← Chapters

မီးလျှံသလင်းကျောက်

Vol. 8 Ch. 116

မီးလျှံသလင်းကျောက်

Vol. 8 Ch. 116

တွင်းကြီးထဲတွင် အနံ့အသက်များဆိုးဝါးလှသည်။

ထူထပ်သောလင်းနို့ချေးအလွှာများ ကမြေပြင်ကို ဖုံးလွှမ်းနေပြီး ထိုကဲ့သို့ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီပုံပေါ်သည်။ အပေါ်ယံအလွှာက လတ်ဆတ်နေသေးသဖြင့် လင်းနို့ကြီးများသည် ထိုနေရာကို နေ့တိုင်းလိုလာသည်ဟုဆိုနိုင်သည်။ အခုတော့ လင်းနို့များကို မတွေ့ရသေး။ ညအချိန်မှောင်မှ ရောက်လာမည်ထင်ရသည်။

တွင်းနံရံများတွင် အချင်းတစ််မီတာ နှစ်မီတာလောက်ရှိသော အက်ကွဲကြောင်းကြီးများကို တွေ့ရသည်။ အက်ကွဲကြောင်းများအတွင်းမှ အသံများထွက်နေပြီး ခုနတုန်းက သူတို့ကြားရသော အသံ

များမှာ ထိုအက်ကွဲကြောင်းများဆီမှ လာနေခြင်းဖြစ်သည်။ လင်းနို့များ၏ အော်သံကို သူတို့အားလုံးကြားနေရသည်။ သို့သော် အချို့အသံများသည် အငယ်တန်းမျိုးနွယ်စု စစ်သည်များ၏ ကြားနိုင်စွမ်းကို ကျော်လွန်နေသည်။ မိုင်ကဲ့သို့ အလတ်တန်းစစ်သည်တော်များသာ ထိုအသံကို ကြားနိုင်စွမ်းရှိသည်။ တချို့အသံများကို မိုင်နှင့် အခြားအလတ်တန်းစား စစ်သည်တော်များပင်ကြားနိုင်စွမ်းမရှိပေ။

ပြင်းထန်စွာတိုက်ခတ်နေသော လေတိုးသံများထွက်ပေါ်နေပြီး လေတိုးသံက စည်းချက်ညီညီထွက်ပေါ်နေသည်။ ထိုအသံကို ရှောက်ရွှမ်တစ်ယောက်သာ ကြားနိုင်သေးသည်။

လင်းနို့များ၏ အသံသည် ထိုအက်ကွဲကြောင်းကြီးများထဲမှ လာနေသည်ဖြစ်သော်လည်း အဝေးကြီးမှ လာနေသလိုထင်ရသည်။ ထို့ကြောင့် မိုင်နှင့် ချန်သည် အခြားစစ်သည်တော်များကို အောက်ဆင်းခွင့်ပြုလိုက်သည်။ သို့တိုင်အောင် အသံမထွက်အောင် သတိဝီရိယနှင့်ဆင်းရန် မှာလိုက်ရသေးသည်။

အက်ကွဲကြောင်းကြီးများတွင် ရေထွက်ရာနေရာနားက ကျောက်တုံးပေါ်တွင် တွေ့ရသော လက်သည်းရာများနှင့်တူသည့် လက်သည်းရာများကိုတွေ့ရသည်။ သူတို၏ ချိတ်ကောက်နှင့်တူသော ချွန်ထက်သော လက်သည်းကြီးများက ကျောက်နံရံများကို မြဲမြံစွာချိတ်တွယ်နိုင်စွမ်းကိုပေးသည်။

လွယ်ကူချောမွေ့စွာ သွားလာစေနိုင်သည်။

"အားချန်.."

