အခန်း (၂၇၉)
Vol. 19 Ch. 279
ကျီလင်းချန် အဲ့တာကို သေသေချာချာ စဉ်းစားကြည့်ခဲ့သည်။ ဒီရက်ပိုင်းမှာ ဇနီးဖြစ်သူကို သူ လက်ဆောင်တွေ ပေးခဲ့ပေမယ့် အဲ့တာတွေကိုဘူးထဲ ပြန်မထည့်ခင် သူတို့ကို တစ်ချက်ပဲ ကြည့်ခဲ့သည်။
အရင်ကတော့ သူ့ဆီကနေ လက်ဆောင်ရတိုင်း ယုန်လေးလို သူ့ရင်ခွင်ထဲကို ခုန်ဝင်ရတာ အရမ်းပျော်လိမ့်မည်။
သူမသည် ပြီးခဲ့သည့် အကြိမ်အနည်းငယ်ကကဲ့သို့ ပျော်ရွှင်ပုံမပေါ်သေးဘဲ ၎င်းတို့အနက် တစ်ခုမျှပင် မဝတ်ရသေးပေ။
အတွင်းရေးမှူးစုန့်က သူမ၏ သတင်းစကား ပေးပို့ထားပြီဆိုတာကို မြင်သောကြောင့် သူမ ပြောလိုက်သည်။ “CEO ကျီ၊ ကျွန်မ အရင် ပြန်နှင့်ပါတော့မယ်။ တစ်ခုခုလိုအပ်ရင် ကျွန်မကိုခေါ်လိုက်ပါ။"
!!
ကျီလင်းချန် ခေါင်းညိတ်လိုက်သည်။ အတွင်းရေးမှူး စုန့် ထွက်သွားပြီးနောက်တွင် သူ ဖုန်းဖွင့်ပြီး သူ့ဇနီးလေးနှင့် သူ၏ လတ်တလော စကားပြောမှတ်တမ်းကို ကြည့်ရှုခဲ့သည်။
[ယောကျ်ား ၊ လျို မိသားစုက ရှောင်ယွီကို သူမရဲ့အထောက်အထားအကြောင်းကို မပြောပြသေးဘူး။ ကျွန်မ သူ့ကိုပြောပြလိုက်ရမလား။ ]
ဖန့်ရှောင်နွမ် ပြန်ပြောထားသည်။ [ ရှောင်ယွီရဲ့ ခြေကျင်းဝတ် ပြန်ကောင်းနေပြီ။ စိတ်မပူနဲ့တော့ ကျောင်းမှာ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးထားမယ်။ ]
[ယောကျ်ား၊ အရမ်းစိတ်အားထက်သန်မနေနဲ့။ ရှောင်ယွီက ကြောက်တတ်တယ်။ သူမက ဘယ်သူလဲဆိုတာသိလာတဲ့အခါ ရှင် သူ့ကို ကောင်းကောင်းဆက်ဆံပေးလို့ရတာပဲ။ ရှင်က လျို မိသားစုကို အရမ်းစိတ်ရှုပ်စေတယ်။ ရှောင်ဝမ်က ရှင့်မှာ ဖုံးကွယ်ထားတဲ့အကြောင်းရင်းတွေရှိနေတယ်လို့ သူ သံသယဖြစ်သွားနိုင်တယ် ]
…
ကျီလင်းချန်က chat history ကို ဖတ်ပြီးသောအခါတွင် သူ အလုပ်စလုပ်ရန် စိတ်မပါတော့ပေ။
ဒီကာလအတွင်းမှာ ဇနီးသည်ရဲ့ နားလည်မှုနဲ့ အသိဥာဏ်က သူ့နှလုံးသားကို နာကျင်စေခဲ့သည်။ သူထပြီး ကားသော့ကိုယူကာ ရုံးမှထွက်လာခဲ့သည်။
CEO ထွက်သွားသည်ကိုမြင်တော့ လက်ထောက် လျိုက အတွင်းရေးမှူးစုန့်နှင့် စကားပြောဖို့ သွားခဲ့သည်။ “ကြည့်ပါဦး CEO ကျီ အလုပ်လစ်သွားပြန်ပြီ။ ပြီးခဲ့တုန်းက သူ့မိန်းမက သူ့ကိုလာရှာတော့ အလုပ်ကနေ လစ်သွားတယ်။ အခု သူမ ဒီမှာ မရှိရင်တောင် အလုပ်ကနေ လစ်ပြန်ပြီ။ သူ ခဏခဏ အလုပ်လစ်တတ်လာပြီနော်။ အနာဂတ်မှာ ကုမ္ပဏီကို စွန့်လွှတ်တော့မှာလား။”
အတွင်းရေးမှူးစုန့်က ခေါင်းယမ်းလိုက်သည်။ “သူ မစွန့်လွှတ်ပါဘူး။ သူက မဒမ်အတွက် လက်ဆောင်ပေးဖို့ သန်းပေါင်းများစွာ အကုန်အကျခံထားတာ။ သူ ကုမ္ပဏီကို စွန့် လွှတ်လိုက်ရင် သူ့ ရဲ့ လက်ဆောင်တွေကိုဝယ်ဖို့ တတ်နိုင်မှာ မဟုတ် တော့ဘူး ”
"မှန်တယ်။ အဲဒါကို ကျွန်တော် အတွေးလွန်နေပုံပဲ ” လက်ထောက် လျိုက ပြောလိုက်သည်။
ကျင်းတက္ကသိုလ်၌....
