← Chapters

အခန်း (၁၃၀၆-၁၃၀)

Vol. 88 Ch. 1306-1309

အခန်း (၁၃၀၆-၁၃၀)

Vol. 88 Ch. 1306-1309

အခန်း(၁၃၀၆)

သူတို့၏ မျက်စိရှေ့မှ မယုံနိုင်စရာ မြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ကျင့်လဲ့မြို့တော်၏ ဘိုးဘေး လဲ့ကျိခွမ်း အပြင် ရှန်းဖုန်းမြို့တော်၏ ဘိုးဘေး ဖုန်းရွှယ်ယန်သည်လည်း ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံရမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

"မြို့တော်ငါးခုရဲ့ ဘိုးဘေးနှစ်ပါးကိုတောင် အနိုင်ယူလိုက်တာလား.. ကျန်းချန်ရဲ့ခွန်အားက တကယ်ကိုကြောက်မက်ဖွယ်ကောင်းတာပဲ.. ဒီကောင်လေးရဲ့ အလယ်အလတ် ဓားနယ်မြေက တကယ်ကို အားကောင်းတာပဲ.. အဘိုးကြီးဖုန်းရဲ့ လေနတ်ဘုရား တောင်ပံတိုက်ကွက်တောင် တားဆီးလို့ မရနိုင်ခဲ့ဘူး"

ဝူစန်းကျန့်၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

"ဒီကောင်လေးက မထင်မှတ်ထားလောက်အောင် အစွမ်းထက်နေတယ်.. ငါတို့မြို့တော်ငါးခုရဲ့ လက်ရှိစွမ်းအားနဲ့ ဆိုရင် ရင်ဆိုင်ဖို့ မလွယ်ကူလောက်ဘူး"

ရှောင်ယန်ဝူက ထိတ်လန့်သော အမူအရာဖြင့် ပြောလိုက်သည်။

ကျန်းချန်က ဖုန်းရွှယ်ခွင်းကို အလွယ်တကူ အနိုင်ယူလိုက်သည်ကို မြင်လျှင် ရှောင်ယန်ဝူသည် ဤအချိန်တွင် ကျန်းချန်၏ရန်သူ လုပ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

သိထားရမည်မှာ ရှောင်တုလီသည် အင်ပါယာယန်၏ သွေးပါဝင်သည့် ရှောင်မိသားစု အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

သူနားလည်ထားသည့် ရှောင်တုလီ၏ စိတ်ဓာတ်အရ ဆိုလျှင် သူက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်သည်နှင့် ‌ရှောင်တုလီသည် ယန်ဒီမြို့ ပျက်စီးမည်ကို ထိုင်ကြည့်နေမည် မဟုတ်ပေ။

ဤအဘိုးကြီးတွေနှင့် ပူးပေါင်းပြီး ကျန်းချန်နှင့် ဆက်လက် ရန်ပြုနေခဲ့လျှင် ယန်ဒီမြို့တော်ကို အန္တရာယ်ဆီသို့ ဦးတည်စေမည် မဟုတ်ပါလား။

"ရှောင်ယန်ဝူ.. ငါတို့က မြို့တော်ငါးခုရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နေတဲ့အချိန်မှာ မင်းက သတ္တိကြောင်နေတာလား.. အစောပိုင်းက အမြည်းသဘောပဲ အဘိုးကြီးဖုန်း တိုက်ခိုက်ခဲ့တာပါ.. သူ့ရဲ့ နတ်သန္ဓေအင်ပါယာ ဆဋ္ဌမအဆင့် ခွန်အားနဲ့ဆိုရင် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအင်ကို ဟိုကောင်လေး ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး"

လဲ့ကျိခွမ်းက နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။

ဖုန်းရွှယ်ခွင်းသည် မြို့တော်ငါးမြို့၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် နှောင်းပိုင်း ကျင့်ကြံသူလည်း ဖြစ်၏။

ကျန်းချန်က အလယ်အလတ် ဓားနယ်မြေကို အားကိုး၍ ဖုန်းရွှယ်ခွင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု လဲ့ကျိခွမ်း မယုံကြည်ခဲ့ပေ။

လဲ့ကျိခွမ်း၏ စကားကိုကြားလျှင် ရှောင်ယန်ဝူသည် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်၏။

ဤအဘိုးကြီးအုပ်စုသည် ကျန်းချန်၏ အလယ်အလတ် ဓားနယ်မြေကို ကျန်းချန်၏ အကြီးမားဆုံးဝှက်ဖဲဟု အမှန်တကယ် ထင်မှတ်နေပုံရ၏။

စင်စစ် ကျန်းချန်သည် ဓားနယ်မြေအပြင် နောက်ထပ် နယ်မြေနှစ်ခုကိုလည်း ထိန်းချုပ်ထားသေးသည်။

အလယ်အလတ် နယ်မြေတစ်ခုနှင့် သာမန် နယ်မြေနှစ်ခုကို ပေါင်းစပ်ထားသည့် နယ်မြေသုံးခု ထပ်ဆင့်စွမ်းအားသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

ထို့အပြင် ထိုကောင်လေးတွင် အချိန်နှင့်အာကာသ ဓားနယ်မြေနှင့် ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ဟူသော တိုက်ကွက်များလည်း ရှိနေသေး၏။

ကျန်းချန်သာ ဝှက်ဖဲများကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်နှင့် ဖုန်းရွှယ်ခွင်း မယှဥ်နိုင်တော့မည်မှာ သေချာသလောက် ဖြစ်၏။

"ကျန်းချန် မင်းက ရှားယွမ်ဟောင်ကို ဖိနှိပ်ပြီး ရှန်းဝူတိုက်ကြီးရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်ထိုက်ပါပေတယ်"

လေထုထဲတွင် ဖုန်းရွှယ်ခွင်းနှင့် ကျန်းချန်တို့သည် တစ်ဦးကိုတစ်ဦး စူးရှစွာ စိုက်ကြည့်နေခဲ့ကြသည်။

"အဘိုးကြီး တိုက်မယ်ဆိုလည်း ခပ်မြန်မြန်တိုက်.. ဒီနေ့က ငါတို့ နန်းတော် တည်ထောင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်ပဲ.. မင်းတို့နဲ့ အချိန်ဖြုန်းဖို့ ငါစိတ်မပါဘူး"

ကျန်းချန်က လေထုထဲတွင် လက်ပိုက်၍ ရပ်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်းပြီလေ မင်းရဲ့ဆန္ဒအတိုင်း ဖြစ်စေရမယ်"

