← Chapters

မီးလျှံသလင်းကျောက်အစွမ်း

Vol. 9 Ch. 122

မီးလျှံသလင်းကျောက်အစွမ်း

Vol. 9 Ch. 122

စစ်သည်တော်များသည် မီးလျှံသလင်းကျောက်များကို တူးယူခြင်း ၊ လင်းနို့များနှင့်ရင်ဆိုင်နေရခြင်းတို့ကြောင့် ယခုအမဲလိုက်ခရီးစဥ်တွင် အမဲလိုက်ခြင်းသိပ်မလုပ်နိုင်ကြပေ။

သူတို့အစာအတွက် လိုသလောက်သာ အမဲလိုက်ကြပြီး၊ သိုမှီးထားရန်အတွက် မည်သူမျှ အမဲမလိုက်ကြပေ။

ပြန်ရမည့်ရက် နီးလာသည့်အတွက် သူတို့အမဲလိုက်ရန် ရက်မှာ သိပ်မကျန်တော့ပေ။ အဖွဲ့ငါးဖွဲ့မှ ခေါင်းဆောင်များကတော့ မီးလျှံသလင်းကျောက် ထည့်ထားသည့်အိတ်ကို သေချာစောင့်ကြည့်နေကြသည်။

သူတို့သည် အပြန်ခရီးတွင် ဘာသားကောင်ကို ယူသွားမည်နည်း။ အဖွဲ့ငါးဖွဲ့မှခေါင်းဆောင်၅ယောက်သည် ထိုအသေးအဖွဲကိစ္စအတွက် သူတို့ အာရုံမစိုက်နိုင်ကြောင်းပြောလိုက်လိမ့်မည်။

နောက်ဆုံးတွင်တော့ ပြန်ရမည့်ရက်နီးလာပြီဖြစ်သည်။

ထာ့သည် အဆင့်မြင့်အဖွဲ့ကို ဦးဆောင်၍ အစိမ်းရောင်နယ်မြေသို့ ချီတက်သွားကြသည်။ သူတို့သည် ကောင်းမွန်စွာ ရိပ်သိမ်းနိုင်လိုက်ကြသည်။ သားကောင်များသာမက ရှားပါးအမြီးပြားအပင်တစ်မျိုးကို သူတို့ရှာတွေ့ကြသည်။

ကွေ့ဟယ်၏ အမဲလိုက်အဖွဲ့သည်လည်း အမဲလိုက်ခရီးမှ အပြန်တွင် အဖိုးတန်သော အရာတော်တော်များများကို ရှာဖွေလာခဲ့နိုင်သည်။ ထာ့သည် သူတို့ကို အရှုံးမပေးချင်ပေ။

သို့သော် သူတို့ကံကောင်းသွားသည်။

တကယ်တော့ ထာ့သည် မိုင်နှင်သူ့အဖွဲ့ အတွက် နည်းနည်းတော့ စိတ်ပူသည်။ ဘာပဲပြောပြောသူသည် သူ့အဖွဲ့နှင့်အတူ ဝံပုလွေတစ်ကောင်ကို ခေါ်လာနိုင်ခဲ့သည်။

ဒီတစ်ခေါက်တွင်တော့ သူတို့သည် မျှော်လင့်ထားသည်ထက်ပိုစော၍ ပြန်လာနိုင်ခဲ့ကြသည်။ သူ၏အဖွဲ့မှ အမဲလိုက်အဖွဲ့တိုင်း ပြန်လည် မစုစည်းရသေးမီ သူသည် နောက်၂ရက်၃ရက်လောက် စောင့်ဆိုင်းရန် ပြင်ဆင်နေရသေးသည်။ သို့သော် မမျှော်လင့်ဘဲ အမဲလိုက်အဖွဲ့ငါးဖွဲ့သည် အတူပြန်ရောက်လာကြသည်။

အတိတ်တုန်းက ထိုသို့အဖြစ်အပျက်မျိုးတစ်ခါမှမဖြစ်ဖူးသေးပေ။ အမဲလိုက်အဖွဲ့များသည် သေရေးရှင်ရေးအဖြစ်မျိုးနှင့်ကြုံမှသာ အခြားအဖွဲ့ဆီမှ အကူအညီတောင်းလေ့ရှိကြသည်။ သို့သော်အမဲလိုက်အဖွဲ့များသည် ခြေသံပြင်းထန်သေးသောကြောင့် သူတို့သည် အသက်အန္တရာယ်