ချာက တီးတိုးလှမ်းပြောသည်။

ချာသည် အက်ကွဲကြောင်းနားတွင် ကျနေသော ကျောက်ဓါးတစ်ချောင်းကို တွေ့လိုက်ရပြီး ပျောက်ဆုံးနေသော စစ်သည်တော်တစ်ယောက် ကျကျန်ခဲ့ခြင်းဖြစ်သည်။

"ကြည့်ရတာတော့ ငါတို့လူတွေကို ဒီအက်ကွဲကြောင်းကြီးထဲ ဆွဲထည့်တာထင်တယ်"

ချန်က အက်ကွဲကြောင်းကြီးများကို မုန်းတီးစွာ စိုက်ကြည့်နေသည်။သူသည် ထိုလင်းနို့များအားလုံးကို သတ်ပစ်ချင်နေသည်။ သို့သော် အချိန်အခါကောင်း မဟုတ်သေးပေ။ သူတို့တွင် လူအင်အားနည်းနေပြီး လင်းနို့များက အင်အားလွန်စွာများနေသည်။

နံရံတစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။

ထိုအက်ကွဲကြောင်းများကြောင့် လင်းနို့များကို ခြေရာခံလိုက်စဥ်က တွေ့ခဲ့သော တွင်းပေါက်များကို ချာ ပြန်အမှတ်ရသွားသည်။ တောင်ပေါ်မှ ထိုတွင်းပေါက်များသည် ဤနေရာရှိ အက်ကွဲကြောင်းများနှင့် ဆက်စပ်နေခြင်းဖြစ်နိုင်သည်။

ထိုအက်ကွဲကြောင်းကြီးများသည် မည်မျှရှည်သည်၊ ဘယ်အထိအောင်ရောက်သည်ကို ဘယ်သူမှ မသိကြပါ။ သူတို့တတတ်နိုင်သည်မှာ ကောက်ချက်ချရုံသာ ဖြစ်သည်။ သို့သော် ထိုအရာများ၏ အပြုအမူသည် ပုံမှန် မဟုတ်သဖြင့် သူတို့၏ကောက်ချက်များမှာ တစ်ဝက်သာမှန်နိုင်ပေသည်။

ရှောက်ရွှမ်သည် သူ့ခြေထောက် အောက်ရှိ မြေပြင်ကို ငုံ့ကြည့်နေသလို သူ့စိတ်ထဲမှ နတ်ရုပ်မီးတောက်များ၏လားရာကိုလည်း မပြတ်တမ်း အကဲခတ်နေသည်။

သို့သော် အခြေအနေက တွင်းအပြင်ကလို မဟုတ်တော့ နတ်ရုပ်၏ မီးတောက်များသည် တိကျသော အရပ်မျက်နှာကို ညွှန်ပြပြီးဖြစ်နေသည်။ သူတို့သည် ကြောက်မက်ဖွယ် အသွင်နှင့် ယိမ်းနွဲ့ကခုန်နေကြသည်။

တခြားသူများလည်း ထိုသို့ခံစားချင်ခံစားမိလိမ့်မည်။ သို့သော် ရှောင်ရွှမ် စိတ်ထဲကလို ရှင်းလင်းပြတ်သားမှုတော့ရှိချင်မှ ရှိလိမ့်မည်။ ထိုသိုဖြစ်ရသည်မှာ အချိန်မရွေးကျရောက်လာသော အန္တရာယ်အတွက် စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်မည်။ ဘယ်သူမှ နတ်ရုပ် အကြောင်းတွေးမနေနိုင်ပါ။

ရှောက်ရွှမ်သည် ခြေထောက်ကိုဖြည်းညှုင်းစွာ မလိုက်ကာ ရှေ့သို့တိုးလိုက်သည်။

သူသည် မြန်မြန်မလျှောက်ပါ၊ခြေလှမ်းတိုင်းကို သတိဝီရိယအပြည့်နှင့်လျှောက်လှမ်းလေသည်။ အခြားသူများကတော့ ရှောက်ရွှမ်ထိုကဲ့သို့ လျှောက်နေသည်မှာ ခြေသံထွက်မည်စိုးသောကြောင့်ဟုထင်သည်။ သို့သော် ရှောက်ရွှမ်ကတော့ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဖြစ်ပေါ်လာသော အပြောင်းအလဲကို ခံစားကြည့်ရှူနေသည်။

