← Chapters

ရွေးချယ်စရာနည်းလမ်း

Vol. 8 Ch. 106

ရွေးချယ်စရာနည်းလမ်း

Vol. 8 Ch. 106

လေချွန်သံက နှင်းများ လေလှိုင်းများကြားသို့ ပျံ့နှံ့သွားသည်။

ရှောက်ရွှမ်၏လေချွန်သံကို ကြားလိုက်ရသောအခါ လူအများက သိလိုစိတ်ပြင်းပျသွားသလို စိတ်လည်းရှုပ်ထွေးသွားသည်။ ရှောက်ရွှမ်ဘာကြောင့် လေချွန်သည် သူတို့ မသိပေ။ သို့သော် အခြားကလေးများက တစ်စုံတရာကို တွေးမိသွားပြီး ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ သူတို့မျက်နှာများ ကြက်သေသေသွားလေသည်။

"အား"

အမြွှာ၂ယောက်တို့က စိတ်လှုပ်ရှားစွာနှင့် အော်မိသွားသည်။ သူတို့က ရှောက်ရွှမ်၏ဖြေရှင်းနည်းကို ရိပ်စားမိပြီးသားဖြစ်သည်။ အားလုံးက ကောင်းကင်ကို မော့ကြည့်နေကြသည်။ ဘာဖြစ်လာမလဲ မမြင်လိုက်ရမည်ကို စိုးရိမ်သဖြင့် နှင်းများကျနေသော်လည်း မျက်လုံးများကို အစွမ်းကုန်ဖွင့်ထားကြသည်။

"ဘာတွေဖြစ်နေတာလဲ"

မုန့်က သူ့နောက်မှ ကလေးများကို လှမ်းမေးလိုက်သည်။

"သိမ်းငှက်"

မုန့် က သူ့အဖော်များ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်တွင် အနက်ရောင် အစက်ကလေး ပေါ်လာပြီး ထို အနက်ရောင် အစက်ကလေးမှာ တဖြည်းဖြည်း ပိုကြီးလာသည်။ ကြီးမားသော တိမ်တိုက်ကြီးများပင် သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ခြင်း မပြုနိုင်ပါ။

" ချာချာ..ချာချာ လာပြီ"

အမြွှာနှစ်ယောက်သည် စိတ်လှုပ်ရှားလွန်း၍ ထခုန်မိမတတ်ဖြစ်သွားသည်။ သူတို့က ရှောက်ရွှမ်နှင့် ခင်မင်နေကြသူများ ဖြစ်သဖြင့် ချာချာကို သိနေကြပြီဖြစ်သည်။

သို့သော် တခြားလူများက အမြင်မတူပေ။

မျိုးနွယ်စုထဲမှ လူများ၏ အမြင်တွင် ချာချာသည် ဆီဆာနှင့်အတူတူပင် ဖြစ်သည်။ သူတို့မျိုးနွယ်စုထဲတွင် နေရခြင်းသည် နတ်ဆေးဆရာက ခွင့်ပြုထားခြင်းကြောင့်ဖြစ်သည်။ လူအများစု၏ အမြင်တွင် ချာချာနှင့်ဆီဆာသည် သားကောင်ဖြစ်ရန် အရည်အချင်း မပြည့်ဝတော့ဟု ယူဆကြသည်။ သူတို့တွင် သဘာဝ သားကောင်များကဲ့သို့ ကြောက်မက်ဖွယ် သဘောသဘာဝမရှိတော့သောကြောင့်ဖြစ်သည်။ လူအများက သူတို့ကို ကြောက်မက်ဖွယ် သတ္တဝါ များ အဖြစ်မယူဆကြတော့ပေ။ နတ်ဆေးဆရာက ခွင့်ပြုလျှင်ပင် သူတို့က ချာချာနှင့်ဆီဆာကို အမဲလိုက်တော့မည် မဟုတ်။ ချာချာနှင့်ဆီဆာတို့သည် သူတို့ အတွက် စိန်ခေါ်မှု မဟုတ်တော့။