နှင့်ကြုံမလာရကြောင်း သိနိုင်သည်။ သို့သော် ဒဏ်ရာရသူများကတော့ အတော်များသည်။

ဆီဆာ့ကို ကြည့်ရသည်မှာလည်း စစ်သည်တော်များနှင့် အဆင်ပြေလာသည့်ပုံပင်။

ယေဘုယျအားဖြင့် သူတို့အားလုံး အခြေအနေကောင်းသည်ကို တွေ့လိုက်ရသော်လည်း သားကောင်နည်းနည်းလေးသာ ပါလာသည်ကို တွေ့လိုက်ရသောအခါ ထာ့တစ်ယောက် အသက်ရှူကျပ်သွားပြန်သည်။

“မင်းတို့ ဘာတွေဖြစ်လာကြတာလဲ” ထာ့စိတ်ဆိုးသွားသည်။

အဖွဲ့ငါးဖွဲ့၏ ခေါင်းဆောင်ငါးယောက်သည် အားလုံးညီတူညာတူ ရပ်လိုက်ကြပြီး ထာ့ကို သူတို့၏ သွားကြီးများပေါ်အောင် ပြုံးပြလိုက်လေတော့သည်။

မျိုးနွယ်စုအတွင်း၌...။

လောင်ခဲ့သည် အခုတလော သိပ်အိပ်မပျော်ပေ။ အမဲလိုက်အဖွဲ့များ ပြန်ရောက်ခါနီးလေ ပိုအိပ်မပျော်လေဖြစ်သည်။ နေ့တိုင်းလိုလို အောင်မြင်ခြင်းလမ်းမပေါ်တွင် သူလမ်းနည်းနည်းလျှောက်သည်။

အားရွှမ်တစ်ယောက် အဆင်ပြေရဲ့လားတွေးမိသလို ဆီဆာသည်လည်း သူ့သခင် စကားနားထောင်ရဲ့လား ပူမိသည်။ ဆီဆာသည် အခုမှ မျိုးနွယ်စု အပြင်ဘက်သို့ထွက်ဖူးခြင်းဖြစ်သည်။ သားရဲကြီးများရှိသောနေရာတွင် သူအဆင်ပြေနိုင်ပါ့မလား။

လောင်ခဲ့၏ စိတ်များ လွင့်ချင်ရာလွင့်နေစဥ်တွင် ရုတ်တရက် သိမ်းငှက်တစ်ကောင်၏ အော်သံကို ကြားလိုက်ရသည်။ ချာချာကို ကောင်းကင်ပေါ်တွင် မြင်လိုက်ရသဖြင့် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။

အမဲလိုက်အဖွဲ့များ ပြန်ရောက်ပြီလား။

လောင်ခဲ့သည် တုန့်ဆိုင်းနေခြင်း မရှိဘဲ အောင်မြင်ခြင်းလမ်းမဆီသို့ လျင်မြန်စွာလျှောက်သွားသည်။ သူရောက်သွားသောအချိန်တွင် လူတချို့သည် သူ့ထက််အရင်ရောက်နေကြသည်ကိုတွေ့လိုက်ရသည်။

“ဒီတစ်ခေါက် လူတော်တော်များများဒဏ်ရာရတယ်ဆို ဟုတ်လား”

“ဘယ်အဖွဲ့ကလဲ”

“အဲဒါတော့ ငါလည်းမသိဘူး”

ထိုစကားများ ကြားလိုက်ရသောအခါ လောင်ခဲ့သည် စိတ်မချမ်းမသာ ဖြစ်သွားသည်။ သူတို့ပြောနေတာ မိုင့်အဖွဲ့က လူတွေများလား။ တချို့လူများက မိုင်တို့အဖွဲ့သည် ဝံပုလွေတစ်ကောင်သူတို့နှင့် ခေါ်ဆောင်သွားသည့်အတွက် ဒုက္ခရောက်လိမ့်မည်ဟု ဝေဖန်ကြဖူးသည် မဟုတ်ပါလား။

တချို့လူများက သူတို့ဆွေးနွေးကြစဥ်တုန်းက ဆီဆာကို ဝေဖန်ကြသော်လည်း သူ၏ ကောင်းသည့်အချက်များကိုတော့ ထည့်မပြောကြပေ။ ထိုစဥ်တုန်းကလောင်ခဲ့သည် သူတို့နှင့် ရန်ဖြစ်မလိုပင် ဖြစ်ခဲ့သေးသည်။

မကြာခင်မှာ ဒဏ်ရာပြင်းထန်စွာရနေသူများ ပြန်ရောက်လာကြသည်။အခုတခေါက်တွင် ဒဏ်ရာပြင်းထန်စွာရသူများ အတော်များလေသည်။

