← Chapters

အရည်အချင်းပြည့်ဝမှု

Vol. 8 Ch. 111

အရည်အချင်းပြည့်ဝမှု

Vol. 8 Ch. 111

ယခု ပထမမီးတောက်...အမြင့်သို့ပျံနေသော မီးတောက်။နတ်ရုပ်လည်းပေါ်ထွက်လာပြီ။

သူ့ကိုယ်ထဲမှ နတ်စွမ်းအင်များသည် နှိုးဆွစရာမလိုဘဲ နတ်စွမ်းအင်က နိုးထလာသည်။ နတ်စစ်သည်တိုင်း၏ မျက်နှာပေါ်တွင် နတ်အမှတ်အသားများ ပေါ်ထွက်လာပြီ။

ရှောက်ရွှမ်၏ စိတ်ထဲမှ အပြာရောင်နှင့် အဖြူရောင်များသည် မီးတောက်နှင့်အတူ ကခုန်နေလေသည်။

သူ့စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်သလား။ ရှောက်ရွှမ်စိတ်ထဲတွင် မီးဖိုအတွင်းမှ မီးတောက်များသည် မနှစ်ကထက် ပိုကြီးနေသလို ခံစားရသည်။ မီးဖိုအတွင်းမှ အပြင်ကို ရုန်းထွက်နေသလို မီးတောက်များက ကြမ်းတမ်းစွာ ကခုန်နေသည်။

ကျွန်းသစ်ပုံဘေးတွင် ရပ်နေသော သူများသည် စိတ်ရှိသလို လှုပ်ရှား၍မရပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် တခြားလူများ၏ မျက်နှာကို ကြည့်ခွင့်မရှိပေ။ တခြားလူများလည်း သူတွေးမိသလို တွေးချင်တွေးမိကြပေလိမ့်မည်။ သို့သော် နတ်ဆေးဆရာ၏ အသံကတော့ ပုံမှန်ပင် ဖြစ်သည်။ သူသာ သံသယဝင်နေခြင်း ဖြစ်ချင် ဖြစ်မည်။

ထိုအချိန်တွင် ရိုးရာအခမ်းအနားသို့ရောက်နေသည့်သူတိုင်းသည် တခြားအတွေးများ မတွေးနိုင်ပေ။ သူတို့မြင်ရသည်မှာ မီးဖို အပေါ်အလယ်ပိုင်းရှိ နတ်ရုပ်သာဖြစ်သည်။ မီးပုံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်နေသည်။ တောင်ထိပ်တစ်ခုလုံး အနီရောင်များ ရဲရဲတောက်နေလေသည်။

နတ်ဆေးဆရာ၏ သီချင်းသံက နက်ရှိုင်းစွာ ပဲ့တင်ရိုက်ခတ်နေသည်။

"ဒုံ...ဒုံ...ဒုံ"

ဗုံများသည် အထူးစည်းချက်သံသို့ ပြောင်းသွားသည်။ အရိုးများ ရိုက်ခတ်သံနှင့် ကျောက်တုံးများတီးခတ်သံတို့က ရှောက်ရွှမ်တို့ကို စတင်ကရန် အချက်ပေးလိုက်သည်။

နတ်ဆေးဆရာ၏ သီချင်းသံနှင့်အတူ ကျွန်းသစ်ပုံဘေးမှ လူများသည် မီးဖိုတွင်းကြီးပတ်ပတ်လည်တွင် ကခုန်နေကြသည်။

ရိုးရာအကသည် မျိုးနွယ်စု စတင်တည်ရှိစဥ်ကတည်းက မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။ရှောက်ရွှမ်က အစကတော့ အထင်သေးမိသည်။

