နတ်ဆေးပညာကျမ်းများ
Vol. 7 Ch. 99
ရှောက်ရွှမ်က မှင်သက်သွားလေသည် ၊ ထို့ကြောင့် သူက သူ့အကြည့်ကိုလွှဲလိုက်ပြီး အခြားနေရာကိုကြည့်နေလိုက်သည် ။ ခဏကြာပြီးတဲ့နောက်မှာ သူက သားရေလိပ်ကိုတစ်ခါပြန်ကြည့်ပြီး သင်္ကေတများကို ပြန်ကြည့်လိုက်သည် ။
သို့ပေမဲ့ သူက မင်အစုလိုက်ကြီးကို စိုက်ကြည့်သောအခါမှာ အညိုရောင်အသီးများက တဖန်ပေါ်လာပြန်လေသည် ။ အလွန်ထင်ရှား ပြတ်သားကာ ပုံမှန်အသီးများကဲ့သို့ သူ့အရှေ့တည့်တည့်မှာပေါ်လာလေသည် ။ သူကအသေးစိတ်ကိုပင် မြင်နိုင်လေသည် ။ သူက အသေးစိတ်ကိုပင် အသီးအလွှာလိုက်အထပ်ထပ်ခေါက်ထားလိုက်ရသည့်အလား မြင်နိုင်လေသည် ။
ဒါတွေက ဘာတွေလဲ ၊ အတိတ်မှာတုန်းက ရှောက်ရွှမ် ထိုကဲ့သို့အမှုန်အမြင်ကို သူ အန္တရာယ်ရှိတဲ့အခြေအနေ သို့မဟုတ် အထူးအခြေအနေတစ်ခုမှာသာ ရတတ်လေသည် ။ သို့ပေမဲ့ အခုကတော့ အန္တရာယ်မရှိသလို အစိမ်းရောင်သူခိုးများ ညချီတက်သကဲ့သို့ အထူးအခြေအနေလည်းမရှိပေ ။ သူကတော့ယခု ဆေးကုသဆောင်မှာ ရပ်နေလေရာ နေရာကြောင့်သာ သူ့အမြင်ကပေါ်လာတတ်လျှင် ဘာလို့ ပေါ်လာဖို့ဒီလောက်ကြာနေရပါသလဲ ။
သားရေလိပ်က ပုံမှန်တော့မဟုတ်ပေ ။
ရှောက်ရွှမ်က မင်စက်ကို ဆက်မကြည့်တော့ပဲ အခြားပုံတခုကို ပြောင်းကြည့်လိုက်လေသည် ။ မကြာမီ အခြားပုံများကလည်း ပထမကမင်စက်ကဲ့သို့ ဖြစ်နေသည်ကိုသဘောပေါက်လိုက်သည် ။
အချိန်တခုကြာအောင်စိုက်ကြည့်ပြီးတဲ့နောက်မှာ တကယ့်ပစ္စည်းက သင်္ကေတပန်းချီအရှေ့မှာ ပြတ်သားရှင်းလင်းပေါ်လာလေသည်။
ရှောက်ရွှမ်က သားရေလိပ်ထဲက ဆေးပင်အများကြီးကိုတွေ့ရပြီး သူ အဆင့်မြင့်အဖွဲ့မှာအဖွဲ့ဝင်ဖြစ်တုန်းကပြန်ယူလာခဲ့တဲ့ အစိမ်းရောင်သူခိုးပင်နဲ့ လေဘောလုံးပင်များပင် ပါဝင်သေးလေသည်။ ၎င်းတို့အပြင် ထူးဆန်းတဲ့ပုံသဏ္ဍာန်ရှိတဲ့ဆေးပင်များလည်းပါဝင်လေသည် ။
ရှောက်ရွှမ် အအံ့သြရဆုံးမှာ ပုံများ၏တိကျပုံပင်ဖြစ်လေသည် ။ ဥပမာအနေနဲ့ လေဘောလုံးနဲ့အစိမ်းရောင်သူခိုးပင်တို့ပင်။ ရှောင်မရပဲ ကြိုးများကြောင့် ကျန်ခဲ့သောခြေရာလက်ရာများပင်ရှိသေးသည်။
