← Chapters

ရည်ရွယ်ချက်

Vol. 7 Ch. 95

ရည်ရွယ်ချက်

Vol. 7 Ch. 95

မျိုးနွယ်စုအတွင်းမှာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသောအခါ ရှောက်ရွှမ်ဘဝကလည်း ပုံစံကွက်အဟောင်းထဲ ပြန်ရောက်သွားသည်။

သူက ရက်နှစ်ဆယ် ၊ သုံးဆယ်လောက်အမဲလိုက်ထွက်ပြီး မျိုးနွယ်စုကိုပြန်လာ ၊ ကျောက်ထည်တွေလုပ် ၊ လောင်ခဲ့ဆီကနေထောင်ခြောက်ဆင်တာကိုသင် ပြီး ဆီဆာတို့ချာချာတို့နဲ့လေ့ကျင့်လေသည်။

မျက်စိ တစ်မှိတ်အတွင်းမှာ နှစ်ဝက်ကုန်သွားလေသည် ။

ထိုအချိန်အတောအတွင်းမှာ ရှောက်ရွှမ် သူ့တဲကိုချဲ့လိုက်သည်။ လောင်ခဲ့ကြီးကြပ်မှုအောက်မှာ သူက သူ့တဲထဲကို ကျောက်ပစ္စည်းများနှင့်ပင်အဆင့်မြှင့်ထားပြီး သူ့တဲငယ်လေးကိုလည်း သစ်သားနဲ့ကျောက်တုံးအိမ်လေး အဖြစ်ပြောင်းလိုက်သည်။ အရင်ကထက်ပိုခိုင်ခန့်လေသည် ။ ဗိသုကာပိုင်းမှာတော့ သူက လောင်ခဲ့နဲ့အခြားသူများလောက် အရည်အချင်းမရှိပေ ။ ဒီတော့ သူက လောင်ခဲ့ညွှန်ကြားသည့်အတိုင်း ဆောက်လိုက်ရုံပင်ဖြစ်လေသည်။

အသစ်ဆောက်ထားတဲ့ သစ်သား ကျောက်အိမ်က လောင်ခဲ့အိမ်ထက် တဆပိုကြီးလေသည်။ ကျောက်ထွင်းဖို့ သီးသန့်အလုပ်ရုံလေးပင်ပါသေးသည်။ လောင်ခဲ့ပစ္စည်းများကို ဒီအခန်းထဲကိုရွှေ့ထားပြီး ဖြစ်သည်။ ရှောက်ရွှမ် ကျောက်ထွင်းနေချိန်မှာ လောင်ခဲ့ကဘေးခန်းမှာအိပ်နေရုံပင် ။ သူက ဆူညံ့သံကြောင့်အနှောင့်အယှက်မဖြစ်ဘဲ သူနိုးလာရင် ရှောက်ရွှမ် ကိုတခု ၊ နှစ်ခု သင်ပေးလေသည်။

ရှောက်ရွှမ် အမဲလိုက်ထွက်တဲ့အခါ လောင်ခဲ့က ကျောက်ထွင်းစရာမရှိတဲ့အချိန် ၊ ချာချာနဲ့ဆီဆာကို မလေ့ကျင့်ပေးတဲ့အချိန်တွေမှာ ပြတင်းပေါက်ဘေးမှာထိုင်ပြီး နေပူဆာလှုံလေ့ရှိလေသည် ။ ကောက ဒီကိုလာတိုင်းမှာ လောင်ခဲ့ဘဝကို ဒီလိုနေနေရတာကိုမြင်ရတဲ့အတွက် ကျေနပ်စွာသက်ပြင်းချတတ်လေသည်။ ပြီးခဲ့တဲ့တနှစ်မဗာ လောင်ခဲ့ဘဝ ဒီလိုအပြောင်းအလဲတွေဖြစ်မယ်လို့ ဘယ်သူထင်ထားလိမ့်မည်နည်း။

