ဘူးမာရမ်း
Vol. 7 Ch. 92
မိုးရာသီကုန်သွားသောအခါ ထာ့တို့အမဲလိုက်အဖွဲဲ့ အမဲလိုက်ထွက်ဖို့အလှည့်ကျလာလေသည်။
ဒီတစ်ကြိမ်တော့ ရှောက်ရွှမ် က မိုင်တို့အဖွဲ့ထဲမှာပါလေသည်။ သူတို့အမဲလိုက်မထွက်ခင် တောင်ထိပ်မှာအားလုံးစုဝေးကာ အမဲလိုက်သီချင်းကိုဆိုကြလေသည်။ ရှောက်ရွှမ် ကိုတွေ့တဲ့အခါ ထာ့ကဘာမှမပြောပေ။ သူ စိတ်မကြည်သော်လည်းသိသာအောင်တော့ မဖော်ပြရဲပါပေ။
နတ်ဆေးဆရာက သူ့ကိုပြောပြပြီးဖြစ်သလို သူကလည်း ဒေါသကိုကြိတ်မြိုချရုံကလွဲလို့အခြား ရွေးချယ်စရာမရှိသည့်ပုံပါပင်။ သူကသာ မကျေနပ်တဲ့အရိပ်အယောင်ပြလိုက်မိပါက နတ်ဆေးဆရာကို မလေးစားဘူးဟု သတ်မှတ်နိုင်လေသည်။
ထာ့က ဘာမှမတတ်နိုင်ပဲ အသက်ဝဝရှူကာ ဆက်လုပ်ရလေသည်။ ရှောက်ရွှမ် အကူအညီမပါရင်တောင် သူတို့အပင်ပိုပြီးစုနိုင်လိမ့်မည်ဟုသူယူဆလေသည်။ အနည်းဆုံးတော့ ထောင်ခြောက်ဆင်ဖို့လိုအပ်လာလျှင် အဆင့်မြင့်အဖွဲ့ကလူများကထောင်ခြောက်ဘယ်လိုဆင်ရမလဲသိလေသည်။
ဘိုးဘေးများကသာ ရှောက်ရွှမ်ကိုကောင်းချီးပေးမထားရင် မျိုးနွယ်စုရဲ့တကယ့်အခွင့်အထူးခံများကို မျက်စိမှောက်အောင်လုပ်မထားရင် ၊ သူ ဒါတွေမယုံပါပေ။
အမဲလိုက်အဖွဲ့ထဲကအခြားစစ်သည်များ ၊ အထူးသဖြင့် စစ်သည်ငယ်လေးများက ရှောက်ရွှမ်ကိုသိချင်စိတ်အပြည့်နဲ့ ကြည့်နေကြလေသည်။ သူတို့က သူ့ကို တိတ်တခိုးလှောင်ရယ်နေကြပြီး သူတို့အကြည့်များကလည်း ' ကြည့်စမ်းပါဦး ၊ သူအဆ
င့်မြင့်အဖွဲ့က ကန်ထုတ်ခံရမယ်ဆိုတာ ငါ သိသားပဲ ၊ ငါသိနေတယ် ' လို့ဆိုနေကြလေသည်။
လန်ကာ့ကလည်း ရှောက်ရွှမ် အတွေးလွန်နေမည်ကိုစိတ်ပူကာ တောင်တက်တဲ့လမ်းမှာ သူ့ကိုနှစ်သိမ့်ပေးနေသည်။ သို့သော် ရှောက်ရွှမ်ကိုထိုကိစ္စကို ဘာကြောင့်လုံးဝဂရုမစိုက်သလဲဆိုတာကိုတော့ မသိပါပေ ။ ပြီးတော့ သူကသာ ဒီလိုတောင်းဆိုခဲ့သူဖြစ်လေသည်။
ဆီဆာ နဲ့ ချာချာတို့ကို လောင်ခဲ့အိမ်မှာ ကျန်နေသေးတဲ့အစားအသောက်များနဲ့တကွ ချန်ထားခဲ့လေသည်။ တောင်ထိပ်နားကရေခဲဂူမှာ သိမ်းထားတဲ့ အစားအသောက်များလည်းရှိသေးလေရာ သူတို့ဆာလောင်ဖို့ရာအကြောင်း မရှိပေ ။
