သားရေစာလိပ်ပေါ်ကပုံများ
Vol. 7 Ch. 98
ရှောက်ရွှမ်က သားရေကန့်လန့်ကာလေးကိုအောက်ချလိုက်ကာ သူမကိုနှုတ်ဆက်လိုက်လေသည် ။
" မင်္ဂလာပါ ၊ ကျွန်တော်နာမည်က အားရွှမ်ပါ ၊ ဒီကိုနတ်ဆေးဆရာဆီက သင်ဖို့လာခဲ့တာပါ "
ကျောက်ပြားပေါ်က ဆေးပင်တွေကိုကိုင်တွယ်နေတဲ့သူက ရှောက်ရွှမ်ကိုမော့ကြည့်လိုက်ကာ ပြုံးပြလိုက်သည် ။
" ကျွန်မနာမည်က ကွေ့ဇယ်ပါ "
သူမ ပြုံးပြနေသော်လည်း သူမဆီကနေ ကြင်နာမှု၊ ကြိုဆိုမှုမျိုး အပြုံးမှ ရှောက်ရွှမ် မခံစားရပေ။ သို့သော် မလိုမုန်းထားသောအမူအရာမျိုးလည်း လုံးဝမရှိပါပေ ။ နတ်ဆေးဆရာကဲ့သို့ပင် အားလုံးကို နူးညံ့စွာပြုံးပြသော်လည်း ဟန်ပြသာဖြစ်ပါသည်။
နတ်ဆေးဆရာမှာမှာ ထူးချွန်တဲ့လက်ထောက်တပည့် ရှိလေရာ သူတို့မှာ ပုံစံတူတဲ့အပြုံးမျိုးရှိလေသည် ။
အခြားသော နိုးထပြီးစစ်သည်တော်များနှင့် ယှဥ်လျှင် ကွေ့ဇယ်က အတော်လေးသေးသွယ်လေသည် ။ ပြောရရင် ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူတို့စွမ်းအင်နိုးထပြီးလျှင် တောင့်တင်းသောဖွဲ့စည်းပုံရှိတတ်ကြသည် ။ ထို့ကြောင့် သူတို့ပုံစံမှာ မြင်ရတာသန်မာတတ်ကြလေသည် ။
အထဲမှာ ပိုနွေးလေရာ မျိုးနွယ်စုကလူများပြောသည့်အတိုင်း မီးဖိုကြီးနဲ့ဆေးကုသဆောင်က ဆက်သွယ်နေပေးလိမ့်မည်။ ရှောက်ရွှမ်က အခန်းထဲမှာ ထူးဆန်းသောဖွဲ့စည်းပုံတခုမှမရှိလေရာ ဒီလို ဘယ်လိုအပူဓာတ်ကူးသလဲ သူ မသိပေ ။
ရှောက်ရွှမ်က ကျောက်စားပွဲနားကိုသွားကာ မေးလိုက်လေသည် ။
" ကျွန်တော် ဘာအရင်လုပ်ရမလဲ "
ကွေ့ဇယ်က သူ့လက်ထဲက ကျောက်ပြားကိုချကာ ခဏစဥ်းစားလိုက်ပြီး
" ဒီမှာပဲ ရပ်နေပြီး ငါ ဘာလုပ်နေလဲ ကြည့်နေပါ "
" ရပါတယ် "
ရှောက်ရွှမ် ကပြသာနာမရှိပေ ။ သူက ဆေးပင်တွေကို ဘယ်လိုကိုင်တွယ်ရမလဲမသိသည့်အတွက် သူအရင်ဆုံး ကြည့်ကာ သင်ယူဖို့လိုအပ်လေသည်။ အပင်အားလုံးဟာ ရှောက်ရွှမ် အတွက်ထူးဆန်းနေပေမဲ့ ရှောက်ရွှမ် အရင်ဘဝက သိခဲ့
ရသလိုပင် ဆေးပင်များဟာ လူတွေအတွက်မသုံးခင်မှာ အရင်ဆုံး ရွေးချယ် ကိုင်တွယ်ဖို့ လိုအပ်လေသည် ။
