← Chapters

အခန်း (၁၃၁၂-၁၃၁၄)

Vol. 88 Ch. 1312-1314

အခန်း (၁၃၁၂-၁၃၁၄)

Vol. 88 Ch. 1312-1314

အခန်း(၁၃၁၂)

(၁၀)မိနစ်ခန့်အကြာတွင် ယွဲ့စစ်ယွင်သည် လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူတစ်ဦး၏ ခေါ်ဆောင်လာမှုဖြင့် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်က အချိန်မဆွဲဘဲ တိုက်ရိုက်ပင် မေးလိုက်၏။

"စစ်ယွင်..မင်း ငါ့ကို လာရှာတာ ချင်းရွှယ်များ တစ်ခုခု ဖြစ်နေလို့လား"

ယွဲ့စစ်ယွင်က အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးကျန်းချန်.. အစ်မမုန့်မှာ တကယ်ပဲ ပြဿနာတချို့ရှိနေတယ်"

"ငါထင်ထားတဲ့အတိုင်း ချင်းရွှယ် ပြဿနာ ဖြစ်နေတာကိုး"

ကျန်းချန်၏ အကြည့်က ရုတ်တရက် စူးရှသွားခဲ့ပြီး ယွဲ့စစ်ယွင်ကို ပြောလိုက်သည်။

"ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့တာလည်း ဆိုတာ ငါ့ကို သေသေချာချာလေး ရှင်းပြပါ"

"အစ်မချင်းရွှယ်က စန်းယွဲ့ သူတော်စင်နယ်မြေကို ရောက်တဲ့အချိန်ကစပြီး သူမရဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ကြောင့် စန်းယွဲ့သူတော်စင်နယ်မြေရဲ့ အကြီးအကဲတွေရဲ့ အလွန်အမင်း အလေးအနက်ထားခြင်းကို ခံခဲ့ရတယ်.. စန်းယွဲ့သူတော်စင်နယ်မြေက အစ်မချင်းရွှယ်ကို အကောင်းမွန်ဆုံး အရင်းအမြစ်တွေနဲ့ ပံ့ပိုးပေးပြီး အသေအချာ လေ့ကျင့်ပေးခဲ့တယ်.. ဒါပေမဲ့ ဟောင်ထျန်း သူတော်စင်နယ်မြေမှာ ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းဖွင့်တော့မယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့နောက်မှာတော့ ကိစ္စတချို့ ဖြစ်ပွားခဲ့တယ်"

ယွဲ့စစ်ယွင်၏ စကားကို ကြားလျှင် ကျန်းချန်က အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။

"ချင်းရွှယ်ရဲ့ကိစ္စက ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုချင်တာလား"

သိထားရမည်မှာ မုန့်ချင်းရွှယ်ကို ယွဲ့ချန်ယင် ခေါ်လာခဲ့စဥ်က မုန့်ချင်းရွှယ်သည် သိုင်းသခင်နယ်ပယ် အစောပိုင်း ကျင့်ကြံခြင်း အဆင့်တွင်သာ ရှိသေးသည်။

မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာ ခန္ဓာကိုယ်ဖြင့် ဆိုလျှင် စန်းယွဲ့သူတော်စင်နယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် သေချာပေါက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာလိမ့်မည် ဖြစ်၏။

သို့ရာတွင် မည်သို့ပင်ဖြစ်စေ မုန့်ချင်းရွှယ်သည် စန်းယွဲ့သူတော်စင် နယ်မြေသို့ ရောက်သည်မှာ မကြာသေးပေ။

ဆိတ်ငြိမ်နယ်မြေတွင် ယွဲ့စစ်ယွင်နှင့် တွေ့စဥ်က ယွဲ့စစ်ယွင်သည် မုန့်ချင်းရွှယ်၏ ကျင့်ကြံခြင်းအဆင့်က သိုင်းသခင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီဟု ပြောဆိုခဲ့သည်ကို သူမှတ်မိသေးသည်။

သူ့အနေဖြင့် ဆိတ်ငြိမ်နယ်မြေကို ဝင်ရောက်ခဲ့သည်မှာ လအနည်းငယ်သာ ကြာသေးသည်။

ဤကဲ့သို့ တိုတောင်းသည့် အချိန်အတွင်း မုန့်ချင်းရွှယ်သည် သိုင်းသခင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကနေ နတ်သန္ဓေ အင်ပါယာအဆင့်ကို ထိုးဖောက်ရန် ဘယ်လိုမှမဖြစ်နိုင်ပေ။

ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းသည် အသက်(၁၀၀)အောက် နတ်သန္ဓေအင်ပါယာများသာ ဝင်ရောက်ခွင့်ရှိသည်။

ထို့ကြောင့် မုန့်ချင်းရွှယ်က ရှေးဟောင်း ကြယ်တာရာကောင်းကင်လမ်း ဖွင့်လှစ်ခြင်းနှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိနေသလဲ ဆိုသည်ကို ကျန်းချန် အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့၏။

ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း ဖွင့်လှစ်တော့မဲ့ သတင်း ထွက်ပေါ်လာပြီးနောက်မှာ လျှို့ဝှက်နယ်မြေရှစ်ခုမှာ ရှိတဲ့ သူတော်စင်သားတော်တွေ အားလုံးက လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေခဲ့ကြတယ်.. သူတို့တွေက ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းကို ဝင်ရောက်ဖို့အတွက် သူတို့ရဲ့ ခွန်အားတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်မဲ့ နည်းလမ်း အားလုံးကို စတင်လုပ်ဆောင်ခဲ့ကြတယ်.. သူတို့ထဲက သူရိန်နယ်မြေရဲ့ သူတော်စင်သားတော် ယန်‌ယောင်က အစ်မချင်းရွှယ်ရဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို သဘောကျခဲ့တယ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူရိန်နယ်မြေရဲ့ လူတွေကို ခေါ်လာပြီး အစ်မချင်းရွှယ် အတွက် စန်းယွဲ့သူတော်စင် နယ်မြေဆီ ရောက်လာခဲ့တယ်"

ထိုစကားကို ပြောနေသည့် ယွဲ့စစ်ယွင်၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သူရိန်နယ်မြေက စန်းယွဲ့ သူတော်စင်နယ်မြေကို ဘယ်လိုမျိုးမက်လုံးတွေ ပေးလိုက်သလဲတော့ ကျွန်မမသိဘူး.. စန်းယွဲ့သူတော်စင်နယ်မြေရဲ့ အကြီးအကဲတွေက အစ်မချင်းရွှယ်ကို ယန်ယောင်ဆီ ပေးဖို့ ရည်ရွယ်ချက် ရှိနေခဲ့တယ်"

"ဒါဆို စန်းယွဲ့သူတော်စင်နယ်မြေက ချင်းရွှယ်ကို သူရိန်နယ်မြေက ယန်ယောင်ဆီ ရောင်းစားလိုက်တဲ့သဘောပေါ့"