နောက်နေ့တဝက်လောက်ကြာသောအခါမှ အမဲလိုက်အဖွဲ့များ ပြန်ရောက်လာသည်။

“အဆင့်မြင့်အဖွဲ့ကလွဲရင် ကျန်တဲ့အမဲလိုက်အဖွဲ့တွေ သားကောင်နည်းနည်းပဲရလာတယ်ဟေ့...” တစ်ယောက်ကပြောသည်။

အမဲလိုက်အဖွဲ့များ သားကောင်နည်းနည်းပဲရလာသည်ဆိုခြင်းမှာ ယုံနိုင်ရန်ခက်ခဲလေသည်။

“ဘယ်လိုတွေများဖြစ်လာကြတာလဲ”။

လူများတီးတိုးပြောနေကြစဥ်တွင် အခြားအမဲလိုက်အဖွဲ့မှ စစ်သည်တော်များသည် တစ်စုံတစ်ခုအကြောင်းလျှို့ဝှက်စွာစဥ်းစားနေကြသည်။ အမှန်တကယ်တော့ သူတို့အဖွဲ့သည် ပိုအင်အားကြီးမားသည်။သူတို့ရလာသည့် သားကောင်များနှင့်ယှဥ်လျှင် ထာ့တို့အဖွဲ့ရလာသော သားကောင် အရေအတွက်မှာ ရယ်စရာပင် ကောင်းနေသေးသည်။

အမဲလိုက် အဖွဲ့ကြီး၂ခုကြား ရလာသောသားကောင်ကွာဟမှုသည် ဤမျှများပြားလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားပေ။ အရင်အခေါက်များကဆိုလျှင် ထာ့တို့အမဲလိုက်အဖွဲ့ကြီးသည် သားကောင်ပေါင်းမြောက်များစွာကို သယ်ဆောင်လာစမြဲဖြစ်သည်။ အခြေအနေ ဘယ်လောက်ပဲဆိုးဝါးဆိုးဝါး သားကောင်တော့ ပိုယူလာစမြဲပင် ဖြစ်သည်။

ထားလိုက်ပါတော့။ သူတို့ပြန်ရောက်လာသည်မှာပင် ကောင်းသောအချက် မဟုတ်ပါ

လော။

ဒီတစ်ခေါက်သည် ယခုနှစ်အတွင်း သူတို့အတွက် ပထမဆုံး အမဲလိုက်ခရီးပင်ဖြစ်သည်။ မိသားစုအများစုက သူတို့အဖွဲ့ကို အတော်မျှော်လင့်ထားကြသည်။ အခုတော့ သူတို့အားလုံး စိတ်ပျက်သွားရုံသာတတ်နိုင်ကြတော့သည်။ ဆောင်းရာသီကုန်ဆုံးသွားပြီ ဖြစ်သည်။ သူတို့အဖွဲ့သည် တစ်ခါတလေ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားရတော့မည် ဖြစ်သည်။ သူတို့အဖွဲ့တွင် အစားအစာ လုံလောက်တော့မည်မဟုတ်ပေ။

စိတ်ပျက်သွားကြသော်လည်း စစ်သည်တော်များကို ကောင်းမွန်စွာနှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် စိတ်ခံစားချက်များကို ထိန်းလိုက်ပြီး ကောင်းမွန်စွာ ကြိုဆိုရန် ပြင်ဆင်လိုက်သည့်အခါ အောင်မြင်ခြင်းလမ်းမပေါ်ရှိ စစ်သည်တော်များသည် စိတ်ပျက်ခြင်းမရှိဘဲ ချန်ပီယံများကဲ့သို့ ပြုံးရွှင်နေကြသည်ကို တွေ့လိုက်ရသည်။ အောင်မြင်ခြင်းလမ်းမဘေးရှိ သူတို့်မိသားစုများကို လက်သီးဆုပ်များ ဝှေ့ယမ်းပြ

နေကြသည်။ သားကောင်မရလာသော်လည်း အရူးကြီးများလို ပြုံးရွှင်နေကြသည်။

လူများသည် ကောင်းမွန်စွာပြောဆိုမည့်စကားများကို ပြန်လည်မျိုသိပ်ထားလိုက်ကြသည်။

“ဒီကောင်တွေ ဘယ်လိုဖြစ်နေတာလဲ”