ကျောင်းပြီးချိန်မှာတော့ ဖန့်ရှောင်နွမ်က သူ့ခင်ပွန်းကို တံခါးဝမှာ တွေ့လိုက်ရသည်။ သူမကို လာကြိုချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ညီမဆီ လာလည်တာလေ။
"ယောကျ်ား၊ ရောက်လာပြီလား။" ဖန့်ရှောင်နွမ် က လျိုစစ်ယွီ ကို ဆွဲသွားပြီး ပြောလိုက်သည်။ "ရှင် ဒီရောက်လာပြီဆိုတော့ ရှောင်ယွီကို အိမ်ပြန်လိုက်ပို့ရအောင်"
လျိုစစ်ယွီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့သူငယ်ချင်း ရူးနေပြီလား။
ကျီဝမ်ကလည်း ဖန့်ရှောင်နွမ်ကို အရူးတစ်ယောက်လို ကြည့်နေသည် ။ သူ့ဦးနှောက်မှာ တစ်ခုခုမှားနေတာလား။
ကျီလင်းချန်သည် လျိုစစ်ယွီကို ခေါ်ဖို့လာနေတဲ့ လျိုစစ်ယန်ကို တွေ့သွားသည်။
"ရှောင်ယွီကိုလာခေါ်ဖို့ တခြားတစ်ယောက်ရောက်နေပြီ။ ကိုယ်က မင်းကို လာခေါ်ဖို့ ဒီရောက်နေတာ။"
"ဟင်" ဖန့်ရှောင်နွမ် အံ့ဩသွားသည်။
ကျီလင်းချန်က သူ့ဇနီးလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ကျီဝမ်ကိုပြောလိုက်သည်။ "မင်းတစ်ယောက်တည်း အိမ်မောင်းပြန်လို့ရမလား"
"ပြဿနာမရှိဘူး။" ကျီဝမ် ခေါင်းညိတ်လိုက်သည်။
လျိုစစ်ယွီ၏ ခြေကျင်းဝတ်ပြန်လည်ကောင်းမွန်လာပြီးနောက် ကျီဝမ် ဆေးရုံမှဆင်းခဲ့သည်။
ကျီလင်းချန်က ကျီဝမ်ကို သူ့ဘာသာသူ အိမ်ကို ကားမောင်းပြန်ခွင့်ပေးပြီး သူ့ဇနီးလေးကို ရှု့ရှန်း ဥယျာဥ်ဆီ ခေါ်သွားလိုက်သည်။
ဖန့်ရှောင်နွမ်က မမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် လွှမ်းမိုးခံလိုက်ရသည်။ သူမခင်ပွန်းက သူမအား ကောင်းစွာ ဆက်ဆံလေ့ရှိသော်လည်း ယနေ့ သူ၏ လုပ်ရပ်များက သူမကို အံ့အားသင့်စေခဲ့သည်။
သူတို့ အစားစားနေတုန်း သူမက လိုရာအချက်ဆီ တည့်တည့်ပြောခဲ့သည်။ “ယောကျ်ား၊ ရှင့်အတွက် ကျွန်မကိုဘာလုပ်ခိုင်းစေချင်တာလဲ။ ကျွန်မကို ပြောသာပြော"
ကျီလင်းချန်က ခေတ္တရပ်လိုက်ပြီး သူ့တူတွေက လေထဲမှာ ပျံဝဲနေသည်။ သူ့ဇနီးလေးက သူ သူမအတွက် တစ်ခုခုတောင်းဆိုချင်လို့ သူမအပေါ် ကောင်းနေတယ်လို့ တွေးနေတာလား။
သူ တူတွေကိုချလိုက်ပြီး ကုလားထိုင်ပေါ် မှီချလိုက်သည်။ သူ လေးလေးနက်နက် မေးလိုက်သည်။ "ရှောင်နွမ်၊ ကိုယ် မင်းနဲ့ ရှောင်ယွီကို လက်ဆောင်တူတူပေးမယ်ဆိုရင် မင်းစိတ်ထဲထားလား။"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ်က သူမရဲ့ တူတွေကို ချပြီး ပြောလိုက်သည်။ "ရှင့်မိန်းမရဲ့ အမြင်အရတော့ ကျွန်မသေချာပေါက် စိတ်ထဲထားတယ်။ ဒါပေမယ့် ရှင်ဘယ်လိုခံစားရလဲဆိုတာ ကျွန်မ နားလည်တယ်၊ ကျွန်မနည်းနည်းတော့ စိတ်ဆိုးပေမယ့် ဒေါသတော့မထွက်ဘူး။"
