← Chapters

ငါနင့်ကိုအရင်သတ်ရမှာပေါ့

Vol. 171 Ch. 2561

ငါနင့်ကိုအရင်သတ်ရမှာပေါ့

Vol. 171 Ch. 2561

စစ်တုရင်အင်မော်တယ်က ထိုသို့ပြောလိုက်သည့်အခါ လူတိုင်းက တုန်လှုပ်သွားကြသည်။

စစ်တုရင်အင်မော်တယ်သည် ပေါ်ထွက်လာပြီးနောက် မုန့်ယောင်၊ မဟာဓားအင်မော်တယ်သုံးပါးနှင့် အခြားပကတိအင်မော်တယ်ပညာရှင်များကို လုံးဝပမာမခန့်ပြုလုပ်ပြီး ဤကဲ့သို့ကြမ်းတမ်းသောစကားလုံးများကိုပင် ပြောဆိုခဲ့ပြီး သူက ဆူဇီမိုကို ကာကွယ်ပေးလိုလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

မုန့်ယောင်နှင့် အခြားသူများ၏ အမူအရာများက ပျက်ယွင်းသွားကြသည်။

“ဆူဇီမိုက ဘာလဲဟ... သူက အောက်ဘုံလောကကနေ တက်လှမ်းလာတဲ့ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲကို မဟာနတ်မိမယ်သုံးပါးက သူ့အတွက်ဘာလို့လာပြီး ကာကွယ်ပေးနေရတာလဲ”

“အဲဒါက မဟာနတ်မိမယ်သုံးပါတင်မဟုတ်ဘူး... ဒီနေ့ မဟာနတ်မိမယ်လေးပါးအကြား ပဋိပက္ခက အားလုံးသူ့ကြောင့်ပဲ”

ဘေးပတ်ဝန်းကျင်ကျင့်ကြံသူများက စတင်၍ဆွေးနွေးပြောဆိုလာကြသည်။

ကျင့်ကြံသူများစွာသည် မယုံကြည်နိုင်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား သူတို့၏ မျက်လုံးများက အတင်းအဖျင်းမီးတောက်​များဖြင့် တောက်လောင်လာကြသည်။

“ဟာ.. လခွမ်းတဲ့မှ... ငါဒီနေ့ ဘာတွေကို မြင်တွေ့နေရတာပါလိမ့်”

လူတစ်ယောက်က စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေပြီး မကျေမနပ်ပြောလိုက်၏။

“မဟာနတ်မိမယ်လေးပါးက ခွာပြဲပြီး တိုက်ခိုက်ကြတာ တက္ကသိုလ်ကအမျိုးသားတစ်ယောက်ကြောင့်တဲ့လား... ဒီလိုမျိုးသတင်းက ရက်အနည်းငယ်အတွင်း ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မယ်”

“စစ်တုရင်အင်မော်တယ်က ဆူဇီမိုကို ဘာ့ကြောင့်ကူညီပေးတယ်လို့ မင်းတို့တွေထင်လဲ”

“အဲဒါက ဆူဇီမိုနဲ့ဘာမှမဆိုင်လောက်ဘူး... ကြွယ်ဝူယင်းရဲ့ စောစောကစကားက နတ်မိမယ်ကျွင်းယုရဲ့စိတ်ကို လုံးဝဆွပေးလိုက်တာကြောင့်ပဲ”

“အဲဒါအမှန်ပဲ... နတ်မိမယ်ကျွင်းယုက အစကတည်းက တိုက်ခိုက်ရတာကိုသဘောကျတယ်... သူက တရားမမျှတမှုတွေအတွက် ဝင်ပြီးတော့ တိုက်ခိုက်တတ်လေ့ရှိတယ်... ကြွယ်ဝူယင်းက ဘုမသိဘမသိနဲ့ ပြောချင်တာလျှောက်ပြောပြီး စစ်တုရင်အင်မော်တယ်ကို တိုက်ခိုက်ဖို့အကြောင်းပြချက်ပေးလိုက်တာပဲ”

