← Chapters

ကြွက်သစ်ပင်

Vol. 8 Ch. 112

ကြွက်သစ်ပင်

Vol. 8 Ch. 112

တောင်ထိပ်မှနေ၍ မျိုးနွယ်စုပိုင်နက် အပြင်ဘက်သို့ရောက်သည် အထိ လူများက ဆီဆာကို စိတ်ဝင်တစားကြည့်ကြလေသည်။

အောင်မြင်ခြင်းလမ်းမပေါ်လျှောက်သောအခါတွင်လည်း လမ်းတစ်ဖက်တစ်ချက်မှ လူများသည် ဆီဆာကို စိတ်ဝင်စားစွာကြည့်ကြသည်။

ဒီဝံပုလွေက ဘာလို့ အမဲလိုက်အဖွဲ့နှင့်လိုက်ပါလာသနည်း။ ဒီလူတွေ စိတ်ကော မှန်သေးရဲ့လား။

ထိုသို့ ထူးဆန်းသည့် ကိစ္စအကြောင်းကို မျိုးနွယ်စုအတွင်းတွင် အချိန်အတော်ကြာအောင်ပြောနေကြမည်သာ။

ရှောက်ရွှမ်၏ ပထမဆုံး အမဲလိုက်ခရီးစဥ်တွင် လန်ကာ့က သူ့ကို အဖွဲ့နှင့် လူမကွဲသွားရန်သာမှာသည်။

တခြားဘာမှလုပ်စရာမလိုကြောင်း ၊ အဖွဲ့နှင့် လူစုမကွဲသာရန်သာ ဂရုစိုက်ရန်ပြောသည်။ ထို့ကြောင့် ဆီဆာအတွက် ပထမဆုံးစိန်ခေါ်မှုမှာလည်း အဖွဲ့နှင့် ကွဲမသွားရန်သာဖြစ်သည်။

မျိုးနွယ်စုအတွင်းမှ လူများ တောထဲသို့အမဲလိုက်ထွက်သည့်အခါ သူတို့ဘိုးဘေးများ ၏လမ်းညွှန်မှုများနှင့် လေ့ကျင့်ပေးမှုများကို အားထားရသည်။ ဆီဆာကြီးအတွက်တော့ တောထဲရောက်သည့်အခါ သူ၏ သားရဲဗီဇကို အသုံးပြုရပေလိမ့်မည်။

သူ၏သားရဲဗီဇကြောင့် ဆီဆာသည် သူမရောက်ဖူးသော ပတ်ဝန်းကျင်ကို ရောက်သော်လည်း ကြောက်ရွံ့တုန်လှုပ်မှုမရှိပေ။ ကြောက်ရွံ့ရမည့်အစား ပို၍ပင် ရွှင်လာသေးသည်။

သူသည်၂နှစ်ခန့် မျိုးနွယ်စုထဲတွင် ပိတ်လှောင်ခံရပြီး ကြီးပျင်းလာရသော်လည်း တောထဲသို့ရောက်သောအခါ သူ၏သားရဲဗီဇက ပြန်လည်နိုးထလာသည်။ တောထဲတွင် ဆီဆာသည် လေ၏အဟုန်မျိုးဖြင့် ပြေးလွှားနေသည်။ အမဲလိုက်အဖွဲ့၏စည်းကမ်းသာမရှိပါက သူသည် ပျော်ရွှင်စွာ အူမိပေလိမ့်မည်။

ပထမတော့ ဆီဆာသည် ပတ်ဝန်းကျင်ကိုအလွန်စိတ်ဝင်စားနေပြီး တရှုံ့ရှုံ့ အနံ့ခံနေလေသည်။ သို့သော် ရှောက်ရွှမ်က သတိပေးလိုက်သော အခါ သူ့သိလိုစိတ်ကို ထိန်းချုပ်လိုက်သည်။ သူ့ဗီဇအသိအရ အမဲလိုက်အုပ်စုနှင့်သာ ကပ်လိုက်တော့သည်။ အမဲလိုက်အုပ်စုမှ ခွာထွက်ခြင်း မပြုတော့ပေ။