ချာချာက အထွားမြန်လေသည် ။ သူပေါက်ကာစကနေ နှစ်ဝက်သာရှိသေးသည်။

ဆီဆာအတွက် ဂူလေးကိုတော့ အပြင်မှာလှုပ်ရှားမှုတခုခုရှိရင် သူသိနိူင်စေဖို့အတွက် ပင်မတံခါးအနီးနားမှာဆောက်ပေးထားသည်။ ရှောက်ရွှမ် ကသူ့ကိုခွေးတကောင်ကဲ့သို့ပင်ထိန်းသိမ်းထားလေသည်။ သို့ပေမဲ့ ချာချာကတော့ အမိုးပေါ်မှာ သူ့အသိုက်လေးဆောက်ထားပြီး ရှောက်ရွှမ် ကသူ့အတွက်အထူးလုပ်ပေးထားဖြစ်လေသည်။

ချာချာရှိနေတဲ့အတွက် ဘယ်ညပျံလွှားကမှ အိမ်နားကိုကပ်မလာရဲပေ ။ တစ်ခါတရံ မနက်ဆိုရင် ညပျံလွှားအသေကောင်တချို့ကို ချာချာအသိုက်နားမှာတွေ့ရတတ်သေးသည်။ သူ့မှာ ဒါတွေကိုစားချင်စိတ်တော့မရှိပေ ။ သူက အပိုင်းပိုင်းထိုးဆိတ်လိုက်ပြီး အစအနတွေကို မြစ်ဘက်ကိုချီသွားကာ ခေါင်းကြီးတဲ့အသားစားငါးတွေအချင်းချင်းတိုက်ခိုက်လုယက်ကြတာတွေ့ရဖို့ အသားစများပစ်ချတတ်လေသည် ။ သူက ကြမ်းတမ်းရက်စက်ရုံတင်မဟုတ်ပဲ ကြောက်စရာဝါသနာလည်းရှိနေလေသည် ။

ရှောက်ရွှမ်က ဒီငှက်လေးကို အပျံသင်ပေးဖို့အကူလိုမည်ဟုအမြဲယူဆထားလေသည်။ ပြောရရင် အစွန်းဘက်တစ်ခုခုကနေ ငှက်ကိုပစ်ချကြည့်ဖို့လိုမည်ထင်ထားသည်။ သို့သော် တကယ်တမ်းမှာ ရှောက်ရွှမ် စိတ်ပူဖို့ပင်မလိုပါပေ ။ ချာချာက အစတည်းက မလိမ္မာလေရာ ကြာလေ ပို ဆိုးသွမ်းလာလေဖြစ်သည်။

သူက ကျောက်စားပွဲပေါ်က ခဏခဏခုန်ချတတ်ပြီး ရှောက်ရွှမ် သတိမထားမိခင်မှာပင် သူက ဘယ်လိုပျံရမလဲသိသွားကာ အချိန်အတော်ကြာပျံနိုင်လေသည်။ မနက်ကနေညအထိ သူက ဆီဆာကို နှုတ်သီးနဲ့ထိုးဆိတ်ကာ လိုက်စနေတတ်သည်။ ဆီဆာ စိတ်ဆိုးလာရင်တော့သူက အမြင့်ကိုကိုပျံတက်သွားပြီး ဆီဆာကမြေပေါ်မှာပဲဒေါသတကြီးကျန်နေခဲ့ရတတ်သည်။

တစ်ခါက ရှောက်ရွှမ် အမဲလိုက်ခရီးကပြန်လာချိန်မှာ သူ့ကိုနတ်ဆေးဆရာက ဆင့်ခေါ်လိုက်သည် ။ တောင်ထိပ်ကို သူ ချာချာကိုနတ်ဆေးဆရာဆီ ခေါ်သွားသောအခါ နတ်ဆေးဆရာနဲ့အကြီးအကဲအော့ အချို့ကိစ္စများစကားပြောနေသည်ကို သူတွေ့ရသည်။