အခြားသူများကိုမပြောနှင့် ဆူဇီမိုပင်လျှင် စဥ်းစားရခက်နေ၏။

သူသည် နတ်မိမယ်ကျွင်းယုနဲ့ ပတ်သက်ဆက်နွယ်မှုရှိဖို့သာသာ သူမနှင့် သိပင်မသိပေ။

ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများပြောဆိုနေသည့်အတိုင်း ဖြစ်နိုင်မလား။ စစ်တုရင်အင်မော်တယ်သည် တိုက်ခိုက်ရသည်ကို ခုံမင်သဘောကျပြီး ကြွယ်ဝူယင်းက သူမ၏ စိတ်ကို ဆွပေးလိုက်သောကြောင့် တိုက်ခိုက်ဖို့အတွက် ဤအကြောင်းပြချက်ကို အသုံးချလိုက်တာလား။

ယွင်ကျူးက ဆူဇီမိုကို ထူးဆန်းသောအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူမက လိမ္မာပါးနပ်ပြီး အခြားသူများကဲ့သို့ ထင်ရာမြင်ရာခန့်မှန်းခြင်းပြုလုပ်လိမ့်မည် မဟုတ်ပေ။

စစ်တုရင်အင်မော်တယ်သည် ကြွယ်ဝူယင်းထံမှ စကားလုံးတချို့ကြောင့် ဤမျှအထိ ဒေါသထွက်ပြီး စိုးမိုးခြယ်လှယ်စရာအကြောင်းမရှိပေ။

ဒါ့အပြင်ကျွင်းယု၏ စောစောကစကားသည် သူမက ဆူဇီမိုကို ကာကွယ်ပေးလိုကြောင်း သိသိသာသာဆိုလိုခဲ့သည်။

အဲဒါက ရန်လိုရုံသက်သက်လောက် မရိုးရှင်းပေ။

သူမဖြစ်စေ မိုချင်ဖြစ်စေ စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့် ပတ်သက်ဆက်နွယ်မှုများစွာမရှိသည်ကို ယွင်ကျူးက သိထားလေသည်။

ကျွင်းယု၏ ရုတ်တရက်ပေါ်ထွက်လာမှုသည် သူတို့ကြောင့် မဟုတ်နိုင်ပေ။

ထိုအခါ ဖြစ်နိုင်ခြေက တစ်ခုတည်းသာရှိနိုင်တော့သည်။ ကျွင်းယုပေါ်ထွက်လာသည့်အကြောင်းအရင်းမှာ ဆူဇီမိုကြောင့် သေချာပေါက်ဖြစ်ရပေမည်။

“နင်က ခါတိုင်းလိုဆို ရိုးသားသလို လူကြီးလူကောင်းဆန်သလိုနဲ့ နင်က လူတိုင်းနဲ့ ဘယ်လိုအသိအကျွမ်းဖွဲ့ရမလဲ ကောင်းကောင်းသိနေတာပဲ... နင်က မသိရင်လှည့်ပတ်လျှောက်သွားပြီး ငါတို့မဟာနတ်မိမယ်လေးပါးစလုံးနဲ့ ရင်းနှီးအောင်လုပ်ထားသလိုပဲ”

ယွင်ကျူးက ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ထံ ထူးဆန်းသောလေသံဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

ဆူဇီမိုက ငေးငိုင်၍ မသိနားမလည်သည့်ပုံပေါ်နေသည်။

စစ်တုရင်အင်မော်တယ်ကျွင်းယုက ဘယ်ဆီဘယ်ဝယ်ကနေရောက်ရှိလာသည် သို့မဟုတ် သူ့ကို ဘာကြောင့်ကူညီပေးလာသည်ကို သူ မသိရှိပေ။