ကကွက်များသည် သိပ်တော့ မခက်ခဲလှပေ။ လူအများရှေ့တွင် မုန်လာဥတူးခြင်း၊ ပန်းကန်ဆေးခြင်း၊ ကောဇောခါခြင်း စသည့် ကကွက်များကို ကရသည့်အတွက် ရှိူးတိုးရှန့်တန့်မဖြစ်တော့ပေ။ အခြေအနေအမှန်က ရှောက်ရွှမ်သည် ရိုးရာအကတွင်ပါဝင်သော အနှစ်သာရ ကိုနားလည်သွားပြီဖြစ်သည်။ သူ့စိတ်ထဲတွင် စိတ်အနှောင့်အယှက် ဖြစ်ခြင်းလည်း မရှိတော့။

လူ၅၀၏ ခြေဆောင့်သံနှင့် လက်ဝှေ့ယမ်းသံများက ပတ်ဝန်းကျင်သို့ ညီညာစွာ ရိုက်ခတ်သွားသည်။

အစကတော့ စည်းချက်သည် အနည်းငယ်ထူးဆန်းနေသည်။ သို့သော် စည်းချက်နှင့် အသံသည် ကကွက်နှင့်ပေါင်းစပ်လိုက်သောအခါ လိုက်လျောညီထွေဖြစ်သွားသည်။ ဗုံသံနှင့် စည်းချက်လှိုင်းများက တောင်ထိပ်တဝိုက် တလှိုင်းပြီးတလှိုင်း ပျံ့နှံ့သွားသည်။

ရှောက်ရွှမ်သည် ကကွက်များကို အိမ်တွင် သေချာလေ့ကျင့်ထားသဖြင့် အကွက်တိုင်းကို အလွတ်ရနေလေသည်။ ဘယ်ကကွက်ပြီးလျှင် ဘယ်ကကွက်လာမည်၊ ဘယ်အချ်ိန်တွင် ဘယ်ကကွက်သုံးရမည်ကို ကောင်းကောင်းသိသွားလေပြီ။ ကကွက်များကို သူမမေ့တော့။

ကနေသောအခါ ရှေးဟောင်း အဆုံးအမများက ညွှန်ပြထားသည့် အတိုင်း တိကျစွာလိုက်နာသည်။ ထွော်မှာသင်ထားသည့် အတိုင်းသူကသည်။ ကနေစဥ်အတွင်း အထူး အသက်ရှူနည်းကို သူအသုံးပြုသည်။ သို့မှသာ သူနှင့် နတ်ရုပ် ချိတ်ဆက်မိမည် ဖြစ်သည်။

မကြာမီအချိန် အတွင်း ရှောက်ရွှမ်တစ်ယောက် သူ့စိတ်သည် သူ့အနီးအနားရှိအရာများနှင့် ဆက်နွယ်နေသည်ဟု ခံစားလာရသည်။

သူ့စိတ်ထဲမှ နတ်ရုပ်နှင့်အတူ မီးဖိုတွင်းထဲမှ နတ်ရုပ်တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာသည်။ ရှောက်ရွှမ်သည် မီးပုံအတွင်းမှ နတ်ရုပ်က သူ့စိတ်ထဲက နတ်ရုပ်ကို လွှမ်းမိုးမှု ရှိသည်လား မရှိသည်လား သူမသေချာပါ။

တခြားစစ်သည်တော်များ မည်ကဲ့သို့ အခြေအနေဖြစ်နေသည်ကို သူမသိ။ သို့သော် ထိုအပြောင်းအလဲ ကိုသေချာမှတ်မိနေရန် သူ သေချာအာရုံစိုက်ထားသည်။

ကွဲပြားမှုကိုပြောရမည်ဆိုလျှင် သူ့စိတ်ထဲမှ နတ်ရုပ်အောက်ခြေတွင် အပြာရောင်မီးတောက်များရှိပြီး မီးဖိုတွင်းမှ နတ်ရုပ်အောက်ခြေတွင် အပြာရောင်မီးတောက်များ မရှိပေ။

