်ကျိုးသည် လှောင်ပြုံးပြုံးလျက် ရန်ကိုင် သူ့ဆီသို့ ပစ်ပေါက်လိုက်သည့် ဓာတ်လုံးကို လှမ်းဖမ်းကာ တစ်စစီ ချေမွပစ်ရန် ကြိုးစားလိုက်လေသည်။

သို့သော်ငြား ဓာတ်လုံးဆီမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် ပြင်းအားကြောင့် ယောင်ကျိုး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေ၏။ ထိုစွမ်းအားမှာ မည်မျှ ပြင်းထန်သလဲဆိုလျှင် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော သူ့ကဲ့သို့ လူမျိုးပင်လျှင် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

“ဧကရာဇ်အာဏာပိုင်ဓာတ်လုံး…” အတွေ့အကြုံရှိသူ တစ်ဦးပီပီ ရန်ကိုင် သူ့ဆီသို့ ပစ်ထည့်လိုက်သည့် ဓာတ်လုံးမှာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှန်း ယောင်ကျိုး ချက်ချင်း နားလည်သွားခဲ့လေသည်။

အရိုးကွဲမတတ် အအေးဓာတ်တို့ သူ့ကိုယ်ထဲ တစ်မုဟုတ်ချည်း စိမ့်ဝင်ပျံ့နှံ့လာခဲ့လေသည်။ ထိုအအေးဓာတ်ကြောင့် ယောင်ကျိုးတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ခြေလက်များလည်း စတင်၍ အေးခဲလာကုန်ကြလေ၏။ ထိုပြင်းလွန်းလှသော စွမ်းအင်များကြားဝယ် လှပသော ပုံရိပ်တစ်ခုသည် ယောင်ကျိုးရှေ့တွင် ရုတ်တရက် ဖြစ်တည်လာ၏။

ထိုပုံရိပ်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်အားလုံး မှင်တက်သွားကုန်ကြပြီး သူမတို့၏ ခန္ဓာကိုယ်များမှာလည်း နှင်းမုန်တိုင်းထဲ ရောက်နေသည့်အလား စတင်၍ တုန်ရီလာကြတော့လေသည်။

“ဆရာ…” နှစ်ပေါင်းသုံးထောင်ကျော်ကြာအောင် မမြင်ခဲ့ရသည့် မျက်နှာကိုကြည့်ရင်း အန်းရို့ယွင်မှာ စိတ်နှင့်ကိုယ်မကပ်ဖြစ်ကာ သူမ၏တိုက်ကွက်မှာလည်း လမ်းတစ်ဝက်တွင်ပင် ပျက်စီးသွားခဲ့လေသည်။ လက်ရှိအချိန်တွင် အန်းရို့ယွင်၏ သူမ၏ စိတ်ခံစားချက်များကို မည်သို့မှ မဖုံးဖိထားနိုင်တော့ချေ။

စွန်းယွင်ရှု၊ ကျန်းစွန်းယွင်နှင့် အခြားသူများမှာလည်း ထိုကဲ့သို့ပင် ဖြစ်နေကြလေသည်။ အကုန်လုံးမှာ ဆက်၍ပင် မတိုက်ခိုက်နိုင်ကြတော့ဘဲ ရုတ်တရက်ပေါ်လာသည့် ပုံရိပ်ကို ကြည့်ရင်း မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားကုန်ကြလေ၏။

“ပင်းယွင်လား…” ယောင်ကျိုးမှာမူ နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်သည့်အလား ထိန်းချုပ်မရအောင် ကြောက်လန့်တုန်ရီလာခဲ့လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပင်းယွင်အား လူကိုယ်တိုင်မြင်ဖူးသည့်အတွက်ကြောင့် ထိုပုံရိပ်ကိုမြင်လိုက်သည်နှင့် မည်သူမှန်း ချက်ချင်း တန်းသိလေသည်။ ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဖန်တီးလိုက်သည့်လူမှာလည်း ပင်းယွင်သာမှန်း ချက်ချင်း သဘောပေါက်လိုက်၏။

ထိုစဉ် တိုးလျသည့်အသံတစ်သံ ပျံ့လွင့်လာခဲ့လေသည်။ အသံမှာ တိုးလျ၍ ငြင်သာသော်ငြား အသံကိုကြားလိုက်သည့်လူတိုင်း ရင်ထဲအသည်းထဲထိ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

“ပန်းကြွေရေခဲဓား…”

သန့်စင်သောစွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဓါးရှည်တစ်ချောင်း ပုံရိပ်၏လက်ထဲတွင် ပေါ်လာခဲ့သည်။ ထို့နောက်တွင် ထိုနှင်းဖြူရောင်ဓါးသည် တဆတ်ဆတ် တုန်ခါလာပြီး ယောင်ကျိုးဆီသို့ နဂါးတစ်ကောင်အလား တိုးဝင်သွားခဲ့လေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် နှင်းဖြူရောင်ဓါးကိုကြည့်ရင်း ယောင်ကျိုး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ချက်ချင်းပဲ မာန်သွင်းအော်ဟစ်လျက် လှံပုဆိန်ကိုထုတ်ကာ သူ့ကိုယ်သူ ခုခံရန် ကြိုးစားလိုက်လေသည်။

ပေါက်ကွဲသံများနှင့်အတူ ဧကရာဇ်ဖိအားတို့ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး လောကနိယာမစွမ်းအားတို့မှာလည်း တစ်စစီ ကွဲကြေကုန်ကြလေသည်။

အသက်ဆယ်ရှိုက်စာအတွင်း ယောင်ကျိုးမှာ မြေပြင်ပေါ် ဒူးထောက်ကျသွားခဲ့ပြီး မီတာပေါင်းများစွာအကွာသို့ ပြန်ဆုတ်သွားခဲ့ရသည်။ သူ့ခမျာ အသက်ကိုပင်လျှင် အမောတကော ရှူနေရလေ၏။ ပင်းယွင်၏ပုံရိပ်မှာ ဓါးကို ပြန်သိမ်းလိုက်ပြီးသည့်နောက် အသိစိတ်ရှိနေသည့်အလား အန်းရို့ယွင်နှင့် အခြားသူများအား တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အလင်းစက်ကလေးများအဖြစ်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေ၏။

ထိုစဉ် ရန်ကိုင်သည် အံ့အားသင့်နေသည့်အမူအယာဖြင့် မျက်လုံးပြန်ပွင့်လာခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်သည် ယခင်ကလည်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို အသုံးပြုခဲ့ဖူးပေသည်။ ထိုစဉ်က သူအသုံးပြုခဲ့သည့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာ အချိန်မြစ်မဟာဧကရာဇ် ဖန်တီးခဲ့သည့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးဖြစ်သည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးနှစ်လုံးစလုံးကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုဖူးသူ ဖြစ်သည့်အလျောက် ရန်ကိုင်သည် ပင်းယွင်၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးနှင့် အချိန်မြစ်မဟာဧကရာဇ်၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကြားရှိ ခွန်အားကွာခြားချက်ကို အသေအချာ သတိထားမိလိုက်သည်။

ပင်းယွင်၏တိုက်ကွက်မှာ အလွန်ကိုမှ ထိတ်လန့်အံ့ဩဖွယ်ကောင်းသော်ငြား အချိန်မြစ်မဟာဧကရာဇ်၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှ ပေါက်ကွဲထွက်လာသည့် တိုက်ကွက်နှင့် ယှဉ်လိုက်သော် အများကြီး နိမ့်ကျနေခဲ့သည်။

ထို့အပြင် သူမ၏တိုက်ကွက်သည် အသက်ဆယ်ရှိုက်စာသာ ကြာခဲ့ပြီး ပျောက်ကွယ်သွားခဲ့လေသည်။

ဤသည်မှာ ဧကရာဇ်အဆင့်နှင့် မဟာဧကရာဇ်တစ်ပါးကြားရှိ ခွန်အားကွာခြားချက်ပေလော။ သို့သော်ငြား နှစ်ယောက်စလုံးသည် သူတို့၏ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးများကို ဧကရာဇ်တတိယအဆင့်သို့ ရောက်စဉ်က ဖန်တီးထားခဲ့ခြင်း ဖြစ်လေရာ ဘာကြောင့်များ ဤမျှ ကွာခြားနေရလေသနည်း။

ရန်ကိုင်သည် လက်ရှိအခြေအနေကို စတင်၍ စစ်ဆေးကြည့်တော့လေသည်။ ယောင်ကျိုးမှာ ထိုတိုက်ခိုက်မှုကြောင့် မီတာပေါင်းများစွာအကွာသို့ ပြန်ဆုတ်သွားခဲ့ရသော်ငြား မည်သည့်ဒဏ်ရာမှ ရမထားခဲ့ချေ။ ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ကွက်နှင့် ရင်ဆိုင်ရသည့်တိုင် ဘာကြောင့်များ ယောင်ကျိုး ဒဏ်ရာ မရသွားသလဲဆိုသည်ကို ရန်ကိုင် အဖြေထုတ်တော့လေ၏။

သူ့စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ တွေးတောနေစဉ်မှာပင် ယောင်ကျိုး၏မျက်နှာ ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်အနှံ့ ရေခဲစများ ဖုံးလွှမ်းလာခဲ့လေသည်။ ထို့နောက် ရေခဲပန်းများသည် သူ့ခန္ဓာကိုယ်၏ နေရာအနှံ့ဆီမှ ပွင့်လန်းလာတော့လေ၏။

ထိုရေခဲပန်းများမှာ နှင်းဖြူရောင်သန်းနေခဲ့ပြီး ယောင်ကျိုး၏ပုခုံးများ၊ ခါးများ၊ ဝမ်းဗိုက်များ၊ လက်များနှင့် ခြေထောက်များတွင် ပွင့်လန်းနေကြလေသည်။ ထိုရေခဲပန်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယောင်ကျိုး၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ပြီး အလွန်ပြင်းထန်သည့် အအေးဓာတ်ကြောင့် သူ့နှုတ်ခမ်းများပင်လျှင် ပြာနှမ်းလာခဲ့ရသည်။

“ဂိုဏ်းတူဦးလေး…” ထိုအချင်းအရာကိုမြင်သော် ဖုန်းရှီမှာ အလန့်တကြား ထအော်လေ၏။

ယောင်ကျိုးမှာ အသံတစ်သံပင် မထွက်နိုင်ခဲ့။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲနိယာမစွမ်းအားများအောက်ဝယ် ပိတ်လှောင်ထားခံရလေရာ အတော်ကြာသွားသည့်အခါမှသာ နာကျင်စွာ အော်ဟစ်လိုက်နိုင်သည်။ ထို့နောက် ဧကရာဇ်ချီကို လှည့်ပတ်လိုက်လေရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံနေသော ရေခဲပန်းများအားလုံး တစ်စစီ ပျက်စီးသွားကုန်ကြပြီး ယောင်ကျိုးလည်း ထိုအခါမှသာ ပြန်လည် လှုပ်ရှားနိုင်တော့သည်။

သို့ရာတွင် ရေခဲပန်းများမှ လွတ်မြောက်လာပြီးပြီးချင်းမှာပင် ယောင်ကျိုး သွေးတစ်ပွက် ထိုးအန်လိုက်ရသည်။ သူဒဏ်ရာ ရသွားသည်မှာ အသိသာပင်။