ဒီတစ်ကြိမ် သူတို့အမဲလိုက်အချိန်ဇယားက မိုးရာသီအကုန်မှာ စတဲ့အတွက် အတော်လေး ကြပ်တည်းလေသည်။ ထာ့က အမဲလိုက်အဖွဲ့ခေါင်းဆောင်များကိုအမြန်ဆင့်ခေါ်ပြီး နောက်
အမဲလိုက်ခရီးအတွက်ပြင်ဆင်ခိုင်းလေသည်။
သူတို့က မျိုးနွယ်စုကို လမပြည့်ခင်ပြန်လာဖို့လိုလေသည် ။ အကြောင်းမှာ လပြည့်ချိန်တွင် တောထဲက သားရဲဆိုးများက ပိုပြီး စိတ်ကြီးကြလေသည် ။ ထို့ကြောင့် သူတို့အတိတ်က အတွေ့အကြုံများအရ ဘယ်အမဲလိုက်အဖွဲ့မှာ တာဝန်ရှိရှိ လပြည့်နေ့မရောက်ခင် ပြန်လာရပေမည် ။ ပိုစောနိုင်လေ ပိုကောင်းလေဖြစ်သည်။
နောက်ဆုံးတစ်ခေါက် မိုင်တို့နဲ့ရှောက်ရွှမ် အမဲလိုက်ရတုန်းက သူတို့ဘိုးဘေးတွေကို တွေ့ခဲ့ရတဲ့ဒုတိယအမဲလိုက်နယ်မြေတွင် ရပ်ခဲ့ကြလေသည်။ သို့သော် ဒီတစ်ချိန်မှာတော့ ပထမနဲ့ဒုတိယနယ်တို့မှာအဆင်ပြေပြေဖြစ်ခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ် သူတို့နဲ့အတူ တတိယနယ်မြေကိုလိုက်ခဲ့သည်။
မိုးရာသီပြီးကာစဖြစ်လေရာ တတိယနယ်မြေတွင် ရေကန်အများကြီးရှိပြီး တချို့ရေကန်များမှာ ကြီးမားကာ တချို့ ရေကန်အသစ်အသေးများ
လည်းပတ်ပတ်လည်မှာ ရှိလေသည်။
သားရဲဆိုးများ အပါအဝင် သားရဲများက မိုးရာသီပြီးလျှင်ထွက်လာတတ်ကြသည် ။ သူအရင်က လိုက်ဖူးတဲ့အမဲလိုက်အတွေ့အကြုံများအရ သူကအရင်ကထက်ပိုသန်မာလာပြီး သူ အမဲကောင်းကောင်းရလေသည်။ သူကအဆင့်မြင့်အမဲများ လိုက်နိုင်ခဲ့လေရာ ဒီတခါသူရတဲ့အမဲများကို သူ ရက် ၅၀ ကျော်စားဖို့လုံလောက်လေသည်။
မျိုးနွယ်စုထဲမှာ လောင်ခဲ့ကတော့ ပြီးခဲ့တဲ့နှစ်ခေါက်ကလိုစိတ်မပူတော့ပါပေ ။ သေချာတွေးကြည့်ပြီးတဲ့နောက် ရှောက်ရွှမ် က သူမထွက်ခင် " စိတ်ချလက်ချ နားပါ " လို့မပြောခဲ့တဲ့အတွက်ကြောင့် ဆိုတာ လောင်ခဲ့သဘောပေါက်သွားသည်။
ဒါအမှန်ပင်ဖြစ်သည်။ ဒီအကြိမ်အမဲလိုက်ခရီးက အတော်ချောချောမွေ့မွေ့ ပြီးသွားသည်။ ပြီးတော့ ရှောက်ရွှမ် ကလည်း သူ့အစွမ်းကုန်လေ့ကျင့်ခဲ့
သေးသည်။ သူ သူများတွေကို ကူညီသည် ၊ လစ်လပ်နေတာတွေကိုဖြည့်သည် ၊ ထောင်ခြောက်များစွာဆင်ပေးသည် ။ သူက ဖြတ်လျှောက် သာသာလေးမဟုတ်တော့ပါပေ ။ ပြောရရင် ရှောက်ရွှမ် ဒီပြည့်ဝကာပျော်စရာကောင်းတဲ့အမဲလိုက်ခရီးကို အလွန်ကျေနပ်နေလေသည်။
