← Chapters

ငါးယောက်တစ်ယောက်

Vol. 171 Ch. 2557

ငါးယောက်တစ်ယောက်

Vol. 171 Ch. 2557

ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ ဓားအင်မော်တယ်ချွန်းဖုန်း၊ ကြွယ်ဝူယင်း၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် ပကတိအင်မော်တယ်မူဖုန့်။

သူတို့ငါးယောက်ကတင် ပကတိအင်မော်တယ်များကြားမှာ ထိပ်သီးပညာရှင်များဖြစ်ကြသည်။

သူတို့အားလုံးသည် ပကတိဧကနယ်ပယ်၏ အဆင့်-၄ သုခဘုံလေဟာနယ်အဆင့်ထိ ကျင့်ကြံထားကြလေသည်။ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက သန်မာပြီး သူတို့က အပြင်လောကမှာ ကျော်ကြားနေခဲ့ပြီးသားဖြစ်သည်။

ဒါ့အပြင် ဘေးကနေ ရန်လိုစွာဖြင့်စောင့်ကြည့်နေသော ပကတိအင်မော်တယ်ပညာရှင်များလည်း ရှိနေလေသည်။

စာအုပ်အင်မော်တယ်ယွင်ကျူး၏ ကိုယ်တိုင်ပြုမူလှုပ်ရှားမှုကို ဘယ်သူကမှ မတွေ့မြင်ဖူးဘဲ မဟာနတ်မိမယ်လေးပါးက မတိမ်းမယိမ်းရပ်တည်ကြသော်လည်း သူတို့လေးယောက်ကြားမှာ စစ်တုရင်အင်မော်တယ်က နံပါတ်တစ်ဖြစ်ပြီး ကျန်နတ်မိမယ်သုံးပါးက မတိမ်းမယိမ်းမှာရှိကြသည်ကို အများသူငှာက အသိအမှတ်ပြုထားကြသည်။

စာအုပ်အင်မော်တယ်အနေဖြင့် ဤကဲ့သို့သော ဝိုင်းပတ်ပိတ်ဆို့မှုမှာ ဆူဇီမိုကိုကာကွယ်ပေးဖို့မဖြစ်နိုင်ပေ။

ဓားအင်မော်တယ်ချွန်းဖုန်း၊ ကြွယ်ဝူယင်း၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် ပကတိအင်မော်တယ်မူဖုန့်တို့က အရပ်လေးဘက်ခွဲ၍မတ်တတ်ရပ်ပြီး စာအုပ်အင်မော်တယ်နှင့် ဆူဇီမိုကို ဝိုင်းပတ်ထားကြသည်။

ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် ပါဝင်ပတ်သက်ခြင်းမရှိပုံရသော်လည်း သူမသည် တင်ပျဥ်ခွေထိုင်ပြီး သူမ၏ ရှေ့မှာ ရှေးဟောင်းဒုံမင်းတစ်လက်ကို ချထားသည်။

သူမ၏ လက်ချောင်းထိပ်ဖျားကို လှုပ်ရှားလိုက်သည်နှင့် သူမသည် တိုက်ပွဲမှာ အချိန်မရွေးဝင်ပါနိုင်ပြီး ကြောက်စရာကောင်းသော အသံပိုင်းတိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

စာအုပ်အင်မော်တယ်က သုန်မှုန်နေသော အမူအရာဖြင့် သူမ၏ လက်ထဲမှာ ကျောက်စိမ်းစုတ်တံကို ကိုင်ထားလေသည်။

ဇီ...

ဒုံမင်းအင်မော်တယ်မုန့်ယောင်က သူမ၏ ဒုံမင်းကို သူမ၏ လက်ချောင်းထိပ်ဖျားဖြင့် ညင်သာစွာခတ်ပြီး ဒုံမင်းသံတစ်သံကို ရုတ်တရက်ထွက်ပေါ်လာစေသည်။

ရုတ်တရက် ဂမ္ဘီရမိုးကောင်းကင်ခန်းမ၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ လေထုက ကြမ်းကြုတ်ခက်ထန်၍ တိတ်ဆိတ်ခြောက်ကပ်လာ၏။