အကြီးအကဲအော့က ချာချာက ဧရာမတောင်လင်းယုန်လို့ခေါ်တဲ့ငှက်မျိုးဖြစ်နိုင်သည်ဟုပြောလေသည်။ သူကဒီငှက်တွေနဲ့မျိုးရိုးနီးစပ်ပုံပေါက်ပေမဲ့ သူတို့လောက်တော့ အကောင်မကြီးပေ ။ သို့တိုင်အောင် ချာချာကလည်းအသားစားမျိုးဖြစ်နေဆဲ ဖြစ်ကာ အခြားငှက်များနဲ့ယှဥ်ရင်အကောင်ကြီးနေဆဲ ဖြစ်သည်။

ဒီအကြောင်းကို ပထမဆုံးကြားလိုက်ရတဲ့အချိန်မှာ ရှောက်ရွှမ်တွေးမိတဲ့ပထမဆုံးအတွေး က ဒီလောက်အစားကြီးတာအံ့သြစရာမရှိပါဘူး ဟူ၍ပင် ။

ဒီခွေးကောင်လေးက သူ ငှက်ပေါက်လေးကတည်းက အတော်စားနိုင်လေသည်။ ပြီးတော့သူက အလွန်ချေးများသေးသည်။ အခု အချိန်တွေကြာလာပြီးနောက် သူက ပိုပိုကြီးလာကာ သူကိုယ်တိုင်ပျံနိုင်နေလေပြီ ဖြစ်သည်။ သို့ပေမဲ့ အချိန်အများစုမှာတော့ သူ ရှောက်ရွှမ် ဆီကအစာရပြီး ရှောက်ရွှမ်ကအဝေးကြီးကိုပျံဖို့ခွင့်မပြုသဖြင့် အဆာပြေအတွက် တစ်ခါတရံအမဲလိုက်တတ်သည်။

ဧရာမတောင်လင်းယုန်ငှက်များကို သူအရင်ကမမြင်ဖူးလေရာ သူတို့ပုံစံအတိအကျကို ရှောက်ရွှမ် မသိပေ ။ မျိုးနွယ်စုထဲက လူများလည်းမမြင်ဖူးကြပေ ။ သို့ပေမဲ့ ဒီနေရာနဲ့အဝေးကြီးမှာ လင်းယုန်တောင်ရှိပြီး ထိုနေရာမှာ ဧရာမတောင်လင်းယုန်များနေထိုင်ကြသည် ဟုဆိုကြသည်။

ချာချာ့မျိုးစိတ်ကို အတည်ပြုမထားလေရာ ရှောက်ရွှမ်က သူ့နေထိုင်မှုအလေ့အထနဲ့ ဧရာမတောင်လင်းယုန်ငှက်များအလေ့အထကို နှိုင်းယှဥ်ပြီးသာ တွက်ဆနိုင်လေသည်။ အကယ်၍ သူက အကြီးအကဲ အော့ ပြောပုံအရသာ တကယ်နီးစပ်လျှင် သူတို့မှာတစ်ခုခုတူညီတာတော့ရှိပေလိမ့်မည်။

ဧရာမ တောင်လင်းယုန်ငှက်များမှာ သူတို့ရဲ့သွေးအေးရက်စက်မှုကြောင့် နာမည်ကြီးလေသည်။ သွေးနီးစပ်ရင်ပင် သူတို့ကအချင်းချင်းတိုက်ခိုက်တတ်ကြသည် ။ သူတို့အချင်းချင်းတိုက်ခိုက်ကြရင်တော့ သူတို့ကသေသည်အထိ မတိုက်ကြပေ ။ သို့ပေမဲ့ သူတို့နဲ့သွေးမတူတဲ့ ငှက်များ ၊ တိရိစ္ဆာန်များဆိုရင်တော့ သူတို့က အသေတိုက်တတ်ကြလေသည်။ သူတို့နိုင်နေလျှင်ပင် သူတို့က အဆုံးမှာ အသေဖြစ်သွားအောင်တိုက်ခိုက်ကြတတ်သည်။

ရှောက်ရွှမ် ရှာဖွေကြည့်ချက်အရတော့ ချာချာက ဧရာမ တောင်လင်းယုန်ငှက်များကဲ့သို့ ဖွံ့ဖြိုးလာသည်ပင် ။ ကံကောင်းတာက သူက ယဥ်ပါးပြီး ငယ်ငယ်လေးတည်းက လေ့ကျင့်ထားလေရာ သူ့ပင်ကိုယ်စရိုက်က ကြမ်းတမ်းခြင်းမရှိပေ ။

