မင်း နတ်ဆေးဆရာဖြစ်ချင်လား
Vol. 7 Ch. 100
ထိုနေ့တင်မဟုတ် ၊ နောက်နေ့များမှာလည်း ရှောက်ရွှမ်က နတ်ဆေးပညာကျမ်းအသစ်များ စားပွဲထောင့်မှာတင်ထားသည်ကို သူဆေးကုသဆောင်လာတိုင်းတွေ့ရလေသည်။
အကြောင်းရာများက အခြေခံ အပင်နှုတ်ယူခြင်းနဲ့ကိုင်တွယ်ခြင်းများကနေ တိရိစ္ဆာန်အခြေခံတဲ့ဆေးတွေကို ဘယ်လိုသွေးဆောင်ပြီးဖမ်းရမလဲ ၊ တိရိစ္ဆာန်တွေကိုဘယ်လိုကိုင်တွယ်ရမလဲ ကနေ အပင်တွေနဲ့ဘယ်လိုရင်ဆိုင်မလဲ တို့ပြောင်းလဲသွားလေသည်။
အားလုံးဟာ နတ်ဆေးပညာကျမ်း သားရေလိပ်များပေါ်တွင်မှတ်တမ်းတင်ထားလေသည် ။ ရှောက်ရွှမ် ဖတ်လိုက်ချိန်တိုင်းမှာ သူ့မျက်လုံးမှာ တကယ့်ပုံရိပ်များရောင်ပြန်ဟပ်နေသည်ကိုသူတွေ့ရလေသည် ။
အရင်က ကဲ့သို့ တသီးတခြားစီဖြစ်နေရမည့်အစား နတ်ဆေးပညာကျမ်းအသစ်မှပုံများမှာ အားလုံးဆက်စပ်နေလေသောကြောင့် အတူတူသာဖတ်လျှင် တကယ့်မြင်ကွင်းကိုပုံဖော်နိူင်လေသည်ပင် ။ တစ်ခါတရံ ရှောက်ရွှမ်က သူ့ကိုယ်သူရွေ့လျားနေပြီး သူက ၎င်းတို့ရဲ့ အသားအရေ ၊ အာရုံခံစားမှု ၊ ခွန်အား အစရှိသည်တို့ကိုခံစားနိုင်သည်။
နတ်ဆေးပညာကျမ်းများမှာ အလွန်အဖိုးတန်လေသည် ။ နတ်ဆေးဆရာကလည်း ရှောက်ရွှမ် ဖတ်ဖို့အတွက် အသစ်အသစ်များကို ယူလာပေးလေရာ ရှောက်ရွှမ် အကြောင်းအရာတွေကိုနားလည်စွာဖတ်နိုင်မှန်းကို သိထားပြီး ဖြစ်လေသည် ။
နတ်ဆေးဆရာလား..သူ့ကိုတော့ ဘာမှလျှို့ဝှက်ထားလို့ရမည်မဟုတ်ပေ ။
ပြီးတော့ကျောက်စားပွဲပေါ်မှာ ပိုပိုများလာတဲ့နတ်ဆေးပညာကျမ်းများက ရှောက်ရွှမ်မှာနတ်ဆေးဆရာရဲ့သဘောထားကို ကောင်းကောင်းနားလည်သည်ကို ပြလေသည် ။
တစ်နေ့ ရှောက်ရွှမ်ကထောင့်နားမှာ နတ်ဆေးပညာကျမ်း သားရေလိပ်များကိုဖတ်နေချိန်မှာ ဆေးကုသဆောင်ထဲသို့ အော်ဟစ်ရင်း တစ်ယောက်ယောက်ပြေးဝင်လာသည်ကို ကြားလိုက်ရသည် ။
