လင်းနို့တောင်
Vol. 9 Ch. 121
စားသောက်ပြီးသောအခါ ထိုအရာသည် မျက်နှာကျက်စီပြန်တက်သွားပြီး ရှောက်ရွှမ်၏ အမြင်အာရုံအတွင်းမှပျောက်ကွယ်သွားသည်။
တောင်ထိပ် တွင်းနက်ကြီးရှိရာနေရာ အက်ကွဲကြောင်းများမှ အရိပ်မည်းတစ်ခု ပျံထွက်လာသည်။
ထိုအရာသည် အပြင်ရောက်သောအခါ လွန်စွာတောက်ပနေလေသည်။
တောက်ပသောနေရောင်အောက်တွင် အရိပ်မည်းကြီးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ထို့နောက် သူ့ကို ကောင်းစွာမမြင်ရတော့။
ထိုအရာကို ရှောက်ရွှမ်သာ မြင်လိုက်မည်ဆိုပါက နှာခေါင်းရိုးများနှင့် လည်ပင်းအတွင်းရှိ အချို့အရိုးများသည် လျင်မြန်စွာ ပိတ်လိုက် ဖွင့်လိုက်လုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုအရာသည် အလတ်တန်းစစ်သည်တော်များပင် မကြားနိုင်သော အသံလှိုင်းများကို ထုတ်လွှတ်နေသည်။
ထိုအသံများကိုရှောက်ရွှမ်ကြားလိုက်ပြီးနောက် တောအုပ်၏နေရာအနှံ့အပြားမှ လင်းနို့များတစ်ကောင်ပြီးတစ်ကောင် ပျံတက်လာသည်။
သူတို့သည် အမဲလိုက်ခြင်း၊အစာစားခြင်း၊ ဆေးမြစ်လုံးများကို ပစ်ခဲ့သော စစ်သည်တော်များနောက်လိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ကောင်းကင်ပေါ်သို့ တုန့်ဆိုင်းခြင်းမရှိဘဲ ပျံသန်းကြသည်။ ထို့နောက်တွင်းနက်ကြီးဆီသို့ ဦးတည်ပျံသန်းကြသည်။
ဧရာမပင့်ကူကြီးများနှင့် သူတို့၏ ပင့်ကူအိမ်များရှိရာ မီးခိုးရောင်ဧရိယာအရောက်တွင် စစ်သည်
တော်များနောက်သို့လိုက်နေသော လင်းနို့အုပ်သည် လှည့်ပြန်သွားကြသည်။ ပင့်ကူအိမ်များတွင် မိနေသော လင်းနို့များသည် ရူးသွပ်နေသကဲ့သို့ ရုန်းထွက်နေကြသည်။ ပင့်ကူအိမ်များမှ ရုန်းထွက်ပြီးနောက် သူတို့သည် တွင်းနက်ကြီး ရှိရာဆီသို့ ပျံထွက်သွားကြသည်။
“ဒီကောင်တွေ ဘာဖြစ်နေကြတာလဲ” စစ်သည်တော်တစ်ယောက်က အခြားစစ်သည်တော်တစ်ယောက်ကို လှမ်းမေးသည်။
“သူတို့ဦးတည်ပြီးပျံသွားတဲ့ဘက်က...”
“တောင်ကုန်းရဲ့ ဟိုဘက်ကို ပျံသွားကြတာ..”