တစ်ခါတရံ အမဲလိုက်အုပ်စုမှ လူတချို့သည် သစ်ကိုင်းများပေါ်မှ သွားသည်။ ဆီဆာကတော့ သစ်ပင် မတက်နိုင်သဖြင့် သစ်ကိုင်းများအောက်မြေပြင်မှ ပြေးလိုက်လာသည်။ အလင်းရောင်များသောနေရာများတွင် အရှိန်ကို နည်းနည်းလျော့လိုက်ပြီး မှောင်သောနေရာများတွင် အရှိန်မြှင့်၍ ပြေးသည်။ ဆီဆာ၏သွေးထဲတွင် သဘာဝက ပေးသော ဗီဇ တချို့ရှိနေသည်။ မျိုးနွယ်စုအတွင်းနေစဥ်က ထိုဗီဇသည် ပျောက်ကွယ်နေပြီး တောထဲရောက်မှ သိသိသာသာ ပြန်ထွက်လာသည်။

ဆီဆာသည် နောက်မှာကျန်ရစ် မနေဘဲ ပိပိရိရိလိုက်လာသဖြင့် အမဲလိုက်အဖွဲ့မှ လူများ စိတ်သက်သာရာရသွားသည်။

ခရီးစဥ်တစ်ဝက်အရောက်တွင် သားရိုင်းတိရစ္ဆာန်တစ်ကောင်ကိုပင် မောင်ထုတ်ပေးလိုက်နိုင်သည်။ မောင်းထုတ်ပြီးနောက် အမဲလိုက်အဖွဲ့ဆီ အခက်အခဲမရှိ ပြန်ရောက်လာသည်။

တောင်တစ်လုံးကို ကျော်ပြီးနောက် ပထမအမဲလိုက်နယ်ပယ်ထဲသို့ရောက်လာသည်။ တစ်ညတာ အနားယူပြီးနောက် နောက်နေ့မနက်ပိုင်းတွင် အမဲစလိုက်ကြမည် ဖြစ်သည်။

တောင်ပေါ်မှ ဆင်းသောအခါ လန်ကာ့က ရှောက်ရွှမ်ကိုပြောသည်" အားရွှမ်..ဆီဆာ့ကို သေချာကြည့်ထားဦး.. ဒီနေရာက ထောင်ခြောက်တွေပေါတယ်..သူမနင်းမိအောင် သတိထားခိုင်း..."။

သူစကားမဆုံးခင်ပင် ဆီဆာသည် ထောင်ခြောက်များစွာရှိသော နယ်ပယ်အတွင်းသို့ဝင်ကာ တရှုံ့ရှုံ့ အနံ့ခံနေသည်ကို တွေ့လိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေသည်နှင့် တူသော်လည်း နောက်ဆုံးတွင် ထောင်ခြောက်များကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့သည်။

အမဲလိုက်အဖွဲ့အတွင်းမှ လူများသည် သူ့ကိုကြည့်ရန် အရှိန်ကိုလျော့ချလိုက်ကြသည်။ အမှန်တကယ်တော့ တောင်ပေါ်တွင်

ကြောက်မက်ဖွယ်သားရဲများ သိပ်မရှိပေ။ ဒီနေရာတွင် ထောင်ခြောက်များထောင်ထားသည်မှာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်ဖြစ်သည်။ ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကောင် သူတို့နောက်သို့ ဤနေရာအထိ လိုက်ခဲ့ပါက ထောင်ခြောက်များကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ရန်ဖြစ်သည်။