ဓားအင်မော်တယ်ယွဲ့ဟွားက ညင်စာစွာချောင်းဟန့်လိုက်၏။​

“နတ်မိမယ်ကျွင်းယု... တာအိုရောင်းရင်ဝူယင်းရဲ့စောစောကစကားက သိပ်ပြီးတော့ မသင့်လျော်ဘူးဆိုတာ တကယ်ပါပဲ... ကျေးဇူးပြုပြီး အဲဒါကို ဗွေမယူပါနဲ့”

“တာအိုရောင်းရင်း... ခင်ဗျားကျုပ်နဲ့လက်ရည်စမ်းချင်တယ်ဆိုရင် ဒီကိစ္စပြီးတာနဲ့ ကျုပ်ခင်ဗျားကို စောင့်နေမယ်”

ဓားအင်မော်တယ်ယွဲ့ဟွားက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ထိပ်သီးပကတိအင်မော်တယ်ဆယ်ဦးထဲ သေချာပေါက်ဝင်ပြီး ကျော်ကြားခဲ့ပြီးသားဖြစ်သည်။ သို့သော်ယခု သူသည် နှိမ့်ချစွာဖြင့် အလျှော့ပေးလိုလေသည်။ သူက စစ်တုရင်အင်မော်တယ်ယွင်ကျူးကို တကယ်ပင်မျက်နှာသာပေးလိုက်ခြင်းဖြစ်သည်။

အခြားသောပကတိအင်မော်တယ်များကလည်း ကျွင်းယုနှင့် အတိုက်အခံမဖြစ်လိုဘဲ ဝင်ရောက်ပြောဆိုလိုက်ကြသည်။

ကြွယ်ဝူယင်း၏ မျက်နှာက ညိုမည်းလာပြီး သူကနှုတ်ဆိတ်နေ၏။

ကျွင်းယုက ဓားအင်မော်တယ်ယွဲ့ဟွားကို တစ်ချက်ကြည့်ပြီးမေးလိုက်သည်။

“ငါပြောတဲ့စကားကို နင်နားမလည်ဘူးလား”

“တာအိုရောင်းရင်း... ခင်ဗျား...”

ဓားအင်မော်တယ်ယွဲ့ဟွားက မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ကျွင်းယုက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“စောစောစကားကို ငါထပ်ပြောမယ်... ဒီနေ့ သူ့ကိုထိရဲတဲ့ ဘယ်သူ့ကိုမဆို ငါသတ်မယ်”

ကြွယ်ဝူယင်းက ဆက်လက်၍သည်းမခံနိုင်ဘဲ လှောင်ရယ်လိုက်သည်။

“ကျွင်းယု... နင်ကတော်တော်မောက်မာပြီးတော့ စိတ်ကြီးဝင်နေတာပဲ... နင်က ငါတို့ပကတိအင်မော်တယ်တွေကို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ထင်နေတာလား”

ကြွယ်ဝူယင်းသည် မည်သို့ပင်ဆိုစေ... မဟာဓားအင်​မော်တယ်သုံးပါးထဲမှ တစ်ပါးဖြစ်လေသည်။

သူတို့အားလုံးသည် အကျော်ဇေယျပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့သည် ယခုအချိန်မှာ ကျွင်းယု၏ ခြိမ်းခြောက်မှုနှင့် ဆူပူငေါက်ငမ်းမှုကို ဘယ်လိုလုပ်ပြီး ဆက်လက်၍သည်းခံနိုင်ပါ့မလဲ။ ထို့ကြောင့် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများကလည်း ကျွင်းယုကို အတိုက်အခံပြုလုပ်ခြင်းကနေ ကြွယ်ဝူယင်းကို မတားဆီးကြတော့ပေ။

ကြွယ်ဝူယင်းပြောသည်မှာ မမှားပေ။

စစ်တုရင်အင်မော်တယ်က တိုက်ခိုက်ရည်ခွန်အားမှာ တကယ်ပင်သာလွန်ပေလိမ့်မည်။ သူတို့က အတူပူးပေါင်းထားမည်ဆိုလျှင် စစ်တုရင်အင်မော်တယ်တစ်ယောက်တည်းကို အနိုင်မယူနိုင်ဘူးလား။