ရှေးဟောင်းလမ်းညွှန်မှုများက ဆိုထားသည်မှာ မီးပုံအတွင်းမှ နတ်ရုပ်နှင့် ဆက်သွယ်မိရန်အကောင်းဆုံး ကြိုးစားရမည်ဟု ဖြစ်သည်။ ရှောက်ရွှမ်၏စိတ်ထဲတွင် သူသည် နတ်ရုပ်နှင့် ကောင်းစွာ မဆက်သွယ်မိသေးဟုထင်သည်။ ထို့ကြောင့် စိတ်ထဲမှ အပြာရောင်မီးတောက်များကို ကြိုးစားနှိုးဆွလိုက်ပြီး သူ့စိတ်ထဲမှ နတ်ရုပ်နှင့် ဆက်သွယ်မိရန် ကြိုးစားသည်။

ရှောက်ရွှမ်၏စိတ်ထဲတွင် အပြာရောင်မီးတောက်များ ပိုမိုများပြားလာပြီး၊ သူ့စိတ်ထဲမှ နတ်ရုပ်သည် ပိုမို ကြီးထွားလာသည်။

ထိုအချိန်မှာပင် မီးဖိုတွင်း အတွင်းမှ မီးတောက်သည် ကောင်းကင်သို့ ထိုးတက်မည့်အလား ရုတ်တရက် မြင့်တက်လာသည်။ မီးတောက်သည် မူလအရွယ်အစားထက်၂ဆပိုမို ရုတ်ချည်းကြီးထွားသွားသဖြင့် အသက်ကြီးသော စစ်သည်တစ်ယောက်မှာ ထိတ်လန့်သွားပြီး ကကွက်များမှားမလို ဖြစ်သွားသည်။ ရိုးရာအခမ်းအနားတွင် ထိုသို့ဖြစ်သည်ကို သူမတွေ့ဖူးပါ။

ကံကောင်းစွာနှင့် အမှားမလုပ်မိအောင် တိတ်ဆိတ်စွာ ထိန်းချုပ်လိုက်နိုင်ပြီး ဆက်လက်၍ ကခုန်နေသည်။

ကျန်သည့် အရာများကတော့ ပုံမှန်အတိုင်းဆက်လက်လှုပ်ရှားနေသည်။ သို့သော် လူအများ၏စိတ်ထဲတွင် စစ်သည်တော်၅၀ ရိုးရာအကကို ကနေသည်ကို ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဟုခံစားနေရသည်။ကြည့်ရသည်မှာ လက်နှင့်ခြေများကို လှုပ်၍ ကနေသော မီးပုံဘေးမှ ရိုးရာကချေသည်များနှင့် မတူတော့ချေ။ သူတို့ကို ကြည့်ရသည်မှာ ကခုန်နေသည်နှင့်မတူတော့။ သူတို့ကို ကြည့်ရသည်မှာ အချိန်မရွေးအမဲလိုက်ထွက်နိုင်ရန် ကျောက်လက်နက်များနှင့် လှံများကို အသင့်ပြင်ထားသော စစ်သည်တော်များနှင့်တူလာသည်။

အတွေ့အကြုံရှိသော ရိုးရာကချေသည်များသည်ပင် ယခုတစ်ခေါက်သည် အတိတ်တုန်းက ရိုးရာ ကပွဲများနှင့်မတူတော့ဟုခံစားမိသည်။ သူတို့၏ သွေးများဆူပွက်လာပြီး စိတ်လှုပ်ရှားမှုကို ထိန်းသိမ်း၍မရတော့ပေ။

အယောက် ၅၀ က တစ်သားတည်းဖြစ်သွားသော အရှိန်အဟုန်သည် အားကောင်းလှပြီး ကြောက်မက်ဖွယ်ကောင်းကာ မမြင်ရသော စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ပေးသည်နှင့်တူနေသည်။

ရှောက်ရွှမ်အနေဖြင့် တင်စားပြီးပြောဆိုရမည်ဆိုလျှင် ပန်းကန်ဆေးသည့် ကကွက်သည်ပင်လျှင် ကြီးကျယ်ခမ်းနားကာ သူရဲကောင်းဆန်နေသည်ဟု ပြောရမည်။

