← Chapters

မီးခိုးများ

Vol. 8 Ch. 118

မီးခိုးများ

Vol. 8 Ch. 118

နေ့တိုင်းလိုပင် အမဲလိုက်အဖွဲ့ငါးဖွဲ့မှလူများသည် တွင်းနက်ကြီး၏ အခြေအနေကို သိရရန် လူများလွှတ်၍ စုံစမ်းသည်။ ချမ့်အဖွဲ့မှ ပျောက်ဆုံးသွားသော လူသုံးယောက်သတင်းကိုတော့ မကြားရသေးပေ။

စစ်သည်တော်များသည် လင်းနို့ဂူထဲသို့ဝင်ရန် အခွင့်မသာသဖြင့် တွင်းနက်ကြီးကို အဝေးမှသာ လေ့လာကြသည်။ ဂူအဝင်ဝတွင် လင်းနို့များပျံသန်းနေပြီး တွင်းနက်ကြီးထဲရှိ အက်ကွဲကြောင်းထဲမှ လင်းနို့များ ထက်အကောင်ရေပိုများသည်။

လူသုံးယောက်ပျောက်ဆုံးသွားသည်မှာ ၇ရက်ရှိလေပြီ။ ခန့်မှန်းရသလောက်တော့ ထိုသုံးယောက် အသက်ရှင်ရန် အခွင့်အလမ်းမှာ လွန်စွာ နည်းပါးသွားပြီ ဖြစ်သည်။ သို့သော် မီးလျှံသလင်းကျောက်ကိစ္စ ပေါ်လာသဖြင့် အဖွဲ့ငါးဖွဲ့ပေါင်းစည်း

ကာ ဆောင်ရွက်ရမည့် စစ်ဆင်ရေးဖြစ်သွားပြီဖြစ်သည်။ သူတို့သည် လုံလောက်သော ပြင်ဆင်မှုမရှိဘဲ လတ်လွတ်စပါယ် မလုပ်ရဲကြပေ။ ထိုသို့ ပြုမူပါက ပျောက်ဆုံးသည်မှာ သုံးယောက်မဟုတ်ဘဲ အမဲလိုက်အဖွဲ့သုံးဖွဲ့ ဖြစ်သွားနိုင်သည်။

“သားကောင်တွေကို တွင်းထဲသယ်သွားတာတော့တွေ့တယ်၊ ဒါပေမဲ့ ဘာအကြွင်းအကျန်မှ ပြန်ထုတ်တာ မတွေ့ရဘူး”

တွင်းနက်ကြီးဆီမှ ပြန်လာသော ကင်းထောက်တစ်ယောက်က ပြောသည်။

ထိုလင်းနို့များသည် သူတို့စားပြီးသော သတ္တဝါများကို ဘယ်တော့မှ သယ်မသွားပေ။ ထို့ပြင် သူတို့သည် သတ္တဝါများကို စားခြင်းမဟုတ်၊ သွေးကိုသာ သူတို့စိတ်ဝင်စားသည်။ သားကောင်ဆီမှ သွေးစုပ်ပြီးသောအခါ၊ ထိုသားကောင်ကို သူတို့စိတ်မဝင်စားတော့ချေ။

ထို၇ရက်အတွင်း ရှောက်ရွှမ်သည် အတွေ့အကြုံအရင့်ကျက်ဆုံး၊အတော်ဆုံး စစ်သည်တော်များနှင့်အတူ တွင်းနက်ကြီးဆီသို့ ပြန်သွားခဲ့သည်။ အထူးမစ်ရှင်တစ်ခုအဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် တွင်းနက်ကြီးကို သေချာစွာ စစ်ဆေးကြည့်သောအခါ၊ မီးလျှံသလင်းကျောက်များ မြှပ်နှံထားသော နေရာတစ်ခုကို သာရှာတွေ့သည်။ မီးလျှံသလင်းကျောက်များရယူရန် တူးယူရမည်ဖြစ်သည်။

မြေမျက်နှာပြင်နှင့်နီးသောနေရာမှ သလင်းကျောက်ကို တူးသောအခါ လင်းနို့များက အသံကြားသွား ပြီး သူတို့ကို လာတိုက်ခိုက်ကြသည်။