“ဒါဆို ခေါင်းဆောင်တွေရှိတဲ့ဘက်မှာ တစ်ခုခုဖြစ်နေတာပေါ့” ။
စစ်သည်တော်များသည် တစ်ယောက်နှင့်တစ်ယောက် လေချွန်၍ အချက်ပေးလိုက်သည်။
လင်းနို့များနှင့် အလုပ်ရှုပ်နေသော သူများသည် လင်းနို့ဂူများဆီသို့ဦးတည်ပြေးသွားကြသည်။
တောအုပ်မှ ထွက်လာသောအခါ သူတို့မြင်ကွင်းကို ပိတ်နေသော သစ်ကိုင်းသစ်ခက်များ မရှိတော့သဖြင့် လင်းနို့အုပ်ကြီးတစ်အုပ် တွင်းနက်ကြီးအပေါ်မှ ပျံသန်းနေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုလင်းနို့အုပ်ကြီးမှာ တဖြည်းဖြည်းကြီးမားလာသည်။
အနီးအဝေးမှ ရှိသမျှ လင်းနို့များသည် တွင်းနက်ကြီးဆီသို့ ဦးတည်ပျံသန်းနေသော လင်းနို့အုပ်ကြီးနှင့် သွားပူးပေါင်းကြသည်။
ဂူထဲတွင် ရှောက်ရွှမ်သည် တဖြည်းဖြည်းအားပြန်ပြည့်လာသည်။ သူတို့အနေနှင့် ဂူထဲတွင် ဆက်နေ၍ မဖြစ်။ သူတို့အားလုံး လင်းနို့အဆိပ်မှ ပြေသွားလျှင်တောင် အချိန်တစ်ခုကြားလျှင် ပြန်မေ့မျောသွားမည် ဖြစ်သည်။
ရှောက်ရွှမ်သည် လင်းနို့အသေကောင်ပုံပေါ်တွင်
အိပ်ပျော်နေသော စစ်သည်တော်များကို မြူတောထဲမှ သယ်ထုတ်လေသည်။သယ်ထုတ်ပြီးသောအခါ ရှောက်ရွှမ်သည် စစ်သည်တော်များ၏ပါးစပ်ထဲသို့ ဆေးမြစ်များထည့်ပေးလိုက်သည်။
ဂူထဲတွင် အသက်ရှင်နေသော လင်းနို့ဟူ၍ တစ်ကောင်မှ မရှိတော့ပေ။ ခဏလောက်အနားယူပြီးသောအခါ ရှောက်ရွှမ်သည် အပြင်ဘက်မှ အသံတချို့ကို ကြားလိုက်ရသည်။ ပထမဆုံးလင်းနို့လိုက်ခံရသော စစ်သည်တော် အုပ်စုရောက်လာလေသည်။
မြေပေါ်တွင်လဲကျနေသူများကို တွေ့လိုက်ရသောအခါ ထိုစစ်သည်တော်များ အံ့သြသင့်သွားလေသည်။ အားလုံး၏ အခြေအနေများကို စစ်ဆေးကြည့်ပြီးမှ သူတို့လည်း စိတ်သက်သာရာရသွားလေသည်။
ရှောက်ရွှမ်ကမေးသည်”အပြင်ဘက်မှာ ဘာတွေ ဖြစ်နေကြတာလဲ”။
“ငါတို့နောက်ကို လိုက်နေတဲ့ လင်းနို့တွေ ရုတ်တရက်ကြီး ပြန်လှည့်သွားပြီး တောင်ထိပ်ဘက်ကို ပျံသွားတာတွေ့လိုက်တယ်..ဂူထဲကလင်းနို့တွေလေကွာ..အဲဒီလင်းနို့တွေတစ်ကောင်မှ မရှိတော့ဘူး..တွင်းနက်ကြီးအပေါ်မှာ အုပ်စုလိုက်ကြီးဝဲနေတာတွေ့လိုက်တယ်” စစ်သည်တော်တစ်ယောက်ကပြောသည်။
“ဒီနေရာကနေ အရင်ထွက်သွားရအောင်..ကျန်တဲ့ကိစ္စတွေ နောက်မှ ပြောမယ်” ။
ရှောက်ရွှမ်လည်း သဘောတူလိုက်ရသည်။ ထိုလင်းနို့များသာ ပြန်ရောက်လာပါက သူတို့တွေ လွတ်အောင် ပြေးနိုင်မည်မဟုတ်ပါ။
ထိုအချိန်တွင် အပေါ်ဘက်ရှိ လင်းနို့အုပ်ကြီးမှာ တဖြည်းဖြည်းပိုကြီးလာသည်။ ကောင်းကင်တစ်ခုလုံးပင်မည်းသွားမလို ဖြစ်နေသည်။ နေပျောက်ပင်မထိုးနိုင်လောက်အောင် ဖြစ်နေတော့သည်။
တခြားနေရာများကိုလှည့်ကြည့်လိုက်သောအခါ တောင်အောက်တဝိုက်တွင်လည်း အနက်ရောင် အစက်အပျောက််များကို တွေ့လိုက်ရသည်။ လင်းနို့များက တောင်ကုန်းပေါ်သို့ထပ်ရောက်လာသဖြင့် ထိုအနက်ရောင်အစက်အပြောက်များမှာ တဖြည်းဖြည်းပိုကြီးလာလေသည်။
“ဒီကောင်တွေ ဘာလုပ်မလို့လဲ”
“ငါလည်းမသိဘူး...”
