← Chapters

အခန်း (၁၃၁၅-၁၃၁၇)

Vol. 88 Ch. 1315-1317

အခန်း (၁၃၁၅-၁၃၁၇)

Vol. 88 Ch. 1315-1317

အခန်း(၁၃၁၅)

"ပုရွက်ဆိတ်လို တည်ရှိမှုကများ ငါ့ကို တိုက်ခိုက်ရဲတယ် ထွက်သွားစမ်း"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ရာ သူ၏ အရှိန်အဝါသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အမျိုးသမီးနှစ်ဦး၏ လက်ဝါးရိုက်ချက်ကို လျင်မြန်စွာပင် ချေမှုန်းပစ်လိုက်ပြီး အမျိုးသမီးနှစ်ဦး၏ ရင်ဘတ်ကို လေးလံသောတူဖြင့် ရိုက်ချလိုက်သကဲ့သို့ ထိမှန်သွားခဲ့သည်။

"ဖူး.."

အမျိုးသမီးနှစ်ဦးက ချက်ချင်းပင် သွေးများ အန်ထွက်သွားခဲ့သည်။

သူမတို့၏ ခန္ဓာကိုယ်သည်လည်း ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် မီတာဆယ်ဂဏန်း အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

သူတို့က သူတို့၏ ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်လိုက်ရာ လက်ပိုက်၍ ရပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်ဝန်းထဲ၌ အံ့အားသင့်သောအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပတ်ပတ်လည်တွင် ကျန်းချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသော စန်းယွဲ့ သူတော်စင်နယ်မြေမှ ကျင့်ကြံသူများသည် မသိစိတ်ကပင် ရပ်တန့်သွားခဲ့ကြပြီး ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။

အစောပိုင်းက အမျိုးသမီးနှစ်ဦးသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ နတ်သန္ဓေအင်ပါယာနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသည်။

ထိုကောင်လေးသည် တစ်ကွက်တည်းဖြင့်ပင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို ဒဏ်ရာရစေနိုင်ခဲ့သည်။

"ဒါက ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ ထိပ်ဆုံးက ကျင့်ကြံသူရဲ့ ခွန်အားလား.. ဒီကောင်လေးရဲ့ခွန်အားက တကယ်ကို ကြောက်မက်ဖွယ်ရာပဲ"

ထိုအချိန်တွင် စန်းယွဲ့ သူတော်စင်နယ်မြေမှ ကျင့်ကြံသူအားလုံးသည် တိတ်ဆိတ်နေကြပြီး မည်သူမှ ခြေတစ်လှမ်းပင် ထပ်မတိုးရဲကြတော့ပေ။

နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်ပင် တစ်ကွက်တည်းဖြင့် ဒဏ်ရာများ ရရှိသွားခဲ့ရာ သူတို့လို နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူများအနေဖြင့် ကျန်းချန်ကို တိုက်ခိုက်လျှင် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် ဘာမှမခြားပေ။

"ကျန်းချန်.. ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေ စတင်တည်ထောင်တဲ့ အချိန်ကစပြီး ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေမှာ ဒီလိုမျိုး ရမ်းကားရဲတာ မင်းပထမဆုံးပဲ.. ဒီနေ့ ငါ မင်းရဲ့ခေါင်းကို ယူပြီး ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ ဂုဏ်သတင်းကို ပြန်လည် အဖတ်ဆယ်ပြမယ်"

ယွဲ့ချန်ကျင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူမ၏ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် အရှိန်အဝါသည် ရင်ပြင် တစ်ခုလုံးတွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ငွေရောင်ဓားရှည် တစ်လက်သည် လေထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး သူမ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။

ထိုဓားရှည်ထဲကနေ တောက်ပသော လစွမ်းအင်များ ရုတ်တရက် လျှံထွက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလစွမ်းအင်သည် ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော ဓားတစ်လက် ကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

"ယွဲ့ဟွားဓားသိုင်း"

ယွဲ့ချန်ကျင်းက အေးစက်စက် ရေရွတ်လိုက်ပြီး ဧရာမဓားကို ကျန်းချန်ဆီသို့ ဦးတည်စေခဲ့သည်။

ထိုဧရာမဓား၏ စွမ်းအင်က မည်မျှ ပြင်းထန်သည်ဆိုလျှင် ထိုဓားဖြတ်သန်းသွားသည့် နေရာများရှိ အာကာပြင်များပင် ပြိုကျသွားခဲ့သည်။

"ဟားဟား ငါကျန်းချန်ရဲ့ခေါင်းကိုယူဖို့ မင်းက အရည်အချင်း မပြည့်မီသေးဘူး"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

ဤအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ဓားအိမ်ကနေ ထွက်ပေါ်လာသည့် တုနှိုင်းမဲ့ ဓားတစ်လက် ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်အင်များကို ထုတ်လွှတ်နေခဲ့သည်။

ထို့နောက်တွင် သူက လေထုကို ထိုးဖောက်လာသည့် ဧရာမဓားကို သူ၏ လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်လိုက်သည်။

သူ၏ ဓားစွမ်းအင်က ချက်ချင်းပင် ဧရာမဓားကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် အရှိန်မလျော့သေးဘဲ ယွဲ့ချန်ကျင်း ဆီသို့ ဝင်ရောက်သွားခဲ့၏။

"ဝုန်း.."