တစ်စုံတစ်ခုက နတ်ရုပ်ကို လွှမ်းမိုးမှုရှိနေလေသည်။ နတ်ရုပ်၏ တုံ့ပြန်မှုအရ ထိုအရာသည် သူဖတ်ခဲ့သော နတ်ဆေးပညာကျမ်းထဲတွင် ပါသောအရာတစ်ခုခုဖြစ်မည် ထင်သည်။ ထိုအရာသည် နံရံထဲတွင် သို့မဟုတ် သူ့ခြေထောက်အောက်တွင် မြှပ်နှံထားသည် ဖြစ်ရမည်။ တစ်ခုတည်းသာမဟုတ် တစ်ခုထက်ပိုသည်။

သို့သော် သူတို့ရောက်နေသောတွင်းကြီးမှာ အလွန်ကြီးမားသည်။ ဖြစ်လာနိုင်သော အန္တရာယ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားရသေးသောကြောင့် တွင်းကြီးကို အသေးစိတ်သူမစစ်ဆေးနိုင်။ အကြမ်းအားဖြင့်သာ စစ်ဆေးနိုင်ပြီး ထိုအရာရှိနိုင်မည့်နေရာကို ခန့်မှန်းနေရသည်။

တစ်လှမ်း..နှစ်လှမ်း..ဆယ်လှမ်း။

ရုတ်တရက် ရှောက်ရွှမ်ရပ်လိုက်သည်။

ဒီထဲမှာ...။

ရှောက်ရွှမ်သည် ငုတ်တုတ်ထိုင်ချလိုက်ပြီး မြေမျက်နှာပြင်ပေါ်မှ အညစ်အကြေးများကိုဓါးဖြင့်ခြစ်ထုတ်လိုက်သည်။

တွင်းကြီး၏ အောက်ခြေမျက်နှာပြင်ပေါ်ထွက်လာသည်။

အောက်မြေမျက်နှာပြင်သည် အတော်မာသည်။ သာမာန်ကျောက်တုံးများထက်ပင် မာကြောသေးသည်။ ထို့ကြောင့် ၌နေရာတွင် အပင်များမပေါက်သည်မှာ အထူးအဆန်းမဟုတ်ပေ။ မြက်အနည်းငယ်နှင့် အပင်အနည်းငယ်သာရှိသည်။ မြက်ပင်များမှာ ကြမ်းတမ်းပြီး အပင်များမှာလည်း ထိုကဲ့သို့ပင်။

ကျောက်သားနှင့်တူသော မြေမျက်နှာပြင်မှာ အလွန်မာကြောသည်။ ကံကောင်းစွာနှင့် သူ၏အစွယ်ဓါးမှာ ထိုမြေမျက်နှာပြင်ကို ထိုးဖောက်နိုင်သည်။

ရှောက်ရွှမ်သည် ရွံ့ရှာဖွယ်လင်းနို့ချေးများကို ဂရုမပြုနိုင်။

သူ၏လက်ကို မြေပြင်ပေါ်တင်ပြီး နတ်ရုပ်က ညွှန်ပြသောနေရာကို ခံစားကြည့်သည်။

သိပ်အနက်ကြီးတွင်မြှပ်ထားခြင်းမဟုတ်၊ သူ့လက်ဖဝါးအောက်တွင်သာ ရှိနေသည်။ နည်းနည်းထပ်တူးလိုက်ရင် လက်နဲ့ဖမ်းဆုတ်၍ ရနိုင်သည်ဟု သူခံစားမိသည်။ သို့သော် ထပ်တူးလျှင် အသံများထွက်လာမည်ဖြစ်သည်။

ထိုအချိန်မှာပင် ဆီဆာ၏ဟိန်းသံ နက်ကြောစွာ ထွက်လာလေသည်။

"ဦးလေးမိုင်...ဟိုကောင်တွေထွက်လာပြီထင်တယ်"