သူတို့လူအရေအတွက်ကို ရေကြည့်လိုက်သောအခါ သတိပြန်ရလာသောသူများသည် သူတို့၏ အကြံအစည်မှာ အတင့်ရဲလွန်းလှသည်ကို သိသွားကြသည်။ သူတို့မှာ စစ်သည်အင်အား ၁၅၀လောက်သာရှိသည်။ ကောင်းကင်ပေါ်မှ အကောင်များကတော့...။
ထိုမျှများပြားသည့် လင်းနို့များကို တစ်စုတစည်းထဲ မြင်သည်မှာ ကြောက်စရာကောင်းလှပေသည်။ ဒီနားတဝိုက်တွင်ရှိသမျှ လင်းနို့များ
အကုန်လုံးပင်ရောက်လာခြင်းလား။
ကောင်းကင်သို့မော့ကြည့်နေစဥ်မှာပင် အသံတစ်သံကို သူကြားလိုက်ရသည်။ကြည့်လိုက်တော့ ဆီဆာသူ့ဆီသို့ပြေးလာသည်ကိုတွေ့လိုက်ရသည်။
အမဲလိုက်အဖွဲ့သည် ခရီးစဥ်ကိုစတင်သောအခါ ရှောက်ရွှမ်သည် ဆီဆာကို ချန်ထားခဲ့သည်။ ထို့ပြင်ဆီဇာသည် ဆေးပင်များကို မနှစ်သက်ပါ။ သူ့ကို စခန်ချရာနေရာတွင် ဒဏ်ရာရသူများကို စောင့်ရှောက်ရန် ချန်ထားခဲ့သညိ။
သို့သော် မမျှော်လင့်စွာနှင့်ပင် ဆီဆာသည် ရှောက်ရွှမ်ဆီသို့ပြေးလာသည်။
“သူဘာလာလုပ်တာလဲ”
“စခန်းချတဲ့နေရာမှာ ဘာဖြစ်လို့လဲ”
ရှောက်ရွှမ်ဘေးတွင် ရှိသော စစ်သည်တော်များက မေးသည်။
“မဟုတ်ပါဘူး..ဆီဆာက ဒီမှာဖြစ်နေတာတွေအတွက် စိတ်ပူလို့ပါ”ရှောက်ရွှမ်ကပြောသည်။
အစကတော့ ဆီဆာသည် စခန်းချရာနေရာမှ ဂူထဲတွင် စောင့်နေခြင်းဖြစ်သည်။ ထို့နောက် ခေါင်းဆောင်လင်းနို့ကြီး၏ အသံကို သူကြားလိုက်ရသည်။ ထိုအခါ သူသည် ရှောက်ရွှမ်နောက်သို့ ခြေရာခံလိုက်လာလေသည်။
ရှောက်ရွှမ်လည်း ဆီဆာ၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး အသာစောင့်နေရန် မှာထားလိုက်သည်။
လေထဲတွင်တော့ တိမ်မည်းအုပ်ကြီးလို ဖြစ်နေသော လင်းနို့အုပ်ကြီးသည် အကြီးဆုံးအရွယ်သို့ရောက်နေပြီ ဖြစ်သည်။ နောက်ထပ်လင်းနို့များလာပေါင်းခြင်း မပြုတော့ပေ။ ထို့နောက် ထိုလင်းနို့အုပ်ကြီးသည် နေရာတစ်ခုဆီသို့ဦးတည် ပျံသန်းသွားတော့သည်။
“ဟိုဘက်မှာ..”