ပထမ အမဲလိုက်ခရီးနဲ့ကွာသွားတာတစ်ခုက အချိန်ကြာလာလေ ညအခါမှာလက ပို ပိုတောက်ပလာလေဖြစ်သည်။ ညဆိုလျှင် သစ်တောဟာ ငွေဖဲပုဝါ လွှမ်းထားသည့်အလား အနည်းငယ်တောက်ပနေတတ်သည်။ မြင်ကွင်းလည်း အရင်ကကဲ့သို့မှောင်မနေပါချေ။ သို့ပေမဲ့ ညမှာကျက်စားတဲ့သတ္တဝါများနဲ့ သားရဲဆိုးကြီးများကတော့ ပိုပြီးစိတ်ကြမ်းတမ်းလာကြသည်။ ညကော မနက်ကောမှာ သားရဲနှင့်အခြားတိရိစ္ဆာန်များတို့ရဲ့ ဟိန်းဟောက်သံ ၊ ငိုယိုသံတို့ကိုကြားနိုင်ပြီး အရင်ကထက်လည်း ပိုစိပ်လာလေသည်။
ရက် ၂၀မျှကြာပြီးတဲ့နောက်မှာ အမဲလိုက်အဖွဲ့က မျိုးနွယ်စုဆီပြန်လာခဲ့သည် ။
သားရဲဆိုးကြီးများရဲ့အကြိမ်ကြိမ် အကြမ်းဖက်မှုများကြောင့် အမဲလိုက်အဖွဲ့က လူအတော်များများ ထိခိုက်ဒဏ်ရာရကြလေသည်။ ကံကောင်းထောက်မစွာနဲ့ သူတို့က အများအပြားထိခိုက်ဒဏ်ရာရကြသော်လည်း ခန့်မှန်းလို့မရတဲ့မတော်တဆမှုများအတွက် ကြိုတင်ပြင်ဆင်ထားလေသည်။ ဒီသူတို့အားလုံးပါဝင်တဲ့ကြမ်းတမ်းတဲ့အခြေအနေကိုကြည့်ရင် (၃) သည် ကံကောင်းစေသောနံပါတ်ဖြစ်လေသည် ။ ကံကောင်းထောက်မစွာနဲ့ မိုင်တို့အမဲလိုက်အဖွဲ့က ဘယ်သူကမှ ပြင်းပြင်းထန်ထန်မထိခိုက်ပါပေ ။
သူတို့ မျိုးနွယ်စုကိုပြန်ရောက်သောအခါ သူတို့တောင်ခြေနားက မြစ်နားကိုရောက်သော် ရှောက်ရွှမ်က မြစ်ရေအမြင့် အတော်လေး ကျသွားသည်ကို သတိထားလိုက်မိသည်။
ငါးဖမ်းပိုက်ထောင်များက ထိုနေရာတွင်ရှိနေဆဲ ဖြစ်သည်။ ပထမငါးဖမ်းပိုက်မှာ မူလကတည်းကမြစ်မျက်နှာပြင်အနီးမှာဖြစ်လေသည်။ မိုးကုန်သွားသောအခါ မြစ်ရေတက်ခြင်းက တဖန်ပြန်ကျသွားပြီး မိုးမတိုင်ခင်ကထက်နည်းနည်းသာမြင့်တော့လေသည်။ ထို့ကြောင့် ပထမငါးပိုက်ထောင်ကရေထဲတွင်ရှိနေသေးသည်။
သို့သော် ရက်နှစ်ဆယ်ကြာပြီးသည့်နောက် သူတို့ပြန်ရောက်တဲ့အခါ ရေအမြင့်က သိသိသာသာကျသွားပြီး အရင်ကထက်ပင်နည်းသွားလေသည်။
" လပြည့်ကာနီးပြီလေ ၊ မြစ်ရေက နောက်ရက်တွေမှာ ပိုကျသွားလိမ့်မယ် "
လန်ကာ့ကပြောလေသည် ။
ထပ်တွေးမိကာ လန်ကာ့ကပြုံးလေသည်။