ယွဲ့ချန်ကျင်းက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားစွမ်းအင်နှင့် ထိမှန်ခံလိုက်ရကာ တစ်ကိုယ်လုံး နောက်ပြန် လွင့်စင်သွားခဲ့ပြီး ရင်ပြင်၏ အစွန်းနားကို ရောက်မှသာ ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။

ယွဲ့ချန်ကျင်း အပြတ်အသတ် ရှုံးနိမ့်သွားသည်ကို မြင်လျှင် လူတိုင်းသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။

ယွဲ့ချန်ကျင်း၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး သူမ၏ လှပသောပိုးဝတ်ရုံပင် ပေါက်ပြဲနေခဲ့သည်။

သူမက လက်ထဲမှ ဓားကို မြေပြင်တွင်ထောက်ကာ သူမ၏ ဒယိမ်းဒယိုင် ဖြစ်နေသော ခန္ဓာကိုယ်ကို လဲကျမသွားအောင် မနည်း ကြိုးစားနေရ၏။

သူမ၏ ရင်ဘတ်ရှိ ဒန်တျန်နှင့် သုံးလက်မလောက် အကွာတွင် ထင်ရှားသော ဒဏ်ရာတစ်ခု ရှိနေခဲ့ပြီး ထိုဒဏ်ရာကနေ သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်နေခဲ့သည်။

ကျန်းချန်သာ ဓားစွမ်းအင်ကို သုံးလက်မခန့် ရွေ့လျားလိုက်လျှင် သူမသည် သံသယဖြစ်ဖွယ်ရာမရှိ လုံးဝ သေဆုံးသွားလိမ့်မည် ဖြစ်၏။

သိထားရမည့်အချက်မှာ ယွဲ့ချန်ကျင်းသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ စည်းကမ်းထိန်းသိမ်း‌ရေး အကြီးအကဲဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် ဖြစ်သည်။

စန်းယွဲ့ သူတော်စင်နယ်မြေရှိ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် အကြီးအကဲ များစွာထဲမှာပင် ယွဲ့ချန်ကျင်း၏ ခွန်အားသည် ထိပ်ဆုံးငါးဦးထဲ၌ ပါဝင်သည်။

ထိုကဲ့သို့ အားကောင်းသော ကျင့်ကြံသူတစ်ဦးကို ကျန်းချန်သည် လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် အနိုင်ယူပြခဲ့သည်။

ယခင်က စန်းယွဲ့သူတော်စင်နယ်မြေမှ လူများသည် ပါရမီရှင်နတ်သန္ဓေအင်ပါယာ စာရင်းတွင် နံပါတ်တစ် နေရာ၌ ရောက်ရှိနေသည့် ကျန်းချန်၏ အရည်အချင်းကို သံသယဝင်နေခဲ့ကြသည်။

သို့သော် ဤအချိန်တွင် သူတို့အနေဖြင့် ယုံကြည်ရပေတော့မည်။

ထိုကောင်လေးသည် စန်းယွဲ့ သူတော်စင်နယ်မြေ၏ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္တ အဆင့် ကျင့်ကြံသူ ဖြစ်သည့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကိုပင် လက်ညှိုးတစ်ချောင်းတည်းဖြင့် အနိုင်ယူခဲ့သည် မဟုတ်ပါလော။

သူတို့ စန်းယွဲ့ သူတော်စင်နယ်မြေ၏ သူတော်စင် သမီးတော်ပင် ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး ရှိမည် မဟုတ်လောက်ပေ။

ဆိုရလျှင် ထိုကောင်လေး၏ ခွန်အားသည် ဟောင်ထျန်းသူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ထက် လုံးဝမညံ့ပေ။

"ငါ့ရဲ့ စန်းယွဲ့သူတော်စင်နယ်မြေမှာ ဘယ်သူ လာရမ်းကားနေတာလဲ"

လူတိုင်းက သူတို့ရှေ့မှ အခြေအနေကြောင့် လွှမ်းမိုးခံနေရစဥ်မှာပင် စန်းယွဲ့သူတော်စင် နယ်မြေ၏ လေထုထဲတွင် ပုံရိပ်ဆယ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထိုလူစုကို ဦးဆောင်လာသူမှာ လနန်းတော်မှ လနတ်သမီးကဲ့သို့ ချောမောပြီး အေးစက်စက် မျက်နှာထားရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမက အသက်သုံးဆယ်ခန့်သာ ရှိပုံရပြီး သူမ၏ အသားအရည်သည် နှင်းကဲ့သို့ ဖြူဖွေးကာ အပြစ်အနာအဆာတစိုးတစိမှ မရှိပေ။

သူမ၏ ခန္ဓာကိုယ်က ထူးခြားပြီး ကမ္ဘာကို ဆင်းသက်လာသော အေးစက်စက် လတစ်စင်းနှယ် ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်စက် ဖြစ်စေခဲ့သည်။

ထိုအမျိုးသမီး၏ အနောက်တွင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ၇ဦး၊၈ဦးခန့်သည် ဝင့်ကြွားစွာ ရပ်နေကြသည်။

ထိုအထဲမှ နှစ်ယောက်၊သုံးယောက်၏ အရှိန်အဝါသည် မြို့တော်ငါးခုမှ ဘိုးဘေးများထက်ပင် လုံးဝ မညံ့ပေ။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်နေမိသည်။

လျှို့ဝှက်နယ်မြေ ရှစ်ခုသည် သူတော်စင်မြို့တော် ငါးမြို့ထက်ပင် အနည်းငယ်ပို၍ အားကောင်းနေခဲ့သည်။

စန်းယွဲ့သူတော်စင်နယ်မြေလို လျှို့ဝှက်နယ်မြေ၏ ရှစ်နေရာထဲမှ တစ်နေရာကပင် မြို့တော်ငါးခုထက် ပိုမိုအားကောင်းသည်ဟု သူထင်မြင်မိ၏။

သူက စန်းယွဲ့သူတော်စင်နယ်မြေမှ ကျင့်ကြံသူများကို အကဲခတ်ပြီးနောက်တွင် ၎င်းတို့ဘေးမှ အနီရောင်နဂါး ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ထိုနှစ်ယောက်တွင် တစ်ယောက်မှာ အသက်(၃၀)ခန့် ရှိပုံရသော အမျိုးသားတစ်ဦးဖြစ်သည်။

ထိုအမျိုးသားက အနီရောင်ဆံပင်ရှည်ကို ပိုင်ဆိုင်ထားပြီး အရပ်မြင့်မားကာ တောင့်တင်းသော ခန္ဓာကိုယ်အချိုးအစား ရှိသည်။

ထူးခြားသောအချက်မှာ ထိုအမျိုးသား၏ မျက်လုံးသည် မီးလျှံကဲ့သို့ နီရဲနေခြင်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