သို့သော်ဆီဆာက ထိုနေရာတွင် ဘာထောင်ခြောက််မှ မနင်းမိဘဲ အေးအေးလူလူလမ်းလျှောက်နေသည်။

တိုက်ဆိုင်တာများလား။

မဖြစ်နိုင်ပါ။ ဆီဆာသည် ထောင်ခြောက်များစွာရှိသောနေရာတွင် လမ်းလျှောက်နေသည်။ ထောင်ခြောက်များသည် အပျော်ထောင်ထားခြင်းမဟုတ်။ သို့သော် အခုထိတော့ ဆီဆာသည် ဘယ်ထောင်ခြောက်မှ မနင်းမိပေ။

လူများက လန်ကာ့ကို ကြည့်လိုက်သည်။ လန်ကာ့သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး မျက်မှောင် ကြုတ်လိုက်သည်။

ယခုအခြေအနေအရ ဆီဆာသည် သူမျှော်လင့်ထားသည်ထက် များစွာ ပိုတော်နေသည်။

"ငါသူ့ကို ထောင်ခြောက်အမျိုးအစားခွဲတတ်အောင် သင်ပေးထားတယ်..အဲဒီကွင်းထဲမှာ သူ့ကိုငါ အခေါက်ခေါက်အခါခါ လေ့ကျင့်ပေးထားတယ်" ရှောက်ရွှမ်က တည်ငြိမ်စွာပြောသည်။ ထိုထောင်ခြောက်များက ဆီဆာကို ခြိမ်းခြောက်နိုင်မည် မဟုတ်ကြောင်း သူတွက်ဆထားပြီးသည်။ သူတို့နှစ်ယောက် မျိုးနွယ်စုအတွင်းတွင် ရှိနေစဥ်က ထောင်ခြောက်ရှောင်သည့်လေ့ကျင့်ခန်းကို နေ့စဥ်လေ့ကျင့်ခန်းအနေနှင့် လေ့ကျင့်ထားသည်။

"ဒါဆို သူကထောင်ခြောက်တွေ ရှောင်နေနိုင်တာပေါ့.."

လန်ကာ့သည် လက်ခံနိုင်ရန် ခက်ခဲသည့်အမှန်တရားကြောင့် ဖြစ်ပေါ်လာသည့် အံ့သြစိတ်ကို မျိုချထားလိုက်ရသည်။

တိရစ္ဆာန်များသည် ထောင်ခြောက်ကိုရှောင်တတ်သည် ဆိုပါက ထောင်ခြောက်တွေ ဘာလုပ်ဖို့ထောင်ရဦးမည်နည်း။ သူတို့ကို ဖျော်ဖြေဖို့လား။

"နေ့လယ် ငါပြန်ရောက်ရင် ထောင်ခြောက်တွေကို အဆင့်မြှင့်ပြီး ထပ်ထောင်ဦးမယ်"

လန်ကာ့က အတည်ကြီးပြောသည်။ တစ်နှစ်ပတ်လုံး ထိုထောင်ခြောက်များကို သိပ်အသုံးမပြုသောကြောင့် သူသည်ထိုနေရာမှ ထောင်ခြောက်များကို သိပ်ဂရုမစိုက်မိပေ။ ထိုနေရာကိုရောက်လျှင် ထောင်ခြောက်များ ကောင်းသေးလား...အကောင်ငယ်လေးများ မတော်တဆမိနေသလားလောက်သာ ကြည့်မိသည်။

မိုင်က လန်ကာ့ ၏ အပြုအမူကို စိတ်ဝင်စားသွားသည်။

"ကောင်းတယ်.. တိရစ္ဆာန်တွေက အရာဝတ္ထုတွေကို လေ့လာတတ်တယ်..မင်းဒီထက် အစွမ်းပိုထုတ်မှရမယ် လန်ကာ့..."