ဆီဆာ၏ သတိပေးသံကြားလိုက်သည်နှင့်ရှောက်ရွှမ်သည် တစ်ဖက်သို့လှိမ့်လိုက်ပြီး သစ်ရွက်ကြီးများ အောက်တွင် ပုန်းနေရသည်။ ဒါမှသာ လင်းနို့များ သူ့ကို မမြင်နိုင်မည်ဖြစ်သည်။

"ပုန်းကြ"

မိုင်နှင်ချန်တို့က သူ့လူများကို လှမ်းပြောလိုက်သည်။

ကျန်သူများလည်း စကားရှည်မနေဘဲ သစ်ပင်များနှင့် နွယ်ပင်များအောက်တွင် လျင်မြန်စွာ ပုန်းနေလိုက်သည်။

စစ်သည်တော် အယောက်သုံးဆယ်သည် လျင်မြန်စွာ ပုန်းလိုက်နိုင်သည်။ တွင်းပေါ်မှနေ၍ သူတို့ကို မည်သည့်နည်းနှင့်မျှ မြင်နိုင်တော့မည် မဟုတ်။

သိပ်မကြာခင် ကောင်းကင်မှ အသံများ ထွက်ပေါ်လာသည်။

ရှောက်ရွှမ်သည် သစ်ရွက်များကြားမှ ချောင်းကြည့်လိုက်သည်။ အနက်ရောင်ဧရာမ လင်းနို့ကြီးများ ကောင်းကင်မှ တွင်းကြီးဆီသို့ ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။ အားလုံးမှာ အကောင်ကြီးများဖြင့် အသေးဆုံးလင်းနို့ပင် အတောင်ပံမှာ ၅မီတာအောက်လျော့မည် မဟုတ်ပေ။

၂ကောင်ကို တစ်ဖွဲ့ဆီ ဒရယ်ကြီးများကို သယ်ဆောင်လာသည်။ ကြည့်ရသည်မှာ လင်းနို့များသည် ဒရယ်ကြီးများကို ဝင်တိုက်ခိုက်လာပုံပေါ်သည်။

ထိုဒရယ်အုပ်ကြီးများသည် ဒီနားတဝိုက်မှ နေရာရွေ့ပြောင်းသွားသည်ဟု သူတို့သတင်းရထားသည်။ လင်းနို့များသည် ထိုဒရယ်အုပ်ကိုပဲ တိုက်ခိုက်သလား၊ အခြားဒရယ်အုပ်တစ်ခုကို တိုက်ခိုက်လာသလား သူတို့ မသိတော့ပေ။

အပေါ်မှအောက်သို့ ပျံလာရင်း သူတို့သားကောင်များကို အက်ကွဲကြောင်းကြီးများထဲထည့်သည်။ သားကောင်များကို တစ်ကောင်ပြီးတစ်ကောင်ထည့်ပြီး နောက်ဆုံးတွင် အနက်ရောင် အက်ကွဲကြောင်းကြီးထဲဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ သို့သော် အမွှေးပိုထူသော အညိုနက်ရောင် လင်းနို့တစ်ကောင်သည် အပြင်ဘက်တွင် ကျန်ခဲ့သည်။ ၄င်း၏မျက်လုံးများက တွင်းကြီးကို ကြည့်လျက်သား။

သူတို့၏ အမြင်အာရုံထက် သူတို့၏အနံ့ခံအာရုံနှင့် အကြားအာရုံမှာ ပို၍ ထက်မြက်သည်။ ၄င်းသည် ပုံမှန်မဟုတ်သည့် အခြေအနေများကို မတွေ့သော်လည်း ထူးခြားသည့် အနံ့တစ်မျိုးကို ရလိုက်သည်။