မည်သူမှ သတိမပြုမိခင် မီးဖိုအတွင်းမှ မီးတောက်သည် နောက်တဆင့်သို့ ကူးပြောင်းသွားသည်။ မီးဖိုတွင်းထဲမှ မီးလုံးကြီးများ ပျံတက်လာပြီး ဘေးပတ်ဝန်းကျင်သို့ပျံ့နှံ့သွားသည်။ မီးဖိုအတွင်းမှ မီးတောက်သည်ပိုမိုကြီးထွားလာသဖြင့် မီးလုံးကြီးများမှာလည်း သာမန်ထက် ပိုကြီးလာသည်ဟုထင်ရသည်။

အထူးနည်းဖြင့် အသက်ရှူခြင်း နှင့် နတ်ရုပ်ကို အာရုံစိုက်၍ အာနာပါန ရှူခြင်းတို့ကြောင့် ရှောက်ရွှမ်သည် မီးလုံးကြီးများ သူဆီသို့ ပျံလာသည်ကိုခံစားလိုက်ရသည်။

မီးလုံးများက သူ့ကို ထိတွေ့သလို သူကလည်း မီးလုံးများကို ကိုယ်တွင်းသို့ စုပ်ယူလိုက်သည်။

သူ့ကိုယ်တွင်းတွင် အတွင်းအားလှိုင်းသစ်တစ်ခုဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ ပျံသန်းနေသော မီးလုံးကြီးများမှ ပေးသော အတွင်းအားဖြစ်သည်။ ထိုအတွင်းအားများသည် သူ့အသွေးအသားများထဲသို့ စီးဝင်သွားသည်။

မီးလုံးများကို စုပ်ယူပြီးနောက် သူ့စိတ်ထဲမှ နတ်မီးတောက်သည် လျင်မြန်စွာကြီးထွားလာသည်။

အခြားသူများသည် မီးလုံးများမှ စွမ်းအင်ကို စမ်းချောင်းငယ်ကလေးများကဲ့သို့ စုပ်ယူသည်ဆိုလျှင် မီးပုံဘေးတွင် ကခုန်နေသူများက သမုဒ္ဒရာထဲသို့ မြစ်များ စီးဝင်နေသကဲ့သို့ စွမ်းအင်များကို စုပ်ယူနေလေသည်။ ရိုးရာကချေသည်တစ်ယောက်၏ အားသာချက်ပင်ဖြစ်လိမ့်မည်ဟု ရှောက်ရွှမ်ထင်မိသည်။

မိုင်နှင့် သူ့သူငယ်ချင်းများပြောဆိုနေသည်ကို ကြားဖူးသည်။ လူတစ်ယောက်၏ စိတ်တွင်းမှ မီးတောက် အခြေအနေသည် သူ၏တိုးတက်မှု အမြန်နှုန်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရိုးရာအခမ်းအနားကျင်းပနေစဥ်အတွင်း မီးပုံဘေးတွင် နေရသူသည် သူ့အတွက် အကျိုး အလွန်များသည်မှာ သေချာသည်။ အဖွဲ့နှစ်ဖွဲ့မှ ခေါင်းဆောင်များသည် သူတို့အဖွဲ့မှ စစ်သည်တော်များ ရွေးချယ်ခံရသူအယောက် ၅ရထဲတွင် ပါဝင်ခွင့်ရရန် အပြင်းအထန် ကြိုးစား ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ရွေးချယ်ခံရသူသည် အယောက် ၅၀ထက်မပိုပေ။

ရိုးရာအခမ်းအနားကို ဆက်လက်ကျင်းပနေသဖြင့် ရှောက်ရွှမ်၏ စိတ်အာရုံမှာ တခြားနေရာကို ပျံ့နှံ့၍ မရပေ။

တတိယမီးတောက် တောင်လောင်ချိန်တွင် အခမ်းအနားပြီးဆုံးချိန်သို့ ရောက်ပေပြီ။

တတိယမီးတောက်သည် မည်သည့် အဓိပ္ပါယ်ကို ဆောင်သလဲ ရှောက်ရွှမ်မသိ။ သို့သော် နတ်ဆေးဆရာက အားလုံးကို အော်ပြောလိုက်သည်"ကျက်သရေ မင်္ဂလာအပေါင်းခညောင်း ကြစေ"။