တောင်အောက်သို့ဆင်းသောအခါ ဆီဆာသည် ရှောက်ရွှမ်နားမှ ခွာ၍ တစ်ယောက်တည်း သွားခြင်းမပြုတော့။ ရှောက်ရွှမ်အနားမှ ကပ်လိုက်လာပြီး ပတ်ဝန်းကျင်ကို တောက်လျှောက်အကဲခတ်လာသည်။ မနှစ်တုန်းက ဒီတောင်ပေါ်ရှိ ဟေးစစ်ဖုန်း သုံးကောင်ကိုရှင်းပစ်ပြီးဖြစ်သော်လည်း အခြားသားရဲကြီးများ ဝင်ရောက်နေထိုင်နိုင်လေသည်။ ထို့ကြောင့်သတိလက်လွတ် မသွားလာရဲကြပါ။

"တွင်းတစ်ခုတွေ့တယ်. မိုင်"

ရှေ့ပြေးအဖွဲ့ ကိုတာဝန်ယူရသည့် အန်းက ပြောသည်။ အန်း၏ စကားကို ကြားပြီး ကျန်သည့်လူများ ပျော်သွားကြသည်။

"ဘယ်မှာလဲ"

သားရဲကြီးများ မရှိသည်မှာ သေချာသွားသည့်နောက် လူစုက အန်းနားရောက်လာသည်။

ရှောက်ရွှမ်လည်းဆီဆာနှင့် အတူ ချဥ်းကပ်လာသည်။

အန်းတစ်ယောက် ဒူးလောက်မြင့်သော မြက်ပင်များကို အသာဖယ်ရင်း အလယ်အလတ်လောက်ရှိသော တွင်းတစ်ခုကို ပြလိုက်သည်။

"ထွက်လာပြီ"

အန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အန်းပြောသော အကောင်များမှာ အစိမ်းရောင် ကြွက်များဖြစ်ကြသည်။ ကြည့်ရသည်မှာ မြက်လုံးကြီးများနှင့်တူသောကြောင် အမဲလိုက်စစ်သည်များက မြက်လုံးကြွက်ဟုခေါ်ကြသည်။သူတို့ အမွှေးများမှာ အစိမ်းရောင်ရှိပြီး မြက်ပင်များလို အတော်ထူသည်။ မြက်များကြားထဲတွင် ပုန်းနေမည်ဆိုပါက သူတို့ကို ရှာရအလွန်ခက်သည်။ နေ့အချိန်ရော ညအချိန်ပါ အစာရှာရန်နှင့် မိတ်လိုက်ရန် အပြင်ထွက်လေ့ရှိသည်။

ယခုလိုရာသီမျိုးတွင် အမဲလိုက်အဖွဲ့မှ လူများ စိတ်လှုပ်ရှားပျော်ရွှင်ရသည့် အကြောင်းရှိသည်။ မြက်လုံးကြွက်များ၏ ကိုယ်ပေါ်တွင် အထူးသစ်ပင်တစ်မျိုးပေါက်လေ့ရှိသည်။ ကြွက် သစ်ပင်ဟုခေါ်သည်။

ကြွက်သစ်ပင်မှာ ကပ်ပါးသစ်ပင်တစ်မျိုးဖြစ်သည်။ကပ်ပါးအဆင့်မှာ အရွယ်မရောက်ခင် အချိန်ထိဖြစ်သည်။

ကြွက်သစ်ပင်၏ အစေ့များမှာ ကြွက်များကြိုက်ကြသော အခွံမားသီးတစ်မျိုးနှင့်တူသည်။ ဆောင်းမဝင်မီ မြက်လုံးကြွက်များသည် တောင်ပေါ်နေရာအနှံ့အပြားကို သွား၍ အစာရှာကြသည်။ပြီးလျှင်သူတို့အစာများကို သူတို့၏တွင်းများထဲတွင် သိမ်းထားကြသည်။ အစားအစာနှင့် အခြားရိက္ခာများ ပြည့်စုံသောအခါ တွင်းထဲတွင် ဆောင်းတွင်းတစ်တွင်းလုံးနေပြီး အစာစားလိုက် အညစ်အကြေးစွန့်လိုက်လုပ်ကြလေသည်။

