← Chapters

အခန်း (၂၇၁)

Vol. 19 Ch. 271

အခန်း (၂၇၁)

Vol. 19 Ch. 271

ကျီဝမ် ဖန့်ရှောင်နွမ်ကို မေးလိုက်သည်။ “ဟေ့! မနေ့ညက နင့်ယောက်ျား ငါ့ကို ဘာလို့ ရိုက်တာလဲ"

ဖန့်ရှောင်နွမ် က သူ့မေးခွန်းကို မဖြေပေ။ အဲဒီအစား သူမက တည်ငြိမ်စွာပြောလိုက်သည်။ "ရှောင်ဝမ် ၊ စစ်ယွီ က နင့်ရဲ့အဒေါ်"

ကျီဝမ် ရှုတ်ချပြောဆိုလိုက်သည်။ "ငါ့ကို ငတုံးလို့ ထင်နေလား"

ဖန့်ရှောင်နွမ် ကုတင်ပေါ်မှ "ငတုံး" ကို ကြည့်လိုက်သည်။ သူ သိပ်ကို ဉာဏ်မထက်ဘူးဆိုတာ ထင်ရှားသည်။

“ဟုတ်တယ် နင်က ငတုံးကောင်။ နားလိုက်တော့။ ငါ နင့်အတွက် သူနာပြုတစ်ယောက်ကို ရှာပေးထားပြီးပြီ" သူမရဲ့လွယ်အိတ်ကို ကောက်ယူပြီး လူနာခန်းထဲက ထွက်သွားလိုက်သည်။

ကျီလင်းချန်က ကိုးနာရီမှသာ အိမ်ပြန်ရောက်လာသည်။ ထိုနေ့တွင် လူမှုရေးပွဲတက်ရန်ရှိသဖြင့် အိမ်သို့ နည်းနည်းနောက်ကျမှ ပြန်လာခဲ့သည်။

ဖန့်ရှောင်နွမ် သူ့ကို စောင့်နေတာ ကြာပြီပင်။

ကျီလင်းချန်က သူ့ဇနီးလေးက သူနဲ့ အတူအိပ်ဖို့ စိတ်စောနေတယ်လို့ ထင်ခဲ့သည်။ သူ သူ့မိန်းမကို ပွေ့ဖက်ပြီး နမ်းတော့မယ့်အချိန် ဖန့်ရှောင်နွမ်က သူ့ကိုတွန်းထုတ်ခဲ့သည်။ ထို့နောက် သူမ အိတ်ကပ်ထဲမှ ခေါက်ထားသော စာရွက်တစ်ရွက်ကို ထုတ်ကာ တည်ငြိမ်စွာပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ရှောင်ယွီကို ရှာတွေ့ပြီ"

ကျီလင်းချန်၏ မျက်လုံးများထဲတွင် တပ်မက်မှုများ ပျောက်ကွယ်သွားပြီး သူ့မိန်းမကို ကြည့်လိုက်သည်။ အိပ်ခန်းက တိတ်ဆိတ်သွားခဲ့သည်။ သူက သူ့မိန်းမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်ကို လွှတ်ပြီးမေးလိုက်သည်။ “မင်း DNA စစ်ထားတာလား"

“ဟုတ်တယ်” ဖန့်ရှောင်နွမ် တည်ငြိမ်စွာပြန်ဖြေလိုက်သည်။ “ကျွန်မက သူ့ဆံပင်ကိုရနိုင်တဲ့ တစ်ဦးတည်းသောသူပဲလေ”

သူမ သူမရဲ့ဆံပင်ကို ဘယ်လိုရခဲ့ပုံ၊ ဆေးရုံမှာ သုံးနာရီကြာအောင် စောင့်ခဲ့ရပုံကို သူ့အား ပြောပြခဲ့သည်။ ထို့နောက် ခင်ပွန်းဖြစ်သူအား စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့သည်။ “ယောကျ်ား၊ ကျွန်မ တောင်းပန်ပါတယ်။ အရင်က ရှင့်ကို မယုံခဲ့မိဘူး။ စမ်းသပ်ချက်က လျိုစစ်ယွီနဲ့ ကျီဝမ်တို့က တကယ်ကြီး သွေးသား တော်စပ်တယ်ဆိုတာ သက်သေပြနေတယ်”

