လနှစ်ခုထပ်ခြင်းဖြစ်စဥ်
Vol. 7 Ch. 93
ထွော်က ခဲ့ခဲ့ကို အဝေးကိုဆွဲသွားပြီးနောက် သေအောင်ရိုက်လေသည်။
သူတို့ထွက်မသွားခင် ရှောက်ရွှမ် က သူတို့အတွက်သာ နှစ်ခုလုပ်ပေးရင် သူ့ကိုစားစရာတွေအများကြီးပေးမယ့်အကြောင်းကို ကတိပြုလိုက်သည်။
ဘူးမာရမ်းတွေကို အင်ဒီယန်းလူမျိုးများက တီထွင်ခဲ့ကြလေသည် ။ သို့သော် ဒီမှာတော့ တောထဲမှာ သားရဲဆိုးကြီးများ အများအပြားရှိလေရာ ၎င်းကအရမ်း အသုံးမဝင်ပါပေ ။ ဘူးမာရမ်းက သားရဲဆိုးများကို သေအောင်သတ်နိုင်တဲ့အစွမ်းမျိုးမရှိပါပေ။
သို့သော် မဆိုင်တဲ့တိရိစ္ဆာန်များ ၊ ငှက်များကိုမောင်းထုတ်ရာတွင်သုံးနိုင်လေသည် ။ သို့မဟုတ် သားရဲဆိုးများကို အာရုံဖမ်းစားဖို့ရာ ငါးစာအဖြစ်လည်းသုံးနိုင်လေသည်။
ထွော်မထွက်သွားခင် သူ့ကိုအဆင့်မြင့်အဖွဲ့ကိုပါချင်လား ဆိုတဲ့မေးခွန်းကိုတော့ ရှောက်ရွှမ် လုံးဝငြင်းဆိုရပေမည် ။ အကြောင်းမှာ သူလတ်တလောလုပ်ချင်တာက သူ့ခွန်အားတိုးမြှင့်လာဖို့ပင်ဖြစ်သည် ။
ထွော်နဲ့ခဲ့ခဲ့က ထာ့အမိန့်အရမဟုတ်ဘဲ လာခြင်းဖြစ်နိုင်ပေမဲ့ အဆင့်မြင့်အဖွဲ့ထဲကဖြစ်သည်မို့ ထာ့က သိနေနိုင်ပေမဲ့ သူတို့လာတာကိုတော့ မတားခဲ့ပေ ။
ထာ့ ဘယ်လိုပဲတွေးပါစေ ၊ ရှောက်ရွှမ်က မိုင်တို့အဖွဲ့မှာနေရတာ ပိုအဆင်ပြေသည်ဟုခံစားရသည့်အတွက် အဆင့်မြင့်အဖွဲ့တွင်ပြန်ပါဝင်ဖို့ လုံးဝစိတ်မဝင်စားသေးပါပေ ။ ရှောက်ရွှမ် အရင်က ရလာခဲ့သည့်အောင်မြင်မှုတွေကြောင့် သူသာလိုရင် နတ်ဆေးဆရာက သူ့ကိုဆေးပင်များပေးပေလိမ့်မည်။ ရှောက်ရွှမ်ကဆေးပင်တွေအားလုံးကိုလောင်ခဲ့ကိုပေးကာ လောင်ခဲ့ကလည်း မနှစ်က ထက်အတော်လေးပိုမိုကောင်းမွန်လာပုံရလေသည်။
သူ သူ့အိမ်ကိုပြန်ရောက်တဲ့အခါ ကျိုးသွားတဲ့ ဘူးမာရမ်းလေးက်ို မြေပေါ်မှာထိုင်ကာ ကြည့်နေသည့် ဆီဆာကိုတွေ့လိုက်ရသည်။ ရှောက်ရွှမ် အဲ့ဒီကိုသွားကာ ဘူးမာရမ်းအကျိုးလေးကိုကောက်ပြီး ထင်းလုပ်ဖို့ ပစ်လိုက်လေသည်။ သူကဝံပုလွေရဲ့ခေါင်းကိုနှစ်သိမ့်တဲ့အနေနဲ့ခပ်ဖွဖွပုတ်ကာ
" မနက်ဖြန်ကျ မင်းအတွက်အသစ်လုပ်ပေးမယ် "
ဒီရက်တွေမှာလေ့ကျင့်ခန်းလုပ်ရသည့်အတွက် ဆီဆာစွမ်းအင်အများအပြားသုံးရကာ ညဆိုရင်အတော်လေး ငြိမ်နေတတ်လေသည် ။ ရှောက်ရွှမ်ကတံခါးမှာမှီရပ်နေရင်း ကောင်းကင်ပေါ်ကိုကြည့်လိုက်သည်။
