← Chapters

ပြဿနာရှာခြင်း

Vol. 171 Ch. 2553

ပြဿနာရှာခြင်း

Vol. 171 Ch. 2553

မုန့်ယောင်သည် ခန်းမ၏ အလယ်သို့ရောက်လာပြီး အင်မော်တယ်ဘုရင်ချင်းယန်ထံသို့ သူမ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

ထို့နောက် သူမက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ကြေညာပြောဆိုလိုက်၏။

“ကောင်းကင်အဆင့်သတ်မှတ်ချက်က လူသားမျိုးနွယ်အတွက်ပဲ... တခြားမျိုးနွယ်က ဘယ်သူ့ကိုမှ ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ယှဉ်ပြိုင်တိုက်ခိုက်ခွင့်မပြုဘူး”

“ဟုတ်တာပေါ့”

ဓားအင်မော်တယ်ယွဲ့ဟွားက ခေါင်းညိတ်ပြလိုက်၏။

“တခြားမျိုးနွယ်ကလူတွေကို မပြောနဲ့ တခြားအင်မော်တယ်မဟာနယ်မြေက လူသားကျင့်ကြံသူတွေတောင်မှ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အဆင့်မမီဘူး”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါးခန့်မှန်းမိလိုက်၏။

ရုတ်တရက်ဆိုသလို...။

သူသည် အင်ပါယာဘုရားကျောင်း၏ လူအုပ်ကြီးထဲမှ အားကောင်းသောရန်လိုစိတ်တစ်ခုကို ခံစားမိလိုက်၏။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သူက မုန်းတီးနေသော မျက်ဝန်းတစ်စုံနှင့် ဆုံမိသွားလေသည်။

ထိုလူက ဆံပင်များဖြူဖွေး၍ အိုမင်းရွတ်တွသည့်ပုံပေါ်နေ၏။ ထိုသူသည် အဆူရာတိုက်ပွဲမြေမှာ သူ့လက်ချက်ဖြင့် ဒုက္ခိတဖြစ်သွားခဲ့သော ကောင်းကင်အင်မော်တယ်လောယန်ဖြစ်လေသည်။

ထိုလူကိုတွေ့မြင်သောအခါ ဆူဇီမို၏ ခန့်မှန်းချက်က ပို၍ပင်သေချာလာခဲ့သည်။

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ တပည့်အကြီးဆုံးအနေဖြင့် အင်မော်တယ်ဘုရင်ချင်းယန်သည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေ၏။ သူသည် လောကရှိအရာရာတိုင်းကို သိရှိထားပြီး ဒုံမင်းင်မော်တယ်မုန့်ယောင်၊ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် ဆူဇီမိုကြား ရန်ငြိုးရန်စကိုလည်း ကြားသိထားလေသည်။

သူ၏ အတွေ့အကြုံအရ ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် ရုတ်တရက်ထွက်ရပ်လာပြီး ဆူဇီမိုကို ပစ်မှတ်ထားနေသည်ကို သူက အလွယ်တကူပြောနိုင်လေသည်။ သို့သော် သူကလည်း စူးစမ်းလိုနေပြီး မုန့်ယောင်သည် လူတိုင်း၏ ရှေ့မှောက်မှာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်တွင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်တစ်ယောက်ကို ဘယ်လိုကိုင်တွယ်မလဲတွေ့မြင်ချင်နေ၏။

မည်သို့ပင်ဆိုစေ... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကလည်း လုပ်ချင်တိုင်းလုပ်လို့ရသော အဖွဲ့အစည်းတစ်ခုမဟုတ်ပေ။

အင်မော်တယ်ဘုရင်ချင်းယန်သည် ကြားဝင်စွက်ဖက်ဖို့ စိတ်ကူးမရှိဘဲ ပြပွဲကို စောင့်ကြည့်ဖို့ပြင်နေ၏။

“နတ်မိမယ်မုန့်ယောင်... ခင်ဗျားက ဘာကိုဆိုလိုတာလဲ”

ကြွယ်ဝူယင်းက မသိသယောင်ဟန်ဆောင်ပြီးမေးလိုက်၏။

“တခြားအင်မော်တယ်မဟာနယ်မြေက ကျင့်ကြံသူတွေက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ခိုးဝင်လာခဲ့လို့လား”