ထိုအခါ ပါးစပ်ကြီးကိုဟလိုက်ပြီး ဓါးသွားနှင့်တူသော သွားများကို ထုတ်လိုက်သည်။ ၄င်း၏ အနံ့ခံအာရုံ အလွန်ကောင်းသော နှာခေါင်းကို နည်းနည်းလေးလှုပ်လိုက်ပြီး သာမာန်လူတို့မကြားနိုင်သော အသံတစ်ခုကို ပြုလိုက်သည်။

ထို့နောက်ရုတ်တရက်ဆိုသလို နံရံကိုခြေနှင့်ကန်လိုက်ပြီး အတောင်ပံကို ဖြန့်ကာ တစ်နေရာသို့ လေ၏အဟုန်မျိုးဖြင့် ပျံသန်သွားသည်။

သူပျံသွားသောနေရာတွင် စစ်သည်တော်တစ်ယောက်ပုန်းနေပြီး ထိုစစ်သည်တော်မှာ လင်းနို့နှင့် အနီးဆုံးဖြစ်သည်။

လင်းနို့ကြီးက သူတို့ကို တွေ့သွားပြီဖြစ်သည်။

ထိုနေရာတွင် ပုန်းနေသော စစ်သည်တော်မှာ သူ့ကိုယ်သူကာကွယ်ရန် သူ၏လှံရှည်ကြီးကို ဆွဲယူလိုက်သည်။ပုန်းနေလို့လည်း မထူးတော့ပေ။ အမြန်ဆုံးထွက်ပြေးရတော့မည် ဖြစ်သည်။ လင်းနို့များသည် သူတို့ထက် အင်အားအလွန်သာနေသည် မဟုတ်ပါလား။

"ပြေးကြ"

ချန်လည်း သူ့လူအားလုံးကို ထွက်ပြေးကြရန် အော်ပြောလိုက်သည်။ ကင်းစောင့်လင်းနို့က သူတို့ကိုတွေ့ပြီးနောက် သူ့အဖော်များကို လှမ်းခေါ်လိုက်သည်။ မကြာခင် အုပ်နှင့်ချီ၍ ရောက်လာကြတော့မည် ဖြစ်သည်။

သူတို့တွင် လူအင်အားအလွန်နည်းနေပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရမည် ဖြစ်သည်။

ရှောက်ရွှမ်သည် နတ်ရုပ်က ညွှန်ပြနေသော နေရာကို အမြန်သွားလိုက်သည်။ လျှပ်တပြက်တွင်း သူ့အစွယ်ဓါးကိုအားကုန် ထိုးစိုက်လိုက်သည်။ အစွယ်ဓါးနှင့် ကျောက်သားမြေပြင်တို့ ထိမိသော အခါ မီးများပွင့်ထွက်သွားသည်။

"ဒုတ်.. ဒုတ်..ဒုတ်"

ကျောက်ချပ်များ ပွင့်ထွက်သွားသည်။

မြေအောက်မှ အရာဝတ္ထုသည် မြေပေါ်သို့တက်လာသည်။

တခြားမည်သည့်အရာကိုမှ ဂရုမထားနိုင်ဘဲ ရှောက်ရွှမ်သည် ထိုပစ္စည်းကို အမိအရ ဆုပ်ကိုင်ထားလေသည်။ ထို့နောက် မြေကြီးကို ခြေထောက်ဖြင့် အားရှိသမျှ တွန်းကန်ကာ အမြန်ဆုံးအရှိန်နှင့်ပြေးလေတော့သည်။ သူ့ခြေထောက်တွင် လင်းနို့ချေးများ ပေနေသည်ကို ဂရုမပြုအား၊ နွယ်ပင်ကြီးများဆီသို အမြန်ပြေးကာ မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးတက်သွားလေသည်။

ရှောက်ရွှမ်သည် မြေကြီးတူးနေစဥ် မိုင်သည် အသံကြားလိုက်သဖြင့် လှမ်းကြည့်လိုက်သည်။ မြေတူးနေသော ရှောက်ရွှမ်ကိုတွေ့သော အခါလွန်စွာစိတ်ဆိုးသွားပြီး သူသည် ခေါင်းမီးတောက်မတတ်ဖြစ်သွားလေသည်။