ဤချိုင့်ဝှမ်းအတွင်းမှာ ရာသီဥတုသည် တောင်တခြားဘက်မှ ရာသီဥတု နှင့်မတူညီပါ။ နှင်းလည်းမကျသလို..အရမ်းလည်းမအေးပါ။ ဒါတောင်မှ ဤနေရာတဝိုက်နေသော မြက်လုံးကြွက်များသည် ကာလရှည်အိပ်သော အကျင့်ကို ဆက်လက်မွေးမြူထားသည်။

တောင်တစ်ဖက်ခြမ်းတွင် ဆောင်းရာသီကျရောက်လာသောအခါ ချိုင့်ဝှမ်းအတွင်းမှ မြက်လုံးကြွက်များသည် အစာရေစာသိုမှီးကာ သူတို့တွင်းများသို့ပြန်၍ ဆောင်းရာသီ အတွက် ပြင်ဆင်ကြလေသည်။ ဆောင်းရာသီတလျှောက်လုံးကိုတော့ အိပ်စက်ခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိသည်။

အိပ်ရာကထလျှင် အစာထစားပြီး ပြီးလျှင် ပြန်အိပ်ကြသည်။

မြက်သစ်ပင်၏ မျိုးစေ့များသည် မြက်လုံးကြွက်များ၏ စားသောက်ခြင်းကိုခံရပြီးနောက် အပင်ပေါက်လာကြသည်။ သုံးလေးရက်ကြာပြီးနောက် ကြွက်များ၏ အရေပြားအောက်မှ အစို့ထွက်လာပြီး ကြွက်များ၏အမွှေးနှင့်တူသော

အပင်ငယ်လေးများ ပေါက်လာကြသည်။

ကြွက်သစ်ပင်များသည် သူတို့ရှင်သန်ရန်လိုအပ်သော စွမ်းအင်ကို မြက်လုံးကြွက်များထံမှ ရယူသည်။ မြက်လုံးကြွက်များသည် မြေအောက်တွင် နေသဖြင့် အလင်းရောင်မရရှိပါ။

ဆောင်းတွင်းတစ်တွင်းလုံး ကြီးထွားပြီးနောက် ရာသီကုန်ဆုံးသောအခါ မြက်လုံးကြွက်များသည် တွင်းများထဲမှ ပြန်ထွက်လာကြသည်။ မြက်သစ်ပင်အပင်ပေါက်လေးများသည် သူတို့ခရီး သူတို့ ဆက်ရန် အရွယ်ရောက်လာပေပြီ။ အဆင်သင့်ဖြစ်သောအခါ မြက်သစ်ပင်လေးများသည် မြက်လုံးကြွက်ပေါ်မှ ခွဲခွာပြီး သစ််ပင်အဖြစ် စတင်ပေါက်ရောက် ကြီးထွားလေသည်။ ဆောင်းရာသီကုန်ဆုံးပြီး ရက်၅၀အကြာတွင် သစ်ပင်အဖြစ် စတင်ပေါက်ရောက်လေသည်။

ရှောက်ရွှမ်သည် မြက်လုံးကြွက်များကို တောအုပ်ထဲတွင် မြင်ဖူးပြီး သူတို့သည် အကောင်ကြီးမားသည်။ ထိုကြွက်သစ်ပင်ကြီးများသည် သူတို့ဘဝအစကို မြက်လုံးကြွက်များပေါ်မှ စခဲ့သည်ဟု ယုံကြည်ရန်ခဲယဥ်းသည်။

ကြွက်သစ်ပင်များကို သစ်ပင်ကြီးမဖြစ်ခင် စားပါက ဆေးဘက်ဝင်သည်။ ကြွက်သစ်ပင်အပင်ပေါက်လေးများကို စားသော ကလေးများသည် ပို၍သန်စွမ်းကြပြီး စွမ်းအင်နိုးထမှု စောကြသည်။ ဘယ်လောက်အကျိုးရှိသည်ကတော့ မည်မျှစားသလဲပေါ်မူတည်သည်။ များများစားလေ အကျိုးရှိလေဖြစ်သည်။အချိန်စောပြီး စွမ်းအင်နိုးထမှု မဖြစ်သည်ထားဦး၊ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည်။