မျိုးနွယ်စု စစ်သည်များအတွက် အမဲလိုက်ခြင်းသည် အစွန်းဆုံသော ခွန်အားကို လိုက်ရှာခြင်းဖြစ်သည်။ ပိုမိုကြောက်မက်ဖွယ်ကောင်းသော သားရဲများကို လိုက်နိုင်လေ ပိုမိုစိတ်လှုပ်ရှားရပြီး အဓိပ္ပါယ် ပိုရှိလေဖြစ်သည်။ ကြောက်မက်ဖွယ် သဘောသဘာဝမရှိတော့သော သားရဲတစ်ကောင်သည် သူတို့ အတွက် အသုံးမဝင်တော့ပေ။

ခါတိုင်းဆိုလျှင် ချာချာကြီး ကောင်းကင်ပေါ်တွင် ပျံနေသည်ကို သူတို့ တွေ့နေကျပင်။ သို့သော် ချာချာ ဘာလုပ်မည်ဆိုတာကို သူတို့မသိပေ။

သူတို့သည် အသိဥာဏ်မဲ့သော သူများမဟုတ်ကြ။ သို့သော်ရှေးရိုးစွဲ အတွေးအခေါ်များနှင့် အမြင်များက သူတို့ကိုရှေးဟောင်းဒဿနများအတွင်းသာ ပိတ်မိနေစေသည်။ အမြွှာ၂ယောက်အပါအဝင် မျိုးနွယ်စုထဲမှ လူများသည် တိရစ္ဆာန်များကို အခြားနည်းလမ်းဖြင့် အသုံးပြု၍ရသည်ကို သူတို့မသိပေ။

ချာချာသည် ကောင်းကင်ပေါ်တွင် ပျံဝဲနေပြီး မြေပေါ်သို့ ဆင်းသက်လာခြင်းမရှိပေ။

ရှောက်ရွှမ်က လက်တစ်ချက်ရမ်း၍ အချက်ပြလိုက်သောအခါ ချာချာက ရှောက်ရွှမ်ဆီသို့ ဦးတည်ပျံသန်းသွား သည်ကို ကျန်သည့်လူများတွေ့လိုက်ရသည်။

လူစုထဲမှ လူတစ်ယောက်က " ဒီလောက် အမြင့်ကြီးကနေ ရှောက်ရွှမ် လက်ရမ်းပြတာကို သူတွေ့နိုင်တာလား" ဟုတီးတိုးရေရွတ်မိသည်။

ကလေးတစ်ယောက်က " ကျွန်တော့် အဖေပြောဖူးတာတော့ ဟိုးအမြင့်ကြီးကနေ မြေပြင်က ယုန်တစ်ကောင်ကို မြင်နိုင်တယ်တဲ့"ဟုပြောသည်။

"အရမ်းမိုက်တယ်"

"ဒါဆို ဟိုးအဝေးကြီးကနေ ဘေးရန် အန္တရာယ်တွေကို မြင်နိုင်ကြတာပေါ့၊ အဲဒီလိုသာဆို ငါ့အဖေ

အမဲလိုက်သွားရင်း အသက်ဆုံးရှုံးမှာ မဟုတ်ဘူးပေါ့"

တစ်ယောက်က တိုးတိမ်သော အသံဖြင့် ပြောရှာသည်။

ထိုစကားသံကို ကြားလိုက်သောအခါ အားလုံး၏တီးတိုးသံများပျောက်ဆုံးသွားသည်။

မှန်သည် ငှက်တစ်ကောင်၏ အားသာချက်ဖြစ်သည့် အန္တာရာယ်ကို အဝေးမှ မြင်နိုင်စွမ်းက လူတွေအမဲလိုက်ရာတွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လေ့ရှိသော ဘေးရန်များကို ကာကွယ်နိုင်ပေလိမ့်မည်။

အားလုံး၏အတွေးများက အတူတူပင်ဖြစ်သည်။

သို့သော် သားရဲတစ်ကောင်က ထိုသို့ ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့မထင်သေးပေ။ တိရစ္ဆာန်က တိရစ္ဆာန်သာဖြစ်သည်။ သူတို့သည် လူသားများလို စကားမပြောနိုင်။ သိမ်းငှက်ဆိုသည်မှာလည်း ပျံသန်းနိုင်သည့် ငှက်တစ်ကောင်သာ။