“သားကောင်ရလာတာနည်းလွန်းလို့ ရူးများသွားကြတာလား” ။

စစ်သည်တော်များ ဘာကြောင့်ထိုကဲ့သို့ ပြုမူနေကြသည်ကို သူတို့စဥ်းစား၍မရပေ။

လောင်ခဲ့သည် ရှောက်ရွှမ်ရော ဆီဆာပါ ဘာမှ မဖြစ်သည်ကို မြင်လိုက်ရမှ စိတ်ချမ်းသာရာရသွားသည်။ သားကောင်နည်းသည် များသည်က သူ့အတွက်အရေးမပါပေ။ အရေးမကြီးဆုံးက ရှောက်ရွှမ်နှင့်ဆီဆာ ဘေးမသီရန်မခ ပြန်ရောက်လာရေးပင်ဖြစ်သည်။

သို့သော် လောင်ခဲ့သည် လူတန်းရှေ့တွင် တန်းစီနေသော ထာ့၏မျက်နှာမှာ သိမ်မွေ့နက်နဲသည်ကို တွေ့လိုက်ရသည်။ ပျော်သည်လည်းမဟုတ် စိတ်ပျက်သည်လည်း မဟုတ်သည့် မျက်နှာမျိုးပင်ဖြစ်သည်။

ဘာတွေများဖြစ်ကုန်သနည်း။

စစ်သည်တော်များသည် တောင်ထိပ်တွင် ဓါးဆေးပွဲ ပြုလုပ်ပြီးနောက် တောင်အောက်သို့ အရူးများကဲ့သို့ ကဆုန်စိုင်း ပြေးဆင်းသွားကြသည်။ တချို့စစ်သည်တော်များဆိုလျှင် သားကောင်များယူရန်ပင်မေ့သွားကြသည်။

မကြာခင်မှာ လူများသည် အမဲလိုက်အဖွဲ့များ၏ အပြုအမူများ ဘာကြောင့်ထူးဆန်းနေရသလဲ သိသွားကြပြီ ဖြစ်သည်။

“မီးလျှံသလင်းကျောက်တွေလား” ။

လောင်ခဲ့သည် လွန်စွာ စိတ်လှုပ်ရှားသွားသည်။

ထိုစကားကို အကြိမ်ပေါင်းများစွာ ကြားပြီးမှ ရှောက်ရွှမ်သည် အမှန်ကို ပြောနေကြောင်းယုံကြည်သွားတော့သည်။

လောင်ခဲ့တစ်ယောက်သာမဟုတ် တခြားမိသားစုမှ လူများသည်လည်း လောင်ခဲ့လိုပင်ဖြစ်သည်။ တချို့ အသက်အရွယ်ကြီးသော လူများဆိုလျှင် ထိုသတင်းကို ကြားသောအခါ သတိပင်လစ်သွားကြသည်။

အမဲလိုက်ခရီးမှ သားကောင်နည်းနည်းပဲရလာခြင်းလား။

ကိစ္စမရှိပါ။ မီးလျံသလင်းကျောက်များသည် ပိုမိုကြီးမားသော ဆုလာဘ်များပင် ဖြစ်လေသည်။

အိမ်တွင် သိုလှောင်ထားစရာ အစာရေစာ မရှိခြင်းလား။

ပြဿနာမရှိပါ။ မြစ်ထဲတွင် ငါးတွေ အများကြီးရှိနေသေးသည် မဟုတ်ပါလား။ ရက်၂၀လောက်

ငါးစားရုံမျှနှင့် သူတို့သေမသွားနိုင်ပေ။

ငါးစားလို့ အားမဖြစ်ဟု ဆိုမည်လား။

မီးလျှံသလင်းကျောက်များ ရှိနေပြီ မဟုတ်ပါလော။

နတ်ဆေးဆရာသည် ထိုကိစ္စနှင့်ပတ်သက်သူတိုင်း အကျိုးခံစားရမည်ဟု ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်သူတိုင်း၏ မိသားစုဝင်နှင့်ဆွေမျိုးသားချင်းတိုင်း မီးလျှံသလင်းကျောက်၏ အကျိုးကိုခံစားခွင့်ရှိသည်ဟု ဆိုသည်။

ဒီတစ်ခေါက်တွင် မျိုးနွယ်စုတစ်ခုလုံး စိတ်အားတက်ကြွသွားသည်။ ထာ့၏ အမဲလိုက်အဖွဲ့တွင် သူတို့၏ဆွေမျိုးသားချင်းတစ်ယောက်ပါသည်ဆိုပါက ထိုသူကို ဆက်သွယ်ကြသည်။ ဆွေမျိုးသားချင်းမရှိပါက လိုက်လံရှာဖွေကြသည်။