ဖုန်းရွှယ်ခွင်း၏ အမူအရာက ခက်ထန်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် သူ၏ အေးစက်စက် ကြုံးဝါးသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါ ဖုန်းရွှယ်ခွင်းက အရည်အချင်းမရှိပေမဲ့လည်း ရှန်းဖုန်းမြို့တော်ရဲ့ နတ်ဓားသုံးလက်ကျင့်စဥ်ကို ကံကောင်းထောက်မပြီး ရရှိခဲ့တယ်.. မင်းရဲ့ အလယ်အလတ်အဆင့် ဓားနယ်မြေက ငါ့ရဲ့ နတ်ဓားသိုင်းလက် တိုက်ကွက်ကို တားဆီးနိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"

ဖုန်းရွှယ်ခွင်း၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် ဖုန်းရွှယ်ခွင်း၏ လက်ဝါးထဲတွင် ရိုးရှင်းသော စိမ်းပြာရောင် ဓားရှည်တစ်လက်သည် ထွက်ပေါ်လာခဲ့သည်။

"ပထမဓားကွက်"

ဓားရှည်ကို ကိုင်ဆွဲထားသော ဖုန်းရွှယ်ခွင်း၏ ခန္ဓာကိုယ်တွင် အသက်စွမ်းအင်များသည် ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဖုန်းရွှယ်ခွင်း၏ ဓားရှည်ကနေ စိမ်းပြာရောင် ဓားအလင်းတန်း တစ်ခုသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့၏။

တစ်ခဏအတွင်းမှာပင် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် မီတာထောင်ချီ အချင်းဝက်အတွင်းရှိ တိမ်တိုက်များကိုပင် တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။

ထို့နောက်တွင် မီတာထောင်ချီ ကျယ်ပြန့်သော လေထုကို ချက်ချင်းဆိုသလို ဖြတ်ကျော်ကာ ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်တော့မည့် ကြောက်မက်ဖွယ်ကောင်းသောအင်အားဖြင့် ကျန်းချန်၏ ခေါင်းပေါ်သို့ ခုတ်ချလိုက်၏။

ဤအချိန်တွင် ကျန်းချန်သည် အမူအရာ မပြောင်းလဲသွားဘဲ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။

သူက အလယ်အလတ် ဓားနယ်မြေကို မီးလျှံနယ်မြေနှင့်ချက်ချင်းဆိုသလို ပေါင်းစပ်ကာ ဦးခေါင်းထက်တွင် နယ်မြေအတားအဆီး တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဖုန်းရွှယ်ခွင်း၏ ဓားချက်ကို တားဆီးလိုက်သည်။

"ဝုန်း.."

ဖုန်းရွှယ်ခွင်း၏ ဓားချက်က နယ်မြေ အတားအဆီးပေါ်သို့ ကျ‌ရောက်သွားပြီးနောက်တွင် ရုတ်တရက် ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့ပြီး စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားခဲ့သည်။

ခဏအကြာတွင် စွမ်းအင်လှိုင်းများသည် လေထဲတွင် ဖြည်းဖြည်းချင်း လွင့်စင် ပျောက်ကွယ်သွားခဲ့၏။

ကမ္ဘာကြီးကိုပင် ဖျက်ဆီးတော့မည်ဟု ထင်ရသည့် ဖုန်းရွှယ်ခွင်း၏ ဓားစွမ်းအင်သည် ကျန်းချန်၏ နယ်မြေအတားအဆီးကို မယိမ်းယိုင်စေခဲ့ကြောင်း လူတိုင်းသည် တအံ့တဩ တွေ့ရှိလိုက်ကြသည်။

"ဒုတိယမြောက်ဓားကွက်"

ဖုန်းရွှယ်ခွင်းက သူ၏ လက်ထဲမှ စိမ်းပြာရောင်ဓားရှည်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်ယံတွင် လေပြင်းမုန်တိုင်းများ တိုက်ခိုက်လာခဲ့ပြီး ထိုလေပြင်းမုန်တိုင်းများသည် ချက်ချင်းပင် တုနှိုင်းမဲ့ နတ်ဓားတစ်လက် အဖြစ်သို့ စုစည်းသွားခဲ့သည်။

ထို့နောက်တွင် ယခင်ကထက် ပိုမိုအားကောင်းသော ဓားချက်သည် လေထုကို ထိုးခွင်းကာ ကျန်းချန်ဆီသို့ ပြင်းထန်စွာ သက်ဆင်းလာခဲ့၏။

ကျန်းချန်က မိုးကြိုးနယ်မြေကို ထုတ်ဖော်လိုက်ပြီး သူ၏ ဦးခေါင်းအထက်ရှိ နယ်မြေ အတားအဆီးထဲသို့ ပေါင်းထည့်လိုက်သည်။

"ဝုန်း.."

နောက်ထပ် တုန်လှုပ်ဖွယ် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ဤတစ်ကြိမ်တွင်လည်း ဖုန်းရွှယ်ခွင်း၏ ကမ္ဘာကို ဖျက်ဆီးနိုင်သည့် စွမ်းအားများ ကိန်းအောင်းနေသည့် ဓားချက်သည် ကျန်းချန်၏ နယ်မြေအတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့သည်။

"နယ်မြေသုံးခု ထပ်ဆင့်စွမ်းအားပါလား.. ဒီကောင်လေးက နယ်မြေစွမ်းအားတွေကို ဒီလောက်တောင် နားလည်ထားတယ်လား"

ဤအချိန်တွင် ဖုန်းရွှယ်ခွင်းသည် စိတ်ထဲကနေ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

ထို့နောက်တွင် သူက အံကြိတ်ကာ ကျန်းချန်ကို အဝေးကနေ ထပ်မံ တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံတွင် မရေမတွက်နိုင်သော မုန်တိုင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ဓားရှည်တစ်လက်အဖြစ်သို့ စုစည်းသွားခဲ့သည်။

ထိုဓားရှည်က လေထုကို ထိုးခွင်းလိုက်ရာ မျက်စိဖြင့် မြင်နိုင်သော အက်ကြောင်းနက်ကြီးပင် ပေါ်ပေါက်လာခဲ့သည်။

ဤသည်က ကမ္ဘာကြီးကို ဓားဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။

"လေနယ်မြေ.. နယ်မြေလေးခု ထပ်ဆင့်စွမ်းအား"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး နယ်မြေလေးခု၏ စွမ်းအားကို ချက်ချင်းပင် ပေါင်းစည်းကာ ဖုန်းရွှယ်ခွင်း၏ ဓားချက်ကို ခုခံလိုက်သည်။

"ဝုန်း.."

