← Chapters

အခန်း (၂၇၅)

Vol. 19 Ch. 275

အခန်း (၂၇၅)

Vol. 19 Ch. 275

ဖန့်ရှောင်နွမ် သူမယောကျ်ားကို ကြည့်လိုက်သည်။ သူဘယ်လိုခံစားရမယ်ဆိုတာ သူမနားလည်သည်။ နောက်ဆုံးတော့ သူ့ညီမလေးကို ရှာနေတာ ၁၅ နှစ်ရှိပြီ။ “အာ၊ အိမ်မှာ ငါ့ယောကျ်ားကို 'အစ်ကို' လို့ ငါအမြဲခေါ်နေတော့ သူ အဲ့ဒါကို အကျင့်ဖြစ်နေတာဖြစ်မယ်။"

လျိုစစ်ယွီက သူမ၏ ထူးဆန်းသော အချစ်ဆုံးသူငယ်ချင်းကို ကြည့်ကာ မျက်လုံးတွေနဲ့ မေးလိုက်သည်။ "နင် မုသားစကားတွေ ဆက်ပြောနေတာပဲ။ တခြားဘာတွေ ထပ်ထွက်လာနိုင်မလဲ ကြည့်ရအောင်။"

ကျီလင်းချန်က သူ့ဇနီးရဲ့ အကြောင်းပြချက်က မသင့်လျော်ဘူးလို့လည်း ခံစားခဲ့ရသည်။ မနေ့ညက သူတို့ ရေချိုးခန်းထဲ ရောက်တဲ့အခါ ရုတ်တရက် သူ့ကို “ဦးလေး” လို့ ခေါ်လိုက်တဲ့အတွက် သူ ဒေါသအရမ်းထွက်သွားခဲ့သည်။ အဆုံးတွင် သူမ အပြစ်ပေးခံခဲ့ရသည်မှာ သေချာသည်။ မနေ့ညနေက ကျီလင်းချန်က သူ့ဇနီးလေးကို အပြစ်ပေးဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းကို တွေးခဲ့သည်။ သူမနဲ့ အတူအိပ်မယ်။ သူမကို တစ်ကြိမ်ရယူပြီးလို့ မလုံလောက်ရင် နှစ်ကြိမ်ယူမယ်။ သူ့ဇနီးလေးကတော့ နောက်နေ့ထိကျိန်းသေ စကားနာထောင်နေလိမ့်မည်။ အခုတော့ သူ့မိန်းမက သူ့ထိန်းချုပ်မှုအောက်မှာ အပြည့်ရှိနေသည်။

လက်ရှိအချိန်ကိုပြန်ရောက်တော့ ကျီလင်းချန်က သူ့မှာ မလျော်ကန်တဲ့ အပြုအမူတွေ ရှိနေတယ်လို့ ခံစားရသည်။ သူ အမြန်လွှတ်ပေးလိုက်ပြီး လျိုစစ်ယန်က ပုလင်းကို လျိုစစ်ယွီအား ပေးလိုက်သည်။

!!

"အစ်ကို၊ ညီမလေးခြေထောက်တွေ အေးနေတယ်" လျိုစစ်ယွီက သူ့အစ်ကိုကို ချွဲတဲ့ပုံစံနဲ့ ပြောလိုက်သည်။

လျိုစစ်ယန်က သူမခြေထောက်တွေကို အုပ်ပေးဖို့ စောင်တစ်ထည်ယူရန် အပေါ်ထပ်သို့တက်သွားသည်။ သူက သူ့ညီမလေးကို ထူပေးခဲ့ပြီး သူ့နားကိုပိုနီးကပ်အောင် သူမကိုခေါ်ခဲ့သည်။

ကျီလင်းချန် ပြောလိုက်သည်။ "မင်း အတွက် အနွေးအိတ်ဝယ်ပေးပြီးရင် ငါ့လက်ထောက်ကို ဒီအိမ်ပို့ပေးခိုင်းလိုက်မယ်။ အေးနေပြီ။ နွေးနွေးထွေးထွေးနေ။"