" ကွေ့ဇယ် ၊ နတ်ဆေးဆရာက မင်းကိုခေါ်နေတယ် အမဲလိုက်အဖွဲ့ ပြန်လာပြီတဲ့ "
နတ်ဆေးဆရာက ဒဏ်ရာရသူများကိုကုသသည့် အဆောင်အသေးလေး ဆေးကုသဆောင်ဘေးတွင် ရှိလေသည် ။ အမဲလိုက်အဖွဲ့ ပြန်လာချိန်တိုင်း ဒဏ်ရာရစစ်သည်များကို အဆောင်လေးသို့သာတိုက်ရိုက်ပို့ဆောင်ကြလေသည်။ ဆေးကုသဆောင်နဲ့ နီးစပ်လေရာ ဆေးပင်များပို့ဆောင်ဖို့ရာ အလွန်အချိန်ကုန်သက်သာလေသည် ။ နတ်ဆေးဆရာက သူလိုအပ်လာလျှင် ဆေးကုသဆောင်က ဆေးပင်များယူလိုက်နိုင်လေသည်။
ကွေ့ဇယ်က တုံ့ဆိုင်းမနေဘဲ သူလုပ်နေတဲ့အရာကိုရပ်ကာ နတ်ဆရာဆီတန်းသွားလေသည် ။ ရှောက်ရွှမ်ကတော့ သူက ကုသခန်းထဲ ဝင်ခွင့်မရှိသေးပေ ။ ကုသမှုကိုအနှောင့်အယှက်မဖြစ်စေရန်အတွက် ဝင်ခွင့်မရှိတဲ့မည်သူမဆို မဝင်ရောက်နိုင်ပေ ။
ရှောက်ရွှမ်က အနည်းငယ် စိတ်မကောင်းသည်ကိုခံစားရလေသည် ။ သူက နတ်ဆေးဆရာက ဒဏ်ရာရစစ်သည်တော်များကို ကုသတာကို မြင်ချင်လေသည်။ သို့ပေမဲ့ သူက ကုသခန်းထဲဝင်ဖို့တားဆီးထားလေရာ ဆေးကုသဆောင်ထဲမှာ ထိုင်စောင့်နေရုံကလွဲပြီးမတတ်နိုင်ပေ ။
သူထွက်သွားပြီးသိပ်မကြာခင်မှာပဲ ကွေ့ဇယ်က ဆေးကုသဆောင်ကိုအမြန်ပြန်ပြေးလာလေပြီး ဆေးထုပ်အချို့ကိုဆွဲယူသွားလေသည်။ တစ်မိနစ်လောက်နေတော့တစ်ခါပြန်လာလေသည် ။
" ဂမုန်းရွက်ခါး ၊ ခုနှစ်မြွှာ ၊ ဥမှင်သီး ၊ နှလုံးထွင်းဖောက်ရိုးတံ "
ကွေ့ဇယ်က သစ်သားဗူးနဲ့ ကျောက်အိုးထဲကဆေးပင်တချို့ကိုထုတ်ကာ ပါးစပ်ကဆေးပင်နာမည်များရွတ်နေလေသည် ။
သူမ ဒီလို အလျင်လိုနေသည်ကိုတွေ့ရတဲ့အခါ သူတို့ထင်ထားတာထက် ဒဏ်ရာရစစ်သည်တွေ ပိုရောက်လာတာဖြစ်နိုင်တယ်လို့ ရှောက်ရွှမ်ခန့်မှန်းမိလိုက်သည် ။ ဆေးပင်အရောအထုပ်များမှာ ပြတ်လုနီးနီးဖြစ်ပြီး သူထုပ်ထားတဲ့ဆေးထုပ်များက မလောက်သည့်အတွက် ကွေ့ဇယ်မှာ အမြန်လုပ်ဖို့လိုနေလေသည် ။
