← Chapters

မှန်းဆချက်

Vol. 7 Ch. 94

မှန်းဆချက်

Vol. 7 Ch. 94

မနက် မိုးလင်းတော့ ရှောက်ရွှမ် အိမ်ပြင်ကို ထွက်ထွက်ချင်းမှာ လန်ကာ့က သူ့ဆီကိုအသက်တောင်မရှူနိုင်ဘဲ ပြေးလာနေသည်ကိုတွေ့ရသည်။

" အားရွှမ် ၊ မြန်မြန် ၊ မြစ်ဘေးနားလာခဲ့ ၊ အခု "

လန်ကာ့မျက်နှာမှာ နီရဲနေကာ သူအလုပ်အများကြီးလုပ်ခဲ့ရခြင်း သို့မဟုတ် သူအရမ်းစိတ်လှုပ်ရှားနေခြင်း ဖြစ်နိုင်သည်။

" ဘာဖြစ်လို့လဲ "

ရှောက်ရွှမ် သိချင်သွားသည်။

" ငါးဖမ်းပိုက်ထောင်တွေ ၊ ငါးဖမ်းပိုက်ထောင်တွေ "

လန်ကာ့ ဘာမှဆက်မပြောတော့ပဲ သူ့အနားလာကာ ရှောက်ရွှမ်ကိုမြစ်ဘက်ကိုဆွဲခေါ်သွားလေသည်။

ဒီနေ့မနက်စောစောမှာ သိပ်မလင်းသေးသော်လည်း လန်ကာ့က မြစ်ဘေးနားသွားကာ ငါးဖမ်းပိုက်ထောင်များကိုစစ်ဆေးကြည့်လိုက်သည်။ ပြီးခဲ့တဲ့နှစ်တွေက သူ့အတွေ့အကြုံအရ မနေ့ညက ဒီရေမှာ အတော်ကြီးမားခဲ့သည်ကိုသိရာ ငါးဖမ်းပိုက်ထောင်ထဲမှာ တစ်ခုခုမိနေနိုင်လေသည်ဟု သူယူဆလိုက်သည်။

ပြီးခဲ့တဲ့နှစ်ရက်ကြောင့် လူတို့ရဲ့စိတ်များအေးချမ်းနေကြချိန်တွင် သူရှောက်ရွှမ် ကို မနှောင့်ယှက်ချင်ပေ။ ဒီနေ့တော့ သူ ငါးဖမ်းပိုက်ထောင်တွေကိုစစ်ကြည့်ဖို့မစောင့်နိုင်တော့လေရာ အထဲမှာ ရေနေသတ္တဝါအများကြီး မိနေသည်ကိုတွေ့ရလေသည်။

ဧရာမခေါင်းများနဲ့အသားစားငါးများလည်းရှိနေသလို သူတို့အရင်ကတစ်ခါမှမမြင်ဖူးသေးတဲ့ သတ္တဝါများလည်းပါဝင်လေသည်။

လန်ကာ့ အလွန်စိတ်လှုပ်ရှားကာ မြစ်တစ်လျှောက်က ငါးဖမ်းပိုက်ထောင်တွေအကုန်လုံးကို စစ်ဆေးကြည့်လိုက်သည် ။ ထို့နောက် သူက ကင်းလှည့်စစ်သည်တော်တချို့ကို ခေါ်ကာ ငါးဖမ်းပိုက်ထောင်ကလွတ်ထွက်တော့မယ့်ငါးတချို့ကို သတ်ပေးဖို့အကူအညီတောင်းလိုက်ပြီး ငါးဖမ်းပိုက်ထောင်ထဲက ငါးတွေကိုတော့ ဒီအတိုင်းထားလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

သူက အချိန်အတော်ကြာ စိတ်လှုပ်ရှားနေသည့်အတွက် ထောင်ခြောက်ထဲက အရာတွေအပေါ် သူလုံးဝအာရုံရောက်နေလေသည်။ ခဏကြာမှသာ လန်ကာ့ ရှောက်ရွှမ်အကြောင်းတွေးမိကာ သူ့ကိုပါ