ဖုန်းရှီသည် အလျင်စလို ရှေ့တက်၍ ကူညီပေးလိုက်လေသည်။

“တောင်ကြားသခင်အန်း… အကြီးအကဲစွန်း… ဒါ ခင်ဗျားတို့ ရေခဲနှလုံးသားတောင်ကြားက ဧည့်သည်တွေအပေါ် ဆက်ဆံတဲ့ပုံစံလား…” ယောင်ကျိုးသည် အံကိုတင်းတင်းကြိတ်ရင်း အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့အား လှမ်းအော်ပြောလိုက်လေသည်။

အန်းရို့ယွင်သည် မျက်မှောင်ကြုတ်လျက် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ရှင်တို့က ဧည့်သည်ဆိုရင်တော့ ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြား ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံပေးမှာပေါ့…”

ယောင်ကျိုးနှင့် ဖုန်းရှီတို့သည် ရေခဲနှလုံးသားတောင်ကြား၏ ဧည့်သည်များမဟုတ်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းသာ ဖြစ်ပေသည်။

ထိုစကားကိုကြားသော် ယောင်ကျိုး၏မျက်နှာကြီး ရဲတက်လာပြီး နောက်ထပ်သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ ထို့‌နောက် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “နောက်နှစ်ရက်ကြာရင် ရှီအာနဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ ကျိယုက လက်ထပ်ကြတော့မှာ… ရှင်းရှင်းပြောရရင် ကျုပ်တို့အကုန်လုံးက တစ်မိသားစုတည်း ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်… အဲ့ဒါကို ခင်ဗျား ဘာလို့ ဒီလောက် ရိုင်းစိုင်းနေရတာလဲ…”

“ကျိယုက ဒီဘုရင်မရဲ့ တပည့်ပဲ… ဒီဘုရင်မရဲ့ သဘောတူညီချက်မပါပဲနဲ့ သူ ဘယ်သူ့ကိုမှ လက်ထပ်မှာမဟုတ်ဘူး…” အန်းရို့ယွင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။

ရေခဲနှလုံးသားတောင်ကြားတွင် နေနေစဉ်အတောအတွင်း အန်းရို့ယွင် ဤကဲ့သို့ စိတ်ဓာတ်ပြတ်သားသည့် ပုံစံမျိုးကို ယောင်ကျိုး တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ ထို့အတွက်ကြောင့် ဤအမျိုးသမီးသည် အတော်လေးကိုမှ အားနည်းပြီး သိမ်မွေ့လွန်းသည်ဟု ထင်ခဲ့မိသည်။ သို့သော်ငြား ယနေ့တွင် အန်းရို့ယွင်သည် အခြားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ မထင်မှတ်ထားစွာ ပြုမူလာခဲ့လေသည်။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားရသလဲ ဆိုသည်ကိုလည်း ယောင်ကျိုးသိပေသည်။ ပင်းယွင် အသက်ရှင်နေသေးသည်ဟူသည့် သတင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် စိတ်ထဲကြိတ်၍ လှောင်ပြောင်လိုက်လေသည်။ (အရှက်မရှိတဲ့မိန်းမ… နောက်ခံလေးနည်းနည်းပါးပါး ပြန်ရလာပြီဆိုတာနဲ့ စပြီး ရိုင်းတော့တာပဲ…)

ယောင်ကျိုးက ဆက်၍ ပြောလိုက်လေ၏။ “အဲ့လက်ထပ်ပွဲကို ခင်ဗျားဂိုဏ်းက အကြီးအကဲချုပ်ကပဲ လက်ခံခဲ့တာ… ခင်ဗျားတို့လုပ်နေတဲ့ပုံစံကိုသာ မြောက်ဘက်နယ်မြေထဲက အခြားဂိုဏ်းတွေဆီ လိုက်ပြောလိုက်မယ်ဆိုရင် ခင်ဗျားတို့ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး အခြားလူတွေ လှောင်စရာ ဖြစ်သွားမှာနော်…”

ထိုစဉ် စွန်းယွင်ရှုသည် ရှေ့သို့တစ်လှမ်းတိုး၍ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “အရင်တုန်းက ငါသဘောတူခဲ့တာ ဟုတ်တယ်… ဒါပေမဲ့ အခုတော့ သဘောမတူတော့ဘူး… ကျိယုနဲ့ ရှင်တို့သခင်လေးကြားက လက်ထပ်ပွဲကို ပယ်ဖျက်လိုက်ပြီ… ဖြစ်လာသမျှ ကိစ္စတိုင်းကို ဒီဘုရင်မ တာဝန်ခံမယ်…”

ထိုစကားကိုကြားသော် ယောင်ကျိုး နဖူးကြောကြီးများ ထောင်တက်လာပြီး စွန်းယွင်ရှုအား တုန်တုန်ရီရီဖြင့် လက်ညှိုးထိုးလိုက်လေသည်။ သို့သော်ငြား ဒေါသထွက်လွန်းသဖြင့် “နင် နင် နင်” ဟုသာ လုပ်နိုင်ပြီး မည်သည့်စကားမှ ပြောမထွက်ခဲ့ချေ။

ရေခဲနှလုံးသားတောင်ကြားသည် သူတို့၏ဂုဏ်သတင်းကို ဂရုမစိုက်သော်ငြား ရမ္မက်ရှာဂိုဏ်းကတော့ ထိုကဲ့သို့မဟုတ်ပေ။ ကျိယုနှင့် ဖုန်းရှီသည်သာ နောက်နှစ်ရက်အတွင်း လက်မထပ်ဖြစ်ပါက မြောက်ဘက်နယ်မြေတစ်ခုလုံး သူတို့ဂိုဏ်းနှစ်ဂိုဏ်းအား လှောင်ပြောင်ရယ်မောကြပေတော့မည်။

ထိုစကားကိုကြားသော် ဖုန်းရှီမှာလည်း ဆက်၍ သည်းမခံနိုင်တော့ဘဲ မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။ “အကြီးအကဲစွန်း… ယောကျ်ားမှန်ရန် ကိုယ့်ကတိကိုယ် တည်ရတယ်… ခင်ဗျား ဘယ်လိုလုပ်ပြီး ကျုပ်ရဲ့ ယုံကြည်မှုကို အခုလိုမျိုး အလွဲသုံးစားလုပ်ရက်တာလဲ…”

စွန်းယွင်ရှုသည် ဖုန်းရှီအား ထူးထူးဆန်းဆန်း အမူအယာဖြင့် စိုက်ကြည့်ရင်း မျက်နှာတည်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်မပုံစံက ယောကျ်ားပုံစံပေါက်နေလို့လား… ဒီဘုရင်မက ယောကျ်ားမဟုတ်ဘူးနော်… မိန်းမတစ်ယောက်…”

ဖုန်းရှီ ဆွံ့အသွားခဲ့လေသည်။ ဖုန်းရှီမှာ ဒေါသထွက်ထွက်ဖြင့် အော်ပြောလိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် ယခု စွန်းယွင်ရှုပြောသည့်စကားကို ကြားသည့်အခါမှသာ စကားမှားသွားမှန်း နားလည်သွားခဲ့သည်။ သို့သော်ငြား ပြောပြီးသားစကားကို ပြန်မရုတ်သိမ်းနိုင်ချေ။ ထို့ကြောင့် အံကြိတ်၍ အော်ပြောလိုက်လေ၏။ “ကောင်းပြီလေ… ခင်ဗျားတို့သဘောထားကို ကျုပ်နားလည်သွားပြီ… နောက်နှစ်ရက်ကြာရင် ကျုပ်အဖေကိုယ်တိုင်ရောက်လာမှာ… အဲ့အခါကျရင် ခင်ဗျားတို့ဘယ်လိုရှင်းပြမလဲ စဉ်းစားထားပေတော့…”

ထိုစကားကိုပြောပြီးသည့်နောက် ရန်ကိုင့်အား မုန်းတီးစွာ လှမ်းကြည့်လိုက်လေသည်။ ဖုန်းရှီသည် ယောင်ကျိုးကို တွဲရင်း ရေခဲနှလုံးသားတောင်ကြား၏ ထွက်ပေါက်ဆီသို့ လျှောက်သွားလေ၏။ ယနေ့ကိစ္စပြီးသွားသည့်နောက်တွင် သူနှင့် ယောင်ကျိုးတို့နှစ်ဦးလုံး ရေခဲနှလုံးသားတောင်ကြားတွင် ဧည့်သည်များအဖြစ် ဆက်မနေရဲကြတော့ချေ။

ရမ္မက်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာမည်ဆိုသည့်အကြောင်းကို ကြားလိုက်သော် ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးအားလုံး၏ အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။

ရန်ကိုင်သည် ဖုန်းရှီနှင့် ယောင်ကျိုးတို့အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသာ အချိန်မှီ ထုတ်ယူနိုင်ခဲ့သည့် အတွက်ကြောင့်သာမဟုတ်လျှင် ယောင်ကျိုး၏တိုက်ကွက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပေပြီ။

ထို့အပြင် ယောင်ကျိုး၏တိုက်ကွက်ကြောင့် သူ၏အသက်ကယ် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးမှာလည်း အလဟဿ ဖြစ်သွားခဲ့ရသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ထိုနှစ်ဦးအား မည်ကဲ့သို့များ အလွယ်တကူ လွှတ်ပေးနိုင်ပါမည်နည်း။ သူ့အား ဤကဲ့သို့ ဖြစ်အောင် လုပ်ခဲ့သည့်အတွက် သူတို့အနေဖြင့် တန်ရာတန်ကြေးတစ်ခုခု ပြန်ပေးဆပ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ယောင်ကျိုးနှင့်ဖုန်းရှီတို့ ရေခဲနှလုံးသားတောင်ကြားမှ ထွက်သွားရန် လုပ်နေသည်ကိုမြင်သော် ရန်ကိုင်က အော်ပြောလိုက်လေသည်။ “အခုကျမှ ခင်ဗျားတို့က ထွက်သွားချင်နေကြတာလား…”

ထိုစကားကိုကြားသော် အကုန်လုံး၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ယခုကဲ့သို့အချိန်မျိုးတွင်ပင် ရန်ကိုင်သည် မဆင်မခြင်နှင့် လုပ်ရဲလိမ့်ဦးမည်ဟု ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ မထင်ထားကြပေ။ မတော်တဆအဖြစ်အပျက်မှာ ပြီးဆုံးသွားခဲ့လေပြီ။ အနည်းဆုံးတော့ ပြီးဆုံးသွားသင့်လေပြီ။ လက်ရှိအချိန်သည် တိတ်ဆိတ်နေရန် အကောင်းဆုံးအချိန်ဖြစ်လေရာ ရန်ကိုင်က ဘာကြောင့်များ ပြဿနာကို မီးထွန်းကာ လိုက်ရှာချင်နေရလေသနည်း။

သူသည် တာအိုသခင် တတိယအဆင့်သာ ရှိသေးသည်ကို မသိလေသလော။ ဘာကြောင့်များ ဧကရာဇ်ဒုတိယအဆင့်ကို သွားစိန်ခေါ်နေရသနည်း။ ရန်ကိုင့်၏လုပ်ရပ်ကိုမြင်သော် ရန်ကိုင့်တွင် နောက်ထပ် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်ခုများ ထပ်ရှိနေသေးသလားဟု သူတို့စိတ်ထဲ တွေးမိလိုက်ကြလေသည်။ သို့သော်ငြား ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ထပ်ရှိသေးမည်ဆိုလျှင်ပင် သူ့လက်ရှိပုံစံဖြင့် ထိုအရာကို အသုံးပြုနိုင်လိမ့်မည် မဟုတ်‌ချေ။