ကွေ့ဇယ်က ရောနှောဖို့ရာ အချိန်အဆမလိုပေ ။ သူက ဆေးပင်များကိုလက်အပြည့်ယူလိုက်ပြီး ကိုင်တွယ်ပြီးသားဆေးအတော်များများ၏ ဆေးညွှန်းနဲ့ သိပ်ကွာခြားမှုမရှိတော့ပေ။
ရှောက်ရွှမ်က သူမထိုသို့ပြုလုပ်သည်ကိုရက်အတော်ကြာ ကြည့်ခဲ့ရသည် ။ ဒီလိုစွမ်းရည်မျိုးက အချိန်တိုအတွင်းရမလာနိုင်ပေ ။ နတ်ဆေးဆရာက ကွေ့ဇယ်ကို ကလေးကတည်းက လေ့ကျင့်ပေးထားခြင်းဖြစ်လိမ့်မည် ။
မျိုးနွယ်စုလူအားလုံးက ဆေးထုပ်အားလုံးကို နတ်ဆေးဆရာက ကိုယ်တိုင်ရောစပ်သည်ဟုယူဆထားကြသည် ။ ယခု အများစုမှာ ကွေ့ဇယ်က ပြုလုပ်ရပုံပေါ်လေသည်။
" အကူအညီလိုသေးလား "
ရှောက်ရွှမ်ကမေးလိုက်သည်။
ကွေ့ဇယ်က ပထမက ငြင်းချင်သော်လည်း ထပ်တွေးလိုက်ကာ ခေါင်းညိတ်လိုက်သည် ။ သို့သော် သူမက ရှောက်ရွှမ်ကို ဆေးပင်တွေကိုင်တွယ်ပေးဖို့တော့မတောင်းဆိုပဲ သူ့မပစ္စည်းတွေကူသယ်ပေးဖို့သာခိုင်းလိုက်သည်။
" ဘာတွေဖြစ်နေတာလဲ ၊ ဆေးထုပ်တွေပြတ်သွားလို့လား ၊ ဒီတခါ ဒဏ်ရာရစစ်သည်တော်တွေများလို့လား "
ရှောက်ရွှမ်ကမေးလိုက်သည် ။
" ကိုးယောက်ရှိတယ် "
ကွေ့ဇယ်ကပြောလေသည် ။
ဆိုးဝါးစွာထိခိုက်ထားသော စစ်သည်တော်များသာ အရင်ပို့လိုက်ရသည်။ တော်တော်ဆိုးဆိုးထိခိုက်ထားတဲ့ စစ်သည်တော်ကိုးယောက်..အမှန်ပင် ဤအရေအတွက်က ပုံမှန်မဟုတ်ပေ ။ သို့ပေမဲ့ကံကောင်းစွာ မည်သူမှအသတ်မခံရပေ ။
" ဒီမှာ နှလုံးထွင်းဖောက်ရိုးတံတွေမလောက်ဘူး ၊အဲ့ရိုးတံတွေပါတဲ့ သစ်သားဗူး ငါ့ကိုကူသယ်ပေးပါ "
ကွေ့ဇယ်က အလောတကြီးပြော လိုက်သည်။
" ဟုတ်ကဲ့ "
ရှောက်ရွှမ်က ဆေးပင်အမျိုးစုံဘယ်မှာ ရှိသည်ကိုမှတ်မိလေသည် ။ ထို့ကြောင့် သူ့ကိုကွေ့ဇယ်က ပြောပြဖို့မလိုပဲ သစ်သားဗူးကြီးကိုသာ တန်းယူလာခဲ့လေသည် ။