အမဲလိုက်အဖွဲ့မှစစ်သည်တော်များတွင် စွမ်းအင်မနိုးထသေးသော ကလေးများရှိကြသည်။ သူတို့အတွက်တော့ ကလေးတစ်ယောက် စွမ်းအင်စောစောနိုးခြင်းသည် အမဲလိုက် အဖွဲ့တွင် ပါဝင်နိုင်မည့် မိသားစုဝင် စစ်သည်တော် တစ်ယောက် တိုးလာခြင်းဖြစ်သည်။ အစားအစာလည်း ပိုရမည်။ စွမ်းအင်နိုးထပြီးသူတို့အတွက်တော့ ကြွက်သစ်ပင် အပင်ပေါက်လေးများသည် အဆိပ်အတောက် ပြေစေနိုင်သည်။ တခြားအပင်များနှင့်မရောဘဲ သူ့ချည်းအသုံးပြုခြင်းက ပိုအကျိုးရှိသည်။

တောင်ပေါ်နှင့် တောင်အလယ်ပိုင်းတွင်နေသူများက ကြွက်သစ်ပင်များကို သိပ်အရေးမလုပ်ကြသော်လည်း တောင်ခြေတွင်နေသူများအတွက်တော့ မက်လောက်စရာပင်။

သို့သော် ထိုမြက်လုံးကြွက်များသည် ဖမ်းရန်ခက်ခဲသည်။

သူတို့သည် တွင်းထဲမှ ထွက်လာသောအခါ အပုန်းအလျှိုး အလွန်ကောင်းသည်။ သူတို့ကိုရှာရန် အလွန်ခက်ခဲသည်။

တွင်းတစ်ခုသည် ဝင်ပေါက်တစ်ခုထက်ပို၍ ရှိသည်။ ဝင်ပေါက်တစ်ခုမှ စောင့်မည်ဆိုလျှင် အခြားဝင်ပေါက်တစ်ခုမှ ထွက်သွားလိမ့်မည်။ တွင်းဝင်ပေါက်အားလုံးကို ပိတ်ထားမှ ဖမ်း၍ရမည်။ အပင်ပေါက်မဟုတ်ဘဲ သစ်ပင်ဖြစ်သွားပြီ ဆိုလျှင်တော့ အသုံးမဝင်တော့ပေ။

မိုင်က ဝင်ပေါက်ကို အနီးကပ်ကြည့်ရင်းပြောသည်။ "မြေသားကို ကြည့်ရတာကတော့ အပြင်ထွက်သွားတာ နေ့တဝက်လောက်ရှိနေပြီ"။

ထိုစကားကို ကြားသောအခါ လူများ စိတ်ပျက်သွားကြသည်။ နေ့တဝက်လောက် လျှောက်သွားနေသော ကြွက်ကို သူတို့ဘယ်လို လိုက်ရှာမည်နည်း။

"ဆီဆာနဲ့ လိုက်ရှာခိုင်းလို့ရမလား"

အန်းက ဆီဆာကိုကြည့်ပြီး ရှောက်ရွှမ်ကို မေးသည်။

"ကြိုးစားကြည့်ကြတာပေါ့"

ရှောက်ရွှမ်ကမေးသည်။ ရှောက်ရွှမ်စကားကို ကြားသောအခါ ကျန်လူများ စိတ်ဓါတ် ပြန်လည် တက်ကြွလာလေသည်။

"တကယ်ရှာနိုင်ပါ့မလား"

" ဘယ်လိုရှာမှာလဲ သူမှ မြက်လုံးကြွက်ကို မမြင်ဖူးတာ"