ကြွယ်ဝူယင်းက သုန်မှုန်နေသော အမူအရာနှင့်အတူ လှောင်ရယ်လိုက်သည်။

“တကယ်ဆို ငါက သူ့ကို စောစောကတင် တစ်ခါတိုက်ခိုက်ခဲ့ပြီးပြီ... နင်ငါ့ကို ဘာများလုပ်နိုင်မှာလဲ”

“ဒါဆို နင့်ကိုငါ အရင်သတ်ရမှာပေါ့”

ကျွင်းယု၏ အကြည့်က အေးစက်လာခဲ့၏။ သူမထိုသို့ပြောလိုက်သည့်ခဏမှာပင် သူမ၏ လက်က လှုပ်ခါသွားပြီး သူမ၏ နောက်ကျော်မှာရှိသော စစ်တုရင်ခုံက ရွေ့လျားကာ ကြွယ်ဝူယင်း၏ ဦးခေါင်းရှိရာသို့ ပစ်ဝင်သွားလေသည်။

ဤလူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်ရဲသော စစ်တုရင်အင်မော်တယ်ဖြစ်လေသည်။

ဤတစ်ခေါက်မှာ ကြွယ်ဝူယင်းက ကြိုတင်ပြင်ဆင်ထားသည်။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူသည် စစ်တုရင်အင်မော်တယ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုစိတ်မရှိဘဲ သူမ၏ ထက်ရှမှုကို ရှောင်တိမ်းဖို့ပြင်လိုက်သည်။ သူက အခြားပကတိအင်မော်တယ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်ဖို့အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေလိုသည်။ သို့သော်လည်း သူလှုပ်ရှားလိုက်စဥ် ကျွင်းယု၏ စတုရန်းစစ်တုရင်ခုံက သူ၏ ဦးခေါင်းထက်မှာရှိနေဆဲဖြစ်သည်ကို နားလည်သဘောပေါက်သွားသည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ သူသည် အတွေးတစ်ချက်နှင့် ကီလိုမီတာထောင်ချီကို ပြေးထွက်နိုင်လေသည်။

သို့သော်ယခု... သူက မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကို ထုတ်ဖော်သည်ဖြစ်စေ သူသည် ကျွင်းယု၏ စစ်တုရင်ခုံကနေ မလွတ်မြောက်နိုင်ပေ။

ကျွင်းယု၏ ရိုးရှင်းပုံရသော တိုက်ခိုက်မှုမှာ သူမသည် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ အသုံးပြုထားခြင်းမရှိသည့်ပုံပင်။

သို့သော်လည်း တကယ်တမ်းမှာတော့ သူမ၏ လက်ထဲရှိ ကြယ်တာရာစစ်တုရင်ခုံမှာ သူမ၏ ဓမ္မတာအိုပါဝင်နေ၏။

ကြယ်တာရာစစ်တုရင်ခုံမှ ဘေးတိုက်မျဥ်းနှင့်ဒေါင်လိုက်မျဥ်း တစ်ဆယ့်ကိုးကြောင်းစီရှိပြီး ညီတူမျှတူယှက်ဖြာနေလေသည်။

အဲဒီမှာ ဖြတ်မျဥ်းအမှတ် စုစုပေါင်း ၃၆၁ မှတ်ရှိပြီး စတုရန်းကွက် ၃၂၄ကွက်ကို ဖြစ်ပေါ်နေစေသည်။ တစ်လက်မအရွယ် စတုရန်းကွက်တစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင်လောကတစ်ခုစီပါဝင်နေပုံရသည်။