ရှောက်ရွှမ် ကသူကိုယ်တိုင် ထောင်ခြောက်ဆင်ကာ ထိုအပင်နှစ်ပင်ကိုဖမ်းမိခဲ့လေရာ ပထမဆုံးမြင်ရုံနဲ့ပင်မှတ်မိလိုက်သည် ။ သားရေလိပ်များပေါ်ကပုံများတွင် ဤနှစ်ခုကတိတိကျကျပုံဖော်ထားလေသည် ။ ခြစ်ရာနဲ့အမှတ်များက သူ့မှတ်ညဏ်ထဲကနှင့် တစ်ပုံစံတည်းဖြစ်လေသည် ။
တကယ့် အရာဝတ္ထုများကိုသရုပ်ပြခြင်းပင် ။
သူက အခြားပုံများကိုဆက်ကြည့်လိုက်သည် ။ အပင်များတင်မဟုတ်ပဲ တိရိစ္ဆာန်များလည်း သားရေလိပ်ပေါ်တွင်ပါဝင်လေသည်။
ပြောရရင်သားရေလိပ်ရဲ့ ပထမတစ်ဝက်မှာ အပင်များဖြစ်ပြီး ကျန်တစ်ဝက်ကတော့တိရိစ္ဆာန်ပုံများ ဖြစ်လေသည် ။ သို့ပေမဲ့ မည်သည့်အမျိုးအစားဖြစ်ဖြစ် ရိုးရှင်းသော သင်္ကေတပုံများရှိပြီး ဒီသတ္တဝါများကို ဘယ်လိုပိုင်ဆိုင်သလဲ ကိုင်တွယ်ရသလဲကိုဖော်ပြမထားပေ ။
သူ တိရိစ္ဆာန်ဆေးများက ဖြတ်လာသောအခါ သူကနောက်ဆုံးထွက်ကုန်ကိုသာ တွေ့ရပြီး သူတို့ကိုဘယ်လိုကိုင်တွယ်ထုတ်လုပ်သလဲ ၊ တိရိစ္ဆာန်ရဲ့ဘယ်အစိတ်အပိုင်းကို အသုံးပြုသလဲ နားမလည်ပါပေ ။ သူတို့ဘေးဘက်ကမှတ်ချက်များကလည်း အလွန်ရိုးရှင်းတဲ့အတွက် သူတို့ကိုဖတ်ကာပိုပြီးနားလည်ဖို့ရာလည်းမဖြစ်နိုင်ပါပေ ။
ရှောက်ရွှမ်က ကျောက်စားပွဲပေါ်ကသားရေစာလိပ်အချို့ကိုဖွင့်ကာဖတ်ကြည့်လိုက်လေသည် ။ သို့သော် သူ့လက်ထဲက ကိုင်ထားတဲ့တစ်ခုကလွဲရင်ကျန်သောသားရေလိပ်များမှာ အလွန်ပြောင်ရှင်းလေသည်။ အခြားသားရေလိပ်ပေါ်က ပန်းချီဆရာက အရာဝတ္ထုရဲ့အသေးစိတ်ကိုဖော်ပြဖို့ရာ အလွန်ကြိုးစားထားမှန်းသိသာလေသည် ။ သို့သော် ပုံဆွဲစွမ်းရည်အကန့်အသတ်ကြောင့် ရှောက်ရွှမ်တကယ့်အသီးစစ်ရဲ့ပုံစံအတိအကျကို မမြင်နိုင်ပေ ။ ၎င်းက တကယ့်ဝတ္ထုကိုသရုပ်ပြခြင်းနဲ့ အများကြီးကွဲခြားလေသည် ။
ရှောက်ရွှမ်က နတ်ဆေးဆရာကျောက်အိမ်တော်ထဲ ဝင်လာတုန်းက ခုနကအချိန်ကိုပြန်တွေးလိုက်သည်။ သူကနတ်ဆေးဆရာ ပန်းချီဆွဲနေသည်ကို မြင်ရလေသည် ။ မြင်စမှာ သူကနတ်ဆေးဆရာက ရိုးရိုးသင်္ကေတများ ရေးနေသည်ဟုထင်ခဲ့လေသည်။
သို့သော် စုတ်ချက်တိုင်းမှာနတ်ဆေးဆရာက အတော်လေး အားထုတ်နေသည်ကို တွေ့ရလေသည်။ ယခု သူ့လက်ထဲက သားရေလိပ်မှ အသိပညာများနဲ့ပေါင်းစပ်လိုက်သောအခါ ရှောက်ရွှမ်မှာ ရည်မှန်းချက်တစ်ခု ရှိသွားလေသည်။