အမျိုးသား၏ နောက်တွင် အနည်းငယ် ခါးကုန်းနေသော အဘိုးကြီးတစ်ဦး ရှိသည်။

ထိုအဘိုးကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောအရှိန်အဝါသည် သူတော်စင်မြို့တော်ငါးခု၏ နံပါတ်တစ် ဖြစ်သည့် ဖုန်းရွှယ်ခွင်းထက် လုံးဝမနိမ့်ကျပေ။

"ဒီကောင့်ကို ကြည့်ရတာ သူရိန်နယ်မြေရဲ့ သူတော်စင်သားတော် ယန်ယောင် ဖြစ်မယ်ထင်တယ်"

ကျန်းချန်က သူ၏ရှေ့မှ ဆံပင်အနီရောင်နှင့် မျက်လုံးအနီရောင်ကို ပိုင်ဆိုင်ထားသော အမျိုးသားကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာခဲ့၏။

"သူတော်စင်သမီးတော်ကို ဂါဝရပြုပါတယ်"

လေထုထဲကနေ လူအုပ်စု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်ပြင်ပေါ်ရှိ စန်းယွဲ့ သူတော်စင်နယ်မြေမှ ကျင့်ကြံသူများသည် ဂါဝရပြုခဲ့ကြသည်။

ထိုအချိန်တွင် ယွဲ့ချန်ကျင်းသည် အားကိုးရသွားသော အမူအရာဖြင့် ကျန်းချန်ကို လက်ညှိုးထိုးကာ အလျင်အမြန် ပြောလိုက်သည်။

"နန်းတော်သခင်.. ဒီလူက ကျွန်မတို့ စန်းယွဲ့ သူတော်စင်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်.. နန်း‌တော်သခင်က ဒီလူကို သတ်မိန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်.. ဒါမှပဲ ကျွန်မတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင်မှာ ဖြစ်တယ်"

ထိုစကားကို ကြားလျှင် စန်းယွဲ့သူတော်စင်နယ်မြေ၏ အရှင်သခင်သည် ကျန်းချန်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ကောင်လေး မင်းဘယ်သူလဲ.. စန်းယွဲ့ သူတော်စင်နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရဲတယ်.. ဒီနေ့ ငါ့ကို ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် စန်းယွဲ့ သူတော်စင်နယ်မြေထဲကနေ အသက်ရှင်လျက်ထွက်သွားဖို့ မစဥ်းစားနဲ့"

"ဟားဟား ရယ်စရာပဲ.. မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေက ငါကျန်းချန်ရဲ့လူကို သူတော်စင်သမီးတော် အတွက် အလဲအလှယ်အဖြစ် အသုံးချခဲ့တယ်.. ရှင်းပြချက် ပေးရမယ်ဆိုရင် မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေကပဲ ငါ့ကို ရှင်းပြချက်ပေးသင့်တယ်"

ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ရယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ငါကျန်းချန် ဒီနေ့ ဒီနေရာကို လာတာ မုန့်ချင်းရွှယ်ကို ခေါ်ထုတ်သွားဖို့ပဲ.. မင်းတို့ စန်းယွဲ့သူတော်စင် နယ်မြေအနေနဲ့ ငါ့ကို လူမသတ်မိစေဖို့ ဖိအားမပေးတာ အကောင်းဆုံးပဲ"

အခန်း(၁၃၁၅)ပြီး၏။

အခန်း(၁၃၁၆)

"ဒီကောင် ရမ်းကားလှချည်လား.. ငါတို့ စန်းယွဲ့သူတော်စင်နယ်မြေကိုတောင် ခြိမ်းခြောက်ရဲတယ်"

ကျန်းချန်၏ မောက်မာသော စကားများသည် စန်းယွဲ့သူတော်စင် နယ်မြေမှ ကျင့်ကြံသူများကို ရုတ်တရက် ဒေါသထွက်စေခဲ့သည်။

စန်းယွဲ့ သူတော်စင်နယ်မြေ၏ အရှင်သခင်နံဘေးမှ မြင့်မြတ်သော အရှိန်အဝါရှိသည့် အေးစက်စက် မျက်နှာထားရှိသော အမျိုးသမီး တစ်ဦးသည် ရှေ့သို့ လှမ်းတက်လာခဲ့သည်။

သူမဆီကနေ လရောင်ကဲ့သို့ ကမ္ဘာမြေကို လင်းထိန်စေသည့် အရှိန်အဝါဖိအား တစ်ခုသည် ကျန်းချန်ဆီသို့ ဆင်းသက်လာခဲ့သည်။

အေးစက်သော မျက်နှာထားရှိသည့် အမျိုးသမီး၏ ဖိအားနှင့်ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် မလှုပ်မယှက် လက်ပိုက်ကာ ရပ်နေခဲ့သည်။

"မင်းရဲ့အသက်နဲ့ ကျင့်ကြံခြင်း အဆင့်ကို ကြည့်ရတာ စန်းယွဲ့ သူတော်စင်နယ်မြေက သူတော်စင်သမီးတော် ဖြစ်ပုံရတယ်.. ဒါပေမဲ့ ထင်သလောက်လည်း သိပ်မဟုတ်ပါဘူး"

ကျန်းချန်က အေးစက်သော မျက်နှာထားရှိသည့် အမျိုးသမီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းကို ကယ်တင်ဖို့အတွက်နဲ့ ချင်းရွှယ်ကို အသုံးချချင်တယ်ဆိုတော့ စန်းယွဲ့ သူတော်စင်နယ်မြေက လူတွေ သောက်လုံး ကန်းနေတာပဲ ဖြစ်ရမယ်"

"ကျွန်မတို့ စန်းယွဲ့သူတော်စင်နယ်မြေရဲ့ ကိစ္စတွေကို ရှင့်အနေနဲ့ ဝင်ရောက်စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး"