"ဝှစ်"

ခနဲလေတိုးသံတစ်ချက် နှင့်အတူ အမည်းရောင် အရိပ်တစ်ခုကျရောက်လာပြီး အနီးရှိ ဆီးနှင်းများ ဖွာထွက်သွားသည်။

လူတွေက လှမ်းကြည့်လိုက်သည်။

အတောင်ပံများကို ခတ်ရင်း ချာချာသည် ရှောက်ရွှမ်၏ပုခုံးပေါ်တွင် နားလိုက်သည်။

လူတွေအများကြီးရှိနေသော်လည်း ချာချာသည် ကြောက်ရွံ့ခြင်း မရှိ။ လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူတစ်ယောက်တည်းရှိနေသကဲ့သို့ သူ့အမွှေးများကို သပ်နေလေသည်။

ရှောက်ရွှမ်က အမြွှာ၂ယောာက်နှင့် ချာချာ စကားပြော၍ရရန် သူ့လက်မောင်းကို နည်းနည်းနှိမ့်ပေးလိုက်သည်။

ယမ်နှင့် ကွမ်းတို့က သူတို့နာမည်ကျောက်ပြားကို ထုတ်လိုက်ပြီး ချာချာကို ပြောသည်

" ချာချာရေ..သစ်ပင်ထိပ်က သစ်ကိုင်းမှာ ဒီကျောက်ပြားလေးချိတ်ပေးပါ..ဟုတ်တယ်...အဲဒီအပင်ပဲ... အပင်ထိပ်ဖျားမှာ သစ်ကိုင်းတွေအများကြီးရှိတယ်..ဘယ်သစ်ကိုင်းပဲ ချိတ်ချိတ်ရတယ်"။

ကျောက်ပြားများမှာ သိပ်မကြီးပါ၊ ကလေးလက်ဝါး တစ်ဝက် သာသာလောက်သာရှိသည်။ ကျောက်ပြားတွင် အပေါက်ငယ်တစ်ခုဖောက်ထားကာ သားရေကြိုးဖြင့်ဆွဲထားသည်။ တောင်အထက်အလယ်ပိုင်းမှ ကလေးများတွင် ထိုကဲ့သို့ကျောက်ပြားလေးများရှိကြသည်။ တချို့မိဘများက ကလေးများမမွေးခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသည်။ တချို့က မွေးပြီးမှ ပြုလုပ်ပေးကြသည်။ တချို့မိဘများက သူတို့ကလေးများ၏ နာမည်ကျောက်ပြားများကို တခြားကလေးများနှင့် မတူအောင် ပြုလုပ်ပေးသည်။

ကျောက်ပြားလေးများကို ကျောက်သား အကောင်းစားနှင့်ပြုလုပ်ထားပြီး သားရေကြိုးကို ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကောင်၏ သားရေ နှင့် ပြုလုပ်ထားသည်။ ထို့ကြောင့် ထိုနာမည်ကျောက်ပြားလေးများသည် တော်ရုံနှင့် မပျက်စီးနိုင်ပေ။

တခြားကလေးများက သူတို့ကို ကြည့်နေသော်လည်း ယမ်နှင့်ကွမ်းက ချာချာကို စကားလှမ်းပြောနေသည်။ အများစုက တိရစ္ဆာန်တစ်ကောင်သည် လူစကားနားလည်နိုင်မည်ဟု မယုံကြည်ကြပါ။ အမြွှာ၂ယောက်က ချာချာကို စကားလှမ်းပြောနေသည်ကို တွေ့လိုက်သောအခါ လူများက အံ့သြသွားသည်။

"သိမ်းငှက်က လူစကားနားလည်တာလား"

"တောထဲက သားရဲတွေက အသိဥာဏ်မြင့်တယ်လေ"

"နားလည်တယ်ထားဦး..သားရဲတစ်ကောင်က လူမှာတဲ့အတိုင်း အတိအကျ လုပ်နိုင်ပါ့မလား"

