← Chapters

ဒီလိပ်

Vol. 7 Ch. 97

ဒီလိပ်

Vol. 7 Ch. 97

" ဒီတော့ မင်း ဘာ..."

နတ်ဆေးဆရာက ဒီအခြေအနေမှာ ဘာပြောရမလဲမသိတဲ့အတွက် ရှောက်ရွှမ် ကိုကြည့်ကာ ဆွံ့အသွားလေသည်။ သူ အသက်ရှိနေတဲ့လက်ဆောင်မျိုး မရဖူးသည်မှာ နှစ်များစွာကြာလှလေပြီဖြစ်သည်။

"လက်ဆောင်ပါ "

ရှောက်ရွှမ်က ထောင့်နားက မြေပေါ်မှာလိပ်ကို ချထားလိုက်သည် ။ နောက်ထပ်တွေးမိတဲ့အတွက် သူက လိပ်ကြီးကို ကျောဘက်ကိုပဲ မြေပေါ်ထားလိုက်သည် ။ ထို့ကြောင့် သူက ပြန်လှန်ဖို့ကြိုးစားတိုင်းမှာ နတ်ဆေးဆရာက သူ့လက်ချောင်းနဲ့သူ့ကိုပြန်လှန်ပစ်လိုက်ရုံပင်ဖြစ်သည် ။

" ကျွန်တော်ဒီမှာပဲ ထားခဲ့တော့မယ်နော် ၊ ဒါနဲ့ စကားမစပ် ကျွန်တော် ဆေးပညာသင်ဖို့ ဘယ်အချိန်လာခဲ့ရမလဲ "

ရှောက်ရွှမ်က မေးလိုက်သည်။

နတ်ဆေးဆရာက ပက်လက်လန်နေတဲ့ လိပ်ကို ကြည့်နေတဲ့သူ့မျက်လုံးများကို ပြန်လှည့်လိုက်ပြီး သူ တွေးကြည့်လိုက်ကာ ပြန်ပြောလိုက်သည် ။

" ဆယ်ရက်အတွင်း တောင်ပေါ်ကိုလာခဲ့လိုက် "

သူက သားရေလိပ်ပေါ်မှာပုံတွေအများကြီးဆွဲဖို့လိုနေသလို သူလုပ်ရမည့်ကိစ္စများလည်းအများကြီး ရှိနေတဲ့အတွက် လတ်တလောမှာတော့ သူ့မှာလုပ်စရာအများအပြား ရှိနေလေသည် ။ သို့ပေမဲ့ ဆယ်ရက်ကြာပြီးတဲ့နောက်မှာတော့ သူ့မှာအလုပ်သိပ်မရှိတော့လောက်ပေ။

" ဒါဆို ကျွန်တော်နောက်ဆယ်ရက်နေရင် ပြန်လာခဲ့ပါ့မယ် "

နတ်ဆေးဆရာရဲ့စားပွဲပေါ်မှာ သားရေစာလိပ်အလွတ်များကိုတွေ့ရတဲ့အတွက် နတ်ဆေးဆရာမှာ လုပ်စရာအလုပ်တွေအများကြီး ရှိနေသေးသည်ကို ရှောက်ရွှမ်သိလေသည်။ ထို့ကြောင့် သူအရိုအသေပေးပြီးတဲ့နောက် ဘာမှမပြောတော့ပေ။ လိပ်ကြီးအတွက်ကတော့ နတ်ဆေးဆရာရဲ့နေရာမှာ တစ်ယောက်ယောက်ကတော့အမြဲစောင့်ရှောက်ပေးနေတဲ့အတွက် ဘယ်သူ့ကိုမှနာကျင်အောင်လုပ်နိုင်လိမ့်မည်မဟုတ်ပါပေ ။

ရှောက်ရွှမ် ထွက်သွားတဲ့အခါ သူ့ဘာသာ ပြန်မှောက်ခုံလှည့်လိုက်တဲ့ မြေပေါ်က လိပ်ကြီးအား ဘာမှမပြောပဲ နတ်ဆေးဆရာ စိုက်ကြည့်နေလိုက်လေသည်။ ရှောက်ရွှမ် တဲက တိရိစ္ဆာန်များကဲ့သို့ပင် လိပ်ကြီးမှာ သတ်ဖြတ်ချင်စိတ်အပြည့် အကြည့်များ မရှိတော့ပေ။ ယခုတော့ သူက သူ့ လင်းယုန်နှုတ်သီးပုံ ပါးစပ်ကိုနည်းနည်းဟကာ အခြားလှုပ်ရှားခြင်း မရှိပဲ နတ်ဆေးဆရာကို စိုက်ကြည့်နေလေသည်။