ယခုအခွင့်အရေးသည် ရတောင့်ရခဲ အဖိုးတန်အ

ခွင့်အရေး မဟုတ်ပါလား။

ရှောက်ရွှမ်သည် ယခုခရီးစဥ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သော်လည်း လောင်ခဲ့မှလွဲ၍ သူ့တွင် ဆွေမျိုးသားချင်းမရှိပါချေ။ ထို့ကြောင့်နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို သူ့သူငယ်ချင်းများ ခေါ်ဆောင်လာခွင့်ပြုခဲ့သည်။

လောင်ခဲ့၊ ကောနှင့် ရှောက်ရွှမ်ကို ကူညီဖူးခဲ့သောသူများကို တောင်ထိပ်ပေါ်သို့ တက်ခွင့်ပြုလိုက်သည်။ ထိုသူများထဲတွင် ယခုနှစ်မှ စွမ်းအင်နိုးထလာသော မိဘမဲ့ဂူမှ ထူနှင့်ကျဲပါ့တို့ပါဝင်သည်။

မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို စွမ်းအင်နိုးထပြီးသူများသာ စုပ်ယူနိုင်သည်မှာတော့ စိတ်မကောင်းစရာဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူတို့ကို ကူညီချင်သော်လည်း မကူညီနိုင်တော့ပေ။

တောင်ပေါ်သို့ တက်ခွင့်ရသော လူတိုင်းသည် စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ ထာ့တို့အဖွဲ့မှ

မဟုတ်သောသူများကတော့ တောင်ပေါ်သို့တက်ခွင့်မရှိပေ။ ထိုသူများ၏ မျက်လုံးများမှာ မနာလိုစိတ်ကြောင့် နီရဲနေသည်။

မီးလျှံသလင်းကျောက်တချို့ကို မီးပုံနားတွင်ထားလိုက်သည်။ နတ်ဆေးဆရာက ဂါထာရွတ်၍ပြီးသောအခါ မီးတောက်မှ ပိုပိုကြီးမားလာပြီး တဖြည်းဖြည်းနဲ့ မီးလျှံသလင်းကျောက်များကို ဝါးမျိုသွားသည်။

ယခုတစ်ခေါက်တော့ ရှောက်ရွှမ်သည် မြူတောထဲကလို သလင်းကျောက်မှ စွမ်းအင်ကို သူတစ်ယောက်တည်း စုပ်ယူ၍မရတော့ပေ။ ယခုတခေါက်တွင် မီးပုံထဲတွင် လောင်ကျမ်းနေသော မီးလျှံသလင်းကျောက်ဆီမှ အနီရောင်အလင်းတန်းများပေါ်ထွက်လာသည်ကို သူတို့အားလုံးမြင်လိုက်ရသည်။

မီးတောက်အတွင်းမှ အနီရောင်အလင်းတန်းများပေါ်ထွက်လာပြီး မီးပုံကြီးနားတွင် ဝိုင်းထိုင်နေသော လူများက စုပ်ယူကြသည်။

အမဲလိုက်အဖွဲ့ငါးဖွဲ့မှ ဆောင်ရွက်ခဲ့သည့်ကိစ္စဖြစ်သော်လည်း အဆင့်မြင့်အဖွဲ့ကို ချန်လှပ်ထား၍မရပေ။ မည်သို့ပင်ဆိုစေကာမူ အားလုံးအတွက် ဆေးဘက်ဝင်အပင်များကိုရှာဖွေပေးသည်မှာ အဆင့်မြင့်အဖွဲ့ပင်မဟုတ်ပါလား။ ဒဏ်ရာရသူများ အသုံးပြုသော ဆေးပင်များမှာ အဆင့်မြင့်အဖွဲ့မှ ရှာလာခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်အဖွဲ့မှ လူများသည် မီးပုံဘေးတွင် မတ်တပ်ရပ်နေကြသည်။ သူတို့ကြိုးစားမှုမှရလာသော အသီးအပွင့်များကို ခံစားရသော်လည်း သူတို့စိတ်ထဲတွင် တစ်မျိုးဖြစ်နေသည်။