အပင်တစ်ပင်မှာ မတူတဲ့အစိတ်အပိုင်းများအလိုက် မတူညီတဲ့အာနိသင်များ ရှိကြလေသည်။ အပင်တစ်ပင်ထဲမှာပင် အချို့အစိတ်အပိုင်းများက လူ့အသက်ကိုကယ်တင်နိုင်ပေမဲ့ အချို့အစိတ်အပိုင်းများက ပိုဆိုးစေကာ အသက်ကိုပင် ထိခိုက်နိုင်စေလေသည်။
သို့သော် ယခု ရှောက်ရွှမ် ဆေးပင်တွေနဲ့ပတ်သက်ရင် သိသမျှက မြင်တွေ့နေကျအပင်များရဲ့အခြေခံအသုံးချပုံနှင့် သူအမဲလိုက်ခရီးသွားတုန်းက သုံးခဲ့ရတဲ့ ဆေးထုပ်များအကြောင်းပင်ဖြစ်သည်။
သူက အဆင့်မြင့်အဖွဲ့ထဲမှာ ပါဝင်ရတုန်းက သူက ရှားပါးအပင်များနှုတ်ယူခြင်းနဲ့ပတ်သက်၍ တစ်ခု၊နှစ်ခု သင်ယူဖူးလေသည်။ ဥပမာ အပင်တစ်ပင်ကိုနှုတ်ယူဖို့ရာ အရေးကြီးဆုံးအချိန်၊ မြေပေါ်မှာ ဘယ်အပင်အမျိုးအစားက တန်ဖိုးရှိတဲ့အပိုင်းတွေရှိသလဲ ၊ ဘယ်အပင်အမျိုးအစားက အပင်တစ်ပင်လုံးဆွဲနှုတ်ဖို့လိုသလဲ၊ ပြီးတော့ ဘယ်အပင်အမျိုးအစားက အပွင့်ပွင့်ချိန်မှသာ နှုတ်သင့်သလဲ။
ယခုအနေနဲ့ကတော့ ပထမဆုံး ရှောက်ရွှမ် သိရမယ့်အရာက သူတို့ကို ဘယ်လိုရွေးထုတ်ရမလဲနဲ့ ဆေးပင်အား ဆေးကုသဆောင်ကို ဘယ်အချိန်ပို့သင့်သလဲ ပင်ဖြစ်သည် ။
ကွေ့ဇယ်ကတော့ ယခုလုပ်နေတဲ့အရာမှာ တဝက်ပြီးစီးသွားလေသည်။ ပြောရရင် နောက်ဆုံး အမဲလိုက်အဖွဲ့ပြန်လာခဲ့သည်မှာ ရက်နှစ်ဆယ်ကျော်ကြာလေပြီ ဖြစ်သည်။ တာရှည်အထားမခံတဲ့ အပင်များကို ကိုယ်တွယ်ထားသည်မှာ ကြာခဲ့လေပြီဖြစ်ပြီး တာရှည်အထားခံတဲ့အပင်မျိုးကို နောက်ဆုံးမှသာကိုင်တွယ်ရလေသည်။
ရှောက်ရွှမ်က သူမ ဆေးပင်ကို တဆင့်ချင်းဘယ်လိုကိုင်တွယ်သလဲ သေချာရှင်းရှင်းလင်းလင်းမြင်ရရန်အတွက် သူက အနီးကိုလျှောက်လာပြီး ကွေ့ဇယ် ဘေးမှာ မတ်တပ်ရပ်လိုက်သည်။
လိပ်ကလည်း အနားကို တိတ်တဆိတ်ကပ်လာပြီး ရုတ်တရက် ရှောက်ရွှမ် ခြေထောက်ကို ကိုက်လိုက်လေသည်။
ရှောက်ရွှမ်ရဲ့မျက်လုံးက ကွေ့ဇယ် အပင်ကိုင်တွယ်နေရာကနေ အကြည့်မလွှဲပဲ သူ့ဘေးက လိပ်ကိုလည်း သူဂရုမစိုက်ပါပေ ။ သို့သော် သူ့လက်ကို အမြန်လှုပ်ရှားလိုက်ပြီး သူ့ကျောက်ဓားကိုဆွဲထုတ်လိုက်သည် ။ တွေဝေခြင်းမရှိပဲ ကျောက်ဓားရဲ့နောက်ပိတ်နဲ့ လိပ်ရဲ့လင်းယုန်ပုံ ပါးစပ် ကြားကိုထိုးလိုက်လေသည် ။
" ဖက် "