ခေါ်ဖို့ရှောက်ရွှမ်အိမ်သို့ အပြေးသွားလိုက်သည်။

မနေ့ညက ရေတစ်ခါတက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ရက်က အသူရာချောက်ကြီးမှာ အိပ်မက်တစ်ခုအလား မြစ်ရေက အရင်ကကဲ့သို့ ငြိမ်သက်သွားသည်။

ရှောက်ရွှမ် နောက်ဆုံးမြစ်ဘေးကိုရောက်လာသောအခါ ငါးဖမ်းပိုက်ထောင်များအနီးတွင် လူအများကြီးဝိုင်းနေကြလေသည်။ အချို့က ကင်းလှည့်စစ်သည်တော်များဖြစ်ပြီး အချို့က တောင်ခြေကလူများဖြစ်ကြသည်။ မိဘမဲ့ဂူက ကလေးများကလည်း အံ့သြစရာများကိုကြည့်ရန် လာကြလေသည်။

လူအားလုံး သိချင်နေကြကာ အချင်းချင်း တွန်းထိုး ပြာယာခတ်ကာ ကြည့်နေကြလေသည်။ ထိုအချိန်မှာ လူအားလုံးကလည်း သူတို့သာနှစ်တစ်နှစ်ရဲ့ အချိန်မှန်မှာသာ ဒီလိုမျိုးတစ်ခုခုဆောက်၍ထားလျှင် ကောင်းတဲ့အရာတွေတစ်ခါတည်း အများကြီးမိနိုင်သည်ဟု တွေးမိကြလေသည်။

ရှောက်ရွှမ် လာတဲ့အခါ တစ်မီတာရှည်တဲ့ ပွင့်လျက်သား ယောက်သွားကြီး မြေပေါ်မှာရှိနေသည်ကို သူ တွေ့ရလေသည်။

" ငါမနက်က လာတုန်းက ဒါကထွက်ပြေးတော့မလို့ပဲ ၊ ကံကောင်းစွာနဲ့ ဒီကောင်တွေကမမြန်ဘူးလေ "

လန်ကာ့က တခစ်ခစ်ရယ်လေသည်။

" ဒီ့ကောင် အခွံတွေက တော်တော်ကြပ်တယ်၊ ငါတို့ဒါကိုဖွင့်တုန်းက တော်တော်ပြသာနာတက်သွားသေးတယ် "

လန်ကာ့က သူ့အရှေ့မှာ ရပ်နေတဲ့လူများကိုတွန်းဖယ်ကာ ငါးဖမ်းပိုက်တစ်ခုကိုလက်ညိုးထိုးကာ ရှောက်ရွှမ်အားစိတ်လှုပ်ရှားစွာ လက်ညိုးထိုးပြလေသည်။

" ကြည့်ဦး..အားရွှမ် ၊ အထဲမှာ အကောင်တွေအများကြီးပဲ ၊ အထဲကတချို့ကိုဆို တစ်ခါမှမမြင်ဖူးဘူး "

ဆယ်နှစ်ကျော် အမဲလိုက်အတွေ့အကြုံရှိတဲ့ မုဆိုးဖြစ်သူအလျောက် လန်ကာ့ အခြားစစ်သည်တော်များကဲ့သို့ပင် အမျိုးအစားအသစ်များကိုဖမ်းတွေ့လျှင် အလွန်စိတ်ဝင်စားတတ်လေသည်။ သူကမနက်မှာပင် သူကိုယ်တိုင် အထဲကအများစုကိုခွဲခြမ်းလေ့လာကြည့်ပြီးပြီဖြစ်သည်။

ရှောက်ရွှမ်က ကျောက်တိုင်ထိပ်ပေါ်ခုန်တက်လိုက်ကာ အထဲကိုစိုက်ကြည့်လိုက်လေသည်။

ငါးပိုက်ထောင်တိုင်းမှာ အကောင်အများကြီးရှိနေကြပြီး အများစုကတော့အသားစားငါးများဖြစ်ကြသည်။ သူတို့အားလုံး လှိုင်းလုံးကြီးများနဲ့အတူပါလာခြင်းဖြစ်သည်။ လန်ကာ့မှာ ဧရာမခေါင်းများနဲ့အသားစားငါးများကို စိတ်မဝင်စားပေ ။ သူက အားလုံးထဲမှ နှစ်ကောင်ကိုသာ ပုံစံတစ်ခုအနေနဲ့ ယူထားလိုက်သည်။

