ကတိကဝတ်
Vol. 171 Ch. 25555
ဤအပြောင်းအလဲသည် လူတိုင်းကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
အခြေအနေသည် လူတိုင်းတွေးထင်ထားသည်ထက် များစွာကျော်လွန်လာခဲ့လေပြီ။
မုန့်ယောင်နှင့် အခြားသူများက မတိုက်ခိုက်ရသေးခင်မှာပင် ကောင်းကင်နှင့်မြေပြီးတက္ကသိုလ်မှာ အတွင်းရေးပဋိပက္ခဖြစ်ပွားလာပြီး ဓားအင်မော်တယ်ယွဲ့ဟွားသည် ပန်းချီအင်မော်တယ်မိုချင်ကို ချုပ်နှောင်ဖို့ တိုက်ခိုက်ခဲ့သည်။
အင်မော်တယ်ဘုရင်ချင်းယန်က အရာရာတိုင်းကို စိတ်ဝင်တစားဖြင့်ပြုံး၍ကြည့်နေ၏။
ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများသည် ဤကိစ္စကို အတန်ကြာအောင်ပြင်ဆင်၍ ကြိုတင်ပြင်ဆင်လာခဲ့သည့်ပုံပေါ်လေသည်။ ဤတစ်ခေါက်မှာ သူတို့သည် ဆူဇီမိုကို အပြီးတိုင်သတ်ဖြတ်လို၏။
ကောင်းကင်အင်မော်တယ်တစ်ယောက်အတွက် ဤကဲ့သို့သော ကြီးမားသည့် ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်မှာ တကယ်ပင် စိတ်ဝင်စားဖို့ကောင်းလေသည်။
အင်မော်တယ်ဘုရင်ချင်းယန်သည် ဝင်ပါဖို့ စိတ်ကူးမရှိသေးပေ။ လက်ရှိအခြေအနေက လုံးဝကို တစ်ဖက်သတ်ဖြစ်နေ၏။
ဆူဇီမို၏ ဘက်မှာ သူ့အတွက်ရပ်တည်ပေးမည့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ပကတိအင်မော်တယ်နှစ်ဦးပင်လျှင် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ပကတိအင်မော်တယ်ချန်ရွှမ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံလိုက်ရ၏။
ကျိရွှမ်အင်မော်တယ်နိုင်ငံမှ စာအုပ်အင်မော်တယ်ယွင်ကျုးကတော့...။
ပုံမှန်အခြေအနေမှာဆိုလျှင် သူမသည် ဤအခြေအနေကိုတွေ့မြင်သည့်အခါ စာအုပ်အင်မော်တယ်ယွင်ကျူးသည် အခက်တွေ့ကာ နောက်ဆုတ်သွားရပေလိမ့်မည်။
“ယွဲ့ဟွား... နင်ဘာလုပ်နေတာလဲ”
မိုချင်က တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ ကျယ်လောင်စွာမေးခွန်းထုတ်လိုက်၏။
သူမသည် သူ့ကို စီနီယာအစ်ကိုဟုပင် မခေါ်တော့သည့်အချက်သည် သူမက ဘယ်လောက်တောင်စိတ်ဆိုးဒေါသထွက်နေသလဲ သိသာလေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက တည်ငြိမ်စွာရှိနေပြီး ညင်သာစွာပြုံးပြလိုက်သည်။
“ဂျူနီယာညီမ... စိတ်မတိုစမ်းပါနဲ့... ငါက တက္ကသိုလ်ရဲ့ဘေးကင်းလုံခြုံမှုအတွက် ဒါကိုလုပ်နေရတာ”
“ဆူဇီမိုက တခြားပြင်ပမျိုးနွယ်က မဟုတ်ဘူးဆိုရင် သူက တက္ကသိုလ်က တပည့်ဂိုဏ်းသားတစ်ယောက်အဖြစ်နဲ့ ငါတို့ရဲ့ ဂျူနီယာညီတစ်ယောက်အဖြစ်နဲ့ ဆက်ရှိနေလိမ့်မယ်”
“ဒါပေမဲ့... သူက တခြားမျိုးနွယ်က ဒါမှမဟုတ် သူတို့နဲ့ပတ်သက်ဆက်နွယ်မှုရှိနေမယ်ဆိုရင် တက္ကသိုလ်ရဲ့ နံပါတ်တစ်အမွေခံတပည့်အနေနဲ့ ငါက... တက္ကသိုလ်ရဲ့ အရှုပ်ကို ရှင်းပေးရမယ်”