နတ်ဆေးဆရာက လိပ်ကြီးကို အချိန်တစ်ခုအထိ စိုက်ကြည့်နေပြီး လိပ်ကိုအခြားနေရာမှာထားဖို့ အစောင့်ကိုအထဲဝင်ရန် ခေါ်လိုက်လေသည် ။ မျိုးနွယ်စုထဲက လူများက နတ်ဆေးဆရာကိုအလွန်တန်ဖိုးထားကြလေရာ ရှောက်ရွှမ် ပေးတဲ့ထူးဆန်းတဲ့လက်ဆောင်အပေါ် နတ်ဆေးဆရာသဘောကျသလားဆိုတာကို လောင်ခဲ့ကသိချင်နေလေသည်။

" အခြေအနေ ဘယ်လိုလဲ ၊ နတ်ဆေးဆရာက သဘောကျရဲ့လား "

ရှောက်ရွှမ် အခန်းထဲ ဝင်မလာခင်မှာ လောင်ခဲ့ကအမြန်မေးလိုက်လေသည် ။ သူက စိတ်လှုပ်ရှားလွန်းတဲ့အတွက် သူ့တောင်ဝှေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလိုက်လေရာ သူ့လက်မှာအပြာရောင်သွေးကြောများအရင်ကထက် ပိုထင်ရှားလာလေသည် ။ တောင်ဝှေးမှာကျိုးတော့မည့်အလားပင် ။

ရှောက်ရွှမ်က နတ်ဆေးဆရာရဲ့မျက်နှာအမူအရာကိုပြန်ပုံဖော်ပြီး ဖြေလိုက်လေသည်။

" သူကျေနပ်မယ်လို့ထင်ပါတယ် ။ သူက သူ့ဆီကိုဆယ်ရက်လောက်နေရင် လာဖို့ပြောလိုက်တယ် "

လောင်ခဲ့က ရှောက်ရွှမ် စကားကြားရတဲ့အခါမှသာ စိတ်သက်သာရာ ရသွားလေသည် ။ နတ်ဆေးဆရာက ရှောက်ရွှမ်ကို တောင်ထိပ် ကိုလာဖို့ပြောလေရာ ရှောက်ရွှမ် ကိုမကျေမနပ်မဖြစ်ကြောင်း ဆိုလိုလေသည် ။

ပြောရရင် ရှောက်ရွှမ်က လောင်ခဲ့ ပူပင်မှုက မရှိမဖြစ်မလိုအပ်ဟု ထင်လေသည်။ အချိန်ကြာလာတဲ့နောက် သူ အရင်ကထက် နတ်ဆေးဆရာရဲ့သဘောထားကို ပိုနက်နက်ရှိုင်းရှိုင်းနားလည်လေသည် ။ သူတို့အကြာကြီး စကားမပြောဖြစ်ခဲ့သော်လည်း ရှောက်ရွှမ် ကနတ်ဆေးဆရာက လာဘ်ပေးလာဘ်ယူများကိုမသိသည့်အပြင် သဘောထားသေးသိမ်သူမဟုတ်ကြောင်းသိလေသည် ။ ထို့ကြောင့် သူက လူတွေသူ့ကိုပို့တဲ့လက်ဆောင်နဲ့ပတ်သက်ပြီး သူ့သဘောထားကိုပြောင်းလဲတတ်သူမဟုတ်ပေ ။

" မင်းမှာ ဆယ်ရက်အချိန်ရတော့ တောင်ထိပ်ကိုမသွားခင် အခြားအမဲလိုက်အဖွဲ့က စစ်သည်တော်တွေဆီကနေ ဆေးပင်တွေအကြောင်း တစ်ခု၊နှစ်ခုသင်ထားသင့်တယ် ။ မင်းသာ အဆင့်မြင့်မြင့်တစ်ခုခုသင်ထားရင် နတ်ဆေးဆရာလည်းဝမ်းသာမှာပဲ "