လိပ်က ဓားကိုကိုက်မိသွားသည် ။ သို့ပေမဲ့သူ့ခေါင်းကိုခါလိုက်ကာ ရှောက်ရွှမ် ကို မဖော်ရွေတဲ့အကြည့်နဲ့ ကြည့်နေဆဲပင်ဖြစ်သည် ။ ဖြစ်နိုင်တာက ရှောက်ရွှမ် သူ့ကိုဘယ်လိုဆက်ဆံခဲ့လဲ မှတ်မိနေသေးတဲ့အတွက် အကြိတ်အခဲ ဖြစ်နေပုံရလေသည် ။
သို့သော် ကျောက်ခွက်ရှည်အဟောင်းထဲကတုန်းကအပြုအမူနဲ့ လုံးဝကွာသွားလေကာ သူ့ကိုထပ်ကိုက်ဖို့မကြိုးစားတော့သည့်အတွက် ရှောက်ရွှမ် အံ့သြသွားလေသည် ။ အရင်ကဆို တခုခုကိုကိုက်မိသွားရင် နောက်ဆုံးအချိန်အထိ မြဲနေအောင်ကိုက်ထားပေလိမ့်မည် ။
ရှောက်ရွှမ် နည်းနည်းတော့ ရှုပ်သွားသည် ။ လိပ်က ကိုက်တတ်တဲ့သူဖြစ်ပြီး ဘာလို့အေးဆေးတဲ့ပုံ ဖြစ်နေရသနည်း ။ နတ်ဆေးဆရာကြောင့်လား ၊ အလွန်ထူးဆန်းလေသည်။ ဘာဖြစ်ဖြစ် လိပ်က လူတွေကိုမကိုက်တော့ဘူးဆိုလျှက် ရှောက်ရွှမ်အတွက် ပြသာနာဖြစ်ရတာသက်သာသွားပေမည်။
ယခု ဆောင်းတွင်းရောက်တော့မည်ဖြစ်လေရာ အပူချိန်က ကျသထက်ကျလာလေသည် ။ ရှောက်ရွှမ် အရင်ကမ္ဘာတုန်းက အဆင့်မြင့်လိပ်များက အစားနည်းပြီး အရင်ကထက်ပျင်းလာကြလေသည်။ သို့သော် ထူးဆန်းတဲ့ပုံနဲ့ ဒီလိပ်ကတော့ ပိုပြီးတောင် ထူးဆန်းနေကာ ရှောက်ရွှမ် ရဲ့အရင်က သဘာဝနဲ့ပတ်သက်တဲ့နားလည်မှုများကိုပြောင်းပြန်လှန်ပစ်လေသည်။
၎င်းက အတော်လေးတက်ကြွနေကာ ကျောက်ခွက်ရှည်ကြီးထဲမှာ အသက်ရှင်ဖို့ကြိုးစားနေရတုန်းကထက်ပင် ပိုပြီး တက်တက်ကြွကြွ ရှိနေလေသည်။ သူက အမြန်မလှုပ်ရှားသော်လည်း သူ့ခြေလှမ်းများက အလွန်အားမာန်အပြည့်ရှိလေသည်။
" အမဲလိုက်အဖွဲ့ယူလာတဲ့ တချို့ ရှားပါးအပင်တွေက အစိမ်းလည်းစားလို့ရနိုင်တယ် ၊ သူတို့ကို ဒီကိုပို့လာရင်တော့ သူတို့မှာ ရွှံ့တွေ ၊ ဖုန်တွေလိုမျိုး အညစ်အကြေးတွေကပ်နေတတ်တယ် "
ကွေ့ဇယ်က ကျောက်ပြားပေါ်မှာဆေးပင်တွေကို ကိုင်တွယ်ရင်း ရှောက်ရွှမ်ကိုအခြေခံ ဗဟုသုတများရှင်းပြပေးလေသည် ။
အသစ် ယူလာတဲ့ဆေးပင်များအရ အချို့မှာ အညစ်အကြေးအများအပြင် ရေပါဝင်မှုများလေသည် ။ ၎င်းတို့ကသာ အချိန်မှီမကိုင်တွယ်လျှင် ပျက်စီးသွားပေလိမ့်မည် ။ တစ်ခါတရံ သူတို့က ပုံမှန်အစားအစာများကဲ့သို့ မှိုတက်သွားတတ်ပြီး တစ်ခါတရံ ထူးထူးဆန်းဆန်းပြောင်းလဲသွားတတ်လေသည် ။