ထိုဘက်ကို ရှောက်ရွှမ် ကြည့်လိုက်မိသည်။ သူကြည့်မိလိုက်တော့ မြင့်မားသည့် တောင်တစ်လုံးကို တွေ့လိုက်ရသည်။
ထိုတောင်သည် ထိုနားရှိ အခြားတောင်များစွာထက် မြင့်မားသည်။ မြူများဆိုင်းနေပြီး တောင်ထိပ်တွင် ဆီးနှင်းများဖုံးလွှမ်းနေသည်။
“ငါမှတ်မိသလောက်တော့ အဲဒီဂူထဲမှာ တွင်းပေါက်တွေ ဂူတွေ အများကြီးရှိတယ်”
“ဟုတ်တယ်..အဖွဲ့ခေါင်းဆောင်နဲ့ငါတစ်ခါလိုက်လာဖူးတယ်...တောင်ပေါ်မှာ ဂူအောင်းဝက်ဝံကြီးတွေ ကြောက်စရာ သားရဲကြီးတွေ အများကြီးရှိတယ်၊ အဲဒါနဲ့ ငါတို့ခေါင်းဆောင်က ငါတို့ကို တောင်ပေါ်တက်ခွင့်မပြုဘူး”
ချန်၏အဖွဲ့မှ လူတစ်ယောက်သည် ထိုတောင်နှင့် ပတ်သက်၍ သူသိသမျှကို အဖော်များအား ဝေမျှ
ပေးလေသည်။
တိမ်မည်းအုပ်ကြီးနှင့်တူသော လင်းနို့အုပ်ကြီးသည် ထိုတောင်ထိပ်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ထိုတောင်ကြီးကို သူတို့အပိုင်စီးကြတော့မည်လား။
“ဖြစ်နိုင်တယ်...ဒါပေမဲ့ အရက်စက်ဆုံးတိုက်ပွဲကြီးတစ်ခုတော့ ဖြစ်လာလိမ့်မယ်”
“ဘယ်သူနိုင်မယ်ထင်လဲ”
“မသိဘူး..ဒါပေမဲ့ ငါတော့ လင်းနို့တွေကို မနိုင်စေချင်ဘူး..၊ဒီကောင်တွေသာ နိုင်သွားရင် ငါတို့နောက်ဆို အမဲလိုက်လို့ရတော့မှာ မဟုတ်ဘူး” ချန်၏အဖွဲ့မှ တစ်ယောက်က စိတ်ပူနေသည်။
အမဲလိုက်အဖွဲ့အသီးသီးမှ စစ်သည်တော်အားလုံးလည်း စိတ်မကောင်းစွာဖြင့် တစ်ယောက်
ပုခုံးတစ်ယောက်ဖက်လိုက်ကြသည်။ ထိုလင်းနို့များရောက်လာခြင်းမှာ ထို တောင်ပေါ်ရှိသတ္တဝါများအတွက်တော့ ကပ်ဘေးဆိုက်ခြင်းဖြစ်သည်။ သူတို့သည်လည်း မီးလျှံသလင်းကျောက်ကြောင့်သာမဟုတ်လျှင် ထိုလင်းနို့အုပ်နှင့် ရင်ဆိုင်မည်မဟုတ်ပေ။
လင်းနို့အုပ်ကြီးထွက်ခွာသွားပြီးနောက် စစ်သည်တော်များသည် သတိမေ့နေသော သူတို့ အဖွဲ့သားများကို စခန်းချရာနေရာသို့ ပြန်သယ်သွားရန် ပြင်ဆင်ကြသည်။
လင်းနို့အုပ်ကြီးကြောင့်လားမသိ၊ ဂူသို့အပြန်လမ်းတွင် သူတို့သည် အန္တာရာယ်ကြီးမားသော သားရဲကြီးများနှင့် သာမန်သားကောင်လေးများကိုပင် မတွေ့ရပါ။
တစ်ရက်ကြာသောအခါ သတိမေ့နေသူများ ပြန်သတိရလာသည်။ မိုင်နှင့် အခြားအဖွဲ့ခေါင်းဆောင်များက အရင်ဆုံးနိုးလာကြသည်။ သူတို့သည် သတိရလာသော်လည်း မူးဝေနေကြ