လျိုစစ်ယွီ စကားတွေပျောက်ရှသွားခဲ့သည်။ ဒါက ထူးဆန်းလွန်းတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ ယောကျ်ားက ဘာကြောင့် သူမကို ဒီလောက် ကောင်းကောင်း ဆက်ဆံနေရတာလဲ။

လျိုစစ်ယန်၏ အမူအရာက ပို၍ပင် ဆိုးရွားလာခဲ့သည်။ “စီအီးအို ကျီ၊ ကျွန်တော့်ညီမ လိုအပ်တာမှန်သမျှ ကျွန်တော်ဝယ်ပေးနိုင်တယ်။ နောက်ကျနေပြီမို့ ခင်များ နဲ့ ရှောင်နွမ် ပြန်သင့်ပြီ!"

လျိုစစ်ယန်က ဒေါသအရမ်းထွက်ပြီး သူ့ကို ထွက်သွားဖို့ တိုက်ရိုက်တောင်းဆိုခဲ့သည်။

ဖန့်ရှောင်နွမ်လည်း အရမ်းစိတ်ကသိကအောက်ဖြစ်နေခဲ့သည်။ သူမ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ "အင်း၊ အစ်ကို လျို၊ စစ်ယွီ၊ ကျွန်မ အမျိုးသားနဲ့ ကျွန်မ ပြန်လိုက်ပါဦးမယ်"

ထို့နောက် ကြမ်းပြင်ပေါ်ရှိ ဖြည့်စွက်စာများကို ညွှန်ပြခဲ့သည်။ “ကျွန်မယောကျ်ားက တစ်ယောက်ယောက်ကို အဲဒါတွေဝယ်ခိုင်းလိုက်တာ။ ဒါတွေက ရှောင်ယွီရဲ့ ပြန်လည်ကောင်းမွန်မှုကို အရှိန်မြှင့်ပေးနိုင်တယ်။”

ကျီလင်းချန်သည် လျို မိသားစုကို ပဏာမနားလည်ထားပြီး လျိုစစ်ယွီသည် သူမ၏ အစ်ကိုအပေါ် အလွန်မှီခိုနေရကြောင်း ကောက်ချက်ချခဲ့သည်။

လျို နေအိမ်မှ ထွက်လာပြီးနောက် ကျီလင်းချန်သည် ကားထဲသို့ ဝင်ခဲ့သည်။ ဖန့်ရှောင်နွမ်က တံခါးဝမှာရပ်ပြီး စစ်ယွီကို နှုတ်ဆက်ခဲ့သည်။ "ငါသွားတော့မယ်။ နောက်နေ့မှပြန်တွေ့ကြမယ်"

လျိုစစ်ယွီက ဖန့်ရှောင်နွမ်ကို ဆွဲကိုင်လိုက်ပြီး အသံတိုးတိုးဖြင့်မေးခဲ့သည်။ "ဒီနေ့ နင့်ယောကျ်ား ဘာဖြစ်နေတာလဲ "

သူက တူဖြစ်သူကို ဆေးရုံဆီ ပို့ဆောင်ခဲ့သော်လည်း သူမကဲ့သို့ သူစိမ်းတစ်ယောက်အတွက် သူ အလွန်စိုးရိမ်နေခဲ့သည်။ သူသည် သူမအား ဆေးတွေ ပေးရုံသာမက သူမထံသို့လည်း လာလည်ခဲ့သည်။

ဖန့်ရှောင်နွမ် ကားထဲက သူမယောကျ်ားကို ကြည့်လိုက်သည်။ “သူ့အတွက် စိတ်မပူနေနဲ့။ သူ့မှာ ပြဿနာတွေအများကြီးရှိတော့ တခြားသူတွေရဲ့ကိစ္စမှာ ဝင်စွက်ဖက်ရတာကို နှစ်သက်နေတာ ”

အပြန်လမ်းတွင် ဖန့်ရှောင်နွမ်က စကားပြောခဲ့သည်။ သူမ သက်ပြင်းချလိုက်သည်။ " ရှောင်ယွီက ရှင့်ညီမမှန်း ကျွန်မသိနေလို့ ကောင်းသွားတာ။ ကျွန်မမသိထားခဲ့ဘူးဆိုရင် ရှင် သူ့ကို ကြံနေတယ်လို့ ငါထင်မိမှာပဲ!"

