← Chapters

အခန်း (၂၇၂)

Vol. 19 Ch. 272

အခန်း (၂၇၂)

Vol. 19 Ch. 272

ဖန့်ရှောင်နွမ်က ဆက်၍ တောင်စဥ်ရေမရပြောဖို့လုပ်ခဲ့သည်။ “အမေ၊ အမေ ကောင်းကင်ဘုံက ကောင်းချီးပေးခံရမယ်ထင်တယ်။ မဟုတ်ရင် ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲနော်။ အမေ ကျွန်မကိုမြင်ဖူးပြီးသားဖြစ်မှာပဲ အဲ့တာကြောင့် သဘောကျနေပြီးတော့ အမေ့ရဲ့မြေးနဲ့သမီးရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ခွင့်ပေးလိုက်တာမလား"

“ဒါဆို အမေ့ရဲ့သားမှာ ရည်းစားတောင်မရှိဘူးဆိုတာ အမေ သတိထားမိမှာပဲ အဲ့တော့ အမေက ကျွန်မကို အမေ့သားရဲ့ဇနီးအဖြစ်ထားဖို့ ဆုံးဖြတ်လိုက်တာမလား”

“အမေ၊ အမေ့မှာ တကယ်အရသာကောင်းကောင်းခံနိုင်စွမ်းရှိတာပဲ။ ဒီအိမ်ထောင်ရေးက ကျွန်မတို့အတွက် တကယ်ကောင်းပါတယ်။ ကျွန်မယောကျ်ားကလေ အရာရာတိုင်းမှာ ကောင်းပေမယ့် သူ့မှာ အေးစက်တဲ့နှလုံးသားရှိတယ်။ ကျွန်မနှလုံးသားက နွေးထွေးနေတော့ ကျွန်မယောကျ်ားရဲ့ နှလုံးသားကို နွေးထွေးအောင် လုပ်ပေးနိုင်ခဲ့တာ"

“ကျွန်မတို့ ဆုံတွေ့ခွင့်မရပေမယ့် အမေဒီမှာရှိနေတုန်းပဲဆိုရင် အမေ ကျွန်မကို သဘောကျမယ်လို့ ထင်ပါတယ်။ အမေ ကျွန်မကိုသဘောကျပြီးသားပါ။ ကျွန်မ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး အမေနဲ့ စကားစမြည်ပြောရင် အမေစိတ်ထဲမထားဘူး မလား" ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ် သူမဒူးတွေကို ပွတ်သပ်လိုက်သည်။ သူမ အချိန်အတော်ကြာ ဒူးထောက်နေခဲ့ရပြီး ခြေထောက်တွေ ကျင်လာသည်။

ကျီလင်းချန်က အမြန်ထရပ်ပြီး သူ့မိန်းမကို ဆွဲထူလိုက်သည်။ “ဒူးမထောက်နိုင်ရင် မထောက်နဲ့။ အမေ စိတ်ဆိုးမှာ မဟုတ်ဘူး။”

ဖန့်ရှောင်နွမ်သည် နောက်ဆုံးတွင် သူမ၏ ဒူးတွေကို ဖြေလျှော့နိုင်ခဲ့သော်လည်း အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းက သူမအား ပင်ပန်းစေခဲ့သည်။ ထို့ကြောင့် သူမသည် တရားထိုင်နေသကဲ့သို့ ကူရှင်ပေါ်တွင် ရိုးရိုးထိုင်ကာ ခြေထောက်တွေကို တင်ပျဥ်ခွေကာထိုင်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ ခန္ဓာကိုယ်အား ခင်ပွန်းဖြစ်သူ၏ ခန္ဓာကိုယ်ကို မှီ၍ သက်တောင့်သက်သာနေခဲ့သည်။ ခဏကြာတော့ သူမ အိပ်ပျော်သွားသည်။ နောက်ဆုံးတော့ ကြောင်လေးတစ်ကောင်လို ခင်ပွန်းသည်ရဲ့ပေါင်ပေါ်မှာ အိပ်ပျော်သွားတော့သည်။

မှောင်နေတဲ့အခန်းထဲမှာ ကျီလင်းချန် ဟာ အထီးကျန်ခြင်းနဲ့ အပြစ်ကင်းတဲ့ သူ့မိခင်ရဲ့ အမှတ်တရ ကျောက်စာတိုင်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့သည်။