သူက ကွေ့ဇယ် ဆေးပင်ကိုကိုင်တွယ်နေတာကို ပြီးသည်အထိစောင့်လိုက်ပြီး သူမဆီကိုအထူးသားရေလိပ်နဲ့သွားလိုက်လေသည်။
" ဒီတစ်ခုက နတ်ဆေးဆရာကိုယ်တိုင်လုပ်ထားတာလား "
ကွေ့ဇယ်ကို ရှောက်ရွှမ် နဲ့သူ့လက်ထဲက သားရေစာလိပ်ကို ကြည့်လိုက်လေသည် ။ ခုနကသူမက အတော်လေး တည်ငြိမ်နေပါသော်လည်း သူမကချက်ချင်း စိတ်တုန်လှုပ်သွားလေသည်။ သူက ရှောက်ရွှမ် ဆီကိုအမြန်လျှောက်သွားကာ ဘာမှမပြောခင် သားရေလိပ်ကိုအနီးကပ်ကြည့်လိုက်လေသည် ။ ကွေ့ဇယ်က သားရေစာလိပ်မှာ ခြစ်ရာမရှိပဲ အကောင်းအတိုင်းရှိသည်ကို မြင်မှသာစိတ်သက်သာရာ ရသွားလေသည်။
သူမက သားရေလိပ်ကို ယူလိုက်ကာ ဘာမှမထိခိုက်အောင်သူ့နေရာမှာ သူပြန်ထားလိုသည် ။ သို့ပေမဲ့ ထပ်တွေးမိတာက နတ်ဆေးဆရာက ရှောက်ရွှမ်ကို ဒီကိုလာပြီးသင်ယူခိုင်းသည်ကို သတိရလိုက်လေသည်။ ထို့ကြောင့် သူမ တွန့်ဆုတ်သွားကာ နောက်ဆုံးသူ့လက်ကိုပြန်ရုတ်လိုက်လေသည်။
" ဒါက နတ်ဆေးဆရာရေးထားတာ အမှန်ပဲ ၊ ဒါ ဒီနှစ်မှလုပ်ထားတာ ၊ မင်း ဒါတွေဖတ်ရင် အထူး သတိထားသင့်တယ် ၊ ဘာမှမထိခိုက်မိစေနဲ့ "
ကွေ့ဇယ်က ရှောက်ရွှမ် လက်ထဲက သားရေလိပ်ကိုကြည့်ကာ အလေးအနက်ပြောလိုက်သည်။
" နတ်ဆေးဆရာကဒီကိုလာတိုင်း ဖတ်လိမ့်မယ် ၊သူသာ ထိခိုက်ထားတာတွေ့ရင် ဒေါသထွက်လိမ့်မယ် "
ရှောက်ရွှမ် က မျိုးနွယ်စုထဲမှာလူတွေက နတ်ဆေးဆရာကို ဘယ်လောက်တန်ဖိုးထားကြလဲ စိတ်ထဲကသိနေလေသည်။
ရှောက်ရွှမ် က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည် ။
" နားလည်ပါပြီ ၊ ကျွန်တော်ဂရုစိုက်ပြီး ကိုင်ပါ့မယ် "
" စကားမစပ် ၊ ခင်ဗျားကော ဒါကိုဖတ်လား "
ရှောက်ရွှမ်ကသူ့လက်ထဲက သားရေလိပ်ကို မ ကာ မေးလိုက်သည် ။
ကွေ့ဇယ်က ထိုအမေးကိုပြုံးလိုက်ပြီး သူ့မျက်ဝန်းမှာ လုံးဝလေးစားရတဲ့အကြည့်နဲ့ဖြေလေသည် ။
" ဒါနတ်ဆေးဆရာအရှင် ရေးထားတာပဲ ၊ ဒီတော့ သူကပဲ ဒါကိုဖတ်နိုင်တယ် ၊ အခြားသူသာ မြင်ရင် ကမောက်ကမ ပြသာနာတွေဖြစ်သွားလိမ့်မယ် "