" မင်း ကျောက်တိုင်ကောင်းကောင်းတွေနောက်တစ်ခါ ရှာတွေ့ပြန်ပြီလား "

လောင်ခဲ့က ပြတင်းပေါက်မှာ မတ်တပ်ရပ်ရင်း ရှောက်ရွှမ် လေ့ကျင့်ရေးကွင်းက ဧရာမကျောက်တုံးကြီးနှစ်တုံး သယ်လာသည်ကိုတွေ့လိုက်ရသည်။

" ဒါက ကျောက်လှံလုပ်ဖို့ ကောင်းပြီး ကျန်တဲ့ကျောက်ပြားလေးတွေကိုတော့ နောက်ပိုင်း ထောင်ခြောက်ဆင်ဖို့ကျောက်အပ်လေးတွေလုပ်လို့ရမယ်လို့ ကျွန်တော်ထင်လို့ "

ရှောက်ရွှမ်က ကျောက်တုံးနှစ်တုံးကို သူ့အလုပ်ရုံထဲ ထည့်လိုက်သည်။ သူက ရေသောက်အပြီးမှာ အပြင်က ငှက်သံကိုကြားလိုက်ရသည်။

သူ တံခါးကထွက်လာသောအခါ သူ့ခေါင်းပေါ်ဝဲနေတဲ့ငှက်ကိုကြည့်နေလိုက်သည်။ ငှက်ကို လက်ယမ်းပြကာ သူ့ကိုအချက်ပြတာကိုသေချာနားလည်လိုက်သည့်အတွက် သူကကောင်းကင်မှာအော်မြည်ကာ အဝေးသို့ပျံပြေးသွားလေသည် ။

" ချာချာက နောက်တစ်ခေါက်အပြင်ထွက် ကစားချင်ပြန်ပြီလား "

လောင်ခဲ့ကမေးလိုက်သည်။

" ဟုတ်တယ် ၊ ကံကောင်းတာက သူက အရမ်းဝေးဝေးကိုပျံမသွားဖို့သိနေတယ် ၊ ပြီးတော့ အချိန်ကျရင်လည်း သူကအိမ်ပြန်လာတတ်တယ် "

ရှောက်ရွှမ် ကအိမ်ထဲပြန်လာပြီး ထိုင်ချလိုက်သည်။

" သူကတော့ အရမ်းငယ်ပါသေးတယ် ၊ မျိုးနွယ်စုအပြင်ကိုသွားရင် ကောင်းကင်မှာ သားရဲငှက်ဆိုးတွေအများကြီးရှိတယ် ၊ ချာချာက သူတို့ပြိုင်ဘက်မဟုတ်သေးဘူး "

လောင်ခဲ့က နည်းနည်းစိတ်ပူနေသည်။

" သူက ညဏ်ကောင်းပါတယ် ၊ စိတ်မပူပါနဲ့ "

ရှောက်ရွှမ် ကပြောလိုက်သည်။

သူ လိမ်နေခြင်းမဟုတ်ပေ ။ ချာချာမှာ အမှန်ကို ဖြတ်ထိုးညဏ်အပြည့်ရှိလေသည်။ သူက ဆီဆာထက် ပိုညဏ်ကောင်းလေရာ သူ အနိုင်ကျင့်ခံရဖို့ သိပ်မဖြစ်နိုင်ပါပေ ။

ရှောက်ရွှမ် ရဲ့နောက်ကို ဆီဆာ လေ့ကျင့်ရေးကွင်းကနေလိုက်လာသည်ကို မြင်သောအခါ အကြာကြီးတိတ်ဆိတ်နေပြီးနောက် လောင်ခဲ့ကမေးလိုက်သည်။