သူမ ပြောပြီးသည်နှင့် ခင်ပွန်းသည်က သူမ ခေါင်းကို ခေါက်ခဲ့သည်။

"ကျီလင်းချန်၊ ရှင် ပြောင်းလဲသွားပြီ။ ရှင် ကျွန်မဆံပင်တွေကို ညင်ညင်သာသာလေး ဖွခဲ့ဖူးပေမယ့် အခု ရှင်ကျွန်မကို ခေါင်းခေါက်နေပြီပေါ့ !" ဖန့်ရှောင်နွမ် ကွန်ပလိန်းတက်လိုက်သည်။

ကျီလင်းချန်က သူ့ဘေးနားရှိ ဒေါသူပုန်ထနေတဲ့ "ကြောင်ပေါက်လေး" ကိုကြည့်လိုက်သည်။ "ကိုယ်သာ မသေဘဲ ကိုယ့်ရဲ့နှလုံးကို ထုတ်ယူနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ နာခံမှုမရှိတဲ့ ကိုယ့်ကြောင်ပေါက်လေးက အဲ့တာကိုနည်းနည်းချင်းဆီ သိမ်းပိုက်ထားတယ်ဆိုတာ မင်းကိုမြင်အောင်ပြမယ်လို့ ကိုယ်ကတိပေးတယ်။"

“ကြောင်ပေါက်လေး” တစ်ကောင်က ဒေါသမထွက်တော့ပေ။ သူမက နှုတ်ခမ်းစူပြီး ပြောခဲ့သည်။ “ရှင်ပြောတာက ကျွန်မက ထပ်ပြီးစကားနားမထောင်ပြန်ဘူးပေါ့လေ” သူမ အခုတင် စကားနားထောင်ခဲ့တာလေ။

“ဘယ်မိန်းမကများ ကိုယ့်ယောကျ်ားကို 'ဦးလေး' လို့ခေါ်လို့လဲ"

ဖန့်ရှောင်နွမ်က သူမမှားတာကို သိပေမယ့် မလျှော့တမ်းပြောနေဆဲပင်။ "ဘယ်သူကများ ရှင့်ကို ကျွန်မကိုအရင်စော်ကားခိုင်းလိုက်လို့လဲ"

အပြန်လမ်းတွင် ဖန့်ရှောင်နွမ်၏ ပါးစပ်က ဘယ်တော့မှလှုပ်ရှားတာ မရပ်တော့ပေ။ သူတို့အိမ်ပြန်ရောက်တဲ့အခါကျီလင်းချန်က သူမကို သတိပေးခဲ့သည်။ “မင်းအခန်းထဲပြန်သွားပြီး တစ်ရေးအိပ်လိုက်။ မင်းကို ဆေးရုံတက်နေတဲ့ ရှောင်ဝမ်ကို သွားကြည့်ဖို့ ခွင့်မပြုဘူး။"

မူလထဲက ဆေးရုံကိုသွားဖို့ စီစဉ်ထားတဲ့ ဖန့်ရှောင်နွမ်က ပြောလိုက်သည်။ “ ရှောင်ဝမ်က အရမ်းသနားစရာကောင်းတယ်။ သူ့ဘာသာသူ ဆေးရုံတက်နေရတယ်”

"သူစိုက်ထားတဲ့ စပါးသူ့ဘာသာရိတ်ရမယ်!" လို့ ကျီလင်းချန် ပြောလိုက်သည်။ သူ့မှာ အိပ်ခန်းထဲက ပြဿနာတွေ ရှိနေတယ်လို့ သူ ဘယ်လိုတောင်ပြောရဲတာလဲ။ သူသာ သူ့တူမဟုတ်ဘူးဆိုရင် သေအောင်ရိုက်ပစ်လိမ့်မည်။