သူမက ရှောက်ရွှမ် ကိုလည်း သူမကဲ့သို့ပင်ဟု ယူဆလေပြီး သားရေစာလိပ်ကဘာကိုမှ သူနားမလည်ဟု ထင်ထားလေသည် ။ သူဆေးကုသဆောင်ကို ပထမဆုံးအကြိမ်ရောက်တုန်းက သူလည်း ထိုအလားတူသားရေလိပ်များကိုမြင်ဖူးသည် ။ သို့သော် ထိုသားရေလိပ်များက နတ်ဆေးဆရာတစ်ဦးတည်းကသာပိုင်ဆိုင်သည်ဟုဆိုကြလေသည် ။ ၎င်းတို့က သာမန်စာလိပ်များနဲ့လုံးဝကွဲပြားလေသည်။
" ဒါတွေကိုနတ်ဆေးပညာကျမ်းလို့ခေါ်တယ် ၊ ဒီတော့ နတ်ဆေးဆရာတစ်ယောက်တည်းကပဲ ဒါတွေကိုနားလည်နိုင်တယ် ၊ မင်းနားမလည်ရင်အခြားစာလိပ်ကိုပြောင်းကြည့် "
ကွေ့ဇယ်ကရှင်းပြပြီးတဲ့အခါ သူက အပင်အမျိုးမျိုးကိုကိုင်တွယ်ဖို့ ကျောက်စားပွဲကြီးဆီပြန်သွားလေသည် ။
မကြာမီကိုင်တွယ်ဖို့ရာ လိုအပ်တဲ့ ဆေးပင်များနဲ့ပြည့်နေတဲ့ကျောက်ပြားများအများကြီး ရှိနေဆဲ ဖြစ်လေသည်။ ထို့ပြင် အခြားအမဲလိုက်အဖွဲ့ကလည်းပြန်လာတော့မည်ဖြစ်လေရာ သူမကိုင်တွယ်နေသည်ကို အရှိန်မြှင့်ရန်လိုအပ်လေသည် ။ သူမမှာ ရှောင်ရွှမ် နဲ့စကားပြောဖို့ရာ အချိန်သိပ်မရှိပါပေ။
ကွေ့ဇယ်က သူ့အလုပ်သူ ပြန်လုပ်ချိန်မှာ ရှောက်ရွှမ်က သူ့လက်ထဲကသားရေစာလိပ်ကို ပြန်ငုံ့ကြည့်လိုက်သည် ။
" နတ်ဆေးပညာကျမ်းတဲ့လား "
ကွေ့ဇယ်က သူ့နားလည်မှုလွဲသွားသောအခါ သူကလက်ရှိအခြေအနေကိုရှင်းပြဖို့မကြိုးစားပါပေ ။ သူက သားရေလိပ်ထဲကအကြောင်းအရာကို တကယ်ဖတ်နိုင်၊နားလည်နိုင်ပါတယ်လို့သူနဲ့ ပြန်မငြင်းလိုတဲ့အတွက် သူ့မကိုတောင်းပန်လိုက်လေသည်။
နတ်ဆေးပညာကျမ်းလား ၊ နတ်ဆေးဆရာကသာ ဖတ်နိုင်တယ်တဲ့လား ၊ ဘယ်သူကပြောတာလဲ ။
ရှောက်ရွှမ်က သူ့ခေါင်းကိုယမ်းလိုက်ပြီး သစ်သားခုံတစ်ခုကိုဆွဲယူလိုက်လေသည် ။ သူက ခုံပေါ်ထိုင်ကာ ပန်းချီကားအားလုံးကိုဆက်ဖတ်နိုင်ရန်အတွက် ကျောက်စားပွဲပေါ်မှာ သားရေစာလိပ်ကိုဖွင့်လိုက်လေသည် ။ အစောပိုင်းက သူက ပုံအချို့ကိုသာ ဖြတ်ကနဲ ဖတ်ခဲ့ခြင်းဖြစ်ပြီး အခြားမဖတ်ရသေးသည်များလည်းရှိသေးသည်။
မှတ်စုများက အသေးစိတ်မကျလျှင်ပင် သူက အချိန်ခဏပေးကာဖတ်လိုက်လျှင် ပုံများကိုတစ်ချို့တစ်ဝက်နားလည်သွားလေသည်။ သူ အမဲလိုက်တာဝန်သွားရတုန်းက တစ်ခု ၊နှစ်ခုကို မြင်ဖူးသည့်အတွက်ဖြစ်နိုင်လေသည်။