ထို့ပြင် အဆင့်မြင့်အဖွဲ့ ပြန်လာသောအခါ သူတို့ကအပင်ကိုဖြစ်နိုင်သမျှ မြန်မြန်ပို့ပေးကြလေသည် ။ ဆေးကုသဆောင်ထဲက တစ်ယောက်ယောက်က မြန်မြန်ပျက်စီးလွယ်သည်တို့ကို မြန်မြန်ကိုင်တွယ်ပေလိမ့်မည် ။
" အပင်သစ်တွေ ရလာရင် အကြမ်းဆေးပြီး သန့်စင်ရင်း မျိုးကွဲတွေအလိုက် အမျိုးအစားခွဲခြားပြီးတဲ့နောက်မှာ သူတို့ရဲ့ဆေးဘက်မဝင်တဲ့ အပိုင်းတွေကို ဖယ်ပစ်ရလိမ့်မယ် ၊ ဥပမာဆိုရင် ဒါက palpus အသီး ၊ ပြီးတော့ မင်း သူ့အပြင်အခွံကို ဖယ်ပစ်ဖို့လိုတယ် ၊ သူ့အပြင်ခွံက အထက်လန်အောက်လျှော ဖြစ်စေတတ်တယ် "
မျိုးနွယ်စုထဲက လူများမှာ အထူးသဖြင့် စစ်သည်တော်များအတော်သန်မာကြသည် ။ အကယ်၍ ဦးမှင် အသီးက မျိုးနွယ်စုထဲမှာ အထက်လန်အောက်လျှော ဖြစ်စေလျှင် စစ်သည်တော်များပင် ခံနိုင်ရည်ရှိကြမည်မဟုတ်လေရာ ၎င်းမှာ အလွန်အဆိပ်ပြင်းလှပေသည်။
ရှောက်ရွှမ် က ကွေ့ဇယ်ရဲ့ ထက်မြက်တဲ့ ကျောက်ဓားနဲ့ ဦးမှင် အသီး အပေါ်ယံအခွံကို ကျွမ်းကျင်စွာ လှီးထုတ်နေသည်ကို မြင်ရလေသည် ။ သူက အထဲက ဂျယ်လီလိုအသားအနှစ်ကိုမထိခိုက်ပဲ အပေါ်က မုတ်ဆိတ်မွှေးကဲ့သို့အမွှေးရှည်များကို အခွံခွာပစ်လိုက်လေသည် ။ ကွေ့ဇယ်မှာ ဒီလိုကိုင်တွယ်တတ်ဖို့ အလွန်လေ့ကျင့်ထားသည်မှာ သိသာလေသည်။
ရှောက်ရွှမ် က ကိုယ်တွယ်ပြီးတဲ့နောက်မှာ အဆိပ်ရှိတဲ့အခွံတွေကို ဘာလုပ်ပစ်သလဲမေးကြည့်ချင်သည် ။ သို့သော် သူပါးစပ်မဟရသေးခင်မှာ ကွေ့ဇယ်ကအဆိပ်ရှိတဲ့အခွံလွှာကို စောင့်နေတဲ့ လိပ်ကြီးရဲ့ဟနေတဲ့ပါးစပ်ထဲကိုပစ်ထည့်လိုက်သည်ကို သူတွေ့လိုက်သည်။
ရှောက်ရွှမ်က ဆွံ့အသွားလေသည်။
သောက်ကျိုးနည်း ၊ ဒါက အဆိပ်ရှိတယ်မဟုတ်ဘူးလား?
ထိုသို့သာလုပ်သင့်သည့်အတိုင်းပင် နှစ်ယောက်ထဲက တစ်ယောက်က အေးအေးဆေးဆေး ပစ်လိုက်ပြီး နောက်တစ်ယောက်ကလည်း စားနေလေသည်။
ရှောက်ရွှမ်က ၎င်းကိုကြည့်ကာလုံးဝဆွံ့အနေသည် ။
နတ်ဆေးဆရာက လိပ်ကို ဆေးကုသဆောင်မှာထားတာ အစမ်းသပ်ခံကြွက်လုပ်ဖို့လား ၊ ဒါမှမဟုတ် အမှိုက်တောင်းအဖြစ်ထားဖို့လား?