နှလုံးဖောက်ထွင်းရိုးတံက အစိမ်းရောင်နယ်မြေကအပင်အမျိုးအစားထဲပါဝင်လေသည် ။ သူက လက်သန်းလုံးလောက်သာရှိပြီး အပေါ်ခွံပါးပါးလေးရှိလေသည် ။ အတွင်းထဲမှာတော့ အနက်ရောင်ကြိုးမျှင်ပါးပါးလေး ရှိလေသည် ။ အပြင်ဘက်အပေါ်ခွံကတော့သုံး၍မရသလို အလည်က ကြိုးမျှင်နက်လေးမှာလည်းအဆိပ်ရှိလေသည် ။ နှလုံးဖောက်ထွင်းရိုးတံကိုကိုင်တွယ်ရတဲ့အခါ အပြင်ဘက်အလွှာကို အခွံနွှာပြီး အထဲက ကြိုးမျှင်ကိုလည်းဆွဲထုတ်ဖို့လိုလေသည် ။
အလျင်လိုနေသော်လည်း ကွေ့ဇယ် လှုပ်ရှားမှုများမှာတိကျလေသည် ။ သို့သော် သူမက လုံလောက်အောင်မမြန်ပေ။
နှလုံးထွင်းဖောက်ရိုးတံကို ကိုင်တွယ်ရတာ အလွန်ခက်လေပြီး အပိုင်းတစ်ခုပြီးဖို့ပင် အချိန်အတော်ကြာလေသည် ။ရှောက်ရွှမ်က သူမကိုင်တွယ်သည်ကို မြင်ဖူးလေပြီး ရိုးတံတစ်ချောင်းကိုသူမကိုင်တွယ်ဖို့ရာ နာရီဝက်မျှကြာတတ်လေသည် ။ သူမက ဓားကို တင်းတင်းကိုင်ကာ အရှိန်ကိုမြှင့်လိုက်ပေမဲ့ ပုံမှန်တုန်းကကဲ့သို့ မပြည့်စုံလှတော့ပေ ။ ပြောရရင် သူမက အသက်ကယ်ဆယ်ဖို့ရာ လောနေသည် ။ ထို့ကြောင့် သူမက နတ်ဆေးဆရာဆီပို့ပေးရမယ့်ဆေးတွေကို အချိန်ကုန်သက်သာစေရန် ပစ္စည်းအများအပြားပိုသုံးဖို့ဆုံးဖြတ်လိုက်လေသည် ။
ပုံမှန်ဆိုလျှင် နှလုံးထွင်းဖောက်ရိုးတံကို ကိုယ်တိုင်ပြန်လည်ကောင်းမွန်နိုင်စွမ်းမရှိတော့တဲ့ ဒဏ်ရာအလွန်ပြင်းထန်သောစစ်သည်တော်များ၏ ပြင်းထန်သော ဒဏ်ရာများကို ကုသဖို့ရာသုံးလေသည် ။ သူတို့ကိုကုသခန်းထဲသို့ပို့လိုက်လျှင် သူတို့ကိုချက်ချင်း ကုသမှုပေးဖို့ရာမလိုအပ်ပါပေ ။ ထို့ကြောင့် လိုအပ်တဲ့ဆေးအားလုံးပြင်ဆင်ဖို့ရာ အချိန်မလုံလောက်ပါပေ ။တစ်မိနစ်နောက်ကျခြင်းက ပိုအန္တရာယ်ရှိသွားနိုင်လေသည် ။
ရိုးတံအချို့ကို သစ်သားဗူးလေးထဲမှာတွေ့ရလေရာ ရှောက်ရွှမ်ကသူ့ဘာသာ တစ်ချောင်းယူလိုက်လေသည် ။ သူက ရိုးတံကို အသာဆိတ်လိုက်ပြီး အောက်ကနေအပေါ်အထိ ကြောင်လိမ်ပုံဆိတ်လိုက်လေသည် ။
" မင်း မထိသင့်..."