ဖုန်းရွှယ်ခွင်း၏ နောက်ဆုံးဓားချက်သည် ကျန်းချန်၏ နယ်မြေ အတားအဆီးပေါ်သို့ ကျရောက်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်သော ဓားချက်နှင့်ရင်ဆိုင်ခဲ့ရသော်လည်း ကျန်းချန်၏ နယ်မြေလေးခုပေါင်းစည်းစွမ်းအားသည် ကျောက်ဆောင်ကျောက်သား ကဲ့သို့ ခိုင်မာစွာဖြင့် ဆက်လက် တည်ရှိနေဆဲပင်။

ဤသို့ဖြင့် ဖုန်းရွှယ်ခွင်း၏ နတ်ဓားသုံးလက် တိုက်ကွက်ကို ကျန်းချန်သည် လွယ်လွယ်ကူကူပင် တားဆီးနိုင်ခဲ့သည်။

ကျန်းချန်က ဖုန်းရွှယ်ခွင်းကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ မောက်မာသောအသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ဖုန်းရွှယ်ခွင်း...မင်းရဲ့ နတ်ဓားသုံးလက်တိုက်ကွက်က ဒီလောက်ပဲလား.. မင်းလို မြို့တော်ငါးမြို့ရဲ့ နံပါတ်တစ် ကျင့်ကြံသူက ဒီလောက်ပဲ အစွမ်းရှိမယ်လို့ မထင်ထားမိဘူး"

ကျန်းချန်၏ မောက်မာသော စကားသံကို ကြားလိုက်ရလျှင် တိုက်ပွဲကို ကြည့်ရှုနေသူ အားလုံးသည် မှင်တက်သွားခဲ့ကြသည်။

အထူးသဖြင့် ဖုန်းရွှယ်ခွင်း အနောက်ရှိ မြို့တော်လေးခု၏ ဘိုးဘေးလေးယောက်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

ရှန်းဖုန်းမြို့တော်၏ ဂုဏ်သိက္ခာ ကြီးမားသော ဘိုးဘေး ဖြစ်ပြီး မြို့တော်ငါးခု၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်သော ဖုန်းရွှယ်ခွင်းသည် ကျန်းချန်၏ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကျန်းချန်က နယ်မြေလေးခုရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့အပြင် အဲဒီအထဲမှာ ဓားနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေခဲ့ပြီ.. တိုက်ပွဲဝင်စွမ်းရည်အရဆိုရင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ဒါမှမဟုတ် အဲဒီထက်ပိုမြင့်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက် မလှုပ်ရှားသရွေ့ ဘယ်သူမှ သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး.. ငါတို့အားလုံး အတူတူကြိုးစားပြီး တိုက်ခိုက်ကြစို့.. ဒီလိုမှမဟုတ်ရင် ငါတို့ အဘိုးကြီးတွေအားလုံး ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်သွားလိမ့်မယ်"

လင်ချန်ယိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

သူ၏ အမူအရာက ယခင်ကထက်ပင် ပိုမို၍ လေးနက်လာခဲ့၏။

ကျန်းချန် တစ်ဦးတည်းကပင် သူတို့အတွက် အတော်လေး ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲမှ ကျင့်ကြံသူနှစ်ဦးဖြစ်သည့် ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီ တို့သာ တိုက်ပွဲထဲ ဝင်ရောက်လာခဲ့လျှင် သူတို့အနေဖြင့် အလွန်အမင်း အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့ အဘိုးကြီးငါးယောက်သည် ကျန်းချန်၏ လက်ချက်ဖြင့် အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု လင်ချန်ယို မမျှော်လင့်ထားခဲ့ပေ။

"မင်းရဲ့ နယ်မြေလေးခု ပူးပေါင်းစွမ်းအားက တကယ်ကို အစွမ်းထက်ပါပေတယ်.. ကျန်းချန် မင်းက ငါထင်ထားတာထက်ကို အဆများစွာ အစွမ်းထက်နေတာပဲ.. ငါ့ရဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ်ဖြစ်တဲ့ နတ်ဓားသုံးလက် ကျင့်စဥ်တောင် မင်းကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ နတ်ဆိုးဆန်ပါစေ.. ဒီနေ့ ငါ ဖုန်းရွှယ်ခွင်း မင်းကို သေချာပေါက် သတ်ပစ်မယ်"

ဖုန်းရွှယ်ခွင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ လက်ထဲတွင် စိမ်းပြာရောင်ဓားရှည် တစ်လက်သည် ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

အခန်း(၁၃၀၆)ပြီး၏။

အခန်း(၁၃၀၇)

"ဝုန်း.."

ဖုန်းရွှယ်ခွင်း၏ လက်ထဲတွင် စိမ်းပြာရောင် ဓားရှည်ထွက်ပေါ်လာသည်နှင့်အမျှ အားကောင်းသော ဓားစွမ်းအင်သည် ဓားရှည်ထိပ်ကနေ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။

မီတာထောင်ပေါင်းများစွာ အချင်းဝက်ရှိသည့် နေရာလွတ်တစ်ခုလုံးသည် စိမ်းပြာရောင်ဓားရှည်မှ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်ဖြင့် လွှမ်းမိုးခံလိုက်ရ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် အရှိန်အဝါသည် နတ်သန္ဓေအင်ပါယာများကိုပင် ဖိအားပေးနိုင်ခဲ့၏။

ဤအချိန်တွင် ကျန်းချန်နှင့် တခြားသော နတ်သန္ဓေအင်ပါယာများသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါကို ခံစားမိပြီး နှလုံးခုန်နှုန်းပင် မြန်လာခဲ့ကြသည်။

အောက်ဘက်ရှိ ရင်ပြင်ပေါ်မှ လူအများဆိုလျှင် ထိုဓားစွမ်းအင်၏ ဖိအားအောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေခဲ့ကြပြီး ဖုန်းရွှယ်ခွင်းကို ကိုးကွယ်လိုစိတ်ပင် အလိုအလျောက် ဖြစ်ပေါ်လာခဲ့ကြသည်။

"ဒါက ရှန်းဖုန်းမြို့တော်ရဲ့ နဝမအဆင့် ဧကရာဇ်လက်နက်ပဲ ဖြစ်ရမယ်"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။

"ရှန်းဖုန်းမြို့တော်ရဲ့ လေနတ်ဘုရားဓားပါလား"