ချက်ချင်းပင် ကြီးမားသောစစ်တပ်တစ်တပ်က ချီတက်လာသည့်အလားပင်။

ဒုံမင်းသံသည် တိုက်ခိုက်ဖို့အချက်ပြလိုက်ခြင်းလည်းဖြစ်၏။

ပကတိအင်မော်တယ်ဝူဖုန့်၊ ဓားအင်မော်တယ်ချွန်းဖုန်းနှင့် ပကတိအင်မော်တယ်မူဖုန့်တို့က တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပြီး ယွင်ကျူးထံသို့ ဝင်ရောက်လာကြသည်။

ပကတိအင်မော်တယ်ဝူဖုန့်၏ ဗျက်ကျယ်ဓားသည် အနားသတ်မရှိဘဲ စွမ်းအားကြီးမားနေသည်။ သူ၏ လက်ကို ဝေ့ယမ်းပြီး သူ၏ ဦးခေါင်းနောက်ဘက်ရှိ တာအိုသစ်သီးက အလင်းရောင်ခြည်တန်းများဖြင့် တောက်ပလာကာ အစစ်အမှန်အမြုတေက သိပ်သည်းကျစ်လစ်လာခဲ့သည်။

ဓမ္မပညာရပ်တစ်ခုခု သို့မဟုတ် နတ်ဘုရားစွမ်းအားတစ်ခုခုကို အသုံးပြုခြင်းမရှိလျှင်တောင် ထိုခုတ်ချက်ကတင် ပြိုင်ဘက်ကင်းစွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်သည်။

သူ့ရှေ့မှာ တောင်တစ်လုံးရှိနေမည်ဆိုလျှင်တောင် ထိုဓားချက်က တောင်ကို နှစ်ပိုင်းထိုးခွဲလိုက်ပေလိမ့်မည်။

ဓားအင်မော်တယ်ချွန်းဖုန်း၏ ဓားက မိုးမခကဲ့သို့ နူးညံ့ပျော့ပျောင်းနေပြီး လေနှင့်အတူ အပြောင်းအလဲမြန်စွာလှုပ်ရှားနေ၏။ သို့သော်လည်း ဓား၏ တိုက်ခိုက်မှုစက်ဝန်းက အလွန်တရာကျယ်ပြန့်ပြီး ယွင်ကျူးနှင့် ဆူဇီမိုကို လွှမ်းခြုံထားလေသည်။

သူ့လက်ထဲမှာ ဧရာမဆေဘာတစ်လက်ကို ကိုင်ဆွဲရင်း ပကတိအင်မော်တယ်မူဖုန့်က အေးစက်စက်ဆေဘာအလင်းတန်းတစ်ခုနှင့်အတူ ကခုန်နေ၏။ ​ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက သူတို့ရှိရာသို့ တိုးဝင်လာပြီး မွန်းကျပ်ဖွယ်ရာကောင်းသောပုံစံဖြင့် ဒီရေလှိုင်းလုံးများက တလိပ်လိပ်ထိုးတက်လာသည့်အလားပင်။

ပကတိအင်မော်တယ်သုံးဦးထံမှ သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ရပ်ကပင် ကမ္ဘာတုန်လောက်စရာကောင်းနေလေပြီဖြစ်သည်။

ကြွယ်ဝူယင်းက လှုပ်ရှားခြင်းမရှိသော်လည်း သူ၏ ပုံရိပ်က လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်နေပုံရပြီး ခပ်ဖျော့ဖျော့ မီးခိုးမျှင်တစ်စလွင့်မျောကာ တိုက်ခိုက်ဖို့အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေလေသည်။

အရိပ်မဲ့ဓားက တိုက်ခိုက်လိုက်သည်နှင့် အဲဒါက ပို၍ပင်အန္တရာယ်များနေပေလိမ့်မည်။

ယွင်ကျူးရင်ဆိုင်နေရသော အခြေအနေက သူမတွေးထင်ထားသည်ထက်ပင် ပို၍ခက်ခဲနေ​သည်။

သူမသည် ပကတိအင်မော်တယ်လေးဦး၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခုခံနေရရုံသာမက သူမသည် သူတို့၏ တိုက်ခိုက်မှုကနေ ဆူဇီမိုကိုလည်း ကာကွယ်ပေးရမည်ဖြစ်သည်။