သို့သော် ထူးဆန်းစွာဖြင့် ဒီတစ်ခေါက်က အရင်အခေါက်များနှင့်မတူတော့ပေ။ စစ်သည်တော်များသည် နည်းဗျူဟာတစ်ခုကိုသာ မချမှတ်နိုင်ပါက၊ ထိုသတ္တဝါများကို ရှင်းရန်ခက်ခဲမည်ဖြစ်သည်။ ဒီတစ်ခေါက်တွင် တော့လင်းနို့များသည် သူတို့နောက်ကို ခဏသာလိုက်လာကြောင်း ရှောက်ရွှမ်သတိထားမိသည်။ ကြည့်ရသည်မှာ လင်းနို့များစိတ်ထဲတွင် အမဲလိုက်အဖွဲ့မှ လူများကို ဘာမှမဟုတ်သကဲ့သို့ အရေးမကြီးသော ကိစ္စလောက်သာ သဘောထားသည် ထင်သည်။

တစ်ခုခုလုပ်ရန်အတွက် လင်းနို့ကြီးများသည် တွင်းနက်ကြီးရှိရာတောင်ကုန်းပေါ်တွင် စုစည်းကြသည်။ ပတ်ဝန်းကျင်မှ လင်းနို့များလည်း တဖြည်းဖြည်းရောက်လာကြသည်။

သူတို့အတွက် ကောင်းသည့်အချက်မှာ လင်းနို့များသည် ထင်သလောက်မပါးနပ်ပေ။ သာမန်အန္တရာယ်လောက်သာ ပေးနိုင်သော သားရဲများဖြစ်ကြသည်။ ရှောက်ရွှမ်ကလင်းနို့များကို ဖမ်းရန် ပိုက်ကွန်ကြီးတစ်ခု ပြုလုပ်မည်ဟု စိတ်ကူးသည်။ သို့သော် ပစ္စည်းမရှိသဖြင့် သူသည် ထိုအကြံကို လက်လျော့လိုက်ရသည်။

နောက်ဆုံးတွင်တော့ အမဲလိုက်အဖွဲ့ခေါင်းဆောင် ငါးယောက်သည် မီးခိုးများကို အသုံးပြုရန် အစီအစဥ်ဆွဲကြလေသည်။

အမဲလိုက်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းလျှင်ပင် လူ၂၀၀ မပြည့်ပေ။

တောင်ကုန်းပေါ်မှ တွင်းနက်ကြီးထဲတွင် လင်းနို့ပေါင်း ထောင်ချီရှိသည်။ ကင်းထောက်များကပေးသော သတင်းအရ လင်းနို့များသည် တစ်နေ့ထက် တစ်နေ့ ပိုများလာသည် ဟုသိရသည်။

လင်းနို့တိုင်းမှာ တွင်းနက်ကြီးထဲတွင် ရင်ဆိုင်ခဲ့ရသော ဧရာမ အကောင်ကြီးလောက် မကြီးမားပေ။ အများစုမှာ ဆီဆာနှင့် ရင်ဆိုင်ခဲ့ရသည့် အကောင်အရွယ်အစားလောက်ပင်ဖြစ်သည်။

လင်းနို့များကို တစ်ကောင်ချင်းရင်ဆိုင်ရန် လွယ်သည် ဖြစ်သော်လည်း အကောင်အရေအတွက်များစွာကို ရင်ဆိုင်ရန် မလွယ်ပေ။

အခုဆိုလျှင် အမဲလိုက်အဖွဲ့များ၏ ရည်ရွယ်ချက်မှာ မီးလျှံကျောက်များ တူးယူရန် ဖြစ်ပြီး ပျောက်ဆုံးနေသော သူတို့လူသုံးယောက်ကို ရှာရန် ဖြစ်သည်။ သူတို့သည် လင်းနို့အုပ်ကြီးနှင့် ထိပ်တိုက်မတွေ့ရန် ရှောင်ကြသည်။ သူတို့၏ဦးစားပေးပစ်မှတ်ဘယ်လောက် အရေးကြီးကြီး တစ်ခါတရံ သူတို့သည် လင်းနို့များကို တိုက်ထုတ်ရသည်။ သူတို့ကို မီးခိုးနှင့် ခြောက်ထုတ်သည်မှာ ပါးနပ်သော နည်းလမ်းတစ်ခုဖြစ်သည်။

အမဲလိုက်အဖွဲ့မှ လူများသည် ပိုးမွှားများကိုရှင်းရန်နှင့် တိရစ္ဆာန်များကို မောင်းထုတ်ရန် အပင်တစ်မျိုးကို အသုံးမီးရှို့၍ ထွက်လာသော မီးခိုးများအားအသုံးပြုလေ့ရှိသည်။

