အခန်း (၂၇၃)
Vol. 19 Ch. 273
ဤတစ်ကြိမ်တွင် သူတို့လေးယောက်တွေ့ဆုံသောအခါ ကျီလင်းချန်က လျိုစစ်ယွီကို စူးစမ်းသောအကြည့်ဖြင့် မကြည့်ခဲ့ပေ။ အဲဒီအစား သူက ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ မေးခဲ့သည်။ "မင်းခြေထောက် ဘာဖြစ်ထားတာလဲ"
ကျီလင်းချန်၏ အပြုံးကို မြင်လိုက်ရတော့ လျိုစစ်ယွီက သူ့အား ကြောက်တဲ့စိတ်နည်းပါးသွားသည်။ သူမ ပြန်ဖြေလိုက်သည်။ “လှေကားက ဆင်းရင်း ခြေကျင်းဝတ်ခေါက်သွားတာ”
“အိမ်ပြန်ရင် သတိထားဦး။ လမ်းလျှောက်တဲ့အခါ သတိထားပြီးလျှောက် " ကျီလင်းချန်က ညွှန်ကြားလိုက်သည်။
လျိုစစ်ယွီက ဖန့်ရှောင်နွမ်ကို ကြည့်လိုက်ပြီး လျိုစစ်ယန်နဲ့ ကားထဲသို့မဝင်မီ "Ok" ဟုပြန်ဖြေခဲ့သည်။
ဖန့်ရှောင်နွမ်က သူမယောကျ်ားကို ကတိပေးလိုက်သည်။ "ယောကျ်ား စိတ်မပူပါနဲ့။ ရှောင်ယွီက ကျွန်မရဲ့ယောက်မ ပဲ။ သူ့ရဲ့ယောက်မ အနေနဲ့ ကျွန်မ သူ့ကို သေချာ ဂရုစိုက်ပါ့မယ်။”
ကျီလင်းချန် က သူ့ဇနီးလေးကို ပြုံးပြလိုက်သည်။ “အာ! ကိုယ့်ရဲ့ကြောင်အလေးက တခြားသူတွေကို ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာ သိထားမယ်လို့ ကိုယ်မသိခဲ့ဘူး”
ဖန့်ရှောင်နွမ်က ခင်ပွန်းသည်၏ လက်မောင်းကို ပွေ့ဖက်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ “ကျွန်မ သင်ယူနိုင်ပါတယ်နော်။ သူမက ကျွန်မရဲ့ ပူးကောင်းလေးပဲဖြစ်လိမ့်မယ်။"
လျိုစစ်ယွီနဲ့ လျိုစစ်ယန်တို့ ထွက်ခွာသွားခဲ့ကြသည်။
ကျီလင်းချန်က သူ့ဇနီးကို အိမ်ပြန်ခေါ်သွားခါနီးတွင် ဖန့်ရှောင်နွမ်က သူ့ကို တားခဲ့သည်။ "ယောကျ်ား၊ ကျွန်မကို အချိန်ခဏလောက်ပေး။ အဖေ့အတွက် စားစရာတွေ ယူသွားချင်လို့"
ကျီလင်းချန်က ကျောင်းဝင်းအတွင်း လျှောက်သွားရင်း ဇနီးလေး၏ လက်ကို ကိုင်ထားသည်။ ခရုဆန်ခေါက်ဆွဲရောင်းတဲ့ ဆိုင်ကို ရောက်တဲ့အခါမှာတော့ ချဉ်စူးစူးအနံ့ပြင်းပြင်းက နှာခေါင်းပေါက်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ကျီလင်းချန် မျက်ခုံးကြုတ်လိုက်သည်။ သူ့မိန်းမက ဒါကို သူ့ကားထဲ ထည့်ချင်နေတာလား။
"တစ်ပွဲလောက်ဝယ်သွားချင်တယ်၊ ကျေးဇူးပြုပြီး!"
