အခန်း (၂၇၈)
Vol. 19 Ch. 278
ထိုအချိန်တွင် ကျီလင်းချန်လည်း အိမ်ပြန် ရောက်လာခဲ့သည်။
“ယောကျ်ား၊ ပြန်လာပြီလား” ဖန့်ရှောင်နွမ် ပြောလိုက်သည် ။
“ဟုတ်တယ်။ ကိုယ်မထွက်သွားခင် မင်းကို အိပ်ဖို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘာလို့ ဖုန်းနဲ့ ထပ်ကစားနေတာလဲ"
"အဖေက ကျွန်မကို သူနဲ့ ကစားဖို့ အတင်းပြောနေလို့ " ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
"မင်းကသာ ငါ့ဖုန်းကို ခိုးတဲ့သူပဲ" သခင်ကြီး ကျီက ဒေါသတကြီးပြောလိုက်သည်။
"အဖေ၊ အဖေ့ကို ကူညီခဲ့တဲ့သူကိုသတ်ဖို့ကြိုးစားနေတာလား။" ဖန့်ရှောင်နွမ်က သခင်ကြီး ကျီနှင့် စကားများရန်ဖြစ်တော့သည်။
"မင်းပဲ စတာ" သခင်ကြီး ကျီ ပြောလိုက်သည်။
ကျီလင်းချန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။ ဧည့်ခန်းဆီသို့ လျှောက်သွားကာဇနီးလေးကို ဆွဲထုတ်သွားခဲ့သည်။ "ခဏအိပ်ဖို့ ကိုယ်အခန်းထဲပြန်တော့မယ်!"
“ကောင်းပြီ။” ဖန့်ရှောင်နွမ်က ဖုန်းကို သခင်ကြီးကျီ ထံ ပြန်ပေးကာ မျက်နှာတောင် လုပ်ပြလိုက်သည်။ "ဟမ့်! အဖေနဲ့ မကစားတော့ဘူး။ ကျွန်မယောကျ်ားနဲ့ သွားအိပ်တော့မယ်။ အဖေ့ဘာသာပဲ ကစားနေတော့ "
"မင်းကူညီတာကိုလည်း ငါ မလိုဘူး။ ငါ့မြေးနဲ့ပဲ သွားကစားမယ်!" သခင်ကြီး ကျီက ခေါင်းမာမာနဲ့ပြောလိုက်သည်။
"သခင်ကြီး၊ သခင်လေး ကျီဝမ်က ဆေးရုံတက်နေရတုန်း " အိမ်တော်ထိန်းက သူ့ကို သတိပေးလိုက်သည်။
"ကား အဆင်သင့်ပြင်ထား" သခင်ကြီး ကျီ ပြောလိုက်သည်။ "ငါ့မြေးနဲ့ ဂိမ်းဆော့ဖို့ ဆေးရုံသွားမယ်။"
အိမ်တော်ထိန်းက ပြောစရာစကားမဲ့သွားခဲ့သည်။
…
လျိုစစ်ယွီ၏ ခြေကျင်းဝတ်က နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အထိတ်တလန့်ဖြစ်ခဲ့ရသည်။
ထိုနေ့တွင် သူမခြေထောက်အေးနေတယ်လို့ပြောခဲ့တော့ ကျီလင်းချန်က သူမကို ခြေထောက်နွေးအောင်လုပ်တဲ့ဟာ ပေးမယ်လို့ ပြောသွားသည်။ သူနောက်နေတာလို့ သူမ ထင်ခဲ့ပေမဲ့ သူတကယ် ပေးခဲ့တာ။ ထို့နောက် ဖြည့်စွက်စာနှင့် လက်ဆောင် မျိုးစုံသည် တစ်ခုပြီးတစ်ခု ရောက်လာသည်။
ကျောင်းမှာ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို လာခေါ်ပေမယ့် သူမကို ထမင်းစားဖို့ခေါ်သွားဖို့ ကမ်းလှမ်းခဲ့သည်။ သူမက ကိစ္စကို ငြင်းပယ်ပြီး သူမအစ်ကိုကို ရှာဖို့ ထွက်ပြေးခဲ့သည်။
အကြောက်ဆုံးအရာကတော့ ကျီလင်းချန်က အလုပ်ကိစ္စနဲ့ ပြန်လာတဲ့အချိန် ဖန့်ရှောင်နွမ် အတွက် လက်ဆောင်တစ်ခုနဲ့ပင်။ ဒါက ပုံမှန်ပဲ၊ ဒါပေမယ့် ဘာလို့ သူမအတွက် တစ်ခု ယူလာပေးတာလဲ။