သည်။ စွမ်းအင်ပြန်လည်ပြည့်ဝရန် နောက်တစ်ရက် ပြန်အနားယူရသည်။
ရှောက်ရွှမ်က စိန်ပွင့်မှ ပေါက်လာသော လင်းနို့သည် သူ့မျိုးနွယ်တူများကို ညှာတာခြင်းတစ်စက်မှ မရှိဘဲ သတ်ဖြတ်ပစ်ပုံကို ပြန်ပြောပြနေသည်။ ထို့နောက် ထိုအကောင်သည် လင်းနို့ခေါင်းဆောင်ကြီးဖြစ်လာပြီး လင်းနို့တပ်မတော်ကြီးကိုဦးဆောင်၍ တခြားတောင်တစ်လုံးကို အပိုင်သိမ်းတိုက်ခိုက်ရန် ဦးဆောင်ထွက်ခွာသွားသည်။ အဖွဲ့ခေါင်းဆောင် ငါးယောက်စလုံး ဝမ်းသာသွားကြသည်။ သူတို့သည် ထိုဂူထဲသို့ ပြန်၍ အခြေအနေကို ပြန်လေ့လာချင်နေကြသည် မဟုတ်ပါလား။
ခေါင်းဆောင်လင်းနို့ကြီးက စစ်ပွဲကို စတင်လိုက်သည့်အခါ လင်းနို့များဘက်မှလည်း ထိခိုက်ဒဏ်ရာရကြသည်။ သို့သော် တစ်နေ့တာ ကုန်ဆုံးသည့်အခါ သူတို့အနိုင်ရသွားကြလေသည်။ သူတို့သည် ဂူများထဲတွင် နေသော သတ္တဝါများကို မောင်းထုတ်လိုက်ကြသည်။ မိုင်နှင့် အခြားသူများ
သည် ဂူထဲသို့ဝင်သွားသောအခါ ဂူအောင်းဝက်ဝံအလောင်းတချို့ကို မြင်လိုက်ရသည်။
လင်းနို့များက ဂူအောင်းဝက်ဝံများကို တိုက်ခိုက်မောင်းထုတ်လိုက်ကြသည်။ အသက်ရှင်ကျန်နေသေးသော ဂူအောင်းဝက်ဝံများသည်လည်း ထိုနေရာသို့ ခြေချရဲတော့မည် မဟုတ်ပါ။
လက်ရှိ အခြေအနေအရတော့ နောင်တချိန်ချိန်တွင် သူတို့သည် ထိုလင်းနို့များနှင့် ရင်ဆိုင်ရမည့်ပုံပင်။ လင်းနို့များသည် နောက်တောင်တစ်လုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်ကို သိလိုက်ရသည့်အခါ အဖွဲ့ခေါင်းဆောင်ငါးယောက်လုံး အံ့သြသွားကြသည်။ အဓိပ္ပါယ်ကတော့ သူတို့သည် မူလသူတို့နေရာ တောင်ကုန်းသို့ ပြန်လာတော့မည်မဟုတ်သည့် သဘောပင်။
ထို့ကြောင့် မီးလျှံသလင်းကျောက်များရှိရာ ဂူသို့သွား၍ သူတို့စိတ်ကြိုက်တူးယူနိုင်တော့မည့် သဘောပင်။
ထို့ကြောင့် သူတို့အားလုံးပျော်သွားကြပြီး စွမ်းအင်မပြည့်ဝသေးသည်ကို ပင်မေ့သွားကြသည်။ ခေါင်းဆောင်များသည် သူတို့လူများကို အမြန်ဆုံးသွားတူးယူကြရန် အမိန့်ပေးလိုက်လေသည်။
တွင်းနက်ကြီးဆီသို့ရောက်သောအခါ တွင် လင်းနို့များမရှိတော့သောကြောင့် အရာရာတိတ်ဆိတ်နေသည်။