လောင်ခဲ့က အမဲလိုက်အဖွဲ့ထဲက ဆေးပင်တွေအကြောင်းသိတဲ့သူ့မိတ်ဆွေဟောင်းကြီးများဆီ အလည်အပတ်သွားဖို့တွေးထားလေသည် ။ သို့သော် သူတို့ကအခြားအမဲလိုက်အဖွဲ့ထဲမှာ ပါနေပြီး အမဲလိုက်ထွက်သွားတာရက်နည်းနည်းကြာပြီကို သူသိလိုက်သည်။ သူတို့ပြန်ရောက်တဲ့အချိန်ကျရင် ရှောက်ရွှမ်ကလည်းတောင်ပေါ်ကို ရောက်လောက်ပြီ ဖြစ်သည်။

ပုံမှန်ပြောရရင် တောထဲက တိရိစ္ဆာန်များနဲ့သားရဲဆိုးများက လှုပ်ရှားမှုတွင် လှိုင်းကဲ့သို့အတက်အကျရှိလေသည် ။ လနှစ်ခုပြည့်ကာ တစ်ခုနဲ့တစ်ခုထပ်နေချိန်မှာ သူတို့က အမြင့်ဆုံးအဆင့်ကိုရောက်နေကြပြီး ပြီးတဲ့နောက်မှာတော့ တောထဲမှာ တိရိစ္ဆာန်များနည်းသထက်နည်းကာ လှုပ်ရှားမှုမရှိကြတော့ပေ ။

နှစ်ကုန်ခါနီးမှာဆိုရင် အချို့တိရိစ္ဆာန်များက ဆောင်းခိုဖို့ပြင်ဆင်ရန်အတွက် အချို့နေရာများတွင် ပုန်းနေတတ်ကြလေသည် ။ ထို့ကြောင့် သူတို့ဆောင်းတွင်းမှာ ရှင်သန်နိုင်ဖို့ရာ နှစ်ကုန်နားနီးလာလျှင် အမဲလိုက်အဖွဲ့ရဲ့ အမဲလိုက်ချိန်က ပိုကြာတတ်လေသည်။

ထို့အတွက်ကြောင့် အခြားအမဲလိုက်အဖွဲ့က ရက်နှစ်ဆယ်ကြာပြီးသည့်အထိ ပြန်လာနိုင်ကြလိမ့်ဦးမည်မဟုတ်ပေ ။ ရှောက်ရွှမ် တောင်ထိပ်ကိုသွားလျှင်ပင် သူတို့ပြန်ရောက်ဖို့ကို နောက်ထပ်သုံးလေးရက်လောက် စောင့်ရဦးပေမည် ။ လမ်းမှာမထင်ထားတဲ့ပြသာနာတစ်ခုခုသာဖြစ်လျှင် ပိုပင်ကြာပေလိမ့်ဦးမယ် ။

" ဒါဆိုရင်တော့ ငါလည်း ဆေးပင်ပညာနဲ့ပတ်သက်ရင်မင်းကိုမကူညီနိုင်တော့ဘူး "

လောင်ခဲ့က သူဆေးပင်အကြောင်း သိခဲ့တဲ့အများစုမှာလည်း မေ့သွားကြပြီး ဖြစ်လေသည်။ အကယ်၍ သူသာ မှားနေတဲ့အရာများကိုသင်ပေးလိုက်မိလျှင် ရှောက်ရွှမ် နတ်ဆေးဆရာရှေ့မှာအလှောင်ရယ်ခံရပေလိမ့်မည် ။ သူတွေ့ရမယ့်သူက နတ်ဆေးဆရာဖြစ်လေသည် ။

သို့သော် ရှောက်ရွှမ်ကတော့ လောင်ခဲ့ကဲ့သို့ စိတ်ပူပင်ခြင်း၊စိတ်လှုပ်ရှားခြင်း မရှိပါပေ ။ သူကတော့ပုံမှန်အတိုင်းပင် ဖြစ်နေလေသည်။ သူကကျောက်ထွင်းသည် ၊ ဆီဆာနဲ့ချာချာကို ပုံမှန်အတိုင်းလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ပေးလေသည် ။ ထို့ပြင် ထောင်ခြောက်ဆင်ခြင်းစွမ်းရည်ကို ဆက်လက်လေ့ကျင့် သင်ကြားနေလေသည် ။

ဒီရာသီမှာ လေ့ကျင့်ရေးကွင်းနားကတောင်ပေါ်က သစ်ပင်များမှာ သစ်ကိုင်းများတွင် အသီးများရှိနေကြပြီး လူပေါင်းများစွာကလာရောက် ခူးယူကြလေသည် ။ အရင်နေ့က မြေပဲအရွယ် အစိမ်းရောင်အသီးလေးက နောက်တစ်နေ့မှာ ပန်းသီးအရွယ်အရောင်စုံအသီးများအဖြစ်ကြီးလာလေသည် ။ အကယ်၍ မြန်မြန်သာမခူးလျှင်နောက်တစ်နေ့မှာ ပုပ်သွားပေလိမ့်မည် ။