အားလုံးထဲတွင် ထာ့မှာ စိတ်အရှုပ်ရဆုံးဖြစ်နေသည်။

ဒီတခေါက်လည်း ထိုကောင်လေးပင်ဖြစ်နေပြန်သည်။

မီးလျှံသလင်းကျောက်အကြောင်းကြားရသောအခါ ထာ့စိတ်ထဲတွင် ပေါ်လာသည့်အရာ

ဖြစ်သည်။

သူတို့ယူဆောင်လာသော မီးလျှံသလင်းကျောက်များမှာ သိပ်မများလှသော်လည်း အားလုံးကို အသုံးမပြုပါ။ ယခုမီးရှို့ထားသော သလင်းကျောက်လောက်နှင့်ပင် မီးပုံဘေးတွင်ရပ်နေရသူအားလုံးအတွက် လုံလောက်ပြီဖြစ်သည်။ မီးလျှံသလင်းကျောက်ထပ်ထည့်လည်း ဖြုန်းတီးရုံသာရှိလိမ့်မည်။

ထို့ကြောင့် နတ်ဆေးဆရာက ကျန်သည့်သလင်းကျောက်များကို ထူးချွန်သူများအား ဆုချရန်သိမ်းထားလေသည်။

မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို စုပ်ယူလိုပါသလား။ ထူးချွန်ပြောင်မြောက်သည့်ကိစ္စတစ်ခု ပြုလုပ်လိုက်ပါ။ နတ််ဆေးဆရာက သင့်ကိုသလင်းကျောက် ဆုချမည်ဖြစ်သည်။

နတ်ဆေးဆရာသည် ဆီဆာကို အသိအမှတ်ပြု ချီးမွမ်းပြီး ဆီဆာကို သူပေးထားသည့် အမှတ်

တံဆိပ်ပြားကို အပြီးတိုင်ဆုချလိုက်လေသည်။ ထို့ကြောင့် ဆီဆာသည် မျိုးနွယ်စုအတွင်းအနှောင့်အယှက်ကင်းစွာ တစ်သက်လုံးနေထိုင်ခွင့်ရသွားသည်ဖြစ်သလို သူ့အတွက် အသက်အန္တရာယ်ဆို၍ အမဲလိုက်ရင်း သေဆုံးနိုင်ချေသာရှိတော့သည်။

ထိုအမှတ်တံဆိပ်ပြားသာ ဆီဆာ့အပေါ် နတ်ဆေးဆရာထားသည့် သဘောထားကို ပြသည့် အမှတ်အသားပင်ဖြစ်တော့သည်။

ဆီဆာ၏ ဥပမာကြောင့် မျိုးနွယ်စုအတွင်းမှ လူများသည် နောင်တစ်ချိန်တွင် တိရစ္ဆာန်သားပေါက် တစ်ကောင်ကောင်ကို မွေးဖွားရန် စိတ်ကူးနေကြပြီ ဖြစ်သည်။

မီးလျှံသလင်းကျောက်မှ စွမ်းအင်များ စုပ်ယူပြီး ၂ရက်အကြာတွင် အငယ်တန်းစစ်သည်တော်တချို့သည် အလတ်တန်းစစ်သည်တော်များဖြစ်လာခဲ့သည်။ ထိုထဲတွင် လန်ကာ့နှင့် အန်းတို့လည်း ပါဝင်သည်။ သူတို့ စွမ်းအင်များ

တော်တော်တိုးသွားပြီး လက်မောင်းပေါ်မှ နတ်အမှတ်အသားများသည် တံတောင်ဆစ်ဆီသို့ရောက်ရှိသွားလေသည်။

လန်ကာ့လည်း အပျော်လွန်ပြီး တစ်ယောက်တည်းအိမ်ထဲတွင် ရက်အတော်ကြာ ပါတီပေးနေတော့သည်။ အပျော်လွန်ပြီး သူ့အဘိုးအကြိုက်နှစ်သက်ဆုံး အဖိုးတန်တူကြီးကိုပင် လွှတ်ပစ်လိုက်မိသည်။

လန်ကာ့သည် ထွော်နှင့်ခဲ့ခဲ့တို့နှင့်အတူ စွမ်းအင်နိုးထလာသော်လည်း ထွော်နှင့်ခဲ့ခဲ့ ၂ယောက်တို့သည် ပိုတော်သော စစ်သည်တော်များ အဖြစ် သတ်မှတ်ခံရသည်။ ထွော်နှင့်ခဲ့ခဲ့တို့သည် မနှစ်က အလတ်တန်းစစ်သည်တော်များ ဖြစ်လာခဲ့သည်။ အခုတော့ သူသည် အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာသဖြင့် အံ့သြနေမိသည်။