ကျန်းချန်၏ စကားကိုကြားလျှင် ယွဲ့ချင်းရွှယ်၏ အေးစက်သော မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူမ၏ ကျောဘက်ကနေ မီတာ၁၀၀ခန့်အချင်း ရှိသည့် လဝန်းတစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ရင်ပြင်တစ်ခုလုံး၏ အပူချိန်က ရုတ်တရက် ကျဆင်းသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူများသည် အလွန်အေးသော နေရာတစ်ခုကို ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ကျန်းချန် သတိထား.. ဒါက စန်းယွဲ့သူတော်စင်နယ်မြေရဲ့ သဘာဝလွန်သွေးမျိုးဆက်စွမ်းရည်ပဲ"

ထိုမြင်ကွင်းကို မြင်လျှင် ယွဲ့ချန်ယင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရှန်းဝူတိုက်ကြီးတွင်ရှိသည့် လျှို့ဝှက်နယ်မြေ ရှစ်ခုကို တည်ထောင်ခဲ့သူများသည် ရှန်းဝူတိုက်ကြီး၏ အထွတ်အထိပ်တွင် ရှိခဲ့ဖူးသည့် အင်ပါယာများ ဖြစ်ကြ၍ သူတို့၏ သွေးမျိုးဆက်များသည် အလွန်ပင် အားကောင်းကြသည်။

၎င်းတို့၏ မျိုးဆက်များသည် အချိန်တစ်ခု ရောက်လျှင် အင်ပါယာ သွေးစွမ်းအားများကို နိုးထရန် အခွင့်အရေးများ ရရှိကြ၏။

အင်ပါယာ သွေးစွမ်းအား အဆင့် ပိုမိုမြင့်လေလေ၊ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို နိုးထရန် ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။

သို့သော် သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို နိုးထရန်မှာမလွယ်ကူပေ။

လျှို့ဝှက်နယ်မြေရှစ်ခုရှိ ကြယ်ကိုးပွင့် သွေးစွမ်းအားပိုင်ရှင်များပင် သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို နိုးထရန် မလွယ်ကူချေ။

စန်းယွဲ့ သူတော်စင်နယ်မြေ၏ သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်သည် နှစ်ပေါင်း(၃၀၀) အတွင်း သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို နိုးထနိုင်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။

သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်သည် ဧကရာဇ်အဆင့်ကိုယ်ခံပညာထက်ပင် ပိုမို၍ အားကောင်း၏။

ယွဲ့ချင်းရွှယ်သည် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့်ကို ဝင်ရောက်ကာစတွင် ထိုသဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ဖြင့် နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူအား အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်ကို ယွဲ့ချန်ယင် မြင်တွေ့ခဲ့ဖူးသည်။

ယခုအခါ ယွဲ့ချင်းရွှယ်က နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူမ၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် ယှဥ်ပြိုင်ရန် မလွယ်ကူလောက်ဟု သူမ ထင်မိသည်။

ကျန်းချန်က ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် နံပါတ်(၁)နေရာ၌ ရပ်တည်နေသည်ကို သိထားသော်လည်း ယွဲ့ချန်ယင်သည် ကျန်းချန် အတွက် စိုးရိမ်ကာ ချွေးစေးများ ကျဆင်းလာခဲ့သည်။

"သူတော်စင်သမီးတော်က သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီ.. ကျန်းချန်သေမှာ သေချာသလောက်ပဲ"

ဤမြင်ကွင်းကိုမြင်လျှင် ယွဲ့ချန်ကျင်း၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"သူတော်စင်သခင်.. မင်းတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်က တကယ်ကို ထူးခြားတာပဲ.. ယွဲ့ချင်းရွှယ်ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ပါရမီရှင်နတ်သန္ဓေ အင်ပါယာစာရင်းမှာ အနည်းဆုံး ထိပ်ဆုံး(၅)ယောက်စာရင်း ဝင်နိုင်လိမ့်မယ်လို့ ငါထင်တယ်"

သူရိန်နယ်မြေမှ သူတော်စင်သားတော် ယန်ယောင်က ပြုံးရွှင်စွာဖြင့် ချီးမွမ်းစကား ဆိုလိုက်သည်။

ယွဲ့ချင်းရွှယ်၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်နှင့် သူကိုယ်တိုင် ရင်ဆိုင်ရမည်ဆိုလျှင် ထိုစွမ်းရည်ကို ကိုင်တွယ်ရန် အားထုတ်မှု အများအပြား ပြုလုပ်ရလိမ့်မည် ဖြစ်သည်။

စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"သူတော်စင်သားတော်က ချီးမွမ်းလွန်းနေပါပြီ.. သူတော်စင်သားတော်နဲ့ ယှဥ်ရင် ကျွန်မတို့ရဲ့ ယွဲ့ချင်းရွှယ်က အများကြီးလိုအပ်ပါသေးတယ်"

စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ စကားနှင့်ပတ်သက်ပြီး ယန်ယောင်က မငြင်းဆိုခဲ့ပေ။

ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ နံပါတ်(၁)နေရာကို မကြာသေးခင်က နားမလည်နိုင်စွာဖြင့် ရောက်ရှိခဲ့သည့် ကျန်းချန်က လွဲလျှင် ယန်ယောင်သည် ထိုစာရင်း၏ ထိပ်ဆုံးသုံးဦးတွင် အမြဲတစေ ပါဝင်ခဲ့သည်။

ဆိုရလျှင် လျှို့ဝှက်နယ်မြေရှစ်ခုမှ ပါရမီရှင်များ အားလုံး၌ ယန်ယောင် ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသူမှာ ဟောင်ထျန်း သူတော်စင်နယ်မြေ၏ ရှားယွမ်ဟောင် တစ်ဦးတည်းသာ ရှိ၏။

"ငါတို့ စန်းယွဲ့ သူတော်စင်နယ်မြေရဲ့ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်အောက်မှာ သေရတာကို ဂုဏ်ယူလို့ရပြီ"

ယွဲ့ချင်းရွှယ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူမ၏ အနောက်မှ လဝန်းကို ထိန်းချုပ်ကာ ကျန်းချန်ကို ချက်ချင်းဆိုသလို ဖိနှိပ်လိုက်သည်။