ယွဲ့စစ်ယွင်ထံမှ စကားကိုကြားလျှင် ကျန်းချန်၏ တစ်ကိုယ်လုံး၌ ရုတ်တရက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

လနတ်ကြမ္မာ ခန္ဓာကိုယ်သည် တချို့သော ကျင့်ကြံသူများအတွက် သေလုမတတ် ဆွဲဆောင်မှုရှိမှန်း ကျန်းချန်သည် မည်သူ့ထက်မဆို ကောင်းစွာသိ၏။

မုန့်ချင်းရွှယ်ကို ကြယ်လေးပွင့်အဆင့် သူတော်စင်နယ်မြေ ဖြစ်သည့် စန်းယွဲ့သူတော်စင် နယ်မြေမှ အင်အားကြီးမားသောကျင့်ကြံသူ တစ်ယောက်က ခေါ်ဆောင်သွားခဲ့၍ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်မလာနိုင်ဟု မူလက သူထင်ထားခဲ့သည်။

သို့သော်လည်း စန်းယွဲ့ သူတော်စင်နယ်မြေသည် ၎င်းတို့၏ အကျိုးစီးပွား အတွက် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်ကို ရောင်းစားလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

"အရှင်မင်းသား.. သူရိန်နယ်မြေနဲ့ ပတ်သက်ပြီး ကျွန်တော်သိထားတဲ့ ကိစ္စတချို့ရှိတယ်.. သူရိန်နယ်မြေဆီမှာ လျှို့ဝှက်နည်းစနစ်တစ်ခုရှိတယ်.. အဲဒီနည်းစနစ်က အထူးခန္ဓာကိုယ်တွေကို အသုံးပြုပြီး ကျင့်ကြံသူရဲ့ သွေးစွမ်းအား အရည်အသွေးကို မြှင့်တင်နိုင်တဲ့ နည်းစနစ်ပဲ.. သူရိန်နယ်မြေရဲ့ သူတော်စင်သားတော် ဆီမှာ ဒီအကြံအစည်ရှိဖို့ ရာခိုင်နှုန်းအရမ်းများတယ်"

ထိုအချိန်တွင် နံဘေးတွင်ရှိနေသည့် ယဲ့ချန်ကျွင်းက အေးစက်စက် ပြောလိုက်သည်။

"အမှန်ပဲ.. သူရိမ်နယ်မြေက သူတော်စင်သားတော် ယန်ယောင်ရဲ့ အင်ပါယာ သွေးစွမ်းအားက ကြယ်ရှစ်ပွင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ကြယ်ကိုးပွင့်အဆင့်ကို‌ ရောက်ဖို့အတွက် ခြေတစ်လှမ်းလောက်ပဲ လိုအပ်တော့တယ်"

ယွဲ့စစ်ယွင်က လေးနက်စွာ ပြောလိုက်သည်။

"သူက အစ်မချင်းရွှယ်ရဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အသုံးပြုပြီး သူ့ရဲ့အင်ပါယာ သွေးစွမ်းအား အရည်အသွေးကို ကြယ်ကိုးပွင့်အထိ မြှင့်တင်ချင်နေတာ အသေအချာပဲ"

"ဟမ့်.. စန်းယွဲ့သူတော်စင်နယ်မြေက ဘာမို့လို့လဲ.. သူရိန်နယ်မြေက သူတော်စင်သားတော်ဆိုတဲ့ ကောင်ကများ ငါ ကျန်းချန်ရဲ့ လူကို ထိရဲတယ်.. ငါကျန်းချန် ရှိနေသရွေ့ ဘယ်သူက ချင်းရွှယ်ရဲ့ ဆံချည်တစ်မျှင်ကို ထိရဲမလဲ ဆိုတာ ကြည့်ရသေးတာပေ့ါ"

ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူက ရှောင်တုလီကို ချက်ချင်းပင် ပြောလိုက်၏။

"ဆရာ.. လူသားဧကရာဇ် နန်းတော်ကို ဆရာ့ရဲ့ လက်ထဲ လွှဲအပ်ခဲ့မယ်.. ကျွန်တော်က စန်းယွဲ့ သူတော်စင်နယ်မြေဆီ အခုချက်ချင်းသွားမှ ဖြစ်တော့မယ်"

ထိုစကားကို ကြားလျှင် ရှောင်တုလီက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"လျှို့ဝှက်နယ်မြေရှစ်ခုထဲက တစ်ခုဖြစ်တဲ့ စန်းယွဲ့ သူတော်စင်နယ်မြေက မြို့တော်ငါးခုထက် အများကြီး အစွမ်းထက်တယ်.. မင်းတစ်ယောက်တည်း သွားရတာ တကယ်ပဲအဆင်ပြေရဲ့လား"

"ဆရာ ဒီအတွက်တော့ စိတ်ချပါ"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။

"ကျွန်တော့်ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ဒီရှန်းဝူတိုက်ကြီးမှာ ကျွန်တော်နဲ့ ယှဥ်နိုင်တဲ့သူ သိပ်မရှိတော့ပါဘူး"

ထိုအချိန်တွင် ယဲ့ချန်ကျွင်းသည် ရွှေရောင်တံဆိပ်ပြား တစ်ခုကို ရုတ်တရက် ထုတ်ယူကာ ကျန်းချန်ကို ပေးလိုက်သည်။

"အရှင်မင်းသား.. စန်းယွဲ့သူတော်စင် နယ်မြေကိုသွားရင် ဒီပစ္စည်းကို ယူသွားလိုက်ပါ"

ကျန်းချန်က ရွှေရောင် တံဆိပ်ပြားထံကနေ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိလိုက်သည်။

ချက်ချင်းပင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ယဲ့ချန်ကျွင်းကို မေးခွန်းထုတ်လိုက်သည်။

"ဒါက ဘာပစ္စည်းလဲ ချန်ကျွင်း"

"ဒီတံဆိပ်ပြားက နိဗ္ဗာန်မြို့တော်ရဲ့ အရင်သခင် နိဗ္ဗာန်မြို့တော်ကနေ ထွက်ခွာသွားစဥ်က ထားခဲ့တဲ့ တံဆိပ်ပြားပါ.. မဖြေရှင်းနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရင် ဒီတံဆိပ်ပြားကို ချေဖျက်လိုက်တာနဲ့ သူအမြန်ဆုံး ရောက်လာလိမ့်မယ်.. အဲဒီ အဘိုးကြီးက ကမ္ဘာပေါ်မှာ အသက်ရှိသေးလား မသိတဲ့ အတွက် ဒီရွှေရောင်တံဆိပ်ပြားက အသုံးဝင်သေးလားတော့ ကျွန်တော်လည်းမသိဘူး.. ဒါပေမဲ့ ဒီတံဆိပ်ပြားပေါ်မှာ အဲဒီအဘိုးကြီးရဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်.. အနည်းဆုံးတော့ ဒါက လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူတချို့ကို ခြိမ်းခြောက်နိုင်လိမ့်မယ်"