လင်ချန်ယိုနှင့် တခြားသူများသည် ဖုန်းရွှယ်ခွင်း၏ လက်ထဲမှ စိမ်းပြာရောင်ဓားရှည်ကို ကြည့်ကာ ၎င်းတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"အဘိုးကြီးဖုန်းက ငါတို့ မြို့တော်ငါးခုရဲ့ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်ထိုက်ပါပေတယ်.. သူက ရှန်းဖုန်းမြို့ရဲ့ အထွတ်အထိပ်လက်နက် ဖြစ်တဲ့ လေနတ်ဘုရားဓားကိုတောင် ထိန်းချုပ်နိုင်ခဲ့ပြီ"

ဝူစန်းကျန့်က ဝမ်းသာအားရ ပြောဆိုလိုက်သည်။

ရှန်းဝူတိုက်ကြီးတွင် ကြယ်သုံးပွင့် အင်အားစုနှင့် ကြယ်လေးပွင့်အင်အားစုများသည်သာလျှင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများကို ပိုင်ဆိုင်ထားကြသည်။

အချို့သော ကြယ်သုံးပွင့် အထွတ်အထိပ် အင်အားစုများသည် ခွန်အားတစ်ခုတည်းဖြင့် ကြည့်လျှင် မြို့တော်ငါးခုထက် မနိမ့်ကျပေ။

သို့သော်လည်း ထိုကြယ်သုံးပွင့် အင်အားစုများ၏ နောက်ခံသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေများနှင့် လုံးဝ နှိုင်းယှဥ်၍ မရပေ။

ဆိုရလျှင် ကြယ်လေးပွင့် သူတော်စင် နယ်မြေများသည် အင်ပါယာအဆင့် ကျင့်ကြံသူနှင့် အင်ပါယာတစ်ပိုင်းအဆင့်ကျင့်ကြံသူများ ရှိခဲ့ဖူးသည့် နယ်မြေများ ဖြစ်ကြသည်။

ဥပမာအားဖြင့် မြို့တော်ငါးခုတွင် အင်ပါယာသွေးစွမ်းအား၊ ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ်များနှင့် နဝမအဆင့် ဧကရာဇ် လက်နက်များ ရှိကြသည်။

အထူးသဖြင့် နဝမအဆင့် ဧကရာဇ်လက်နက်များသည် အင်ပါယာအဆင့် ဘိုးဘေးများ ဖန်တီးထားသော လက်နက်များ ဖြစ်ကြသည်။

ထိုကဲ့သို့သော လက်နက်များသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်အောင် အားကောင်း၏။

သို့သော်လည်း နဝမအဆင့် ဧကရာဇ် လက်နက်များကို ထိန်းချုပ်ရန်ဆိုသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

ပုံမှန်အားဖြင့် မြို့တော်ငါးခုသည် ဤကဲ့သို့သော အစွမ်းထက်သည့် လက်နက်ကို ပိတ်ဆို့ထားလေ့ ရှိသည်။

၎င်းတို့က အထူးအခြေအနေတွင်သာ အသုံးပြုလေ့ရှိ၏။

ထိုသို့ အသုံးပြုရာတွင်လည်း ကျင့်ကြံသူများစွာ၏ အကူအညီဖြင့် ထိန်းချုပ်မှသာ ထိုကဲ့သို့သော အစွမ်းထက်လက်နက်များကို ထိန်းချုပ်နိုင်သည်။

ဆိုရလျှင် မြို့တော်ငါးခုသည် နောက်ဆုံးဝှက်ဖဲ အနေဖြင့်သာ ထိုကဲ့သို့သော အဆင့်အတန်းရှိ လက်နက်ကို အသုံးပြုလေ့ ရှိ၏။

ဖုန်းရွှယ်ခွင်းက ရှန်းဖုန်းမြို့တော်၏ လေနတ်ဘုရားဓားကို ထိန်းချုပ်ကာ တစ်ခါတည်း ယူဆောင်လာလိမ့်မည်ဟု ဝူစန်းကျန့် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဟားဟား.. နဝမအဆင့်ဧကရာဇ် လက်နက် ထွက်ပေါ်လာပြီဆိုတော့ ကျန်းချန် ဒီတစ်ခေါက်တော့ သေမှာမုချပဲ"

ထိုမြင်ကွင်းကို မြင်လျှင် လဲ့ကျိခွမ်းသည် အဆုံးသတ်၌ ကျေနပ်အားရသော အမူအရာဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။

ရှောင်ယန်ဝူကမူ ထုံးစံအတိုင်းပင် နှုတ်ဆိတ်၍သာ ရှိနေခဲ့၏။

နဝမအဆင့် ဧကရာဇ် လက်နက်သည် အလွန်တရာအားကောင်းသော်လည်း ကျန်းချန် ပိုင်ဆိုင်ထားသော ကိုယ်ခံပညာရပ်၏ အဆင့်အတန်းသည် ဧကရာဇ်အဆင့်ကိုပင် ကျော်လွန်နေသော ကိုယ်ခံပညာရပ် ဖြစ်သည်။

သူ့အထင် ဖုန်းရွှယ်ခွင်းသည် ကျန်းချန်ကို ဖိနှိပ်နိုင်မည်ဖြစ်သော်လည်း သတ်နိုင်မည်တော့ မဟုတ်ပေ။

"ကျန်းချန် သတိထား.. ဒါက ရှန်းဖုန်းမြို့တော်ရဲ့ လေနတ်ဘုရားဓားပဲ"

ရှောင်တုလီက ဖုန်းရွှယ်ခွင်း၏ လက်ထဲရှိ လေနတ်ဘုရားဓားကိုမြင်လျှင် ရုတ်တရက် အမူအအရာ ပြောင်းလဲသွားခဲ့သည်။

သူ၏နံဘေးရှိ ယဲ့ချန်ကျွင်း၏ မျက်နှာတွင်လည်း လေးနက်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ နှစ်ဦးစလုံးသည် ကျန်းချန်ကို ကူညီရန် အဆင်သင့် ဖြစ်နေခဲ့ကြ၏။

ထိုအချင်းအရာကိုမြင်လျှင် ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့.. သူက နဝမအဆင့် ဧကရာဇ်လက်နက်ကို အသုံးပြုရင်တောင် ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

နဝမအဆင့် ဧကရာဇ်လက်နက်သည် တကယ်ကို အားကောင်းလှ၏။

သူက နဝမအဆင့် ဧကရာဇ်လက်နက်နှင့် အဆင့် သိပ်မကွာသည့် အင်ပါယာတစ်ပိုင်း လက်နက်ကို အားကိုးကာ ကျိုးယို၏ ကြွင်းကျန်ရစ်သော ဝိညာဥ်တစ်မျှင်ကို ဖိနှိပ်ခဲ့ဖူးသည်။