“ဟင်းဟင်း... အဲဒါက တခြားအင်မော်တယ်မဟာနယ်မြေက ကျင့်ကြံသူတစ်ယောက်သာဆိုရင် ငါတို့တွေက သူ့ကိုမောင်းထုတ်လိုက်ရုံပေါ့”

အင်ပါယာလေဘုရားကျောင်း၏ ပကတိအင်မော်တယ်ဝူဖုန့်က ရယ်မောပြောဆိုလိုက်၏။

“တခြားမျိုးနွယ်က တစ်ယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲကို ခိုးဝင်နေခဲ့မယ်ဆိုရင် ဘယ်လောက်ကြောက်စရာကောင်းမလဲ”

ကျင့်ကြံသူအများစုသည် ဖြစ်ပျက်နေသည့်အရာကို မသိရှိသလို... မုန့်ယောင်နှင့်အခြားသူများ ရည်ညွှန်းပြောဆိုနေသည့် အပြင်လူက မည်သူဖြစ်သည်ကို မသိကြပေ။

ယွင်ထင်ပင်လျှင် တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

ယွင်ကျူးက တည်တံ့သောအမူအရာဖြင့် အခြေအနေကို အကဲခတ်နေ၏။

ယခုအချိန်မှာ အင်မော်တယ်ပျံဂိုဏ်း၊ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်ပါယာလေဘုရားကျောင်းတို့က ရှေ့ကိုထွက်လာကြလေပြီ။

ကြည့်ရသည်မှာ မုန့်ယောင်နှင့် အခြားသူများသည် အစီအစဉ်တစ်ခုကို ကြိုတင်ဆွေးနွေးထားပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ တိုက်ခိုက်ဖို့ပြင်ဆင်လာခဲ့သည်မှာ သိသာနေ၏။

ဒါ့အပြင် မုန့်ယောင်နှင့် အခြားသူများပေးသည့် အကြောင်းပြချက်က ငြင်းဆန်ဖို့ အလွန်တရာခက်ခဲနေ၏။

“ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ တခြားမျိုးနွယ်က တစ်ယောက်ယောက်ရှိနေတာလား”

“အဲဒါဘယ်သူလဲ ... သူ့ကိုဖမ်းလိုက်လေ”

“ငါတို့မျိုးနွယ်မဟုတ်တဲ့သူတွေမှာ သေချာပေါက် မကောင်းတဲ့ရည်ရွယ်ချက်ရှိနေမှာပဲ”

ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ဆွေးနွေးပြောဆိုသံများက ဆူညံစွာထွက်ပေါ်လာ၏။

မုန့်ယောင်က သူမ၏ လက်ချောင်းကိုညင်သာစွာခတ်ပြီး ဒုံမင်းသံကို ထွက်ပေါ်လာစေ၏။

လူတိုင်း၏ အသံများက တဖြည်းဖြည်းစဲသွား၏။

မုန့်ယောင်က မှင်သေသေဖြင့်ပြောလိုက်သည်။

“အားလုံးပဲ အဲဒီလူကို ကြားဖူးကြပါတယ်... မကြာသေးခင်နှစ်တွေမှာ သူက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အတော်လေးနာမည်ရလာပြီး ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကိုတောင်မှ နောက်ခံပြုထားနိုင်တယ်”

ထိုစကား၏ ဦးတည်ရာလမ်းကြောင်းက အလွန်တရာသိသာထင်ရှားနေသည်။

ဤအပြင်လူသည် ကောင်းကင်အဆင့် အဖွဲ့အစည်းခုနှစ်ခုကြားမှာ ရှိနေလေသည်။

ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာပြုံးလိုက်၏။

“နတ်မိမယ်မုန့်ယောင်... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းပြောစမ်းပါ... အဲဒါက ဘယ်ကောင်းကင်အဆင့်ဂိုဏ်းပဲဖြစ်ဖြစ် သူက တခြားမျိုးနွယ်ကလာတယ်ဆိုတာ သူတို့သိမယ်ဆိုရင် သူတို့က သူ့ကိုကာကွယ်ပေးမှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်”