ယဲ့ချန်ကျွင်းက ပြုံး၍ ပြောလိုက်သည်။

နိဗ္ဗာန်မြို့တော်၏ နောက်ဆုံးသခင် ယဲ့ထျန်းကျီသည် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ကတည်းကပင် အထွတ်အထိပ်နတ်သန္ဓေ အင်ပါယာစာရင်း၌ ထိပ်ဆုံး(၃၀)စာရင်းတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ယခုအခါတွင် နှစ်ပေါင်း(၅၀၀)ကြာသွားခဲ့ပြီ ဖြစ်၏။

ယဲ့ထျန်းကျီ၏ အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းမှ အဆင့်က မပြောင်းလဲသေးသလို ပျောက်ကွယ်သွားခြင်းလည်း မရှိခဲ့ပေ။

ထို့ကြောင့် ယဲ့ထျန်းကျီသည် ကမ္ဘာပေါ်တွင် အသက်ရှင်နိုင်ရန် အလားအလာ အလွန်များသည်ဟု ဆိုရပေမည်။

လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ခန့်က အထွတ်အထိပ်နတ်သန္ဓေ အင်ပါယာစာရင်း၏ ထိပ်ဆုံး(၃၀)စာရင်းတွင် ပါဝင်ခဲ့သော ယဲ့ထျန်းကျီသည် ယခုထိ အသက်ရှင်နေခဲ့လျှင် မည်မျှပင် အစွမ်းထက်နေမည်မှာ ခန့်မှန်း၍ပင် မရလောက်ပေ။

ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ဤကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးကို လျှို့ဝှက်နယ်မြေရှစ်ခုရှိ မည်သို့သော ကျင့်ကြံသူကမှ အလွယ်တကူ စော်ကားရဲမည်မဟုတ်ချေ။

ထို့ကြောင့် ယဲ့ထျန်းကျီ ထားရစ်ခဲ့သော တံဆိပ်ပြားကို ယူဆောင်သွားခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ သူ့အတွက် လုံခြုံရေး အကာအကွယ် တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

ထို့နောက်တွင် ကျန်းချန်က ရှောင်တုလီနှင့် ယဲ့ချန်ကျွင်း တို့ကို နှုတ်ဆက်ကာ ယွဲ့စစ်ယွင်နှင့်အတူ လူသားဧကရာဇ် နန်းတော်ကနေ အလျင်အမြန် ထွက်ခွာလာခဲ့ပြီး စန်းယွဲ့သူတော်စင် နယ်မြေ ဆီသို့ ခရီးနှင်ခဲ့သည်။

စန်းယွဲ့သူတော်စင်နယ်မြေသည် ကျုံးကျိုးကုန်းမြေ၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး လူသားဧကရာဇ် နန်းတော် တည်ရှိရာ မြောက်ပိုင်း ကမ်းရိုးတန်းဒေသကနေ မိုင်ပေါင်း သန်းရာနှင့်ချီ ကွာဝေးသည်။

ကျန်းချန်တို့နှစ်ဦးက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကနေ တစ်ဆင့် စန်းယွဲ့သူတော်စင် နယ်မြေနှင့် အနီးစပ်ဆုံးမြို့တော် ဖြစ်သည့် ထျန်းယွဲ့ မြို့တော်သို့ တည်နေရာရွှေ့ပြောင်းခဲ့သည်။

ထို့နောက်တွင် ယွဲ့စစ်ယွင်၏ လမ်းညွှန်မှုဖြင့် ကျန်းချန်သည် ထျန်းယွဲ့မြို့တော်၏ တောင်ဘက်ဆီသို့ ပျံသန်းခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် သူတို့နှစ်ဦးစလုံးသည် အဆုံးသတ်၌ တောင်တန်းတစ်ခု ပေါ်တွင် ရပ်တန့်လိုက်ကြ၏။

"အစ်ကိုကြီးကျန်းချန်.. ဒီနေရာပဲ"

ထိုစကားကို ပြောပြီးနောက်တွင် ယွဲ့စစ်ယွင်က စန်းယွဲ့သူတော်စင်နယ်မြေ၏ သင်္ကေတပါရှိသည့် ငွေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ကာ သူမ အရှေ့ရှိ လေထုထဲကို ပစ်ပေါက်လိုက်သည်။

ငွေရောင်တံဆိပ်ပြားက လေထုထဲတွင် ချက်ချင်းပင် နစ်ဝင်သွားခဲ့ပြီး ထူးဆန်းသော အာကာပြင်လှိုင်း တစ်ခုသည် ထိုနေရာကနေ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။

ခဏအကြာတွင် မီတာ(၁၀၀) အရွယ်အစားရှိသည့် အာကာပြင်ဝဲဂယက် တစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။

အခန်း(၁၃၁၂)ပြီး၏။

အခန်း(၁၃၁၃)

"အစ်ကိုကြီးကျန်းချန် ကျွန်မတို့ဝင်ကြရအောင်"

ယွဲ့စစ်ယွင်က ငွေရောင်တံဆိပ်ပြားကို သိမ်းလိုက်ကာ အာကာပြင်ဝဲဂယက်ထဲကို ဦးဆောင်၍ ဝင်ရောက်သွားခဲ့သည်။

ကျန်းချန်ကလည်း တွေဝေမနေပဲ အနောက်ကနေ ချက်ချင်းဆိုသလို လိုက်ဝင်ခဲ့၏။

အာကာပြင်ဝဲဂယက်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျန်းချန်သည် သူ၏ ရှေ့တွင် ပန်းများ ပွင့်နေသကဲ့သို့ ခံစားလိုက်ရပြီး ကမ္ဘာသစ်တစ်ခုသည် သူ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ရှန်းဝူတိုက်ကြီး၏ လျှို့ဝှက်နယ်မြေ ရှစ်ခုအနက် တစ်ခု ဖြစ်သည့် စန်းယွဲ့သူတော်စင်နယ်မြေ တည်ရှိရာ နေရာသည် အားကောင်းသော အင်ပါယာမှ ဖန်တီးထားသည့် သီးခြားကမ္ဘာတစ်ခု ဖြစ်သည်။

ဤနေရာသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူနှင့် နှိုင်းယှဥ်၍ မရသော်လည်း ယန်ဒီမြို့ထက် များစွာ ပို၍ ကျယ်ဝန်း၏။

ထို့နောက်တွင် ကျန်းချန်၏ အကြည့်သည် မီတာ၁၀၀၀ အကွာရှိ တောင်တစ်လုံးပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနေရာတွင် ဂိတ်တံခါးတစ်ခု ရှိနေပြီး မရေမတွက်နိုင်သော စွမ်းအားများက လွှမ်းခြုံထား၏။