ထိုသို့ဖြင့် သူမအပေါ်ဖိအားက ဆပွားတိုးလာခဲ့သည်။

ယွင်ကျူးသည် သူမ၏ တာအိုသစ်သီးကို လှည့်ပတ်လိုက်ပြီး သူမ၏ ဦးခေါင်းနောက်ဘက်မှာ အလင်းလုံးလေးလုံးက တောက်ပလာခဲ့သည်။ ကျောက်စိမ်းစုတ်တံပေါ်မှာ အစစ်အမှန်အမြုတေက စုဖွဲ့လာပြီး ဝင်ရောက်လာသော ပကတိအင်မော်တယ်သုံးဦးထံ ပစ်ထိုးလိုက်လေသည်။

ယွင်ကျူး၏ ကျောက်စိမ်းစုတ်တံနှင့် ပထမဆုံးထိတွေ့ရိုက်ခတ်မိသူက ချွန်းဖုန်းကျန့်ဖြစ်လေသည်။ သို့သော်လည်း ချွန်းဖုန်းကျန့်သည် လေနှင့်တူပြီး ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် သူ့ဓားက တုန်ခါ၍ ကျောက်စိမ်းစုတ်တံကို ဖြတ်ကျော်ကာ ခုတ်ပိုင်းတော့မည့်ဆဲဆဲဖြစ်သည်။

မထင်မှတ်ထားစွာပင် ယွင်ကျူး၏ စုတ်တံထိပ်ဖျားကနေ ကြာပန်းတစ်ပန်းဖူးပွင့်လာပြီး ချွန်းဖုန်းကျန့်၏ အရံတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလိုက်သည်။

အန္တိမနတ်ဘုရားစွမ်းအား ဂမ္ဘီရစုတ်တံပန်းဖူးပွင့်ခြင်း။

ယွင်ကျူး၏ ကျောက်စိမ်းစုတ်တံက သုံးကြိမ်ဆက်တိုက်လှုပ်ရှားသွားပြီး ကြာပန်းသုံးပွင့်ပေါ်ထွက်လာကာ ပကတိအင်မော်တယ်သုံးဦး၏ တိုက်ခိုက်မှုများကို ပိတ်ဆို့တားဆီးလိုက်၏။

ပကတိအင်မော်တယ်သုံးဦး၏ ပထမဆုံးတိုက်ခိုက်မှုက အချည်းနှီးဖြစ်သွားရသည်။

ခန်းမထဲရှိ လူအုပ်များကြားထဲမှ အံ့အားတသင့်ရေရွတ်သံများထွက်ပေါ်လာကြသည်။

“နတ်မိမယ်ယွင်ကျူးက စာပေပညာရှင်လို အားနည်းတဲ့ပုံပေါ်ပေမယ့် သူ့ရဲ့သာမန်ကာလျှံကာတိုက်ခိုက်မှုတစ်ရပ်ကတင် ဒီလိုမျိုးတိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်နေတာပဲ... သူက သုံးယောက်တစ်ယောက်ရင်ဆိုင်ရတာတောင်မှ အရေးနိမ့်မနေဘူး”

“မဟာနတ်မိမယ်လေးပါးထဲ ဘယ်သူကများကိုင်တွယ်ရလွယ်ကူမှာလဲ... တိုက်ခိုက်ရည်ခွန်အားမှာ အားအနည်းဆုံးဖြစ်တဲ့ပန်းချီအင်မော်တယ်တောင်မှ သွားရှုပ်လို့မရဘူးလို့ ငါကြားထားတယ်”

“ပန်းချီအင်မော်တယ်က ဘာလုပ်နိုင်မှာလဲ... သူ့ရဲ့ကျင့်ကြံမှုက ပကတိဧကနယ်ပယ်ရဲ့အဆင့်-၃ ဗလာနယ်ဝိညာဥ်နယ်ပယ်မှာပဲရှိတယ်လို့ ငါကြားထားတယ်... သူက ဒုံမင်းအင်မော်တယ် စာအုပ်အင်မော်တယ်တို့နဲ့ယှဥ်ရင် နိမ့်ကျလွန်းတယ်... ဟုတ်တယ်မလား”