"ဟားဟား သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်က ဘယ်လောက်တောင် စွမ်းအားကြီးနေလို့လဲ.. ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းရဲ့ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်က ဘာမှမဟုတ်ဘူး.. လက်သီးတစ်ချက်တည်းနဲ့တင် ဖြိုခွင်းပစ်လိုက်လို့ရတယ်"

ကျန်းချန်က အထင်သေးသော အမူအရာဖြင့် ရယ်မောလိုက်သည်။

ထိုခဏမှာပင် သူ၏ တစ်ကိုယ်လုံးက ရွှေရောင် တောက်ပသွားပြီး ချက်ချင်းဆိုသလို မီတာ၁၀၀ခန့် မြင့်မားသည့် ရွှေရောင်ခန္ဓာကိုယ် အဖြစ် စုစည်းသွားခဲ့သည်။

ရွှေရောင်ခန္ဓာကိုယ်ကို ဖော်ထုတ်ပြီးသည်နှင့် ကျန်းချန်သည် သူ၏ ကြီးမားသော ရွှေလက်သီးဖြင့် ယွဲ့ချင်းရွှယ်၏ လဝန်းကို တိုက်ရိုက်ပင် ထိုးချလိုက်၏။

"ဝုန်း.."

ကျန်းချန်၏ ရွှေရောင်လက်သီးက လဝန်းနှင့် ထိတွေ့လိုက်သည့် တစ်ခဏမှာပင် လေထုတွင် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီး လေဟာနယ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်ကို ဖိနှိပ်ရန် လုံလောက်သည့် ယွဲ့ချင်းရွှယ်၏ လဝန်းကို ကျန်းချန်သည် လက်သီးတစ်လုံးတည်းဖြင့်ပင် ပိတ်ဆို့နိုင်ခဲ့သည်။

သူ၏ လက်သီးသည် ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ တောက်ပနေခဲ့ပြီး အင်မော်တယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့၏။

"ဒီကောင်လေးက ယွဲ့ချင်းရွှယ်ရဲ့ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို လက်သီးတစ်ချက်တည်းနဲ့ပဲ ပိတ်ဆို့လိုက်တာလား"

သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ကာ ရင်ပြင်ပေါ်ရှိ လူတိုင်းသည် အံ့သြမှင်တက်သွားကြသည်။

စန်းယွဲ့ သူတော်စင်နယ်မြေသခင်နှင့် သူရိန်နယ်မြေ၏ သူတော်စင်သား‌တော်တို့ ပင်လျှင် မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်သည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ယွဲ့ချင်းရွှယ်၏ သဘာဝလွန်သွေးမျိုးဆက် စွမ်းရည်ကို လက်သီးတစ်ချက်တည်းဖြင့်ပင် ပိတ်ဆို့လိုက်သည့် ဤကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာသည် မည်မျှပင် အားကောင်းလိုက်ပါသနည်း။

ဟောင်ထျန်း သူတော်စင်နယ်မြေတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံပညာ နှစ်မျိုးလုံးကို ကျင့်ကြံသူဟု လူသိများသည့် ရှားယွမ်ဟောင်ပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ရှန်းဝူတိုက်ကြီးတွင် ထိုကဲ့သို့ နတ်ဆိုးဆန်သည့် ပါရမီရှင်မျိုး ဘယ်တုန်းကမှ မပေါ်ထွက်ဖူးခဲ့ပေ။

"ဒီလို လဝန်းမျိုးကို မပြောနဲ့.. ကောင်းကင်ပေါ်က လဝန်းအစစ် ဖြစ်နေရင်တောင် လက်သီးတစ်ချက်တည်းနဲ့ ချိုးဖျက်ပစ်မယ်.. ပျက်စီးစမ်း"

ကျန်းချန်က ကြုံးဝါးလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထပ်မံ၍ ရွှေရောင်များ တလျှပ်လျှပ် တောက်ပလာခဲ့သည်။

သူ၏ ရွှေရောင်လက်သီးသည် ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်နိုင်သော ဧရာမ ပုဆိန်ကဲ့သို့ပင် သူ့အရှေ့ရှိ လဝန်းကို တစ်ဖန် ထိုးနှက်လိုက်သည်။

"ဝုန်း.."

ပေတစ်ရာ အချင်းဝက်ရှိသော လဝန်းသည် ဤတစ်ကြိမ်တွင် ခံနိုင်ရည် မရှိတော့ဘဲ ပေါက်ကွဲထွက်သွားပြီး ငွေရောင်အပိုင်းအစများအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျံ့လွင့်သွားခဲ့၏။

"ဖူး.."

သဘာဝလွန် သွေးမျိုးဆက်စွမ်းရည် ချေမှုန်းခံလိုက်ရသောအခါ ယွဲ့ချင်းရွှယ်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ဤအချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ ထိတ်လန့်သောအရိပ်အယောင် တစ်ခု မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။

သဘာဝသွေးမျိုးဆက် စွမ်းရည်ကို ပိုင်ဆိုင်ထားသော ယွဲ့ချင်းရွှယ်သည် ဤကဲ့သို့ပင် ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့ရသည်။

ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးသည် တစ်ခဏအတွင်း တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

အင်ပါယာမျိုးဆက်၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ကျန်းချန်သည် လက်သီးချက်နှစ်ချက်ဖြင့်ပင် အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်။

ဤသည်က မည်မျှပင် လွှမ်းမိုးပြီး ကြောက်မက်ဖွယ်ကောင်းလိုက်ပါသနည်း။

"မင်းက ဘယ်သူလဲ"

စန်းယွဲ့ သူတော်စင်နယ်မြေသခင်က အသက်ကို ခပ်ပြင်းပြင်းရှုကာ မေးလိုက်သည်။

သူမ၏ မျက်ဝန်းထဲတွင် တည်ကြည်သော အမူအရာတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့၏။