၎င်းမှာ သားရေလိပ်များကို နတ်ဆေးပညာကျမ်းဟု အမည်ပေးထားသည်မှာ နတ်ဆေးဆရာ ဖြစ်သောကြောင့်ပင်ဖြစ်ပါလိမ့်မည်။
နတ်ဆေးဆရာ ဆွဲထားသောပန်းချီများမှာ အခြားသူများရေးဆွဲထားသောပုံများနှင့်လုံးဝကွာခြားလေသည် ။ ပန်းချီဆွဲတဲ့အခါ နတ်ဆေးဆရာက သူ့အာရုံတခုခုနဲ့မင်ကိုပေါင်းစပ်ကာ အထူးစွမ်းအင်တမျိုးမျိုးနဲ့ ရေးဆွဲထားပုံရလေသည် ။ ရိုးရိုးစုတ်ချက်များတွင်ပင်တောင်မှ အထဲမှာလျှို့ဝှက်ချက်များစွာ ပါဝင်လေသည်။
အကယ်၍သာမန်လူတယောက်ကသာ ဒီပန်းချီများ၏အဓိပ္ပါယ်ကို မြင်နိုင်လျှင် အဘယ်ကြောင့် ထာ့နဲ့အခြားသူများက ပုံမှန်ပန်းချီများနှင့်သားရေလိပ်များသာရှိကြလေသည်။ အမဲလိုက်ခေါင်းဆောင်များကိုပေးသောပန်းချီကားများမှာ သူတို့အကြောင်းအရာကိုနားလည်စေရန်အတွက် သာမန်လူများရေးဆွဲထားခြင်းဖြစ်လေသည်။
နေ့လည်ကျော်လာသောအခါ ရှောက်ရွှမ်က ညအိပ်ဖို့ရာစိတ်ကူးမရှိသည့်အတွက် ဆေးကုသဆောင်မှ ပြန်လာခဲ့လေသည်။ ကွေ့ဇယ်က နေ့လည်ကသူမအလုပ်တွေကို နေ့လည်ပိုင်းမှာရိုရိုသေသေ တင်ပြတဲ့အခါ နတ်ဆေးဆရာကပြုံးလေသည်။
" ကောင်းတယ် ၊ မင်းနောက်ပိုင်းမှာအတော် အလုပ်လုပ်တာပဲ "
အဖိုးကြီးတစ်ယောက်နဲ့ မိန်းမငယ်လေးတစ်ယောက်က အခန်းထဲမှာရှိလေပြီး မျက်နှာအမူအရာများမှာဆင်တူနေကြလေသည်။ နတ်ဆေးဆရာရဲ့ချီးကျူးမှုကြောင့် ကွေ့ဇယ်ကတော့နည်းနည်းလေးပိုပျော်ရွှင်နေပုံပေါက်လေသည်။ ဆေးပင်များအကြောင်း မေးပြီးတဲ့နောက် နတ်ဆေးဆရာကမေးလေသည်။
" ရှောက်ရွှမ် ဒီနေ့ဘယ်လိုနေလဲ "
" ကျွန်မ သူ့ကို အခြေခံရွေးချယ်နည်းနဲ့ အပင်တွေကိုင်တွယ်ပုံကို သင်ပေးထားပါတယ် ၊ အဲ့ဒီနောက်တော့ သူက ကျောက်စားပွဲပေါ်မှာ သားရေလိပ်တွေကိုဖတ်ပြီး တစ်နေ့ခင်းလုံးကုန်နေတာပဲ "
ကွေ့ဇယ်က ဒီနေ့ဖြစ်ပျက်သမျှကို နတ်ဆေးဆရာကိုသေချာရှင်းပြပြီး ထောင့်နားကကျောက်စားပွဲကို လက်ညိုးထိုးပြလိုက်သည်။
" သူက အရှင့် သားရေလိပ်တွေကိုပါဖတ်နေတယ် ၊ အရင်တုန်းက ကျွန်မလိုပဲ သူနားမလည်နိုင်လောက်ဘူး၊ ဒီတော့သူခေါင်းရှုပ်နေမှာပဲ "
နတ်ဆေးဆရာမျက်နှာက ခဏမျှ အသာပြောင်းသွားသည်။ သို့သော် အပြောင်းအလဲက အလွန်မြန်လေရာ ကွေ့ဇယ်က မသိလိုက်ပါပေ ။