ယောင်ကျိုးနှင့်ဖုန်းရှီမှာ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသော်ငြား ရန်ကိုင့်၏အော်သံကို ကြားပြီးသည့်နောက် တုံ့ခနဲ ရပ်လိုက်ကြလေ၏။ ဖုန်းရှီသည် မီးထွက်မတတ်အကြည့်ဖြင့် ရန်ကိုင့်အား လှည့်ကြည့်လာခဲ့လေသည်။

ယောင်ကျိုးကလည်း အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ “ဒီနေ့တော့ ငါရှုံးသွားတယ်ထား… အဲ့ဒါကို မင်းက ဘာထပ်ဖြစ်ချင်နေသေးတာလဲ…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “ဒုဂိုဏ်းချုပ် ဒီလောက်ထိ ဒေါသထွက်နေစရာ မလိုပါဘူး… မသိရင် ခင်ဗျားလေသံက ကျုပ်ကို အစိမ်းလိုက်ဝါးစားချင်နေတဲ့ပုံစံနဲ့… ကျုပ် ဘာမှဖြစ်ချင်တာမဟုတ်ပါဘူး ဒုဂိုဏ်းချုပ်ကို သတိပေးချင်နေတာလေးပါပဲ… အခု ခင်ဗျား ကျုပ်ကို ရုတ်တရက်ကြီး အလစ်အငိုက် ချောင်းတိုက်ခိုက်လိုက်လို့ ကျုပ်လုံးဝကို လန့်ဖြန့်သွားတာ အခုချိန်ထိ ကျုပ်ကိုယ်ထဲကထွက်သွားတဲ့ ဝိဉာဉ်က ပြန်ရောက်မလာသေးဘူး… အဲ့ဝိဉာဉ် ဘယ်ချိန်ပြန်မလာလဲ ဆိုတာတောင် ကျုပ်မသိတော့ဘူး… ရှင်းရှင်းပြောရလို့ရှိရင် ကျုပ်မှာ ဝိဉာဉ်ကိုးခုနဲ့ မွေးဖွားလာခဲ့မယ်ဆိုရင်တောင် ဝိဉာဉ်ကိုးခုလုံး ဘယ်တော့မှ ပြန်ရောက်လာနိုင်တော့မှာမဟုတ်ဘူး… ခင်ဗျားကြောင့် ဒီသခင်လေးရဲ့ တောက်ပတဲ့အနာဂတ်က ပျက်စီးသွားပြီ…”

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံးသည် ရန်ကိုင့်အား ထူးထူးဆန်းဆန်းအမူအယာများဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေကြလေသည်။

ဘယ်ကဝိဉာဉ်က ပြန်မလာရလေသနည်း။ ရန်ကိုင် မဟုတ်တရုတ် လျှောက်ပြောနေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင့်အနေဖြင့် ယောင်ကျိုး၏တိုက်ကွက်ကို ထိပ်တိုက်ပင် မရင်ဆိုင်ခဲ့။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသာ ထုတ်သုံးပြီး ယောင်ကျိုး၏တိုက်ကွက်ကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လေရာ ယောင်ကျိုး၏တိုက်ကွက်သည် မည်သို့များ သူ့ကိုယ်ထဲမှဝိဉာဉ်ကို လွင့်ထွက်သွားစေခဲ့ရသနည်း။

ယနေ့တွင် ရေခဲနှလုံးသားတောင်ကြားထဲရှိ အမျိုးသမီးအားလုံး အကြောင်းအရာတစ်ခုကို သိသွားခဲ့ရလေပြီ။ ထိုအရာမှာ ရန်ကိုင် အလွန်ကိုမှ အရေထူသည်ဟူသော အချက်ပင်။

ဖုန်းရှီက ဒေါမာန်တကြီး အော်ပြောလိုက်လေ၏။ “ဒီလောက် အကောင်းအတိုင်းကြီး ရှိနေသေးတာကို လီးမို့လို့ မင်းဝိဉာဉ်က ပြန်မလာရသေးတာလား…”

ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “သခင်လေးဖုန်း… ခင်ဗျား စကားတစ်ခုခုမပြောခင် မျက်လုံးကို သေချာပြူးပြီး ကြည့်သင့်တယ်လို့ ကျုပ်ထင်တယ်… အခု ဒီသခင်လေးက လုံးဝကို ခေါင်းမူးနေတာ… ဘယ်အချိန် သတိလစ်သွားမလဲဆိုတာတောင် ပြောလို့မရဘူး… အဲ့ဒါကိုတောင် ခင်ဗျား မမြင်နိုင်ဘူးလား… ဘာလဲ ခင်ဗျားမှာ မျက်လုံးတွေပါပြီး အဲ့ပါတဲ့သောက်စိနှစ်လုံးက ကန်းနေတာမို့လား”

“မင်း… မင်း…” ဖုန်းရှီမှာ ဤမျှ အရှက်မဲ့ အရေထူသည့်လူမျိုးကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ထို့‌‌ကြောင့် သူ့ခမျာ မည်သို့ ပြန်ပြောလို့ ပြောရမှန်းမသိတော့။

ရေခဲနှလုံးသားတောင်ကြားမှ အမျိုးသမီးအားလုံးမှာလည်း ရှက်သွေးဖြာနေခဲ့ကြလေသည်။ ရန်ကိုင့်၏စကားလုံးများမှာ အလွန်ကိုမှ ကြမ်းတမ်းရိုင်းစိုင်းလွန်းသည်ဟု သူတို့စိတ်ထဲ ခံစားနေရသည်။ ရန်ကိုင်သည် တစ်ဖက်လူကို အနည်းငယ်မျှပင် လေးစားမှုမထားပေ။

ဖုန်းရှီဘေးတွင် ရှိနေသော ယောင်ကျိုးသည် တစ်ခဏမျှ ကြောင်နေပြီးသည့်နောက်တွင် အိပ်မက်ထဲမှ နိုးလာသည့်အလား ပြောလိုက်လေသည်။ “ကောင်လေး… မင်းငါ့ကို လာခြိမ်းခြောက်နေတာလား…”

ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “ဒုဂိုဏ်းချုပ်ရာ… ဒီလိုကိစ္စလေးကို အဲ့လောက်ကြားမကောင်းအောင် ပြောနေစရာမလိုပါဘူး… ဒီလောကကြီးမှာ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဆိုတာ ခင်ဗျား မကြားဖူးဘူးလား… အခု ခင်ဗျားကြောင့် ကျုပ်ရဲ့ ကျင့်ကြံခြင်းအုတ်မြစ်က ပျက်စီးသွားပြီ… အဲ့ဒါကို ဒီပုံစံကြီးနဲ့ သိုင်းတာအိုခရီးကို ဘယ်လိုဆက်လျှောက်နိုင်တော့မှာလဲ… ခင်ဗျားကြောင့် ကျုပ် ဒီလို ဖြစ်သွားခဲ့ရတာဆိုတော့ ခင်ဗျားအနေနဲ့လည်း တန်ရာတန်ကြေးတစ်ခုခု ပြန်ပေးဆပ်ရမှာပေါ့ မဟုတ်ဘူးလား…”

“အဲ့တော့ မင်းက ငါ့ကို ခြိမ်းခြောက် အကြပ်ကိုင်ချင်တယ်ပေါ့…” ယောင်ကျိုး ဒေါသူပုန်ထသွားခဲ့လေသည်။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် မေးစေ့ကို လက်ဖြင့်ပွတ်ရင်းမှ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်လေ၏။ “ဟုတ်တယ်… ခင်ဗျားကို အကြပ်ကိုင်တယ်ပဲထားလိုက်… ဒီတော့ ဒုဂိုဏ်းချုပ် ကျုပ်ကို ဘာလုပ်ချင်လဲ… ကိုက်ချင်တာလား… ကိုက်ချင်ရင် လာကိုက်လေ ကျုပ်ဒီမှာ ရပ်နေတယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၂၀)

“မင်း တကယ်ကို သေချင်နေတာပဲ…” ယောင်ကျိုးမှာ ဒေါသထွက်လွန်းနေခဲ့လေရာ သူ့ခေါင်းမှ အခိုးအငွေ့များပင် ထွက်လာတော့မလား ထင်မှတ်ရလေသည်။ လက်ရှိယောင်ကျိုးမှာ တကယ်ကို ဒဏ်ရာရထားခဲ့သည်။ သို့သော်ငြား မည်သို့ပင် ဒဏ်ရာရထားစေကာမူ သူသည် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ သူ့ကဲ့သို့သော လူတစ်ဦးသည် တာအိုသခင်တတိယအဆင့်သာ ရှိသေးသော ကောင်စုတ်လေးတစ်ကောင်၏ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းကို ခံနေခဲ့ရလေသည်။ ယောင်ကျိုးအနေဖြင့် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။ သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေလေရာ ရန်ကိုင့်အား မသေမချင်း ရိုက်သတ်ပစ်ချင်စိတ်များပင် သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာတော့လေ၏။

ရန်ကိုင့်တွင် နောက်ထပ် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ရှိနေသေးသည်ဟု သူမထင်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံး ရှိနေသည်ကပင်လျှင် အလွန်ကိုမှ မယုံကြည်နိုင်ဖွယ် ကောင်းနေလေပြီ။ နောက်တစ်လုံး ထပ်ရှိဖို့ရာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။

“ခင်ဗျား ဒီသခင်လေးကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ… ခင်ဗျား အခု ဒီနေရာမှာ မသေနိုင်ဘူးလို့ ထင်နေတာလား…” ရန်ကိုင်က သတိပေးလိုက်လေသည်။

“မင်းအရည်အချင်းနဲ့လား…” ယောင်ကျိုးသည် ရန်ကိုင့်အား လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် စွန်းယွင်ရှုဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ကျုပ်ကို အဲ့တံဆိပ်ပြားပြန်ပေး…”

စွန်းယွင်ရှုမှာ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိပေ။ သို့သော်ငြား တံဆိပ်ပြားကို ပြန်ယူလာသည့်လူမှာ ရန်ကိုင်ဖြစ်သလို ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်သုံးလိုက်သူမှာလည်း ရန်ကိုင်သာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့်သူမဆရာ တစ်မျိုးတစ်ဖုံ ပတ်သက်နေသည်မှာ အသိသာကြီးပင်။ ထို့အတွက်ကြောင့် စွန်းယွင်ရှုလည်း ရန်ကိုင်မှ တောင်းလာသည့်အခါ တံဆိပ်ပြားကို ချက်ချင်းပြန်ပေးလိုက်လေ၏။

ရန်ကိုင်သည် တံဆိပ်ပြားကို မြင့်မြင့်မြှောက်လျက် လူအုပ်ကြီးအား ဝေ့ကြည့်ကာ အော်ပြောလိုက်လေသည်။ “ရေခဲနှလုံးသားတောင်ကြားရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဘိုးဘေးတည်ထောင်သူတံဆိပ်ပြားကို ကိုင်ဆောင်ထားတဲ့လူက ဘိုးဘေးတည်ထောင်သူကိုယ်တိုင်ကို ကိုယ်စားပြုတယ်…”

ထိုစကားထွက်လာသည်နှင့် အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့နှစ်ယောက်လုံး ကြောင်သွားခဲ့ကြလေသည်။ သို့သော်ငြား ရေခဲနှလုံးသားတောင်ကြားတွင် ထိုကဲ့သို့သော စည်းမျဉ်းတစ်ခု အမှန်တကယ် ရှိနေမှန်း သတိရသွားသည့်နောက်တွင် အလျင်စလို ဒူးထောက်၍ ပြိုင်တူအော်ပြောလိုက်ကြလေ၏။ “တပည့်တို့ ဘိုးဘေးတည်ထောင်သူကို နှုတ်ဆက်ပါတယ်…”

