အခန်း (၂၈၄)
Vol. 19 Ch. 284
"ကျန့်လျန်က ဒီလောက်ကြီးကစားဖို့ တတ်နိုင်လို့လား" လျိုစစ်ယွီ မေးလိုက်သည်။
"ကျန့်လျန် ရှုံးရင် သူ့အတွက် ငါးသန်း ပေးမယ်လို့ ယွဲ့ချီ က ရုတ်တရက် ပြောခဲ့တာ၊ သူအနိုင်ရရင် သူ့အတွက် ယူထားလို့ရတယ်။ အဲဒါကြောင့် သဘောတူလိုက်တာပဲ ”
ဒါကိုကြားတော့ ဖန့်ရှောင်နွမ် နောက်ဆုံးမှာတော့ ကျီဝမ် ဘာကြောင့် ဒီလောက်ကြီးတဲ့ ဂိမ်းကို ကစားချင်တာလဲဆိုတာ နားလည်သွားတော့သည်။ အမျိုးသမီးများကို အပေးအယူလုပ်ဖို့ ချစ်ပ်များအဖြစ် အသုံးပြုခြင်းသည် ၎င်းတို့နှစ်ဦးကို ပစ်မှတ်ထားသည့် စော်ကားမှုတစ်ခုအဖြစ် ထင်ရှားသည်။ ကျီဝမ်က ဒေါသထွက်သွားလို့ တစ်ပွဲကို ငါးသန်းကစားဖို့ အဆိုပြုခဲ့တာ။
"ကျန့်လျန်ကတော့ သေဖို့ရေနေတာပဲ!" လျိုစစ်ယွီ ဆူငေါက်လိုက်သည်။
ထို့နောက် သူမသည် အသံကျယ်ကျယ်ဖြင့် အော်နေသော ယွဲ့ချီကို ကြည့်ကာ ပြောလိုက်သည်။ "ရှောင်နွမ် ၊ ဒီလူကို သတ်ပစ်ဖို့ နင် ငါ့ကိုကူညီပေးနိုင်မလား"
ဖန့်ရှောင်နွမ်က လက်ရှိအခြေအနေအား ကြည့်ရှုခဲ့သည်။ ကျီဝမ်က ဘီယာခြောက်ပုလင်း သောက်ပြီးသွားပြီ ဖြစ်သည်။
သူမ စိတ်တည်ငြိမ်အောင်ကြိုးစားပြီး ပြောလိုက်သည်။ "ရှောင်ယွီ၊ စားပွဲထိုးကို အမြန်လေး စားစရာချပေးဖို့ ပြောလိုက်" စစ်ယွီအား ပြောလိုက်သည်။
လျိုစစ်ယွီ လှည့်ပြီး လူအုပ်ထဲမှ ထွက်သွားခဲ့သည်။ ဟင်းလျာများ ချပေးပါက သောက်တာ ရပ်တန့်သွားနိုင်သည်။
ဖန့်ရှောင်နွမ်သည် မရပ်မနား သောက်နေတဲ့ ကျီဝမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ပုလင်းထဲက ဘီယာက သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အရှိန်နဲ့ လျော့သွားသည်။
လျိုစစ်ယွီက တစ်ယောက်ယောက်ကို ခေါ်ဖို့သွားတဲ့အခါ ယွဲ့ချီနဲ့ တခြားလူက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်သား သဘောတူညီမှု တစ်ခုခု ရသွားသလိုမျိုး ခေါင်းညိတ်လိုက်ကြသည်။
လျိုစစ်ယွီနောက်ကို အမျိုးသားကျောင်းသားတစ်ဦး လိုက်ပါသွားခဲ့သည်။ ပွဲကြည့်ဖို့လူတိုင်း စုဝေးနေကြစဉ် “ပလုတ်” ဆိုတဲ့အသံကို အဝေးက ကြားလိုက်ရသည်။
"မကောင်းတော့ဘူး!" တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။ "စစ်ယွီ ရေထဲကျသွားပြီ!"