ကလေး၈၀၏ စွမ်းအင်နိုးထခြင်း အခမ်းအနားလည်း ပြီးဆုံးလေပြီ။

ရှောက်ရွှမ်သည် ကနေသည်ကို ရပ်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ကလေးအားလုံး၏မျက်နှာပေါ်တွင် နတ်အမှတ်အသားများပေါ်နေသည်ကို တွေ့လိုက်ရသည်။ သေချာအောင်ထပ်ကြည့်လိုက်သည်။ ဘယ်ကလေးမှ မကျန်ခဲ့သည်ကို သူတွေ့လိုက်ရသည်။

အတိတ်တုန်းကဆိုလျှင် ကလေးတချို့ကျန်နေခဲ့သည်ကို တွေ့လိုက်ရသည်။ ကျန်ခဲ့သည့်ကလေးများသည် နောက်တစ်နှစ်စောင့်ရသည်။ ယခုနှစ်တွင်တော့ ကလေးအားလုံးပါဝင်သည်။

ရှောက်ရွှမ်သာမဟုတ် နတ်ဆေးဆရာကလည်း ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ကလေးများကို နတ်ဆေးဆရာ၏ နေရာသို့ ခေါ်လာသောအခါ ကလေး၄ယောက်သည် စွမ်းအင်နိုးထလာခြင်းမရှိနိုင်ဟု ဆိုကြသည်။ သို့သော် ကလေးအားလုံး စွမ်းအင်နိုးထလာသဖြင့် အားလုံးက အံ့သြသင့်နေကြသည်။

နတ်ဆေးဆရာသည် ပြန်ခါနီးတွင် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ ပြီးနောက် မြေပြင်ကို စိုက်ကြည့်သည်။ အကြီးအကဲအော့က ရိုးရာအခမ်းအနားမှ ရလာသော သူ့အကြံကို ပြောနေသည်။ ထို့နောက် လုပ်စရာရှိသည့်အရာများကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေတော့သည်။

ရိုးရာ အခမ်းအနား ပြီးဆုံးလေပြီ။ အားလုံးလည်း တောင်အောက် သို့ပြန်ဆင်းရန် ပြင်ဆင်နေကြသည်။ နတ်ဆေးဆရာက လာမယ့်နှစ်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံမည်ဟု ဟောကိန်းထုတ်လိုက်သည်။

ရှောက်ရွှမ်သည် ထွော်၊ ကျဲပါ့တို့နှင့် စကားပြောပြီးနောက် လောင်ခဲ့နှင့်အတူ တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။

နောက်ကို လှည့်လိုက်တော့ ရှောက်ရွှမ်သည် အမြွှာ၂ယောက်နှင့် စကားပြောနေသော မိုင်နှင့်ချောင်ကို တွေ့လိုက်ရသည်။

"ဟေ့..အားရွှမ်..ဆီဆာ ကိစ္စအတွက် မင်းရက်၂၀ အချိိန်ရတယ်" မိုင်က ပြောသည် "ဒါပေမဲ့ မင်းက အယောက် ၅၀ ထဲပါသွားပြီဆိုတော့ ဆီဆာကိစ္စက လုပ်ရပိုလွယ်သွားမှာပေါ့" ။