“တာအိုရောင်းရင်းယွဲ့ဟွား... ဒီစကားကိုကြားရတာ ကျွန်မဝမ်းသာကျေနပ်မိတယ်”

မုန့်ယောင်က ညင်သာစွာခေါင်းညိတ်လိုက်၏။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမိုက… ငါတို့လူသားမျိုးနွယ်က မဟုတ်ဘူး”

ဆူဇီမိုသည် ထိုသည်ကို စောစောက ခန့်မှန်းမိထားခဲ့ပြီဖြစ်ပြီး မုန့်ယောင်၏ စကားမှာ အံ့အားသင့်သွားခြင်း မရှိပေ။

သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ ရုတ်ရုတ်သဲသဲအသံများထွက်ပေါ်လာ၏။

လူတိုင်းက တုန်လှုပ်သွားကြသည်။

ထိုစကားသည် အလွန်တရာစွမ်းအားကြီးမားလေသည်။ အဲဒါကို သက်သေပြနိုင်သည်နှင့် ဆူဇီမိုက ဖျက်ဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းပင် ခံရနိုင်လေသည်။

ယန်လောရှုက မျက်မှောင်ကြုတ်ပြီး အခြေအနေက ဆူဇီမိုအတွက် အလွန်တရာအရေးမသာဖြစ်လာသည်ကို နားလည်သိရှိလိုက်၏။

မုန့်ယောင်က ဤကဲ့သို့သောတစ်စုံတစ်ရာကို ပြောဆိုလာမည်ဆိုလျှင် သူမမှာ သေချာပေါက်ယုံကြည်မှုကောင်းကောင်းရှိနေပေလိမ့်မည်။

မိုချင်သည် တစ်စုံတစ်ရာမပြောသော်လည်း သူမ၏ မျက်ဝန်းအနက်ပိုင်းထဲမှာ စိုးရိမ်ပူပန်မှုတစ်စွန်းတစ်စရှိနေဆဲဖြစ်သည်။

“အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ... ဂျူနီယာညီဆူက တခြားမျိုးနွယ်က တစ်ယောက်ယောက်တဲ့လား”

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုကို ခုခံကာကွယ်ပေးလိုနေသည့်အလား အံ့အားသင့်၍ မယုံကြည်နိုင်ဖြစ်သည့်ပုံပေါ်နေ၏။

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

“နတ်မိမယ်မုန့်ယောင်... ခင်ဗျားဒီလိုစကားမျိုးကို ပြောချင်တိုင်းပြောလို့မရဘူး... ဒါက ကျုပ်တို့တက္ကသိုလ်ရဲ့ နာမည်ဂုဏ်သတင်းအပေါ် ရိုက်ခတ်မှုရှိလာလိမ့်မယ်”

“ကျွန်မ... အဲဒါကိုပြောဆိုရဲတယ်ဆိုမှတော့... လုံလောက်တဲ့ သက်သေအထောက်အထားရှိလို့ပေါ့”

မုန့်ယောင်က အင်ပါယာလေဘုရားကျောင်းရှိရာဘက်သို့ ကြည့်ပြီးပြောလိုက်လေသည်။

“ကောင်းကင်အင်မော်တယ်လောယန်... နင်သိထားတာတွေ အကုန်လုံးကို ပြောပြလိုက်”

ကောင်းကင်အင်မော်တယ်လောယန်သည် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး နဂါးအသူတရာချောက်နက်ကြယ်မှာ ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို အမှားတစ်ဝက်အမှန်တစ်ဝက်ရောကာ ပြန်ပြောပြလိုက်၏။

“မင်းပြောမှပဲ အဲဒါကို ငါ… မှတ်မိလာသလိုပဲ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ စကားက ကောင်းကင်အင်မော်တယ်လောယန်၏ စကားကို ထပ်မံ၍ အတည်ပြုပေးလိုက်၏။

“အမှန်ပဲ... ငါလည်းအဲဒါကို သက်သေခံပေးနိုင်တယ်... အဲဒီအချိန်တုန်းက နဂါးအသူတရာချောက်နက်ကြယ်မှာ ငါလည်းရှိနေခဲ့တယ်”