“ယွဲ့ဟွား... မင်းဘာလုပ်နေတယ်ဆိုတာ မင်းသိလား”
ယန်လောရှုက လုံးဝမလှုပ်ရှားနိုင်သော်လည်း သူ၏ အမူအရာက ထက်ရှနေပြီး အော်ငေါက်လိုက်၏။
“မင်းက... တက္ကသိုလ်ရဲ့ ဂိုဏ်းသားရောင်းရင်းအချင်းချင်း ပျက်စီးထိခိုက်အောင်လုပ်ဖို့ အပြင်လူတွေနဲ့ ပူးပေါင်းနေတာပဲ”
“ဂျူနီယာညီယန်... မင်းက တကယ့်ကို အတည်ပေါက်ကြီးပြောနေတာပဲ”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး သူ၏ လေသံက တဖြည်းဖြည်းအေးစက်လာ၏။
“ဆူဇီမိုရဲ့ အပြစ်ကင်းစင်မှုကို ဝိညာဥ်ရှာဖွေပြီးမှပဲ သက်သေပြပေးနိုင်မယ်ဆိုတော့... ငါက သူ့အတွက်တရားမျှတမှုကို ရှာပေးရမှာပေါ့”
တကယ်တမ်းမှာတော့... ဓားအင်မော်တယ်ယွဲ့ဟွား၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် အခြားသူများသည် နောက်ပိုင်းဖြစ်လာနိုင်သည့် ဖြစ်နိုင်ခြေအမျိုးမျိုးကို ကြိုတင်တွက်ဆထားခဲ့ကြပြီးသားဖြစ်သည်။
ဆူဇီမိုသည် ဝိညာဥ်ရှာဖွေခြင်းကို ခံယူမည်ဆိုလျှင် လူအိုကြီးဝိညာဥ်သိမ်းဆည်းသူသည် ဆူဇီမိုကို ဒုက္ခိတဖြစ်အောင် သေချာပေါက်ညစ်ပတ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဓားအင်မော်တယ်ယွဲ့ဟွားက ရှေ့သို့ထွက်ပြီး တစ်ဘက်လူကိုရှင်းပြဖို့ အခွင့်အရေးပင်မပေးဘဲ လူအိုကြီးဝိညာဥ်သိမ်းဆည်းသူကို သတ်ဖြတ်ပစ်ပေလိမ့်မည်။
ထိုသို့ဖြင့် သူသည် ဆူဇီမိုအတွက်လက်စားခြေပေးရာရောက်ပြီး တစ်ဘက်အဖွဲ့၏ ပကတိအင်မော်တယ်တစ်ဦးကိုပင် သတ်ဖြတ်ပေးခဲ့သည်ဆိုမှတော့... တခြားသူများအနေဖြင့် သူ့ကို အပြစ်တင်ဖို့ခက်ခဲသွားပေလိမ့်မည်။
“ဒုတိယအစ်ကို... ကျုပ်တို့အခုဘယ်လိုလုပ်ရမလဲ”
ရှဲ့ချင်းချန်က စိုးရိမ်ကြောင့်ကြနေပြီး အသံတစ်ခုကိုပို့လွှတ်ကာ မေးလိုက်၏။
ရှဲ့လင်က ညင်သာစွာသက်ပြင်းချလိုက်သည်။
“ဆူဇီမိုမှာ အခွင့်အရေးမရှိတော့ဘူး”
“ဒီလူက ဘာပဲပြောပြော ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ဆန့်ကျင်ခဲ့တယ်... တက္ကသိုလ်မှာတောင် ဓားအင်မော်တယ်ယွဲ့ဟွားက သူ့ကိုရှင်းထုတ်ချင်နေတယ်.. သူ့ကိုဘယ်သူကမှ ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”
“တကယ်တော့... အဲဒီကိစ္စတွေမှာ သူ့ကို အပြစ်တင်လို့မရဘူး... သူက အောက်ဘုံလောကကနေ လာခဲ့လို့သာ သူက ကမ္မတွေ အများကြီးသယ်ဆောင်လာခဲ့မိလို့ပဲ”
ရှဲ့ချင်းချန်က ရှဲ့လင်၏ နောက်ဆုံးစကားမှာ ဝေခွဲမရဖြစ်သွား၏။
ရှဲ့လင်က ဆက်ပြောလိုက်သည်။
“ဆူဇီမိုရဲ့ဖြစ်ပုံက လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီကာလက တစ်ယောက်ယောက်နဲ့ဆင်တူနေတယ်လို့ မင်းသတိမထားမိဘူးလား”
“ဖုန့်စန်းထျန်...”