ကွေ့ဇယ် က ရှောက်ရွှမ်ဟာ ပြောရရင် အလုပ်သင်တစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ဘေးမှာ သူဘာလုပ်နေသည်ကို သိလိုက်သည်နှင့် တားတော့မလို့ ကြိုးစားလိုက်လေသည် ။ သို့သော် သူမ သူ့ကို ကြည့်လိုက်သောအခါ ထိုမြင်ကွင်းကိုမြင်ပြီးနောက်သူမပြောမယ့်စကားတွေကို သူမဘာသာပြန်မျိုချလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
သူမက ရှောက်ရွှမ် ဆိတ်နေခြင်း မြန်မြန်ပြီးသွားသည်ကိုတွေ့လိုက်သည် ။ သူက လက်မောင်းတစ်ဝက်မျှအရှည်ရှိတဲ့ နှလုံးထွင်းဖောက်ရိုးတံကို လက်တစ်ဖက်နဲ့ကိုင်ကာ အခြားလက်တစ်ဖက်က ကျောက်ဓားလေးကိုင်ထားလေသည် ။
ဓားမှာ အကောင်းစားကျောက်အူတိုင်ကနေ ရှောက်ရွှမ် အထူးပြုလုပ်ထားခြင်းဖြစ်လေသည် ။ ကျောက်တိုင်မှာ နတ်ဆေးဆရာကဒီနှစ်အစောပိုင်းက ရှောက်ရွှမ်မှာ မျိုးနွယ်စုကို အဓိကအထောက်အပံ့ပြုခဲ့သည့်အတွက် ပေးထားခြင်းဖြစ်လေသည် ။ အကြီးကြီးမဟုတ်သော်လည်း အကောင်းစားကျောက်တိုင်ဖြစ်သည့်အတွက် ရရန်ခက်ခဲလေသည် ။
ကျောက်ထည်အသေးလေးများကို ထွင်းပြီးတဲ့နောက် ရှောက်ရွှမ်က ကျန်တဲ့ကျောက်တိုင်ကို သိမ်းထားလေသည် ။ သူ ပထမဆုံးဆေးကုသဆောင်ကိုရောက်တဲ့နေ့မှာ ကွေ့ဇယ်က ကျောက်ဓားအသေးလေးနဲ့ ဆေးပင်ကိုခွါနေသည်ကို တွေ့ရတဲ့အတွက် ကျန်တဲ့ကျောက်တိုင်လေးနဲ့ သူလည်းဆင်တူတဲ့ဓားတစ်ခုလုပ်လိုက်လေသည် ။
ကျောက်တိုင်အကောင်းစားမှာ ထွင်းဖို့ရာမလွယ်ပါပေ ။ ထို့အတွက်ကြောင့်သူ့အလုပ်ပြီးစီးဖို့ ရက်အနည်းငယ်ကြာလေသည်။ မထင်ထားပဲ ရှောက်ရွှမ် ပထမဆုံးယူလာတဲ့နေ့မှာပင် အသုံးဝင်နေလေသည် ။
ကျောက်ဓားငယ်လေးက အပေါ်တက်၊အောက်ဆင်း အကြိမ်အနည်းငယ်မျှ လှုပ်ရှားသွားပြီးနောက် ပြန်ဆွဲထုတ်လိုက်သည် ။ ငှက်ပျောသီးအခွံနွှာသကဲ့သို့ပင် ရှောက်ရွှမ်က နှလုံးထွင်းဖောက်ရိုးတံကို အဖျားတဖက်မှတဖက်ကို ချောချောမွေ့မွေ့ အခွံနွှာပစ်လိုက်သည် ။
အရင်က ကွေ့ဇယ် နှလုံးထွင်းဖောက်ရိုးတံကို အတော်ကြိုးကြိုးစားစား အခွံနွှာခဲ့ရသည်နှင့် လုံးဝမတူပါပေ ။