" ငါတို့မိုးတွင်းတုန်းက ထောင်ခဲ့တဲ့ငါးပိုက်ထောင်က ဘာမှမမိခဲ့ပေမဲ့ လပြည့်ပြီးရင်တော့ တစ်ခုခုဖြစ်လောက်ပါတယ် "
ဒီလောကမှာ ထူးဆန်းတာတစ်ခုက ညမှာ လနှစ်ခု ရှိလေပြီး သူတို့က တစ်နှစ်မှာတစ်ခါသာလပြည့်လေသည်။ သူတို့ကဆန့်ကျင်ဘက်ရွေ့လျားကြလေရာ သူတို့ ဆုံကာ ထပ်မိ ကြပြီး ပြန်ခွဲခွာပြီးနောက် မှာသူတို့ကနေရာပေါင်းစုံကိုသွားကြလေသည်။
လပြည့်ကြပြီဆိုလျှင် ၎င်းတို့ထပ်တူကျသွားသည့်အချိန်ဖြစ်လေသည်။
မနှစ်က ဒီလိုအချိန်တွင် ရှောက်ရွှမ်က မိဘမဲ့ဂူတွင် အခြားကလေးများကဲ့သို့ အချိန်အများအပြားကုန်ခဲ့ရလေကာ မြစ်နှင့်မနီးသည့်အတွက်
ဒီရေအတက်အကျကိုမမြင်ဖူးခဲ့ပေ ။ မိုးရာသီပြီးတဲ့နောက် လူများက ငါးစဖမ်းကြသော်လည်း ရေကျသွားတဲ့အချိန်မှာ အနားသွားခွင့်ပြုမထားပေ ။ သူတို့က ဂူထဲတွင်သာနေရလေသည်။
အမဲတွေကို သိမ်းဆည်းပြီးတဲ့နောက် ရှောက်ရွှမ် က ဆီဆာနဲ့ချာချာ ကိုသူ့နေရာကို ပြန်ခေါ်လာလိုက်သည်။
" သူတို့က အရမ်းစိတ်တက်ကြွနေကြတယ် ၊ မင်းသူတို့ကိုနည်းနည်း အာရုံစိုက်လိုက်ဦး "
လောင်ခဲ့က ပြောသည်။
ရှောက်ရွှမ် ကထောင့်နားက အရိုးတွေကိုတချက်ကြည့်လိုက်သည်။ နံရိုးရှည်ကြီးများက အပိုင်းပိုင်းဖြစ်နေကာ ဆီဆာကမစားပဲ ဒီတိုင်းထားလေသည်။ မြေပေါ်မှာလည်း ခြစ်ရာများရှိနေသည်။ သို့သော် အရင်ကတက်ကြွတဲ့ ချာချာ
ကတော့ အခုအတော်လေး ငြိမ်သက်နေလေသည်။
အရင်တုန်းက မြင်မြင်သမျှကို ထိုးဆိတ်လေပြီး တစ်ခါတရံ ကျီကျီကျာကျာ မြည်ကာ ကုတ်ပင်ထားတတ်သေးသည်။ သို့ပေမဲ့ ယခုကတော့ ပို၍ပင်ငြိမ်သက်လာလေသည်။ သူကအိပ်မနေသလို အသိုက်ထဲပဲနေကာ ဘယ်မှလည်းမသွားပေ။
သူ့တဲကို ပြန်ရောက်တဲ့အခါ အလွန်တက်ကြွနေတဲ့ဆီဆာ နဲ့ပုံမှန်မဟုတ် ငြိမ်နေတဲ့ချာချာ့ကိုကြည့်လိုက်လေသည်။ သူက ခဏတွေးလိုက်ပြီး သူ့ကျောက်ဓားကိုထုတ်ကာတစ်ခုခုလုပ်ဖို့ထုတ်လိုက်လေသည်။
အမဲလိုက် ခရီးအတွင်းမှာ သစ်ရွက်တစ်ရွက်ကိုမြင်ကာ ရှောက်ရွှမ် တစ်ခုခုအားသတိရသွားသည်။
အရင်ဘဝတုန်းက ရှောက်ရွှမ် ကစားနေကြ ဘူးမာရန်းလို့ ခေါ်ကြတဲ့ ပတ်လည်ပျံတဲ့ ဒလက်ကလေးပင်ဖြစ်သည်။ စက္ကူနဲ့လုပ်လို့ရပေသည် ။ သို့ပေမဲ့ အခုသူက မျိုးနွယ်စုမှာဖြစ်လေရာ သစ်သားနဲ့လုပ်ဖို့ရွေးလိုက်သည်။