ရှောက်ရွှမ် နဲ့စကားပြောပြီးတဲ့နောက် သူက အသားစားငါးတွေအကုန်လုံးကို ကလေးတွေနဲ့တောင်ခြေကလူတွေကို ဝေပေးလိုက်ဖို့ဆုံးဖြတ်လိုက်သည် ။ လန်ကာ့မှာ အစားအစာမရှားပါးလေရာ စွမ်းအင်နည်းသော အသားများကိုစိတ်မဝင်စားပါပေ။ ရှောက်ရွှမ် လည်း ထိုနည်းတူပင် ။

လန်ကာ့က ငါးပိုက်ထောင်ထဲကအသားစားငါးတွေကိုလှံရှည်နဲ့ထိုးကာ တစ်ကောင်ချင်းစီ ယူပြီးတဖက်ကိုပစ်လိုက်လေသည်။

ပွဲကြည့်နေတဲ့ပရိသတ်များကတော့ ထိုခေါင်းကြီးငါးများ ပြန်လာဦးမလား စစ်ဆေးကြလေသည် ။ သူတို့သာပြန်လာလျှင် လာမည့်နေ့တွေမှာသူတို့ ငါးဖမ်းဖို့အတွက်ကြိုတင်ပြင်ဆင်ရပေမည်။ မထင်ထားပဲ သူတို့ဒီကိုလာကြည့်ရုံနဲ့ပင် အစားအစာတချို့ရလေသည် ။ လန်ကာ့က အသားစားငါးတွေကိုအပြင် ပစ်ထုတ်နေသည်ကိုတွေ့ရသောအခါ သူတို့အားလုံးရှေ့တိုးလာပြီး ကောက်ယူကြလေသည်။

ငါးပိုက်ထောင်ထဲမှာ ရေမရှိလေရာ ငါးအများစုမှာရုန်းကန်ရင်းသေရလေသည်။ လန်ကာ့ငါးတွေအပြင်ထုတ်ရင်း ထွက်လာတဲ့သွေးတွေကလည်း ငါးများကို ပိုသွေးဆူစေလေသည်။

ရှောက်ရွှမ် က ပုံစံမျိုးစုံနဲ့ငါးမျိုးစုံကိုတွေ့ရသည်။ အချို့မှာ ရှည်သွယ်သွယ်မျက်လုံးများရှိကာ ၊ အချို့မှာ ငါးလိပ်ကျောက်များကဲ့သို့ ကိုယ်လုံးပြားလေသည်။ အချို့က ငါးပူတင်းများဖြစ်ကာ သူတို့ကိုယ်သူတို့ လေဖောင်းလိုက်ကာ အခြားငါးများကိုဘေးသို့တွန်းထုတ်လိုက်သည်။

ရှောက်ရွှမ် က ပုဇွန်များ ၊ ဂဏန်းများကိုပင်တွေ့သေးသည် ။ သို့သော် ၎င်းတို့ကရှောက်ရွှမ်အရင်ဘဝက ပုဇွန်တို့ဂဏန်းတို့နဲ့တော့မတူပါပေ ။ ငါးများနဲ့ယှဥ်ရင် သူတို့ကသိပ်မကြီးပေ ။ အမှန်တော့ အကောင်ကြီးသော ပုဇွန်နဲ့ဂဏန်းများရှိသော်လည်း ၎င်းတို့က ထိုရိုးရိုးပိုက်ကွန်မှာ မမိကြပေ ။ အကယ်၍သူတို့မနေ့ညက လာလျှင် ၎င်းတို့အရိပ်ကိုမြင်ရမည်မဟုတ်ပေ ။

" ဒါ ဘယ်လိုနေလဲ ၊ ငါတော့စားလို့ရမယ်ထင်တယ် "

" ဟေ့..ဒီတစ်ခုကိုကြည့်ဦး ၊ ကြမ်းတမ်းမယ့်ပုံပဲစားလို့မရရင်တောင် ငါတို့ဆော့လို့ရတယ် "

" ဒီငါးကို ကြည့်ကြည့် ၊ မင်းတစ်ချက်ထိတိုင်းအရောင်ပြောင်းသွားတယ် "

"..."