ထို့အပြင် ထောင်ပေါင်းများစွာသော အရှိန်အဝါများ၊ အားကောင်းသော အသက်ဓာတ်များသည် မြူများ အဖြစ် စုဖွဲ့နေပြီး လျှို့ဝှက်ဆန်းကြယ်သော လစွမ်းအားသည် တောက်ပစွာ လင်းလက်နေခဲ့သည်။

ကျန်းချန်က ထိုနေရာကနေ အင်ပါယာအဆင့် ကျင့်ကြံသူ၏ စိတ်ဆန္ဒ ဥပဒေသကိုပင် ခပ်‌ရေးရေး ခံစားမိခဲ့သည်။

"ရှန်းဝူတိုက်ကြီးရဲ့ လျှို့ဝှက်နယ်မြေ ဆိုတဲ့ ဂုဏ်သတင်းနဲ့ထိုက်တန်ပါပေတယ်"

စန်းယွဲ့ သူတော်စင်နယ်မြေ၏ အခြေအနေကို ကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒေါင်.."

ကျန်းချန်က စန်းယွဲ့သူတော်စင် နယ်မြေကို အကဲခတ်နေစဥ်မှာပင် စန်းယွဲ့ သူတော်စင်နယ်မြေ၏ အတွင်းပိုင်းကနေ ခေါင်းလောင်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုကြီးကျန်းချန်.. ဒီခေါင်းလောင်းသံ အရဆိုရင် စန်းယွဲ့သူတော်စင်နယ်မြေမှာ ကိစ္စတစ်ခု ကြီးကြီးမားမား ဖြစ်နေပြီထင်တယ်.. ကျွန်မတို့ သွားကြည့်ကြရအောင်"

ခေါင်းလောင်းသံကိုကြားလျှင် ယွဲ့စစ်ယွင်၏ လှပသော မျက်နှာလေးသည် အနည်းငယ် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမက ကျန်းချန်ကို စန်းယွဲ့သူတော်စင် နယ်မြေ ဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့၏။

သူတို့နှစ်ဦးက စန်းယွဲ့သူတော်စင်နယ်မြေ၏ ဂိတ်တံခါးဆီသို့ ရောက်လာသောအခါ ရှေးဟောင်းအင်ပါယာ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် ကျန်းချန် ကယ်ဆယ်ခဲ့သော ယွဲ့စစ်ချင်းသည် စိုးရိမ်တကြီး အမူအရာဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ခဲ့ရသည်။

"စစ်ယွင်.. သခင်လေးကျန်း ရှင်တို့တွေ ရောက်လာပြီလား"

သူမ၏ မြင်ကွင်းထဲသို့ ကျန်းချန်တို့ နှစ်ဦးစလုံး ပေါ်လာသည်ကို မြင်လျှင် ယွဲ့စစ်ချင်းသည် အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။

ယွဲ့စစ်ယွင်က စိုးရိမ်တကြီး မေးလိုက်၏။

"အစ်မ ခုနက ခေါင်းလောင်းသံကို ကြားလိုက်ရတယ်.. စန်းယွဲ့သူတော်စင်နယ်မြေမှာ ဘာတွေဖြစ်ပျက်ခဲ့သေးလဲ"

"သူရိန်နယ်မြေက သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်ရဲ့ ဒဏ်ရာကို ကုသပေးဖို့နဲ့ နတ်သန္ဓေ အင်ပါယာနယ်ပယ် စတုတ္ထအဆင့်ကို ထိုးဖောက်ဖို့အတွက် ကူညီပေးမယ်လို့ သိရတယ်.. ဒီအတွက် သူတို့ရဲ့ တောင်းဆိုမှုက မုန့်ချင်းရွှယ်ကို သူရိန်နယ်မြေဆီ လွှဲပေးဖို့ပဲ.. အစ်မမုန့်ရဲ့ဆရာ အကြီးအကဲချန်ယင်က ဒီကိစ္စကို လုံးဝ သဘောမတူတဲ့ အတွက် အခုဆိုရင် အခြေအတင် ဖြစ်နေကြပြီ"

ယွဲ့စစ်ချင်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"ကိစ္စက ဒီလိုကိုး.. စန်းယွဲ့ သူတော်စင်နယ်မြေက အစ်မ မုန့်ချင်းရွှယ်ကို သူရိန်နယ်မြေဆီ လွှဲအပ်ဖို့ ဆုံးဖြတ်လိုက်တာ ဘာမှအံ့သြစရာ မရှိတော့ဘူး"

ယွဲ့စစ်ယွင်က ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ပါးစပ်ကနေ တီးတိုးရေရွတ်လိုက်သည်။

မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စန်းယွဲ့ သူတော်စင်နယ်မြေ၏ အမြင်တွင် သူမသည် အပြင်လူတစ်ဦးသာ ဖြစ်သည်၊။

စန်းယွဲ့ သူတော်စင်နယ်မြေမှ သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်သည် ကြယ်ရှစ်ပွင့် အင်ပါယာ သွေးစွမ်းအားကို နိုးထနိုင်ခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်သည်။

မုန့်ချင်းရွှယ်ကို သူရိန်နယ်မြေဆီ ပေးအပ်၍ စန်းယွဲ့သူတော်စင်နယ်မြေ၏ သူတော်စင် သမီးတော်ကို ကယ်တင်နိုင်မည် ဆိုလျှင် ထိုအလဲအလှယ်သည် စန်းယွဲ့သူတော်စင်နယ်မြေမှ အကြီးအကဲများ၏ အမြင်တွင် အလွန်ပင် တန်ဖိုးရှိနေမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"ဟမ့်.. ငါကျန်းချန်ရဲ့လူက စန်းယွဲ့ သူတော်စင်နယ်မြေ စိတ်ကြိုက် အလဲအလှယ် လုပ်လို့ရတဲ့ ပစ္စည်းတစ်ခု မဟုတ်ဘူး"

ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ငါ့မျက်စိရှေ့မှာ မုန့်ချင်းရွှယ်ရဲ့ ဆံချည်တစ်မျှင်ကို ဘယ်သူထိရဲမလဲ ဆိုတာ ကြည့်ချင်သေးတယ်"

"အစ်ကိုကြီးကျန်းချန် အချိန်မရှိတော့ဘူး မြန်မြန်ဝင်ကြရအောင်"

ယွဲ့စစ်ယွင်က ကျန်းချန်ကို စန်းယွဲ့သူတော်စင်နယ်မြေ ထဲသို့ ခေါ်သွားရန် ပြင်လိုက်သည်။

ထိုအချင်းအရာကိုမြင်လျှင် ယွဲ့စစ်ချင်းသည် အလျင်အမြန်ပင် တားဆီး၍ ပြောလိုက်သည်။

"စစ်ယွင်.. သခင်လေးကျန်းချန်ကို ငါပဲ ခေါ်သွားလိုက်မယ် မင်းက စန်းယွဲ့ သူတော်စင်နယ်မြေကနေ အခုချက်ချင်း ထွက်သွားလိုက်.. ဘယ်တော့မှ ဒီကိုပြန်မလာနဲ့"