ကွေ့ဇယ်ကတော့ ရှောက်ရွှမ်ရဲ့အံ့အားသင့်မှုကိုနားမလည်ပေ ။ အကြောင်းမှာ သူမက အမျိုးမျိုးကွဲပြားတဲ့လုပ်ဆောင်ပုံအဆင့်ဆင့်ကို သရုပ်ပြချင်သည့်အတွက် တူညီတဲ့ ကိစ္စတစ်ခုကိုဆက်ကိုင်တွယ်မပြတော့ပါပေ ။
ထိုအစား သူမက အခြားကျောက်ပြားတစ်ခုအနားလျှောက်သွားကာ ခြောက်သွေ့နေပုံပေါက်နေတဲ့ အပင်တစ်ပင်ကို ကိုင်လိုက်သည် ။ သူမကဆက်ပြောလေသည် ။
" အပင်တွေအကုန်လုံးကတော့ အခွံနွှာဖို့ မလိုဘူး ၊ ဥပမာပြောရရင်ဒီတစ်ခုက သူ့ပင်စည်နဲ့ရိုးတံက လူတွေကိုခြေတွေလက်တွေ ထုံစေတဲ့အတွက် အဲ့ဒီအပိုင်းတွေကို ဖယ်ရမယ် "
ရှောက်ရွှမ်က သူမက ပင်စည်နဲ့ရိုးတံကိုအမြန်ဖယ်ပစ်ပြီး မလိုတဲ့အပိုင်းတွေကိုလိပ်ကြီးပါးစပ်ထဲ ပစ်လိုက်ပြန်လေသည် ။
ရှောက်ရွှမ် "..."
လိပ်ကြီးဝါးနေတဲ့ပါးစပ်ကို မြင်ရတဲ့အခါ ရှောက်ရွှမ်ကသူ့ကိုယ်သူပြောလိုက်မိသည် ။ ပြင်းထန်တဲ့အထက်လန်အောက်လျှောတဲ့လား ၊ လက်တွေ၊ခြေတွေ ထုံစေတယ်တဲ့လား ၊ ဒီအဆိပ်ရှိတဲ့အပိုင်းတွေက လိပ်ကြီးဗိုက်ထဲသွားကုန်ကြသည်လေ။
ထို့ပြင် လိပ်ကြီးကလည်း အဆင်ပြေပုံရလေသည် ။
" အဆိပ်ရှိတဲ့ အပိုင်းတွေကို ဘာလို့ ကျွေးနေတာလဲဟင် "
ရှောက်ရွှမ်ကမေးလိုက်သည် ။
သူက လိပ်ကြီးကို နတ်ဆေးဆရာကိုပေးတုန်းက တစ်ယောက်ယောက်က နတ်ဆေးဆရာအတွက် ညစာအနေနဲ့ချက်ပြုတ်ပေးမည်ဟု ယူဆထားလေသည် ။ မထင်ထားပဲ ၎င်းက ဆေးကုသဆောင်ကိုအပို့ခံရကာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို ပြုမူနေလေသည်။ သူ အအံ့သြရဆုံးကတော့ ကွေ့ဇယ်ကအဆိပ်ရှိတဲ့အပိုင်းတွေအကုန်လုံးကို လှီးထုတ်လိုက်ကာ လိပ်ကိုကျွေးနေခြင်းဖြစ်ပြီး လိပ်ကလည်းပျော်ပျော်ရွှင်ရွှင် စားနေလေသည် ။
" နတ်ဆေးဆရာက ဒါတွေ သူ့ကို အစာကျွေးဖို့ကြိုးစားကြည့်နိုင်တယ်လို့ပြောထားတယ် "
ကွေ့ဇယ်ကတော့ တစ်ခုခုမှားနေသည်ဟု မခံစားရပေ။ နတ်ဆေးဆရာက ဒီလိုပြောမှတော့ မှန်သည့်ကိစ္စဖြစ်နိုင်ပြီး သူ့အလုပ်ကလည်း နတ်ဆေးဆရာအမိန့်ကိုလိုက်နာရုံပင်ဖြစ်လေသည်။