“သေချာပြောလို့မရဘူး... ဓားအင်မော်တယ်ယွဲ့ဟွားက ပန်းချီအင်မော်တယ်မတိုက်ခိုက်ခင် သူ့ကိုချုပ်နှောင်လိုက်တာ မမြင်ဘူးလား”

နောက်ထပ်လူတစ်ယောက်က ဝေဖန်ဆန်းစစ်ပြလိုက်သည်။

“ဓားအင်မေယ်တယ်ယွဲ့ဟွားက နတ်မိမယ်မိုချင်ကို စိုးရိမ်ပူပန်နေတာဖြစ်မယ်လို့ ငါထင်တယ်”

“မဟာနတ်မိမယ်လေးပါးက ဒီနေ့ဒီအချိန်ထိ အရမ်းကိုကျော်ကြားနေခဲ့တယ်ဆိုတာ သူတို့ရဲ့ချောမောလှပမှုကြောင့်ပဲမဟုတ်ဘူး... သူတို့တွေက အစကတည်းက ပကတိအင်မော်တယ် ထိပ်သီးပညာရှင်တွေကြားမှာ ပါဝင်နေလို့ပဲ”

ရှဲ့လင်သည် သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကိုကြားသောအခါ သူ၏ အမူအရာက တည်ငြိမ်၍ မှင်သေသေဖြင့်ရှိနေသည်။

စာအုပ်အင်မော်တယ်၏ တိုက်ခိုက်ရည်ခွန်အားက တကယ်ပင်အရမ်းကိုသန်မာပြီး ချွန်းဖုန်းကျန့်နှင့် အခြားသူများ၏ အထက်မှာပင် ရှိကောင်းရှိပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် စာအုပ်အင်မော်တယ်ယွင်ကျူးက တစ်ယောက်တည်းသာဖြစ်ပြီး ဒီရေအလှည့်အပြောင်းကို ဖြစ်စေနိုင်မည်မဟုတ်ပေ။

စောစောက ပကတိအင်မော်တယ်သုံးဦးသည် သူတို့၏ ခွန်အားအပြည့်အဝကို အသုံးမပြုခဲ့ကြပေ။

ဒါ့အပြင် ကြွယ်ဝူယင်းသည် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေနေဆဲဖြစ်ပြီး အချိန်မရွေးပေါ်ထွက်လာနိုင်သည်။

“ဒုံမင်းအင်မော်တယ်မုန့်ယောင်ကလည်း ယခုအချိန်ထိ မတိုက်ခိုက်ရသေးပေ။

သူတို့နှစ်ယောက်က တိုက်ခိုက်လိုက်သည်နှင့် စာအုပ်အင်မော်တယ်က သေချာပေါက်ရှုံးနိမ့်ရပေတော့မည်။

“စာအုပ်အင်မော်တယ်ဆိုတဲ့အတိုင်းပဲ... ခင်ဗျားရဲ့ကျင့်ကြံမှုက သိပ်မပေါ့ဘူးဘဲ”

ဓားအင်မော်တယ်ချွန်းဖုန်းက ရယ်မောပြီး သူ၏ ဓားကို ညင်သာစွာလှုပ်ခါလိုက်သည်။ ဓားကတုန်ခါ၍ အဆက်မပြတ် တစီစီအော်မြည်နေသည်။

ပကတိအင်မော်တယ်သုံးဦးက နောက်တစ်ဖန်​တိုက်ခိုက်လိုက်ကြလေသည်။

ဤတစ်ခေါက်မှာ ပကတိအင်မော်တယ်သုံးဦး၏ တိုက်ခိုက်မှုများသည် သိသိသာသာပိုမိုကြမ်းတမ်းလာပြီး သူတို့က ဆက်လက်၍ ထိန်ချန်မထားကြတော့ပေ။

ယွင်ကျူး၏ ​ဦးခေါင်းနောက်ဘက်မှာ တာအိုသစ်သီးကနေ ထုတ်ဖော်ထားသော ရောင်လျှံစက်ဝန်းကလည်း ပို၍ကြီးမားလာသည်။

ယွင်ကျူးသည် သူမ၏ ကျောက်စိမ်းစုတ်တံကို ဆုပ်ကိုင်ပြီး လေထဲမှာ ရှေးဟောင်းစာလုံးတချို့ကို လျင်မြန်စွာရေးသားလိုက်သည်။

“သတ်ဖြတ်၊ ချေမှုန်း၊ ဆုတ်ဖြဲ၊ ပြိုကျ၊ တုန်လှုပ်၊ ကြေမွ၊ ဖျက်ဆီး...”

