အခန်း (၂၈၀)
Vol. 19 Ch. 280
ဖန့်ရှောင်နွမ်က သူမရဲ့နှုတ်ခမ်းတွေကို ဖိရင်း နူးညံ့စွာပြောလိုက်သည်။ "ကိုယ်တို့ ခဏခဏ ချစ်တာကိုလျှော့လို့ရနိုင်မလား"
“မရဘူး!” ကျီလင်းချန် ပြန်ဖြေလိုက်သည်။ အခြားပြဿနာများကို သူ ပြုပြင်နိုင်ပေမယ့် ဒါကတော့မရဘူး။
ဖန့်ရှောင်နွမ်က သူမရဲ့ နှုတ်ခမ်းကို ဖိရင်း "အိုး" လို့ ပြောလိုက်သည်။ ခင်ပွန်းဖြစ်သူက ဒါကိုသဘောတူမှာမဟုတ်ဘူးဆိုတာ သူမ သိသည်။
"ဒါဆို အိပ်ရင်လာမဖက်နဲ့။ ကျွန်မမှာ ခေါင်းအုံးရှိတယ် ရှင့်လက်မောင်းကို မလိုဘူး"
!!
“မရဘူး” ကျီလင်းချန်က ထပ်မံငြင်းဆိုခဲ့သည်။ “မင်းရဲ့ခေါင်းအုံးကို သုံးလို့မရဘူး။ ကိုယ့်လက်မောင်းကို ခေါင်းအုံးအဖြစ်သုံးတာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်တယ်။"
ဖန့်ရှောင်နွမ်က သူမရဲ့ တတိယမြောက်တောင်းဆိုချက်ကိုပြောလိုက်သည်။ "ဒါဆို ရှင် ကျွန်မနောက်ကွယ်မှာ ကျွန်မကို ကြောင်ပေါက်လေးလို့ မခေါ်လို့ရမလား။ ကျွန်မမိဘတွေဆီ သွားလည်တုန်းက ကျွန်မတို့ကို သူတို့ရယ်ကြတယ်”
“မရဘူး၊ အဲဒါ မင်းအတွက် ကိုယ်ပေးထားတဲ့အိမ်မွေးတိရစ္ဆာန်နာမည်ပဲ” ကျီလင်းချန် ပြန်ဖြေလိုက်သည်။
ဖန့်ရှောင်နွမ်က စတုတ္ထမြောက်တောင်းဆိုချက်ကို ယူဆောင်လာသည်။ “ဒါဆို နောင်မှာ ကျွန်မရဲ့ကျောင်းကိုလာမကြိုတော့နဲ့။ ကျွန်မကိုယ်တိုင် အိမ်ကိုကားမောင်ပြန်မယ်"
ကျီလင်းချန် ပြောလိုက်သည်။ “မရဘူး၊ နှစ်သစ်ရောက်ခါနီးပြီ။ ကားတွေ အများကြီးပဲ။ မင်းအတွက် အရမ်းအန္တရာယ်များမှာကို ကိုယ်စိုးရိမ်တယ်။"
ဖန့်ရှောင်နွမ် ပြောစရာစကားမဲ့သွားသည်။ နှစ်သစ်လား? ဆောင်းတွင်း အားလပ်ရက်တောင် မရောက်သေးဘူး။
တောင်းဆိုချက် လေးခုကို ခင်ပွန်းဖြစ်သူက ပယ်ချခဲ့သည်။ ခင်ပွန်းဖြစ်သူက အဲဒီ ထိမိတဲ့ စကားလုံးတွေကို အပျော်အဖြစ် ပြောခဲ့တာလား။
ထိုညတွင် ဖန့်ရှောင်နွမ်သည် ခင်ပွန်းဖြစ်သူကို ဒေါသထွက်နေသည့်အတွက် အလွန်အဖိုးတန်သော အဖိုးအခကို ပေးခဲ့သည်။
နောက်နေ့မနက်မှာ သူမနိုးလာပြီး အိပ်ခန်းထဲကို ခေါ်ခဲ့သည် "ကျီလင်းချန်! အခု ရှင့်ရဲ့ကလေးကို မွေးပေးစေချင်နေတာလား"
“ကိုယ်တို့ ကလေးယူဖို့ ကြိုးစားရင် အကြိမ်ပေါင်းများစွာ ထပ်လုပ်ရဦးမယ်။ ဒါက မလုံလောက်သေးဘူး” ကျီလင်းချန် ပြန်ဖြေခဲ့သည်။
ဖန့်ရှောင်နွမ် ပြောစရာစကားပျောက်သွားသည်။