သိထားရမည့်အချက်မှာ ဧကရာဇ်လက်နက်၏ စွမ်းအားကို အသုံးပြုလိုလျှင် လက်နက်ဝိညာဥ်၏ ခွင့်ပြုချက်ကို ရရှိမှသာ အပြည့်အဝထိန်းချုပ်နိုင်မည် ဖြစ်သည်။

သူ၏ ရှေ့မှ ဖုန်းရွှယ်ခွင်းသည် လေနတ်ဘုရားဓားကို ထိန်းချုပ်နိုင်သော်လည်း လေနတ်ဘုရားဓား၏ စွမ်းအားကို တစ်ဝက်မျှပင် ထုတ်ဖော်နိုင်မည် မဟုတ်ရာ သူ့ကို အဘယ်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။

"ငါက နှစ်ပေါင်းရာချီ ကျင့်ကြံခဲ့ပြီးနောက်မှာ လေနတ်ဘုရားဓားကို အနည်းအကျဥ်း ထိန်းချုပ်နိုင်ခဲ့တယ်.. ငါ့ရဲ့ လေနတ်ဘုရားဓားအောက်မှာ ပထမဆုံးသေရမဲ့လူ ဖြစ်မှာကို ဂုဏ်ယူလိုက်ပါ ကျန်းချန်"

အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ဖုန်းရွှယ်ခွင်းသည် ချက်ချင်းဆိုသလိုပင် လေနတ်ဘုရားဓားကို အစွမ်းကုန်လှုံ့ဆော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ဓားချက်ကို ထုတ်ဖော်ပြီးသည်နှင့် ဖုန်းရွှယ်ခွင်း၏ တစ်ကိုယ်လုံးသည် ခွန်အားများ ကုန်ဆုံးသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ၏ မျက်နှာတစ်ခုလုံးက ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ်က ယိုင်နဲ့ကာ လေထုထဲကနေ ပြုတ်ကျမလိုပင် ဖြစ်သွားခဲ့သည်။

"ဝုန်း.."

ဖုန်းရွှယ်ခွင်း၏ လေနတ်ဘုရားဓားချက်သည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် မီတာထောင်ချီ ရှိသော နေရာလွတ်ထဲသို့ ချက်ချင်းပင် ကျရောက်လာခဲ့သည်။

ထိုဓားချက်က လေထုထဲတွင် ဖြတ်သန်းသွားသည်မှာ ကမ္ဘာကြီးကို နှစ်ခြမ်း ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။

ကြောက်မက်ဖွယ်ဓားချက်က မီတာထောင်ချီ ရှိသည့် လေထုကို ဖြတ်ကျော်ကာ ကျန်းချန်ဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။

"တိမ်တိုက်ဝါးမျိုနည်းစနစ်"

ကျန်းချန်က လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်သို့ မြှင့်တင်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် သူ၏ လက်ထဲတွင် ချက်ချင်းဆိုသလို စုစည်းလာခဲ့သည်။

"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"

ကျန်းချန်၏ နှုတ်ကနေ အေးစက်စက် ကြုံးဝါးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဧရာမ အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ်သည် ကမ္ဘာကိုပင် ဖုံးလွှမ်းနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားနှင့်အတူ ဖုန်းရွှယ်ခွင်း၏ ဓားချက်ကိုဖိနှိပ်ရန် ရွေ့လျားသွားခဲ့သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ရာကောင်းသော အင်အားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး လေဟာနယ်သည်ပင် တုန်ခါသွားခဲ့သည်၊။

ထိပ်တိုက် ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအင် မုန်တိုင်းသည် လေထုကို ဆုတ်ဖြဲကာ ကမ္ဘာတစ်ခွင်ကို ချက်ချင်းပင် တိုက်ခတ်သွားခဲ့သည်။

လေထုထဲရှိ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများပင် ထိုစွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ဆုတ်လိုက်ကြရသည်။

အောက်ဘက်ရှိ ရင်ပြင်ပေါ်မှ ကျင့်ကြံသူများစွာကမူ ထိုစွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်များ တဆတ်ဆတ် တုန်ယင်သွားခဲ့ကြ၏။

အားနည်းသောသူများဆိုလျှင် သွေးများပင် အန်ထွက်ကုန်ကြသည်။

"ဘယ်သူအနိုင်ရသွားတာလဲ"

လူတိုင်းက တိုက်ပွဲဖြစ်ပွဲရာ နေရာသို့ စိတ်ဝင်တစားဖြင့် ငေးကြည့်နေခဲ့ကြသည်။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်တွင် အဆုံးသတ်၌ လေထုထဲတွင် အသံတစ်သံက ပဲ့တင်ထပ်လာခဲ့၏။

"ဖုန်းရွှယ်ခွင်း.. မင်းတို့ ရှန်းဖုန်းမြို့တော်ရဲ့ လေနတ်ဘုရားဓားက တကယ်ကို ကောင်းမွန်တဲ့ လက်နက်တစ်ခုပဲ.. မင်းသာ ဒီလက်နက်ကို အသေအချာ ထိန်းချုပ်နိုင်မယ်ဆိုရင် ငါ့ကိုသတ်ဖြတ်ဖို့ အခွင့်အရေးရနိုင်တယ်. ကံဆိုးစွာနဲ့ပဲ မင်းက လေနတ်ဘုရားဓားကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အရမ်းကို အလှမ်းဝေးနေခဲ့တယ်"

ထိုအသံ ပဲ့တင်ထပ်လာသည်နှင့်အမျှ လူတိုင်း၏ အကြည့်သည် အသံထွက်ပေါ်လာရာ ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုအခါ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်တစ်ယောက်ကို အားလုံးက မြင်လိုက်ရ၏။

ကျန်းချန်က အထိအခိုက်မရှိဘဲ ဝင့်ကြွားစွာ ရပ်နေသည်ကို မြင်လျှင် ရှောင်တုလီနှင့် ယဲ့ချန်ကျွင်းတို့သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းများကို ချလိုက်ကြ၏။

သူတို့၏ ဆန့်ကျင်ဘက်တွင်မူ လင်ချန်ယိုနှင့် တခြားသူများသည် ထိတ်လန့် တုန်လှုပ်နေခဲ့ကြပြီး တစ္ဆေသရဲကို မြင်တွေ့လိုက်ရသကဲ့သို့ပင် သူတို့ မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။

"ဖုန်းရွှယ်ခွင်းက လေနတ်ဘုရားဓားကို ထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့တာကိုတောင် ကျန်းချန်က တားဆီးနိုင်ခဲ့တယ်လား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကျန်းချန် ဆိုတဲ့ ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ"