ပတ်ပတ်လည်က လူများက စကားပြောနေကြလေသည်။

ရှောက်ရွှမ်က ရှာဖွေကြည့်နေရင်း အခြားငါးဖမ်းပိုက်ထောင်ကနေ လန်ကာ့လှမ်းအော်သည်ကိုကြားလိုက်ရသည

" ငါ ဒါကိုအမဲလိုက်ရင်း မြင်ဖူးတယ်ထင်တယ် ၊ ဒါပေမဲ့ လုံးလုံးတော့မတူဘူး "

ရှောက်ရွှမ် က သူပြတဲ့နေရာကို ကြည့်လိုက်တော့ လန်ကာ့ညွှန်ပြတာကိုကြည့်ကာ သူရယ်မိသွားသည်။

ဘုရားရေ..အဲ့ဒါ လိပ်တကောင် ဖြစ်သည်။

အထူးသဖြင့် ၎င်းက မိချောင်းလိပ်နှင့်ပိုတူလေသည် ။ ရှောက်ရွှမ် ကြည့်နေရင်းမှာ သူက အသားစားငါးကြီးရဲ့အမြီးကိုကိုက်ကာ အသားစများအဖြစ် ဆုတ်ဖြဲပစ်လိုက်လေသည်။

" ကျွန်တော် ဒါကိုယူပြီး ကျွန်တော့်တဲမှာချက်စားမယ် "

ရှောက်ရွှမ်က သူ့ကျောက်လှံရှည်နဲ့ မိချောင်းလိပ်ကိုထိုးပြကာလန်ကာ့ကိုပြောလိုက်သည်။

" ဟုတ်ပြီ ၊ ဒါဆိုလည်း ဒါကမင်းအတွက်ပေါ့ "

လန်ကာ့က ဒီနေ့ရတာတွေနဲ့ပတ်သက်ပြီးအလွန်အံ့အားသင့်နေရာ သူအရင်တုန်းကမြင်ဖူးတဲ့အရာများကို ဂရုစိုက်မနေပါချေ ။ ပြောရရင် သူက သူဖမ်းမိထားတဲ့အရာတွေက စားလို့ရလား ၊ စွမ်းအင်ဘယ်လောက်ပါသလဲကိုပင် သူ အာရုံမစိုက်ပါပေ။

သူက သူ့ကို ဒီလိုတွေဝန်းရံနေခြင်းကို အလွန်အောင်မြင်သည့်အရာဟုခံစားရလေသည်။ ဒါ သူအောင်မြင်မှုလမ်းကို လျှောက်ရတုန်းကကဲ့သို့ အောင်မြင်မှုအရသာမျိုး ခံစားရလေသည်။

ဒီကိုကြည့်ကြစမ်း ၊ ငါကမြေပေါ်မှာတင် ထောင်ခြောက်ဆင်နိုင်တာမဟုတ်ဘူး ၊ ငါးတွေကိုလည်းထောင်ခြောက်ဆင်ပြီး ဖမ်းနိုင်တယ်၊

လန်ကာ့က ဒီနေရာမှာ တပ်မှူးသဖွယ်ဖြစ်လေကာ တောင်ခြေဒေသကလူများက သူ့ကိုဝန်းရံပြီး သူ့ဆီကသင်ယူနေကြလေသည်။ လန်ကာ့ ငါးဖမ်းပိုက်ထောင်ပေါ်က ကျောက်တိုင်ပေါ်မှာရပ်ကာ ဒီကိုရောက်ကတည်းက စကားပြောနေလေသည်။