မီးလျှံသလင်းကျောက်များ အကြောင်းကို သူတို့မျိုးနွယ်စုလေးထဲတွင် တော်ရုံနှင့် ပြော၍ပြီးတော့မည်မဟုတ်ပေ။ ထိုနားတစ်ဝိုက်တွင် မျိုးနွယ်စု

ဟူ၍ သူတို့မျိုးနွယ်စုသာရှိသည်ဖြစ် သဖြင့် ပြောစရာဆို၍လည်း ထိုအကြောင်းသာရှိမည် ဖြစ်သည်။ ထို့ကြောင့် နောက်၂လ၃လလောက်တော့ မျိုးနွယ်စုထဲမှ လူများအတွက် ထိုအကြောင်းမှလွဲ၍ တခြားအကြောင်းပြောစရာရှိတော့မည် မဟုတ်ပေ။

အိမ်ထဲမှ အိမ်ပြင်ထွက်သည်နှင့် မီးလျှံသလင်းကျောက် အကြောင်းသာဆွေးနွေး ပြောဆိုနေကြမည်ကို ကြားရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဘယ်စစ်သည်တော်က မီးလျှံသလင်းကျောက်မှ စွမ်းအင်မည်မျှ စုပ်ယူသွားသည်၊ ဘယ်သူက တိုးတက်မှု သိပ်မရှိ ၊ ဘယ်သူကတော့ တောင်ပေါ်ကို သိပ်မတတ်နိုင် စသည့်အကြောင်းရာများဖြစ်ကြသည်။ ရှောက်ရွှမ်နှင့် ဆီဆာကတော့ လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားနေပြီ ဖြစ်သည်။

“ငါကြားတာတော့ မီးလျှံသလင်းကျောက်တွေရှိတဲ့နေရာကို ဆီဆာရှာတွေ့တာတဲ့”

“အားကျလိုက်တာကွာ..ငါတို့အဖွဲ့မှာလည်း

ဝံပုလွေတစ်ကောင်သာရှိမယ်ဆို မီးလျှံသလင်းကျောက်တွေကို ရှာတွေ့မှာပဲ..မီးလျှံသလင်းကျောက်မဟုတ်ရင်တောင် ငါတို့အတွက် အကျိုးရှိတာတစ်ခုခုတော့ ရှာတွေ့မှာပဲ”

“နောက်တစ်ခါ ငါတို့အမဲလိုက်ထွက်ရင် ဝံပုလွေသားပေါက်လေးတွေ ဖမ်းလာရင် ကောင်းမယ်ထင်တယ်..အားရွှမ်ပြောတာတော့ ငယ်ငယ်လေးထဲက မွေးပြီး လေ့ကျင့်ပေးမယ်ဆို ပိုကောင်းတယ် ပြောတယ်၊ဒါပေမဲ့ ဝံပုလွေအုပ်တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အမြဲလိုလို တိုက်ခိုက်နေတတ်တော့ ဝံပုလွေသားပေါက်လေးတွေက သေဆုံးကြရတယ်။ ဒီကောင်လေးတွေကို ငါတို့ခေါ်လာပြီး မွေးထားမယ်ဆိုရင် ငါတို့ရိက္ခာလည်း သိပ်ကုန်မှာ မဟုတ်ပါဘူး။”

“မင်းပြောတာ သဘာဝကျတယ်”

အမဲလိုက်ခရီးတစ်ခေါက်ထွက်ရုံနှင့် မျိုးနွယ်စုအတွင်းမှ လူများသည် ဝံပုလွေမွေးချင်

စိတ်ပေါက်လာလိမ့်မည်ဟု ထင်မထားပေ။

မီးလျှံသလင်းကျောက်များကိစ္စ ဖြစ်ပေါ်ပြီးနောက် ရှောက်ရွှမ်ကို နတ်ဆေးဆရာဆီ သွားပေးရန် တောင်းဆိုကြသည်။

နတ်ဆေးဆရာက ရှောက်ရွှမ်ကို မီးလျှံသလင်းကျောက် ကိစ္စအကြောင်း အသေးစိတ်မေးသည်။ ဥပမာ ရှောက်ရွှမ်သည် ဘာကြောင့် မီးလျှံသလင်းကျောက်များ ရှိသည့်နေရာကို အာရုံရနေရသလဲ စသည့်အသေးစိတ်မျိုးဖြစ်သည်။