"မင်းကို ကိုယ့် စိတ်အနှောင့်အယှက် ပေးမိတယ်ဆိုရင် မင်း ဘာလို့ဘာမှမပြောရတာလဲ"
ဖန့်ရှောင်နွမ် ဆက်ပြောလိုက်သည်။ "ကျွန်မ မပျော်ဘူးလို့ ရှင့်ကိုပြောပြပြီးပြီ နောင်မှာ ရှင့်မှာပဲ ကျွန်မကို လက်ဆောင်ပေးဖို့ အခွင့်ရှိတယ်ဆိုရင် ကျွန်မ အရမ်းသဘောထားသေးရလိမ့်မယ်။ ဒါ့အပြင် ကျွန်မပြောရမယ်ဆိုရင် ကျွန်မကို မခံစားတက်တဲ့သူလို့ ရှင်ထင်ကောင်းထင်လိမ့်မယ်။ ကျွန်မ ဘာလို့ဒီလိုလုပ်ရတာလဲ။ကျွန်မ ရောက်နေတဲ့နေရာရောက်ဖို့အတွက် ကြိုးကြိုးစားစားလုပ်နေရလို့။ အသေးအမွှားကိစ္စနဲ့ ပတ်သက်ပြီး စကားများရန်ဖြစ် ဒါမှမဟုတ် တိတ်တိတ်လေး ဆက်ဆံရတာမျိုး မလုပ်ချင်ဘူး။”
ကျီလင်းချန်က အနည်းငယ် စိတ်တိုနေပုံရသော သူ့ဇနီးလေးကို ကြည့်လိုက်သည်။ မကြာသေးမီက သူ့ဇနီးလေး ဘယ်လို ခံစားနေခဲ့ရသည်ကို သူ သတိမထားမိခဲ့ပေ။
"ရှောင်နွမ်" ဟု စိတ်ရင်းမှန်ဖြင့်ခေါ်ကာ ပြောလိုက်သည်။ "တောင်းပန်ပါတယ်။ ကိုယ် အမှားတစ်ခုလုပ်ခဲ့မိတယ်။"
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် နှုတ်ခမ်းစူလိုက်သည်။ "ရှင့်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မနားလည်ပါပြီ " ကံကောင်းထောက်မစွာ၊ သူမခင်ပွန်းရဲ့ညီမက သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ အဲဒါက သူမကို ပိုလက်ခံနိုင်စေခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ “လက်ဆောင်တစ်ခုက အဖိုးတန်ပေမယ့် နှစ်ခုဆို ဈေးသက်သာတယ်။ နတ်ဘုရားမ အတွင်းရေးမှူး စုန့်က ဒီအကြောင်းကို ကိုယ့်ကို သတိပေးလိုက်လို့သာပေါ့။ မဟုတ်ရင် ကိုယ့်ရဲ့အမှားကို ကိုယ်နားလည်မှာ မဟုတ်ဘူး။"
သူထပြီး သူ့မိန်းမဘေးမှာ ထိုင်ကာ ပွေ့ဖက်လိုက်သည်။ “နောင်မှာ မင်းအဆင်မပြေဖြစ်ရင် ကိုယ့်ကိုပြော။ ခင်ပွန်းလုပ်ရတာက ကိုယ့်အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး မင်းကိုယ့်ကို အကြံဉာဏ်မပေးရင် မင်းကိုယ့်ကို အမှန်အတိုင်းမပြောရင် တစ်ခါတရံမှာ ဘယ်အချိန်မှာ ကိုယ် အမှားလုပ်မိသွားလဲ ဆိုတာ ကိုယ်မသိဘူး "
ထိုအချိန်တွင်၊ ဖန့်ရှောင်နွမ်က နာခံမှုရှိတဲ့ကြောင်တစ်ကောင်ကဲ့သို့ နူးညံ့ချိုသာနေသည်။ "ကျွန်မ စကားအများကြီးပြောမိသွားရင် ရှင် မပျော်မှာကို ကျွန်မ ကြောက်တယ်"
ကျီလင်းချန်မှာ ဇနီးဖြစ်သူ၏ စကားကြောင့် မှင်သက်သွားသည်။ သူနဲ့ပတ်သတ်ပြီး သူမမှာပြောစရာအကြောင်းအရာတွေ အများကြီးရှိလို့လား?
"မင်း ကိုယ့်အပေါ်မှာ တခြားထင်မြင်ချက်တွေရှိလား"