မနှစ်ကတုန်းက ထာ့တို့အဖွဲ့သည် အရင်ဆုံး အမဲလိုက်ထွက်ရသည်။ မျိုးနွယ်စု၏ မူဝါဒအရ အမဲလိုက်အဖွဲ့၂ဖွဲ့သည် အလှည့်ကျထွက်ရမည်ဖြစ်သည်။ ယခုနှစ်တွင် ကွေ့ဟယ် သည် သူ့အမဲလိုက်အဖွဲ့ကို ဦးဆောင်ထွက်လာမည် ဖြစ်ပြီး ၊ ထာ့တို့အဖွဲ့က ဒုတိယမြောက် ထွက်လာမည် ဖြစ်သည်။ ထို့ကြောင့် ရိုးရာအခမ်းအနား ပြီးဆုံးချိန်တွင် ရှောက်ရွှမ်အတွက် သူ့အမဲလိုက်အဖွဲ့များ မှ လူများကို သွေးဆောင်ရန် ရက် ၂၀အချိန်ရသည်။ ထာ့ကိုလည်း အကြောင်းကြားရမည်။ ထာ့သည် အမဲလိုက်အဖွဲ့ပေါင်းစုံ၏အမည်စာရင်းကို သူ့အမိန့်အောက်တွင် အပြီးသတ်ဖြည့်သွင်းသည့်သူ ဖြစ်သည်။

နတ်ဆေးဆရာလည်း ထိုအချက်ကို သိလိမ့်မည် ဖြစ်သည်။ ရှောက်ရွှမ်က ဒီနှစ်အမဲလိုက်ထွက်လျှင် ဆီဆာကို ခေါ်သွားရန် ရည်ရွယ်ထားသည်။ သူသည် အမဲလိုက်အဖွဲ့အတွင်း တစ်နှစ်ခန့်လိုက်ပြီးနောက် အမဲလိုက်ထွက်သည့်အခါ ဆီဆာကို ခေါ်သွားပါက မည်မျှ အကျိုးအပြစ် ရှိမည်ကို အကဲဖြတ်မှုများ ပြလုပ်ထားသည်။ ထိုအကဲဖြတ်မှုများသည် သီအိုရီ အရသာ ရှိသေးပြီး တကယ့်တောအုပ်ထဲတွင် ဘာမဆို ဖြစ်လာနိုင်သည်။ ဘယ်သူကမှ အာမခံချက်မပေးနိုင်ပေ။ သတိဝီရိယ ရှိသည်က မမှားပေ။

ထို့ကြောင့် ရှောက်ရွှမ်သည် စိတ်ချရမည့် အစီအစဥ်တစ်ခုဆွဲထားသည်။ အမဲလိုက်ခရီးစဥ်တွင် ဆီဆာသာ ကောင်းကောင်းမပြုမူလျှင် သူသည် ရောက်သည့်နေရာတွင် ဆီဆာနှင့် အတူ နေခဲ့ရန် စီစဥ်ထားသည်။ သို့မှသာ အခြားလူများအတွက် အနှောင့်အယှက် မပေးရာ ကျမည်။

နောက်နေ့များတွင် ရှောက်ရွှမ်သည် ဆီဆာကို နတ်ဆေးဆရာဆီသို့ ခေါ်သွားပြီး သူ့အကြံများကို တင်ပြသည်။

အဖြေကတော့ ရှောက်ရွှမ်ထင်ထားသည့်အတိုင်းပင်၊ နတ်ဆေးဆရာက ဆီဆာကို ခေါ်သွားရန် ခွင့်ပြုသည်။ ထို့အပြင် နတ်ဆေးဆရာသည် ဆီဆာအပေါ်တွင် အတော်မျှော်လင့်ထားသည်။ တစ်ခုခုအမှားဖြစ်ပေါ်ခဲ့ပါက ဆီဆာနှင့် အတူ ရောက်သည့်နေရာတွင် ချန်နေခဲ့ရန်လည်း ခွင့်ပြုသည်။

နတ်ဆေးဆရာကလည်း ခွင့်ပြုသဖြင့် တာ့သည် ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ မပြောပေ။ ထို့အပြင် တာ့သည် ရှောက်ရွှမ်၏" ပါးနပ်သော အမဲလိုက်ခွေးတစ်ကောင်သည် မုဆိုးတစ်ယောက်၏ မျက်လုံးနှင့် နားများ ဖြစ်ကြသည်"ဟူသော သီအိုရီကို စိတ်ဝင်စားသည်။ ဆီဆာမည်သို့ ပြုမူမည်ကို သူစိတ်ဝင်စားသည်။ ထိုဝံပုလွေသည် ငယ်စဥ်ကတည်းက မျိုးနွယ်စုထဲတွင် ယဥ်ပါးအောင် မွေးဖွားထား သဖြင့် အံ့သြစရာ စွမ်းဆောင်မှုမျိုး လုပ်ဆောင်ပြနိုင်မည်လား။