ကွေ့ဇယ် က သူ့ကိုသာစိုက်ကြည့်နေပြီး သူမဘာလုပ်သင့်လဲကိုမေ့သွားလေသည် ။ သူမမျက်လုံးများပြူးကျယ်နေပြီး ရှောက်ရွှမ် လုပ်သမျှကိုလိုက်ကြည့်နေလေသည် ။
ကွေ့ဇယ်ပြထားသည့်အတိုင်းပင် ရှောက်ရွှမ်က အစွန်းတဖက်ကအခွံကိုခွာတဲ့အခါ အဖျားနားက အပိုင်းလေးကို အခွံနဲ့အတူလှီးထူတ်လိုက်လေသည် ။ အတွင်းက အမျှင်များကိုတော့ ပုံမှန်ဆိုလျှင် ကွေ့ဇယ်က ရိုးတံကို အပေါ်နဲ့အောက်နှစ်ပိုင်း ပိုင်းလိုက်ပြီး အမျှင်များကို ဂရုတစိုက်ဆွဲထုတ်တတ်လေသည် ။
သို့သော် ရှောက်ရွှမ်က ဤသို့မလုပ်ပါပေ ။ သူက အဖျားနားကို နီးလာတဲ့အခါ သူက အသာအယာလိမ်ကာ အဖျားဘက်ကိုညှစ်ချလိုက်လေသည် ။ နူးနူးညံ့ညံ့ ဆွဲပြီးတဲ့နောက် အမဲရောင်ကြိုးသွယ်သွယ်လေးတချောင်းကို နွှာထားတဲ့အခွံနဲ့အတူဆွဲထုတ်လိုက်လေသည်။
ကွေ့ဇယ်က ဆွံ့အသွားလေသည် ။
သို့သော် သူမမျက်နှာပေါ်တွင်တော့ ဘာအမူအရာမှမပြချေ။
သူမ အရင်က ဒီလိုမျိုးမကြိုးစားကြည့်ခဲ့ဘူးသည်တော့မဟုတ်ပေ ။ သို့ပေမဲ့ သူမ အရင်က ကြိုးစားကြည့်ဖူးတဲ့အတွက်ကြောင့် အထဲက အနက်ရောက်ကြိုးမျှင်လေးကိုဆွဲထုတ်ဖို့က ဘယ်လောက်ခက်ကြောင်းသိလေသည် ။
သို့သော် သူမမျက်စိရှေ့မှာတော့ အလုပ်သင်တယောက်က လုံးဝပြီးပြည့်စုံစွာ လုပ်လိုက်လေရာ အရင်ကသူအကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်အလားပင် ။ သူ့လှုပ်ရှားမှုအားလုံးက ပျော့ပြောင်းညှင်သာကာ တစ်ချက်ကလေးမှတွံ့ဆုတ်သွားခြင်းမရှိပေ။
ပြောရရင် ရှောက်ရွှမ် ကိုယ်တိုင်လည်း သူ့ပထမဆုံးအကြိမ်မှာ ဘာလို့ အမှားအယွင်းမရှိ ကိုင်တွယ်နိုင်သလဲကို မသိပါပေ ။
၎င်းက ဗီဇတစ်ခုလို ခံစားလိုက်ရသည် ။ ရှောက်ရွှမ် ရဲ့ကိုယ်ပိုင် ဗီဇကြောင့် မဟုတ်ဘဲ နတ်ဆေးပညာကျမ်းကိုဖတ်ပြီးတဲ့နောက်မှာ ရသွားတဲ့ ဗီဇပင်ဖြစ်သည် ။ ၎င်းက နတ်ဆေးပညာကျမ်းမှ သူ့ကို ဗီဇသိစိတ်က ကူးစက်သွားခြင်းဖြစ်သည် ။ သူရိုးတံကို ကိုင်တွယ်တဲ့အခါမှာ သူ့နား နားမှာ တစ်ယောက်ယောက်က ဘာပြီးရင်ဘာလုပ်ဖို့နဲ့ လုပ်သင့်သည်တို့ကို ကပ်ပြောနေသည်နှင့်တူလေသည်။