ကျီလင်းချန်၏ စိတ်က ချက်ချင်း ချဥ်သွားသည်။ "ရှောင်နွမ်၊ ဒီဟာက အရမ်းနံလွန်းတယ် မဟုတ်လား"
"အနံ့က အရမ်းနံပါတယ် ဒါပေမယ့် အရသာရှိတယ်!" ဖန့်ရှောင်နွမ် ပြောလိုက်သည်။ ခင်ပွန်းဖြစ်သူ၏ ရွံရှာနေတဲ့အမူအရာ သို့မဟုတ် နှာခေါင်းကို ညှစ်နေသည့်အချက်ကို သူမ သတိမထားမိပေ။
ကျီလင်းချန်က ဤမျှထူးခြားသောအရသာရှိတဲ့ ဇနီးတစ်ယောက်နှင့် အဆုံးသတ်ခဲ့သည်ကို အံ့သြမိသည်။
ဒါပေမယ့် ကျီလင်းချန်က ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ သူ့မိန်းမကို မတားဘဲ အနံ့နံတဲ့ ခရုဆန်ခေါက်ဆွဲကို ကားထဲကို ယူလာဖို့ ခွင့်ပြုခဲ့သည်။
ကားက ချက်ချင်း ချဉ်တဲ့အနံ့နှင့် ပြည့်နှက်သွားသည်။
ကျီလင်းချန်က ကားပြတင်းပေါက်ကို အမြန်ချလိုက်ကာ နှာခေါင်းကိုဖျစ်ထားသည်။ သူ အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။
ထိုအချိန်တွင်ပင် ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူ၏ အပြုအမူနှင့် လှုပ်ရှားမှုကို သတိပြုမိခဲ့သည်။ သူမက ဆိုးသွမ်းစွာ ပြုံးပြီးပြောလိုက်သည်။ "ယောကျ်ား၊ ရှင် ဒီအနံ့ကို မခံနိုင်ဘူးလား"
"ဒါပေမယ့် ရှင်သိလား။ စဉ်းစားကြည့်လိုက်။ ရှင်ကျွန်မကိုနမ်းတိုင်း ကျွန်မ ဒီတစ်ပန်းကန်စားထားတယ်လို့ တွေးကြည့်လိုက်။ အကယ်၍ ကျွန်မ လေချဥ်တက်လိုက်ရင်…”
“တော်တော့ ဆက်မပြောနဲ့တော့” ကျီလင်းချန် ထပ်ပြီးနားမထောင်နိုင်တော့ပေ။
သူ့မိန်းမရဲ့ ပါးစပ်က သိသိသာသာ မွှေးပြီးချိုနေတာပဲ၊ ဘာလို့ ဒီလောက် နံစော်နေတဲ့ဟာကို စားမှာလဲ။
ဖန့်ရှောင်နွမ်က သူ၏ယောကျ်ား အောင်မြင်စွာဖြင့် ရွံအောင်လုပ်နိုင်ခဲ့သည်။ ကားမောင်းနေတဲ့ ခင်ပွန်းဖြစ်သူကို ကြည့်ပြီး နှုတ်ခမ်းစူခဲ့သည်။ “ယောကျ်ား၊ နေ့လည်စာအတွက် ကျွန်မ ဒူးရင်းသီး၊ နေ့လယ်စာအတွက် ခရုဆန်ခေါက်ဆွဲ နဲ့ အခုတို့ဟူးနံစားထားတယ်။ ဒီနေ့ ရှင်ကျွန်မကို နမ်းနိုင်သေးလား"
"အိမ်ပြန်ရောက်ရင် သွားတိုက်လိုက် " ကျီလင်းချန် မျက်မှောင်ကြုတ်လိုက်သည်။
"မတိုက်ဘူး!" ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။
"ကိုယ် ကိုယ်တိုင် မင်းကို ရေချိုးခန်းထဲ ဆွဲခေါ်သွားမှာ။ မင်းရဲ့ အနံ့ကောင်းသွားအောင် ကိုယ်သေချာလုပ်ပေးမှာ ” ကျီလင်းချန် ပြန်ဖြေလိုက်သည်။
ဖန့်ရှောင်နွမ် အလွန်ပျော်သွားပြီး သူမ တခစ်ခစ်ရယ်လိုက်သည်။ ထို့နောက် သူမပြောလိုက်သည်။ “မနက်ဖြန် က စနေနေ့နော် ။ ရှင် အားရင် လျိုမိသားစုဆီ သွားရအောင်။"
ကျီလင်းချန် သူ့ဇနီးလေးကို တစ်ချက်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမက သူ့ကို နားလည်သည်။ သူမက သူ့အမေ သူ့အတွက် အမြဲရွေးချယ်ပေးချင်နေတဲ့ မိန်းကလေးဖြစ်နိုင်သည်။
အိမ်ပြန်ရောက်ပြီးနောက် ဖန့်ရှောင်နွမ်က ခရုဆန်ခေါက်ဆွဲနှင့်အတူ အထဲသို့ လမ်းလျှောက်သွားခဲ့သည်။ အစေခံများအားလုံး နောက်ဆုတ်သွားကြသည်။
ဖန်ချီက နှာခေါင်းကို အုပ်ပြီး နှာမှုတ်ခဲ့သည်။ "ရှောင်နွမ်၊ ဘာကြီးဝယ်လာတာလဲ။ ဘာလို့ဒီလောက်ထိ နံနေရတာလဲ"
“ဒါက အဖေ့အတွက် ဝယ်လာတာ အရသာရှိတဲ့ ခရုဆန်ခေါက်ဆွဲလေ ” ဖန့်ရှောင်နွမ် ပြောလိုက်သည်။
"အဲ့ဒါကြီးကို ငါမစားဘူး!" သခင်ကြီးကျီက နှာခေါင်းကို ဖျစ်ထားပြီး ကြောက်ရွံ့တွန့်ဆုတ်နေသည်။
"နောင်တမရနဲ့နော်!"