ယခုအခေါက်တွင်လည်း မီးခိုးများကို အသုံးပြု၍ လင်းနို့များကို ခြောက်ထုတ်မည်ဖြစ်သည်။

မီးခိုးထွက်ရန် အသုံးပြုမည့် အပင်များကို သေချာရွေးချယ်ရမည်ဖြစ်သည်။ အသုံးပြုသော အပင်မှားပါက လင်းနို့များကို ခြောက်ထုတ်ရာမရောက်ဘဲ ကိုယ့်လူကိုယ် ပြန်ဒုက္ခပေးသလို ဖြစ်နေမည်။

အဖွဲ့ခေါင်းဆောင် ငါးယောက်တို့သည် သူတို့သုံးနေကျ အပင်တချို့ကို နှိုင်းယှဥ်ကြည့်ပြီး အကောင်းဆုံး အပင်တစ်ပင်ကို ရွေးချယ်လိုက်သည်။

" လင်းနို့တွေကဒီအပင် အနံ့ကို ကြောက်ကြတယ်..မနေ့က ဒီအပင်ကို လုံးပြီး သူတို့ ဆီကို လွှတ်ပစ်လိုက်တာ..တခါတည်း ထွက်ပြေးကြတာပဲ"

လန်ကာ့က ဂုဏ်ယူစွာ ပြောသည်။

မနေ့တုန်းက လန်ကာ့သည် အမဲလိုက်ထွက်လာသော လင်းနို့တချို့နှင့် ရင်ဆိုင်ရသည်။ သူတို့သည် သားကောင်ကို ရခါနီးအခါမှ လန်ကာ့သည် မီးစွဲနေသော အပင်တချို့ကို သူတို့ဆီပစ်လိုက်သည်။ မီးစွဲနေသော အပင်သည် မပြေးနိုင်တော့သော သားကောင်နားတွင် သွားကျသည်။ ထိုသားကောင်သည် ပြေးဖို့မဆိုထားနှင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ လင်းနို့များသည် သူတို့သားကောင်ကို စားရန် တက်ကြွနေသော်လည်း မီးစွဲနေသော ဆေးပင်လုံးလေးသည် သူတို့နားကို ကျသွားသောအခါ အတောင်ပံများ တဖြတ်ဖြတ်ခါပြီး ထအော်ကြသည်။ သူတို့သည် ဆေးပင်မှ အနံ့ကို အလွန်မုန်းတီးကြသည်။

"ကောင်းတယ်..ဒီအခြေအနေတိုင်းဆိုရင်တော့ ငါတို့အောင်မြင်နိုင်တယ်"

မိုင်က ပြောသည်။

မီးခိုးမှိုင်းတိုက်ရန် အပင်များကို ပြင်ဆင်ထားသလို လင်းနို့အကိုက်ခံရ၍ မေ့မြောသွားသောအခါ အသုံးပြုရန် ဆေးပင်များကိုလည်း သေချာပြင်ဆင်ထားသေးသည်။ မီးခိုး ကြောင့် မူးဝေသောအခါ သုံးရန်အပင်များကိုလည်း ပြင်ဆင်ထားရသည်။ လူများသည် ဆေးပင်များ၏ အနံ့ကို ခံနိုင်ရည်ရှိသော်လည်း အချိန်အတော်ကြာမီးခိုးများကို ရှူရှိုက်ရမည် ဖြစ်သောကြောင့် သူတို့ကိုလည်း နည်းနည်းတော့ ထိခိုက်နိုင်သည်။

ရှောက်ရွှမ်၏ အကြံပေးချက်အရ သူတို့သည် အမူးအမောပြေစေသော နွယ်ပင်တချို့ကို သုံး၍ မျက်နှာဖုံးများ ယက်လုပ်ကြမည် ဖြစ်သည်။ လင်းနို့ဂူထဲသို့ ဝင်သောအခါ ထိုမျက်နှာဖုံးများကို အသုံးပြုမည် ဖြစ်သည်။ အမူးအမောပြေ

စေသော နွယ်ပင်များ၏ အနံ့သည် မီးခိုးများလွန်စွာ ထူထပ်နေလျှင်တောင် လူများကို လန်းဆန်းစေနေမည် ဖြစ်သည်။

