အခန်း (၂၈၁)
Vol. 19 Ch. 281
ကျီလင်းချန်က မစ္စတာ လျိုဆီ တံခါးဆီသို့ ကိုယ်တိုင်ကိုယ်ကျ လှမ်းသွားလိုက်သည်။ “မစ္စတာ လျို၊ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ညီမကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်”
မစ္စတာလျို သက်ပြင်းချလိုက်သည်။ သူ့သမီးနဲ့နေရဖို့ အချိန်သိပ်မကျန်တော့ဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက် ရောက်လာခဲ့သည်။
ဖန့်ရှောင်နွမ်သည် ပင်ဂွင်းဘုရင်မကဲ့သို့ ၀တ်ဆင်ထားသည်။
ကျီဝမ်က ဒါကိုမြင်ပြီး ပြောလိုက်သည်။ "မင်း လမ်းလျှောက်ရတာ ပင်ပန်းနေမှာပဲ ဒါကြောင့်မို့ မင်း ပါတီကို လှိမ့်သွားဖို့ စီစဉ်နေတာ ဟုတ်တယ်မလား"
မျှော်လင့်ထားသည့်အတိုင်း ကျီဝမ် အရိုက်ခံခဲ့ရသည်။
အရိုက်ခံရပြီးနောက်မှာတော့ ဖန့်ရှောင်နွမ်ကပြောခဲ့သည်။ "ငါ လုံလုံလောက်လောက် ဝတ်ထားပြီးသား၊ ဒါပေမယ့် နင့်ရဲ့ဦးလေးက ငါကို ထပ်ပြီးပိုဝတ်ဖို့ အခိုင်အမာပြောလို့။ သူဘယ်ကလာတယ်ဆိုတာ ငါသိတယ်။ သူက ငါ့ကို အတတ်နိုင်ဆုံး ရုပ်ဆိုးစေချင်တာ။ ဒီလိုနည်းနဲ့ဆိူ ဘယ်သူကမှ ငါ့ကို ကြိုက်မှာ မဟုတ်ဘူး၊ သူ စိတ်ပူနေရမှာ မဟုတ်ဘူး။”
ဖြတ်သွားတဲ့ ကျီလင်းချန်က ဤအရာကို မငြင်းဆိုခဲ့ပေ။ သူက ဇနီးဖြစ်သူ၏ အလှကို တန်ဖိုးထားတတ်သူသာ ဖြစ်သည်။ အထူးသဖြင့် အသက်အရွယ်တူတဲ့သူများနှင့် ဆန့်ကျင်ဘက်လိင်များရှေ့တွင် ပြင်ပလူများရှေ့တွင် ၀တ်စားဆင်ယင်မှု က ပိုဆိုးလေ၊ ပိုကောင်းလေဖြစ်သည်။ ဟုတ်ပါတယ်၊ ဖန့်ရှောင်နွမ် ဘယ်လောက်ပဲ ရုပ်ဆိုးပါစေ၊ အဲ့တာက သူမကို သူ့ ရင်ခွင်ထဲကို ဆွဲသွင်းပြီး အနိုင်ကျင့်တာကို မတားဆီးနိုင်ခဲ့ပေ။
ကျီဝမ် ပြောလိုက်သည်။ “အဲဒါ မမှန်ဘူး။ ငါ့ဦးလေးက မင်းကို သူ့မိန်းမဖြစ်ကြောင်း ကြေညာရင် မင်းကို ဘယ်သူက သွေးဆောင်ရဲမှာလဲ။ သူတို့အသက်ကို တန်ဖိုးထားရင် သူတို့လုပ်ရဲမှာမဟုတ်ဘူး။”
ကျီလင်းချန်က မီးဖိုချောင်ထဲမှာ ဖန်ခွက်ထဲရေထည့်နေရင်း ဒါကိုကြားခဲ့သည်။ သူ့တူလေးက လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ ဒါက အကြံကောင်းတစ်ခုပါ။ သူ့အထောက်အထားက အဲဒီလူတွေကို ခြိမ်းခြောက်ဖို့ လုံလောက်သည်။
ရေထည့်ပြီးတာနဲ့ လမ်းလျှောက်လာပြီး ခွက်ကို သူ့ဇနီးလေးဆီ ပေးလိုက်သည်။ “ဒီမှာ ရေနည်းနည်းသောက်လိုက်ဦး”
ဖန့်ရှောင်နွမ်က အဝတ်ခန်းထဲမှာတုန်းက ခင်ပွန်းဖြစ်သူ သူမအား ဘာလုပ်ခဲ့တယ်ဆိုတာကို တွေးတောရင်း ဒေါသထွက်ကာ မောက်မာစွာ ခေါင်းကို လှည့်လိုက်သည်။ "ဟမ့်! မသောက်ဘူး!"