လက လုံးဝန်းလုနီးပါးဖြစ်ပြီး သူတို့က တဖြည်းဖြည်း ထပ်တော့ပေမည် ။ ဝါရင့် စစ်သည်တော်တို့ပုံပြင်များအရ လနှစ်ခုထပ်မိသွားတာနဲ့ မြစ်ရေကအမြန်ကျလာပေလိမ့်မည် ။
အပြောင်းအလဲများက အတော်လေးသိသာပေသည်။
ပြီးခဲ့တဲ့ရက်တွေမှာ ရှောက်ရွှမ်က မြစ်ကမ်းဘေးကိုလာတဲ့အခါ မြစ်ရေအတော်လေးကျနေသည်ကိုတွေ့ရလေသည်။ ရေများက တစ်နေရာရာကို အားကြိုးမာန်တက် စီးနေသည့်အလား အရှိန်အဟုန်နဲ့စီးနေသည်ကိုလည်းတွေ့ရလေသည်။
လသာ ပြည့်လာရင် လုံးလုံးများ ခမ်းသွားမလား ၊
မြစ်ရေကျသွားသည့်အတွက် နုန်းများအများအပြား ပေါ်လာလေသည်။ လူတွေက နုန်းတွေထဲ တစ်ခုခုလှုပ်ရှားနေသည်ကိုပင် မြင်ရလေသည်။ တစ်ခါတရံ အမည်မသိတဲ့ငှက်များကလည်း နုန်းမြေများဆီလာကာ ရွှံ့တွေထဲကိုထိုးဆိတ်
နေသည်ကို မြင်ရလေသည်။ သို့ပေမဲ့ ရံဖန်ရံခါ နုန်းထဲမှ ဧရာမပါးစပ်ကြီး ပွင့်လာပြီး ပျံနေတဲ့ငှက်ကို ရွှံ့ထဲသို့ဆွဲခေါ်သွားလေသည်။
ထိုနေရာမှာ နုန်းများသာကျန်တော့သော်လည်း အလွန်အန္တရာယ်များသောနေရာဖြစ်နေဆဲ ဖြစ်လေသည်။ မျိုးနွယ်စုခေါင်းဆောင်များက လူများကို မြစ်ကမ်းပါးနားသွားခြင်းကို တားမြစ်ထားခြင်းမှာ အံ့သြစရာမရှိပါပေ ။ နွံတွေထဲမှာ အရွယ်လေးနစ်သွားနိုင်သလို ရွှံ့တွေထဲပုန်းနေတဲ့ အကောင်များကလည်း အန္တရာယ်အကြီးစားဖြစ်လေသည်။
နောက်နေ့များတွင် လနှစ်ခုက တဖြည်းဖြည်းတစ်ခုနဲ့တစ်ခု ပိုထပ်လာပြီး မြစ်ရေစီးကြောင်းကလည်း ပိုမြန်လာကာ ရေလည်းပိုမြန်မြန်ကျလာလေသည်။ ယခု ငါးဖမ်းပိုက်ထောင်များဘေးမှာရပ်နေလျှင် နုန်းများကလွဲရင်ဘာမှတွေ့ရမည်မဟူတ်ပေ ။ သို့သော် ရေသာ ဒီလိုမကျလျှင် လူတွေက မြစ်ကြမ်းခင်းမှာရှိတဲ့အရာများကို မြင်နိုင်မည်မဟုတ်ပါပေ။
နုန်းများအပြင် သန္တာကျောက်များကဲ့သို့ ထူးထူးဆန်းဆန်း မြစ်အပင်များလည်း ရှိနေကြသည်။ အခြားမြစ်အပင်များကတော့ သာမန်ရေအပင်များကဲ့သို့ ရွေ့လျားနိုင်ကြလေသည်။
ငါးဖမ်းပိုက်ထောင်များ အရှေ့မှ ဆယ်မီတာအကွာလောက်တွင် မတ်စောက်တဲ့ကုန်းလျှောလေးရှိကာ မီတာတစ်ရာလောက်တွင် အလွန်နက်သွားလေသည် ။ အောက်ခြေကို မမြင်နိုင်သည့်အလား လူများခံစားရလေသည်။
ရေဘုရင်ကြီးများ ထိုအထဲတွင်နေကြလေရာ သေချာပေါက်သာမန်မြစ်တစ်စင်း မဟုတ်နိုင်ပေ။ မြစ် တကယ်ဘယ်လောက်နက်သလဲကို ခန့်မှန်းကြည့်ဖို့ရာ အလွန်ခက်လေသည် ။