ခေါင်းဆောင်ငါးယောက်သည် မြေပြင်ကိုဖုံးအုပ်နေသော လင်းနို့ချေးအလွှာကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရှောက်ရွှမ်သည် သူအာရုံရသော မီးလျှံသလင်းကျောက်ရှိနိုင်မည့်နေရာများကို အမှတ်အသားပြုလုပ်လိုက်သည်။ မီးလျှံသလင်းကျောက်သည် မြေအပေါ်ယံနားတွင်သာရှိပါက သေးငယ်သော စက်ဝိုင်းနှင့် အမှတ်အသားပြုလုပ်သည်။ သူအမှတ်အသားပြုလုပ်၍ ပြီးသောအခါ ကျန်သူများက စတူးလေတော့သည်။
တွင်းမျက်နှာပြင်ပေါ်တွင် စက်ဝိုင်း၁၇ခု ရှိသည်။
ထို့ကြောင့် သူတို့သည် အနည်းဆုံး မီးလျှံသလင်းကျောက်၁၇လုံးကိုတူးယူရရှိမည်ဖြစ်သည်။ ကြီးသည် ဖြစ်စေ သေးသည်ဖြစ်စေ သူတို့မျိုးနွယ်စုအတွက် အကျိုးရှိမည်သာ ဖြစ်သည်။
ချန်ကပြောသည်” ငါတို့အခုအချိန်အသက်ရှင်နေဦးမယ်လို့တောင် မမျှော်လင့်ထားဘူး” ။
“ငါလည်း တူတူပါပဲကွာ...”မိုင်က ခါးသီးစွာ ပြုံးလိုက်ရင်းပြောသည်။ သူတို့သည် ကံကောင်း၍သာ အသက်ရှင်နေခြင်းဖြစ်သည်။ ခေါင်းဆောင်လင်းနို့ကြီးက သူတို့ဆီမှ သွေးစုပ်ယူမသွားခြင်းမှာ ကံကောင်း၍သာ ဖြစ်သည်။
“ငါထင်တာတော့ အဲဒီခေါင်းဆောင်လင်းနို့ကြီးက တချိန်မှာ လင်းနို့ဘုရင် ဖြစ်လာမလား မသိဘူး” ချာက ပြောသည်။
တိရစ္ဆာန်အုပ်စုတိုင်းတွင် အဖွဲ့ခေါင်းဆောင် ရှိသည်။ သို့သော် သားရဲဘုရင်ကတော့ ရှားပါးသည်။ သားရဲဘုရင်ဖြစ်လာရန်မှာ သူတို့မျိုးနွယ်တူများအတွင်း ခွန်အားအကြီးမားဆုံးဖြစ်ရမည်။ မျိုးနွယ်တူတိရစ္ဆာန်များအားလုံး၏ဘုရင်ဖြစ်သည်။ အုပ်စုတစ်စုထဲ၏ ဘုရင် မဟုတ်ပေ။
“ဖြစ်နိုင်တယ်...တကယ်ဖြစ်လာနိုင်တယ်..အဲဒီကောင်သာ လင်းနို့ဘုရင်ဖြစ်လာမယ်ဆိုရင် ငါတို့အမဲလိုက်လမ်းကြောင်းပြောင်းဖို့ နတ်ဆေးဆရာကို ပြောရမယ်”
သားရဲဘုရင်တစ်ကောင်ရှိနေသော နယ်မြေသည် တားမြစ်နယ်မြေဖြစ်လာမည်မှာ ကျိန်းသေသည်။ ကျောက်တီကောင်ဘုရင်ကတော့ ချွင်းချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တီကောင် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အိုသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူတို့သည် လူများကို တိုက်ခိုက်လေ့မရှိပါ။ သို့သော် လင်းနို့များကတော့ ထိုကဲ့သို့မဟုတ်ပေ။