နတ်ဆေးဆရာ၊ထာ့တို့နှင့် စီမံစရာရှိသည်ကို စီမံပြီးနောက် ရှောက်ရွှမ်သည် မိုင်တို့အဖွဲ့မှ လူများကို လေ့ကျင့်ရေးကွင်းတွင် စုစည်းခိုင်းလိုင်သည်။ သို့မှသာ ဆီဆာ၏လေ့ကျင့်မှုများကို ကြည့်နိုင်မည်ဖြစ်ပြီး ဆီဆာ၏ အပြုအမူတို့ကို လေ့လာနိုင်မည်ဖြစ်သည်။

နတ်ဆေးဆရာ၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်နှင့် မိုင်တို့က သဘောတူပြီးဖြစ်သဖြင့် ကျန်သည့်သူများကလည်း မငြင်းတော့ပါ။ ထို့ပြင် ရှောက်ရွှမ်သည် ယခုနှစ်အတွက် အယောက်၅၀အတွင်းမှ တစ်ယောက်ဖြစ်လေသည်။

ထို့ကြောင့် ရှောက်ရွှမ် စိတ်ပျက်အောင် သူတို့ မလုပ်ဝံ့ကြပါ။

ဆီဆာလေ့ကျင့်နေသည်ကို ကြည့်ပြီးနောက် ကျန်သည့်သူများလည်း ဝံပုလွေမွေးချင်စိတ်ပေါက်သွားသည်။ သို့သော် တောထဲမှ ဝံပုလွေအုပ်များသည် တစ်အုပ်နှင့် တစ်အုပ် အမြဲတိုက်ခိုက်နေကြပြီး ရှုံးသည့်အဖွဲ့တွင် အကောင်ရေ များများစားစားကျန်လေ့မရှိပါ။ မုဆိုးများသည် ဝံပုလွေတို့၏တိုက်ပွဲများကို ကြုံတွေ့ဖူးပြီး သူတို့တိုက်ခိုက်နေစဥ် ဝံပုလွေသားပေါက် ၁ကောင် ၂ကောင်လောက် ခိုးယူရန်မှာ မခက်ခဲလှပါ။

အမဲလိုက်အဖွဲ့နှင့်တိုင်ပင်ပြီးနောက် ရှောက်ရွှမ်သည် လာမည့် အမဲလိုက်ခရီးစဥ်အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်တော့သည်။ ဆောင်းရာသီအတွင်းက ကျောက်လက်နက်များကို ပြင်ဆင်ခဲ့ပြီး ဖြစ်သဖြင့် ကျောက်လက်နက်များကို ပြင်ဆင်စရာမလိုတော့ပါ။ ဆီဆာကိုလည်း တစ်ရက်ပြီး တစ်ရက် လေ့ကျင့်ပေးလေသည်။ ထို့နောက် ဆီဆာ၏တုန့်ပြန်ပုံကို သိနိုင်ရန် ထောင်ခြောက်အချို့ကို ပြောင်းလဲကြည့်လိုက်သည်။

ဆီဆာသည် အလွန်ပါးနပ်သည်။ အလွန်ရှုပ်ထွေးသော တာဝန်များမှအပ သူသည် ရှောက်ရွှမ်ကျင့်ပေးထားသော စွမ်းရည်များကို သုံးကာ ပေးအပ်သည့်တာဝန်များကို ပြီးဆုံးအောင် လုပ်နိုင်သည်။