လျိုစစ်ယွီ အရမ်းကြောက်သွားပြီး လက်ဆောင်ကို လွှင့်ပစ်လိုက်သည်။
"နင် ပစ်လိုက်တဲ့ စိန်က ၁၀ သန်းတန်တယ်" ဖန့်ရှောင်နွမ် တည်ငြိမ်စွာပြောလိုက်သည်။
လျိုစစ်ယွီ တိတ်တိတ်လေး ပြန်ကောက်လိုက်သည်။ "ရှောင်နွမ်" လို့ သူမခေါ်လိုက်သည်။ "နင့်ယောကျ်ား ဘာလို့ဒီလိုလုပ်နေတာလဲ"
“ဘာမှမဟုတ်ပါဘူး။ သူက ဒီလိုပဲ” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
လျိုစစ်ယွီ ပြောလိုက်သည်။ "ရှောင်နွမ်၊ နင် သူ့ကို ဒီလိုမျိုး မပိတ်ပင်ဘဲနေလို့မဖြစ်ဘူး။ စဉ်းစားကြည့်။ သူက ငါ့အပေါ် အရမ်းကောင်းတယ်။ နင်နဲ့ငါက ညီအစ်မတွေလိုပဲ။ ဒါကို ငါ လက်မခံနိုင်ဘူး။ တခြားအမျိုးသမီးတွေအတွက် သူ ဒီလိုလုပ်တာကို နင် စိတ်ကူးကြည့်လိုက်။ ရွှေတူးသမားတွေရှိတယ်ဆိုတာ နင် မေ့နေတာလား။ အခု ကျီလင်းချန်က နင်နဲ့အိပ်ပြီး သူ တခြားမိန်းမကို ပိုးနေရင်ကော။ ဒီလို လူယုတ်မာမျိုးက တကယ်သေဖို့ ထိုက်တန်တယ်!”
လျိုစစ်ယွီက သူ့သူငယ်ချင်းအတွက် မတ်တပ်ထရပ်ပြီး စိန်ကို ဖန့်ရှောင်နွမ်ရဲ့လက်ထဲကို ထည့်ပေးလိုက်သည်။ “ဒါကို ပြန်ယူသွားပြီး သူ့မျက်နှာကို ပစ်ပေါက်လိုက်။ ပြီးတော့ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးက ရွှေလိုခိုင်မာပြီး ဖျက်ဆီးလို့မရတဲ့အရာတစ်ခုဆိုတာ သူ့ကိုပြောပြလိုက်!”
"ပြီးတော့ နင်၊ ဖန့်ရှောင်နွမ်၊ နင် သူ့မိန်းမလို စပြီးပြုမူရမယ်။ သူ တခြားမိန်းမတွေနဲ့ ရှုပ်နေရင် နင် သူ့ကို အသေရိုက်သတ်ပစ်မယ်ဆိုတာ သူသိအောင်လုပ်ထား ”
ဖန့်ရှောင်နွမ်သည် တစ်ညလုံး ခင်ပွန်းဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး လုံးဝ ထုံထိုင်းနေခဲ့သည်။ လျိုစစ်ယွီရဲ့ စကားကို နားထောင်ရင်း သူမ စားပွဲပေါ်တွင် ခြေပစ်လက်ပစ်နေနေပြီး မျက်လုံးများကိုမှိတ်ထားသည်။
စိန်ကို ပြန်တွန်းပို့လိုက်သည်။ “ယူထားလိုက်။ ငါတို့က သူငယ်ချင်းကောင်းတွေထက် ပိုတယ်။ ငါတို့က မကြာခင်မှာ ဒါမှမဟုတ် နောက်ပိုင်းမှာ မိသားစုဖြစ်လာလိမ့်မယ်။ ငါ့ယောကျ်ားက အရမ်းတော်တယ်။ အပြင်ထွက်ပြီး အရှုပ်တွေလုပ်မှာမဟုတ်ဘူး။ သူက နင့်အပေါ် အရမ်းကောင်းတယ်။"
လျိုစစ်ယွီ လှောင်ပြောင်လိုက်သည်။ "ဘာလို့လဲ။ သူ့ခေါင်းမှာ နေမကောင်းဖြစ်နေတာလား။ သူ နင့်အပေါ် ကောင်းသင့်ပါတယ်။ သူဘာလို့ ငါ့အပေါ် ကောင်းရမှာလဲ"