ထိုခေါင်းဆောင်လင်းနို့သည် သူတို့မျိုးနွယ်အတွင်း သားရဲဘုရင်ဖြစ်လာနိုင်ချေ ဘယ်လောက်ရှိသည်ဖြစ်စေ၊ သားရဲဘုရင်ဖြစ်လာရန် အချိန် ဘယ်လောက်ယူသည်ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင်ငါးယောက်သည် သဘောတူဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ထိုဆုံးဖြတ်ချက်မှာ သူတို့သည် ထိုတောင်ကြီးပေါ်မှဝေးနိုင်သမျှဝေးအောင် ရှောင်ကြမည်ဖြစ်သည်။ သူတို့သည် လင်းနို့များကို ဘယ်တော့မှ သွားရန်စတော့မည်မဟုတ်။
မိုင်နှင့် ကျန်သူများကို လင်းနို့ဂူထဲမှ ပြန်သယ်ထုတ်လာသောအခါ မြူတောထဲတွင် အဆိပ်ငွေ့များ ပိုများနေပြီ ဖြစ်သည်။ သူတို့သည် အဆိပ်ရှိသော မြူတောထဲသို့နောက်တစ်ကြိမ်ဝင်ရောက်ခြင်းမရှိသဖြင့် မြူတောထဲတွင် ဘာတွေဆက်ဖြစ်သလဲ သူတို့လည်းမသိတော့ပေ။
ရှောက်ရွှမ်သည် မိုင်နှင့်ချန်တို့ကို အကြောင်းစုံပြောပြခြင်းမရှိ။ တချို့အရာများကို သူချန်လှပ်ထားသည်။
ဥပမာ လင်းနို့ခေါင်းဆောင်ကြီးသည် မီးလျှံသလင်းကျောက်ဆီမှ စွမ်းအင်တချို့စုပ်ယူပြီးနောက် ရှိသမျှ သက်ရှိသတ္တဝါများဆီမှ သွေးများကို စုပ်ယူလိုက်သည်။ သို့သော် စစ်သည်တော်များကိုတော့ ချန်ထားပေးသည်။
ထိုအဖြစ်အပျက်ကို ရှောက်ရွှမ်သည် နတ်ဆေးဆရာကိုသာ ပြောပြမည် ဖြစ်သည်။
ရှောက်ရွှမ်သည် သူပြန်ရောက်လျှင် နတ်ဆေးဆရာကို ဘာပြောရမည်လဲ စဥ်းစားရင်း ခေါင်းကိုက်လာသည်။
ရှောက်ရွှမ်သည် သူ့လက်ဝါးကို ငုံ့ကြည့်ရင်းစဥ်းစားနေသည်။
ငါးရက်ကြာသောအခါ သူတို့သည် ရှောက်ရွှမ်အမှတ်အသား ပြုလုပ်ထားသော မီးလျှံသလင်းကျောက်များကို တူးယူပြီးသွားပြီ ဖြစ်သည်။
မီးလျှံသလင်းကျောက်များ ထည့်ထားသော အိတ်ငယ်လေးကို ကြည့်ရင်း အဖွဲ့ခေါင်းဆောင်ငါးယောက်လုံး မျက်ရည်ကျကြသည်။ သူတို့အားလုံးသည် မီးလျှံသလင်းကျောက်များအတွက် အသက်ပင်ဆုံးရှုံးမတတ်ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
သူတို့သည် မီးလျှံသလင်းကျောက်များကို အကောင်းဆုံးသော သားရေဖြင့်ပြုလုပ်ထားသော အိတ်ငယ်အတွင်းသို့ ထည့်လိုက်ကြသည်။ မိုင်နှင့်ချမ်တို့ကိုင်ထားသည့် မီးလျှံသလင်းကျောက်များကိုလည်း အိတ်ငယ်အတွင်းသို့ ပစ်ထည့်လိုက်ကြသည်။