အချိန်အတော်ကြာအောင် ဖန့်ရှောင်နွမ်သည် ကော်လာအမြင့်အ၀တ်များကိုသာ ၀တ်ဆင်ခဲ့သည်။ အတန်းထဲမှာ နေ့တိုင်း စားပွဲပေါ် မှောက်ပြီး အိပ်ပျော်နေသည်။ ညဘက်မှာဆိုရင် မနက်မိုးလင်းတဲ့အထိ နေနေရပြီး မနက်တိုင်း သူမ မူးဝေနေလိမ့်မည်။ ခင်ပွန်းသည်ကို တွေ့လိုက်သည်နှင့် သူမ ထွက်ပြေးချင်လာသည်။
နောက်ဆုံးတော့ တစ်နေ့မှာ ဖန့်ရှောင်နွမ်က သူမရဲ့မိသားစုအိမ်ဆီ ပြေးသွားခဲ့သည်။
ကျီလင်းချန်က အဲ့တာကို သူသိလိုက်သည်နှင့် သူမနောက်ကို လိုက်လာခဲ့သည်။ ထို့နောက် ညသန်းခေါင်တွင် ဇနီးဖြစ်သူအား အိပ်ရာပေါ်မှ ခေါ်ဆောင်ကာ အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ခင်ပွန်းဖြစ်သူ၏ ကြင်နာမှုကို ခံရခြင်းက ၎င်း၏ အကျိုးအမြတ်မရှိတာတော့ မဟုတ်ပေ။
ဥပမာအားဖြင့် ခင်ပွန်းဖြစ်သူ ကျေနပ်သွားပြီးနောက်၊ သူမသည် တောင်းဆိုမှုအမျိုးမျိုးကို ပြုလုပ်နိုင်ပြီး၊သူက ငြင်းပယ်မည်မဟုတ်ပေ။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ အရမ်းဆန်းပြာတဲ့အိတ် လိုချင်တယ်။ အဲ့တာက တစ်ကမ္ဘာလုံးမှာ သုံးအိတ်ပဲထုတ်ထားတာ”
နောက်တစ်နေ့တွင် အိတ်က ဖန့်ရှောင်နွမ်ရဲ့ မှန်တင်ခုံပေါ်တွင် ငြိမ်သက်စွာ ရှိနေခဲ့သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ယောကျ်ား၊ ကျွန်မ ဂါဝန်ကို ကြည့်ပြီး မျက်စိကျနေတယ်။ ဒါပေမယ့် မဝတ်ချင်ဘူး။ အဲ့ဒါကိုလိုချင်တာ"
ထို့နောက် သူမ အဝတ်လဲခန်းထဲတွင် တွဲလောင်းချိတ်ထားတဲ့ ဂါဝန်ကို တွေ့လိုက်ရသည်။
"ယောကျ်ား၊ စုံတွဲနာရီလေး လိုချင်တယ်"
နောက်တစ်နေ့တွင် သူတို့နှစ်ဦး စုံတွဲနာရီကို ဝတ်ဆင်ထားကြသည်။
ထိုညတွင် ဖန့်ရှောင်နွမ်သည် သူမခင်ပွန်း၏ "သန်းခေါင်ယံ သရေစာ" ဖြစ်လာပြန်သည်။ အဲ့တာပြီးသွားတဲ့အခါ ခေါင်းထဲမှာ တစ်ခုခုကို တွက်ချက်နေခဲ့သည်။ ထို့နောက် သူမ၏ တောင်းဆိုမှုကိုပြုလုပ်ခဲ့သည်။ “ယောကျ်ား၊ နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မရဲ့ အထက်တန်းကျောင်းနေဖက် အတန်းဖော်တစ်ယောက် ဒီအပတ်ပြန်လာမှာ။ ကျွန်မတို့ သူ့အိမ်မှာ ကြိုဆိုပွဲလုပ်ကြမှာ။ ရှောင်ဝမ်နဲ့ ရှောင်ယွီလည်း လာကြမှာ ”
“မင်းကို အရက်သောက်ခွင့်မပေးဘူး။ မင်း အဲဒီကိုရောက်ရင် မင်းရဲ့တည်နေရာကို ကိုယ့်ဆီပို့ပေးထား၊ ပြီးတဲ့ရင် မင်းကို ကိုယ်လာခေါ်မယ်။"
ဖန့်ရှောင်နွမ်က နောက်ဆုံးတွင် ခဏတာ လွတ်လပ်မှုရခဲ့သည်။ သူမ ကျောင်းရောက်သောအခါတွင် သူမ၏ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်အား စိတ်လျိုပ်ရှားစွာပြောလိုက်သည်ာ "နောက်ဆုံးတော့ ငါ့ယောကျ်ားက ငါ့ကို ပါတီသွားခွင့်ပြုဖို့ သဘောတူလိုက်ပြီ "