"မဖြစ်နိုင်ဘူး ထင်တယ်..ငါ့အဖေပြောဖူးတာက တောထဲက တိရစ္ဆာန်တွေက ကြောက်စရာကောင်းတယ်လို့ ပြောတယ်..ငါတို့ပြောတဲ့ စကားတွေကိုနားလည်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကလေးများသည် သိမ်းငှက်များနှင့် ငှက်များအကြောင်းကို သူတို့ကြားဖူးသမျှ ပြောနေစဥ် အမြွှာ၂ယောက်က ချာချာကို လက်နှင့်ထိလိုက်သည်ကို တွေ့လိုက်ရသည်။ အားလုံးလည်း တိတ်ဆိတ်သွားပြီး ထိုအဖြစ်ကို ကြည့်နေကြသည်။

အမြွှာ၂ယောက်က သူ့ကို လာကိုင်တော့ ချာချာနည်းနည်း စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ချာချာက ကလေး၂ယောက်၏ လက်ကို ပေါက်လိုက်သည်ကို တွေ့လိုက်သောအခါ ကလေးအားလုံး၏နှလုံးခုန်နှုန်း မြင့်တက်သွားသည်။ မန် နှင့် အခြားမျိုးနွယ်စုစစ်သည် များပင် ထိုအဖြစ်ကို ကြက်သေသေရင်း ကြည့်နေမိသည်။ ဟုန်သည်...အမဲလိုက် အတွေ့အကြုံရှိသူတိုင်း သိမ်းငှက်များသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိကြသည်။အားကွမ် ကန်သည်ကိုခံလိုက်ရသော ကောင်လေးဆိုလျှင် ရင်တထိတ်ထိတ်ခုန်နေသည်။ သိမ်းငှက်နှုတ်သီးနှင့်ပေါက်ခံရသည်ဆိုပါက ဒဏ်ရာ အလွန်ပြင်းထန်သည်ဟု ဆိုကြသည်။

သို့သော် အားလုံးက အံ့သြသင့်သွားလေသည်။ အမြွှာ၂ယောက်တို့မှာ လက်ကို နှုတ်သီးနှင့် အပေါက်ခံလိုက်ရသော်လည်း ဘာဒဏ်ရာမျှ မရပေ။

သေချာပြီ ငှက်ကြီးသည် လူနှင့်အနေနီးသည်မှာ ကြာပြီဖြစ်၍ မည်သို့ပေါက်ရမလဲ မသိတော့သည် ဖြစ်မည်။ တောအုပ်ထဲမှ ငှက်များကဲ့သို့ ၄င်း၏နှုတ်သီးမှာ မာကြောမှုမရှိတော့။ အချို့လူများက ထိုအရာကို ကြည့်ရင်း ချာချာကို အထင်သေးသွားသည်။ မောင်ဘက်မှ ကလေးတစ်ယောက်က ချာချာနားသို့ တုတ်တစ်ချောင်းကိုင်ကာ ချဥ်းကပ်သွားသည်။ သူကချာချာကို ကိုင်လိုသော်လည်း လက်နှင့် မကိုင်ဝံ့ပေ။ထို့ကြောင့် တုတ်နှင့် တို့ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

တုတ်က သူအနားမရောက်မီ ချာချာက အတောင်ပံခတ်လိုက်ပြီး နှုတ်သီးနှင့်လှမ်းပေါက်လိုက်သည်။

တုတ်ကိုကိုင်ထားသော ကောင်လေး၏လက်မှာထုံကျင်သွားသည်။ သစ်သားတုတ်ကို သေချာကြည့်မည်ဆိုပါက တုတ်တွင် အပေါက်တစ်ခုဖြစ်သွားသည်ကို မြင်ရမည်ဖြစ်သည်။ တုတ်က လုံးပတ်သေးလျှင်မူ ကျိုးသွားမည် ဖြစ်သည်။

အခုတော့ ဘယ်သူမှ ဘာမှ မပြောရဲတော့။

ချာချာကို သံသယဝင်သည်ဆိုပါက ချာချာကို လက်နှင့်ကိုင်ကြည့်နိုင်သည်။ သို့သော် လူများမှာ အဲဒီလောက် မရူးမိုက်ပါ။ ချာချာက ထိုကလေးကို ခြေထောက်နှင့်ရွယ်လိုက်သော်လည်း ရှောက်ရွှမ်က လှမ်းတားလိုက်သည်။