ရှောက်ရွှမ်က ပတ်ပတ်လည်ကိုကြည့်ကာ လန်ကာ့ကိုအသားပေးနေကြခြင်းကို နေရာမလုဖို့ဆုံးဖြတ်လိုက်လေသည် ။ သူနဲ့လန်ကာ့က ဖမ်းမိတာတွေရဲ့ ပူးပေါင်းပိုင်ဆိုင်သူများဖြစ်သော်လည်း သူသိချင်တာက မြစ်ထဲမှာ အသားစားငါးများအပြင်တခြားဘာများရှိသေးလဲဆိုတာပင်ဖြစ်သည်။ ငါးပိုက်ထောင်ထဲက မိချောင်းလိပ်နဲ့ငါးနည်းနည်းကလွဲရင် သူကအခြားအရာများကို လန်ကာ့အတွက်ထားခဲ့လိုက်သည်။

ရှောက်ရွှမ် လူကြားထဲကနေတိုးထွက်ပြီး မြစ်ကမ်းပါးတစ်လျှောက် လမ်းလျှောက်သွားသည်။ မြစ်နားမှာ သစ်တောငယ်လေးရှိပြီး သစ်ကိုင်းအတော်များများ ကျိုးနေလေရာ မနေ့ညကကြောင့်ဖြစ်နိုင်လေသည်။

ရေတက်လာသောအခါတုန်းက အလွန်ကြီးတဲ့ ဒီရေဖြစ်ဖို့သေချာလေသည် ။ ကမ်းပါးတစ်လျှောက် သန့်ရှင်းသွားခြင်းမှာ ထိုသို့ဖြစ်ခဲ့သည်ကိုညွှန်ပြပြီး ငါးဖမ်းပိုက်ထောင်ထဲကအရာများက ဒီရေကသယ်လာခြင်းဖြစ်လေသည်။

မြစ်ထဲမှာ သစ်ကိုင်းကျိုးများ မရှိသလို မြစ်ထဲမှာမျောနေသောအရာများလည်း မရှိပေ ။ ရှောက်ရွှမ်ကသစ်တောထဲကိူလမ်းလျှောက်သွားသည်။ သူက သစ်ကိုင်းတစ်ခုကိုချိုးကာ မြစ်ထဲ ပစ်လိုက်လေသည်။ သစ်ကိုင်းဟာ ရေပေါ် ပေါလောပေါ်ကာ ရေစီးနဲ့အတူမျောပါသွားလေသည် ။ သို့သော် ခဏကြာသော် သစ်ကိုင်းကနစ်သွားကာ ပူစီဖောင်းလေးများထွက်လာလေသည်။

သစ်သားစားအင်းဆက်များလည်း ပြန်ရောက်လာလေပြီ ။

မိုးရာသီအတွင်းမှာတုန်းက မြစ်မိစ္ဆာများနဲ့အတူရေစုန်အတိုင်း ကူးသွားပြီး အမြီးရှည်ဖားများကဲ့သို့ပင်သူတို့သွားရမည့်နေရာရှိလေသည်။ သို့သော် လပြည့်ပြီးနောက် သူတို့က ရေနဲ့အတူ ပြန်ပါလာသည် ။

သူ့တွက်ချက်တာသာ မှန်ရင် သူ့သစ်သားလှေကလေးက မိုးရာသီအဆုံးမှ လပြည့်နေ့အထိတိုင် ဘေးကင်းကင်းနဲ့မျောပါသွားနိုင်လေသည်။

ထိုအချိန်ကြားထဲမှာတော့ မြစ်က အလွန်ကြမ်းတမ်းခက်ထန်လေပြီး အသားစားငါးများပင် ရှိနေကြသည်မဟုတ်ပေ ။ ဆိုရိုးစကားရှိလေသည် ။ ကျားမရှိရင် တောင်ကိုမျောက်များမင်းမူသည် ဆိုတဲ့ ၊ အဓိပ္ပါယ်ရှိသည်။ သူတို့သဘာဝသားရဲများမရှိလျှင် ထိုအသားစားငါးများတက်ကြွနေကြလိမ့်မည်ဖြစ်ပြီး သွေးနည်းနည်းအတွက်ပင် အချင်းချင်းတိုက်ခိုက်ကြပေလိမ့်မယ်။ ရှောက်ရွှမ် သူ့အထင် မှန်မမှန်ကိုတော့အတည်မပြုနိုင်ပါပေ ။ ဒီလိုအဖြစ်မျိုးက တစ်နှစ်မှတစ်ခါသာဖြစ်သည်ကတော့နှမြောစရာပေ ။ သူ့ သီအိုရီမှန်ကြောင်းအတည်ပြုဖို့ကာ သူနောက်မိုးရာသီအထိစောင့်ရဦးပေမည် ။