လျိုစစ်ယွီ ပြောလိုက်သည်။ "နင်လက်ထပ်ပြီးကတည်းက ဘာလို့ လွတ်လပ်မှုနည်းသွားရတာလဲ။ ပါတီပွဲတက်ဖို့ နင့်ယောကျ်ားရဲ့ ခွင့်ပြုချက်တောင် တောင်းနေရသေးတယ်”
ဟုတ်ပါတယ် ဖန့်ရှောင်နွမ်က ဒီလိုမျိုး မဖြစ်စေချင်ပေမယ့် သူမက လက်ထပ်ထားပြီးသားလေ။ ပါတီမှာ ယောက်ျားမိန်းမတွေ အများကြီးရှိတော့ ဘာပဲဖြစ်ဖြစ် သူ့ယောကျ်ားကို အကြောင်းကြားရမှာပေါ့။
"နင့်အစ်ကိုကကော သွားခွင့်ပြုလား"
လျိုစစ်ယွီပြောလိုက်သည်။ “အင်း။ အစ်ကိုက အရက်မသောက်ရဘူးတဲ့။ ဟိုရောက်ရင် သူ့ဆီ location ပို့ပေးဖို့ပြောတယ်။ ပါတီပွဲပြီးရင် ငါ့ကိုကားနဲ့ လာခေါ်ပေးမယ်တဲ့"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ားတွေအားလုံးရဲ့ ဦးနှောက်က တစ်ပုံစံတည်းတွေလား။ သူတို့အားလုံး ဘာကြောင့် ဒီလိုပဲပြောကြတာလဲ။ ငါ့ယောက်ျားလည်း ဒီလိုပဲပြောတယ်!”
ထို့နောက် နှစ်ယောက်သား ကျီဝမ်ကို ကြည့်လိုက်ကြသည်။
"အိုး၊ ဒါဆို မင်းတို့နှစ်ယောက်က ငါ့ကို ယောက်ျားလေးလို့ သဘောထားတာလား" ကျီဝမ်မေးလိုက်သည်။
ထိုစကားကိုကြားတော့ နှစ်ယောက်သား တစ်ပြိုင်နက် လှည့်ထွက်သွားကြသည်။ "မှန်တယ်။ သူ့ကိုမေးတာက အသုံးမဝင်ဘူး!"
ကျီဝမ် ပြောစကာစကားမဲ့သွားခဲ့သည်။
ကျီလင်းချန်က သူ့ဇနီးကို ဘယ်လောက် အနှောင့်အယှက် ပေးနေသည်ကို သိသောကြောင့် မကြာသေးမီက သူမကို ပိုအာရုံစိုက်ပေးခဲ့သည်။ အလုပ်သွားလုပ်တာကလွဲလို့ ရံဖန်ရံခါမှပဲ သူ အပြင်ထွက်ပြီး ပေါင်းသင်းဆက်ဆံရေးလုပ်လေ့ရှိသည်။ အဲဒီနောက်မှာတော့ သူမကို ကားမောင်းလေ့ကျင့်ဖို့ ကူညီပေးခဲ့သည်။ တကယ်တော့ သူမက သူ့ဇနီးအဖြစ် လူတိုင်းရှေ့မှာ ဖော်ထုတ်ပြီး သူ့ကိုသွားကြိုဖို့ပါပင်။
လျိုစစ်ယွီက ကျီလင်းချန်ကို ငတုံးလို့ ခေါ်တာကို ရပ်ခဲ့သည်။ ဒါပေမယ့် အတိတ်ကို တွေးလိုက်တိုင်း သူမ ညီအစ်မ၏ အရသာနှင့် လွဲချော်မှုတစ်ခု ရှိနေသည်ဟု သူမ ခံစားရလိမ့်မည်။ ကျီလင်းချန်က အရမ်းကိုမှ မိုက်မဲလွန်းသည်။ တစ်ခါတရံ အိမ်အပြန်လမ်းတွင် သူမသည် လျိုစစ်ယန်အား တိုင်တန်းလေ့ရှိပြီး လျိုစစ်ယန်က သူမရဲ့ကျယ်လောင်စွာပြောတဲ့အသံကို နှစ်သက်သည်။
မစ္စတာ လျိုက ကျီလင်းချန် နှင့်လည်း သီးသန့်တွေ့ဆုံခဲ့သည်။ ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးအကြောင်း ကောင်းကောင်းပြောရမည်။
သူတို့နှစ်ဦး စကားစမြည်ပြောပြီးနောက် ကျီလင်းချန် သည် မစ္စတာလျို၏ သူ့သမီးနှင့် ခွဲခွာဖို့ တွန့်ဆုတ်နေမှုကို ခံစားလိုက်ရသည်။