ဤကောင်လေးသည် အရိုးအဆစ် ဖွဲ့စည်းပုံအရ အသက် (၂၀)ကျော်သာ ရှိသေးပုံရသည်။

သို့သော်လည်း ထိုကောင်လေး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် လျှို့ဝှက်နယ်မြေ ရှစ်ခုရှိ ပြိုင်ဘက်ကင်း ပါရမီရှင်များကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

"ဒီကောင်လေးက အင်အားကြီးမားတဲ့ အင်ပါယာ တစ်ပါးရဲ့တပည့်တော့ မဟုတ်နိုင်ဘူးမလား"

အခန်း(၁၃၁၆)ပြီး၏။

အခန်း(၁၃၁၇)

"သူတော်စင်သခင်.. သူက ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိတဲ့ လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင် ကျန်းချန်ပဲ"

ထိုအချိန်တွင် ယဲ့ချန်ကျင်းသည် ထိတ်လန့်တကြားဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို ထုတ်ဖော်ခဲ့သည့် သူတော်စင်သမီးတော် ယွဲ့ချင်းရွှယ်ပင် ထိုကောင်လေး၏ လက်သီးချက် နှစ်ချက်ဖြင့် အရှုံးပေးခဲ့ရသည်။

ထိုကောင်လေးက ဟောင်ထျန်း သူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ကို နင်းချေကာ ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းတွင် ပထမနေရာကို ရောက်လာသည်မှာ အံ့သြစရာမရှိပေ။

ဤကဲ့သို့ ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလော။

"ဘယ်လို.. သူက မကြာသေးခင်က ကျုံးကျိုးကုန်းမြေမှာ နာမည်တစ်ဟုန် ထိုးကျော်ကြားလာတဲ့ လူသားဧကရာဇ်နန်းတော်ရဲ့ အရှင်သခင် ကျန်းချန်လား"

ယွဲ့ချန်ကျင်း၏ စကားကိုကြားလျှင် စန်းယွဲ့သူတော်စင်နယ်မြေသခင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်သည် လက်ရှိ ကျုံးကျိုးကုန်းမြေတွင် နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

သူက တစ်ကိုယ်တော် စွမ်းရည်ဖြင့် ကျုံးကျိုးကုန်းမြေတစ်ခုလုံးကို လှုပ်ခတ်စေခဲ့သူ ဆိုလည်းမမှားပေ။

သူ၏ လုပ်ဆောင်ချက်များသည် စန်းယွဲ့ သူတော်စင်နယ်မြေသခင် ကဲ့သို့ ပုဂ္ဂိုလ်များကိုပင် အံ့သြတုန်လှုပ်စေခဲ့သည်။

လူသားဧကရာဇ်နန်းတော် သခင်က သူတော်စင်မြို့တော် ငါးမြို့၏ ဘိုးဘေးများကို နှိမ်နင်းကာ လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ခဲ့သည်။

ပို၍ ထိတ်လန့်စရာကောင်းသော အချက်မှာ ထိုကောင်လေးသည် နိဗ္ဗာန်မြို့တော်ကိုပင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

သိထားရမည်မှာ နိဗ္ဗာန်မြို့‌တော်သည် လျှို့ဝှက်နယ်မြေ ရှစ်ခုနှင့် ယှဥ်ပြိုင်နိုင်သော အဆင့်တွင်ရှိသည် ဟူသော အချက်ဖြစ်သည်။

သို့သော်လည်း နိဗ္ဗာန်မြို့တော်၏ အာဏာ အလုံးစုံကို ကျန်းချန်က ထိန်းချုပ်ထားခဲ့၏။

လူသားဧကရာဇ် နန်းတော်ကို ယနေ့ခေတ် ကျုံးကျိုးကုန်းမြေ၏ နံပါတ်တစ် အင်အားစုဟု ညွှန်းဆိုလျှင်ပင် လွန်သည်ဟု မဆိုနိုင်ပေ။

သူတို့လို လျှို့ဝှက်နယ်မြေ ရှစ်ခုပင် လူသားဧကရာဇ်နန်းတော်၏ အင်အားကို စိုးရွံ့နေရသည် ဆိုလည်းမမှားပေ။

"ကျန်းချန်.. သူတို့နဲ့ ထပ်ပြီး မပတ်သက်နဲ့တော့.. ချင်းရွှယ်ကို ခေါ်သွားဖို့ အခွင့်အရေးကို ရှာပါ.. ငါ မင်းတို့တွေ အေးအေးဆေးဆေး ထွက်သွားလို့ရအောင် တားပေးထားမယ်"

ယွဲ့ချန်ယင်က လေထဲတွင် ရှိနေသော စန်းယွဲ့သူတော်စင်နယ်မြေသခင်နှင့် အခြားသူများကို ကြည့်ကာ ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းချန်က နတ်ဆိုးဆန်သော ပါရမီရှိပြီး ထူးချွန်သော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိသည်။

သို့သော်လည်း လျှို့ဝှက်နယ်မြေရှစ်ခု ထဲတွင် ပါဝင်သည့် စန်းယွဲ့ သူတော်စင်နယ်မြေသည် သူတော်စင်မြို့တော်ငါးခုနှင့် ယှဥ်လျှင် များစွာ အင်အားတောင့်တင်းသည်။

သူမအမြင်တွင် ကျန်းချန် အနေဖြင့် စန်းယွဲ့ သူတော်စင်နယ်မြေ တစ်ခုလုံးကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

"ဆရာ သူ့ကို နားမချပါနဲ့.. ကျွန်မတို့ ဆရာ့ကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး"

မုန့်ချင်းရွှယ်က ညင်သာစွာပြုံး၍ ပြောလိုက်သည်။

"ဘာဖြစ်လို့လည်းဆိုတော့ သူ ကျွန်မတို့ကို ခေါ်သွားနိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်"

လင်ယွင်ကျောင်းတော်တွင် ကျန်းချန်နှင့် စတွေ့စဥ်ကတည်းကပင် မုန့်ချင်းရွှယ်သည် ကျန်းချန်၏ ကောင်းကင်ကို ဆန့်ကျင်နေသော စွမ်းဆောင်ရည်များကို မျက်မြင်တွေ့ရှိခဲ့ရသည်။