ယနေ့တွင် သူတို့ ညီအစ်မနှစ်ယောက်သည် ကျန်းချန်ကို စန်းယွဲ့ သူတော်စင်နယ်မြေဆီသို့ ခေါ်ဆောင်လာခဲ့လျှင် စန်းယွဲ့သူတော်စင်နယ်မြေ၌ သူမတို့ အတွက် နေရာရှိမည် မဟုတ်တော့ပေ။

သူမ၏ အသက်ကို ကျန်းချန်က ကယ်တင်ခဲ့ခြင်းဖြစ်၍ ကျန်းချန်အတွက် သေရလျှင်ပင် နောင်တရခြင်း မရှိသော်လည်း ယွဲ့စစ်ချင်းသည် ဤကိစ္စတွင် သူမ၏ ညီမလေးကို မပါဝင်စေချင်ခဲ့ပေ။

"မင်းတို့နှစ်ယောက်လုံး မလိုက်ခဲ့နဲ့.. ငါတစ်ယောက်တည်း သွားလို့ရပါတယ်.. တကယ်လို့ မင်းတို့မှာ သွားစရာမရှိဘူးဆိုရင် လူသားဧကရာဇ်နန်းတော်ကို သွားလိုက်ပါ"

ကျန်းချန်က သူမတို့ နှစ်ယောက်ကို ပြောလိုက်ပြီးနောက်တွင် စကားပြန်ပြောရန်ပင် အခွင့်အရေးမပေးဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတို့၏ မျက်စိရှေ့ကနေ တစ္ဆေကဲ့သို့ ရိပ်ခနဲပျောက်ကွယ်သွားခဲ့သည်။

မြင့်မားသော တောင်ကြီးတစ်လုံးသည် မြေပြင်ကနေ တိုးထွက်နေပြီး‌ တောင်ထိပ်သည် အလွန်ပင် ကျယ်ပြန့်ကာ လရောင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုကျယ်ပြန့်သော တောင်ထိပ်ပေါ်တွင် အဆောက်အအုံများ အစီအရီ ရှိနေကြသည်။

ထို့အပြင် အလွန်ကြီးမားသည့် ရင်ပြင်တစ်ခုလည်း ရှိ၏။

ထိုရင်ပြင်ကို ပင်လယ်နှင့်လ၏ သင်္ကေတများ ထွင်းထုထားပြီး အဖြူရောင် ကျောက်စိမ်းဖြင့် ခင်းထားသည်။

ယခုအခါတွင် ရင်ပြင်ပတ်ပတ်လည်၌ လူပေါင်းများစွာ မတ်တပ် ရပ်နေကြ၏။

သူတို့၏ အကြည့် အားလုံးသည် ရင်ပြင်၏ အလယ်ဗဟိုသို့ ‌ရောက်ရှိနေကြသည်။

ရင်ပြင်၏ အလယ်တွင် စန်းယွဲ့သူတော်စင် နယ်မြေ၏ ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် ဓားရှည်တစ်လက်ကို ကိုင်စွဲကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူမက လှပသော မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သူမ၏ ပိုးသားကဲ့သို့ ပျော့ပျောင်းသော ဆံနွယ်ရှည်များသည် ရေတံခွန်ကဲ့သို့ ပုခုံးထက်ကနေ တွဲကျနေခဲ့သည်။

သူမ၏ အသားအရေ ခရစ္စတယ်ကဲ့သို့ ကြည်လင်တောက်ပနေပြီး အလင်း‌ရောင်များပင် ထွက်ပေါ်နေခဲ့၏။

ထိုအမျိုးသမီး၏ ဘေးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့သည်။

သူမသည်လည်း နတ်သမီးတစ်ပါးကဲ့သို့ ချောမောပြီး ပြစ်မျိုးမှဲ့မထင်သော အလှအပကို ပိုင်ဆိုင်ထားသည်။

"ယွဲ့ချန်ယင် မင်းဘာလို့ ဒီလောက်ထိ ခါးခါးသီးသီး ဖြစ်နေရတာလဲ.. စန်းယွဲ့သူတော်စင်နယ်မြေရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို မင်းနားလည်သင့်တယ်"

ထိုအချိန်တွင် ပိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ခပ်ဆိုးဆိုး အမျိုးသမီး တစ်ဦးက ယွဲ့ချန်ယင်ကို ပြောဆိုလိုက်သည်။

ထိုအချိန်တွင် ယွဲ့ချန်ယင်၏ မျက်နှာထက်တွင် အေးစက်စက်အမူအရာတစ်ခုရှိနေခဲ့သည်။

"ငါ့တစ်သက်လုံး လိပ်ပြာမလုံရမဲ့ကိစ္စမျိုး ငါဘယ်တော့မှ မလုပ်ဘူး.. ငါ့ရဲ့တပည့်ကို သူရိန်နယ်မြေဆီ လွှဲပေးချင်တယ် ဆိုရင် ငါ့ရဲ့အလောင်းပေါ်မှာ နင်းလျှောက်သွားမှပဲ ဖြစ်နိုင်လိမ့်မယ်"

"ယွဲ့ချန်ယင်.. စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ တပည့်တွေက စန်းယွဲ့ သူတော်စင်နယ်မြေကိုသာ အရေးအကြီးဆုံးအရာအဖြစ် သဘောထားသင့်တယ်ဆိုတာ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းသိသင့်တယ်.. စန်းယွဲ့သူတော်စင်နယ်မြေရဲ့ တပည့်တစ်ဦး အနေနဲ့ မုန့်ချင်းရွှယ်က စန်းယွဲ့သူတော်စင်နယ်မြေ အတွက် သူရိန်နယ်မြေဆီ လိုက်သွားသင့်တယ်.. မုန့်ချင်းရွှယ်လောက်ကို မပြောနဲ့.. စန်းယွဲ့ သူတော်စင်နယ်မြေအတွက် ဆိုရင် မင်းနဲ့ငါပါ အချိန်မ‌ရွေး ပေးဆပ်ဖို့ အသင့်ရှိနေရမယ်"

ပိုးဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက ဖြောင့်မတ်မှန်ကန်သော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ယွဲ့ချန်ယင်က အေးစက်စက် ခနဲ့လိုက်သည်။

"ယွဲ့ချန်ကျင်း.. နင်ငါ့ရှေ့မှာ ဖြောင့်မတ်ပြီး လေးစားစရာကောင်းတဲ့ အသွင်အပြင် ဟန်ဆောင်မနေနဲ့.. ငါ ယွဲ့ချန်ရင်ရဲ့တပည့်က မင်းစိတ်ကြိုက် လဲလှယ်လို့ရတဲ့ ပစ္စည်းမဟုတ်ဘူး"