ဖန့်ရှောင်နွမ် ရေကူးကန်ဘက်ကို လှည့်ကြည့်လိုက်သည်။
လျိုစစ်ယွီက အဝတ်အပြည့်ဝတ်ထားပြီး ရေထဲတွင် ရုန်းကန်နေရသည်။ အကူညီတောင်းချင်ပေမယ့် ပါးစပ်ဟလိုက်တာနဲ့ ပါးစပ်ထဲကို အေးစက်တဲ့ရေတွေ စိမ့်ဝင်သွားပြီး နှာခေါင်းထဲထိ ရောက်သွားသည်။ မျက်လုံးမဖွင့်နိုင်သောကြောင့် မျက်လုံးများကို မှိတ်ထားကာ ဘေးပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ခဲ့သည်။ ဒါပေမယ့်လည်း သူမသည် တည်ငြိမ်စွာ မရပ်တည်နိုင်သလို မည်သည့်အရာကိုမှလည်း ဆုပ်ကိုင်မထားနိုင်ပေ။ သူမသည် ဖန့်ရှောင်နွမ်ကို ခေါ်ချင်သော်လည်း ရုတ်တရက် မှတ်ဉာဏ်တစ်ခုပေါ်လာခဲ့သည်။ “အစ်ကို”လို့ခေါ်ပြီး သူမ ရှိုက်ငိုခဲ့သည်။ "ညီမလေး ကြောက်တယ်။ မအိပ်သွားနဲ့နော် "
"မငိုနဲ့ ရှောင်ယွီ အစ်ကို မင်းကိုကာကွယ်မယ်။" သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကောင်လေးတစ်ယောက် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့သည်။
သူမ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကောင်လေးက ကျီလင်းချန်နှင့် ခပ်ဆင်ဆင်တူသည်။
လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ အဆုံးမရှိသောပင်လယ်က သူမ၏ စိတ်ထဲတွင် တစ်ဖန်ပေါ်လာပြီး ပင်လယ်မျက်နှာပြင်ပေါ်တွင် မျောပါနေချိန်တွင် စိတ်ပျက်လက်ပျက် ငိုကြွေးခဲ့သည်။ "အစ်ကို၊ ညီမလေးကို ကယ်ပါဦး။ ညီမလေး အရမ်းကြောက်တယ်။"
သူမရဲ့လက်က နာနေပြီး ငိုခဲ့သည်။
"ရှောင်ဝမ်၊ ရှောင်ယွီ ရေနစ်နေပြီ!" ဖန့်ရှောင်နွမ် အော်လိုက်သည်။ သူမ အော်လိုက်ပြီးနောက် ရေကူးကန်ဆီ ပြေးသွားပြီး သူမရဲ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်။
ကျီဝမ်က တော်တော်မူးနေပြီဖြစ်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေသည်။ ဖန့်ရှောင်နွမ်၏ စကားကို ကြားလိုက်သောအခါတွင် သူ သီးသွားပြီး ပြင်းထန်စွာ ချောင်းဆိုးသွားခဲ့သည်။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ရေထဲကျသွားတဲ့ မိန်းကလေးကို တွေ့လိုက်ရသည်။ သူမ ရေကန်ထဲသို့ ခုန်ဆင်းခါနီးတွင် သူက ကယိမ်းကယိုင်နဲ့ ပြေးသွားခဲ့ပြီး သူမကို တွန်းဖယ်လိုက်သည်။ သူ ရေအေးထဲသို့ ဒိုင်ပင်ထိုးခဲ့သည်။
လျိုစစ်ယွီ ရေထဲမှာ ရုန်းကန်နေတာကို တွေ့လိုက်ရပြီး သူ ချက်ချင်းဆိုသလို ကူးခတ်သွားလိုက်သည်။ သူက လျိုစစ်ယွီကို မလိုက်ပြီး သူမရဲ့ခေါင်းကိုရေပေါ်မှာ ပေါ်စေခဲ့သည်။
ယွဲ့ချီမှာ သူရဲကောင်းလုပ်ဖို့ အချိန်ပင်မရှိခဲ့ပေ။ ကျီဝမ် က သူ့ကို ရိုက်ချခဲ့သည်။