ကျန်းချန်သည် သာမန်လူများ မလုပ်ဆောင်နိုင်သော ဒဏ္ဍာရီများနှင့် အံ့ဖွယ်ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့၏။

ဆိုရလျှင် ကျန်းချန်သည် သူမကို တစ်ခါမှ စိတ်ပျက်အောင်မလုပ်ခဲ့ဖူးပေ။

ထို့ကြောင့် ယနေ့တွင် စန်းယွဲ့ သူတော်စင်နယ်မြေနှင့် ရင်ဆိုင်နေရသည့်တိုင် မုန့်ချင်းရွှယ်သည် ကျန်းချန်ထံတွင် ကိုင်တွယ်နိုင်သည့် စွမ်းရည် အပြည့်အဝ ရှိနေဆဲဟု ယုံကြည်ဆဲဖြစ်သည်။

"ဟားဟား ချင်းရွှယ်ပြောတာအမှန်ပဲ.. ငါကျန်းချန်က ခေါ်သွားချင်တယ်ဆိုရင် စန်းယွဲ့သူတော်စင်နယ်မြေလို နေရာလေးတစ်ခုက ငါ့ကို ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ"

ကျန်းချန်က ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် မုန့်ချင်းရွှယ်တို့နှစ်ဦး ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရိပ်ခနဲ ရောက်လာခဲ့၏။

"ငါတို့သွားကြစို့"

စကားဆုံးသည်နှင့် သူက စန်းယွဲ့ သူတော်စင်နယ်မြေမှ ကျင့်ကြံသူများကို လျစ်လျူရှုကာ မုန့်ချင်းရွှယ်တို့နှင့် အတူ ထွက်သွားရန် ပြင်လိုက်သည်။

"ကျန်းချန် ရပ်လိုက်စမ်း"

ထိုအချိန်တွင် ဒေါသတကြီး‌ အော်ငေါက်သံတစ်သံသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် မီးလျှံကဲ့သို့ နီရဲသော ပုံရိပ်တစ်ခုသည် ကျန်းချန်တို့အရှေ့ရှိ လေထုထဲကနေ ပေါ်ထွက်လာခဲ့သည်။

"မင်းက သူရိန်နယ်မြေရဲ့ သူတော်စင်သားတော် ယန်ယောင်လား"

ကျန်းချန်၏ မျက်နှာက အနည်းငယ် အေးစက်နေခဲ့၏။

"ဘာလဲ မင်းက ငါ့ကို တားဖို့ ကြိုးစားချင်လို့လား"

"ငါနဲ့ စန်းယွဲ့ သူတော်စင်နယ်မြေက အမြဲလိုလို ဆက်ဆံရေးကောင်းတွေရှိခဲ့တယ်.. မင်းက ဒီနေ့ စန်းယွဲ့ သူတော်စင်နယ်မြေကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခဲ့တာ ဆိုတော့ ငါ့အနေနဲ့ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး"

ယန်ယောင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒါ့အပြင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိဖို့ အရည်အချင်းရှိမရှိ ဆိုတာ ငါစမ်းသပ်ချင်တယ်"

လနတ်ကြမ္မာ ခန္ဓာကိုယ်သည် သန်းပေါင်းများစွာသောခန္ဓာကိုယ်များထဲမှ အထူးခြားဆုံး ဖြစ်သည့် ရှေးဟောင်းနတ်ခန္ဓာကိုယ် တစ်ခုဖြစ်ပြီး ယန်ယောင် အတွက် အလွန်ပင်အရေးကြီးသည်။

ဤသည်က သူ၏ အင်ပါယာ သွေးစွမ်းအားကို ကြယ်ကိုးပွင့်အဆင့်ထိ ရောက်ရှိနိုင်မည့် သော့ချက် ဆိုလည်းမမှားပေ။

ယခုအခါတွင် လနတ်ကြမ္မာ ခန္ဓာကိုယ်သည် သူနှင့်လက်တစ်ကမ်း အကွာအဝေးတွင် ရှိနေပြီ ဖြစ်ရာ ကျန်းချန်ကို အဘယ်ကဲ့သို့ အလွယ်တကူ ခေါ်သွားခွင့် ပြုနိုင်ပါမည်နည်း။

ထို့အပြင် ပါရမီရှင် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံးနေရာကို ကျန်းချန် ရောက်ရှိသွားပြီးနောက်တွင် သူက ထိပ်ဆုံး(၃)နေရာကနေ ဖယ်ပေးလိုက်ရပြီး စတုတ္ထနေရာကို ရောက်ရှိသွားခဲ့သည်။

ဤဖြစ်ရပ်သည် သူ့အတွက် အလွန်ပင် စိတ်မချမ်းမသာ ဖြစ်စေခဲ့၏။

ထို့ကြောင့် ယန်ယောင်သည် ထိုကောင်လေး၏ အရည်အချင်းက သူ့ထက် မည်မျှသာသလဲ ဆိုသည်ကို အမှန်တကယ်သိချင်နေမိသည်။

"ဟားဟား စိတ်ဝင်စားစရာပဲ.. မင်းကများ ချင်းရွှယ်ကို စိတ်ကူးရဲတယ်.. ငါက မင်းကို စာရင်းလာမရှင်းခင် မင်းကိုယ်တိုင် တံခါးဝ အထိ ရောက်လာလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး"

ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"ငါ့လို သူတော်စင်သား‌တော် ရှေ့မှာ ရမ်းကားရဲတယ်.. သွားသေလိုက်တော့"

ယန်ယောင်က ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်ပသော ရွှေရောင်အလင်းများ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သူ၏ခန္ဓာကိုယ်ကနေ ဘုရင်တစ်ပါးကဲ့သို့ ကမ္ဘာကို လွှမ်းမိုးနိုင်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

"ကျန်းချန်.. ငါ့ရဲ့ ရွှေကျီးကန်းလက်ဝါးသိုင်းကို ရင်ဆိုင်ကြည့်လိုက်စမ်း"