ဆယ်မိနစ်လောက်ကြာတော့ သခင်ကြီးကျီက သူ့နှာခေါင်းကို သုတ်လိုက်ပြီး ချဉ်ပြီးအရမ်းနံတဲ့ ဟင်းရည်ပန်းကန်ကို ဆူညံစွာစားသောက်နေလေသည်။ " ရှောင်နွမ် မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲ!"
"အဖေ၊ ဒါက ချီးလို့ ပြောခဲ့တာမဟုတ်ဘူးလား။"
"ဘာဖြစ်နေတာလဲ" သခင်ကြီး ကျီ မေးလိုက်သည်။ “အဲ့လို မပြောနဲ့။” သခင်ကြီးကျီက သူ့နှာခေါင်းကို ထပ်သုတ်လိုက်သည်။ "ဒါပေမယ့် ရှောင်နွမ်၊ နောက်တစ်ခါ ဒီဟာဝယ်လာရင် ငရုတ်ဆီနည်းနည်းပဲထည့်ဖို့ပြောပေး။ ငါ့နှာခေါင်းက ငါ့ကိုသတ်နေပြီ "
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ “ကျွန်မ သိပါပြီး။ ဒါက အစပ်နည်းထားပြီးသား။ နောက်တစ်ခါ ပိုပြီးပျော့တာ တစ်ခုခုဝယ်လာပေးမယ်။"
သခင်ကြီးကျီက အသစ်တစ်ခုကို စမ်းကြည့်ခဲ့သည်။ သူစားပြီးတဲ့အခါ သူ့ရဲ့ WeChat momentမှာ ပုံတစ်ပုံတင်ဖို့ မမေ့ဘဲ စားစရာတွေကို ချီးကျူးခဲ့သည်။
မက်ဆေ့ခ်ျပို့ပြီးနောက်၊ သခင်ကြီး ကျီက ဧည့်ခန်းထဲသို့ ဖုန်းဖြင့်ဝင်သွားခဲ့သည်။ "ငါ့ဓာတ်ပုံကို like ပေးလိုက်ဦး ဖန်ချီ။ ငါ့သားနှစ်ယောက်လည်း ငါ့ဓာတ်ပုံကို like ပေးဦး”
ကျီလင်းချန်က သူ့ဖုန်းကို သူ့မိန်းမဆီ ပေးလိုက်သည်။ " ရှောင်နွမ်၊ အဖေ့ကို like ပေးလိုက်။ ငါရေချိုးတော့မယ်" သူ့တစ်ကိုယ်လုံး ခေါက်ဆွဲနံ့တွေ ဖုံးလွှမ်းနေသလို ခံစားရသည်။
ဖန်ချီက ပို့စ်ကို like ပေးပြီးနောက် ရေချိုးဖို့ အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ခဏအကြာတွင် ဖန့်ရှောင်နွမ်ကို ခင်ပွန်းဖြစ်သူက ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
သူမ မသွားချင်နေတာကြောင့် ကျီလင်းချန်က သူမကို သယ်သွားခဲ့သည်။