ရှောက်ရွှမ် လုပ်တဲ့ဘူးမာရမ်းက V ပုံစံလေးဖြစ်သည် ။ သူက ကျောက်ထည်၊သစ်သားထည်တွေပြုလုပ်နေကျဖြစ်လေရာ ဘူးမာရမ်းလုပ်ဖို့ကတော့ သူ့အတွက်မခက်ခဲပဲ သူဘယ်လိုလုပ်ရမလဲသိလေသည်။
တစ်နာရီပင်မကြာလိုက် သူ့အလုပ်ကပြီးသွာလေသည် ။ အသေးစိတ် အရောင်တင်ပြီးတဲ့နောက်မှာ ရှောက်ရွှမ်က သူ့နောက်ဆုံး ထုတ်ကုန်လေးကို အပြင်ယူလာလိုက်သည်။
" ဆီဆာ..လာခဲ့ "
သူက တဲပတ်ပတ်လည်မှာ လမ်းလျှောက်နေတဲ့ ဆီဆာကို အပြင်ခေါ်လိုက်သည်။ ရှောက်ရွှမ်က ဝံပုလွေရဲ့ခေါင်းကို ဘူးမားရမ်းနဲ့ ပုတ်လိုက်ပြီးပြောသည်။
" ငါ ဒါကိုပစ်လိုက်မယ် ၊ မင်းကငါ့ဆီပြန်ဖမ်းယူလာခဲ့ "
အရင်ကတော့ သူဆီဆာ နဲ့ သွားလိုက်ဖမ်းလိုက်လေ့ကျင့်ခန်းမျိုးလုပ်ပေးတတ်သည်။ တစ်ခါတရံ သူက ဆီဆာဖမ်းဖို့ တုတ်ချောင်း သို့မဟုတ် အရိုးပစ်ပေးလေသည်။ ထို့ကြောင့် ဆီဆာက ဒီကစားနည်းနဲ့ စိမ်းမနေပါချေ။
ဆီဆာ သူ့လက်က ဘူးမာရမ်းကို ကြည့်နေတာတွေ့တဲ့အခါ ရှောက်ရွှမ်က သူအဆင်သင့်ဖြစ်နေမှန်းသိကာ အားပြင်းပြင်းပစ်လိုက်လေသည်။
ဘူးမာရမ်းကို ပစ်လိုက်သောအခါ အဝေးသို့အမြန်လွင့်သွားပြီး ဘယ်ဘက်ကိုစက်ဝိုင်းပုံ လှည့်ပျံပြီး
နောက်ရှောက်ရွှမ်ဆီ ပြန်လာလေသည်။
ဆီဆာက ဘူးမာရမ်းနောက်ကို ပြေးလိုက်ပြီး အခုသူစိတ်ရှုပ်သွားလေသည်။ ဘာလို့ ဒီအရာက စလာတဲ့နေရာကို ပြန်ရောက်လာသနည်း ၊ ရှောက်ရွှမ်က နောက်တစ်ခေါက်ထပ်ပစ်လိုက်သောအခါ သူက ဘူးမာရမ်း ဘယ်သွားလဲ သိရအောင် လိုက်သွားလေသည်။
" ဘာလဲ "
ထွော်နဲ့ခဲ့ခဲ့က ရှောက်ရွှမ်ကိုတွေ့ဖို့ လာခဲ့လေသည်။ သို့သော် သူတို့ရှောက်ရွှမ်က သစ်သားပိုင်းလေးပစ်နေသည်ကိုသာ တွေ့ရပြီး ထူးဆန်းစွာ သစ်သားပိုင်းလေးကလည်း သူ့ဆီပြန်လာနေသည်ကို တွေ့လိုက်ရသည်။
တော်တော်အံ့သြစရာကောင်းပေသည်။
" အဲ့တာဘာလဲ "
ထွော်က ရှောက်ရွှမ် အနားကပ်ကာသိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။