“ခေါင်းဆောင်ကြီး… ကျွန်တော်တို့ဘယ်အချိန်လောက်စထွက်ကြမလဲ” တစ်ယောက်ကမေးလိုက်သည်။ အခုတော့ နေ့တိုင်းလိုပင် သူတို့ အတွက် အစာကို လင်းနို့များဆီမှ လုယူနေရပြီဖြစ်သည်။ သားရဲကြီးများ နှင့်သားကောင်ငယ်များသည် ထိုစားကျက်မြေမှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် စစ်သည်တော်များအတွက် အစာရှာရန်ခက်ခဲလာပြီဖြစ်သည်။ ထို့ကြောင့် လင်းနို့များထက် ဦးအောင် အစာကိုရှာဖွေနေရပြီဖြစ်သည်။

“မကြာခင်သွားကြမယ်”

ချမ်ကပြောသည်။

သူတို့သည် လိုအပ်သော ကျောက်လက်နက်များ၊ ဆေးပင်များ၊ အခြားဆေးဝါးများကို ပြင်ဆင်ထားပြီး ပြီ ဖြစ်သည်။အခုလက်တွေ့သွားတိုက်ရန် အချိန်ကျပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် ထောင့်တစ်နေရာတွင် ထိုင်ရင်း စစ်သည်တော်များ ဆွေးနွေးနေကြသည်ကို နားထောင်နေလေသည်။ သူသည် အနီရောင်သလင်းကျောင် အသေးစားလေးကို ကိုင်ထားသော သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ ပြီးခဲ့သော အခေါက်က တွင်းနက်ကြီးဆီသို့ သွားရာမှ တူးယူလာခြင်း ဖြစ်သည်။ သလင်းကျောက် နှစ်ခုရလာပြီး အရွယ်အစား သိပ်မကြီးလှပေ။ တစ်ခုကို ချန်က သိမ်ထားပြီး တစ်ခုကို ရှောက်ရွှမ်သိမ်းထားလေသည်။

မီးလျှံသလင်းကျောက် အသေးလေးသည် ဆန်စေ့ထက် နည်းနည်းပိုသေးပြီး သူတူးလာသော မီးလျှံသလင်းကျောက်ထက် နည်းနည်းပိုသေးလေသည်။ထို့ကြောင့် အခြား အဖွဲ့ခေါင်းဆောင်များမှာ ထိုသလင်းကျောက်လေးကို ရှောက်ရွှမ်ယူထားသည့်အတွက် ဘာမှ မပြောတော့ပေ။ သူတို့ အမြင်တွင် ပိုအရေးကြီးသည်မှာ တွင်းနက်ကြီးထဲတွင် ကျန်နေသေးသော သလင်းကျောက်များသာ ဖြစ်သည်။

သူ၏ အသိစိတ်ထဲတွင် အနီရောင်အလင်းတန်းများသည် နတ်ရုပ်ဆီသို့ရောက်လာပြီး နတ်ရုပ်နှင့် ပူးပေါင်းသွားသည်ကို တွေ့လိုက်ရသည်။ မီးလျှံသလင်းကျောက်လေးမှာ သေးငယ်သော်လည်း ရှောက်ရွှမ် အတွက်တော့ လုံလောက်သော စွမ်းအင်ကို ပေးနိုင်သည်။

ရှုထောင့်ပြောင်း၍ ကြည့်မည်ဆိုပါက ရှောက်ရွှမ်သည် သူ့လက်ထဲမှ သလင်းကျောက်လေးသည် လောင်ကျွမ်းနေသည်ကို တွေ့မြင်နိုင်သည်။ မီးတောက်မှ အနီ‌ရောင်စွမ်းအင်များက လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး နတ်ရုပ်ဆီသို့ မဝင်မီ သူ့လက်မှတဆင့် သူ့ကိုယ်ထဲသို့ဝင်ရောက်သွားလေသည်။

နောက်၂ရက်ကြာသောအခါ အမဲလိုက်အဖွဲ့၅ဖွဲ့သည် တွင်းနက်ကြီးဆီသို့ စတင်ချီတက်ကြလေတော့သည်။

လူတစ်ယောက်ဆီတိုင်းသည် တာဝန်ကိုယ်စီခွဲယူထားကြပြီး လူတိုင်းလူတိုင်း လုပ်စရာအသီးသီးနှင့် ဖြစ်သည်။

