← Chapters

အခန်း (၂၇၇)

Vol. 19 Ch. 277

အခန်း (၂၇၇)

Vol. 19 Ch. 277

တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ကျီရှောင်ယွီသည် လျိုစစ်ယန်ကို အမြဲပွေ့ဖက်ပြီး သူ့ကို “အစ်ကို” ဟု ခေါ်ခဲ့သည်။ သူမ ကြောက်တယ်လို့တောင် ပြောသေးသည်။

မစ္စစ်လျိုက သူ့သမီး၏ ဝိညာဉ်သည် ထိုကလေး၏ ခန္ဓာကိုယ်ထဲတွင် အသက်ရှင်နေကြောင်း ခံစားခဲ့ရသည်။ နောက်ဆုံးတွင် မစ္စတာလျိုက သူမအား မိဘမဲ့ဂေဟာသို့ ပို့ဖို့မလုပ်နိုင်တော့ပေ။

"ရှောင်ယွီ၊ လျိုစစ်ယွီ ဖြစ်လာချင်လား" လျိုစစ်ယန်က သူမကို မေးခဲ့သည်။

ကျီရှောင်ယွီက သူဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း လျို စုံတွဲကတော့ နားလည်သည်။ ဤကလေးကို လျိုစစ်ယွီ၏ နေရာတွင် အစားထိုးခွင့် ပြုဖို့ သူ အကြံပြုခဲ့သည်။

"ဒါဆို ငါက မင်းရှာနေခဲ့တဲ့ အစ်ကိုအစစ်ပဲ" လျိုစစ်ယန် ပြောလိုက်သည်။

ကျီလင်းချန်သည် ဤအရာများအကြောင်းကို သိရှိရန် မစွမ်းဆောင်ခဲ့ပေ။ ဒီအရာက လျိုစစ်ယွီ ဘာကြောင့် ဘယ်တော့မှ မပျောက်သွားဘဲ သူ့ညီမကို မရှာနိုင်ရခြင်းအကြောင်းကို ရှင်းပြခဲ့တာဖြစ်သည်။ ဒါက ဖြစ်ပျက်ခဲ့တဲ့ဟာ။ လျိုစစ်ယွီ ကွယ်လွန်ပြီးနောက် လျို မိသားစုက သူ့ညီမကို ရှာတွေ့ခဲ့သည်။ ဒါပေမယ့် ထူးဆန်းသည်။ သူ့ညီမကို တစ်မိသားစုလုံး လိုက်ရှာနေပြီး ရဲကို ဘာကြောင့် ဖုန်းမဆက်ရတာလဲ။ ကျီလင်းချန် ပဟေဠိဖြစ်သွားသည်။

လျို မိသားစုက လျိုစစ်ယွီကို တစ်နှစ်ကြာ ဝှက်ထားခဲ့သည်။ ထိုအချိန်တွင် လျိုစစ်ယွီသည် လူများစွာနဲ့မဆုံတွေ့ခဲ့ပေ သူမ၏ အဘိုးအဘွားများကိုပင် မတွေ့ဆုံခဲ့ရပေ။

သူမ လူသိရှင်ကြား ပြန်ပေါ်လာတဲ့အခါ လူတိုင်းက လျိုစစ်ယွီက အရင်ကထက် ပိုလှပြီး ပိုဖြူလာတယ်လို့ လူတိုင်းက ပြောကြသည်။ လျို မိသားစုဝင်တွေက ပြုံးရုံသာပြုံးပြီး နှုတ်ဆိတ်နေခဲ့ကြသည်။

လျိုစစ်ယွီ၏ တည်ရှိမှုနှင့်အတူ မစ္စစ်လျို၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမက အိပ်ပျော်နေသော လျိုစစ်ယွီကို မကြာခဏ ပွေ့ဖက်ကာ သူ့ကိုယ်သူရေရွတ်နေခဲ့သည်။ "ရှောင်ယွီ၊ အမေ သမီးကို အရမ်းသတိရတယ်။ အမေ့ကိုထားမသွားပါနဲ့ မဟုတ်ရင် အမေ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။"

လျို မိသားစုက ယခင်ကဲ့သို့ပင် ပျော်ရွှင်နေပုံရသည်။ ဒါပေမယ့်လည်း မစ္စတာလျို၊ မစ္စစ်လျိုနဲ့ လျိုစစ်ယန်တို့က လျိုစစ်ယွီအစစ်က အနီးနားတွင် မရှိတော့ကြောင်းကို သိသည်။