"ခွင့်ပြုချက်မရဘဲ သွားကိုင်ရင် တိုက်ခိုက်ခံရလိမ့်မယ်"

ရှောက်ရွှမ်ကပြောလိုက်လေသည်။

ခဏကြာတော့ အမြွှာ၂ယောက်လည်း ချာချာနှင့်စကားပြောပြီးသွားပြီ ဖြစ်ပြီး သူတို့နာမည်ကျောက်ပြားများကို ချာချာ့ကို ပေးလိုက်လေသည်။ ကျောက်ပြားနှစ်ခုမှာ တစ်ခုပေါ်တစ်ခု ထပ်လျက်သားရှိပြီး သားရေကြိုး တစ်ခုနှင့် ပူးချည်ထားသည်။

"ငါတို့ကို ကူညီရင် နင့်အတွက် ငါ့အဖေဆီက အသားကောင်းကောင်းတောင်းပေးမယ်"

အားကွမ်းက ချာချာကိုပြောသည်။

"သွားတော့"

ရှောက်ရွှမ်က အမိန့်ပေးလိုက်သည်။

ချာချာလည်း အတောင်ပံခတ်လိုက်ပြီး သူ့ခြေထောက်များကို လှုပ်ရှားလိုက်သည်။ ပျံသန်းရင်းနှင့် ကလေး၂ယောက်၏ နာမည်ကျောက်ပြားများကို တခါတည်း ဆွဲယူသွားသည်။ မျက်တောင်တခတ်အတွင်း ချာချာသည် ကောင်းကင်ပေါ်သို့ရောက်သွားလေသည်။

ရှောက်ရွှမ်က ချာချာကို ထိုကဲ့သို့ လေ့ကျင့်ခန်းပေါင်းများစွာ လေ့ကျင့်ပေးထားပြီးသားဖြစ် သလို တချို့လေ့ကျင့်ခန်းများမှာ ယခုအလုပ်ထက်ပင် ခက်ခဲသေးသည်။ ထို့ကြောင့် အမြွှာ၂ယောက်၏ နာမည်ကျောက်ပြား ချိတ်ဆွဲပေးသည့်အလုပ်မှာ ချာချာ့အတွက် အလွန်လွယ်ကူသောအလုပ်ဖြစ်သည်။ ရှောက်ရွှမ်က ချာချာ့ကို လုံးဝစိတ်ချထားပြီးသား ဖြစ်သည်။

လေ့ကျင့်ရေးကွင်းတွင် လူများက ချာချာကြီး ကျောက်သစ်ပင်ဆီသို့ ပျံသန်းသွားသည်ကို ဝိုင်းကြည့်နေကြသည်။

လူများက ထိုငှက် ဘယ်အချိန်တွင် အရှိန်လျော့မည် ပင်စည်နှင့် နီးကပ်သွားသော အခါ ဘာလုပ်မည်ဆိုသည်ကို စောင့်ကြည့်နေကြသည်။ ချာချာက အရှိန်လျှော့ချခြင်းမပြု။ လေတချက်ဝှေ့လိုက်သလို ချာချာက အပင်ထိပ်ဖျားသို့ရောက်သွားသည်။

လူများက ချာချာမည်သို့ လှုပ်ရှားလိုက်သလဲ မတွေ့လိုက်ပါ။သူတို့မျက်လုံးထဲတွင် အပင်ထိပ်ဖျားတွင် နားနေသည်ကိုသာ တွေ့လိုက်သည်။

"အမိန့်ပေးထားတဲ့အတိုင်း မလုပ်ဘူး"

လူတစ်ယောက်က ပြောလိုက်သည်။ သူ့အသံသည် စိတ်ပျက်သွားလေသံပေါက်နေသည်။

"မဟုတ်ဘူး..နာမည်ကျောက်ပြားတွေက သစ်ကိုင်းမှာ ချိိတ်ပြီးသွားပြီ"