ပကတိအင်မော်တယ်ဝူဖုန့်က လေးနက်သောအသံဖြင့် ဝင်​ပြောလိုက်၏။

ကောင်းကင်အင်မော်တယ်လောယန်၏ ပြောဆိုချက်က မရေမရာဖြစ်ပြီး ဆူဇီမိုသည် နဂါးမျိုးနွယ်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခုရှိနေသည်ဟူသော ထင်မြင်ချက်တစ်ခုကို ထုတ်ဖော်ပေးနေ၏။ ဆူဇီမိုသည် နဂါးမျိုးနွယ်မှလာခြင်းဖြစ်သည်ဟု သူက မပြောဆိုရုံတမယ်ဖြစ်လေသည်။

မိုးပြာနဂါးဝိညာဥ်နှင့် နောက်ပိုင်းပေါ်ထွက်လာခဲ့​သော နတ်နဂါးက တကယ်ပင်အတော်လေးထူးဆန်းနေ၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ဤအချင်းအရာသည် ဆူဇီမိုနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု သက်သေပြ​မပေးနိုင်ပေ။ သို့သော်လည်း ဤကဲ့သို့သောစကား​ထွက်ပေါ်လာသည်နှင့် ထိုအရာသည် ထင်မြင်ယူဆချက်များ၊ သံသယများနှင့် မသင်္ကာမှုများကိုပင် ဖြစ်ပေါ်လာစေပေလိမ့်မည်။

ဒါ့အပြင် ဒုံမင်းအင်မော်တယ်မုန့်ယောင်၊ ပကတိအင်မော်တယ်ဝူဖုန့်နှင့် ဓားအင်မော်တယ်ယွဲ့ဟွားတို့ကလည်း အဲဒါကို မြင်တွေ့ခဲ့ကြ၏။

ဓားအင်မော်တယ်ယွဲ့ဟွားက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက်ဖြစ်လေသည်။

“အဲဒါက ဘာကိုသက်သေပြပေးနိုင်မှာလဲ​”

ယန်လောရှုက မတ်တတ်ထရပ်ပြီး သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။

“မိုးပြာနဂါးဝိညာဥ်က ဂျူနီယာညီဆူနဲ့ ပတ်သက်မှုရှိတာမရှိတာကိုအသာထား...ဟုတ်ခဲ့မယ်ဆိုရင်တောင် အဲဒါက ဂျူနီယာညီဆူကို တခြားမျိုးနွယ်ကဖြစ်တယ်လို့ ဘယ်လိုလုပ်သက်သေပြပေးနိုင်မှာလဲ... မင်းတို့ရဲ့အကဲဖြတ်မှုက တစ်ဖက်သတ်ဆန်လွန်းမနေဘူးလား”

အစကတော့ မုန့်ယောင်နှင့် အခြားသူများသည် မငြင်းဆန်နိုင်သော သက်သေအထောက်အထားတစ်ခုကို ဆွဲထုတ်လာလိမ့်မည်ဟု ယွင်ထင်က တွေးထင်ထားခဲ့၏။ ယခုထိုအရာသည် ကောင်းကင်အင်မော်တယ်လောယန်၏ တစ်ဖက်သတ်ပြောဆိုမှုများသာဖြစ်နေလေသည်။

“ကျွတ်...”

ယွင်ထင်ကလှောင်ရယ်ပြီး ပကတိအင်မော်တယ်ဝူဖုန့်ကိုကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက်၏။

“ခင်ဗျားရဲ့အစီးအနင်းတောကောင်က ရွှေပုရွက်ဆိတ်တစ်ကောင်ပဲ... ခင်ဗျားပြောပုံအရဆို ခင်ဗျားကလည်း ရွှေပုရွက်ဆိတ်မျိုးနွယ်က ဖြစ်နေမှာပေါ့”

လက်ရှိလူများထဲ ပကတိအင်မော်တယ်တစ်ဦးကို ဤကဲ့သို့သောပုံစံဖြင့် လှောင်ပြောင်ပြောဆိုရဲသောသူ များစွာမရှိပေ။

ပကတိအင်မော်တယ်ဝူဖုန့်က ဒေါသထွက်ခံပြင်းသွားသော်လည်း သူက စိုးရိမ်ပူပန်နေပြီး ယွင်ထင်ကို မတိုက်ခိုက်နိုင်ပေ။