ဖန့်ရှောင်နွမ်၏ ကားသော့များကို ခင်ပွန်းဖြစ်သူက သိမ်းခဲ့သည်။

သခင်ကြီးကျီက အထူးပျော်ရွှင်နေသည်။ ဒီနည်းနဲ့ ရှောင်နွမ်က အိမ်မှာနေပြီး သူနဲ့ ကစားလို့ရနိုင်သည်။

ဖန့်ရှောင်နွမ်က သခင်ကြီးကျီအား ဂိမ်းကစားနည်းများကို သင်ပေးထားသောကြောင့် သူ့သူငယ်ချင်းတွေက သူ့ကို အင်တာနက် စွဲလမ်းနေတဲ့ အဖိုးကြီးဟု ခေါ်ခဲ့ကြသည်။

ကျီလင်းချန်သည် မည်သည့် လူမှုရေးပွဲများကိုမျှ မတက်ရောက်ခဲ့သလို ရုံးကိုလည်း မသွားပေ။ ယင်းအစား သူသည် လျိုစစ်ယွီ၏မိခင် တည်ထောင်ထားသည့် ကော်ပိုရေးရှင်းဖြစ်သည့် ယန်ယွီ ကော်ပိုရေးရှင်း သို့ တိုက်ရိုက်သွားခဲ့သည်။ ကုမ္ပဏီ၏ အမည်သည် သူမ၏ သားသမီးများ၏ အမည်များကို အခြေခံထားသည်။ သူ အောက်ထပ်မှာ ကားရပ်ထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့သည်။

ခဏကြာပြီးနောက် လျိုစစ်ယန် ရောက်လာသည်။ သူသည် Maybach နှင့်မျက်နှာချင်းဆိုင်တွင် ကားကိုရပ်လိုက်ပြီး ကျီလင်းချန်၏ ကားထဲသို့ဝင်ကာ မေးလိုက်သည်။ "ဘာလို့ကျွန်တော့်ကိုတွေ့ချင်ရတာလဲ"

လျို နေအိမ်တွင် ညီအစ်မနှစ်ယောက် စကားစမြည်ပြောနေကြစဉ် သူတို့နှစ်ဦးသည် တွေ့ဆုံရန် အချိန်ကို တိတ်တဆိတ် သတ်မှတ်ခဲ့ကြကြောင်း တွေ့ရှိရသည်။ တစ်ယောက်က သူ့မိန်းမကို အိမ်ပြန်ပို့ခဲ့ပြီး နောက်တစ်ယောက်က သူ့ညီမကို ကျေအေးပေးခဲ့သည်။ ထို့နောက် နှစ်ယောက်သား တွေ့ဆုံခဲ့ကြသည်။

လျိုစစ်ယန်သည် ကျီလင်းချန်နဲ့ လျိုစစ်ယွီတို့ရဲ့ ဆက်ဆံရေး၊ လွန်ခဲ့သော ဆယ့်ငါးနှစ်က ဖြစ်ပျက်ခဲ့သောအကြောင်းအရာ ဘာကြောင့် ပင်လယ်ပြင်မှာ ကလေးတစ်ယောက်ကို ရှာတွေ့ခဲ့ရသည်ကို သူလည်း သိချင်လွန်းလှသည်။

"လျိုစစ်ယွီ အစစ်က ဘယ်မှာလဲ" ကျီလင်းချန် တိုက်ရိုက်မေးလိုက်သည်။ သူ နောက်ထပ် အချိန်မဖြုန်းချင်တော့ပေ။

လျိုစစ်ယန်က သူ့ဘေးကလူကို လှည့်ကြည့်လိုက်သည်။ သူမသည် သူ့ညီမအစစ်အမှန်ဖြစ်ကြောင်းကို သူဘယ်လိုသိတာလဲ။

"သူမက သေသွားတာလား" ကျီလင်းချန် မေးလိုက်သည်။

All Chapters