နဝမအဆင့် ဧကရာဇ်လက်နက်ကိုပင် အသုံးပြုခဲ့သော ဖုန်းရွှယ်ခွင်းပင်လျှင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ သူတို့ထဲတွင် ကျန်းချန်ကို ယှဥ်နိုင်မည့်သူ မရှိတော့ပေ။

ဤအချိန်တွင် လင်းချန်ယို၏ မျက်နှာတစ်ခုလုံးသည် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး ရင်ထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့များ ပြည့်နှက်နေခဲ့သည်။

အခန်း(၁၃၀၇)ပြီး၏။

အခန်း(၁၃၀၈)

ပတ်ဝန်းကျင်ရှိ လူအားလုံးသည် ကျန်းချန်ကို အံ့ဩတုန်လှုပ်သောအမူအရာဖြင့် မှင်တက်ကာ ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာမှသာ ပြန်လည် အသိဝင်ခဲ့ကြသည်။

လူသားဧကရာဇ်နန်းတော်တွင် ခိုလှုံခဲ့ကြသည့် အင်အားစုအချို့သည် အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့ကြ၏။

သူတို့အားလုံး ထင်ခဲ့ကြသည်မှာ မြို့တော်ငါးခုမှ ဘိုးဘေးငါးပါး ရောက်ရှိလာပြီဖြစ်၍ လူသားဧကရာဇ်နန်းတော်သည်ယနေ့တွင် ပျက်သုဥ်းတော့မည် ဟူ၍ ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် သူတို့ မျှော်လင့်ထားသည်ထက်ကို လုံးဝ ကျော်လွန်သွားခဲ့၏။

ကျန်းချန်သည် မြို့တော်ငါးခု၏ ဘိုးဘေးနှစ်ပါးကို တစ်ဆက်တည်း အနိုင်ယူခဲ့ပြီး ရှန်းဖုန်းမြို့တော်၏ ဘိုးဘေးဖုန်းရွှယ်ခွင်း ဆိုလျှင် ဧကရာဇ်အဆင့် ကိုယ်ခံပညာရပ်ကို ထုတ်သုံးသည့်တိုင် အလွယ်တကူ အနိုင်ယူခံခဲ့ရ၏။

ထို့အပြင် ကျန်းချန်သည် နိဗ္ဗာန်မြို့တော်ကို သိမ်းပိုက်ခဲ့ပြီး လူသားဧကရာဇ်နန်းတော်အတွက် နတ်သန္ဓေအင်ပါနယ် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို စုစည်းနိုင်ခဲ့သည်။

ကျန်းချန် တည်ထောင်လိုက်သည့် လူသားဧကရာဇ်နန်းတော်သည် ကြယ်လေးပွင့် သူတော်စင်နယ်မြေ မဟုတ်သော်လည်း ကြယ်လေးပွင့် သူတော်စင်နယ်မြေထက်ပင် ပိုမို အားကောင်းနေပြီဖြစ်သည်။

ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခု ပူးပေါင်းစွမ်းအားပင်လျှင် လူသား ဧကရာဇ်နန်းတော်ကို ယှဥ်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်၏။

တစ်ဖက်တွင်လည်း လူသားဧကရာဇ်နန်းတော် ပျက်စီးသည်ကို ကြည့်ချင်နေကြသော သူတချို့သည် ယခုအချိန်တွင် မျက်နှာများ ဖြူဖျော့နေခဲ့ကြပြီ ဖြစ်သည်။

ဤတိုက်ပွဲပြီးဆုံးပြီးနောက်တွင် ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့သည် ကျန်းချန်ကို ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။

လူသားဧကရာဇ် နန်းတော်သည် သူတော်စင်မြို့တော် ငါးမြို့နှင့် တန်းတူပင် ထိပ်တန်းအင်အားစုတစ်စု ဖြစ်လာတော့မည် ဖြစ်သည်။

ကျန်းချန်က လက်နှစ်ဖက် နောက်ပစ်ကာ လေထုထဲတွင် ဟန်ပါပါ ရပ်နေခဲ့သည်။

သူက လေဟာနယ်၏ အစိတ်အပိုင်း တစ်နေရာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ အေးစက်စက် ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

"ဖုန်းရွှယ်ခွင်း နေရာလွတ် အက်ကြောင်းထဲကနေ ထွက်ပြေးတာနဲ့ လွတ်မြောက်မယ်လို့များ ထင်နေလား.. မင်းကိုယ်တိုင်ထွက်လာမလား ဒါမှမဟုတ် ငါမင်းကို ဆွဲထုတ်ရမလား"

ကျန်းချန်၏စကားသံ အဆုံးသတ်သည်နှင့် လေဟာနယ်တွင် ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် စိမ်းပြာရောင် ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသော ပုံရိပ်တစ်ခုသည် လေဟာနယ်ထဲရှိ နေရာလွတ်ကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

"ဖုန်းရွှယ်ခွင်းပါလား"

ထိုပုံရိပ်ကို မြင်လိုက်ရလျှင် လူတိုင်းသည် အသက်ရှုရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ဖုန်းရွှယ်ခွင်းသည် ဝိညာဥ်အခြေအနေဖြင့် သူတို့ ရှေ့တွင် ပေါ်လာခဲ့၏။

အစောပိုင်းက ကောင်းကင်ကိုပင် လွှမ်းခြုံထားသည့် ဖျက်ဆီးခြင်း မုန်တိုင်းအောက်တွင် ဖုန်းရွှယ်ခွင်း၏ ခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့ပြီး ဝိညာဥ်သည်သာလျှင် လေဟာနယ်ထဲကို ထွက်ပြေးနိုင်ခဲ့ကာ အသက်ရှင် ကျန်ရစ်ခဲ့သည်မှာ ထင်ရှားနေသည်။

"ကျန်းချန် မင်းဒီတိုက်ပွဲကို အနိုင်ရတယ်.. ငါတို့တွေကြားက တိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြရအောင်.. ငါတို့မြို့တော်ငါးခုအနေနဲ့ ဖမ်းဆီးမိန့်တွေကို ပြန်လည်ရုတ်သိမ်းပြီး လူသားဧကရာဇ်နန်းတော်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပေးဖို့ ဆန္ဒရှိတယ်.. အခုအချိန်ကစပြီး ငါတို့နဲ့ လူသားဧကရာဇ်နန်းတော်ကြားမှာ ဘာပြဿနာမှမရှိတော့ဘူး.. မင်းဘယ်လိုသဘောရလဲ"