ဒီချာတိတ်ရူးများနေသလား။ ရှားပါးဆေးဘက်ဝင် အပင်ဆိုလျှင်ပင် သူ့အသက်ကို စွန့်၍တန်ပါ့မလား။ ထွက်မပြေးဘဲ ဘာလို့ ထိုပစ္စည်းကို အရေးတယူပြုလုပ်နေရသနည်း။

ကံကောင်းစွာဖြင့် ရှောက်ရွှမ် အပြေးမြန်သွားသည်။ မြေတူးနေရာမှ နွယ်ပင်ပေါ်သို့ မျက်စိတမှိတ်အတွင်း ရောက်သွားလေသည်။ သူသည် နောက်ကျကျန်နေခဲ့ခြင်း မရှိပေ။

တွင်းကြီးအပေါ်ပြန်ရောက်သောအခါ မူလစခန်းချရာနေရာသို့ ပြန်ပြေးရန် သူ့လူများကို အချက်ပြလိုက်သည်။

"ဒီနေရာက ထွက်သွားကြတော့ဟေ့"

တွင်းနက်ကြီးထဲမှ စူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်ကို အားလုံးကြားလိုက်ရသည်။ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့အားလုံး သွေးများခဲသွားမလို ဖြစ်သွားလေသည်။

တွင်းနက်ကြီးအပေါ်မှ ကောင်းကင်ပေါ်တွင် ဧရာမလင်းနို့ကြီးများ ပျံဝဲနေလေသည်။

လွတ်မြောက်ရေးအတွက် အမြန်နှုန်းကို မြှင့်တင်ပြေးရလေသည်။ ဒီတစ်ခေါက်တွင်တော့ သူတို့သည် တောင်ထိပ်ပေါ်သို့ ပြေးရန် မကြိုးစားတော့။ တောင်ပေါ်တွင် သစ်ပင်များစွာ မရှိပေ၊ တောင်ခြေမှ သစ်တောများရှိရာသို့ ပြေးခြင်းက သူတို့အတွက် ပိုအကျိုးရှိနိုင်သည်။ လင်းနို့များကို တားဆီးနိုင်သော သားရဲတစ်ကောင် နှစ်ကောင်ကို တောင်ခြေတွင် တွေ့နိုင်သည်။အခုအချိန်တွင် လင်းနို့အုပ်ကြီးနှင့် နှိုင်းယှဥ်သော် တောအုပ်ထဲမှ သားရဲကြီးများက ချစ်စရာကောင်းနေသည် မဟုတ်ပါလော။

ဒါတောင် သားရဲ အမျိုးအစားအပေါ်မူတည်သေးသည်။ သူတို့မျှားခေါ်လာသော သားရဲသည် လင်းနို့များကို ဒုက္ခ မပေးဘဲ သူတို့လမ်းကို ပိတ်နေပါက သူတို့အားလုံး ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်နေပေလိမ့်မည်။

အချိန်အတော်ကြာအောင် လင်းနို့အုပ်က သူတို့နောက်ကို လိုက်နေသည်။ စစ်သည်တော်များလည်း ပုန်းနေရင်းဖြင့် လင်းနို့များကို တားဆီးနိုင်မည့် သားရဲများကို မျှားခေါ်ရန် ကြိုးစားကြသည်။ နောက်ဆုံးတွင်တော့ လင်းနို့များက သူတို့နောက်သို့ ဆက်မလိုက်တော့ပေ။

လင်းနို့များ သူတို့နောက်သို့ ဆက်မလိုက်တော့သော်လည်းလူများသည် ပြေးလွှားခြင်းကို မရပ်ပါ။ သူတို့ရင်းနှီးသော အမဲလိုက်နယ်ပယ်သို့ ရောက်သောအခါမှ ပြေးလွှားနေသော အရှိန်ကို လျှော့ချလိုက်ကြသည်။