"အမေ၊ ကျွန်တော် ရှောင်ယွီကို ရှာတွေ့ပြီ။ နောက်ဆုံးတော့ အမေ့ကိုတွေ့ရတာ အပြစ်ရှိတယ်လို့ မခံစားရတော့ဘူး။ ရှောင်နွမ်က တက်ကြွပြီး ချစ်စရာကောင်းတဲ့သူတစ်ယောက်ပါ။ သူ့အနားမှာ ရှိနေရင် ကျွန်တော် အထီးကျန်တယ်လို့ မခံစားရတော့ဘူး။ ကျွန်တော် ရှောင်ယွီကို ၁၅ နှစ်လောက်ရှာခဲ့ပြီး ဒီ ၁၅ နှစ်ကြာအောင်လည်း သူမက ကျွန်တော့်ကို ဆက်ရှာရအောင်လုပ့်ခဲ့တယ်။ အခုတော့ ပြောင်းလဲချိန်တန်ပြီ ” စကားစမြည်ပြောရင်း ဇနီးလေးရဲ့မျက်နှာကို ငုံ့ကြည့်လိုက်သည်။

မနက်ခင်းကလေးရှူးရှူးပေါက်ထတဲ့အချိန်မှာ နှစ်ခြိုက်စွာ အိပ်နေတဲ့ ဖန့်ရှောင်နွမ်ကို ခင်ပွန်းဖြစ်သူက သူမအခန်းဆီ ပြန်သယ်သွားခဲ့သည်။ သူမ နိုးလာတော့ သူမက အိပ်ယာပေါ်ရောက်နေပြီ။

ဖန့်ရှောင်နွမ် ခေါင်းကုတ်ပြီး မေးလိုက်သည်။ "ဟင်? ယောကျ်ားနဲ့ ယောက္ခမနဲ့ စကားပြောနေတာကြတာမလား။ ငါဘယ်လိုလု ပ်ပြန်ရောက်လာတာလဲ။"

သူမက သူမရဲ့ညအိပ်ဝတ်စုံကို လဲထားပြီးသားဖြစ်နေပြီ။ သူမယောကျ်ားက သူမကို အခွင့်ကောင်းယူရတာကို ချစ်နေတာပဲဖြစ်ရမယ်။

ကုတင်ပေါ်က ဆင်းခါနီးမှာ ကျီလင်းချန်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။ “နိုးပြီလား။”

"နိုးပြီ ဘယ်တုန်းက ကျွန်မကိုပြန်ခေါ်လာတာလဲ"

“မင်းရဲ့ယောက္ခမက မင်း အအေးမိသွားမှာကို စိတ်ပူနေခဲ့လို့ဖြစ်မယ်။ မင်းကို ပြန်ခေါ်သွားခိုင်းလိုက်တာ ” ကျီလင်းချန် ပြန်ဖြေလိုက်သည်။

ကျီလင်းချန်က သူ့ညီမကိုရှာတွေ့ပြီဆိုတော့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေခဲ့သည်။

အိပ်ရာကနိုးလာတဲ့ သူ့မိန်းမကို နမ်းပြီး ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်းက ကိုယ့်ရဲ့ကံကောင်းစေတဲ့ အဆောင်လေးပဲ"

ဒါပေမယ့် ဖန့်ရှောင်နွမ်က ရိုမန့်တစ်မဆန်တဲ့ပုံစံနဲ့ပြောလိုက်သည်။ "ယောကျ်ား ကျွန်မကို အများကြီး ချီးမွမ်းမနေနဲ့။ အနာဂတ်မှာ ကျွန်မ ရှင့်ကို စိတ်ဆိုးအောင်လုပ်ခဲ့ရင် ကျွန်မကို ကံကောင်းတဲ့ အဆောင်ဆိုတာထက် ဂြိုလ်ဆိုးမဆိုပြီး တွေးလာလိမ့်မယ်"

"ကိုယ် မတွေးပါဘူး" ကျီလင်းချန် ပြန်ပြောလိုက်သည်။

“ယောကျ်ား၊ ရှင့် ဒီလောက်ထိ မသေချာနိုင်ဘူး။ လူတွေရဲ့ ဒေါသကို ကျွန်မမှာ ထိန်းချုပ်နိုင်စွမ်းတောင် မရှိဘူး” ဖန့်ရှောင်နွမ် ပြောလိုက်သည်။

ကျီလင်းချန် ရယ်မောလိုက်သည်။

ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူနှင့် ဆေးကြောသန့်ရှင်းရေးလုပ်နေချိန်တွင် သူမ သူ့ကိုမေးခဲ့သည်။ "ယောကျ်ား၊ ရှင် အခု ရှောင်ယွီကို သွားပြောပြမှာလား"