"မင်းက ဆက်လက်တိုက်ပွဲဝင်ချင်တယ် ဆိုရင်တော့ ငါတို့မြို့တော်ငါးခုက ရှန်းဝူတိုက်ကြီးမှာ နှစ်ပေါင်းထောင်ချီသမိုင်းကြောင်း ရှိခဲ့တယ်ဆိုတာ မမေ့ပါနဲ့.. ငါတို့က ဘယ်သူမဆို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ သူတွေ မဟုတ်ဘူး"

ဖုန်းရွှယ်ခွင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်ကို မယှဥ်နိုင်တော့သည့်အခါတွင် ဖုန်းရွှယ်ခွင်းသည် ညှိနှိုင်းမှုကိုသာ ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။

ယခုအခါတွင် ကျန်းချန်၏ လူသားဧကရာဇ် နန်းတော်သည် အလွန်ပင် အင်အားကြီးမားနေပြီး မြို့တော်ငါးခုပင် ဖိနှိပ်ရန် ခက်ခဲသော အနေအထားသို့ ရောက်ရှိနေချေပြီ။

သူတို့သာ ယနေ့တွင် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေလျှင် သူတို့ အဘိုးကြီးငါးယောက်သည် ဤနေရာက ထွက်သွားရန်ပင် ခက်ခဲသွားလိမ့်မည် ဖြစ်၏။

သူတို့ တစ်စုံတစ်ရာ ဖြစ်ပျက်သွားလျှင် မြို့တော်ငါးမြို့၏ အင်အားသည် လုံးဝကို ကျဆင်းသွားလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်သို့ ရောက်လျှင် ပြိုင်ဘက်အင်အားစု အချို့သည် သူတို့ မြို့တော်ငါးမြို့၏ အာဏာကို လုယူရန် လှုပ်ရှားလာကြမည်မှာ သေချာ၏။

အနည်းငယ် မဆင်မခြင် ပြုလုပ်မိသည်နှင့် မြို့တော်ငါးမြို့သည် အမှန်တကယ်ပင် ပြန်လည် ပြုပြင်၍ မရနိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

"ဟားဟား မင်းတို့မြို့တော်ငါးခုက ငါတို့ ဆရာတပည့်ကို ဖမ်းမိန့်ထုတ်ပြီး ငါနဲ့ပတ်သက်တဲ့ မိတ်ဆွေတွေကို ဒုက္ခပေးခဲ့တယ်.. အခုတော့လည်း မင်းတို့က စကားတစ်ခွန်းတည်းနဲ့တိုက်ပွဲကို ရပ်ချင်နေခဲ့ပြန်ပြီ.. ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုး မင်းတို့ကို ဘာလို့ပေးရမှာလဲ.. ဒါ့အပြင် ငါကျန်းချန်က ဒီနေ့ လူသားဧကရာဇ် နန်းတော်ကို တည်ထောင်တာ မင်းတို့ မြို့တော်ငါးမြို့ရဲ့ အသိအမှတ်ပြုမှုကို ဘာလို့လိုအပ်ရဦးမှာလဲ.. အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့ အဘိုးကြီး.. မင်းတို့တွေ အားလုံး ဒီနေ့ လူသားဧကရာဇ်နန်းတော်ကို လာရဲမှတော့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့"

ကျန်းချန်က သွေးအေးစွာ ပြုံး၍ ပြောလိုက်သည်။

သူက မြို့တော်ငါးခုနှင့် ရင်ဆိုင်ရာတွင် အလျှော့ပေးရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။

လက်ရှိတွင် သူနှင့် မြို့တော်ငါးခု၏ ဆက်ဆံရေးသည် ဘယ်လိုမှ မပြီးဆုံးနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ချေပြီ။

မြို့တော်ငါးခုတွင် အသန်မာဆုံး သူများသည် သူ့ရှေ့တွင် ရှိနေသည့် ဘိုးဘေးငါးပါး ဖြစ်သည်။

ထိုအဘိုးကြီးငါးယောက် မရှိသည်နှင့် မြို့တော်ငါးခုသည် လူသားဧကရာဇ် နန်းတော်ကို မည်သို့မှ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်တော့ပေ။

ထို့ကြောင့် နောင်အနာဂတ်တွင် ပြဿနာမဖြစ်စေရန် ကျန်းချန်သည် ထိုအဘိုးကြီး ငါးယောက်ကို ရှင်းပစ်ရလိမ့်မည်မဟုတ်ပါလား။

"ကျန်းချန် မင်းသိပ်ပြီး နိုင်ထက်စီးနင်း လာမလုပ်နဲ့"

ကျန်းချန်၏ စကားကိုကြားလျှင် ဖုန်းရွှယ်ခွင်းက ချက်ချင်းပင် ထိတ်လန့်သွားခဲ့ပြီး မျက်နှာအသွင်အပြင်က အကျည်းတန်သွားခဲ့သည်။

သူက ရှန်းဖုန်းမြို့တော်၏ဘိုးဘေး ဖြစ်ပြီး မြို့တော်ငါးခု၏ နံပါတ်တစ် ကျင့်ကြံသူလည်း ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူ့ကို ရိုသေ လေးစားခဲ့ကြ၏။

သူကဲ့သို့သော ပုဂ္ဂိုလ်က ကျန်းချန်နှင့် ငြိမ်းချမ်း‌ရေးစကား ဆွေးနွေးခဲ့သော်လည်း ကျန်းချန်က ပယ်ချခဲ့သည်။

ကျုံးကျိုးကုန်းမြေတွင် ရာစုနှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သော ကာလတစ်လျှောက် ဤကဲ့သို့ အရှက်ရစရာဖြစ်ရပ်မျိုး ဖုန်းရွှယ်ခွင်း တစ်ခါမှ မကြုံဖူးပေ။

"ရယ်စရာပဲ မင်းတို့ မြို့တော်ငါးခုကပဲ ငါ့ကို အရင်ဆုံး ဖမ်းမိန့်ထုတ်ခဲ့တယ်.. အခုလည်း ငါ့ရဲ့ လူသားဧကရာဇ်နန်းတော် တည်ထောင်တဲ့နေ့မှာ ငါ့ရဲ့နန်းတော်ထိ လာပြီး ပြဿနာရှာရဲတယ်.. ဒါတောင် မင်းတို့က ငါ့ကို နိုင်ထက်စီးနင်း လုပ်တယ်လို့ ပြောရဲတယ်လား"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ခပ်ထေ့ထေ့ ပြောလိုက်သည်။

"ငါမင်းတို့ကို အနိုင်ကျင့်ချင်တော့ရော မင်းတို့ ဘာတတ်နိုင်မှာမို့လဲ"

"ကောင်းပြီလေ ကျန်းချန်.. ငါဖုန်းရွှယ်ခွင်း ဒီနေ့ သေရမယ်ဆိုရင်တောင် မင်းအနေနဲ့ ကြီးလေးတဲ့အဖိုးအခကို ပေးဆပ်စေရမယ်"

ထို့နောက်တွင် ဖုန်းရွှယ်ခွင်း၏ နှုတ်ကနေ ကြောက်မက်ဖွယ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အားလုံးပဲ အတူတူပူးပေါင်းပြီး ဒီကောင်လေးကို သတ်ပစ်ကြ"

"ဝုန်း..."