စစ်တုရင်ခုံတစ်ခုလုံးက ကျယ်ပြောသောမိုးကောင်းကင်များနှင့် အဆုံးမဲ့ကုန်းမြေများကဲ့သို့ အကန့်အသတ်မဲ့သော ပိုမိုကျယ်ပြောသည့် ကြယ်တာရာကောင်းကင် တစ်ခုကို ဖြစ်ပေါ်လာစေသည်။

စစ်တုရင်ခုံအတွက် ကွဲပြားခြားသော ဦးတည်ဘက်မရှိဘဲ အဲဒါကတစ်ခုတည်းအဖြစ် ပေါင်းစုနေလေသည်။

ကြွယ်ဝူယင်းက ဘယ်လိုပင်လှုပ်ရှားရုန်းကန်သည်ဖြစ်စေ သူသည် ကြယ်တာရာစစ်တုရင်ခုံ၏ သက်ရောက်မှုကနေ ရုန်းမထွက်နိုင်ပေ။

သူသည် စစ်တုရင်အရုပ်တစ်ရုပ်ကဲ့သို့ ကြယ်တာရာသစ်တုရင်ခုံ၏ တင်းကျပ်စွာစုပ်ယူခြင်းခံထားရပြီး မလွတ်မြောက်နိုင်ပေ။

အစက ဘေးကနေ စောင့်ကြည့်နေသော ဆူဇီမို၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ခု​ဖျတ်ခနဲပေါ်ထွက်လာသည်။

အခွင့်အရေး...

ဤသည်က ရှားရှားပါးပါးအခွင့်အရေးတစ်ခုဖြစ်သည်။

စောစောက ပကတိအင်မော်တယ်များကြားတိုက်ပွဲသည် ကမ္ဘာတုန်လောက်ဖွယ်ရာကောင်းပြီး ရှုပ်ထွေးနေလေသည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင်မြင့်မားခြင်းမရှိသည့်အတွက် သူက တိုက်ပွဲမှာ ဝင်ပါမည်ဆိုလျှင်တောင် သုံးစားရလိမ့်မည် မဟုတ်ပေ။

ကြွယ်ဝူယင်းက ပေါ်ထွက်မလာဘဲ ထိုသူ၏ မည်သည့်အရိပ်အယောင်ကိုမှ သူက ရှာမတွေ့နိုင်ခဲ့ပေ။

သို့သော်ယခု ကြွယ်ဝူယင်းသည် ကြယ်တာရာစစ်တုရင်ခုံမှာ ပိတ်မိနေပြီး လုံးဝမလွတ်မြောက်နိုင်တော့ပေ။ ဤသည်က သူ့အနေဖြင့်တိုက်ခိုက်ဖို့ လုံးဝပြီးပြည့်စုံသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်ကို ကြွယ်ဝူယင်းထံ ထုတ်ဖော်လိုက်လေသည်။

ဆူဇီမိုသည် သူ၏ ပြိုင်ဘက်က အန္တိမလုပ်ကြံသူတစ်ယောက်ဖြစ်သည် သို့မဟုတ် မဟာဓားအင်မော်တယ်သုံးဦးထဲမှတစ်ဦးဖြစ်သည်ကို ဂရုမစိုက်ပေ။

သူတို့က သူ့ကို သတ်ဖြတ်လိုသည်ဆိုမှတော့ သူကလည်း သနားညှာတာမှုပြလိမ့်မည် မဟုတ်ပေ။

သူတို့အားနည်းနေချိန်မှာ သူက အခွင့်အရေးယူရပေလိမ့်မည်။ ဒါ့အပြင် ပကတိအင်မော်တယ်ညသင်္ချိုင်း ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သေဆုံးခဲ့ရသည့်အကြောင်းအရင်းသည် ကြွယ်ဝူယင်းနှင့် များစွာပတ်သက်နေလေသည်။

အခြားသူများ၏ မျက်လုံးထဲမှာ ဆူဇီမို၏ အပြုအမူက အလွန်တရာရယ်စရာကောင်းနေပုံရသည်။

ကောင်းကင်အင်မော်တယ်များ၏ အန္တိမနတ်ဘုရားစွမ်းအားများက ပကတိအင်မော်တယ်များအပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။