လျိုစစ်ယန်လည်း သူ့ညီမ ထွက်သွားမှာကို ကြောက်နေမိသည်။ သူမကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ခံစားချက်က မခံစားနိုင်လောက်အောင်ပင်။ ဒါပေမယ့် သူတို့ကယ်တင်ခဲ့တဲ့ ကလေးမလေးရဲ့ "အစ်ကို" က အမှန်တကယ် စီးပွားရေးလောက၏ လက်ရှိဘုရင် ကျီလင်းချန် ဖြစ်သည်ကိုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

သာမန်မိသားစုတစ်ခုဆိုလျှင် လျို မိသားစုသည် သူမအတွက် တိုက်ပွဲဝင်နိုင်ဆဲ သို့မဟုတ် ဤကိစ္စကို မြှုပ်နှံရန် ၎င်းတို့၏ စွမ်းအားကိုပင် အသုံးပြုနိုင်သည်။ ဒါပေမယ့် ကျီလင်းချန်၏ မိသားစုက ပို၍ အားကောင်းသည်။

လျိုစစ်ယန် သူ့ကိုယ်သူ ရယ်မောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ညီမမှာ အခြားမိသားစုတစ်ခုရှိသည်။

"ကျီ မိသားစုရဲ့ သခင်မလေးက ဘယ်လို ပျောက်သွားတာလဲ။"

အဲဒီနေ့မှာပဲ သူတို့နှစ်ယောက် ကားထဲမှာ အချိန်အတော်ကြာ စကားပြောခဲ့ပြီး အတိတ်က အဖြစ်အပျက်တွေကို အကြမ်းဖျင်း ပြန်ပြောပြခဲ့ကြသည်။

ကျီလင်းချန် သတိလစ်သွားပြီးတဲ့နောက်မှာ ကျီရှောင်ယွီကို ခေါ်ဆောင်သွားခဲ့ကြသည်။ သူနိုးလာသောအခါတွင် သူ့မိသားစုက သူနှင့်အတူရှိသော်လည်း သူ့ညီမလေးကိုတော့ မတွေ့ခဲ့ရပေ။

ကျီရှောင်ယွီက ပင်လယ်ထဲ ကျသွားတာဖြစ်သည်။ ရေစီးကြောင်းတွေက အရမ်းပြင်းထန်ပြီး ကျီရှောင်ယွီရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းကို ဆုံးရှုံးသွားခဲ့သည်။ ထို့နောက် သူမက သမီးဖြစ်သူ ဆုံးရှုံးသွားခဲ့ရသော လျို မိသားစုနှင့် တွေ့ဆုံခဲ့သည်။ သူမသည် လျိုစစ်ယွီ၏ နေရာမှာ ဆက်နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူမသည် ငယ်ရွယ်သေးပြီး ဒဏ်ရာဒဏ်ချက်များကြောင့် သူမသည် သူတို့ရဲ့ သမီးအရင်းမဟုတ်ကြောင်း နောက်ဆုံးတွင် သူမ မသိခဲ့ပေ။

ကျီလင်းချန် သူမကို ရှာနေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ ဒီနေ့တော့ သူနောက်ဆုံးတော့ အနားယူလို့ရသွားပြီပေါ့။ သူ ထိုင်ခုံပေါ်လှဲချပြီး မျက်လုံးမှိတ်လိုက်သည်။ ၁၅ နှစ်တန်ကြေးရှိလက်ထိပ်က နောက်ဆုံးတော့ကျိုးသွားပြီ။

လျိုစစ်ယန် မေးလိုက်သည်။ “CEO၊ ခင်များကို တစ်ခုလောက်မေးလို့ရမလား လျိုစစ်ယွီရဲ့ အထောက်အထားအစစ်အမှန်ကို ခင်များ အခု ထုတ်မပြောလို့ ရမလား။ သူ မခံနိုင်မှာ ကျွန်တော် ကြောက်တယ်။ ”

လျိုစစ်ယန်လည်း သူ့အမေ နောက်ထပ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာမှာကို စိုးရိမ်နေသည်။

ကျီလင်းချန် မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး လျိုစစ်ယန်ကို ကြည့်လိုက်သည်။ "ကျီ မိသားစုက ရှောင်ယွီကို အသိအမှတ်ပြုကြလိမ့်မယ်"

"ကျွန်တော်နားလည်ပါပြီ။ ကျွန်တော့်မိသားစု အမှန်တရားကို ဖြည်းဖြည်းချင်းလက်ခံဖို့ အချိန်တစ်ခုတော့လိုတယ်။ ကျေးဇူးပြုပြီး သူမက လျို မိသားစုရဲ့ ကလေးဆိုလည်း ဟုတ်ပါတယ်” လျိုစစ်ယန်က လေးနက်စွာ ပြောခဲ့သည်။