"ကိုယ် နောက်မှ မင်းကို လာခေါ်မယ်နော်" လို့ ကျီလင်းချန် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ့ကိုယ်သူ သူမရဲ့ယောကျ်ားအဖြစ် အခိုင်အမာ ယုံကြည်နိုင်ခဲ့သည်။
ဖန့်ရှောင်နွမ်က စိတ်ကောက်ပြီး ပြောလိုက်သည်။ “မရဘူး!အဲ့လိုမဖြစ်ရဘူး။ ဒါအကုန်မဟုတ်သေးဘူး။ ရုပ်ချောချော ကောင်လေးနဲ့လည်း ချိတ်ဦးမှာ။ ရုပ်ချောချောလေးကို အိမ်ပြန်လိုက်ပို့ခိုင်းပြီး ရှင့်ရှေ့မှာ နမ်းပြီး ဖက်ထားပြမယ်။ ကျွန်မ ရှင့်ကို စိတ်ဆိုးအောင်လုပ်ဦးမှာ!"
ကျီလင်းချန်က အဲ့တာက လိမ်ညာတာသာဖြစ်သည်ကို သိသော်လည်း သူ ဒေါသတကြီး ဖြစ်နေသေးသည်။ သူ့အပြုံးကို ထိန်းထားခဲ့သည်။ 'အရမ်းကောင်းတယ်!'
သူ့ဇနီးလေးက သူမ၏အတန်းဖော်တွေ စုဝေးရာ နေရာသို့ သွားတော့မည်ဖြစ်သောကြောင့် ကျီလင်းချန်က သူမအား ချက်ချင်းအနိုင်ကျင့်ခြင်းမရှိပေ။ ညတာက ရှည်တယ်ဆိုတော့ ဒီညမှာ အချိန်အများကြီးရခဲ့သည်။
ဖန့်ရှောင်နွမ်နှင့် ကျီဝမ်တို့ တစ်ကားတည်း ထွက်လာခဲ့သည်။
“အဒေါ်” ကျီဝမ်က ကားမမောင်းခင်ပြောခဲ့သည်။ “ဒီနေ့ ကျွန်တော် သောက်မှာနော်။ အဒေါ့်ယောကျ်ား အဒေါ့်ကိုလာကြိုတဲ့အခါ ကျွန်တော့်ကိုခေါ်သွားဖို့ မမေ့နဲ့။"
"ဘာလို့ ငါ့ကိုအဒေါ်လို့ ခေါ်နေတာလဲ။ အစ်မလို့ ခေါ်!" ဖန့်ရှောင်နွမ်က ကျီဝမ် သူမကို 'အစ်မ ' လို့ ခေါ်တာကို သူမယောကျ်ား တမင်ကြားအောင် လုပ်ခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ မပျော်မရွှင်မျက်နှာကို မြင်ပြီးနောက် ဖန့်ရှောင်နွမ်က ကားပေါ်သို့တက်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
ဖျော်ဖြေရေး အဆောက်အဦများ၊ လေဟာပြင် ရေကူးကန် နှင့် အားကစားခန်းမများစွာပါရှိသော ဟိုတယ်ခေါင်မိုးပေါ်တွင် ပါတီပွဲကျင်းပခဲ့သည်။ ဒါပေမယ့် အေးနေတော့ ဘယ်သူမှ ရေမကူးကြပေ။ လူတိုင်း ဆိုဖာပေါ်မှာ ဝိုင်းထိုင်ကြပြီး စားပွဲဝိုင်းမှာ ဝိုင်မျိုးစုံနဲ့ ပြည့်နေသည်။
ဟိုတယ်အဝင်ဝတွင် ဖန့်ရှောင်နွမ်နှင့် ကျီဝမ် တို့သည် အပေါ်ထပ်သို့ မတက်မီ လျိုစစ်ယွီလာမှာကို ကားထဲတွင် အတူတူ စောင့်နေကြသည်။
ကျီဝမ်က အခြားကောင်လေးများနှင့် အလွန်ဖော်ရွေသည်။ အပေါ်ထပ်သို့ တက်သောအခါ သူပြောခဲ့သည်။ “နောက်ပိုင်း သူတို့နဲ့ သောက်ပွဲ လုပ်မှာနော်။ မင်းတို့နှစ်ယောက် မသောက်နဲ့နော်"
"စိတ်မပူပါနဲ့ နင့်ဦးလေး ငါ့ကို သောက်ဖို့ ခွင့်မပြုဘူး" ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။
"ငါ နင် နှစ်ယောက်နဲ့တင် မူးနေပြီ" လျိုစစ်ယွီ ပြောလိုက်သည်။ "ငါ တခြားသူနဲ့ မသောက်ဘူး"