ထိုစကားကိုကြားသောအခါ ကျီလင်းချန်၏ စိတ်ထဲတွင် တဝီဝီမြည်သွားသည်။ သူကြားလိုက်သမျှကို မယုံနိုင်ခဲ့ပေ။ သူ ကျီရှောင်ယွီကို ဆယ့်ငါးနှစ်တိုင်တိုင် ရှာဖွေနေခဲ့ပြီး အခု သူမကို ရှာတွေ့သွားပြီ သူစိတ်လွတ်သွားခဲ့သည်။ သူ့မိန်းမ သူ့ဆီ ကမ်းပေးလာတဲ့ စမ်းသပ်ချက်ရလဒ်က သူ့လက်ထဲမှာ လေးလံနေသလို ခံစားရသည်။ သူ ခေါက်ထားတဲ့ အကြောင်းကြားစာကို ဖြည်းညှင်းစွာဖွင့်ပြီး ဖတ်လိုက်သည်။ တစ်စုံတစ်ခုက ထိုးဖောက်ခံလိုက်ရသလိုမျိုး သူ ရှောခ့်ရသွားသည်။ သူ ရှောခ့်ရသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

ဖန့်ရှောင်နွမ်က ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နေ့ခင်းဘက်တုန်းက သူမ အကြောင်းကြားစာကို လက်ခံရရှိချိန်မှာ သူမယောကျ်ားဖြစ်သွားခဲ့တဲ့အခြေအနေနဲ့ တစ်ပုံစံတည်းပင်။ သူမစိတ်တွေ ဗလာကျင်းသွားပြီး ရှောခ့်ရသွားခဲ့တာ။

"ယောကျ်ား၊ ရှင့်အမေကို အခုရှင်းပြလို့ရပြီပေါ့နော် "

သူ့လက်ထဲက စာရွက်တစ်ရွက်ကို ကြည့်ရင်း ကျီလင်းချန်၏ မျက်လုံးများ နီရဲလာသည်။

ဖန့်ရှောင်နွမ်က သူ့ခင်ပွန်းကို ဒီလိုအခြေအနေမျိုးနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပင်။ နီရဲနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ သူမ နှလုံးသားလည်း နာကျင်လာသည်။ သူမလက်ကိုဖွင့်ပြီး ခင်ပွန်းဖြစ်သူကို ပွေ့ဖက်လိုက်သည်။

အဲဒီညမှာပဲ ကျီလင်းချန် က သူ့မိန်းမကို သူ့အမေရဲ့ အမှတ်တရအထိမ်းအမှတ် ကျောက်စာတိုင်ဆီ ခေါ်သွားခဲ့သည်။ ဖန့်ရှောင်နွမ်က ကွယ်လွန်သူအား ဂါရဝပြုဖူးခြင်း မရှိသောကြောင့် သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ခင်ပွန်းဖြစ်သူပြောပြသည့်အတိုင်း သူမလိုက်လုပ်ခဲ့သည်။ ကူရှင်တစ်ခုပဲရှိတော့ ကျီလင်းချန်က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ကူရှင်ကို ဖန့်ရှောင်နွမ် ရဲ့ဒူးအောက်ချပေးခဲ့သည်။

ဖန့်ရှောင်နွမ် ယောက္ခမဖြစ်သူ၏ အမှတ်တရ ကျောက်စာတိုင်ကို ကြည့်လိုက်သည်။ အရမ်းမည်းလွန်းသည်။ သာမာန်အားဖြင့် သူမက ကြောက်တတ်သော်လည်း ခင်ပွန်းဖြစ်သူနှင့်အတူရှိနေတော့ သူမ လုံးဝကြောက်လန့်ခြင်းမရှိပေ။

အပူခံကျောက်ပြား ရှေ့မှာ အင်တုံတစ်ခုရှိသည်။ ကျီလင်းချန်က စမ်းသပ်ချက် အစီရင်ခံစာကိုဖွင့်၍ မီးညှိကာ မီးရှို့ရန်အတွက် အင်တုံထဲသို့ ထည့်လိုက်သည်။

"ယောကျ်ား၊ အဖေနဲ့အစ်ကို အဲဒါကိုကြည့်တောင် မကြည့်ရသေးဘူးလေ၊ မီးရှို့ပစ်လိုက်မို့လား"

ကျီလင်းချန်က သူ့မိန်းမကို ကြည့်ပြီးမေးလိုက်သည်။ "ရှောင်နွမ်၊ အမေ့ရဲ့ ဓာတ်ပုံကို ကြောက်နေတာလား"

ဖန့်ရှောင်နွမ် ခေါင်းကို မော့ကာ ဓာတ်ပုံထဲမှာ နူးညံ့စွာ ပြုံးနေတဲ့ အမျိုးသမီးကို ကြည့်လိုက်သည် ။ သူမ ခေါင်းခါလိုက်သည်။ "အမေက ကျွန်မကို သူ့ချွေးမမှန်းသိတယ်၊ ဒါကြောင့် ကျွန်မကိုကြောက်အောင် သူလုပ်မှာမဟုတ်ဘူး"