သူ့လှုပ်ရှားမှုအကုန်လုံးက သူ သားရေစာလိပ်ထဲမှာ ဖတ်ခဲ့ရတဲ့ နှလုံးထွင်းဖောက်ရိုးတံကို ကိုင်တွယ်ရပုံအကြောင်းကို လုံးဝ ကူးချထားသည့်အလားပင် ။
ရှောက်ရွှမ်ကို အလုပ်လုပ်တဲ့နှုန်းမှာထပ်ပေါင်းလိုက်သောအခါ ဆေးထုပ်များကို မြန်မြန်ထုပ်ပိုးပြီးသွားလေသည် ။ ကွေ့ဇယ်က ဆေးထုပ်များကိုဆွဲကာ ပြေးထွက်သွားလေပြီး ရှောက်ရွှမ်နဲ့လိပ်မှာ ဆေးကုသဆောင်ထဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း ကျန်ခဲ့လေသည် ။
နှစ်နာရီလောက်ကြာပြီးတဲ့နောက်မှာ နတ်ဆေးဆရာ ဝင်လာသည် ။ သူကအတော်လေး ပင်ပန်းနေပုံပေါက်လေသည် ။ ကွေ့ဇယ်မှာ ဒဏ်ရာရစစ်သည်တော်တွေကို ကြည့်ရှူရင်းနောက်မှာ နေကျန်ခဲ့ကာနတ်ဆေးဆရာနဲ့ အတူပြန်လိုက်မလာပေ ။
နတ်ဆေးဆရာဝင်လာတဲ့အခါမှာ ရှောက်ရွှမ်က လိပ်ကို စွန့်ပစ်ပစ္စည်းများကျွေးနေလေသည် ။
" အခြေအနေတွေ ဘယ်လိုလဲ "
နတ်ဆေးဆရာကို ရေတစ်ခွက် ရှောက်ရွှမ်က ကမ်းပေးတဲ့အခါ သူ့ကိုမေးပြီး နတ်ဆေးဆရာက သစ်သားခုံလေးပေါ်မှာထိုင်ကာ ရေကိုဖြေးဖြေးချင်းသောက်နေလေသည် ။ ချက်ချင်းပင် သူကပြန်ဖြေလိုက်သည် ။
" ကောင်းပါတယ်ခင်ဗျ"
၎င်းက ဒဏ်ရာရသူများက ယခုစိုးရိမ်စရာအခြေအနေမဟုတ်ပါဟုဆိုလိုလေသည်။ ရှောက်ရွှမ်က လိပ်ကြီးကို စွန့်ပစ်ပစ္စည်းများဆက်ကျွေးနေသည် ။ နတ်ဆေးဆရာက ရှောက်ရွှမ်ကိုအချိန်တစ်ခုအထိစိုက်ကြည့်နေသည် ။
အစောပိုင်းမှာ ရှောက်ရွှမ်က နှလုံးထွင်းဖောက်ရိုးတံကို ဘယ်လို ကောင်းကောင်းကိုင်တွယ်သွားတယ်ဆိုတဲ့အကြောင်းကို ကွေ့ဇယ်ကပြောပြထားလေသည် ။ သူလုံးဝမအံ့သြမိပေ ။ ကျောက်တုံးစားပွဲပေါ်က သားရေလိပ်များကိုစိုက်ကြည့်ရင်း
က သူက ရှောက်ရွှမ်ကို သာယာပေမဲ့ တင်းမာသောအသံနဲ့ခေါ်လိုက်လေသည် ။
" အားရွှမ် "
" ဟုတ်ကဲ့ပါ "
" မင်းနတ်ဆေးဆရာ ဖြစ်ချင်လား "
" ကျွန်တော် မဖြစ်ချင်ပါဘူး "
သူရဲ့ ခိုင်မာစွာ ငြင်းဆိုတဲ့ " မဖြစ်ချင်ဘူး " ဆိုသောအသံကိုကြားရသောအခါ နတ်ဆေးဆရာရဲ့နုလုံးသား ချက်ချင်းဆိုသလိုအစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတော့သည် ။