"ကောင်းပြီလေ..ဆီဆာကို အရင်ကြိုးစားခိုင်းကြည့်တာပေါ့"

မိုင်၏စကားက ကျန်သူများ၏ စကားကို ရပ်တန့်လိုက်သည်။ သူ့ကလေးများက စွမ်းအင်နိုးထပြီးသား ဖြစ်သည်။ ထို့ကြောင့် မြက်သစ်ပင်ကို သူ့အတွက် မလိုအပ်ပေ။ သို့သော် အဆိပ်ပြေစေသည့် အစွမ်းကြောင့် ရှာချင်နေသေးသည်။

ရှောက်ရွှမ် အမိန့်ပေးလိုက်သောအခါ ဆီဆာသည် တွင်းပေါက်နားသို့သွား၍ အနံ့ခံကာ တွင်းပေါက်နား ဟိုဟိုဒီဒီ ပြေးလွှားနေလေသည်။ သူသည် တစ်စုံတခု သဲလွန်စ ရသွားပြီဖြစ်သည်။ ဆီဆာသည် မြက်လုံးကြွက်ကို မမြင်ဖူးသော်လည်း သူ့အနံ့ကို မှတ်မိသွားပြီဖြစ်သည်။

ဆီဆာသည် နေရာ တစ်နေရာသို့ ပြေးသွားပြီး ရှောက်ရွှမ်ကို လှမ်းကြည့်လိုက်သည်။

"သူတို့ ဟိုဘက်နားမှာ ရှိမယ် ဦးလေးမိုင်"

ရှောက်ရွှမ်ကပြောသည်။

"လိုက်ကြ"

သူတို့သည် ဆီဆာနောက်မှ ပြေးလိုက်ကြသည်။

မြန်မြန်သွားခြင်း မပြုကြပေ။ လမ်းတွင် သားရဲကြီးများတွေ့ပါက ဆီဆာကမောင်းထုတ်ပေးသည်။

ဆီဆာသည် ခြေရာခံလိုက်ရသည်ကို ပျော်ရွှင်နေသည်။

သူအရှိန်ကို မြှင့်တင်လိုက်သည့်အခါ မြက်လုံးကြွက်များနှင့် နီးလာပြီဟု ရှောက်ရွှမ်သိလိုက်ရသည်။

"ဝှစ်"

ဆီဆာသည် မြားတစ်စင်းကဲ့သို့ပြေးထွက်သွားပြီး ချုံတန်းတစ်ခုကို လွှားခနဲကျော်လိုက်ပြီး လူတစ်ယောက်အရပ်ထက် မြင့်သော မြက်တောထဲသို့ ပြေးဝင်သွားသည်။

"ဆီဆာ"

ရှောက်ရွှမ် နည်းနည်း စိတ်ပူသွားသည်။ ဆီဆာသည် အပျော်လွန်ကာ သူ့အန္တာရာယ်ကို သူမမြင်ဖြစ်မည်ကို စိုးရိမ်သွားသည်။

မြက်တောက အလွန်ထူထပ်သည်။ အထဲတွင် ဘာရှိမလဲ ဘယ်သူမှ မသိ။ ဆီဆာဝင်သွားသောအခါ တကျွိကျွိမြည်သံထွက်လာသည်။

"ကျွိ"

မကြာခင် ခြုံပုတ်ထဲမှ ဆီဆာ ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဆီဆာကိုတွေ့မှ သူတို့ စိတ်သက်သာရာရသွားကြသည်။ ထို့နောက် ဆီဆာ ကိုက်ချီလာသော မြက်လုံးကြီးကို ကြည့်လိုက်မိသည်။

"မြက်လုံးကြွက်ပဲ"

"မြန်မြန်..မြန်မြန်..မြက်လုံးကြွက်ပေါ်မှာ မြက်သစ်ပင်ရှိသေးလား ကြည့်လိုက်ပါဦး အားရွှမ်"