ရေတွေ ခမ်းမကုန်ခင်မှာ ရှောက်ရွှမ်ကမြစ်ထဲကို သစ်သားစတစ်စ ပစ်ထည့်လိုက်ပြီး ရေစုန်မှာ မြောသွားတာကိုကြည့်နေလိုက်သည်။ သူ မမြင်နိုင်တဲ့အထိ ဝေးမသွားခင်မှာ သစ်သားစက မြုပ်မသွားပါပေ ။ သေချာတာက သစ်သားစားတဲ့ အင်းဆက်တွေ ယခုလောလောဆယ် မြစ်ထဲမှာလုံးဝမရှိတော့ပေ ။
လနှစ်ခုထပ်ဖို့ နီးကပ်လာသည်နှင့်အမျှ ဆီဆာနဲ့ ချာချာတို့ကတင် ပုံမှန်မဟုတ်စွာ ဖြစ်လာသည်မဟုတ်ပဲ ညပျံလွှားများကလည်း အရင်ကထက်ပိုသောင်းကျန်းလာကြသည်။
အခြားသူများက ညပျံလွှားများအော်သံကိုမကြားနိုင်ပေမဲ့ ရှောက်ရွှမ် ကတော့ကြားနိုင်သည်။ သူတို့အသံများမှ စိတ်လှုပ်ရှားစွာခေါ်သံများကိုပင်သူကြားနိုင်လေသည်။ သူတို့ရဲ့မီးကိုကြောက်တဲ့စိတ်များကိုပင်ကျော်လွန်ကာ ရူးရူးမူးမူးသွေးဆာနေကြသောအသံများပင်ဖြစ်သည်။
တစ်ယောက်ယောက်က ညဘက် မီးတုတ်ကိုင်ကာ ခရီးသွားလျှင်ပင် ညပျံလွှားများက မိုက်ရူးရဲစွာ တိုက်ခိုက်သည်ကိုခံရပေလိမ့်မည်။ ညပျံလွှားများက တော်တော်များများ မီးကြောင့်လောင်ကျွမ်းသွားတတ်သော်လည်း သူတို့ကတော့ သူတို့ပစ်မှတ်ကိုသာ မြင်ကြတော့လေသည်။
ဆီဆာက အခုရက်များမှာ ညဘက်တွင် တောထဲကဝံပုလွေများကဲ့သို့ အမြဲအူနေတတ်သည်။ ပြီးခဲ့တဲ့နှစ်မှာ ဆီဆာကငယ်သေးတဲ့အတွက် သူ့အမူအရာများကမထင်ရှားလှသော်လည်း ယခုနှစ်မှာတော့မတူတော့ပေ။
ပထမတော့ ကင်းလှည့်စစ်သည်တော်များက မျိုးနွယ်စုထဲကို ဝံပုလွေအုပ်ဝင်လာသည်ဟုထင်ကြသော်လည်း သူတို့မျက်လုံးနဲ့မြင်ရပြီးမှ ဆီဆာမှန်း သဘောပေါက်သွားသည်။ အကြောင်းမှာ ဆီဆာက အရင်တုန်းက အူလေ့မရှိသောကြောင့်ပင်။
ချာချာကတော့ အပြင်မှာ အန္တရာယ်ရှိသည်ဟုထင်သည့်အတွက် သူ့အသိုက်ထဲမှာပဲနေကာ ဘယ်မှလည်းမသွား ဘာမှလည်းမလုပ်ပေ။ သူ အစားအသောက်ပျက်နေသည့်အတွက် ရှောက်ရွှမ်ကသူနေမကောင်းဘူး ဟုပင်ထင်မိသွားသေးသည်။
သို့သော် တောင်အောက်ကမြစ်ကြီးကတော့ တဖြည်းဖြည်း ပျောက်သွားလေသည် ။ အထူးဆန်းဆုံး ခံစားချက်ကတော့ ရေများမရှိတော့ လေရာ တောင်အောက်မှာ ဘယ်တုန်းကမှမြစ်မရှိခဲ့ပဲ နုန်းတွေပြည့်နေတဲ့ အသူတရာချောက်နက်ကြီးသာရှိသည်ဟု လူများခံစားရခြင်းပင် ။
ခေါင်းကိုသာ မော့ပြီးအဝေးကိုကြည့်လိုက်လျှင် ဘာကိုမှတွေ့မည်မဟုတ်ပေ။ မြစ်လည်းမရှိ ၊ကမ်းပါးမရှိ ၊ ဘာအတားအဆီးမှမရှိပေ ။