ကျီလင်းချန် မစုံစမ်းရသေးတဲ့ ကိစ္စများစွာ ရှိသေးသည်။ အခု သူ့ညီမကို ရှာတွေ့သွားပြီဆိုတော့ နောက်ဆုံးတော့ စိတ်အေးလက်အေး ဖြစ်သွားပြီ။ သူ အလျင်စလို ပြုမူလိုက်ရင် သူ့ညီမ စိတ်ဆိုးသွားမှာကို သူ စိုးရိမ်သည်။

ကျီလင်းချန်က လက်ရှိအခြေအနေကို အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြီး သူ့ဇနီးကို ပြောလိုက်သည်။ "ရှောင်နွမ်၊ မင်း ကိုယ့်ကို လျို မိသားစုအိမ်ဆီ ခေါ်သွားပေးနိုင်မလား"

"ရတာပေါ့၊ ကိစ္စမရှိဘူး" ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။

သူမ ဆေးကြောသန့်စင်ပြီးနောက် ကျောင်းလွယ်အိတ်ကို ကောက်ကိုင်ကာ ကျောင်းသွားခဲ့သည်။

လျိုစစ်ယွီကို ပြန်တွေ့တော့ ဖန့်ရှောင်နွမ်ရဲ့ ခံစားချက်တွေက ပိုပြင်းထန်လာခဲ့သည်။ ဒါတွေအားလုံးပြီးသွားရင်တော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းက သူမရဲ့ယောက်မဖြစ်လာတော့မှာ။ သူမ မေးစေ့ကို လက်နှစ်ဖက်ပေါ်တင်ကာ သူမကို စိုက်ကြည့်နေသည်။

"ငါ့ကို ဘာလို့ကြည့်နေတာလဲ"

ဖန့်ရှောင်နွမ် မေးလိုက်သည်။ "ငါတို့ သုံးယောက်မှာ ဘယ်လို ကံကြမ္မာမျိုး ရှိတယ်လို့ ထင်လဲ"

လျိုစစ်ယွီပြောလိုက်သည်။ "ငါနားလည်မယ့်ဟာကိုပြောစမ်းပါ!"

ဖန့်ရှောင်နွမ် ခေါင်းခါပြီး ပါးစပ်ပိတ်ထားလိုက်သည်။ သူမဆီမှ အဲ့တာကို သိမ်းထားရန် သူမ မရည်ရွယ်ခဲ့ပေ။ ခင်ပွန်းသည်က ရှောင်ယွီကို အရင်မပြောပြလိုက်ဖို့ တမင် ညွှန်ကြားထားတာပဲလေ။ သူ့ညီမကို သွေးထိုးလှုံ့ဆော်မိမှာ သူ ကြောက်သည်။

အကြောင်းတစ်ခုခုကြောင့် ဖန့်ရှောင်နွမ်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းမှာ သူမ ယောက်မဖြစ်ကြောင်း သိလိုက်ရသောအခါ ဆောင်းတွင်းနေရောင်ကပင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ အေးစက်နေသည့်လေထုကပင် နွေးထွေးသွားပုံရသည်။

ဖန့်ရှောင်နွမ်သည် နေ့လယ်စာအတွက် အလွှာတစ်ထောင်ရှိသော ဒူးရင်းကိတ်မုန့်နှင့် ဆန်ခေါက်ဆွဲကို စား၍ ပျော်ရွှင်နေသည်။ ထို့နောက် ကျောင်းဆင်းသောအခါ တိုဟူးနံ အများအပြားကို ဝယ်ခဲ့သည်။ လမ်းလျှောက်ရင်းနဲ့ အဲ့တာကို စားခဲ့သည်။

လျိုစစ်ယွီမှာ ထော့နဲ့ထော့နဲ့ဖြစ်နေသေးသည်။ သူမ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ "ရှောင်နွမ်၊ နင် ဘယ်လိုလုပ် စိတ်အခြေအနေကောင်းနေတာလဲ။ ဒီနေ့ဘာလို့ဒီလောက်ကြီးစားနေတာလဲ"

"အိုး၊ အိမ်မှာ ကောင်းတဲ့ကိစ္စကြီးရှိနေလို့လေ" စကားပြောနေစဉ် ဖန့်ရှောင်နွမ်က အနံ့ဆိုးတဲ့ တိုဟူးနှစ်တုံးကို သူမပါးစပ်ထဲသို့ထည့်လိုက်သည်။

သူမကို အိမ်ပြန်ခေါ်သွားသူမှာ ကျီလင်းချန် ဖြစ်သည်။

လျိုစစ်ယွီကို လာခေါ်တဲ့လူလည်း ရောက်လာသည်။ အဲ့တာက လျိုစစ်ယန်ပါပင်။

All Chapters