ထို့နောက်တွင် ရန်ကိုင်သည် ယောင်ကျိုးနှင့် ဖုန်းရှီတို့အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် အော်ပြောလိုက်လေသည်။ “စီနီယာပင်းယွင်ရဲ့ နာမည်အရ အဲ့နှစ်ယောက်ကို သတ်ပြစ်ဖို့ ကျုပ် ခင်ဗျားတို့ကို အမိန့်ပေးတယ်…”

ထိုစကားကိုကြားသော် ယောင်ကျိုးနှင့် ဖုန်းရှီတို့၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ နှစ်ဦးစလုံးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ အလျင်စလို ဆုတ်လိုက်ကြလေ၏။

ဘာမဟုတ်သည့်ရန်ကိုင်ကို သူတို့ ဂရုပင်မစိုက်သော်ငြား ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများကိုတော့ ထိုကဲ့သို့မဟုတ်ချေ။ လက်ရှိအချိန်တွင် ရေခဲနှလုံးသားတောင်ကြား၌ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ရှိနေသလို ထိုပညာရှင်များအနက် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ပညာရှင် နှစ်ဦးပင် ရှိနေခဲ့လေသည်။ ဒဏ်ရာရထားသော ယောင်ကျိုးတစ်ယောက်တည်းနှင့် ထိုလူအုပ်ကြီးကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအမျိုးသမီးများသာ ရန်ကိုင်ပေးသည့်အမိန့်အတိုင်း လှုပ်ရှားလာမည်ဆိုပါက ဤနေရာသည် သူတို့၏ သင်္ချိုင်းမြေ ဖြစ်သွားရပေလိမ့်မည်။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး မှင်တက်သွားခဲ့ကြလေသည်။ သို့သော်ငြား မကြာခင်တွင် စွန်းယွင်ရှုသည် ချက်ချင်းပဲ ပျံသန်းသွားပြီး ယောင်ကျိုးနှင့် ဖုန်းရှီတို့ သွားမည့်လမ်းတွင် ပိတ်ရပ်လိုက်လေ၏။

ထိုအချင်းအရာကိုမြင်သော် သူတို့စိတ်ထဲ မသင့်တော်ဟု ခံစားနေရပါသော်ငြား အမျိုးသမီးအားလုံးမှာ ပြိုင်တူ လှုပ်ရှားလိုက်ကြလေသည်။ ချက်ချင်းဆိုသလို ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံးသည် ရမ္မက်ရှာဂိုဏ်းမှ လူနှစ်ဦးအား ဝိုင်းလျက် တိုက်ခိုက်ရန် ပြင်လိုက်ကြလေ၏။

ထိုအဖြစ်အပျက်ကြောင့် ယောင်ကျိုးမျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ဖုန်းရှီကိုယ်တိုင်သည်လည်း ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်း၏ သခင်လေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဖုန်းရှီသည် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေလာခဲ့ရကာ ဤကဲ့သို့သော အန္တရာယ်များသည့် အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံခဲ့ရဖူးချေ။ ယခုမှသာ ကြောက်ရွံ့မှုဆိုသည့်အရာကို ဖုန်းရှီ ပထမဆုံးအကြိမ်အဖြစ် စတင် ခံစားဖူးခြင်း ဖြစ်သည်။

ရန်ကိုင်ကမူ တံဆိပ်ပြားကို လက်ထဲဆော့ကစားရင်း ထိုမြင်ကွင်းအား ကြည့်ကာ လှောင်ပြောင်ရယ်မောနေခဲ့လေသည်။

“သခင်… သခင်လေး…” အန်းရို့ယွင်သည် ရန်ကိုင့်အားကြည့်ရင်း သိမ်မွေ့သည့်လေသံဖြင့် မေးလိုက်လေသည်။ “သူတို့ကို တကယ် သတ်ပစ်ချင်တာလား…”

ယောင်ကျိုးနှင့် ဖုန်းရှီတို့အား သူမ မသတ်ချင်ပေ။ ထိုနှစ်ဦး၏အဆင့်အတန်းမှာ လုံးဝကို ပုံမှန်မဟုတ်။ သူတို့နှစ်ဦးသာ ရေခဲနှလုံးသားတောင်ကြားတွင် သေသွားမည်ဆိုပါက ရမ္မက်ရှာဂိုဏ်းသည် ကျိန်းသေ လက်စားပြန်ချေပေလိမ့်မည်။ ဂိုဏ်းနှစ်ဂိုဏ်းသာ တိုက်ပွဲဖြစ်မည်ဆိုလျှင် မြောက်ဘက်နယ်မြေတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်ပေလိမ့်မည်။ သူမဆရာ ပြန်လာမည်ဆိုလျှင်ပင် တိုက်ပွဲ၏ အကျိုးဆက်ကို သူမစိတ်ထဲ ကြောက်လန့်နေမိလေသည်။

လက်ရှိ ရေခဲနှလုံးသားတောင်ကြား၏ တောင်ကြားသခင်ဖြစ်သည်အလျောက် အန်းရို့ယွင်သည် ထိုအချက်ကို ထည့်စဉ်းစားရပေလိမ့်မည်။ သူမစိတ်ထဲ ရန်ကိုင်မှ ထိုနှစ်ဦးအား အမှန်တကယ် သတ်ပစ်ချင်နေမည်ကို စိတ်ပူနေမိပေသည်။

ရန်ကိုင်သာ ထိုနှစ်ဦးအား တကယ်သတ်ချင်သည်ဆိုပါက သူမအနေဖြင့် လုံးဝကို အမိန့်နာခံနိုင်လိမ့်မည် မဟုတ်ချေ။ သူမဆရာ ဤအကြောင်းကို ကြားလျှင်ပင် သူမအား အပြစ်တင်လိမ့်မည်မဟုတ်ဟု အန်းရို့ယွင် ယုံကြည်ပေသည်။

ထိုစကားကိုကြားသော် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ သူတို့နှစ်ယောက် ဘယ်လိုပြုမူလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့…”

ထိုစကားကိုကြားသော် အန်းရို့ယွင် တည်ငြိမ်သွားခဲ့ပြီး ရန်ကိုင့်အား သေသေချာချာ စူးစမ်းကြည့်လိုက်တော့လေသည်။ ရန်ကိုင် ဤအမိန့်ကို ပေးလိုက်ရခြင်းမှာ ယောင်ကျိုးနှင့် ဖုန်းရှီတို့အား သတ်လိုသည့် အတွက်ကြောင့်မဟုတ်။ သူတို့နှစ်ယောက်ဆီမှ အမြတ်ထုတ်လိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

(ဘယ်သူမှမသေသရွေ့ အကုန်အဆင်ပြေတယ်…) ထိုကဲ့သို့ စဉ်းစားလိုက်ပြီးသည့်နောက်တွင် အန်းရို့ယွင်သည်လည်း ဘာမှထပ်မမေးတော့ချေ။ သို့သော်ငြား ရန်ကိုင် မည်ကဲ့သို့ ဆက်လုပ်မလဲ ဆိုသည်နှင့်ပတ်သက်၍ သူမစိတ်ထဲ သိချင်နေမိလေ၏။

“တောင်ကြားသခင်အန်း… အကြီးအကဲစွန်း… ခင်ဗျားတို့နှစ်ယောက်လုံးက ဧကရာဇ်အဆင့် ပညာရှင်တွေနော်… အဲ့ဒါကို ဒီကောင်လေး အမိန့်ပေးတဲ့အတိုင်း တကယ်ကြီး လိုက်လုပ်ချင်နေကြတာလား… ခင်ဗျားတို့ရဲ့ အဆင့်အတန်းနဲ့ ခွန်အားကို နည်းနည်းလေးမှ ထည့်မစဉ်းစားတော့ဘူးလား… ဒီအကြောင်းသာ သတင်းပြန့်သွားရင် အခြားသူတွေ လှောင်ရယ်မှာကို ခင်ဗျားတို့မကြောက်ဘူးလား…” ယောင်ကျိုးမှာ ရန်ကိုင်နှင့် အကျိုးသင့်အကြောင်းသင့် သွားပြောနေလို့ ရမည်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် အန်းရို့ယွင်နှင့် စွန်းယွင်ရှုတို့ဘက်သာ လှည့်၍ ပြောလိုက်လေသည်။

စွန်းယွင်ရှုက ပြန်၍ပြောလိုက်လေ၏။ “ဆရာ့တံဆိပ်ပြားကို သူယူလာတာဆိုတော့ သူ့အမိန့်ကို ငါတို့ မနာခံလို့မရဘူး… အခုကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်လို့ရှိရင် ဒုဂိုဏ်းချုပ် ကျွန်မတို့ဆရာနဲ့ သွားဆွေးနွေးကြည့်လို့ရတယ်…”

ယောင်ကျိုး မင်သက်သွားခဲ့လေသည်။ ပင်းယွင်၏အာဏာပိုင်ဓာတ်လုံးကြောင့် သူ့ခမျာ သေအံ့ဆဲဆဲဖြစ်ခဲ့လေသည်။ ပင်းယွင်နှင့်သာ လူကိုယ်တိုင်သွားတွေ့မည်ဆိုပါက အသက်ရှင်လျက် ပြန်လာနိုင်လျှင်ပင် ကံကောင်းနေပြီဟု ပြော၍ရသည်။

ယောင်ကျိုးစိတ်ထဲ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့လေသည်။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဤကဲ့သို့ အရှက်မခွဲခံခဲ့ရဖူးချေ။ ပိုဆိုးသည်မှာ သူ့အားအရှက်ခွဲနေသည့်လူသည် တာအိုသခင်တတိယအဆင့်သာ ရှိနေသေးခြင်းပင်။

သို့သော်ငြား မည်သူမဆို အခြေအနေနှင့် အချိန်အခါကို လိုက်၍ လှုပ်ရှားကြရပေသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ယောင်ကျိုးသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် မေးလိုက်လေ၏။ “ဒီတော့ မင်း ဘာလိုချင်တာလဲ…”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ဒီလောက် စိုးရိမ်နေစရာမလိုပါဘူး ဒုဂိုဏ်းချုပ်ရာ… အကုန်လုံးက ဆွေးနွေးလို့ရတယ်… ကျုပ် ခင်ဗျားဆီက နည်းနည်းလေးပဲ အလျော်တောင်းချင်တာ… အလျော်ရပြီးသွားတာနဲ့ ဒီနေ့ကိစ္စကို ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့သလို သဘောထားပေးလိုက်မယ်…”

“မင်း ဘာလိုချင်နေလဲဆိုတာကိုပဲ ပြောလိုက်…” ယောင်ကျိုးက ပြောလိုက်လေသည်။

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်လေ၏။ “ဒီသခင်လေးလိုချင်တာ တစ်ခုပဲရှိတယ်…”

“ကောင်းပြီ… အဲ့ဒါဘာလဲ…” ရန်ကိုင် တစ်ခုတည်းကိုသာ လိုချင်နေသည်ဆိုသည့်အကြောင်း ကြားလိုက်ရသော် ယောင်ကျိုး စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုသို့သာဆိုလျှင်တော့ ဆွေးနွေးလို့ အဆင်ပြေပေသေးသည်။