“အားရွှမ်..မင်းရဲ့မီးလျှံသလင်းကျောက်လေးကော ဘယ်မှာလဲ..ပေးလေ..ငါတစ်ခါတည်းသိမ်းလိုက်မယ်.. မျိုးနွယ်စုဆီ ပြန်ရောက်မှ ငါတို့တူတူ အသုံးပြုကြတာပေါ့” မိုင်ကပြောသည်။
“မရှိတော့ဘူး” ရှောက်ရွှမ်ကပြောသည်။ ထိုမီးလျှံသလင်းကျောက်ငယ်လေးဆီမှ စွမ်းအင်
များကို ရှောက်ရွှမ်က စုပ်ယူလိုက်ပြီ ဖြစ်သည်။ သလင်းကျောက်သည် စွမ်းအင်ကုန်ဆုံးသွားသောအခါ အဖြူရောင်အမှုန့်လေးများ အဖြစ်သို့ပြောင်းလဲသွားသည်။ သို့သော် ထိုကိစ္စကို ရှောက်ရွှမ်သည် လူတိုင်းကို မပြောပြဖြစ်ပေ။
“ပျောက်သွားတာလား” အဖွဲ့ခေါင်းဆောင်ငါးယောက်သည် ရှောက်ရွှမ်ကိုမေးသည်။
ရှောက်ရွှမ်တွင် တကယ်မရှိတော့ကြောင်းသေချာသွားသောအခါ အဖွဲ့ခေါင်းဆောင်ငါးယောက်သည် စိတ်ပျက်သွားကြသည်။ သို့သော် ရိုးရိုးသားသားပြောရမည်ဆိုလျှင် ရှောက်ရွှမ်သည် သူတို့အားလုံးကို မြူတောထဲမှ တစ်ယောက်ချင်းဆွဲထုတ်လာပေးခြင်းဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ငါးယောက်သည် ရှောက်ရွှမ်ကို အပြစ်မတင်ရက်တော့ချေ။ ဒီတစ်ခေါက်တွင်လည်း ရှောက်ရွှမ်သည် အားလုံးထဲတွင် နာမည်ရမည့်သူဖြစ်သည်။ ဆီဆာသည်လည်း ရဲရင့်ပြောင်မြောက်စွာ အဖွဲ့အကျိုးကို ဆောင်ရွက်ခဲ့သည်
မဟုတ်ပါလား။
တခြားငယ်ရွယ်သော ဒဏ်ရာကြောင့်အနားယူနေသည့် စစ်သည်တော်များလို မောင်သည်လည်း မီးလျှံသလင်းကျောက်များကို တူးယူခွင့်မရပေ။ သူသည် တွင်းနက်ကြီး အစွန်နားမှသာ ရပ်ကြည့်နေရသည်။
ခေါင်းဆောင်ငါးယောက်သည် မီးလျှံသလင်းကျောက်များကို ထည့်ထားသည့် သားရေအိတ်ကို သေချာသိမ်းရင်း နတ်ဆေးဆရာအား အံ့သြစရာကောင်းသည့် သတင်းကို မည်သို့ပြောရမည်လဲ ဆွေးနွေးတိုင်ပင်နေကြသည်။ ထိုအချိန်တွင် မောင်ကတော့ သူတို့အမဲလိုက်အဖွဲ့များ အားလုံးပေါင်း၍ မီးလျှံသလင်းကျောက်များကို ယူခဲ့သည်ကို သူဖခင်သာသိသွားလျှင် မည်သို့ ဖြစ်သွားမည်လဲ စိတ်ဝင်စားနေသည်။
ထိုအချိန်တွင် ဖြစ်သွားမည့် သူ့မျက်နှာ အမူအရာသည် တော်တော်စိတ်ဝင်စားဖို့ကောင်းပေလိမ့်မည်။
သို့သော်ထိုအချိန်တွင် ထာ့သည် သူ့လူများကို မြက်ခင်းစိမ်းများအပေါ် ဦးဆောင်သွားနေရင်း ရုတ်တရက် ရပ်တန့်လိုက်သည်။ ဘာကြောင့်မှန်းမသိ သူခုတစ်လော ထူးဆန်းတဲ့ခံစားချက်ကြီးရနေသည်...ဘာကြောင့်များပါလိမ့်?