သူသာ ဝါရင့်စစ်သည်တော်အချို့ သတိပေးတာကိုနားမထောင်ခဲ့ရင် ရှောက်ရွှမ် ဒီလိုပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်များကြောင့် စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်သွားနိုင်လေသည်။
လနှစ်ခုထပ်သွားတဲ့ ထိုညမှာ နေ့ကဲ့သို့လင်းနေလေသည်။
လနှစ်ခုထပ်ပြီးသွားတဲ့နောက်မှာ သူတို့က အတူတကွပေါင်းသွားကာ ပိုကြီးတဲ့လတစ်ခု ဖြစ်သွားသည်နှင့်တူလေသည်။ ကောင်းကင်မှာချိတ်ဆွဲထားတဲ့ ဧရာမလုံးဝန်းတဲ့လကြီးက အောက်ကအရာအားလုံးကို ငုံ့ကြည့်နေတဲ့ ကြီးမားဖျော့တော့သောမျက်လုံးကြီးများနှင့်တူလေသည်။ ထိုညမှာ ဘာမှမရှိတဲ့ မြစ်ကြမ်းခင်းမှာ အရိုင်းဆန်ဆန်ကခုန်နေကြပေမဲ့ မျိုးနွယ်စုဘက်ကိုတော့ ဘယ်တော့မှပြန်မလာပေ။
မျိုးနွယ်စု တောင်ထိပ်မှာ နတ်ဆေးဆရာက မီးတွင်းရဲ့ဘေးမှာ တစ်ခုခုကို တတွတ်တွတ် ရွတ်ဖတ်နေလေသည်။ မီးတွင်းထဲမှာတော့ ပထမက မီးတောက်အသေးလေးကနေ မီးတောက်အကြီးကြီးဖြစ်လာလေပြီး မီးတွင်းတစ်ခုလုံး အပြည့်ဖြစ်နေလေသည်။
မီးတောက်မြင့်မြင့်များက လေထဲ ကခုန်နေကာ တောင်ထိပ်မှာ မီးတုတ်အကြီးကြီးနှင့်တူနေလေသည်။ ၎င်းက တစ်နည်းနည်းနဲ့လူတွေရဲ့စိတ်ကိုပေါ့ပါးစေပြီး အကြောများကိုပြေလျော့စေသည်။
မျိုးနွယ်စုတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းအောင်တိတ်ဆိတ်နေသည်။ တောင်ထိပ်မှာရပ်နေတဲ့နတ်ဆေးဆရာကလွဲရင်ဘယ်သူကမှ အပြင်ထွက်ခွင့်မရှိပေ ။ ရှောက်ရွှမ်ကိုလည်း ဒီညတစ်ညလုံးသူ့တဲထဲမှာပဲကောင်းကောင်းနေဖို့ပြောထားလေသည်။
ချာချာကတော့ သူ့အသိုက်ထဲက ငှက်မွှေးလုံးကြားထဲကိုတိုးဝင်နေပြီး ဆီဆာကတော့ အခန်းထဲတွင် အူနေလေသည်။ သူသာလုပ်နိုင်ရင် သူ့ခေါင်းကို သူ့ပခုံးတွေအောက် လုံးဝမြုပ်ထားပစ်လောက်သည်။
တဲထဲမှာနေရင်းပင် ဟိုးအဝေးဆီကတောအုပ်က တိရိစ္ဆာန်များရဲ့ဟိန်းသံကိုကြားရလေသည်။
လူတွေက လတွေပျောက်သွားပြီး နေထွက်လာတဲ့ နောက်နေ့မှသာ အပြင်ထွက်လာကြသည် ။ သူတို့မျက်နှာများမှာ အားလုံးပျော်ရွှင်နေကြပုံပင် ။ လနှစ်ခုထပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ခြင်းမျိုး မရှိပေမဲ့ အားလုံးရဲ့နှလုံးသားထဲမှာတော့ အကြောက်တရားကို ဖုံးလွှမ်းသွားစေတတ်သည်။
တောင်ထိပ်ပေါ်က မီးတောက်ကိုတွေ့ရတဲ့အခါ စိတ်သက်သာရာရသွားသည် ။ ယခု ထပ်နေတဲ့လနှစ်ခုမရှိတော့ရာ အားလုံးက နောက်တဖန်အသက်ဝင်လှုပ်ရှားလာကြလေသည်။