"ဆရာလက်လျှော့လိုက်ပါ.. ဆရာတစ်ယောက်တည်းနဲ့ စန်းယွဲ့သူတော်စင်နယ်မြေကို ယှဥ်နိုင်မှာမဟုတ်လောက်ဘူး.. အချည်းနှီး အသေမခံပါနဲ့.. ကျွန်မအတွက် အလဟဿ အသေခံဖို့ မလိုပါဘူး"

မုန့်ချင်းရွှယ်က ညင်သာစွာ ပြုံး၍ပြောလိုက်သည်။

"ချင်းရွှယ်မှာ ဆရာ့ကို တောင်းဆိုစရာတစ်ခုတော့ ရှိတယ် အကယ်၍ ကျန်းချန်လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့ရင် ကျွန်မကိုယ်စား ပြောပြပေးပါ.. ချင်းရွှယ်က ဒီဘဝမှာ သူနဲ့ ထပ်မတွေ့ရတော့မှာကို စိုးရိမ်မိတယ်လို့ ပြောပြပေးပါ"

"ဝုန်း.."

မုန့်ချင်းရွှယ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော အာကာပြင် လှိုင်းတစ်ခုသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး၏ ပုံရိပ်သည် ထိုလေထုထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် မုန့်ချင်းရွှယ်နှင့် အလွန်ရင်းနှီးသော အသံတစ်သံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။

"ချင်းရွှယ် မင်းပြောစရာရှိရင် ကိုယ်တိုင်ပဲ ပြောပါ.. ဘာကြောင့် တစ်ခြားတစ်ယောက်ကို ခိုင်းရမှာလဲ.. မင်းက ငါကျန်းချန်ရဲ့လူပဲ.. ငါ့ ခွင့်ပြုချက်မရှိဘဲ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မင်းကို ငါ့ဆီကနေ ခေါ်သွားနိုင်မှာ မဟုတ်ဘူး"

မုန့်ချင်းရွှယ်၏ လှပသော မျက်လုံးလေးများသည် ထိုအချိန်တွင် ရုတ်တရက် ကျယ်ဝန်းသွားခဲ့သည်။

သူမ၏ အလွန်လှပသော မျက်နှာလေးထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင် တစ်ခု ပေါ်ပေါက်လာခဲ့၏။

ခဏအကြာတွင် မုန့်ချင်းရွှယ်သည် စိုးရိမ်တကြီးဖြင့် ကူကယ်ရာမဲ့စွာ အော်ဟစ် ပြောဆိုလိုက်သည်။

"ကျန်းချန် ရှင်ဘာလို့ စန်းယွဲ့သူတော်စင်နယ်မြေကို လိုက်လာရတာလဲ"

အခန်း(၁၃၁၃)ပြီး၏။

အခန်း(၁၃၁၄)

"မင်းက ငါ့ရဲ့လူပဲ.. တခြားသူတွေ မင်းကို‌ ခေါ်သွားမှာ ငါဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး"

ကျန်းချန်သည် နှစ်အနည်းငယ်ကြာ မတွေ့ရသော ရင်သပ်ရှုမောဖွယ် လှပသည့် ပုံရိပ်လေးကို ကြည့်ရင်း မျက်လုံးထဲတွင် နူးညံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။၊

ထိုစကားကိုကြားလျှင် မုန့်ချင်းရွှယ်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးတွင် ရှက်သွေး အနည်းငယ် ဖြာသွားခဲ့သည်။

သူမက စိုးရိမ်တကြီး လေသံဖြင့် ချက်ချင်းပင် ပြောလိုက်၏။

"ဒါက စန်းယွဲ့သူတော်စင် နယ်မြေပဲ.. ရှင်ရမ်းကားလို့မဖြစ်ဘူး"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်၏။

"စန်းယွဲ့ သူတော်စင်နယ်မြေက ဘာမို့လို့လဲ.. ငါမင်းကို ခေါ်သွားချင်တယ်ဆိုရင် ဘယ်သူမှ ငါ့ကို တားဆီးလို့မရဘူး"

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် နံဘေးရှိ ယွဲ့ချန်ယင်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

"အကြီးအကဲချန်ယင်.. အကြီးအကဲက အဆုံးမဲ့ပင်လယ်မှာ ချင်းရွှယ်ကို ကယ်တင်ပေးခဲ့တဲ့အပြင် စန်းယွဲ့သူတော်စင်နယ်မြေဆီ ခေါ်လာပြီး လေ့ကျင့်ပေးခဲ့တယ်.. ချင်းရွှယ်ကို အများကြီး ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျန်းချန်က ကျေးဇူးတင်ပါတယ်"

"ကောင်းမွန်တဲ့ ကံကြမ္မာကြောင့် ချင်းရွှယ်နဲ့ ဆုံစည်းနိုင်ခဲ့တယ်.. ဒါပေမဲ့ စန်းယွဲ့ သူတော်စင်နယ်မြေမှာ ငါရဲ့စကားက အရာ မရောက်တဲ့အတွက် ငါ့တပည့်ရဲ့ လုံခြုံရေးကို မကာကွယ်နိုင်ခဲ့တာတော့ ဝမ်းနည်းစရာပဲ"

ယွဲ့ချန်ယင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူမ၏ လှပသော မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ချင်းရွှယ်ကို အမြန်ခေါ်သွားလိုက်.. ငါခုခံထားပေးမယ်"

ယွဲ့ချန်ယင်၏ အမြင်အရ ကျန်းချန်သည် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်ဖြစ်သည့် သူမထက်ပင် မနိမ့်ကျမှန်း မြင်နိုင်ရန် မခက်ခဲ‌ပေ။

သူမသာ ကျန်းချန်အတွက် အချိန်ဆွဲပေးနိုင်လျှင် ကျန်းချန်သည် စန်းယွဲ့ သူတော်စင်နယ်မြေကနေ ချင်းရွှယ်ကို ခေါ်ထုတ်သွားနိုင်လောက်၏။

သူမ ဆရာ၏စကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

"ဆရာ.. သွားမယ်ဆိုရင် ကျွန်မတို့ အတူတူပဲ သွားကြမယ်.. ကျွန်မ ဆရာ့ကို တစ်ယောက်တည်း ထားခဲ့မှာမဟုတ်ဘူး"

"ဘယ်သူမှ နေရစ်ခဲ့စရာ မလိုပါဘူး.. မင်းတို့နှစ်ယောက်စလုံး ဘေးကနေပဲ အေးဆေးကြည့်နေပါ.. ဒါမှမဟုတ်ရင်လည်း အတူတူထွက်သွားလို့ရတယ် ငါချင်းရွှယ်ကို ခေါ်သွားချင်တယ်ဆိုမှတော့ သူတို့တွေ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က မောက်မာစွာ ပြောလိုက်သည်။