ဖုန်းရွှယ်ခွင်း၏ ကျယ်လောင်သော ကြုံးဝါးသံ အဆုံးသတ်သည်နှင့် လင်ချန်ယို၊ ဝူစန်းကျန့်၊ လဲ့ကျိခွမ်းတို့၏ အရှိန်အဝါသည် တစ်ပြိုင်နက်တည်း အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့သည်။

"နန်းတော်သခင်ကို ထိပါးရဲရင် ငါယဲ့ချန်ကျွင်း သဘောတူမတူ အရင်မေးရမယ်.. သတ်စမ်း"

ယဲ့ချန်ကျွင်းက သွေးအေးစွာရေရွတ်လိုက်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် အရှိန်အဝါသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက်တွင် သူက သူ၏ နောက်လိုက်များဖြစ်သည့် နတ်သန္ဓေအင်ပါယာများကို ဦးဆောင်ကာ လင်ချန်ယိုတို့ သုံးဦးကို တိုက်ခိုက်ခဲ့သည်။

ဤအချိန်တွင် ရှောင်တုလီသည်လည်း ထီမထင်သောအမူအရာဖြင့် ရှေ့သို့ တက်လှမ်းလာခဲ့သည်။

ထို့နောက်တွင် ရှောင်တုလီ၏ ခန္ဓာကိုယ်ကနေ နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် အရှိန်အဝါသည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်လာခဲ့၏။

ယဲ့ချန်ကျွင်းက လင်မိသားစုဘိုးဘေး လင်ချန်ယိုကို တိုက်ခိုက်ခဲ့ရာ တိုက်ကွက် နှစ်ကွက်၊သုံးကွက်ဖြင့်ပင် လင်ချန်ယိုက နောက်ဆုတ်သွားခဲ့ရသည်။

ရှောင်တုလီနှင့် ဝူစန်းကျန့်တို့ကြားရှိ တိုက်ပွဲကမူ နှစ်ဖက်စလုံးသည် တိုက်ပွဲဝင် စွမ်းရည်များ ဘက်ညီနေခဲ့ကြ၏။

ကျန်းချန်၏ လက်ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော လဲ့ကျိခွမ်းသည်လည်း နတ်သန္ဓေအင်ပါယာ ဆယ်ပါးကျော်၏ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် အန္တရာယ်ပိုမို များပြားလာခဲ့သည်။

လင်ချန်ယိုတို့ သုံးဦးက ယဲ့ချန်ကျွင်းနှင့် အခြားသူများလက်ချက်ကြောင့် ချက်ချင်းဆိုသလို အောက်စည်းသို့ ရောက်ရှိသွားသည်ကို မြင်လျှင် ဖုန်းရွှယ်ခွင်း၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။

သူတို့လူစုထဲတွင် ရှောင်ယန်ဝူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိသကဲ့သို့ ငူငူငိုင်ငိုင်ကြီး မတ်တပ်ရပ်နေခဲ့၏။

"ကျန်းချန် မင်းငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ"

ဖုန်းရွှယ်ခွင်း၏ မျက်နှာထက်တွင် ရုတ်တရက် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ဆန်းကြယ်သော ဝိညာဥ်မီးလျှံများသည် သူ၏ ဝိညာဥ်ခန္ဓာကိုယ်ကို ရုတ်တရက် လောင်ကျွမ်းသွားခဲ့သည်။

"ဝိညာဥ်ကို မီးရှို့ပြီး စွမ်းအားကို လှုံ့ဆော်လိုက်တာလား"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက ဖုန်းရွှယ်ခွင်း၏ အပြင်းထန်ဆုံးဓားချက်ကိုပင် အစောပိုင်းက ရင်ဆိုင်နိုင်ခဲ့သည်။

သို့ဖြစ်ရာ ဝိညာဥ်ကို မီးရှို့ပြီး လှုံ့ဆော်လိုက်သည့် ဓားချက်ကို အဘယ်ကဲ့သို့ ကြောက်ရပါမည်နည်း။

"သတ်"

ဖုန်းရွှယ်ခွင်းက သူ၏ ဝိညာဥ်စွမ်းအားကို မီးရှို့လိုက်ပြီး လေနတ်ဘုရားဓားကို တစ်ဖန် ထုတ်ဖော်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ကျန်းချန်ကို ခုတ်ချလိုက်သည်။

"ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်၍ ဖုန်းရွှယ်ခွင်းကို ဖိနှိပ်လိုက်သည်။

ဖုန်းရွှယ်ခွင်း၏ ဝိညာဥ်စွမ်းအားများ ပါဝင်သောဓားသည် ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ စွမ်းအင်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးခံလိုက်ရ၏။

ထို့နောက်တွင် ထွင်းဖောက်မြင်နေရလောက်သည် အထိ ကြည်လင်နေသော ဖုန်းရွှယ်ခွင်း၏ ဝိညာဥ်သည် ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကြောင့် ချက်ချင်းဆိုသလိုပျက်စီးသွားခဲ့သည်။

ဖုန်းရွှယ်ခွင်း၏ ဝိညာဥ်က ကျန်းချန်၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်ကို မြင်လျှင် လင်ချန်ယိုတို့ သုံးဦးစလုံးသည် ခန္ဓာကိုယ်ထဲရှိ အင်္ဂါ အစိတ်အပိုင်းများ အေးခဲသွားသလို ခံစားလိုက်ရပြီး အသက်ရှူကြပ်မတတ်ပင် ဖြစ်သွားခဲ့သည်။

"ဖုန်းရွှယ်ခွင်းက ဒီလိုပဲသေသွားပြီလား"

သူတော်စင်မြို့တော်ငါးမြို့၏ အသန်မာဆုံး ကျင့်ကြံသူသည် ကျန်းချန်၏ လက်ထဲတွင် သေဆုံးသွားခဲ့ချေပြီ။

"ကျန်းချန်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ"

အခန်း(၁၃၀၈)ပြီး၏။

All Chapters