“ခင်ဗျားသိုလှောင်လက်စွပ်ကိုပေးပြီး ဒီနေရာကနေ ထွက်သွားလိုက်တော့…” ရန်ကိုင်သည် ယောင်ကျိုးလက်ထဲရှိ သိုလှောင်လက်စွပ်ကိုကြည့်ရင်း ပြောလိုက်လေသည်။

“ဘာကွ…” ယောင်ကျိုးသည် ရန်ကိုင့်အား မီးပွင့်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။ “မဖြစ်နိုင်ဘူး…”

ရန်ကိုင် ပစ္စည်းတစ်ခုတည်းကိုသာ လိုချင်သည်ဟု ပြောလိုက်စဉ်က ရန်ကိုင်သည် သူမျက်နှာမပျက်စေရန်အတွက် လျော်ကြေးအနေဖြင့် တစ်ခုခု ပြန်လည်တောင်းဆိုလိုခြင်းဖြစ်မည်ဟု ယောင်ကျိုးထင်ခဲ့သည်။ သို့သော်ငြား ယခုမှသာ ရန်ကိုင်သည် မျက်နှာအဖတ်ဆယ်လိုသည့်အတွက်ကြောင့်မဟုတ်ဘဲ သူ့တွင်ပါသမျှ အရာအားလုံးကို ဓါးပြတိုက်ရန် ကြံနေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။

ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ယောင်ကျိုး၏ သိုလှောင်လက်စွပ်ထဲတွင် ရတနာပေါင်းများစွာ ရှိနေမည်မှာ မလွဲမသွေပင်။ ရေခဲနှလုံးသားသို့ မလာခင်က နောက်နှစ်ရက်တွင် ကျင်းပမည့် ဖုန်းရှီနှင့် ကျိယု၏ မင်္ဂလာပွဲအတွက် အကုန်လုံး ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူ့ဂိုဏ်းမှ ပေးလိုက်သော မင်္ဂလာလက်ဆောင်အားလုံးမှာ သူ၏သိုလှောင်လက်စွပ်ထဲတွင် ရှိနေခဲ့လေသည်။ ရမ္မက်ရှာဂိုဏ်းသည် မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သလို နောက်နှစ်ရက်တွင် ကျင်းပမည့် မင်္ဂလာပွဲမှာ သူတို့ဂိုဏ်းသခင်လေး၏ မင်္ဂလာပွဲဖြစ်သည့်အတွက်ကြောင့် ရမ္မက်ရှာဂိုဏ်းသည် ကပ်စေးနည်းနေလိမ့်မည်မဟုတ်ပေ။ သတို့သားလောင်းဘက်မှ ပေးသည့် လက်ဆောင်များမှာ ဒုတိယအဆင့် အင်အားစုတစ်ခု ဆယ်နှစ်ရှာသည်နှင့် ညီမျှသော ပမာဏတစ်ခု ဖြစ်ပေသည်။

ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “သူတို့ကို သတ်ပစ်လိုက်တော့… ဒါပေမဲ့ အကြီးတစ်ယောက်ကို အရင်မသတ်နဲ့ဦး… အငယ်တစ်ယောက်ကို အရင်သတ်… တစ်ချက်တည်း တန်းမသတ်လိုက်နဲ့နော်… သူတို့ရဲ့ ခြေတွေလက်တွေ တစ်ချောင်းချင်းစီကို ဖြတ်ပြီး ကျင့်ကြံခြင်းတစ်ခုလုံးကို ဖျက်ဆီးပြီးမှ သတ်ပစ်လိုက်… ဒီသခင်လေးကို လာရန်စရင် ဘာဖြစ်မလဲဆိုတာ သူတို့နှစ်ယောက်စလုံး သိသွားအောင် လုပ်ပေးရမယ်”

ရန်ကိုင်မှ ထိုကဲ့သို့ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် စွန်းယွင်ရှုသည် ဖုန်းရှီအား သူမဓါးဖြင့် ခုတ်ချလိုက်လေသည်။

ဖုန်းရှီ၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ပြီး ကြောက်လန့်တကြားအော်ရင်း နောက်သို့ ဆုတ်လိုက်လေ၏။ “နေပါဦး…”

စွန်းယွင်ရှုမှာတော့ တစ်ချက်ကလေးပင် မျက်နှာပျက်မသွားခဲ့ပေ။ သူမသည် အလွန်ကိုမှ ဒေါသကြီးသည့် လူတစ်ဦးဖြစ်သည်။ ရန်ကိုင့်အား စတွေ့စဉ်က ဒေါမာန်တကြီးဖြင့် ပြုမူခဲ့သလို ရန်ကိုင်မှ အမိန့်ပေးလာသည့်အခါတွင်လည်း တုံ့ဆိုင်းခြင်းမရှိ လှုပ်ရှားခဲ့ပေသည်။

“နေဦး…” ရန်ကိုင်က လက်ထောင်ပြလိုက်လေ၏။

စွန်းယွင်ရှု၏ဓါးသည် ဖုန်းရှီ၏လက်မောင်းပေါ်တွင် ရပ်သွားခဲ့လေသည်။ သူ့ပုခုံးထက် ဝေ့သီလာနေသည့် အအေးဓာတ်ကို ခံစားမိလိုက်သော် ဖုန်းရှီမှာ ကြောက်လွန်းသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ ထို့နောက် သူ့ပုခုံးဘက်သို့ စောင်းကြည့်လိုက်ရာ ပုခုံးထက်တွင် သွေးနီရောင်အစင်းကြောင်းတစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်သာ အနည်းငယ်လေး နောက်ကျပြီးမှ အော်လိုက်ပါက သူ့လက် ပြတ်ထွက်သွားလောက်ပေပြီ။

ရန်ကိုင်သည် ဖုန်းရှီကိုကြည့်လျက် ပြုံးကာ ပြောလိုက်လေသည်။ “သခင်လေး တစ်ခုခုပြောချင်လို့လား…”

“ပြောချင်တယ်…. ပြောချင်တယ်…” ရန်ကိုင့်၏အမေးကိုကြားသော် ဖုန်းရှီသည် ချက်ချင်းပဲ ပြန်ဖြေလိုက်လေသည်။

“အဲ့ဒါဆိုရင် ပြောလိုက်လေ ဘာလို့ တုံ့ဆိုင်းနေရသေးတာလဲ…”

ဖုန်းရှီမှာ ပါးစပ်ဟလိုက်သော်ငြား ဘာပြောလို့ပြောရမှန်း မသိချေ။ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ယောင်ကျိုးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေး… ခင်ဗျားရဲ့သိုလှောင်လက်စွပ်ကို သူ့ကိုပေးလိုက်… ကျုပ်တို့ကိုယ်ကျုပ်တို့ သူ့အဆင့်ထိ နှိမ့်ချနေစရာ မလိုဘူး…”

“ဘယ်ပေးလို့ရမလဲကွ…” ယောင်ကျိုးက ဒေါသတကြီး ပြန်အော်လိုက်လေသည်။ “ငါက ရမ္မက်ရှာဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကွ… အခုလိုမျိုး ဒူးထောက်ပြီး အရှက်ခွဲခံရမဲ့အစား သေပဲသေပစ်လိုက်မယ်… ဒီဘုရင်ရဲ့ သိုလှောင်လက်စွပ်ကို လာလိုချင်နေတာ ဒီဘုရင်ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ… ရှီအာ ကြောက်မနေနဲ့… အဲ့ကောင် မင်းကို ခြောက်ပဲခြောက်ရဲတာ… တကယ်သတ်ရဲတာမဟုတ်ဘူး… သူသတ်ရဲရင် နောက်နှစ်ရက်ကြာလို့ ဂိုဏ်းချုပ် ရောက်လာရင် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံး စိစိညက်ညက် ကြေသွားမှာပေါ့”

“ကျုပ်အသက်…” ဖုန်းရှီ ရေရွတ်လိုက်လေသည်။ ကြောက်ရွံ့မှုကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီသွားပြီး သူ့မျက်နှာမှာလည်း သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့လေသည်။ သူ့ဘဝတွင် သူကသာ အခြားသူများကို သတ်ခဲ့ဖူးပြီး မည်သူမျှ သူ့အား သတ်မည်ဟုပင် မခြိမ်းခြောက်ရဲချေ။

“မဟုတ်ဘူး… ကျုပ်သာ ဒီမှာသေသွားလို့ရှိရင် ရေခဲနှလုံးသားတောင်ကြားကို အဖေ ဖျက်ဆီးပစ်တော့ရော ဘာအရေးကြီးဦးမှာလဲ… ကျုပ်သေသွားရင် ကျုပ်ရဲ့ မိန်းမ ၆၉ယောက်ကရော… ဂိုဏ်းတူဦးလေးရာ… ခင်ဗျားရဲ့သိုလှောင်လက်စွပ်ကို သူ့ကိုသာ ပေးလိုက်စမ်းပါ… ကျုပ်က ရမ္မက်ရှာဂိုဏ်းရဲ့သခင်လေးပဲ… နောင်တစ်ချိန်ကြရင် ဂိုဏ်းကို ကျုပ်ကပဲ ဦိးဆောင်ရမှာ… ကျုပ်လိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီမှာ သေလို့ဖြစ်ပါ့မလဲ…”

“မင်း…” ဖုန်းရှီ ဤမျှ သွေးကြောင်လိမ့်မည်ဟု ယောင်ကျိုးထင်မထားခဲ့ချေ။ သူတို့၏သခင်လေးသည် နည်းနည်းလောက်ဖြဲခြောက်လိုက်ရုံဖြင့် ဤမျှ သွေးပျက်မတတ် ကြောက်လန့်တတ်သည့် လူစားမျိုးမှန်း ယောင်ကျိုးလုံးဝမသိခဲ့။

ရေခဲနှလုံးသားတောင်ကြားမှ လူများသည်လည်း ပထမဦးဆုံးအကြိမ်အဖြစ် တကယ့်ဖုန်းရှီကို မြင်လာရလေသည်။ ဖုန်းရှီ၏ သွေးပျက်မတတ် ကြောက်လန့်နေသည့် ပုံစံကို မြင်ပြီးသည့်နောက် အကုန်လုံး၏မျက်လုံးထဲ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သေရေးရှင်ရေးအခြေအနေတွင် ရင်ဆိုင်နေရသော်ငြား ဖုန်းရှီ၏လုပ်ပုံမှာ တကယ်ကို ရှက်စရာ ကောင်းလှပေသည်။

ကျင့်ကြံခြင်းလမ်းစဉ်ကို စလျှောက်စဉ်တည်းက မည်သူမဆို သေရမည်ကို မကြောက်ရွံ့သင့်တော့ချေ။ သူတို့အနေဖြင့် သေရေးရှင်ရေးအခြေအနေများနှင့် ရင်ဆိုင်ရမည်မှာ မလွဲမသေပင်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေရဦးမည်နည်း။ သို့သော်ငြား ဖုန်းရှီကဲ့သို့သော ခြေမွေးမီးမလောင် လက်မွေးလက်မလောင် နေလာခဲ့ရသည့် လူများမှာတော့ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခိုက် သွေးပျက်မတတ် ကြောက်လန့်သွားလေသည်။ သူ့ကဲ့သို့သော သခင်လေးတစ်ယောက် ရှိလာခြင်းသည် ရမ္မက်ရှာဂိုဏ်းအတွက် ကျက်သရေတုန်းစရာပင်။