ရှောက်ရွှမ်သည် မိုင်နှင့် အခြားစစ်သည်တော်များနောက်မှနေ၍ လင်းနို့ဂူထဲသို့ လိုက်ဝင်လေသည်။ သူတို့သည် အစက အက်ကွဲကြောင်များမှတဆင့် တွင်းနက်ကြီးထဲသို့ ဝင်ရန်ရည်ရွယ်ထားသော်လည်း ခေါင်းဆောင်များက ထိုအဆိုကို ပယ်ချခဲ့သည်။ ထိုနေရာမှ ဝင်မည်ဆိုလျှင် တွင်းနက်ကြီးထဲရောက်သော အခါပုန်းအောင်းရန် သိပ်မလွယ်ကူတော့သောကြောင့် ဖြစ်သည်။ ထို့ပြင်တွင်းနက်ထဲမှ လင်းနို့များသည် တခြားနေရာက လင်းနို့များထက် ပိုကြီးမားသောကြောင့် သာမန်မဟုတ်သော အနံ့များကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်သည်။ ထိုအချက်များကို ထည့်သွင်းစဉ်းစားကြည့်သောအခါ တောင်ပေါ်မှ အခြားလင်းနို့ဂူများ မှ ဝင်ရောက်ခြင်းက သူတို့အတွက် ပိုလွယ်ကူစေမည် ဖြစ်သည်။ ထိုနေရာမှ လင်းနို့များက ရင်ဆိုင်ရ ပိုလွယ်ပြီး အပင်ပေါများသောကြောင့်လည်း ပုန်းအောင်းရန် အခွင့်သာမည် ဖြစ်သည်။

“တွင်းနက်ကြီးထဲက အက်ကွဲကြောင်းတွေနဲ့တောင်ကုန်းပေါ်က ဂူတွေက တစ်ခုနှင့် တစ်ခုဆက်စပ်နေလောက်တယ်..အဲဒီဂူတစ်ခုခုထဲက ပဲဝင်သွားကြတာပေါ့”

မိုင်က သူ့လူများကို ပြောလိုက်သည်။

အားလုံးသည် နွယ်ပင်များမှ ယက်လုပ်သော မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။ သက်တောင့်သက်သာ မဖြစ်သော်လည်း အသုံးတော့ဝင်သည်။ ပရုတ်အနံ့နှင့်တူသော နွယ်ပင်နံ့များက သူတို့၏ လှုပ်ရှားနေသော စိတ်များကို ငြိမ်သက်စေသည်။

လေတိုက်ရာဘက်ကို အကဲခတ်ပြီးနောက် မိုင်သည် သူ့လူများကို စလှုပ်ရှားရန်အချက်ပြလိုက်သည်။ တချို့က ခန္ဓာကိုယ်ပေါ်တွင် မြက်များဖုံးအုပ်ထားပြီး ချုံပုတ်များနောက် တွင် ပုန်းနေကြသည်။ တချို့က မီးရှို့မည့် ဆေးပင်များကို ကိုင်ကာ ဂူနားသို့ ချဉ်းကပ်လာကြသည်။

အားလုံး၏လက်ထဲတွင် သစ်သားများဖြင့်ပြုလုပ်ထားသော လှံရှည်များကို ကိုင်ဆောင်ထားကြသည်။ မီးရှို့မည့် သစ်ပင်လုံးလေးများကို လှံထိပ်ဖျားတွင် ချည်ထားကြသည်။ ထို့နောက် သစ်ပင်များကို မီးရှို့လိုက်ပြီး မီးလောင်သွားသောအခါ မီးခိုးများထူထပ်စွာ ထွက်လာရန် မီးကို ငြိမ်းသက်လိုက်သည်။

‘ပစ်”

လှံရှည်ကြီးများကို ပစ်ထုတ်လိုက်သည်။ လေးညှို့မှ ထွက်သောမြားကဲ့သို့ လင်းနို့ဂူများထဲသို့ ပြေးဝင်သွားသည်။ မီးခိုးထွက်နေသော သစ်ပင်လုံးများချီထားသည့် ဒါဇင်နှင့်ချီသော လှံရှည်များသည် လင်းနို့ဂူထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ပြေးဝင်သွားသည်။