၎င်းက တကယ်တော့ မသေနိုင်သော သတ္တဝါဖြစ်လေသည် ။ ယခုဆိုရင် ရှောက်ရွှမ်က ထူးခြားဆန်းပြားတဲ့မျိုးစိတ်များအကြောင်း နက်နက်နဲနဲနားလည်လာလေပြီ။ သူက ကွေ့ဖယ်နောက်ကိုလိုက်ကာ ကျောက်စားပွဲကိုပတ်ကြည့်ပြီး စားပွဲပေါ်မှာ အကြိုအနေနဲ့ သူမ မတူညီတဲ့ဆေးပင်များအလိုက်ကိုင်တွယ်ရပုံကို ကြည့်နေလိုက်သည်။ အဲ့ဒီနောက်မှာတော့ ကွေ့ဇယ်က သူ့အလုပ်ကိုသူ ဆက်လုပ်နေသည်။
အချိန်အတော်ကြာပြီးတဲ့နောက် ရှောက်ရွှမ်က ကွေ့ဇယ် အလုပ်သိပ်မရှုပ်တော့တဲ့အချိန်မှာ မေးလိုက်သည်။
" ကျွန်တော်ဖတ်ကြည့်လို့ရမယ့် သားရေလိပ်တို့လို မှတ်တမ်းမှတ်ရာများ ရှိသလားခင်ဗျ "
ပြောရရင် အပင်များနဲ့ဆေးပင်များဟာ အဆင့်မြင့်အဖွဲ့ ပြန်ယူလာတဲ့အဖိုးတန်အရာများ ဖြစ်လေသည် ၊ ထို့ကြောင့် ရှောက်ရွှမ် ကဲ့သို့ လူသစ်များကို မကိုင်တွယ်ခိုင်းပါပေ ။ ကိုင်တွယ်တဲ့လုပ်ရိုးလုပ်စဥ်မှာ ရိုးရှင်းသည့်တိုင် နတ်ဆေးဆရာခွင့်ပြုသည်မှသာကိုင်တွယ်ခွင့် ရလေသည် ။ ကွေ့ဇယ်က နတ်ဆေးဆရာအစားမဆုံးဖြတ်ပေးနိုင်ရာ ရှောက်ရွှမ် ကလုပ်ချင်သည်ဆိုလျှင်ပင် သူက ကိုင်တွယ်မခိုင်းနိုင်ပါပေ ။
ကွေ့ဇယ်က ထိုအကြောင်းကိုတွေးကာ သူလည်း ရှောင်ရွှမ်အကြံကိုသဘောတူလိုက်သည် ။ အတိတ်တုန်းက သူမလည်း စသင်ကာစမှာ အပင်တွေအကြောင်း ဗဟုသုတကို စာလိပ်ပေါ်ကပုံများကိုကြည့်ကာ သင်ယူခဲ့ရသည် ။ အဲ့ဒီနောက်မှသာ သူမက နတ်ဆေးဆရာဆီကတိုက်ရိုက် သင်ယူခဲ့လေသည် ။
သို့သော် သူမမှာ အခြားသူလျှောက်ပြီးသားဖြတ်လမ်းအနေနဲ့ သားရေစာလိပ်အားလုံးရှိနေလေရာ သင်ကြားမှုအတွက် ပတ်ဝန်းကျင်ကောင်းတခုရှိခဲ့လေသည် ။ အမှန်ပင် သူကရှောက်ရွှမ်ကို စာဖတ်တဲ့နေရာမှာ ကူညီပေးချင်သော်လည်း သူမမှာချက်ချင်းကိုင်တွယ်စရာ အပင်များ များစွာရှိနေသေးလေသည် ။
ကွေ့ဇယ်က ထောင့်နားက ကျောက်စားပွဲအသေးပေါ်မှာတင်ထားတဲ့စာလိပ်များကို လက်ညိုးထိုးပြကာ ပြောလိုက်လေသည် ။
" အားလုံးအပေါ်မှာ ရှိတယ် ၊ အရင်ဖတ်ကြည့်လိုက်ပါ "
" ဒါဆို ကျွန်တော် စဖတ်လိုက်ပါမယ်၊ ကိုယ့်အလုပ်ကိုပဲ လုပ်နေလို့ရပါတယ် ၊ နားလည်ဖို့ခက်တဲ့ဟာဆိုရင် ကျွန်တော်လာပြီးအကူအညီတောင်းပါ့မယ် "