ကျီလင်းချန်သည် လျို မိသားစုက သူ့ညီမကို နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့ပုံကို စဉ်းစားကြည့်လိုက်သောအခါတွင် သူသဘောတူခဲ့သည်။ “ခင်များမှာ အများဆုံး အချိန်တစ်လရတယ်။ ဒီနှစ်မှာတော့ သူမကို ကျီမိသားစုဆီ ပြန်ခေါ်သွားမှာဖြစ်လို့ သူမ ဘိုးဘေးတွေနဲ့ မျိုးနွယ်စုတွေကို သူမ အသိအမှတ်ပြုနိုင်မှာပါ"

လျိုစစ်ယန်က အဲဒါကို အရမ်းကျေနပ်သည်။ သူ့ကို ကျေးဇူးတင်ပြီးနောက် ကားပေါ်မှ ဆင်းကာ ထွက်ခွာသွားခဲ့သည်။

လျို အိမ်သို့ပြန်ရောက်သောအခါ လျိုစစ်ယန်က လျိုစစ်ယွီ၏ အိပ်ခန်းသို့သွားကာ ဂိမ်းဆော့ရင်း ကုတင်ပေါ်တွင် အေးအေးဆေးဆေး လှဲနေသည့်သူမကို တွေ့လိုက်ရသည်။ သူမက မိုက်ခရိုဖုန်းဖြင့် စကားပြောနေသည်။ "ရှောင်ဝမ်၊ နင့်ခြေထောက်တွေက အလုပ်မလုပ်တာ၊ နင့်လက်တွေကမလုပ်နိုင်တာ မဟုတ်ဘူး။ နင်ဘာလို့ဒီလောက်နှေးကွေးနေတာလဲ။ ငါသေတော့မယ်!"

ကျီဝမ် ပြောလိုက်သည်။ "ငါက လူနာတစ်ယောက် အိပ်ယာပေါ်က မထနိုင်တာကို မင်းတို့နှစ်ယောက်နဲ့ ဂိမ်းဆော့နေရသေးတယ်။ ငါ့ကိုတောင် မသနားကြဘူး။ ငါ့ကို ဆူနေတာလား။ ဒီဂိမ်းကို ငါထပ် မကစားတော့ဘူး။ ကိုယ်ဘာသာကစားတော့။ ငါ မကစားတော့ဘူး!"

ဖန့်ရှောင်နွမ်၏ အသံထွက်လာသည်။ "မလုပ်ပါနဲ့ ရှောင်ဝမ်ရယ်။ နင် နောက်မှ ထွက်။ ငါ့ယောက်ျား အိမ်ပြန်ရောက်ရင် နင့်ကို ငါ မလိုအပ်တော့ဘူး။ ငါ့ယောက်ျားနဲ့ ငါ ကစားလို့ရတယ်။"

လျိုစစ်ယွီ ပြောလိုက်သည်။ "ငါလည်းပဲ ရှောင်နွမ်!"

လျိုစစ်ယန် တံခါးခေါက်လိုက်သည်။ "ရှောင်ယွီ" လို့ခေါ်လိုက်သည်။ "ဒီဂိမ်းပြီးသွားရင် စကားပြောကြရအောင်။"

လျိုစစ်ယွီ ပြောလိုက်သည်။ "အာ အစ်ကို ပြန်လာပြီပေါ့။ အစ်ကို ရဲစခန်း သွားမယ်လို့ထင်နေတာ။ ခဏစောင့်ဦးနော် !"

နောက်ထပ် တစ်ပွဲပြီးသွားတော့ သူတို့သုံးယောက် ကစားတာ ရပ်လိုက်ကြသည်။

လျိုစစ်ယွီ မတ်မတ်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "အစ်ကို၊ ညီမကို ဘာပြောချင်လို့လဲ"

လျိုစစ်ယန်က သူ့ညီမ၏ စပ်စုနေတဲ့ မျက်နှာကို ကြည့်ပြီး ဘာပြန်ပြောရမှန်း မသိပေ။ “အဲ့တာက ရပါတယ်။ ဒီည စားချင်တာ တစ်ခုခုရှိလား"

လျိုစစ်ယွီ ပြန်ဖြေလိုက်သည်။ " ရှောင်နွမ် ညီမအတွက် နံရိုးအပိုဝယ်လာပေးတယ်။ အဲဒါနဲ့ စတူးလုပ်လို့ရတယ်။ တစ်ချို့ကို ယူထားပြီး တစ်ချို့ကို ဆေးရုံ ပို့လိုက်မယ်လေ"

လျိုစစ်ယန် ပြောလိုက်သည်။ “ကောင်းပြီ”

All Chapters