ပကတိအင်မော်တယ်ပညာရှင်များသည် သူတို့၏ အစစ်အမှန်အမြုတေကိုစုဖွဲ့ခြင်းဖြင့် အဲဒါကို အလွယ်တကူ ချေဖျက်နိုင်ကြသည်။

စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးကိုပိုင်ဆိုင်ထားကြသည့် ပကတိအင်မော်တယ်အချို့ဆိုလျှင် သူတို့၏ ကိုယ်ကာယသက်သက်နှင့်ပင် ကောင်းကင်အင်မော်တယ်များ၏ အန္တိမနတ်ဘုရားစွမ်းအားများကို ခံယူနိုင်ကြသည်။ သို့သော်လည်း ဆူဇီမို၏ အပြုအမူကို အာရုံခံမိသောအခါ ကြွယ်ဝူယင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။ စန်းယွင်တောင်ကြောရိုးမှာတုန်းက သူသည် ဆူဇီမို၏ အန္တိမနတ်ဘုရားစွမ်းအားကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူ၏ ဘဝသက်တမ်းနှစ်ခြောက်သောင်းကို ဆုံးရှုံးကာ သူ၏ အထွတ်အထိပ်အရွယ်ကနေ ကျဆင်းခဲ့ရသည်။

ထိုအခိုက်အတန့်မှာ ကြယ်တာရာစစ်တုရင်ခုံက ဆင်းသက်လာခဲ့ပြီဖြစ်သည်။

ကြွယ်ဝူယင်းသည် လုံးဝ​စိတ်အာရုံပျံ့လွင့်မခံနိုင်ဘဲ သူ၏ သွေးချီအားလုံးကို ထုတ်ဖော်လိုက်ရသည်။ သူ၏ အစစ်အမှန်အမြုတေကိုစုဖွဲ့ပြီး လက်ပြန်ခုတ်ပိုင်းကာ သူ့ဦးခေါင်းထက်ရှိ ကြယ်တာရာစစ်တုရင်ခုံကို လောလောဆယ်မှာ ပိတ်ဆို့တားဆီးလိုက်ရ၏။

“ဖွီ...”

အရိပ်မဲ့ဓားက ကြယ်တာရာစစ်တုရင်ခုံနှင့်ထိတွေ့ရိုက်ခတ်ပြီး ကြွယ်ဝူယင်းက ဆတ်ခနဲတုန်ယင်ကာ သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။

ထိုစဥ်မှာပင် တဒင်္ဂအခိုက်အတန့်က ဆင်းသက်လာခဲ့သည်။

ကြွယ်ဝူယင်းသည် စစ်တုရင်ခုံဖြင့်ဖိနှိမ်ခံထားရပြီး လုံးဝမလှုပ်ရှားနိုင်ပေ။

သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

သူ၏ ဘဝသက်တမ်းက လျင်မြန်စွာပျက်စီးလာခဲ့သည်။

ဖျောက်... ဖျောက်...

ဘဝသက်တမ်းလျော့ကျခြင်းနှင့် သွေးချီကျဆင်းခြင်းနှင့်အတူ ဒဏ်ရာရရှိသွားပြီးနောက် ကြွယ်ဝူယင်း၏ ခွန်အားက လျင်မြန်စွာလျော့ကျလာခဲ့သည်။

သူသည် ကြယ်တာရာစစ်တုရင်ခုံ၏ စွမ်းအားကို မည်သို့မှ မခုခံနိုင်တော့ပေ။

ကြယ်တာရာစစ်တုရင်ခုံ၏ စွမ်းအားက ဖ်ိခြေကျဆင်းလာပြီး ကြွယ်ဝူယင်း၏ ခန္ဓာကိုယ်က ​ချက်ချင်းပင်ပေါက်ကွဲထွက်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်ကလည်း ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွားလေသည်။

All Chapters