" သားရေလိပ်တွေ သူဖတ်နေတာဘယ်လောက်ကြာပြီလဲ "
နတ်ဆေးဆရာက မေးလေသည် ။
" နေ့တစ်ဝက်လောက်ရှိပြီ "
ပြီးတော့ သူက သမ်းဝေ၍ပင်နေသေးသည် ။ ကွေ့ဇယ်က နတ်ဆေးဆရာ စိတ်ဆိုးသွားမည်ကိုကြောက်သည့်အတွက် သူက ကျန်တဲ့စကားကိုဆက်မပြောတော့ပဲ ရင်ထဲမှာပဲပြောရသေးသည်။
နတ်ဆေးဆရာက ခဏတိတ်နေပြီး ဖြေး ဖြေးချင်းပြောလေသည် ။
" သူ့ဘာသာထားလိုက်ပါ ၊ ကိုယ့်အလုပ်ကိုယ်ပဲ ဆက်လုပ်နေလိုက်ပါ ၊ အမဲလိုက်အဖွဲ့က ပြန်လာခါနီးနေပြီ ၊ ဆေးထုပ်သုံးထုပ်ကို အရင်ဆုံးထုပ်ပိုးထားလိုက်ပါ "
" ဟုတ်ကဲ့ပါ “
နောက်တနေ့မှာ ရှောက်ရွှမ် ကဆေးကုသဆောင်ကိုလာသောအခါ ကွေ့ဇယ်က ကျောက်စားပွဲကြီးမှာ အလုပ်များနေဆဲ ဖြစ်လေသည် ။ ရှောက်ရွှမ် ကသူ့ဘေးမှာမတ်တပ်ရပ်ကာ အချိန်တစ်ခုအထိကြည့်နေလေသည် ။ သူက ကူသယ်ပေးပြီး အချို့အပင်သစ်များရဲ့အခြေခံကိုင်တွယ်ပုံများကို ကြည့်နေလေသည်။
ကွေ့ဇယ် အလုပ်ကို အချိန်တစ်ခုကြည့်ပြီးတဲ့နောက် သူကအခြားတစ်ခုကိုပြောင်းကြည့်လိုက်လေသည်။ သူက အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထောင့်နားမှာ နောက်ထပ်သားရေလိပ်အသစ်များကိုသတိထားမိကာ ၎င်းကိုကြည့်နေလိုက်သည် ။ သူ မနေ့ကဖတ်ခဲ့တာတွေနဲ့ ပစ္စည်းရော ပုံစံရော အတော်လေးဆင်တူလေသည်။
သူက သားရေလိပ်အသစ်များကို ယူကာဖွင့်လိုက်သည် ။ သူမနေ့က မြင်ခဲ့ရတဲ့ရိုးရိုးသင်္ကေတများကို တွေ့ရလေသည် ။ သို့သော် သားရေလိပ်အသစ်ထဲမှာ အတွဲလိုက်ပုံရိပ်များအသား သီးသန့်ပုံများသာ ပါလေသည်။
နတ်ဆေးပညာကျမ်းအသစ်မှာ မတူညီတဲ့ဆေးပင်ရှစ်ပင်ရဲ့ကိုယ်တွယ်ပုံအဆင့်အားလုံးကို မှတ်တမ်းတင်ထားလေသည် ။ ကုသပုံအပိုင်းမှ အသေးစိတ်ကျကျအားလုံးကိုဖော်ပြထားလေသည် ။ ဒီပုံများကို မြင်ရတဲ့အတွက် ရှောက်ရွှမ် သူ့အရှေ့မှာ လုပ်ရိုးလုပ်စဥ်များ အားလုံးကိုသူ့အရှေ့မှာ လက်အစုံက ကိုင်တွယ်သရုပ်ပြနေသည်ကို မြင်ရလေသည်။
သင်္ကေတများရဲ့အနောက်မှာ မှတ်ချက်စကားလုံးများလည်းရှိသေးသည် ။ စကားလုံးများနှင့် ပုံများကိုပေါင်းစပ်ကြည့်လျှင် ပိုမိုရှင်းလင်းပြတ်သားလာပေသည် ။