လျှို့ဝှက်စာရေးထွင်းနည်း
Vol. 9 Ch. 123
နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို မယုံသလို နဖူးကြောများရှုံ့သွားသည်။ ရှောက်ရွှမ်၏ အမူအရာကို ကြည့်လိုက်သောအခါမှ သူလိမ်နေတာ မဟုတ်ကြောင်း သိသွားသည်။
“ခဏနေဦး” နတ်ဆေးဆရာသည် မီးလျှံသလင်းကျောက်တစ်ခုကို ယူ၍ ရှောက်ရွှမ်ဆီလှမ်းပေးလိုက်ရင်း “ငါ့ကို ပြစမ်းပါဦး”ဟုပြောလိုက်လေတော့သည်။
ရှောက်ရွှမ်လည်း ဘာမှ ပြောမနေတော့ဘဲ မီးလျှံသလင်းကျောက်ကို ယူကာ စွမ်းအင်ကို ချက်ချင်းစုပ်ယူပြလိုက်လေတော့သည်။
တခြားသူများသည် ရှောက်ရွှမ် မီးလျှံသလင်း
ကျောက်ဆီမှ စွမ်းအင်များစုပ်ယူနေသည်ကို မတွေ့ရသော်လည်း နတ်ဆေးဆရာကတော့ မြင်နိုင်သည်။ ရှင်းလင်းစွာမြင်ရသည်မဟုတ်သော်လည်း စွမ်းအင်စီးကြောင်းများကိုတော့ မြင်နေရသည်။
ဒီလိုအဖြစ်မျိုးရှိဖူးသလား။
နတ်ဆေးဆရာ၏ စိတ်များရှုပ်ထွေးသွားသည်။
ရှောက်ရွှမ်သည် သူ့အတွေ့အကြုံကို နတ်ဆေးဆရာနှင့်မျှဝေသည်မှာ သူနားမလည်သောကိစ္စအတွက် အဖြေလိုချင်၍ ဖြစ်သည်။ သူသည် သူ့ကိုယ်ထဲတွင် ရှိနေသော အံ့သြဖွယ်စွမ်းအင်အကြောင်းကို လုံးဝနားမလည်ပါ။ အခုတော့ နတ်ဆေးဆရာလည်း နားမလည်သည့်ပုံပေါက်နေပေသည်။
နတ်ဆေးဆရာသည် အတွေးရေယဥ်ကြောတွင် နစ်မြောနေသည်ကို တွေ့သောအခါ ရှောက်ရွှမ်
သည် မီးလျှံသလင်းကျောက်ကို နတ်ဆေးဆရာရှေ့ရှိ ကျောက်စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ရှောက်ရွှမ်၏ လှုပ်ရှားမှုကိုတွေ့သောအခါမှ နတ်ဆေးဆရာသည် သတိပြန်ဝင်လာသည်။ ငှက်ဥ အရွယ်အစား ရှိသော မီးလျှံသလင်းကျောက်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ်ကို ပြန်လှည့်ကြည့်လိုက်သည်။ နတ်ဆေးဆရာသည် ရှောက်ရွှမ်တွင် အပိုင်စီးလိုစိတ်၊ လောဘစိတ်များရှိမရှိ အကဲခတ်နေလေသည်။ ယခုကိစ္စကြီးတစ်ခုလုံးတွင် ရှောက်ရွှမ်သည် အဓိကနေရာမှ ပါဝင်ပတ်သက်နေသည်။ ထူးချွန်ပြောင်မြောက်သူများကို ဆုချရမည်ဆိုလျှင် ရှောက်ရွှမ်ကို အများဆုံး ဆုချသင့်သည် မဟုတ်ပါလား။ သို့သော် ရှောက်ရွှမ်သည် ထင်သလောက်ဆုလာဘ်မရပါချေ။
နတ်ဆေးဆရာသည် ရှောက်ရွှမ်၏ မျက်လုံးများတွင် မရိုးသားမှု အရိပ်အယောင်မရှိသည်ကို သိလိုက်ရသည်။ သူ့စိတ်ထဲတွင် အပိုင်စီးလိုစိတ်၊ လောဘစိတ်များမရှိပါ။ မီးလျှံသလင်းကျောက်မှ
စွမ်းအင်ကို ဝေပုံကျရခြင်းအတွက်လည်း မကျေမနပ်ဖြစ်ခြင်းမရှိပေ။
ဖြူစင်မြင့်မြတ်သည့် စိတ်ထားပင် ဖြစ်လေသည်။
နတ်ဆေးဆရာပင် စိတ်ထိခိုက်သွားရသည်။ အားရွှမ်သည် မျိုးနွယ်စုတစ်ခုလုံးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သည် မဟုတ်ပါလား။