မုန့်အနောက်တွင် ရပ်နေသော တစ်ယောက်က ပြောလိုက်သည်။

မျိုးနွယ်စုစစ်သည်များသည် သာမန်ကလေးများကဲ့သို့ မဟုတ် အမြင်အာရုံပိုစူးရှသည်။

ထိုစကားသံကို ကြားပြီးနောက် ကျောက်သစ်ပင် ထိပ်ဖျားမှာ ဒေါင်ခနဲ မြည်သံတစ်ချက်ကို ကြားလိုက်ရသည်။ ကျောက်ပြားများ သစ်ပင်တွင်ကပ်နေသော ရေခဲတို့ကို ထိမိပြီး ထွက်လာသောအသံဖြစ်သည်။

နာမည်ကျောက်ပြားများ သစ်ပင်ထိပ်တွင်ချိတ်ပြီးနောက် သစ်ကိုင်းတလျှောက် လျှောကျသွားသည်။ ထိုကဲ့သို့ ရာသီမျိုးတွင် မကြာမီအချိန်အတွင်း သားရေကြိုးမှာ ရေခဲများဖြင့် ဖုံးအုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် လေဘယ်လောက် တိုက်တိုက် ကျောက်ပြားများက ပြုတ်ကျမည်မဟုတ်တော့ပေ။ ဆောင်းရာသီကုန်သောအခါ ရေခဲများပျော်သွားမည် ဖြစ်ပြီး သစ်ကိုင်းထိပ်ဖျားတွင် မီးခိုးရောင် သစ်ရွက်များ များစွာ ကျန်ခဲ့မည်ဖြစ်သည်။ ထို့ကြောင့် နာမည်ကျောက်ပြားများသည် လေတိုက်ခြင်းကြောင့် အောက်ပြုတ်ကျမည် မဟုတ်ပေ။ လေဘယ်လောက်ပြင်းပြင်း တစ်ယောက်ယောက်က အပင်ပေါ်တက် မဖြုတ်မချင်း ကျောက်ပြားများက အောက်ပြုတ်ကျမည်မဟုတ်ပေ။

မုန့်တစ်ယောက် စိတ်များရှုပ်ထွေးသွားသည်။

သူတို့ဘက်က ငှက်ကို အသုံးပြု၍ နာမည်ကျောက်ပြားကို ရအောင် ချိတ်သွားပြီဖြစ်သည်။

ဒါကို နည်းလမ်းတစ်ခု အဖြစ် ခွင့်ပြုရမည်သာ။

စည်းကမ်းကို လည်းဖောက်ဖျက်ရာမကျပေ။

သူတို့သည် ထိုသို့ဖြစ်လာမည်ဟု တွက်မထားပေ။ သူတို့၏စိတ်ထဲတွင် တိရစ္ဆာန်များ အထူးသဖြင့် ကြောက်မက်ဖွယ်သားရဲများသည် သတ်စားရန်သာဟု ယူဆထားကြသည်။ တိရစ္ဆာန်များသည် လူသားတို့နှင့် ဆန့်ကျင်ဘက်သာဖြစ်သည်။

တိရစ္ဆာန်များသည် ဘာကြောင့် ထိုသို့ ပြုမူကြသနည်း။ ဆီဆာလည်း ထိုသို့ ပြုမူသည်။ အခုချာချာလည်း ထိုသို့ ပြုမူသည်။ ရှောက်ရွှမ်၏လက်မောင်းပေါ်သို့ ချာချာ နားလိုက်သောအခါ အားလုံး၏ စိတ်ထဲတွင် တွေးလိုက်မိသည်။

သူတို့သည် ထိုကဲ့သို့ တိရစ္ဆာန်တစ်ကောင်ကို လေ့ကျင့်ပေး၍ မဖြစ်နိုင်ဟုယူဆထားကြသည်။ သူတို့မည်မျှကြိုးစား ကြိုးစား မအောင်မြင်နိုင်သော်ငြား။ ရှောက်ရွှမ်ကတော့ ဖြစ်အောင်လုပ်ပြသွားပေပြီ။

All Chapters