စစ်သည်တော် အားလုံး စိတ်လှုပ်ရှားနေကြသည်။

ဆီဆာသည် မြက်လုံးကြွက်ကို ကိုက်ချီလာသော်လည်း ကြွက်သည်ဒဏ်ရာပင််မရချေ။

ရှောက်ရွှမ်သည် မြက်လုံးကြွက်ကို ဆီဆာဆီမှ ယူလိုက်သည်။ မြက်မွှေးများကို ဖယ်လိုက်ပါက ကြွက်သည် လက်သီး၂လုံးစာလောက်သာရှိသည်။မြက်အမွှေးများကြောင့် နဂို အရွယ်ထက် သုံးဆလောက်ကြီးသည်ဟု ထင်နေရသည်။ မြက်လုံးကြွက်ကို ကြည့်လိုက်တော့ နည်းနည်းပိန်သည်ဟုသိလိုက်သည်။ ကြွက်သစ်ပင်က အာဟာရများစုပ်ယူထားသောကြောင့် မြက်လုံးကြွက်မှာ ပိန်နေရခြင်းဖြစ်သည်။

ခန္ဓာကိုယ်ပေါ်တွင် အမွေးမရှိသော နေရာ မရှိချေ။ သေချာရှာကြည့်သောအခါ အခြားအမွေးများနှင့်မတူ ထူးခြားနေသော အမွှေးထူထူတစ်ချောင်းကို တွေ့လိုက်ရသည်။ ကျောက်သားဓါးမြောင်ကို ခါးကြားတွင် ထိုးစိုက်လိုက်ပြီး

ထိုအမွေးကို လက်နှင့်နှုတ်ယူလိုက်သည်။ ပြီးတော့ ထိုအမွေး၏အောက်ခြေနားကို ကြည့်လိုက်သည်။ အပင်ဖြစ်ခါစ အဝိုင်းငယ်လေးတစ်ခုကို တွေ့ရသည်။ ရှောက်ရွှမ် စိတ်ကျေနပ်သွားသည်။

"အပင်ရှိသေးတယ်"။

မြက်သစ်ပင်ကို သူ့ဘေးရှိ စစ်သည်တော်ကို လှမ်းပေးလိုက်သည်။ ထိုစစ်သည်တော်က အမွေးနှင့်တူသော မြက်သစ်ပင် အပင်ပေါက်ကလေးကို ဖြတ်ယူလိုက်ပြီး ဘေးဘီသို့ကြည့်လိုက်သည်။

ဆီဆာသည် မြက်တောထဲဝင်သွားသည်ကို တွေ့လိုက်ရသောအခါ သူစိုးရိမ်သွားသည်။ ကံကောင်းစွာနှင့် ဆီဆာ ပြန်ထွက်လာသည်။ သို့သော် ဆီဆာပြန်ထွက်လာသောအခါ စိုးရိမ်မှုက ပျောက်မသွား ပိုပင်တိုးလာသည်။

ဆီဆာ့ကို ကြည့်လိုက်တော့ အမွေးများထောင်ထနေသည်ကို တွေ့လိုက်ရသည်။ ခုနတုန်းကတော့ ဆီဆာသည် မြက်လုံးကြွက်ဖမ်းရသည်ကို ပျော်နေသည်။

"ဦးလေးမိုင်.."

ရှောက်ရွှမ်က ခပ်အုပ်အုပ်လှမ်းအော်သည်။

မိုင်က သူ့လူများ မြက်သစ်ပင်ကို လှီးဖြတ်ယူနေသည်ကို ကြည့်လိုက်သည်။ ရှောက်ရွှမ်၏ အပြုအမူကို ကြည့်ရင်း မိုင်သည် တစ်ခုခုမှားနေသည်ကို သိလိုက်သည်။ သူ့လူများကိုလက်ဝှေ့ယမ်းပြီး အချက်ပြလိုက်သည်။

All Chapters