သူ့အား စိုက်ကြည့်နေကြသော အထင်တသေးအကြည့်များကို မြင်သော် ဖုန်းရှီ ရှက်သွားခဲ့လေသည်။ သို့သော်ငြား သူ့အသက်နှင့်ယှဉ်လိုက်သော် အထင်သေးခံရသည်မှာ ဘာအရေးနည်း။ ထို့အတွက်ကြောင့် ယောင်ကျိုးအား သူ့သိုလှောင်စွပ်ကို ချွတ်ပေးရန်သာ အဆက်မပြတ်ပြောနေခဲ့လေသည်။

“မိန်းမ၆၉ယောက်… သခင်လေးဖုန်း ခင်ဗျားက တကယ်ကံကောင်းတာပဲ… ကျုပ်တောင် ခင်ဗျားကို တကယ် မနာလိုချင်သွားပြီ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ သို့သော်ငြား သူ့မျက်လုံးထဲ မနာလိုအားကျသည့် အရိပ်အယောင် တစ်စွန်းတစ်စပင် မရှိ။ လှောင်ပြောင်လိုရိပ်တို့သာ ရှိနေခဲ့လေ။ “သခင်လေး… စိတ်ပူမနေနဲ့… ခင်ဗျား ဒီမှာ သေသွားလို့ရှိရင် ခင်ဗျားရဲ့ မိန်းမ၆၉ယောက်ကို ကျုပ် သေသေချာချာ ဂရုစိုက်ပေးထားလိုက်မယ်… ဒီသခင်လေးက သက်လုံကောင်းပြီးသား… ဒီတော့ ဘယ်သူမှ စိတ်ပျက်စေရမှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် အန်းရို့ယွင် ရှက်သွားခဲ့ပြီး အော်ပြောလိုက်လေသည်။ “သခင်လေး… ကျေးဇူးပြုပြီး ကိုယ့်စကားကိုယ် ကြည့်ဦးနော်…”

ကျိယုသည်လည်း ရန်ကိုင့်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

သူ့မိန်းမများအား ရန်ကိုင်မှ စောင့်ရှောက်ပေးမည်ဟူသော စကားကို ကြားလိုက်သော် ဖုန်းရှီ၏မျက်နှာ ရဲတက်သွားခဲ့ပြီး ယောင်ကျိုးအား ပြောပင်ပြောမနေတော့ဘဲ သိုလှောင်လက်စွပ်ကို ဆွဲချွတ်လိုက်လေ၏။

ယောင်ကျိုးမှာတော့ ဖုန်းရှီပုံစံကြောင့် စိတ်ပျက်သွားသည်လားမသိရ ဖုန်းရှီမှ သူ့သိုလှောင်လက်စွပ်ကို လာဆွဲချွတ်နေသည်ကို လုံးဝ မခုခံခဲ့ပေ။ အသာတကြည် ခွင့်ပြုပေးထားလိုက်၏။

ရန်ကိုင်

အပိုင်း (၂၄၂၁)

ဖုန်းရှီသည် ရန်ကိုင့်ဆီသို့ သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်ပြီးနောက် ရင်တထိတ်ထိတ်နှင့် ပြန်မေးလိုက်လေသည် “အခု ငါတို့ သွားလို့ရပြီလား…”

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို လှမ်းဖမ်းလိုက်ပြီး မိစ္ဆာဆန်ဆန်ပြုံးလျက် လှောင်ပြောင်လိုသည့်အကြည့်ဖြင့် ဖုန်းရှီအား လှမ်းကြည့်လိုက်လေသည်။

ဖုန်းရှီ ရင်တဒုန်းဒုန်း ခုန်သွားခဲ့၏။ (ဒီကောင် အ နေတာလား…) ဖုန်းရှီသည် ရန်ကိုင်ကြည့်နေသည့် အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ့သိုလှောင်လက်စွပ်ဆီသို့ ရောက်သွားခဲ့လေသည်။ ထို့နောက် ဆုံးဖြတ်ရခက်နေသည့်အလား သူ့မျက်နှာထက် တွေဝေနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်၍ သူ့သိုလှောင်လက်စွပ်ကိုချွတ်ကာ ရန်ကိုင့်ဆီသို့ ပစ်ပေးလိုက်လေ၏။ “ရော့… ဒါကိုလည်း မင်းယူလိုက်… အခု ငါတို့ကို သွားခွင့် ပေးပေတော့…”

“သခင်လေးက အရမ်းရက်ရောတာပဲ… အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး…” ထိုသို့သာ ပြောနေသော်ငြား ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို အလျင်အမြန် ဖမ်းယူ၍ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ဒီသခင်လေးပြောပြီးသွားပြီလေ… ဒုဂိုဏ်းချုပ်ယောင်ရဲ့ သိုလှောင်လက်စွပ်ကို ရတာနဲ့ အဆင်ပြေပြီလို့… အဲ့ဒါကို သခင်လေးက အဲ့ဒါနဲ့တင် မကျေနပ်သေးဘဲ သခင်လေးရဲ့ ကိုယ်ပိုင်လက်စွပ်ကိုပါ လာပေးနေတယ်… ဘာလဲ သခင်လေးက ကျုပ် ခင်ဗျားတို့ကို မတရားအနိုင်ကျင့်ပါတယ်ဆိုပြီးတော့ ချောက်ချချင်နေတာလား…”

“ဟမ်…” ဖုန်းရှီ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် ဤမျှ မျက်နှာပြောင်တိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများမှာလည်း အာစေးမိနေသည့်နှယ် ဆွံ့အနေကြကုန်လေ၏။ အကုန်လုံးသည် ရန်ကိုင့်အား နားမလည်နိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်လာကြလေသည်။ ယနေ့ ရန်ကိုင့်၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် သူတို့အနေဖြင့် လူတစ်ဦး မည်သည့်အတိုင်းအတာထိ အရှက်မဲ့နိုင်သလဲ ဆိုသည်ကို ပြန်လည်သုံးသပ်ရပေတော့မည်။ ရန်ကိုင်အား မတွေ့စဉ်က ဤလောကကြီးတွင် ဤမျှ ကမ်းကုန်အောင် မျက်နှာပြောင်တိုက်တတ်သည့် အရှက်မရှိသော လူတစ်ဦး ရှိနေလိမ့်မည်မှန်း တစ်ခါမှ မသိခဲ့ပါချေ။

သို့သော်ငြား ဖုန်းရှီကမူ ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို သိသွားလိမ့်ပါမည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။ ရန်ကိုင့်မျက်နှာထက်ရှိ မိစ္ဆာဆန်ဆန်အပြုံးကိုမြင်သော် အလျင်စလို ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန် မင်း အထင်လွဲနေပြီ… ဒီသိုလှောင်လက်စွပ်က ငါမင်းကို လက်ဆောင်အဖြစ်ပေးတာ… မင်း ခုနတုန်းကပြောတဲ့ အပေးအယူနဲ့ ဘာမှမဆိုင်ဘူး… မင်းလုပ်သွားတဲ့ပုံတွေကို ကြည့်ရတာ ငါ တကယ်အထင်ကြီးမိလို့… ငါ့စိတ်ထဲမှာလည်း သိနေတယ်… တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် မင်း ဒီကြယ်တာရာအစုအဝေးကြီးထဲမှာ အရမ်းကိုကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်လာမယ်ဆိုတာ… အဲ့ဒါကြောင့်ပဲ ဒီဖုန်း မင်းနဲ့ မိတ်ဆွေဖွဲ့ချင်လို့…”

ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် “သခင်လေးလို ရက်ရောတဲ့လူတစ်ယောက်က ကျုပ်နဲ့ ကျိန်းသေ မိတ်ဆွေဖြစ်နိုင်တာပေါ့…”

ဖုန်းရှီ၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ထို့နောက် ရှက်ရှက်ဖြင့် ပြန်မေးလိုက်လေ၏။ “ဒါဆို ကျုပ်တို့ သွားလို့ရပြီလား…”

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြန်မေးလိုက်လေသည်။ “သခင်လေး… ဘာလို့ မနက်စာလေးဘာလေး စားမသွားတာလဲ…”

“မလိုတော့ပါဘူး…” ထိုစကားကိုကြားသည့်အခါ ဖုန်းရှီသည် အလျင်စလို ထရပ်၍ ယောင်ကျိုးကိုထူမကာ ရေခဲနှလုံးသားတောင်ကြား၏ ထွက်ပေါက်ဆီသို့ ဒယိမ်းဒယိုင်ဖြင့် ထွက်သွားလေသည်။

သူ့သိုလှောင်လက်စွပ်ကို ဖုန်းရှီမှ ချွတ်ယူလိုက်ပြီးသည့်နောက်တွင် ယောင်ကျိုးမှာ အသိစိတ်မရှိတော့သည့်အလား သူ့မျက်လုံးများမှာ လုံးဝကို အသက်မဲ့နေခဲ့လေသည်။ ဖုန်းရှီလုပ်ရပ်ကို မြင်ပြီးသည့်‌နောက် သူ့အပေါ်ထားထားသည့် မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားလိုက်သည့်ပုံပင်။ လက်ရှိ ဖုန်းရှီမှာ ယောင်ကျိုးကို ဆွဲခေါ်သွားချိန် ယောင်ကျိုးသည် မည်သည့်စကားတစ်ခွန်းကိုမှပင် မပြောခဲ့ဘဲ အလောင်းကောင်ကြီး တစ်ကောင်အတိုင်းသာ လိုက်သွားခဲ့လေသည်။

မကြာမီ ယောင်ကျိုးနှင့် ဖုန်းရှီတို့ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခါမှသာ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ သက်ပြင်းချနိုင်တော့သည်။ ရန်ကိုင်မှ သူတို့ဆရာ၏ တံဆိပ်ပြားကိုကိုင်၍ ရမ္မက်ရှာဂိုဏ်းမှ လူနှစ်ဦးအား သတ်ရန် အမိန့်ပေးစဉ် အကုန်လုံး ဇောချွေးပြန်သွားခဲ့ရလေသည်။ သူတို့နှစ်ဦးကို သတ်လိုက်၍ ရေခဲနှလုံးသားတောင်ကြားနှင့် ရမ္မက်ရှာဂိုဏ်းကြား တိုက်ပွဲဖြစ်သွားမည်ကို သူတို့ အလွန်ကိုမှ စိုးရိမ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ထိုနှစ်ဦး၏ သိုလှောင်လက်စွပ်ကိုသာ ဓါးပြတိုက်ယူခဲ့သည်။ အနည်းဆုံး ထိုနှစ်ဦး မသေသွားသလို ဆိုးဆိုးရွားရွားလည်း ဒဏ်ရာရသွားခြင်း မရှိသည့်အတွက်ကြောင့် ယနေ့ကိစ္စသည် မကြေအေးနိုင်သည့် အဆင့်ထိသို့ ရောက်မသွားခဲ့ချေ။

“သခင်လေး… ကျွန်မတို့ရဲ့ဆရာရော…” အန်းရို့ယွင် ရန်ကိုင့်နားသို့ ရောက်လာပြီး မေးလိုက်လေသည်။

ရန်ကိုင်သည် အန်းရို့ယွင်ဘက်သို့ လှည့်၍ ပြန်ပြောလိုက်၏။ “စိတ်မပူနဲ့ စီနီယာအန်း… စီနီယာပင်းယွင် လုံလုံခြုံခြုံနဲ့ ရှိနေပါတယ်... အခုလောလောဆယ် ခင်ဗျားတို့ကို လာမတွေ့နိုင်သေးတာပဲ ရှိတာ”