"ဒါဆို ဒီည ဒီမှာ ကိုယ်နဲ့အဖော်ပြုပေးလို့ရမလား"

ဖန့်ရှောင်နွမ် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ခင်ပွန်းဖြစ်သူကို ဒီလောက်မှောင်မည်းနေတဲ့ နေရာမှာ တစ်ညလုံး နေခွင့်မပေးနိုင်ပါပေ။

DNA အဖြေကို ပြာဖြစ်သွားအောင် မီးရှို့လိုက်သည်။

ကျီလင်းချန်က သူ့ဇနီးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး အမှတ်တရ ကျောက်စာတိုင်ကို စကားပြောခဲ့သည်။ “အမေ၊ ကျွန်နော်တို့ ရှောင်ယွီကို ရှာတွေ့ပြီ။ အဲ့တာအားလုံးက အမေ့ရဲ့ချွေးမကြောင့်ပဲ”

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမအသိအမှတ်ပြုမခံရဲပါပေ။ “အမေ၊ အသိအမှတ်ပြုခံရတာက ကျွန်မအတွက် မဟုတ်ပါဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး မစွန့်လွှတ်ခဲ့တဲ့ ကျွန်မယောကျာ်းနဲ့ပဲ ဆိုင်ပါတယ်။ အစတုန်းကတော့ ကျွန်မ သူ့ကို မယုံခဲ့မိလို့ သူနဲ့ရန်ဖြစ်စကားများကြသေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်မယောကျ်ား ပြောတာမှန်တယ်ဆိုတာ ကျွန်မသဘောပေါက်သွားပါပြီ။”

"ဒါပေမယ့် ရှောင်နွမ် မရှိရင် ကျွန်တော် ရှောင်ယွီ နဲ့တွေ့ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး။" ကျီလင်းချန်က သူ့အနားတွင် ဒူးထောက်နေတဲ့ သူ၏ နာခံမှုရှိတဲ့ အမျိုးသမီးလေးကို ကြည့်နေသည်။ "ဒါက ရှောင်နွမ်ကြောင့်သာမဟုတ်ရင် စစ်ဆေးချက် အကြောင်းကြားစာကို ကျွန်တော် မြန်မြန်ရလာနိုင်မှာ မဟုတ်ဘူး။"

ဖန့်ရှောင်နွမ် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ အကယ်၍ သူမသည် ခင်ပွန်းဖြစ်သူ၏ စကားကိုသာ စောစော နားထောင်ခဲ့ပြီး ခေါင်းမာမှု နည်းခဲ့မယ်ဆိုရင် သူမ ဤစမ်းသပ်ချက်အကြောင်းကြားစာကို ဟိုးအရင်ကတည်းက ရနေလောက်ပြီ။

သူမသည် အမှတ်တရ ကျောက်စာတိုင်ကို မော့ကြည့်ကာပြောလိုက်သည် "အမေ၊ ရှောင်ယွီ အတွက် သိပ်ပြီးစိတ်ပူမနေပါနဲ့။ သူမ အကြာကြီးဝေဒနာ ခံစားနေရမှာ မဟုတ်ပါဘူး။ သူ့ရဲ့မွေးစားမိဘတွေနဲ့ လျို မိသားစုရဲ့အကြီးဆုံးသားက အရမ်းကောင်းကြတဲ့သူတွေလေ။ သူတို့က ရှောင်ယွီကို တကယ်တုန်နေအောင်ချစ်ကြတာ။ကျွန်မ အလယ်တန်းကျောင်းမှာကတည်းက ရှောင်ယွီနဲ့ ရှောင်ဝမ်ကိုလည်း သိလာခဲ့တာပါ ”

ဆေးရုံမှာ လဲလျောင်းနေတဲ့ ကံမကောင်းတဲ့ကလေးကိုတွေးတောလိုက်ပြီး ဖန့်ရှောင်နွမ် ထပ်ပေါင်းပြောလိုက်သည်။ " ရှောင်ဝမ် အတွက် ကောင်းတာလား ဆိုးတာလားတော့ မသိဘူး။ သူ့မှာ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပဲရှိတယ်။ ကျွန်မက သူ့အဒေါ်ဖြစ်လာပြီး ရှောင်ယွီကလည်း သူ့အဒေါ်ဖြစ်နေပြန်တယ်"

သူသည် သူ့အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်၏ တူ ဖြစ်နေခဲ့သည်။ ဤသည်မှာ ကံကြမ္မာဖြစ်နိုင်သည်။ သူတို့က မိသားစုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

All Chapters