လနှစ်ခုထပ်တဲ့ နောက်ရက်များမှာ ကောင်းကင်ပေါ်မှာ လတစ်ခုသာရှိနေပြီး အရင်ညများကလောက် မကြီးတော့ပေ ။ သေချာသာကြည့်မည်ဆိုရင် လ နှစ်ခုက ဖြေးဖြေးချင်းပြန်ကွဲကွာလာသည်ကို တွေ့ရမည် ။
ညဥ့်နက်သန်းခေါင်မှာ သူ့ခြေထောက်အောက်ကမြေကတုန်ယင်နေသည်ကို ရှောက်ရွှမ် သတိထားမိလိုက်ပြီး ၎င်းက ပို ပိုဆိုးလာလေသည်။ လောင်ခဲ့ဆီကနေ ထိုအကြောင်းများကိုသူ မှတ်သားထားလေရာ ဒီတစိကြိမ်မှာတော့သူ အရမ်းမပူပင်ပါချေ။
မနှစ်က သူ့မိဘမဲ့ဂူမှာရှိတုန်းကတော့ ဒါကို ငလျင်လှုပ်တာလို့ထင်ခဲ့သည်။ ထို့ကြောင့် သူဂူအပြင်ဘက်ကိုပြေးထွက်ခဲ့သည်။ ထိုအခါ အနောက်ကိုပြန်ဆွဲခံရပြီးအခြားကလေးများ ရယ်ခြင်းကိုခံရလေသည်။
ညဥ့်နက်သန်းခေါင်မှာ တော်လဲသံကြီးကြောင့် ရှောက်ရွှမ် တစ်ခါနိုးလာပြန်သည် ။ တော်လဲသံကြီးနဲ့အတူ မြင်းအကောင်ရေ သောင်းဂဏန်းခန့် အတူခုန်ပေါက်နေကြသည့်အလား ဆူညံသံများလည်းကျယ်လောင်လာသည်။
လေထုထဲမှာ ရေငွေ့များပိုများလာသည့်အတွက် ပို ပိုပြီးလည်း အစိုဓာတ်များလာလေသည်။
အပြင်မှာ လေ အလွန်တိုက်နေကာ ကျောက်စရစ်ခဲများလွင့်ပျံလာပြီး သစ်သားနံရံကို ရိုက်ခတ်ကြလေရာ အက်ကွဲသံများပေါ်လာလေသည် ။ သစ်သားနံရံကို ကျောက်စရစ်ခဲများဖောက်နိုင်မလားဟုပင် ရှောက်ရွှမ် သိချင်လာမိသည်။
တော်လဲသံက ပိုပိုကျယ်လာသည်။
ခြေထောက်အောက်ကမြေပေါ်မှာ အတော်များပြားတဲ့တသိမ့်သိမ့်တုန်ရီမှုများက ပေါင်းစပ်လာတဲ့ တော်လဲသံနဲ့ စိုစွတ်လာတဲ့လေထု..ဝါရင့်စစ်သည်တော်ကြီးများပြောပြသလိုပင် ပျောက်သွားတဲ့မြစ်က ပြန်လာသည်မှာထင်ရှားလေသည်။
တအောင့်ကြာသော်...
" ဝူး..."
တော်လဲသံများအလယ်မှ စူးရှရှအော်သံကြီးကထင်းထွက်လာသည်။ လေချွန်သံကဲ့သို့ စူးရှရှအော်သံကြီးနောက်မှာ ပထမ တော်လဲသံကြီးကိုဖုန်းသွားတဲ့ ကြားနေကျမိုးခြိမ်းသံကြီးကိုကြားရသည်။ ရေဘုရင်ကြီးများရဲ့ မြည်ကြွေးသံဖြစ်ပြီး အခြားသောအသံများက နာခံကြရလေသည်။
သို့သော် ၎င်းက သင်္ကေတ တစ်ခုဖြစ်ပြီး အောင်မြင်မှုအပေါင်းနှင့်ပြန်လာခြင်းသင်္ကေတ တစ်ခုဖြစ်သည်။
မိုးတွင်းမှာပျောက်ကွယ်သွားသော သတ္တဝါများအားလုံးမှာလည်း ရေနဲ့အတူပြန်လာလေသည်။
တော်လဲသံကြီးမှာတဖြေးဖြေးပျောက်ကွယ်သွားကာ ရေဘုရင်ကြီးများအသံကသာ တစ်ညလုံးမြည်တမ်းနေလေသည်။ ရှောက်ရွှမ်ကဲ့သို့ပင် မျိုးနွယ်စုထဲကလူများအားလုံး အိပ်မရတဲ့ည ဖြစ်မည်ဟု ယူဆလိုက်လေသည်။