ခဏနားပြီး လင်းနို့များ သူတို့နောက်မှ ပါလာ မပါလာစောင့် ကြည့်ရသေးသည်၊ သူတို့စခန်းချရာနေရာသို့ လိုက်လာပါက ပိုမို ဒုက္ခများမည် မဟုတ်ပါလား။

မိုင်က ပတ်ဝန်းကျင်ကို လေ့လာနေသော ချန်နှင့်ချာတို့ကို မေးသည်။

" အခြေအနေ ဘယ်လိုလဲ" ။

" လိုက်မလာတော့ပါဘူး"

ချန်ကဖြေသည်။

ထို့နောက် ဆီဆာ့ကို ကြည့်ကြပြန်သည်။ ဆီဆာ၏ အပြုအမူကို ကြည့်ပြီးမှ သူတို့တွင် အန္တာရာယ်မရှိတော့ကြောင်း သိလိုက်ရသည်။

ထိုအခါမှ သူတို့အားလုံး စိတ်အေးသွားရတော့သည်။

မိုင်သည် သူ့လူများကို ရေတွက်ကြည့်လိုက်ပြီး တစ်ယောက်မှ မကျန်ခဲ့သည်ကိုတွေ့လိုက်ရမှ သက်ပြင်းချနိုင်တော့သည်။ သို့သော် ရှောက်ရွှမ်ကို တွေ့ရသောအခါ ဒေါသပြန်ထွက်လာရသည်။

မိုင်သည် ရှောက်ရွှမ်ဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လှမ်းလာပြီး သားရေအင်္ကျီကို ဆောင့်ဆွဲလိုက်ပြီး ပြောလေတောသည်။

" မင်းတော်တော်သေချင်နေတာလား..မင်းအသက်စွန့်ရလောက်အောင် အဲဒီ ပစ္စည်းကဘယ်လောက် အဖိုးတန်နေလို့လဲ..မင်းဟိုလင်းနို့တွေရဲ့ အချိုပွဲလေးဖြစ်တော့မှာ သိရဲ့လား..အစကတည်းက မင်းကို တွင်းထဲ မဆင်းခိုင်းသင့်ဘူး"

မိုင်သည် ရှားရှားပါးပါး လွန်စွာ စိတ်ဆိုးနေတော့သည်။ သူသည် ရှောက်ရွှမ်ကို သူ့မိသားစုဝင် ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။ မနှစ်တုန်းက ရှောက်ရွှမ်သည် မတော်တဆတစ်ခုခုဖြစ်သောအခါ သတိမထားရကောင်းလားဟုသာ အနည်းငယ် အပစ်တင်သည်။ ကံကောင်းစွာဖြင့် ထိုတစ်ခေါက်က ရှောက်ရွှမ် ဘာမှ မဖြစ်ခဲ့ပါချေ။ ယနေ့တော့ ရှောက်ရွှမ်သည် အမှားကြီးတစ်ခုမှားခဲ့သည်။ ခါတိုင်းဆိုလျှင် သူသည် အဖွဲ့စည်းကမ်းများကို လိုက်နာပြီး အမှားလုပ်လေ့မရှိပေ။ ဒီလောက် အရေးကြီးနေသော အချိန်မှာတောင် သူ့အသက်ကို စွန့်လွှတ်သည်အထိ စွန့်စားရအောင် ထိုပစ္စည်းက ဘယ်လောက်တန်ဖိုးရှိနေသနည်း။

ချာသည် မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ကို ပြင်းထန်စွာရှူနေရသည်။ ချာသည်ခေါင်းကိုယမ်းရင်း စိတ်ထဲမှ တွေးနေမိသည်

" အဲဒီကောင်လေး ငါတို့အဖွဲ့ကမဟုတ်တာတော်ပါသေးရဲ့.. ငါသာဆိုရင် အဲဒီကောင်လေးကို ရိုက်မိမှာပဲ.. "။