ရှဲ့ချင်းချန်က ထိုသူကို ချက်ချင်းပင်တွေးမိသွားကြီး လွှတ်ခနဲပြောလိုက်၏။
ရှဲ့လင်က ခေါင်းညိတ်ပြလိုက်၏။
“အတိအကျပြောရရင် သူ့ရဲ့ပါရမီအလားအလာက ဖုန့်စန်းထျန်ထက်တောင်မှပိုပြီးတော့ ကြီးမားသေးတယ်... ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကတောင် ဖုန့်စန်းထျန်ရဲ့ဖြစ်ရပ်မျိုး နောက်တစ်ခါဖြစ်လာစေချင်မှာ မဟုတ်ဘူး”
“သူက တက်လှမ်းလာတာ နှစ်ထောင်ဂဏန်းတချို့ပဲ ရှိသေးတယ် သူ့ရဲ့အခြေခံအုတ်မြစ်က အရမ်းတိမ်သေးတယ်... ဒုံမင်းအင်မော်တယ်မုန့်ယောင်.. ဓားအင်မော်တယ်ယွဲ့ဟွားနဲ့ ကြွယ်ဝူယင်းတို့ကတော့ ကျော်ကြားခဲ့ပြီးသား ပကတိအင်မော်တယ်ပညာရှင်တွေပဲ”
“အဲဒီလူတွေက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သူတို့လုပ်ချင်ရာကို လုပ်နိုင်တယ်လို့တောင် ပြောလို့ရတယ်... သူ့လိုမျိုး ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် ဒီလောက်လူတွေအများကြီး ပူးပေါင်းထားမှတော့ သူက ဘယ်လိုလုပ်ရှင်သန်နိုင်ပါတော့မလဲ”
ကောင််းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်မှာ...။
ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့်ပြောလိုက်သည်။
“ဂျူနီယာညီဆူ... မင်း အပြစ်ကင်းစင်လားဆိုတဲ့အမှန်တရားကို ဝိညာဥ်ရှာဖွေခြင်းကနေပဲ ထုတ်ဖော်ပြသလို့ရမယ်... လုပ်စမ်းပါ”
“မင်းတို့ သောက်ခွေးပကတိအင်မော်တယ်တွေ... မင်းတို့တွေက မိစ္ဆာမဟာနယ်မြေက ပကတိအင်မော်တယ်တွေထက်တောင်ပိုပြီးတော့ ရက်စက်ယုတ်မာကြသေးတယ်”
ယွင်ထင်က ထိုသည်ကို တွေ့မြင်သောအခါ သူက ကြမ်းတမ်းစွာကျိန်ဆဲလိုက်၏။
သူသည် ဤကိစ္စမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိလျှင်တောင် သူကမွန်းကျပ်မှုကို ခံစားနေရသည်
ပြင်ပမျိုးနွယ်တဲ့လား၊ ဝိညာဥ်ရှာဖွေခြင်းတဲ့လား။ မုန့်ယောင်၊ ယွဲ့ဟွားနှင့် တခြားသောပကတိအင်မော်တယ်များသည် လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမိုကိုအသေသတ်ဖို့ ဖိအားပေးနေသည်မှာ သိသာလေသည်။
သူဖြစ်စေ၊ ဆူဇီမိုဖြစ်စေ ဤကဲ့သို့သောတောင်းဆိုမှုမှာ သူတို့ထဲ မည်သူကမှ ဦးညွှတ်ခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း ရှိလိမ့်မည် မဟုတ်သည်ကို ယွင်ထင်က သိထားသည်။
သို့သော်လည်း ဆူဇီမိုက ခုခံဆန့်ကျင်သည်နှင့် ပကတိအင်မော်တယ်အုပ်စုသည် တိုက်ခိုက်ဖို့အကြောင်းပြချက်ရသွားပေလိမ့်မည်။
ယွင်ထင်က ဒေါသချောင်းချောင်းထွက်နေသည်။ သို့သော်လည်း သူက ဘာမှမတတ်နိုင်ဘူးဆိုတာကို သိထားလေသည်။
သူသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ရှားရှားပါးပါး ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားတစ်ယောက်ဖြစ်လေသည်။ သို့သော်လည်း သူသည် ယခုအချိန်မှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်ပြီး သူကူညီပေးနိုင်တာ များစွာမရှိပေ။
ထိုအခိုက်အတန့်မှာ ယွင်ထင်သည် သူ၏ နှလုံးသားထဲမှာ ဝမ်းနည်းမှုတစ်ခုကို တကယ်ပင် ခံစားနေရပြီး ဆူဇီမိုအတွက် အရမ်းကို မကျေမချမ်းဖြစ်နေလေသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဖြစ်စေ၊ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဖြစ်စေ သူကဲ့သို့သောလူတစ်ယောက်အတွက် ထိုက်တန်မှုမရှိပေ။
ယွင်ထင်သည် သူ၏ သိုလှောင်အိတ်ထဲကနေ ဝိုင်ပြင်းတစ်အိုးကိုထုတ်ယူပြီး ဆူဇီမိုရှေ့သို့ ရောက်ရှိလာ၏။
သူက ဝိုင်အိုးကိုကမ်းပေးပြီး ပြောလိုက်လေသည်။
“ဆူဇီမို... ဒီနေ့ငါမင်းကို ကူညီမပေးနိုင်ဘူး... ဒါပေမဲ့ မပူပါနဲ့.. မင်းသေရတာ အချည်းနှီးမဖြစ်စေရဘူး”
“ငါက ပကတိဧကနယ်ပယ်ကို တက်လှမ်းတာနဲ့ ငါက ဒီနေ့မင်းကိုပစ်မှတ်ထားခဲ့တဲ့ အဲဒီသောက်ခွေးပကတိအင်မော်တယ်တွေကို ပြန်ပြီးတော့ပစ်မှတ်ထားမယ်... ငါက သူတို့ကိုတစ်ယောက်ချင်းလိုက်ရှာပြီး မင်းအတွက်ပြန်ပေးဆပ်ခိုင်းတဲ့အနေနဲ့ တစ်ယောက်ပြီးတစ်ယောက် အကုန်သတ်ပစ်မယ်”
ကျင့်ကြံသူများသည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြသည်။
ဂမ္ဘီရမိုးကောင်းကင်ခန်းမက ပို၍ပင်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ယွင်ထင်သည် အများသူငှာရှေ့မှာ ဤကဲ့သို့သော တစ်စုံတစ်ရာကို ပြောဆိုလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ဓားအင်မော်တယ်ယွဲ့ဟွား၊ ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ ကြွယ်ဝူယင်းနှင့် အခြားသောထိပ်သီးပကတိအင်မော်တယ်များကို ခြိမ်းခြောက်နေလေသည်။
လူတိုင်းသည် ယွင်ထင်၏ အမျက်ဒေါသ၊ မကျေမချမ်းဖြစ်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ကို ခံစားမိနိုင်ရုံသာမက သူတို့သည် ကံဆိုးမိုးမှောင်စိတ်အာရုံတစ်ခုကိုပါ ရရှိလာကြသည်။
ခန်းမ၏ အလယ်မှာရှိသော လူငယ်အမျိုးသားနှစ်ယောက်ကို လူများစွာက တွေဝေရှုပ်ထွေးသောအမူအရာများဖြင့် ကြည့်နေကြသည်။
သူတို့နှစ်ယောက်က ရန်သူတွေဖြစ်ပြီး အတိုက်အခံဖြစ်ခဲ့ကြသည် မဟုတ်ဘူးလား။
ယွင်ထင်က ဆူဇီမိုကို ဘာ့ကြောင့်ကူညီပေးလိုတာလဲ။
ယွင်ထင်သည် ဆူဇီမိုအတွက် ဤကဲ့သို့ရက်စက်ကြမ်းတမ်းသော စကားများကို ဘာ့ကြောင့်ပြောဆိုပေးတာလဲ။