ထို့အတွက်ကြောင့် သစ်သီးတွေခူးဖို့ရာအတွက် လူများစွာကလေ့ကျင့်ရေးကွင်းကိုလာကြလေသည် ။ သူတို့ထဲကအများစုကတော့ တောင်ခြေမှာနေကြတဲ့သူများဖြစ်သည် ။ ပြောရရင် သူတို့မှာ အစားအစာသိုလှောင်မှုနည်းလေရာ ဆောင်းမဝင်ခင်မှာ အစားအစာများများရအောင် စုထားတာက သူတို့အတွက်ပိုကောင်းလေသည် ။

နောက်ဆုံး ရှောက်ရွှမ် တောင်ပေါ်ကိုသွားရတဲ့နေ့သို့ရောက်လာလေသည် ။ သူ မထွက်ခွာခင်မှာ လောင်ခဲ့က သူ့ကိုနတ်ဆရာအား မကျေမနပ်မဖြစ်အောင် မလုပ်မိစေဖို့ နဲ့ သင်ကြားနေတဲ့ကာလမှာ ဂရုစိုက်ဖို့ ထပ်ခါထပ်ခါ မှာလေသည် ။ နတ်ဆရာဆီမှာ သင်ကြားရခြင်းကအလွန်ဂုဏ်ယူစရာဖြစ်ပြီး ဘယ်တော့မှ ပေါ့ပေါ့တန်တန်မလုပ်သင့်ပေ ။

သူ့စိတ်ထဲက ခံစားရတာကို ခဏမေ့ထားပြီး အလေးအနက်ခေါင်းညိတ်လေသည် ။

" စိတ်ချလက်ချသာနေပါ "

လောင်ခဲ့မှာ လုံးဝ ဆွံ့အသွားလေ၏ ။ သူစိတ်အေးလက်အေး ဖြစ်တော့မလိုမှာပင် ဒီစကားကြောင့် သူ့နှလုံး နောက်တခါထပ်အခုန်မြန်လာလေသည်။ တောင်ထိပ်ကိုထွက်သွားတဲ့ ရှောက်ရွှမ် ကျောကိုကြည့်ကာ လောင်ခဲ့အတော်လေးစိတ်ပူပင်နေလေသည်။

ရှောက်ရွှမ် က ဆီဆာကိုသူနဲ့မခေါ်သွားပေ ၊ သို့ပေမဲ့ ချာချာကတော့ တောင်တက်လမ်းတလျှောက် သူ့နောက်ကလိုက်လာလေသည်။ ရှောက်ရွှမ် နတ်ဆေးဆရာ ဧည့်သည်တွေနဲ့ဆုံတွေ့တဲ့ကျောက်အခန်းလေးအရှေ့ ရောက်သောအခါ အစောင့်နှစ်ယောက်က ကောင်းကင်ပေါ်မော့ကြည့်နေသည်ကိုတွေ့ရသည်။

ပုံမှန်ဆိုရင် အစောင့်နှစ်ယောက်မှာ ကောင်းကင်မှာဝဲနေတဲ့လင်းယုန်ကိုသိကြပြီး နတ် ဆေးဆရာဆီသို့ခေါ်လာကာ အကောင်သေးကတည်းက နတ်ဆေးဆရာ ကောင်းချီးပေးခံရသည်ကို သိလေသည် ။ ဘယ်သူကမှသူ့ကို ထိခိုက်အောင်မလုပ်ကြပေ ၊ ရှောက်ရွှမ် ကကောင်းကင်ကိုလက်ဟန်ခြေဟန် ပြလိုက်သောအခါ ချာချာက ငိုသံလေးပြုလုပ်လိုက်ပြီး အိမ်ကို ပျံသွားလေသည်။

အစောင့်များက ရှောက်ရွှမ် ဤသို့ပြုလုပ်ခြင်းကို မြင်ဖူးသည်မှာပထမဆုံးအကြိမ်မဟုတ်ပါပေ ။ သို့သော် သူတို့မြင်ရတိုင်းမှာ သူတို့လေးစားအားကျမှု ဖြစ်လေ့ရှိသည်။ သူတို့ကတောထဲက သားရဲငှက်ကိုမွေးကာ ဒီလိုပြုမူတတ်အောင်သင်ကြားပေးဖို့ကို ဘယ်တုန်းကမှ မတွေးဖူးပါပေ။