စကားလုံးခုနှစ်လုံးသည် ဒီဘက်မျိုးဆက်၏ စာပေယဥ်ကျေးမှုကနေလာခြင်းမဟုတ်ဘဲ ရှေးကျသောအော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။ စုတ်ချက်တစ်ချက်ချင်းစီမှာ လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော အင်အားတစ်ရပ်ပါဝင်နေလေသည်။

ရှေးဟောင်းစာလုံးခုနှစ်လုံးက ပြန့်ကျဲပြီး ပကတိအင်မော်တယ်သုံးဦးရှိရာသို့ ပစ်ဝင်သွားလေသည်။

ထိုစဥ်မှာပင် ကြွယ်ဝူယင်းက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

သူ၏ ဓားက ဆူဇီမို၏ ဦးခေါင်းနောက်ဘက်သို့ ပစ်ဝင်လာလေသည်။

ဆူဇီမို၏ စိတ်ထဲတွင် သတိပေးချက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

ယွင်ကျုးက ထိုနေရာမှာရှိသောအခြေအနေကို အာရုံခံမိသွားပြီး သူမ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ သူမလက်ထဲရှိ ကျောက်စိမ်းစုတ်တံကို အရိပ်မဲ့ဓားရှိရာဘက်သို့ လက်ပြန်ပစ်ထုတ်လိုက်၏။

ရုတ်တရက် ကြွယ်ဝူယင်းက ရပ်တန့်၍ နောက်တစ်ဖန်ပျောက်ကွယ်သွားလေသည်။

ထိုလှုပ်ရှားမှုက အတုအယောင်တစ်ခုမျှသာဖြစ်သည်။

သူပြန်လည်ပေါ်ထွက်လာသည့်အခါ သူသည် ယွင်ကျူး၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မည်သည့်အရိပ်အယောင်မှမရှိဘဲ တိတ်တဆိတ်ပစ်ထိုးလိုက်၏။

“အေးခဲစမ်း”

ယွင်ကျူးက သူမ၏ တာအိုသစ်သီးကို ရူးသွပ်စွာလှည့်ပတ်ပြီး အော်ငေါက်လိုက်၏။

ဤအရာသည် မလှုပ်ရှားနိုင်သော မန္တန်မဟုတ်ဘဲ အန္တိမနတ်ဘုရားစွမ်းအား အချိန်ရပ်တန့်ခြင်း ဖြစ်လေသည်။

ကြွယ်ဝူယင်း၏ ပုံရိပ်က ခဏမျှရပ်တန့်သွားပြီးနောက် သူသည် ထိုအန္တိမနတ်ဘုရားစွမ်းအား၏ ချုပ်နှောင်မှုကနေ ချက်ချင်းရုန်းထွက်လာခဲ့၏။

သူ့အပေါ်ရိုက်ခတ်မှုက လျစ်လျူရှု၍ရသလောက်နီးပါးဖြစ်သော်လည်း ထိုတဒင်္ဂကြန့်ကြာမှုမှာ ယွင်ကျူးက အခွင့်အလမ်းကို ချိန်ဆပြီး ရှေ့သို့တက်လှမ်းလိုက်၏။ သူမက သူမ၏ သေးသွယ်သောလက်ညှိုးကို ထက်ရှသောစုတ်တံထိပ်ဖျားကဲ့သို့ ဆန့်ထုတ်ပြီး ကြွယ်ဝူယင်း၏ နှာရောင်ကို ပစ်ထိုးလိုက်၏။

သူမ၏ လက်ချောင်းထိပ်ဖျားက ထက်ရှပြီး ကြွယ်ဝူယင်းကို မထိခင်မှာပင် ထိုသူ၏ နှာရောင်မှာ သွေးတစ်စက်က သီးလာခဲ့လေသည်။