“အဲဒါက တစ်ဖက်သတ်ပြောဆိုမှုမဟုတ်မှာ ငါစိုးမိတယ်”

တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ပကတိအင်မော်တယ်မူဖုန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဆူဇီမိုက နဂါးမျိုးနွယ်ရဲ့ အရမ်းကိုစွမ်းအားကြီးမားတဲ့ အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုမှာ အထူးပြုကျွမ်းကျင်ထားတယ်လို့ ငါကြားထားတယ်... သူက နဂါးမျိုးနွယ်က ဓမ္မတာအိုကိုဘယ်လိုလုပ်ပြီး တတ်ကျွမ်းနေရတာလဲ”

“အဲဒါတင်မကဘူး”

ကြွယ်ဝူယင်းက ပြောလိုက်လေသည်။

“အဲဒီလူက နဂါးမျိုးနွယ်က လျှို့ဝှက်အတတ် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကိုလည်း သိထားတယ်”

ကျုံးဖေးယွီကလည်း ရှေ့သို့ တက်လာခဲ့၏။

“စီနီယာတို့... အဆူရာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုက နဂါးမျိုးနွယ်က အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံကိုလည်း ထုတ်ဖော်ခဲ့တယ်”

“အဲဒီအချိန်တုန်းက ကျုပ်က သူနဲ့ဆက်မတိုက်ခိုက်ဘဲ အဆူရာတိုက်ပွဲမြေကနေထွက်ခွာလာခဲ့တယ် .. အဲဒါကျုပ်က သူ့ကိုကြောက်လို့မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့သရုပ်သကန်နဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေတယ်ဆိုတာ ကျုပ်ကအာရုံခံမိခဲ့လို့ပဲ... ကျုပ်က ဒီကိစ္စကို ဂိုဏ်းထံအချိန်မီအစီအရင်ခံတင်ပြနိုင်ဖို့အတွက် အဲဒီနေရာကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာလိုခဲ့တယ်”

တကယ်တမ်းမှာတော့ ကျုံးဖေးယွီသည် ထိုအချိန်တုန်းက ဘက်ပြန်ကြေးခွံလျှို့ဝှက်အတတ်၏ ဇာစ်မြစ်ကို လုံးဝမှတ်မိသိရှိခဲ့ခြင်း မရှိပေ။

သူသည် ဘက်ပြန်ကြေးခွံကြောင့် တကယ်ပင် ဘာမှမတတ်နိုင်ဘဲ ဆုတ်ခွာခဲ့ရခြင်းဖြစ်လေသည်။ သူသည် ဂိုဏ်းသို့ပြန်ရောက်ပြီး ရှေးဟောင်းစာအုပ်များနှင့် သတင်းအချက်အလက်များကို လှန်လောရှာဖွေပြီး ဂိုဏ်း၏ အင်မော်တယ်ဘုရင်များကိုပင် မေးမြန်းပြီးမှသာ ဘက်ပြန်ကြေးခွံလျှို့ဝှက်အတတ်အကြောင်းကို အမှန်တကယ်သိရှိလာခဲ့ခြင်းဖြစ်လေသည်။

“ဘက်ပြန်ကြေးခွံလား”

အင်မော်တယ်ဘုရင်ချင်းယန်၏ အမူအရာက ပြောင်းလဲသွားလေသည်။

ကျင့်ကြံသူအများစုသည် ထိုအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်အကြောင်းကို သိရှိကြလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူသည် နဂါးမျိုးနွယ်၏ ဤအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ကြားဖူးထားလေသည်။

တခြားမျိုးနွယ်ဝင်များက ထိုလျှို့ဝှက်အတတ်၏ ကျင့်ကြံရေးနည်းစနစ်ကို ရရှိထားမည်ဆိုလျှင်တောင် သူတို့သည် နဂါးမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ်မရှိဘဲ အဲဒါကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဆူဇီမို၏ သရုပ်သကန်နှင့်ပတ်သက်၍ တစ်စုံတစ်ရာလွဲမှားနေသည်မှာ တကယ်ပင် ဖြစ်နိုင်လေသည်။

All Chapters