သူတို့ ဒီတစ်ခေါက် အမဲလိုက်ခရီးမှာ ကောင်းကောင်းရခဲ့ပြီး သူတို့အရင်တစ်ခေါက်နဲ့ယှဥ်ရင်အတော် ပမာဏများလေသည်။ သို့သော် အရည်အသွေးကတော့ ပမာဏလောက် မများပါပေ ။
နောက်ဆုံးတစ်ခေါက်တုန်းက သူတို့ အစိမ်းရောင်သူခိုးပင်နဲ့ လေဘောလုံးကိုပြန်ယူလာနိုင်ခဲ့သည်။ သူတို့အမဲလိုက်ခရီးမှာ အပြင်မှာညဘက်ထောင်ခြောက်များဆင်ထားတာတောင်မှ ဘာမှမရခဲ့ပေ။
အချို့ထောင်ခြောက်များက ဘာမှန်းမသိသောအရာများ ဖျက်ဆီးခြင်းခံရလေသည်။ ထွော်နဲ့ခဲ့ခဲ့က ရှောက်ရွှမ်ဆီကို သူအဆင့်မြင့်အဖွဲ့ကို ထပ်ပါချင်သေးသလားမေးဖို့ သူ့ဆီလာခဲ့လေသည်။ သို့သော်မထင်ထားပဲ သူတို့ရောက်ရောက်ချင်းမှာ
စိတ်ဝင်စားစရာ ကောင်းတဲ့အသစ်တစ်ခုခုတွေ့လိုက်ရသည်။
" ဒါ ဘူးမာရမ်း လို့ခေါ်တယ် "
ရှောက်ရွှမ်ကပြောပြလေသည် ။
" ဒါဆို ငါကော စမ်းကြည့်လို့ရမလား "
ထွော်က သူကိုယ်တိုင်စမ်းကြည့်ဖို့ရာ တရွရွဖြစ်နေလေသည်။
" ရတာပေါ့ " ရှောက်ရွှမ်က ထွော်ကို ဘူးမာရမ်းကို လက်ဆင့်ကမ်းလိုက်လေပြီး ဘယ်လိုပစ်ရမလဲကိုပါပြောပြနေသည်။
" တောထဲမှာ ပျောက်မသွားဘဲ ပြန်လာမယ်ဆိုတာ သေချာလို့လား "
ထွော်က ရလဒ်အပေါ်မှာ သိပ်ယုံကြည်မှုမရှိပေ ။
ပြောရရင်သူက ကျောက်လှံတို ၊ လှံရှည်များကို ပစ်ဖူးလေ့ရှိပါသည်။ ထိုအရာများက အဝေးတစ်နေရာရာကို ပစ်လွှတ်ရတဲ့ခံစားချက်မျိုးခံစားဖူးလေသည် ။ သို့သော် ပြန်လာတာကတော့...
" သေချာပါတယ် "
ရှောက်ရွှမ် က ကတိပေးလေသည်။
" ဟုတ်ပြီ ၊ ဒါဆို အရင်စမ်းကြည့်တာပေါ့ "
ထွော်က ခပ်ဖျော့ဖျော့ပစ်လိုက်ပြီး ထိုအရာကသူ့ဆီကိုပြန်လာတာကိုမြင်ရတဲ့အတွက် အများကြီး စိတ်လျှော့သွားသည်။ ဒုတိယအကြိမ်မှာတော့ သူ အားနဲ့ပစ်လေသည်။
ခဲ့ခဲ့က ထွော်ဘေးမှာ မျက်တောင်မခတ်ပဲ မျက်လုံးပြူးကာ ကြည့်နေလေသည်။ သူမျက်လုံးများနှင့်ပင် ထွော်ပစ်လိုက်ပြီးတဲ့နောက် သစ်သား
ပိုင်းလေး ပြန်လာသည်ကို တွေ့လိုက်ရသည်။ သူက သူ့လက်ဖဝါးကိုပွတ်ကာ တံတွေးမျိုချလိုက်လေသည်။
" ငါ စမ်းကြည့်ဦးမယ် "
ထွော်ဆီကို ပြန်လာလာချင်း ခဲ့ခဲ့က ဘူးမာရမ်းကို အမြန် ယူလိုက်လေသည်။ သို့သော် ခဲ့ခဲ့ လုယူလိုက်တာကြောင့် မတော်တဆကျိုးသွားကာ နောက်တစ်ခေါက်ပစ်လို့မရတော့ပေ ။