မကြာမီပင် လင်းနို့ဂူထဲမှ မီးခိုးများအူထွက်လာသည်။ သူတို့သည် လေတိုက်ရာလမ်းကြောင်းကို ထည့်စဉ်းစားပြီး ယခုဂူကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ လေက ဂူအတွင်းသို့ တိုက်ခတ်နေပြီ ဖြစ်သည်။ မီးခိုးတချို့သည် ဂူထဲမှ ထွက်လာသလို မီးခိုးအများစုက ဂူထဲသို့ဝင်သွားလေတော့သည်။

“ကျွိ..ကျွိ..ကျွိ”

ဂူထဲမှ အသံများကျယ်လောင်စွာထွက်လာသည်ကို လန်ကာ့နှင့်ကျန်သည့် သူများ ကြားလိုက်ရသည်။ မီးခိုးများ ထွက်လာသည်ကိုကြည့်ပြီးနောက် လင်းနို့များ၏ အတောင်ပံခတ်သံများကို သူတို့ကြားလိုက်ရသည်။ လှံများကို ပစ်လိုက်သော စစ်သည်တော်များသည် အသင့်ဖြစ်နေပြီ ဖြစ်သည်။

“ဝှစ်…ဝှစ်”

လင်းနို့များဂူထဲမှ တစ်ကောင်ပြီး တစ်ကောင် ပြေးထွက်လာကြသည်။ မျက်စိတမှိတ်အတွင်း လင်းနို့များ ရာနှင့်ချီသွားသည်။ လင်းနို့များသည် ဂူထဲမှ ထွက်ပြေးလာရသည့်အတွက် စိတ်ဆိုးနေကြသည်။ တချို့က ကျယ်လောင်စွာ အော်နေကြသည်။ ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ လူများကို သူတို့တွေ့လိုက်ကြသည်။

“ကျွိ”

စူးရှသည့် အော်သံနှင့် အတူ စိတ်ဆိုးနေသော လင်းနို့များသည် လှံများကို ပစ်လိုက်သော စစ်သည်တော်များ ဆီသို့ ပျံလာကြသည်။

“ပြေးကြ”

လှံများကို ပစ်လိုက်သော စစ်သည်တော်များသည် အလျင်မြန်ဆုံး စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့သည် လင်းနို့များ ပြေးလာသည်ကို မြင်သည်နှင့် ချက်ချင်းထပြေးကြသည်။

သူတို့ထပြေးရာဘက်တွင် မီးခိုးရောင် နယ်ပယ်တစ်ခုရှိသည်။ အရင်တုန်းက ချမ်သည် သူ့အဖွဲ့ကိုထိုနေရာသို့ ခေါ်လာဖူးသည်။ ထိုနေရာတွင် ပင့်ကူကြီးများနေထိုင်ကြောင်းကို သိထားကြသည်။ ထိုနေရာသည် သူတို့ အမဲလိုက်လမ်းကြောင်းထဲတွင်မပါဝင်ပေ။ ထို့ကြောင့် ပုံမှန်အားဖြင့် သူတို့သည်ထိုနေရာသို့ သွားလေ့မရှိ။ အခုတော့ သူတို့သည် ပင့်ကူကြီးများကို အသုံးချတော့မည် ဖြစ်သည်။

သူတို့သည် လင်းနို့များကို ထိုနေရာသို့ သွေးဆောင်လာမည် ဖြစ်ပြီး ပင့်ကူများနှင့် တိုက်ခိုက်စေမည် ဖြစ်သည်။ လင်းနို့အုပ်ကြီးသည် လူများနောက်သို့လိုက်လာသောအခါ ခြုံပုတ်များနောက်တွင် ပုန်းအောင်းနေသော စစ်သည်တော်များထွက်လာပြီး ဂူထဲသို့ ပြေးဝင်သွားကြလေသည်။ သူတို့သည် ဂူထဲပြေးဝင်သွားသောအခါ မီးရှို့ထားသော သစ်မြစ်များကို ဂူထဲသို့ပစ်သွင်းရန် မမေ့ပေ။

ပုံမှန်အားဖြင့် ယခုလိုနေသာသော နေ့များတွင် လင်းနို့များသည် ဂူထဲတွင် ပုန်းအောင်းနေမည် ဖြစ်သည်။ အခုတော့ ထိုကဲ့သို့ မဟုတ်ပေ။