သူ၏အမူအရာက အလွန်ပင် အေးအေးဆေး‌ဆေး ဖြစ်နေခဲ့သည်။

ကျန်းချန်တို့ သုံးဦး၏ ပြောစကားများကိုကြားလျှင် ပိုးဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီး ယွဲ့ချန်ကျင်း၏ မျက်နှာသည် အလွန်ပင် သုန်မှုန်သွားခဲ့သည်။

သူမက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ကောင်လေး မင်းက ဘယ်သူလဲ.. ဘာလို့ ငါတို့စန်းယွဲ့သူတော်စင်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာလဲ"

သူမရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စန်းယွဲ့သူတော်စင်နယ်မြေထဲကို သူမတို့ပင် သတိမထားမိသောအချိန်၌ ကျူးကျော်ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က ယွဲ့ချန်ကျင်းကို တည်ငြိမ်စွာ ကြည့်လိုက်၏။

"ငါက မုန့်ချင်းရွှယ်ကို စန်းယွဲ့သူတော်စင် နယ်မြေကနေ ပြန်ခေါ်သွားဖို့ လာခဲ့တာပဲ"

"မုန့်ချင်းရွှယ်က ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ တပည့်ပဲ.. မင်းခေါ်ချင်တိုင်း ခေါ်သွားလို့မရဘူး"

ယွဲ့ချန်ကျင်း၏ မျက်နှာအမူအရာက အေးစက်သွားခဲ့သည်။

"ကောင်လေး.. ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေမှာ ရမ်းကားရဲတယ်.. မင်းအသက်မရှင်ချင်တော့ဘူးလား"

ယခုအခါတွင် သူရိန်နယ်မြေသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်ကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ကူညီပေးခဲ့ပြီးပြီ ဖြစ်သည်။

ထိုအတွက်ကြောင့် သူရိန်နယ်မြေနှင့် သဘောတူညီချက်အရ မုန့်ချင်းရွှယ်ကို သူရိန်နယ်မြေ ဆီသို့ လွှဲပေးရပေတော့မည်။

ထိုကောင်လေးက မုန့်ချင်းရွှယ်ကို ခေါ်သွားလျှင် သူတို့အနေဖြင့် သူရိန်နယ်မြေကို မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။

"မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေက ချင်းရွှယ်ကို တပည့်အဖြစ် လက်ခံဖို့ မထိုက်တန်ဘူး.. အခုအချိန်ကစပြီး ချင်းရွှယ်က မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေက တပည့်မဟုတ်တော့ဘူး.. ငါတို့ လူသားဧကရာဇ်နန်းတော်ရဲ့ အဖွဲ့ဝင် ဖြစ်သွားပြီ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

"သူ မင်းတို့ဂိုဏ်းမှာ ဆက်နေမလား၊ ထွက်မလား ဆိုတာ ငါဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.. မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေအနေနဲ့ ဝင်စွက်ဖက်ခွင့်မရှိဘူး"

"လူသားဧကရာဇ်နန်းတော်လား.. ဒီကောင်လေးက ကျန်းချန်များလား"

ယွဲ့ချန်ကျင်းသည် ကျန်းချန်၏ စကားကိုကြားလျှင် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မင်း..မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင်ကျန်းချန်လား"

"ဘယ်လို.. ဒီကောင်လေးက လူသားဧကရာဇ် နန်းတော်ရဲ့ အရှင်သခင် ကျန်းချန်.. ဟုတ်လား.. ဒါဆို ကျုံးကျိုးကုန်းမြေတိုက်ကြီးမှာ မကြာသေးခင်က နာမည် တစ်ဟုန်ထိုး ကျော်ကြားလာတဲ့ ကျင့်ကြံသူက သူပေါ့"

ယွဲ့ချန်ကျင်း၏ စကားကိုကြားလျှင် ရင်ပြင်ပေါ်ရှိ စန်းယွဲ့ သူတော်စင်နယ်မြေမှ လူအားလုံးသည် ခန္ဓာကိုယ်များ တောင့်တင်းသွားကြပြီး စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

တစ်ခဏအတွင်းမှာပင် ကြီးမားသော ရင်ပြင်ကြီးသည် တစပြင်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

စန်းယွဲ့ သူတော်စင်နယ်မြေသည် လျှို့ဝှက်နယ်မြေ ရှစ်ခုထဲမှတစ်ခု ဖြစ်သော်လည်း ကျုံးကျိုးကုန်းမြေတွင် ဖြစ်ပွားခဲ့သည့် အဓိက အဖြစ်အပျက်များကို ကောင်းစွာ သိရှိထား၏။

မကြာသေးခင်က ကျုံးကျိုးကုန်းမြေတွင် ဂယက်ရိုက်ခတ်ခဲ့ပြီး လျှို့ဝှက်နယ်မြေ ရှစ်ခုကိုပင် တုန်လှုပ်စေခဲ့သည့် ပုဂ္ဂိုလ်အကြောင်းကို ပြောရမည်ဆိုလျှင် သူ့ရှေ့မှ ပုဂ္ဂိုလ်ကိုသာ ပြောရပေလိမ့်မည်။

ကျန်းချန် ဆိုသည်မှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်က ရွှယ်ပင်းနန်းတော်ကို ချေမှုန်းခဲ့ပြီး နိဗ္ဗာန်မြို့တော်ကို သိမ်းပိုက်ခဲ့သည့်အပြင် ကျုံးကျိုးကုန်းမြေရှိ မြို့တော်ငါးခုကိုပင် ဖိနှိပ်ခဲ့သည့် စစ်နတ်ဘုရားတစ်ပါး ဆိုလည်း မမှားပေ။

ကျုံးကျိုးကုန်းမြေ၏ နံပါတ်တစ် အင်အားစုဖြစ်သော ဟောင်ထျန်း သူတော်စင်နယ်မြေမှ သူတော်စင်သားတော် ရှားယွမ်ဟောင်၏ ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်းမှ ထိပ်ဆုံးနေရာကိုပင် လုယူခဲ့သူ ဖြစ်သည်။

ထို့အပြင် အထွတ်အထိပ် နတ်သန္ဓေ အင်ပါယာစာရင်းတွင်လည်း အဆင့်(၇၈) နေရာတွင် ရပ်တည်နေပြီး လျှို့ဝှက်နယ်မြေရှစ်ခု၏ စီနီယာမျိုးဆက်များနှင့် သိပ်မကွာတော့ပေ။

ကျုံးကျိုးကုန်းမြေတွင် ကြယ်တံခွန်လို ထွန်းတောက်လာခဲ့ပြီး လျှို့ဝှက်နယ်မြေ ရှစ်ခုကိုပင် အံ့ဩတုန်လှုပ်စေခဲ့သည် ဤဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်သည် ယခုအခါတွင် သူတို့ရှေ့၌ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သည်။

[ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ နံပါတ်တစ်၊ လူသားဧကရာဇ်နန်းတော်သခင် ​ကျန်းချန်၊ မမျှော်လင့်ဘဲ ချင်းရွှယ်နဲ့ပတ်သက်နေတယ်ဆိုတဲ့ ကျန်းချန်ဆိုတဲ့ ကောင်လေးက လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်ဖြစ်နေပါလား]

ယွဲ့ချန်ယင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူမ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်သော အံ့သြသည့် အရိပ်အယောင် တစ်ခု ပေါ်ပေါက်လာခဲ့သည်။

မုန့်ချင်းရွှယ်၏ နှုတ်ကနေ ပြောဆိုလေ့ရှိသည့် ကျန်းချန်သည် မုန့်ချင်းရွှယ်ကဲ့သို့ပင် ဝေးလံခေါင်ပါးသော နေရာဖြစ်သည့် မြောက်ပိုင်းတောရိုင်းဒေသမှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုနှစ်ယောက်က နာမည်တူနေခြင်းသာ ဖြစ်မည်ဟု ယွဲ့ချန်ယင် အမြဲတစေ ထင်ခဲ့သည်။

သို့သော်လည်း ထိုနှစ်ယောက်က တစ်ဦးတည်းသာ ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။

မြောက်ပိုင်းကမ်းရိုးတန်းဒေသမှ လူငယ်လေး တစ်ယောက်သည် နှစ်အနည်းငယ် အတွင်းမှာပင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

"ဒါဆို လူသားဧကရာဇ်နန်းတော်က ရှင်တည်ထောင်ခဲ့တဲ့ နန်းတော်ပေ့ါ"

ဤအချိန်တွင် မုန့်ချင်းရွှယ်သည် ကျန်းချန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

သူမ၏ လှပသော မျက်ဝန်းလေးတွင် တုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

မြောက်ပိုင်းတောရိုင်း‌ ဒေသတွင် ရှိစဥ်က မုန့်ချင်းရွှယ်သည် ကျန်းချန်က မြောက်ပိုင်းတောရိုင်းဒေသမှ ပါရမီရှင်များအား ချေမှုန်းခဲ့သည်ကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော်လည်း မိုးရေစက်များကဲ့သို့ ပါရမီရှင် ပေါများသော ကျုံးကျိုးကုန်းမြေကြီးကို ရောက်လာသည့် အချိန်မှာပင် ကျန်းချန်သည် ပါရမီရှင်များကို အနိုင်ယူနိုင်စွမ်း ရှိနေလိမ့်မည်ဟု မုန့်ချင်းရွှယ် မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်က လျှို့ဝှက်နယ်မြေရှစ်ခု၏ မရေမတွက်နိုင်သော ပါရမီရှင်များကို လွှမ်းမိုးကာ သူ၏ ပြိုင်ဘက်ကင်း ဒဏ္ဍာရီကို ဆက်လက် ရေးသားနေဆဲပင်။

ကျန်းချန်က ညင်သာစွာပြုံး၍ ပြောလိုက်သည်။

"ချင်းရွှယ် ငါတို့တွေ သွားကြစို့"

ထိုသို့ ပြောပြီးနောက်တွင် ကျန်းချန်သည် ရင်ပြင်ပေါ်ရှိ စန်းယွဲ့ သူတော်စင်နယ်မြေမှ လူများကို တိုက်ရိုက် လျစ်လျူရှုလိုက်ပြီး မုန့်ချင်းရွှယ်ကို ခေါ်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"ကျန်းချန်.. မင်းက လူသားဧကရာဇ် နန်းတော်ရဲ့ အရှင်သခင်ဖြစ်နေရင်တောင် ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေက မင်း ရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး"

ကျန်းချန်၏ လုပ်ရပ်ကို မြင်လျှင် ယွဲ့ချန်ကျင်း၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွားခဲ့သည်။

"မင်းအခုနေ ထွက်သွားမယ်ဆိုရင် ငါမင်းအပြစ်ကို ခွင့်လွှတ်ပေးမယ်.. ဒီလိုမှ မဟုတ်ရင်တော့ စန်းယွဲ့သူတော်စင် နယ်မြေကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"

"ကောင်းပြီလေ.. ဒါဆိုလည်း မင်းတို့ စန်းယွဲ့သူတော်စင်နယ်မြေက ငါ့ကို ဘယ်လိုမျိုး ရက်စက်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းချန်က လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။

သူ၏ခန္ဓာကိုယ်တွင် လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့၏။

"ငါ ဒီနေ့ချင်းရွှယ်ကို စန်းယွဲ့ သူတော်စင်နယ်မြေကနေ ခေါ်ထုတ်သွားမယ်.. မင်းလို အကြီးအကဲ တစ်ယောက်ကို မပြောနဲ့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ အရှင်သခင် ကိုယ်တိုင် ဖြစ်နေရင်တောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

"လာကြစမ်း.. စန်းယွဲ့ သူတော်စင်နယ်မြေကို စော်ကားတဲ့ ဒီကောင်လေးကို ချက်ချင်း ဖမ်းလိုက်ကြ"

ယွဲ့ချန်ကျင်းက ဒေါသတကြီး ကြုံးဝါးကာ အမိန့်ပေးလိုက်သည်။

စန်းယွဲ့သူတော်စင်နယ်မြေမှ ကျင့်ကြံသူများသည် ယွဲ့ချန်ကျင်း၏ အမိန့်ကိုကြားလျှင် မှင်တက်ရာကနေ ပြန်လည် အသိဝင်လာကြပြီး ကျန်းချန်ဆီသို့ အလျင်အမြန်ပင် ပြေးဝင်သွားကြသည်။

ကျန်းချန်သည် ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ထက်ပင် ပို၍ နတ်ဆိုးဆန်ပြီး ပါရမီရှိသူ တစ်ယောက်လည်း ဖြစ်၏။

သို့သော်လည်း သူတို့ စန်းယွဲ့ သူတော်စင်နယ်မြေသည် လျှို့ဝှက်နယ်မြေ ရှစ်ခုအနက်တစ်ခုဖြစ်ပြီး ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နေသော သူတော်စင်နယ်မြေတစ်ခု ဖြစ်သည်။

ကျန်းချန် တစ်ဦးတည်းကို သူတို့က အဘယ်ကြောင့် ကြောက်ရွံ့ရပါမည်နည်း။

"ကောင်လေး မင်းဘာသာ ဘယ်သူပဲဖြစ်နေပါစေ၊ ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေက မင်းရမ်းကားလို့ရတဲ့နေရာ မဟုတ်ဘူး"

နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် အကြီးအကဲ အမျိုးသမီးနှစ်ယောက်သည် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်ဖြင့် လေထုကို ထိုးခွင်းကာ ကျန်းချန်၏ ဦးခေါင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။

အခန်း(၁၃၁၄)ပြီး၏။

All Chapters