ဖန့်ရှောင်နွမ်က သူမမျက်လုံးတွေကို အတင်းဖွင့်ပြီး လျိုစစ်ယွီကို ကြည့်ကာ 'နင့်က သူ့ညီမပဲ' လို့ တွေးလိုက်မိသည်။
"ငါ့ကိုလာမနှောင့်ယှက်နဲ့ ငါ အိပ်ငိုက်နေပြီ!" သူမပြောလိုက်သည်။ ဖန့်ရှောင်နွမ်က သူမ၏ အိမ်ထောင်သည်ဘဝ တောင်းဆိုမှုများကြောင့် ပင်ပန်းနွမ်းနယ်နေပြီး အိပ်ရေးမဝတော့ပေ။
ဖန့်ရှောင်နွမ်မှာ လှပတဲ့ အိပ်မက်တစ်ခုမက်ခဲ့သည်။ အိပ်မက်ထဲမှာ သူမက ကျီလင်းချန် ပေါ်တက်ပြီး သူ့ခန္ဓာကိုယ်ပေါ် မှာခုန်နေခဲ့သည်။ သူ နာကျင်စွာ အော်ဟစ်တဲ့အထိ သူမ သူ့ကိုတက်နင်းခဲ့သည်။ တကယ်ကို ကျေနပ်စရာကောင်းလွန်းသည်။
ကျီလင်းချန်က လက်ဆောင်နှစ်စုံ ပြင်ဆင်ပေးဖို့ အတွင်းရေးမှူး စုန့် ကို တောင်းဆိုခဲ့သည်။
အတွင်းရေးမှူးစုန့် ပြောလိုက်သည်။ “CEO ကျီ၊ မေးမိတာကို ခွင့်လွှတ်ပါ၊ ဒါပေမယ့် မဒမ်နဲ့ မစ္စစ်လျိုအတွက် လက်ဆောင်ပြင်တာလား။ ဒါမှမဟုတ် မစ္စစ်လျို အတွက် တမင် လက်ဆောင်ဝယ်ပြီးတော့ မဒမ်ကိုပါးစပ်ပိတ်အောင် လက်ဆောင်တစ်ခု ပေးမို့လား။”
"ဘာကိုဆိုလိုတာလဲ"
အတွင်းရေးမှုး စုန့် ပြောလိုက်သည်။ “အရင်ကဆိုရင် ကျွန်မက CEO ကျီကို အကြံပေးရတယ်။ လက်ဆောင်တစ်ခုက အရမ်းအဖိုးတန်တယ်။ လက်ဆောင်နှစ်ခုက စျေးပိုသက်သာတယ်။ လက်ဆောင်တစ်ခုပဲရှိရင်တော့ မဒမ် အရမ်းပျော်နေမှာပါ။ ဒါပေမယ့် လက်ဆောင်နှစ်ခုထဲက တစ်ခုကိုရရင် မဒမ် ရဲ့ပျော်ရွှင်မှုက တစ်ဝက်တစ်ပျက်ဖြစ်သွားမှာ "
“ဒါ့အပြင် မဒမ် အထင်လွဲသွားနိုင်တယ်။ သူမ ကွန်ပလိန်းမတက်အောင်လို့ စီအီးအိုက သူမကို လက်ဆောင်ပေးနေတာလို့ ထင်ကောင်းထင်သွားလိမ့်မယ်”
“ဒါက နောက်ပိုင်းကျရင်၊ CEO ကျီရဲ့အိမ်ထောင်ရေးမှာ ပြဿနာရှိနေပြီလို့ ဆိုလိုတာ"
" ရှောင်နွမ်က ငါ့ရဲ့လက်ဆောင်ရလို့ အရမ်းပျော်မှာမဟုတ်ဘူးလို့ ပြောနေတာလား"
အတွင်းရေးမှူးစုန့် ခေါင်းညိတ်လိုက်သည်။ “အမျိုးသမီးတိုင်းက သူတို့ရဲ့ယောကျ်ားတွေရဲ့ နှလုံးသားထဲမှာ ထူးခြားနေမယ်လို့ မျှော်လင့်ကြတာ။ အဲ့တာက ဘယ်သူပဲဖြစ်ဖြစ် ဇနီးရဲ့ တည်ရှိမှုက အရေးကြီးဆုံးပဲ။ မဒမ်က မစ္စစ်လျို ရဲ့ အထောက်အထားကို သိတယ်ဆိုရင်တောင် သူမ စိတ်ပျက်သွားမှာ သေချာတယ်။”
“ကျွန်မ အခုပြောပြနေတာကို စီအီးအို ဘယ်လိုခံစားရမလဲဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ ဒီအလေ့အထဖြစ်လာမယ်ဆိုရင် မဒမ် ပိုပိုပြီး စိတ်ပျက်လာလိမ့်မယ်။ ဒါက စီအီးအိုရဲ့အိမ်ထောင်ရေးမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီး စီအီးအိုတို့ရဲ့ဆက်ဆံရေးကိုပါ ထိခိုက်လာလိမ့်မယ်"