“လာမတွေ့နိုင်သေးဘူး…” ထိုစကားကိုကြားသော် စွန်းယွင်ရှု မျက်မှောင်ကြုတ်သွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “ဘာလို့ လာမတွေ့နိုင်တာလဲ…”

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “လာမတွေ့နိုင်လို့ မတွေ့တာပေါ့၊ ခင်ဗျားက ဘာဖြစ်နေတာလဲ”

စွန်းယွင်ရှု ဒေါသ ငယ်ထိပ်ဆောင့်တက်သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင့်ကိုလွှတ်လိုက်သည့်လူမှာ သူမဆရာဖြစ်နေသည့်အတွက်ကြောင့် ဒေါသကို ပြန်၍ ချုပ်တည်းထားလိုက်လေသည်။

ထို့အပြင် ရန်ကိုင်၌ သူမဆရာ၏ တံဆိပ်ပြားလည်း ရှိနေသေးသည်။ ထို့ကြောင့် သည်းခံနေရုံမှတစ်ပါး အခြားမရှိချေ။

ကျန်းစွန်းယင်က မေးလိုက်လေသည်။ “ဒါဆို ကျွန်မတို့ဆရာကို ဘယ်အချိန်လောက်တွေ့နိုင်မလဲ…”

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “နှစ်ရက်သုံးရက်လောက်တော့ စောင့်ရလိမ့်မယ်…” ထို့နောက် တစ်ချက်ရပ်၍ စွန်းယွင်ရှုအားကြည့်ကာ ပြန်ပြောလိုက်လေသည်။ “အဲ့အချိန်ကျရင် ကျိယုရဲ့ကိစ္စကို စီနီယာပင်းယွင်ဆီ ဘယ်လိုရှင်းပြမလဲဆိုတာကို အကြီးအကဲချုပ် သေချာ စဉ်းစားထားသင့်တယ်…”

စွန်းယွင်ရှုမျက်နှာ သုန်မှုန်သွားခဲ့လေသည်။ သို့သော်ငြား အမြန်ပြန်ပြောလိုက်လေ၏။ “ဆရာဘာပြောပြော အကုန်လုံးကို ငါတာဝန်ခံမယ်… ဒီကိစ္စက ငါ့ညီအစ်မတွေနဲ့ ဘာမှမဆိုင်ဘူး….”

ရန်ကိုင် စိတ်ထဲ ကြိတ်၍ ချီးကျူးလိုက်လေသည်။ စွန်းယွင်ရှုမှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။ ရန်ကိုင်မှ သူမအား ပါးရိုက်လိုက်သော်ငြား ရန်ကိုင့်ကို အငြိုးမထားခဲ့ချေ။ သို့သော်ငြား ကျိယုအား ဖုန်းရှီနှင့် လက်ထပ်ပေးရန် သဘောတူလိုက်သူ ဖြစ်သည့်အတွက်ကြောင့် မည်သို့ပင်ဖြစ်စေကာမူ စွန်းယွင်ရှုကတော့ အပြစ်ပေးခံရပေလိမ့်မည်။

သူမသည် အကြီးအကဲချုပ်တစ်ဦးပင် ဖြစ်လင့်ကစား ဂိုဏ်း၏ အတော်ဆုံးတပည့်ကို မီးတွင်းထဲသို့ တွန်းပို့ခဲ့သည်။ သို့ရာတွင် ယခုကိစ္စသည် သူနှင့်မဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်း၏ အတွင်းရေးကိစ္စတစ်ခု ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဘာမှဝင်ပြောမနေခဲ့ချေ။

အန်းရို့ယွင်ကမူ ရန်ကိုင် ဘာစဉ်းစားနေသလဲ ဆိုသည်ကို မသိဘဲ ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် ကြည့်၍သာ ပြန်မေးလိုက်လေသည်။ “သခင်လေးရန်က အခုလောလောဆယ် ဆရာ့ကို တွေ့လို့မရသေးဘူး၊ နောက်နှစ်ရက်သုံးရက်လောက်ကြာမှ ဆရာ့ကို တွေ့လို့ရမယ်ဆိုပြီးတော့ပဲ ပြောနေတယ်… ဘာလို့ အဲ့လို ပြောတာလဲ။ ဆရာ ဒဏ်ရာရထားလို့လား...”

ထိုစကားကို ကြားသည့်အခိုက် ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော အမျိုးသမီးအားလုံး၏အမူအယာ ပြောင်းလဲသွားခဲ့ကြလေသည်။

ပင်းယွင် ရေခဲနှလုံးသားတောင်ကြားမှ ထွက်သွားစဉ်က သူမသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ ယခု နှစ်ပေါင်းသုံးထောင်ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူမ၏ခွန်အားမှာ သိသိသာသာကို တိုးတက်သင့်ပေသည်။ လက်ရှိတွင် ပင်းယွင်သည် ကြယ်တာရာအစုအဝေးထဲရှိ ထိပ်တန်းအဆင့် ပညာရှင်များထဲမှ တစ်ပါးဖြစ်သည်ဟု ပြောလျှင်ပင် မမှားချေ။ သို့ဖြစ်လေရာ သူမအနေဖြင့် မည်သို့များ ဒဏ်ရာရသွားလေသနည်း။ ဤလောကကြီးတွင် သူမအား ဒဏ်ရာရအောင် လုပ်နိုင်သည့်လူ ဘယ်လောက်များများ ရှိလို့ပါနည်း။

ရန်ကိုင်သည် အန်းရို့ယွင်အား အံ့အားသင့်တကြီး လှမ်းကြည့်လိုက်လေသည်။ သို့သော် ဘာမှတော့မပြောခဲ့ချေ။ ရန်ကိုင့်၏စကားကို သုံးသပ်ပြီးသည့်နောက် အန်းရို့ယွင်မှာ ချက်ချင်းကို တန်းစဉ်းစားလိုက်နိုင်ခဲ့သည်။ သူမသည် ညင်သာသိမ်မွေ့ရုံတင်မဟုတ် ဉာဏ်လည်းကောင်းပေ၏။

ဤနေရာတွင်ရှိသည့် လူများမှာ ရေခဲနှလုံးသားတောင်ကြား၏ အကြီးပိုင်းများဖြစ်ကြသလို အတော်များများမှာလည်း ပင်းယွင်၏တပည့်များ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍ ဖုံးကွယ်မနေတော့ဘဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… စီနီယာပင်းယွင် ဒဏ်ရာ ရထားတာ…”

ချက်ချင်းဆိုသလို ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲအားလုံး၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။

ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်၏။ “ဒီလောက်ကြီး စိုးရိမ်စရာလိုတဲ့ ဒဏ်ရာမျိုးတော့မဟုတ်ဘူး… နည်းနည်းလောက် အနားယူလိုက်ရင် ပြန်ကောင်းသွားမှာ… ဒါကြောင့်ပဲ စီနီယာပင်းယွင်က ရေခဲလမြို့မှာ နားနေတာ… အဲ့ဒါကြောင့်ပဲ နောက်နှစ်ရက်သုံးရက်လောက်ကြာမှ ခင်ဗျားတို့နဲ့ လာတွေ့နိုင်မယ်လို့ ကျုပ်ပြောတာ…”

“ဆရာက ရေခဲလမြို့မှာလား…” အန်းရို့ယွင်က အံ့အားသင့်တကြီး ဆိုလိုက်လေသည်။

ကျန်းစွန်းယင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေ၏။ “ငါတို့ကို ဆရာနဲ့တွေ့လို့ရအောင် ခေါ်သွားပေးလို့ရမလား…”

ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏။ “စီနီယာပင်းယွင်က သူ့ဒဏ်ရာကို ပြန်ကုနေတာ… ခင်ဗျားတို့သွားရင် သူ့ကို နှောင့်ယှက်သလို ဖြစ်မနေဘူးလား…”

အန်းရို့ယွင်က ပြန်ပြောလိုက်လေ၏။ “ငါတို့ ဆရာ့ကို နှောင့်ယှက်မှာမဟုတ်ဘူး… ဆရာနဲ့ တစ်ချက်လောက် တွေ့ချင်ရုံပဲ… နော်… ကျေးဇူးပြုပြီး ကူညီပေးပါနော် သခင်လေး…”

အန်းရို့ယွင်မှာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင် နှစ်ပေါင်းများစွာ အိမ်စောင့်နေရသည့် သူမ၏မိဘများ ပြန်လာပြီဆိုသည့်သတင်းကို ကြားလိုက်ရသော ကလေးတစ်ဦးနှယ် ပြုမူနေခဲ့လေသည်။ အန်းရို့ယွင်မှာ နှစ်ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သူ တစ်ဦးဖြစ်သော်ငြား လက်ရှိအချိန်တွင် ကလေးငယ်လေး တစ်ဦးနှင့်မခြား ဖြစ်နေခဲ့သည်။ အခြားသူများသည်လည်း ရန်ကိုင့်အား တောင်းပန်တိုးလျှိုးသည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

မျက်ဝန်းလှလှလေးပေါင်းများစွာ၏ စိုက်ကြည့်ခံလာရသော် ရန်ကိုင်လည်း ဆက်၍ အသည်းမမာနိုင်တော့ဘဲ သဘောတူလိုက်ရတော့လေ၏“ကောင်းပြီ ကောင်းပြီ… ကျုပ် ခင်ဗျားတို့ကို စီနီယာပင်းယွင်နဲ့ တွေ့လို့ရအောင် ခေါ်သွားပေးမယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…” အမျိုးသမီးအားလုံး ဝမ်းသာအားရ ဖြစ်သွားကြလေ၏။

ထို့နောက်တွင် အန်းရို့ယွင်သည် တပည့်များအား ရေခဲနှလုံးသားတောင်ကြားပတ်လည်ရှိ အစီအရင်အားလုံးကို အသက်သွင်းရန် အမိန့်ပေးလိုက်လေသည်။ အစောင့်များကိုလည်း တိုးချထားရန် အမိန့်ပေးခဲ့လေသည်။ ထို့နောက်တွင် အကြီးအကဲအားလုံးသည် ရန်ကိုင်နှင့်အတူ ရေခဲလမြို့တော်ဆီသို့ ထွက်ခွာသွားလေသည်။

ထိုလူအုပ်ကြီးအနက် အကုန်လုံးနီးပါးမှာ အမျိုးသမီးများဖြစ်ကြပြီး ရန်ကိုင်တစ်ဦးတည်းသာ အမျိုးသားဖြစ်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ထိုလူအုပ်ကြီးထဲ ရန်ကိုင်နှင် ကျိယုမှလွဲ၍ ကျန်လူအားလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြပေသည်။ ဤကဲ့သို့သော လူအုပ်ကြီးတစ်အုပ် လမ်းမပေါ် ထွက်လာသည့်အခါ အခြားလူများ၏ အာရုံစိုက်စရာ ဖြစ်ကုန်သည်မှာ သဘာဝသာ ဖြစ်သည်။

ရေခဲလမြို့တော်၏ ဂိတ်ပေါက်သို့ ရောက်လာသည့်အခိုက် ဂိတ်အား စောင့်ကြပ်နေသော အစောင့်များမှာ ရန်ကိုင့်အား စစ်ဆေးမေးမြန်းတော့မည်အပြု သူ့နောက်တွင် ပါလာသော ဧကရာဇ်အဆင့် ပညာရှင်တစ်ပြုံတစ်ခေါင်းကြီးကို မြင်လိုက်သည့်အခိုက် ချက်ချင်းပဲ ထိတ်လန့်သွားခဲ့ပြီး အသက်ပင်ရဲရဲမရှူရဲတော့ပဲ နောက်ပြန်ဆုတ်သွားခဲ့လေသည်။