" သူ့ကိုအများကြီးလေ့ကျင့်နေပုံနဲ့ဆိုရင် မင်းသူ့ကို အမဲလိုက်နယ်မြေကိုခေါ်သွားဖို့ တွေးထားတာလား "

ရှောက်ရွှမ်က ခေါင်းညိတ်သည်။

" နောက်နှစ်ကျရင် အမဲလိုက်ဖို့ သူ့ကိုခေါ်သွားချင်ပြီ "

" တကယ်ပြောတာလား "

လောင်ခဲ့က စိတ်ပူနေဆဲပင် ။

သူ ရှောက်ရွှမ်က ဆီဆာကိုဒီနှစ်အတွင်းလေ့ကျင့်ပေးနေတာ ၊ ဆီဆာကလည်း ရှောက်ရွှမ် နဲ့ ပူးပေါင်းလုပ်ဆောင်ရမည့်နည်းတွေကို သင်ကြားနေတာ မြင်တွေ့နေသော်လည်း တကယ့်အမဲလိုက်နယ်မြေက အန္တရာယ်များပြည့်နေလေသည်။ ခန့်မှန်းမရနိုင်သောအရာတွေအများကြီးရှိနေပြီး အမှားသေးသေးလေးတစ်ခုကပင် အဖက်ဆယ်မရနိုင်တဲ့အကျိုးရလဒ်များဖြစ်လာနိုင်စေသည်။

" ဒါ ကျွန်တော့်ရဲ့ဖြစ်ချင်စိတ် တစ်ခုပဲရှိပါသေးတယ် ၊ ဦးလေးမိုင်က ကျွန်တော်တို့နောက်နှစ်ကျ ရှားပါးတဲ့ သားရဲတွေကိုအမဲလိုက်မယ်လို့ကြားထားတယ် ၊ ဒီတော့ ကျွန်တော်သူ့ကိုခွင့်တောင်းထားလိုက်တာပါ၊ သူကတော့ စဥ်းစားကြည့်လိုက်ဦးမယ်လို့ပြောတယ် ၊ ဒါပေမဲ့ အချိန်တန်လာရင်တော့ ဆီဆာက အခြားစစ်သည်တော်တွေရှေ့မှာ သရုပ်ပြပေးဖို့တော့လိုမှာပေါ့ "

ပြောရရင် မိုင်က အဖွဲ့ထဲက ကိစ္စများကို လုံးဝဆုံးဖြတ်နိုင်လေသည် ။ အခြားသူများကအမြင်မတူလျှင်ပင် သူတို့ သူ့စကားကိုမနာခံကြမည် မဟုတ်ပါပေ ။ သို့သော် ရှောက်ရွှမ်က အခြားသူများကို ဆီဆာလုပ်နိုင်စွမ်းကို အပြည့်အဝနားလည်စေချင်သည်။ အကူအညီကောင်းကို အလဟာသ အဖြစ်ခံရမှာ တကယ်နှမြောစရာပါပင်။

သူ အမဲလိုက်ခရီးအနည်းငယ်ကိုပါဝင်ဖူးတဲ့အတွက် အချို့သားရဲများကို ခြေရာခံဖို့ခက်ခဲကြောင်း ရှောက်ရွှမ် သိလေသည်။ သို့ပေမဲ့ ရှောက်ရွှမ်ရဲ့ စူးရှတဲ့အနံ့ခံစွမ်းရည်နဲ့ဆိုရင်တော့ အခြေအနေတွေကပိုလွယ်ကူလာပေလိမ့်မည် ။

ယခု ဆီဆာက ကောင်းကောင်းအမြန်သွားလာနိုင်နေပြီဖြစ်သည် ။ တုံ့ပြန်ခုခံနိုင်စွမ်း ၊ တိုက်ခိုက်နိုင်စွမ်း တို့မှာတော့ ရှောက်ရွှမ်နဲ့ဆီဆာတို့အတူ လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

ဆီဆာက တောထဲက ဝံပုလွေတို့အရွယ်အစားဖြစ်လုနီးပါးဖြစ်လာပေမဲ့ သူကတော့ သွေးဆာခြင်းမရှိပေ ။ မျိုးနွယ်စုထဲကဘယ်သူကမှ ဆီဆာကို အခုမကြောက်ကြတော့ပေ ။