ထို့အတွက်ကြောင့် သူတို့က ရှောက်ရွှမ်ကို တောင်အောက်မှာနေတဲ့အခြားလူများထက် ပိုပြီး နူးညံ့တဲ့သဘောထားနဲ့ဆက်ဆံတတ်ကြသည်။ သူတို့ ရှောက်ရွှမ် လာတာကိုမြင်လျှင် သူတ်ို့ ပြုံးပင်ပြကြလေသည်။

ရှောက်ရွှမ်က အထဲကိုမဝင်ခင်မှာ သူတံဆိပ်ပြားလေးကို ပထမဆုံးအကြိမ်အချို့ကလွဲရင် ယခုပြဖို့ရာမလိုတော့ပေ။ ဘယ်သူကမှ သူအထဲဝင်တာကို အခုမတားကြတော့ပေ။

နတ်ဆေးဆရာက သားရေလိပ်များကိုအမျိုးအစားခွဲခြားနေဆဲပင်ဖြစ်လေသည် ။ ရှောက်ရွှမ်ကသူတို့ကိုကြည့်လိုက်သောအခါ သူ ထိုအရာတို့ကိုမမှတ်မိပါပေ ။ သားရေလိပ်များအပေါ်ပုံဆွဲထားသည်နှင့် တူကာ ပုံစံများကတော့ အလွန် စိတ်ကူးယဥ်ပုံပေါက်လေသည် ။ ၎င်းပုံများသည် သားရေလိပ်များပေါ်မှ ပုံများထက် မိဘမဲ့ဂူနံရံပေါ်က ပုံများနှင့်ပိုဆင်တူလေသည် ။

သူတို့က သင်္ကေတများနှင့် ပို၍ဆင်တူလေသည်။ ပုံတိုင်းမှာ စုတ်ချက် တစ်ချက်၊နှစ်ချက်မျှသာ ရှိလေသည် ။ သို့သော် နတ်ဆေးဆရာက ပုံကို စုတ်ချက်တစ်ချက်တောင်မှ သူအားအများကြီးသုံးနေရသကဲ့သို့ အလွန်နှေးနှေးလေးသာဆွဲလေသည် ။

ရှောက်ရွှမ် က နတ်ဆေးဆရာကို မနှောင့်ယှက်ပဲ သူရောက်ကတည်းက နတ်ဆေးဆရာမှာဘေးမှာဝင်ထိုင်လိုက်သည် ။

ငါးမိနစ်လောက်ကြာပြီးတဲ့နောက်မှာ နတ်ဆေးဆရာက စုတ်တံကိုချကာ အသက်ဝဝရှူလိုက်လေသည် ။ သူကရှောက်ရွှမ်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်လေသည် ။

" ငါ ကွေ့ဇယ်နဲ့စကားပြောထားတယ် ၊ မင်း ဆေးကုသဆောင်ကိုတိုက်ရိုက်သွားလိုက်ပါ ၊ မင်းဘာလုပ်ရမလဲကိုသူပြောပြလိမ့်မယ် "

ရှောက်ရွှမ်က ကွေ့ဇယ်က မည်သူမှန်းမသိလေရာ သူက သူမဟာ နတ်ဆေးဆရာရဲ့အလုပ်သင်တွေထဲကတစ်ယောက်ဖြစ်မည်ဟု ယူဆမိလိုက်သည်။ လက်ရှိအခြေအနေအရဆိုရင် နတ်ဆေးဆရာက ကျောက်အိမ်တော်ကနေ ထွက်ခွာနိုင်မည့်ပုံမပေါ်ပေ ။ ပုံက သုံးပုံတစ်ပုံသာပြီးသေးပြီး တစ်ဝက်တပြတ်နဲ့ ရပ်လိုက်ခြင်းကလည်းမကောင်းပေ ။ ရှောက်ရွှမ်က နတ်ဆေးဆရာ သူ့အလုပ် လုပ်လက်စဖြစ်နေတာကို သဘောပေါက်နားလည်ပေသည် ။

" ဟုတ်ကဲ့ ၊ ကျွန်တော်အဲ့ဒီကိုသွားလိုက်ပါ့မယ် "