ရှောက်ရွှမ်ရဲ့ကျောက်စားပွဲလေးအရှေ့ကိုလာတဲ့အခါ အစွန်ဘက်က သားရေလိပ်များက အသစ်များဖြစ်သော်လည်း အများစုကတော့ အတော်လေးဟောင်းနေသည်ကို တွေ့ရလေသည် ။ အသစ်များကတော့ ဒီနှစ်ထဲမှာလုပ်ထားခြင်းဖြစ်နိုင်လေသည်။
ရှောက်ရွှမ်က သားရေလိပ်အဟောင်းကိုယူကာ ဖွင့်ကြည့်လိုက်လေသည် ။
အပင်များကို သူတို့ပုံများနဲ့ရိုးရှင်းစွာ သရုပ်ဖော်ထားလေသည် ။ မှတ်စုများက အရမ်းအသေးစိတ်မကျသည့်အပြင် ပုံများဖြစ်လေသည် ။
အမျိုးအစားကွဲများကို မည်သို့ခွဲခြားရမည်နည်း ။
အပြင်လူများအမြင်မှာတော့ ပန်းချီများကိုကြည့်လျှင် ဆယ်ခုမှာလေးခုက ဆင်တူသည်ကိုတွေ့ရလေသည် ။ ဘာမှ မထူးပေမဲ့ အရွက်များ၊အမြစ်များ၊မြက်ပင်များနှင့် အစေ့များက အားလုံးတူတူဖြစ်လေသည် ။
ပုံများမှာ တစ်ရောင်ထဲဖြစ်ပြီး အတော်လေးအကြမ်းဆွဲထားခြင်းဖြစ်လေသည် ။ ထို့ပြင် မှတ်စုများကလည်းအသေးစိတ်မကျလှပေ ။ အသီးအစစ်သာ မမြင်ဖူးလျှင် ဘယ်သူကမှမရှင်းပြလျှင် သားရေစာလိပ်ပုံများကို အတိုင်းအတာတခုအထိသာ နားလည်နိုင်လေသည်။
ရှောက်ရွှမ်က သားရေလိပ်အဟောင်းများကိုဆက်တိုက်ဖတ်လိုက်လေတဲ့အခါ သူတို့ကပုံစံတူကြမှန်းသိလေသည်။ သေချာသတိထားမိပြီးတဲ့နောက် ရှောက်ရွှမ်က အသစ်တစ်ခုကိုကြည့်လေလိုက်သည်။ ဒီသားရေစာလိပ်အသစ်က အခြားအရာများထက်အများကြီးအရည်အသွေးပိုကောင်းလေသည် ။
သို့သော် ရှောက်ရွှမ်က သားရေလိပ်ကိုဖွင့်ပြီး အကြောင်းအရာများကိုကြည့်လိုက်သောအခါ လုံးဝဆွံ့အသွားလေသည် ။
အစောပိုင်းသားရေလိပ်ကပုံများမှာ အကြမ်းခြစ်ထားပြီး ဒီတစ်ခုက ပုံများက အကြမ်းထည်တောင်ခြစ်မြောက်ခြစ် လုပ်ထားခြင်းများပင် ။ နတ်ဆေးဆရာ ဆွဲထားသောသင်္ကေတများကဲ့သို့ပင် ဘယ်သူကမှ ဒီပုံများအကြောင်းနားလည်မည်မဟုတ်ပေ ။
သားရေလိပ်ပေါ်က မှင်သားထူထူကိုကြည့်ပြီး ရှောက်ရွှမ် အံ့အားသင့်သွားလေသည်။ ဖြစ်နိူင်တာက နတ်ဆေးဆရာ ပုံဆွဲရင်း ဆေးစက်ကျသွားခြင်းဖြစ်နိုင်လေသည်။
သို့သော် မထင်မှတ်ထားပဲ နောက်ခဏကြာတော့ ရှောက်ရွှမ်က လုံးဝန်းတဲ့အညိုရောင်အသီးများပုံထဲမှာ တဖြည်းဖြည်း ပေါ်လာသည်ကိုရှောက်ရွှမ် တွေ့လိုက်ရလေသည်။