ကျီဝမ်က အသောက်ပြိုင်ပွဲကြောင့် ကုတ်အင်္ကျီမဝတ်ထားပေ။ သူ ဘယ်လောက်တောင် မူးနေပြီလဲ ဆိုတာကိုတောင် မစဉ်းစားဘဲ ချက်ချင်း ရေကူးကန်ထဲကို ခုန်ဆင်းသွားခဲ့သည်။
လျိုစစ်ယွီ၏ ခေါင်းက ရေထဲမှထွက်ပေါ်လာပြီးနောက် သူမအသက်ရှူနိုင်ခဲ့သည်။ သူမ ချောင်းဆိုးခဲ့ပြီး ကျီဝမ်က သူမကို ရေကူးကန်ဘေးသို့ ရွှေ့လိုက်သည်။
ဖန့်ရှောင်နွမ်က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ရေတွေရွှဲနစ်နေသော လျိုစစ်ယွီကို ဆွဲတင်လိုက်သည်။ သူမက လျိုစစ်ယွီ ကိုယ်ပေါ်ကို သူမ ချွတ်ထားခဲ့တဲ့ ဂွမ်းသားကုတ်အကျီင်္ကို အလျင်အမြန် ခြုံပေးလိုက်ပြီး ကျီဝမ်ကို ရေကူးကန်ဘက်သို့ ဆွဲတင်ဖို့ လက်လှမ်းလိုက်သည်။ သူမရဲ့လက်က ရေကိုထိလိုက်တာနဲ့ အေးစက်သွားသည်။ သူမ မသိစိတ်က သူမရဲ့လက်ကို ပြန်ရုတ်ချင်နေသည်။ သူတို့နှစ်ယောက် ဘယ်လောက်အေးစက်နေမယ်ဆိုတာတွေးကြည့်ဖို့ လွယ်သည်။
လျိုစသ်ယွီ ပြန်လည်ကောင်းမွန်လာပြီးနောက် ကျီဝမ်ကို ဆွဲတင်ဖို့ ရှေ့ကိုကိုင်းလိုက်သည်။
တခြားသူတွေက မသောက်ကြတော့ဘဲ ဝိုင်းဖွဲ့နေကြသည်။
ကျီဝမ်ကို ဆွဲတင်ပြီးနောက် ဖန့်ရှောင်နွမ်က သူတို့ နှစ်ယောက်ကို စိုးရိမ်တကြီး ကြည့်ခဲ့သည်။
ကျီဝမ်ရဲ့ သွားတွေက တဆတ်ဆတ် တုန်နေပြီး သူ မေးခဲ့သည်။ "မင်း အရမ်းသောက်ထားတာလား။ ဘယ်လိုရေကူးရမှန်းတောင် မသိတော့ဘူးလား ဘာလို့ ရေကူးကန်ထဲ ခုန်ဆင်းရတာလဲ”
လျိုစစ်ယွီ လှည့်ကြည့်လိုက်ကာ ယွဲ့ချီ၏ သူငယ်ချင်းကို စိုက်ကြည့်ခဲ့သည်။ သူမ ဒေါသတကြီး မေးလိုက်သည်။ "လီရှု့ နင် ငါ့ကို တွန်းချလိုက်တာလား။"
ကျီဝမ်က ဤနေရာတွင် သူရဲကောင်းအဖြစ် အဆုံးသတ်လိမ့်မည်ဟု လီရှု့ မထင်ထားခဲ့ပေ။ သူ မူးနေပြီမို့ မှန်မှန်တောင် မလျှောက်နိုင်ပေ။ ယွဲ့ချီက သူ့ထက်တောင် နှေးကွေးပြီး သူ မမူးနေပေ။ သူက ယွဲ့ချီ ကို ကြည့်ပြီး စိတ်ပျက်မှုတွေနဲ့ ပြည့်နေသည်။ အခွင့်ကောင်းပေမယ့် ဒီအတိုင်းပဲ အဆုံးသတ်သွားသည်။
ယွဲ့ချီ လည်း အလွန်ဒေါသထွက်သွားသည်။ ကျီဝမ်နဲ့ ယှဉ်ပြိုင်ဖို့ ကျန့်လျန်အတွက် ယွမ်ငါးသန်း ပေးချေပြီး သူ့အစီအစဉ်ကို ချောမွေ့စေခဲ့သည်။ နောက်ဆုံးတွင်ကျီဝမ်က လျိုစစ်ယွီကို ကယ်တင်ခဲ့သေးသည်။
ဖန့်ရှောင်နွမ်က လီရှု့၏ အကြည့်နောက်သို့ လိုက်ကာ လူအုပ်ထဲတွင် ယွဲ့ချီကို တွေ့လိုက်ရသည်။ ယွဲ့ချီက ကျီဝမ်ကို မုန်းတီးစွာဖြင့် ကြည့်နေသည်။ သူမ လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြင်းထန်သော ဒေါသကို မထိန်းနိုင်တော့ပေ။ သူမ မတ်တပ်ထရပ်ပြီး လီရှု့ရှေ့ လျှောက်သွားခဲ့သည်။ သူမ သူ့မျက်နှာကို လက်သီးဖြင့် ထိုးပြီးနောက် ခြေသလုံးကြွက်သားကို ကန်ပစ်လိုက်သည်။ ထို့နောက် သူ့ကို အေးစက်တဲ့ရေကန်ထဲသို့ ပစ်ချပစ်လိုက်သည်။