တချို့လင်းနို့များက အပြင်ကို ပျံထွက်လာကြပြီး တချို့လင်းနို့များက စစ်သည်တော်များ နောက်ကို ပြေးလိုက်ကြသည်။ ကျန်သောသူတချို့က ဂူ၏အတွင်းပိုင်းသို့ ပျံပြေးသွားကြသည်။ အခုတော့ လင်းနို့ အနည်းငယ်သာ ကျန်တော့သည်။

ထိုလင်းနို့များကို ရင်ဆိုင်ရန် သိပ်မခက်တော့ပါ။ မိုင်က မီးတုတ်တစ်ချောင်းကို ယူပြီး ဂူထဲမှ လင်းနို့များကို လွယ်ကူစွာ ရှင်းလင်းပစ်တော့သည်။ ထိုလင်းနို့များ၏ မျက်လုံးများမှာ ကြီးမားသော်လည်း မှောင်မိုက်နေသော ဂူထဲတွင် ထိုမျက်လုံးများမှာ အသုံးမဝင်ပေ။ သူတို့၏ ထက်မြက်သော အမြင်အာရုံနှင့် အကြားအာရုံကို သာအားကိုးနေရသည်။

အမဲလိုက်အဖွဲ့မှ စစ်သည်တော်များသည် ထူထပ်သော သားရေဖိနပ်များကို စီးထားကြသည်။ စစ်သည်တော်အများစုသည် ဖိနပ်စီးလေ့မရှိသော်လည်း အဖွဲ့ခေါင်းဆောင်များက စစ်ဆင်ရေး မစတင်မီ ဖိနပ်စီးထားရန် အမိန့်ပေးထားသည်။

ထူထပ်သောလင်းနို့ချေးများက မြေပြင်ကို ဖုံးအုပ်ထားပြီး ထိုအပေါ်တွင် ပိုးကောင်ငယ်လေးများက တွားသွားနေကြသည်။

“ဖောက်”

လန်ကာ့သည် ပိုးမွှားတစ်ကောင်ကို နှစ်ပိုင်းဖြစ်အောင် လှံနှင့်ထိုးခွဲလိုက်သည်။ မျက်မှောင်ကြုတ်ရင်း ပြောသည်။

“ ဒီနေရာက နံစော်နေတာပဲ”

မိုင်ကတော့ ဘာမှ မပြောဘဲ မီးတုတ်တစ်ချောင်းကိုင်ဆောင်ရင်း သူ့လူများကို ဦးဆောင်၍ ဂူထဲသို့ ဝင်သွားလေသည်။ လင်းနို့များကို ရှင်းလင်းရင်း သူတို့သည် မီးရှို့ထားသော သစ်ပင်လုံးလေးများကို ဂူထဲသို့ ပစ်သွင်းလေသည်။

မိုင်နှင့် သူ့အဖော်များကဲ့သို့ အမဲလိုက်အဖွဲ့လေးခုမှ လူများသည် လင်းနို့ဂူအသီးသီးသို့ ဝင်သွားကြလေသည်။ သူတို့သည် မျှော်မှန်း၍ မရသောအန္တရာယ်ကြောင့် ဂူထဲသို့ အလျင်အမြန်ဝင်ကြလေသည်။

သူတို့အားလုံးသည် ဂူထဲသို့ မီးရှို့ထားသော သစ်ပင်များ ပစ်ထည့်ရင်း လျင်မြန်စွာ ပြေးဝင်ကြလေသည်။ အထဲရှိ မြေမျက်နှာပြင်သည် ချောမွေ့ခြင်းမရှိပေ၊ ကျောက်တုံးများသည် နေရာအနှံ့ ပြန့်ကျဲလျက်ရှိသည်။ တချို့ကျောက်တုံးများမှာ အလွန်ထက်မြက်သည်။ သူတို့တွင် မီးတုတ်သာ မပါပါက ဂူထဲတွင်သွားရန်ပင် တတ်နိုင်မည် မဟုတ်ပေ။

အရင်တုန်းကတော့ လူများသည် တွင်းနက်ထဲမှ အက်ကွဲကြောင်းများနှင့် တောင်ကုန်းပေါ်မှ ဂူများသည် ဆက်စပ်နေမည် ဟုထင်ထားခဲ့ကြသည်။ ဟုတ်သည်..သိပ်မကြာခင်မှာပင်…အမဲလိုက်အဖွဲ့မှ လူများဆီမှ စကားသံများထွက်ပေါ်လာသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ…အက်ကွဲကြောင်းတွေနဲ့ဂူတွေက ဆက်စပ်နေတယ်”…

All Chapters