စကားဆုံးသည်နှင့် ယန်ယောင်သည် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ သူ၏ လက်ဝါးကနေ နေကဲ့သို့ လင်းလက်တောက်ပနေသော ရွှေရောင်အလင်းတန်းထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် ဧရာမ ရွှေကျီးကန်း တစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုရွှေကျီးကန်းက ကျန်းချန်ကို ထိုးသုတ်ရန် တစ်ရှိန်ထိုး ပျံသန်းလာခဲ့၏။

"ဒါက သူရိန်နယ်မြေရဲ့ ဧကရာဇ်အဆင့် ကိုယ်ခံပညာ ရွှေကျီးကန်း လက်ဝါးသိုင်းပဲ"

ယွဲ့ချင်ယင်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ချက်ချင်းပင် သတိပေးလိုက်သည်။

သူရိမ်နယ်မြေ၏ ရွှေကျီးကန်းလက်ဝါးသိုင်းသည် အလွန်ပင် အားကောင်းသည်။

လျှို့ဝှက်နယ်မြေရှစ်ခုရှိ ဧကရာဇ်အဆင့် ကိုယ်ခံပညာထဲမှာပင် ထိပ်ဆုံး(၃)ခု၌ ပါဝင်၏။

"ယန်ယောင်က ရှားယွမ်ဟောင်နဲ့တောင် ယှဥ်နိုင်တယ်လို့ ကောလဟာလတွေ ထွက်နေတာ အလကား မဟုတ်ဘူးပဲ"

စန်းယွဲ့ သူတော်စင်နယ်မြေသခင်က ယန်ယောင်ကို စိုက်ကြည့်ကာ စိတ်နှလုံးထဲတွင် အံ့သြမှင်တက်နေမိသည်။

သူမ ကိုယ်တိုင်ပင်လျှင် ယန်ယောင်ကို အနိုင်ရရန် ခက်ခဲလိမ့်မည်ဟု သူမ တွေးမိခဲ့သည်။

"ဒီကောင်ရဲ့ တိုက်ခိုက်‌ရေးစွမ်းအင်က အဘိုးကြီး ဖုန်းရွှယ်ခွင်းထက်တောင် ပိုပြီးအားကောင်းတယ်.. ကြည့်ရတာ ပါရမီရှင် နတ်သန္ဓေအင်ပါယာ စာရင်းရဲ့ အဆင့် သတ်မှတ်ချက်က ထင်ထားသလောက် မမှန်ကန်ဘူးထင်တယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ထို့နောက်တွင် လက်ဆွဲတော်ဓားကို ကိုင်စွဲကာ လေထဲတွင်ဝှေ့ယမ်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် လျှို့ဝှက်နက်နဲသော ဓားစွမ်းအင် တစ်ခုသည် မီတာ၃၀၀ ပတ်လည်ရှိ နေရာလွတ်ကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ပြီး ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်လောက်သည့် မရေမတွက်နိုင်သည့် အရှိန်အဝါများသည် ရွှေကျီးကန်း၏ လေးဘက်လေးတန်ကနေ ဝင်ရောက်လာခဲ့သည်။

ပေ၁၀၀ခန့် မြင့်မားသည့် ရွှေကျီးကန်းငှက်သည် ဓားအရှိန်အဝါ ထောင်ပေါင်းများစွာ၏ အောက်တွင် ချက်ချင်းပင် ပျက်စီးသွားခဲ့ပြီး အဆုံးသတ်တွင် နာကျင်စွာ ညည်းညူသံတစ်ချက် ထွက်ပေါ်လာခဲ့ကာ ရွှေရောင်အလင်း အစအနလေးများအဖြစ် ပြောင်းလဲသွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယန်ယောင်က အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

သူရိန်နယ်မြေ၏ သူတော်စင်သားတော်သည် အဆုံးသတ်တွင် သူ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်လောက်သော ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက သူရိန်နယ်မြေ၏ သူတော်စင်သားတော် တစ်ပါးအနေဖြင့် ရှန်းဝူတိုက်ကြီးတွင် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် သွေးနားထင် ရောက်ခဲ့သည်။

သူအသုံးပြုလိုက်သည့် ရွှေကျီးကန်း လက်ဝါးသိုင်းသည် စန်းယွဲ့သူတော်စင် သခင်ကဲ့သို့ နတ်သန္ဓေအင်ပါယာ နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အတော်လေး အခက်တွေ့စေမည့် ကိုယ်ခံပညာ ဆိုလည်းမမှားပေ။

သူက ခေါင်းကွဲမတတ် စဥ်းစားခဲ့သည့်တိုင် သူ့ရှေ့မှလူငယ်က သူ၏ ပြင်းထန်သော တိုက်ကွက်ကို မည်ကဲ့သို့ ပိတ်ဆို့နိုင်ခဲ့မှန်း နားမလည်နိုင်ခဲ့ပေ။

တကယ်တမ်းတွင် ယန်ယောင် တစ်ယောက်တည်းသာ နားမလည်နိုင်ခြင်း မဟုတ်ပေ။

စန်းယွဲ့သူတော်စင်နယ်မြေမှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများစွာပင် ထိုအချိန်၌ ကျောက်ရုပ်ထုများကဲ့သို့ ကြက်သေသေနေခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

ဤအချိန်တွင် စန်းယွဲ့ သူတော်စင်နယ်မြေသခင်၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အဆုံးသတ်တွင် သူမသည် ကျန်းချန်က ဟောင်ထျန်းသူတော်စင်နယ်မြေမှ ရှားယွမ်ဟောင်ကို အဘယ်ကြောင့်လွှမ်းမိုးနိုင်ခဲ့ပြီး ပါရမီရှင် နတ်သန္ဓေ အင်ပါယာစာရင်း၏ နံပါတ်(၁) ဖြစ်လာခဲ့သည်ကို နားလည်သွားခဲ့သည်။

အကြောင်းအရင်းမှာ ထိုကောင်လေး၏ ဓားနယ်မြေစွမ်းအားသည် အလယ်အလတ် နယ်မြေအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

အခန်း(၁၃၁၇)ပြီး၏။

All Chapters