လောင်ခဲ့ကမေးသည်။

" ချာချာကော အနာဂတ်မှာ ဘာဖြစ်လာမယ်ထင်လဲ"။

"ချာချာက ဆီဆာ့လောက် မယဥ်ကျေးဘူး၊ ကျွန်တော်တို့တောင် မသိဘဲ မျိုးနွယ်စု ပိုင်နက်အပြင်ကို လျှောက်လျှောက်ပျံတယ်"

ရှောက်ရွှမ်ကပြောသည်။ တစ်ခါက ချာ့ချာ၏ကျောပေါ်တွင် မျိုးနွယ်စုပိုင်နက်ထဲတွင် မရှိသော မြက်အစအနများကို တွေ့ခဲ့ဖူးသည်။ ထိုမြက်များမှာ သူတို့အမဲလိုက်နေကျနေရာတွင်သာ ရှိသည်။

ထိုနေ့ကရှောက်ရွှမ်သည် သူ့ကို တော်တော်လေး ဆူလိုက်သဖြင့် နောက်နေ့များတွင် ကောင်းကောင်းမွန်မွန် နေထိုင်လေသည်။ ကြာတော့လည်း ဒုံရင်းကဒုံရင်းပင်။ ချာချာသည် အကောင်တော်တော်ကြီးလာပြီး နှစ်တဝက်လောက်ကြာလာသောအခါ ရှောက်ရွှမ်၏ လက်မောင်းသည် ချာချာနားသည့်ဒဏ်ကို မခံနိုင်တော့ပေ။

နတ်ဆေးဆရာ အပြောအရတော့ ငှက်ဆိုးလေးသည် ကလေးအရွယ်သာရှိသေးသည်။ သူသည် အရမ်းစပ်စုတတ်ပြီး သူ့ကို မည်သူမှ ထိန်းမနိုင်ပေ။ သူသည် ကောင်းကင်ထိအောင် ပြန်တက်နိုင်သည်။ ဘယ်သူက သူနှင့်ယှဥ်နိုင်မည်နည်း။

အခုလည်း ချာချာသည် မြစ်ကမ်းဘေးသို့ ကစားရန် ထွက်သွားသည်။ တခါတလေ မြစ်ကို အလွန်မြန်သော အဟုန်ဖြင့် ဖြတ်ပျံပြီး ရေလွှာအပေါ်ပိုင်းတွင် ကူးခတ်နေသော ငါးများကို ဖမ်းလေ့ရှိသည်။ ပြီးလျှင် ဖမ်းမိသောငါးကို ရေထဲပြန်လွှတ်လိုက်ပြီး အသားစားငါးများက ထိုငါးကိုဝိုင်းလုသည်ကိုကြည့်လေသည်။

ထိုငှက်ကို ယဥ်ပါးအောင် ပြုလုပ်ရန် မလွယ်ပါ။ ဆီဆာ့လို တောထဲကို အမဲလိုက်ရန် ခေါ်သွားလို့ရသည်အထိ မည်မျှကြာအောင် လေ့ကျင့်ပေးရမည်နည်း။

ရက်၂၀ကြာသည်အထိ ကွေ့ဟယ်၏ အမဲလိုက်အဖွဲ့သည် ပြန်မလာသေး။ ထာ့သည် ဒုတိယမြောက် အမဲလိုက်ခရီးစဥ်တွင် ပါဝင်မည့်သူများ နာမည်ကို ကြေညာသည်။ ဆီဆာကြီး ရှောက်ရွှမ်နောက်မှ တောင်ပေါ်သို့ လိုက်သွားသည်ကို တွေ့သောအခါ လောင်ခဲ့သည် အနားယူချင်စိတ်ပေါက်သွားသည်။ အချိန်ကုန်သည်မှာ မြန်လှသည်။ မျက်စိတမှိတ်အတွင်း လန်ကာ့ ခေါ်လာသော အမွှေးဖွားဖွားဝံပုလွေပေါက်လေးသည် ချောမောခန့်ညားသည့်ဝံပုလွေတစ်ကောင် အဖြစ်အရွယ်ရောက်လာသည်။

All Chapters