သူ တဲကိုပြန်ရောက်တဲ့အခါ သူဒီနေ့တွေ့ရှိချက်နဲ့ သူ့မှန်းဆချက်ကို သူ့လျှို့ဝှက်မှတ်စုထဲကိုရေးမှတ်လိုက်လေသည်။ သူရေးပြီးတဲ့အခါ သူ့သားရေလိပ်ကလေးကိုသေချာပြန်လိပ်ကာ သားရေကြိုးနဲ့ချည်ပြီး ကျောက်ဗူးလေးထဲကိုထည့်လိုက်လေသည်။ သူက ပြန်ပိတ်လိုက်ပြီးသူ့အိပ်ရာအောက်က ကျောက်ဗူးထဲ ထည့်လိုက်သည်။

သားရေလိပ်ထဲမှာ အများကြီးမှတ်တမ်းတင်ထားလေသည်။ အထဲကအချက်အလက်များက ဆူပူမှုနဲ့မလိုလားအပ်တဲ့ပြသာနာများမဖြစ်စေရန်အတွက် ရှောက်ရွှမ် အခြားသူများကို အခုတော့အသိမပေးနိုင်သေးပေ ။ အခု ရှောက်ရွှမ် အားအင်ကအကန့်အသတ်ရှိသေးလေရာ သူက အကျိုးဆက်များကို မရင်ဆိုင်နိုင်သေးပေ ။ ထို့ကြောင့် ကောင်းကောင်းလျှို့ဝှက်ထားရုံကလွဲပြီးတခြားရွေးစရာမရှိပေ ။

" နောင်တစ်နေ့နေ့ကျရင်တော့ အသုံးဝင်မယ်လို့ မျှော်လင့်တာပဲ “

ဒီလောကကြီးမှာ သူတို့မျိုးနွယ်စုတစ်ခုပဲ ရှိတာလား၊ ယခု မျိုးနွယ်စုထဲကအားလုံး နဲ့သူတို့ဘိုးဘေးများက ဒီမျိုးနွယ်စုထဲကအခြားသူများနဲ့သာ သူတို့တစ်ဘဝလုံး အဆက်အသွယ်ရှိခဲ့ကြလေသည် ။ မွေးသည်မှသေသည်အထိ ဘယ်သူကမှ အခြားအပြင်ကလူများနဲ့ မဆုံဖူးပါပေ ။

သူတို့ အခြားမျိုးနွယ်စုများအကြောင်းပြောသောအခါ ရှောက်ရွှမ်အရင်ဘဝက လူများဂြိုလ်သားများအကြောင်းပြောကြသည့်အလားပင် ။ အလွန်ဝေးကွာကြလေရာ ဂြိုလ်သားများက ဒဏ္ဍာရီထဲမှာသာ ရှိပြီး လက်တွေ့ဘဝတွင် မရှိကြပေ ။

အခြားသူများက ဘယ်မှာရှိကြသလဲ ၊ သူတို့အပြင် အခြားသူများကော ရှိကြသေးလား ၊ ရှောက်ရွှမ်က ကျောက်အိမ်နံရံများကပုံများမှာလည်း တခုခုမြင်ခဲ့သေးသည်။

ဒါပေမဲ့ သူမျိုးနွယ်စုက ဘယ်လိုထွက်သွားကာ အခြားမျိုးနွယ်စုကတစ်ယောက်ယောက်နဲ့တွေ့နိုင်ပါမလဲ ၊

သူ အန္တရာယ်ရှိတဲ့တောအုပ်ထက်ပိုဝေးဝေးကို ခရီးသွားကြည့်ဖို့လိုအပ်လေသည် ။ သို့မဟုတ် သူလုပ်ရမှာအကုန်လုံးက မြစ်ကို ဖြတ်ကာကူးလိုက်ရုံပဲလား?

All Chapters