ကျီဝမ် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ နောက်ပိုင်းမေးလာရင် အရက်နဲ့မတည့်လို့ မသောက်နိုင်ဘူးလို့ ပြောလိုက်။ သူတို့နဲ့ စကားမပြောနဲ့။ သောက်ဖို့တိုက်တွန်းတဲ့သူရှိရင် ငါ့ကိုခေါ်လိုက်။ ယွဲ့ချီလည်း ဒီည ဒီမှာ ရှိမှာ။ အဲဒီလူက စစ်ယွီကို သုံးနှစ်လောက် လိုက်ပိုးနေတာ သူက လူကောင်းတော့ မဟုတ်ဘူး။ သတိနဲ့နေ။ သူပေးတာတွေကို မသောက်နေနဲ့ "
လျိုစစ်ယွီနှင့် ဖန့်ရှောင်နွမ်တို့ နှစ်ဦးစလုံး သဘောတူခဲ့ကြသည်။
ဓာတ်လှေကားက အပေါ်ထပ်ကိုရောက်လာပြီး ကျီဝမ် က အရင်ထွက်ခဲ့သည်။
တစ်ယောက်ယောက်က သူ့ကိုမြင်တော့ ဝိုင်တစ်ခွက်နဲ့ ချက်ချင်းထရပ်လာပြီး သူ့ကိုနှုတ်ဆက်ခဲ့သည်။ "အား သခင်လေးကျီ ရောက်လာပြီ! အားလုံး သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြရအောင် ”
ကျီဝမ်က သူ့ဆီက ဖန်ခွက်ကို ယူလိုက်ပြီး ခွက်ချင်းတိုက်လိုက်သည်။ တစ်ကျိုက်သောက်ပြီး သူပြောလိုက်သည်။ “မင်းတို့ စောစောရောက်နေကြတာပေါ့”
အဲဒီနောက်မှာတော့ တစ်ယောက်ယောက်က ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီကို ဝိုင်တိုက်ဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ယောက်က လက်ပြနှုတ်ဆက်ပြီး မယူခဲ့ပေ။ "တခြားဟာပဲ သောက်ရအောင်"
“ခန်းမထဲမှာ သောက်လို့ရတယ်။ ဒါကို မဖွင့်ရသေးဘူး!" ဝိုင်ကို ကမ်းပေးလာတဲ့သူက ပြောခဲ့သည်။
ကျီဝမ်က ဝိုင်ကိုသောက်ပြီး ကောင်မလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ “ကောင်မလေးတွေ ထပ် မသောက်နဲ့တော့။ ငါတို့ နောက်ပိုင်း အရက်အလွန်အကျွံသောက်မိရင် ငါတို့အတွက် ဘယ်သူ တက္ကစီခေါ်ပေးမှာလဲ"
အချို့သောလူတွေက အရှုံးမပေးဘဲ ဖန့်ရှောင်နွမ်အား ဝိုင်ကို ဆက်ပြီးပေးဖို့ ကြိုးစားခဲ့ကြသည်။ "အလှလေး ဖန့်ရှောင်နွမ်၊ မင်းဒီနေ့ ကိုယ့်ကိုယ်ကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားတာပဲ။ မင်းက အရမ်းချစ်စရာကောင်းတယ်။ မင်း သောက်စရာတွေ အဝ သောက် ပြီးရင် ငါ မင်းကို ဒီည လိုက်ပို့ပေးမယ်"
ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ငါ့ယောကျ်ားက ကျီလင်းချန် ဆိုတာကို နင်သိရင် ဒီလိုပိုင်စိုးပိုင်နင်း ပြောရဲသေးလား။"
“ငါ မသောက်တော့ဘူး။ ငါ အရက်နဲ့ ဓါတ်မတည့်ဘူး”
ခဏအကြာတွင် အခြားကောင်လေးက လျိုစစ်ယွီကို ဝိုင်တစ်ချို့ ပေးခဲ့သည်။ “ ဖန့်ရှောင်နွမ် တစ်ယောက်တည်းကိုပဲ အာရုံစိုက်နေလို့ မဖြစ်ဘူးလေ။ ငါ့နှလုံးသားထဲမှာတော့ စစ်ယွီ မင်းကအလှဆုံးပဲ။ စစ်ယွီ၊ နည်းနည်းလောက်သောက်လိုက်ပါ။ အရမ်းမပြင်းပါဘူး။ အရမ်းသောက်လိုက်ရင်လည်း ငါ အိမ်ပြန်လိုက်ပို့ပေးပါ့မယ်"
လျိုစစ်ယွီက ဝိုင်ကိုကြည့်လိုက်ပေမယ့် သူမ မယူခဲ့ပေ။ သူမ ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ငါလည်း ဓါတ်မတည့်ဘူး”