ရှောက်ရွှမ် ဆုံးဖြတ်ချက်ချပြီးကတည်းက လောင်ခဲ့ကလည်းသူ့ကိုတားဖို့အစီအစဥ် မရှိပေ ။

" မင်း သူ့ကိုလေ့ကျင့်ပေးဖို့လိုနေသေးရင် အမဲလိုက်ရာသီပြီးသွားတဲ့ ဆောင်းတွင်းကျ လေ့ကျင့်ပေးဖို့အချိန်အများကြီးရလာမှာပါ "

" ဟုတ်ပြီ ၊ ဆောင်းတွင်း..."

ရှောက်ရွှမ်က သစ်သားစင်ပေါ်က ပုံမှန်သစ်ရွက်ကြွေလေးများကိုကြည့်လိုက်သည်။

" ဆောင်းတွင်းကျ အေးအေးဆေးဆေး မဖြစ်မှာတော့ ကျွန်တော်စိုးမိတယ် “

သူက နတ်ဆေးဆရာဆီကနေ ဆေးပင်များနှင့်ပတ်သက်၍လည်းသင်ကြားလိုကာ ထိုအကြံကို နတ်ဆေးဆရာသူ့ကိုဆင့်ခေါ်ချိန်တွင် ပြောပြလိုက်လေသည် ။ သူက ထိုအကြံက တောင်းဆိုသင့်မသင့်သေချာမသိသည့်အတွက် သူက အကြောင်းအရာကို စကားလှအောင်ပြောပြီး တောင်းဆိုလိုက်လေသည် ။ အံအားသင့်စရာကတော့ နတ်ဆေးဆရာကသဘောတူလိုက်ခြင်းပင်။

အဆင့်မြင့်အဖွဲ့ကအချို့စစ်သည်အများစုက ဆေးပင်အသုံးပြုပုံတစ်ခု၊နှစ်ခုကိုသိကြသော်လည်း မည်သူကမှတော့ သေချာနားလည်ခြင်းမရှိပါပေ ။ မျိုးနွယ်စုထဲကအခြားသူများကလည်း ထိုသို့တောင်းဆိုခြင်းမျိုးမပြုကြပေ ။

သူတို့က နတ်ဆေးဆရာရဲ့စိတ်ကူးကိုပဲ ယုံထားလိုက်ရင်ရပြီဟု သူတို့တွေးကြလေသည် ။ သူတို့က လိုမှသာ နတ်ဆေးဆရာကိုအကူအညီလာတောင်းကြလေရာ သူတို့က သင်ဖို့ကို သူတို့အချိန်များမဖြုန်းလိုပေ ။ ဖြစ်နိုင်တာက သူတို့ကနတ်ဆေးဆရာသာလျှင် ထိုကဲ့သို့အဆင့်မြင့်ကိစ္စများကို သင်ကြားနိုင်ပြီး အခြားသူများကမသင်ကြားနိုင်ဟူ၍တွေးခြင်းလည်းဖြစ်နိုင်လေသည်။

ပြောရရင် ရှောက်ရွှမ်က သူ့ဆီကနေ ဆေးပင်ပညာရပ်ကို သင်ကြားချင်သည်ဆိုလာသည်ကို နတ်ဆေးဆရာကအတော်လေးဝမ်းသာလေသည်။ သို့သော် ပုံမှန်ဆိုရင်တော့ ရှောက်ရွှမ် မှာအချိန်အကန့်အသတ်ရှိလေသည် ။ ထို့ကြောင့် နတ်ဆေးဆရာက အမဲလိုက်ခရီးတွေမရှိတဲ့ဆောင်းတွင်းမှာ သူ့ဆီကိုလာခဲ့ဖို့ပြောလိုက်လေသည်။

ထို့ကြောင့် ရှောက်ရွှမ် လာမည့်ဆောင်းတွင်းမှ သူအလုပ်များနေမည်ဟုပြောခြင်းဖြစ်လေသည်။

All Chapters