ထိုအခိုက်အတန့်မှာ ယွင်ကျူး၏ စိတ်ထဲ သံသယတစ်ခုပေါ်ထွက်လာခဲ့သည်။

ဓားအင်မော်တယ်သုံးပါးထဲမှာ အရိပ်မဲ့ဓားသည် အရင်က ဤမျှလောက် အားမနည်းသည့်ပုံပင်။

သူက သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေလျှင် သူမသည် အရိပ်မဲ့ဓားကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

စန်းယွင်တောင်ကြောရိုးမှာတုန်းက ဆူဇီမို၏ တဒင်္ဂအခိုက်အတန့်ကြောင့် ကြွယ်ဝူယင်း၏ ဘဝသက်တမ်း နှစ်ခြောက်သောင်းက ဖြတ်တောက်ခံခဲ့ရသည်ကို ယွင်ကျူးက မသိရှိပေ။

တကယ်တမ်းမှာလည်း ကြွယ်ဝူယင်း၏ တိုက်ခိုက်ရည်ခွန်အားသည် သူ၏ အထွတ်အထိပ်ကနေ ကျဆင်းလာခဲ့ပြီးသားဖြစ်သည်။

ထိုစဥ်မှာပင် မုန့်ယောင်၏ ဒုံမင်းသံက နောက်တစ်ဖန်ထွက်ပေါ်လာသည်။

ယွင်ကျူးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူမ၏ မျက်လုံးထဲမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားရကာ သူမ၏ လက်က အနည်းငယ်တုန်ခါသွားသည်။

ကြွယ်ဝူယင်း၏ မျက်လုံးက ဝင်းလက်သွားပြီး အခွင့်အလမ်းကိုချိန်ဆကာ တိုက်ခိုက်လိုက်၏။

အရိပ်မဲ့ဓားက အသံတိတ်၍ ထူးခြားအံ့မခန်းဖြစ်နေသည်။

ရွှစ်...

ယွင်ကျုးသည် နောက်သို့လျင်မြန်စွာဆုတ်လိုက်သော်လည်း သူမက ခြေတစ်လှမ်းနောက်ကျသွာခဲ့သည်။ သူမသည် အရိပ်မဲ့ဓားဖြင့် ဒဏ်ရာရရှိသွားပြီး သူမ၏ ဝမ်းဗိုက်မှာ ဒဏ်ရာတစ်ခုပေါ်ထွက်လာသည်။ လတ်ဆတ်သောသွေးများက စီးကျ၍ သူမ၏ ရိုးရှင်းသောဝတ်စုံက ချက်ချင်းပင်နီစွေးသွားသည်။

မုန့်ယောင်သည် တစ်ချိန်လုံးအပြင်ဘက်မှာထိုင်နေပြီး သူမက ပါဝင်ပတ်သက်ခြင်းမရှိသည့်ပုံပင်။ သို့သော်လည်း သူမလှုပ်ရှားမှုတစ်ကြိမ်ပြုလုပ်လိုက်တိုင်း သူမသည် အခြေအနေတစ်ရပ်လုံး၏ အလှည့်အပြောင်းကို ဆုံးဖြတ်ပေးနိုင်သည်။

နှစ်ဖက်စလုံးက လှုပ်ရှားကွက်အနည်းငယ်ဖြင့် တိုက်ခိုက်ဖလှယ်လိုက်ခါစဖြစ်ပြီး ယွင်ကျူးက ဒဏ်ရာရရှိသွားလေပြီ။

“ယွင်ကျူး... ဒါက နင့်အတွက် သတိပေးချက်တစ်ခုပဲ”

မုန့်ယောင်က မှင်သေသေဖြင့်ပြောလိုက်သည်။

“နောက်တစ်ခါဆိုရင် ဒဏ်ရာရရုံတင်ကမှာ မဟုတ်ဘူး”

“ဟမ့်...”

ယွင်ကျူးက အကြောက်အလန့်ကင်းမဲ့နေပြီး လှောင်ရယ်လိုက်၏။

“ဂုဏ်သိက္ခာကြီးမားတဲ့ ဒုံမင်းအင်မော်တယ်ဆိုတာ ဒါပဲလား... ငါက ဒီနှစ်တွေအားလုံးမှာ နင်နဲ့တစ်တန်းတည်းရပ်တည်နေရတယ်ဆိုတော့... ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ”

All Chapters