ဒါ့အပြင် သူသည် ဤမျှများပြားသည့် ဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် ပကတိအင်မော်တယ်ပညာရှင်များကိုပင် ဆန့်ကျင်လိုတာလား။
သူတို့ထဲ မည်သူကမှ နားမလည်ကြပေ။
ဤအရာသည် ထိပ်သီးပါရမီရှင်နှစ်ဦးကြား တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန်လေးစားမှုဖြစ်လေသည်။ ယွင်ထင်သည် ဆူဇီမိုကို အနိုင်ယူလို၏။ သို့သော်လည်း သူသည် ဆူဇီမိုကို သူနှင့်တိုက်ခိုက်နိုင်သည့် ပြိုင်ဘက်အနေဖြင့် လေးစားမှုရှိလေသည်။
အခြားသူများအတွက် ယွင်ထင်၏ စကားလုံးများက ခြိမ်းခြောက်မှုတစ်ခုနှင့် တူလေသည်။ သို့သော်လည်း ဤအရာသည် ယွင်ထင်ထံမှ ကတိကဝတ်တစ်ခုဆိုတာကို ဆူဇီမိုက နားလည်သဘောပေါက်ထားသည်။
‘မင်းတို့တွေက ဒီနေ့ဆူဇီမိုကို သေဖို့ဖိအားပေးတယ်ဆိုမှတော့ ငါ.. ယွင်ထင်က မင်းတို့တွေကို တစ်ယောက်ပြီးတစ်ယောက်လိုက်ရှာပြီး အနာဂတ်မှာ မင်းတို့အားလုံးကို သတ်ပစ်မယ်။’
ဆူဇီမိုသည် ယွင်ထင်ထံမှ ဝိုင်အိုးကို လက်ခံယူပြီး ပြုံးပြလိုက်၏။
သူတို့နှစ်ယောက်သည် ဝိုင်အိုးအဆို့များကို တစ်ချိန်တည်းမှာ ရိုက်ချလိုက်၏။ ဝိုင်အိုးနှစ်အိုးကိုပစ်တိုက်ပြီး သူတို့က အားရပါးရမော့သောက်လိုက်ကြလေသည်။
ခွမ်း...
ခဏနေပြီးနောက် သူတို့နှစ်ယောက်သည် ဝိုင်အိုးများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
ဆူဇီမိုက သူ၏ အင်္ကျီလက်စကိုမပြီး သူ၏ နှုတ်ခမ်းထောင့်မှ ပေနေသော ဝိုင်များကို သုတ်ဖယ်လိုက်၏။
“ကျေးဇူးပဲ ယွင်ထင်... ဒါပေမဲ့ ဒီနေ့ရန်ငြိုးရန်စအတွက် အနာဂတ်မှာ ငါကိုယ်တိုင်လက်စားပြန်ချေမှာ”
ထိုအခိုက်အတန့်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သေဆုံးသွားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည့်အချိန်သည် ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများ သေရမည့်အချိန်ဖြစ်ဖို့ ဆူဇီမိုက ဆုံးဖြတ်ထားခဲ့ပြီဖြစ်သည်။ ထိုအခိုက်အတန့်မှာ ဆူဇီမို၏ စကားအဓိပ္ပါယ်ကို မည်သူကမှ နားမလည်နိုင်ပေ။
ဆူဇီမိုသည် သေခါနီးဆဲဆဲ သွေးရူးသွေးတန်းလျှောက်ပြောနေခြင်းမျှသာဖြစ်သည်ဟု လူတိုင်းက တွေးထင်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူသေသွားပြီဆိုလျှင် သူက လက်စားချေဖို့နေနေသာ သူ့မှာ အနာဂတ်ပင်ရှိတော့မည် မဟုတ်ပေ။
စာအုပ်အင်မော်တယ်ယွင်ကျူးကသာ ဆူဇီမို၏ စကားလုံးများမှ သတ်ဖြတ်လိုစိတ်ကို နားလည်လေသည်။
ဆူဇီမိုသည် အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်စေဖို့ ပြင်ဆင်ထားသည်ကို သူမ သိလိုက်လေသည်။