မိုင်က သူ့အင်္ကျီကော်လာကို ဆောင့်ဆွဲသော အခါ ရှောက်ရွှမ် နည်းနည်း အံ့သြသွားသည်။ သူသည် အမဲလိုက်အဖွဲ့သို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ အခုအချိန်ထိ မိုင်ထိုမျှ စိတ်ဆိုးသည်ကို မတွေ့ဖူးသေးပါ။ သို့သော် မိုင်သည် သူ့ကိုမုန်း၍မဟုတ် ချစ်၍စိတ်ဆိုးသည်ကို သူသိသည်။

လန်ကာ့က ဖြန်ဖြေပေးရန်ရှေ့တိုးလာသော်လည်း မိုင်၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။ ထိုအခါ သူမဲ့ပြုံးသာပြုံးလိုက်နိုင်ပြီး ရှေ့သို့ထပ်မတိုးလာတော့ပေ။

" မင်းအသက်ကို စွန့်ရလောက်အောင် အဲဒီပစ္စည်းက ဘယ်လောက် အရေးကြီးနေလို့လဲ..ထုတ်လိုက်စမ်း..မင်းတူးလာတဲ့ ပစ္စည်းကို"

ခုလို အခြေအနေသာ မဟုတ်ပါက မိုင်သည် အခုထက် ကျယ်လောင်စွာ ဆူမိလေမည်။

"တောင်းပန်ပါတယ်..ကျွန်တော် မိုက်မိပါတယ်..ဒါပေမဲ့ အဲဒီပစ္စည်းက အရမ်းကို မက်လောက်စရာ ဖြစ်နေလို့ပါ"။

ရှောက်ရွှမ်သည် သူနည်းနည်းလောသွားသည်ကို သိလိုက်သည်။ နောက်တစ်ခါတွင် သူသည် ယခုထက်ပိုဂရုစိုက်ရမည်။

ထိုသို့ပြောပြီး ရှောက်ရွှမ်သည် သူ့လက်သီးဆုပ်ကို မြှင့်တင်လိုက်သည်။ ရှောက်ရွှမ်သည် မိုင့်အရှေ့တွင် သူ့လက်ချောင်းများကို ဖြန့်လိုက်ပြီး သူဆုပ်ကိုင်ထားသော အရာကို ပြလိုက်သည်။

"အဲဒါက.."

ရှောက်ရွှမ်လက်ထဲမှ အရာကို တွေ့မြင်လိုက်ရသောအခါ မိုင်သည် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ သူသည် စကားကိုပင်ဆုံးအောင် မပြောနိုင်ဘဲ ထိုနေရာတွင် ကြက်သေသေသွားသည်။ သူ့မျက်နှာသည် နီမြန်းသွားပြီး ခဏလောက် အသက်ရှူရပ်သွားသည်။ သူမြင်လိုက်ရသည်ကို သူမယုံနိုင်အောင်ပင် ဖြစ်သွားသည်။

ချာကလည်း သိချင်သဖြင့် အနားကပ်ချင်လာသည်။ သို့သော် သူမတ်တပ်ရပ်မည်ဟုပြင်ရုံရှိသေးသည် လျင်မြန်စွာ ပြေးသွားသော ချန်က သူ့ကိုတွန်းဖယ်သွားသည်။

ချန်သည် သူ့အရှေ့တွင် ရှိသော ချာကို တွန်းဖယ်လိုက်ပြီး ရှောက်ရွှမ်လက်ထဲက အနီရောင် သလင်းကျောက်ကို လှမ်းကြည့်လိုက်သည်။ မိုင်ကဲ့သို့ပင် သူ့မျက်လုံးများနီသွားသည်။ အံ့သြလွန်း၍လည်းဖြစ်မည် သို့မဟုတ်လျှင် သူတို့မျက်လုံးကို အနီရောင်သလင်းကျောက်လေးက ရောင်ပြန်ဟပ်၍လည်း ဖြစ်နိုင်လေသည်။

"မီးလျှံသလင်းကျောက်..."

All Chapters