ရှင်းရှင်းပြောရလျှင် ရေခဲလမြို့တော်သည် ရေခဲနှလုံးသားတောင်ကြား၏ စီရင်ကွပ်ကဲမှုအောက်တွင် ရှိနေသည်ဟုပင် ပြော၍ရပေသည်။ မြို့ထဲရှိ ဆိုင်တော်တော်များများကို ရေခဲနှလုံးသားတောင်ကြားမှ ထိန်းချုပ်ထားခြင်း ဖြစ်လေရာ အန်းရို့ယွင်နှင့် အခြားအကြီးအကဲများ မြို့ထဲသို့ ဝင်လာသည့်အခါ ထိုဆိုင်များကို ကြီးကြပ်နေသော ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှာ သူတို့အား အမြန်လာရောက် ဆီးကြိုနှုတ်ဆက်ကြလေသည်။

ဤရုတ်ရုတ်သဲသဲ အဖြစ်အပျက်ကြောင့် မကြာမီတွင် ရေခဲနှလုံးသားတောင်ကြား၏အကြီးအကဲများ ရေခဲလမြို့တော်ဆီသို့ ရောက်နေသည့်အကြောင်း ပျံ့နှံ့သွားခဲ့လေသည်။ သို့သော်ငြား ထိုလူများ ဤမြို့သို့ ဘာကြောင့်ရောက်နေသလဲဆိုသည်ကိုတော့ မည်သူမှ မသိကြချေ။

ရေခဲနှလုံးသားတောင်ကြားမှ ခန့်အပ်ထားသော မြို့သခင်သည်လည်း သူတို့အား အလျင်အမြန် လာရောက်ဆီးကြိုနှုတ်ဆက်လေ၏။ လက်ရှိအချိန်တွင် မြို့သခင်မှာ ကြောက်ရွံ့နေသည့် အတွက်ကြောင့်လားမသိ၊ တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေပြီး ကတုန်ကယင် ဖြစ်နေခဲ့လေသည်။ ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများ ရောက်လာရခြင်းမှာ သူ အမှားတစ်ခုခု လုပ်ထားသည့်အတွက် သူ့အား အပြစ်ပေးရန် ရောက်လာသည်ဟု ထင်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား အန်းရို့ယွင်နှင့် အခြားသူများမှာ သူ့အား သာမန်ကာလျှံကာ ပြန်နှုတ်ဆက်ပြီးနောက် လျစ်လျူရှုထားလိုက်လေသည်။ ထို့အတွက်ကြောင့် မြို့သခင်မှာ စိတ်ဓာတ်လည်းကျမိသလို ဝမ်းလည်း ဝမ်းသာမိသွားခဲ့ရလေ၏။

“တောင်ကြားသခင်အန်း၊ အကြီးအကဲစွန်းနဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်… ရေခဲနှလုံးသားတောင်ကြားနဲ့ ရမ္မက်ရှာဂိုဏ်းရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်ဗျာ… ဒီလိုအဖြစ်အပျက်မျိုးက တကယ်ကို ဂုဏ်ယူဝမ်းမြောက်စရာပါ… ကြယ်တာရာအစုအဝေးတစ်ခုလုံးကလည်း ဒီမင်္ဂလာသတင်းကို ကြားပြီးတော့ ဝမ်းသာနေကြမယ်လို့ ကျုပ်ထင်ပါတယ်…” ရုတ်တရက် လူအုပ်ကြီးထဲမှ လူတစ်ယောက် ပျံသန်းထွက်လာပြီး ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများရှေ့တွင် ရပ်လျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။

ထိုလူသည် ဧကရာဇ်ပထမအဆင့်တွင် ရှိနေသော သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်လေ၏။ သူသည် မြောက်ဘက်နယ်မြေထဲရှိ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းမှ အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် ရေခဲနှလုံးသားတောင်ကြားကို ဂုဏ်ပြုပေးရန်အတွက် ရေခဲလမြို့တော်ဆီသို့ ရောက်နေခြင်း ဖြစ်လောက်ပေသည်။ ထို့အတွက်ကြောင့် အန်းရို့ယွင်နှင့် အခြားသောအကြီးအကဲများ ဤမြို့သို့ ရောက်လာကြောင်း ကြားသိလိုက်ရသော် ချက်ချင်းလာနှုတ်ဆက်ခြင်း ဖြစ်သည်။

ထိုလူ၏စကားကို ကြားပြီးသည့်နောက် အန်းရို့ယွင်၏ခြေလှမ်းများ တုံ့ခနဲ ရပ်သွားခဲ့လေသည်။ သူမ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် အဘက်ဘက်ဆီမှ ဧကရာဇ်အဆင့် ပညာရှင်များ ပျံသန်းထွက်လာပြီး သူတို့အား လာရောက် ဂုဏ်ပြုစကားဆိုကြလေသည်။

အန်းရို့ယွင်သည် ထိုလူများကို မှတ်မိပေသည်။ ထို့ကြောင့် ဝတ်ကျေတန်းကျေ စကားနည်းနည်းပါးပါး ပြန်ပြောပေးလိုက်လေ၏။

ပထမဦးဆုံးပေါ်လာသော မျိုးရိုးနာမည် ‘ဟု’ ဆိုသည့်လူသည် အကုန်လုံးပြောပြီးအောင် စောင့်ပြီးသည့်နောက် မေးလိုက်လေ၏။ “တောင်ကြားသခင်အန်း… ဘာလို့ ရေခဲလမြို့တော်ဆီ ရောက်လာတာလဲ…”

ရေခဲလမြို့တော်သည် ရေခဲနှလုံးသားတောင်ကြား၏ စီရင်ကွပ်ကဲမှုအောက်တွင် ရှိနေသော်ငြား ရေခဲနှလုံးသားတောင်ကြားမှ အကြီးအကဲများသည် ဤမြို့ဆီသို့ လာလေ့မရှိကြပေ။ ကိစ္စတစ်ခုခု လုပ်စရာရှိသည်ဆိုလျှင်ပင် တပည့်များကိုသာ စေလွှတ်လေ့ရှိ၏။ ယခုမူ အကြီးအကဲများအားလုံး ရုတ်တရက်ကြီး ဤနေရာသို့ ဆိုင်းမဆင့် ဘုံမဆင့် ရောက်ချလာလေသည်။

ထို့အတွက်ကြောင့် တစ်ခုခုမှားယွင်းနေသည်ဟု လူတိုင်း ခံစားမိနေခဲ့ကြသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် မြို့ထဲတွင် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်တော့မည်ပုံပင်။

“ကျွန်မတို့ လုပ်စရာကိစ္စလေးတစ်ခုရှိလို့ ကျေးဇူးပြုပြီး လမ်းဖယ်ပေးလို့ရမလားမသိဘူး…” စွန်းယွင်ရှုက အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ပြီးတော့ ရေခဲနှလုံးသားတောင်ကြားက ကျိယုနဲ့ ရမ္မက်ရှာဂိုဏ်းက သခင်လေးဖုန်းရှီရဲ့ မင်္ဂလာပွဲက ပျက်ပြယ်သွားပါပြီ… ဒါကြောင့် ရှင်တို့ ဒီမှာ ဆက်နေစရာမလိုတော့ပါဘူး… ရှင်တို့လာခဲ့တဲ့နေရာဆီ ပြန်သွားလို့ရပါပြီ…”

“ဂျူနီယာညီမစွန်းက နည်းနည်းတဲ့တိုးဆန်တာမလို့ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်… ရှင်တို့အားလုံးက ဒီလောက် အဝေးကြီးကနေ လာပြီး မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုပေးတာကို ကျွန်မတို့ဘက်က ဧည့်ဝတ်ကျေအောင် မဧည့်ခံပေးနိုင်ခဲ့တာအတွက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…” အန်းရို့ယွင်က ပြုံးလျက် ပြောလိုက်ပြီးသည့်နောက် သူမ၏ညီမများကို ဦးဆောင်လျက် မြို့ထဲသို့ ဝင်သွားကြလေသည်။ ဂိတ်ပေါက်ဝတွင် ကျန်ရစ်ခဲ့သော ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ ကြက်သေသေနေကုန်ကြလေ၏။

အန်းရို့ယွင်နှင့် အခြားသူများ သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး အတော်ကြာသွားသည့်အခါမှ လူတစ်ယောက်သည် ၎င်း၏နဖူးထက်ရှိ ချွေးများကို သုတ်လျက် စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချရင်း ပြောလိုက်လေသည်။ “ရောင်းရင်းဟုယွမ်… ငါ နားကြားမှားသွားတာတော့ မဟုတ်ပါဘူးနော်… လက်ထပ်ပွဲ ပျက်သွားပြီလို့ တောင်ကြားသခင်အန်းနဲ့ အကြီးအကဲစွန်းတို့ တကယ်ကြီး ပြောလိုက်တာလား…”

“တကယ်ကြီး ပြောလိုက်တာကွ…”

“ငါ့လခွမ်း… ဒါဆိုရင် စိတ်ပူစရာတွေ ဖြစ်ကုန်ပြီ… ရေခဲနှလုံးသားတောင်ကြားက အမျိုးသမီးတွေအကုန်လုံး ဒီမှာ ဘာလာလုပ်နေကြတာလဲကွာ…” မျိုးရိုးနာမည်ဟုယွမ်ဆိုသည့်လူက စိုးရိမ်တကြီးဖြင့်ပြောလိုက်လေ၏။

ထိုစဉ် အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်လေသည်။ “လက်ထပ်ပွဲက ရေခဲနှလုံးသားတောင်ကြားကပဲ တစ်ဖက်သတ်ကြီး ဖျက်ပစ်လိုက်တာလား… ဒါမှမဟုတ် နှစ်ဦးသဘောတူညီချက်ယူပြီး ဖျက်ပစ်လိုက်တာလား… ရေခဲနှလုံးသားတောင်ကြားကသာ သူ့သဘောနဲ့သူ မင်္ဂလာပွဲကို ဖျက်ပစ်လိုက်တာဆိုရင်တော့…”

ထိုစကားကို ကြားသည့်အခိုက် တစ်ခုခုကို နားလည်သွားသည့်အလား အကုန်လုံး၏အမူအယာ သုန်မှုန်သွားခဲ့ကြလေသည်။

ရေခဲနှလုံးသားတောင်ကြားသည် မင်္ဂလာပွဲကို သူ့သဘောနှင့်သူ ဖျက်ပစ်ခဲ့သည်ဆိုလျှင် ရမ္မက်ရှာဂိုဏ်းသည် ထိုကိစ္စကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

“ရမ္မက်ရှာဂိုဏ်းကတပည့်တွေက ရမ္မက်ရှာကျင့်စဉ်ကို ကျင့်ကြံကြတာ… သူတို့ရွေးချယ်ထားပြီးသား အမျိုးသမီးတွေကို ဘယ်တော့မှ အလွယ်တကူ အလွတ်ပေးလေ့မရှိဘူး…. ရမ္မက်ရှာဂိုဏ်းရဲ့ သခင်လေးဆိုရင်တော့ ပြောမနေနဲ့တော့… ငါ့အထင်အရဆိုရင်တော့ ရမ္မက်ရှာဂိုဏ်းက ဒီမင်္ဂလာပွဲကို လုံးဝ အပျက်ခံမှာမဟုတ်ဘူး…”

All Chapters