ဆေးကုသဆောင်က ဆေးပင်များရောနှေဖို့အထူးနေရာဖြစ်လေသည် ။ တောင်ထိပ်အနီးမှာ ဆောက်ထားသောအိမ်အများကြီးရှိလေပြီး တောင်ထိပ်မှာအိမ်လေးလုံးရှိလေသည် ။ အိမ်တစ်လုံးမှာ နတ်ဆေးဆရာ တွေ့ဆုံဖို့ဖြစ်သည် ။

တစ်လုံးမှာ မျိုးနွယ်စုခေါင်းဆောင်နှင့် တွေ့ဆုံဖို့ဖြစ်ပြီး တစ်လုံးမှာ အကြီးအကဲများရဲ့အထွေထွေရုံးဖြစ်ပြီး ကျန်တစ်ခုကတော့ဆေးကုသဆောင်ဖြစ်လေသည်။

အိမ်လေးလုံးမှာ အရပ်လေးမျက်နှာသို့ သီးခြားစီဖြစ်ကာဆန့်ကျင်ဘက်အိမ် နှစ်လုံးကို ဆက်သွယ်ချင်လျှင် လမ်းဖြတ်ရပေမည် ။

အိမ်လေးလုံးမှာ မီးတွင်းနဲ့ ဆက်စပ်နေကာ ဆောင်းတွင်းမှာပင် နွေးနေကြသည်ဟု ဆိုကြလေသည် ။ သူတို့မီးဖိုကြီးနဲ့ ဘယ်လိုဆက်စပ်ထားသလဲကတော့ နတ်ဆေးဆရာနဲ့မီးတောက်ကြားက လျှို့ဝှက်ချက် ဖြစ်လေသည် ။

ပုံမှန်ဆိုရင် အတော်လေးအပြင်းအထန်ဖျားနာသူများနဲ့ ဆိုးဆိုးဝါးဝါးဒဏ်ရာရသူများကလွဲလျှင်မည်သူကမှ ဆေးကုသဆောင်သို့သွားကြမည် မဟုတ်ပေ ။ ရှောက်ရွှမ်က ဆေးကုသဆောင်ရှိရာကိုတိတိကျကျ သိပေမဲ့ သူတစ်ခါမှတော့အထဲမဝင်ဖူးပါပေ ။

ဆေးကုသဆောင်အရှေ့မှာ အစောင့်တစ်ယောက်ရှိလေသည် ။ ရှောက်ရွှမ်က တံဆိပ်ပြားလေးကိုပြလိုက်သောအခါ ထိုသူက အထဲဝင်ခွင့်ပြုလိုက်လေသည်။ သူ့ကိုနတ်ဆရာကစေလွှတ်လိုက်မှန်းသိလေသည်။

ဆေးနံ့များကိုအဝေးမှပင် ရနိုင်လေပြီး အနားကိုကပ်လာလေ အနံ့ပိုပြင်းလာလေဖြစ်သည် ။ ရှောက်ရွှမ်က သားရေကန့်လန့်ကာကိုမကာ အထဲသို့ဝင်သွားလိုက်လေသည် ။

အဆောင်ရဲ့အလယ်မှာ ဧရာမ လေးထောင့်ပုံကျောက်စားပွဲကြီးရှိလေသည် ။ စားပွဲရဲ့အရှေ့မှာ မိန်းမငယ်လေးတစ်ယောက်ဟာ ဆေးအမျိုးအစားများကိုခွဲခြားနေရင်း အလုပ်များနေလေသည် ။

သူမ ဝတ်ထားတဲ့သားရေအပေါ်အင်္ကျီလက်က သူမတံတောင်ဆစ်ကိုကျော်နေပြီး သူမဝတ်ထားတဲ့သားရေဘောင်းဘီက ဒူးမကျော်ပါပေ ။ သူမက ခြေဗလာဖြစ်ကာ ပုံမှန်မဟုတ်လမ်းလျှောက်နေကာ မြေပေါ်က သေချာဖွဖွနင်းကာ မတူတဲ့ဆေးပင်အမျိုးအစားများကို သူမဘေးက ကျောက်စားပွဲတလျှောက်နေရာချနေလေသည်။

သူမရဲ့အနောက်မှာတော့ ရှောက်ရွှမ် မြင်တွေ့ နေကျလိပ်တစ်ကောင်က သူမခြေလှမ်းများနောက်ဖြေးဖြေးချင်းလိုက်လှမ်းနေသည်။ သူမ တစ်လှမ်း လှမ်းလိုက်တိုင်းမှာ လိပ်ကလည်းတစ်ပုံစံတည်းလိုက်လုပ်လေသည်။

All Chapters