သူ့တွင် စွမ်းအင်ကိုဆက်ခံနိုင်သည့်စွမ်းရည် သူများထက်ပိုရှိနေသည်ဆိုလျှင်တောင် သူသည် သလင်းကျောက်များရှိသည့်နေရာကို တိကျစွာ အာရုံခံနိုင်ရန် အာမခံချက် ရှိမည်မဟုတ်။ သူသည် တခြားသူများကိုသာ အရူးလုပ်၍ ရချင်ရမည် နတ်ဆေးဆရာကတော့ သူ့အကြောင်းကို ကောင်းကောင်းသိပြီးသားဖြစ်သည်။

အစကတော့ ရှောက်ရွှမ်နှင့်နတ်ဆေးဆရာ

တို့သည် သူတို့နှစ်ဦးကြားရင်းနှိီးမှုကို အရင်တည်ဆောက်နေကြသေးသည်။

နောက်ပိုင်းမှ သူတို့၂ယောက်သည် တစ်ဦးကိုတစ်ဦးယုံကြည်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ပြောစရာရှိသည်များကို ပြောကြလေတော့သည်။

နတ်ဆေးဆရာသည်လည်း ရှောက်ရွှမ်ကို အဖွဲ့ခေါင်းဆောင်များတောင် မသိသေးသည့်အချက်အလက်များကို ပြောပြသလို ရှောက်ရွှမ်ကလည်း နတ်ဆေးဆရာကို သူသည်အခြားသူများနှင့်မတူသည့်အချက်ကို လျှို့ဝှက်ထိန်ချမ်ထားခြင်းမရှိ အကုန်အစင်ပြောပြလေသည်။

ဒီနေရာတွင်တော့ မျိုးနွယ်စုဟူ၍ သူတို့တစ်ခုသာရှိပြီး နတ်ဆေးဆရာသည် အလုံးစုံလုပ်ပိုင်ခွင့်နှင့်အာဏာကို ကိုယ်စားပြုလေသည်။ သူသာ အသိပညာနှင့်ပြည့်စုံသူမဟုတ်ပါက ရှောက်ရွှမ်ကို သူ့နေရာကို လုမည့်လူဟု ထင်မိမည်သာဖြစ်ပြီး ရှောက်ရွှမ်ကို တနည်းမဟုတ်တနည်း ရှင်း

ထုတ်ပစ်မိမည်သာဖြစ်သည်။ သို့သော် နတ်ဆေးဆရာကတော့ ရှောက်ရွှမ်၏ ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်မှုအတွက် ပျော်ရွှင်ချမ်းမြေ့နေလေသည်။ ရှောက်ရွှမ်သည် တခြားစွမ်းရည်ကို ပိုင်ဆိုင်နေကြောင်းသိရသည့်အတွက် ပြုံးခဲလှသော နတ်ဆေးဆရာပင် ပြုံးနေတော့သည်။

ရှောက်ရွှမ်သည် ဒီတခေါက်တွင်တော့ နတ်ဆေးဆရာကိုပင်လျှို့ဝှက််မထားတော့ပေ။ သူသည် မျက်ခုံးနှစ်ခု၏အလယ်ကိုညွှန်ပြလိုက်ရင်း “နတ်ရုပ်က ကျွန်တော့်ကို ပြောပြတာ” ။

“မင်းကိုင်ထားတဲ့ မီးလျှံသလင်းကျောက်လေး ပျောက်သွားတယ်ဆိုတာ တကယ်လား..” နတ်ဆေးဆရာကမေးသည်။ သူသည် ရှောက်ရွှမ်ကို အပြစ်တင်ခြင်းမဟုတ်၊ သိလိုစိတ်နှင့်သာ မေးခြင်းဖြစ်သည်။ ရှောက်ရွှမ်သည် ထိုမျှ အရေးကြီးသည့်အရာကို လွယ်လွယ်နှင့် ဖျောက်ပစ်မည် ဟုထင်မထားပေ။ သူသည် မီးလျှံသလင်းကျောက်များတည်နေရာကို သိနိုင်သည်ဆိုပါက သလင်း

ကျောက်ပျောက်သွားသည့်အခါ သူဘာကြောင့် မသိရသနည်း။

“ ပျောက်သွားတယ်လို့ ကျွန်တော် မပြောပါဘူး..ကျွန်တော်ပြောတာ မီးလျှံသလင်းကျောက် မရှိတော့ဘူးလို့ပဲ ပြောတာပါ” ရှောက်ရွှမ်က သူ့လက်နှစ်ဖက်ကို တဖြည်းဖြည်းမလိုက်ရင်း နတ်ဆေးဆရာကို ပြောသည်”အဲဒီမီးလျှံသလင်းကျောက်က စွမ်းရည်တွေကို ကျွန်တော်စုပ်ယူလိုက်တာ”။

All Chapters