“ဒီမီးလျှံသလင်းကျောက်ကို မင်းယူလိုက်ပါတော့” နတ်ဆေးဆရာက ပြောသည်။
“မလုပ်ပါနဲ့” နတ်ဆေးဆရာမျက်နှာပေါ်တွင် အပြစ်မကင်းသည့် အရိပ်အယောင်မျိုးတွေ့ပြီးနောက် ရှောက်ရွှမ်ကပြောသည်” ဒီထက်သေးတာ တစ်ခုလောက်ပဲ ပေးရင်ပေးပါ၊ ဒီတစ်ခုက တော်တော်ကြီးတယ် ၊ ပျောက်သွားရင် နှမြောစရာကြီး”။
ဆန်စေ့အရွယ်အစားရှိသော မီးလျှံသလင်း
ကျောက်သည်ပင် ရက်အနည်းငယ်အတွက် လုံလောက်နေပြီဖြစ်သည်။ထိုမျှကြီးသော သလင်းကျောက်ကို သူမလိုအပ်ပေ။ ထို့ပြင် မျိုးနွယ်စုထဲရှိနေသောအချိန်တွင်လည်း ထိုသလင်းကျောက်ကို သူသုံး၍မရ။ အမဲလိုက်ခရီးထွက်မှသာ အသုံးပြုဖို့လိုမည်ဖြစ်သဖြင့် ထိုမျှကြီးသော သလင်းကျောက်ကို သူသုံးစရာမလိုပေ။
ရှောက်ရွှမ်သည် မြင့်မြတ်သောစိတ်ထားရှိသူ၊ အတ္တနည်းသူ၊ မျိုးနွယ်စု အကျိုးအတွက် ဆောင်ရွက်သူဖြစ်သည် ဟုနတ်ဆေးဆရာက ခံစားလိုက်ရသည်။ ထိုအချက်များကို တွေးမိသည့်အခါ နတ်ဆေးဆရာသည် ချိုသာကောင်းမွန်စွာဖြင့် “ မင်းပဲယူထားလိုက်ပါ”ဟုပြောလိုက်လေတော့သည်။
“ဟုတ်ကဲ့..” ရှောက်ရွှမ်သည် ငှက်ဥ အရွယ် မီးလျှံသလင်းကျောက်ကို ယူလိုက်ပြီး “တကယ်တော့ မီးလျှံသလင်းကျောက်က ကျွန်တော့်အတွက် အကျိုးမရှိပါဘူး..စွမ်းအင်ကိုစုပ်ယူရင်တောင် ကျွန်တော်ခွန်အားက သိသိသာသာ မ
တိုးလာဘူး” ။
နတ်ဆေးဆရာလည်း နှုတ်ဆိတ်သွားသည်။
ရှောက်ရွှမ် မညာပါ။ သူ့အတွက် မီးလျှံသလင်းကျောက်သည် အခြားသူများလောက် အကျိုးမထူးပေ။ အခြားစစ်သည်တော်များသည် မီးလျှံသလင်းကျောက်မှ စွမ်းအင်ကို စုပ်ယူပြီးသောအခါ သိသာထင်ရှားသော တိုးတက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မီးလျှံသလင်းကျောက်သည် ရှောက်ရွှမ်အတွက် စွမ်းအင်ပြန်လည်ပြည့်ဝမှု မြန်ဆန်ခြင်း၊ စိတ်အားတက်လာခြင်းတို့မှအပ တခြားဘာမှသိသာထင်ရှားသည့်အကျိုးမရှိပေ။
ရှောက်ရွှမ်သည် သူစမ်းသပ်အသုံးပြုသည့် မီးလျှံသလင်းကျောက်မှ စွမ်းအင်တစ်ဝက်ကျော်ကျော်ကို စုပ်ယူလိုက်သည်။ ဒီတစ်ခေါက် စစ်သည်တော်များနှင့်အတူမီးပုံဘေးတွင် စုဝေးကြသည့်အခါတွင် သူသည် စွမ်းအင်အတော်များများကို စုပ်ယူလိုက်သည်။ တကယ်ဆိုလျှင် သူသည် တခြားသူများထက်ပင် စွမ်းအင်ကို ပိုစုပ်ယူ
လိုက်သေးသည်။ သို့သော် သူ့လက်မောင်းမှ နတ်အမှတ်အသားသည် တိုးပွားလာခြင်းမရှိပေ။
နတ်ဆေးဆရာထွက်သွားသောအခါ ရှောက်ရွှမ်သည် သားရေချပ်အနည်းငယ်ကို ယူလိုက်လေသည်။ နတ်ဆေးပညာကျမ်းကိုမှတ်တမ်းတင်မည့် သားရေချပ်အလွတ်များပင်ဖြစ်သည်။
မီးလျှံသလင်းကျောက်အကြောင်း ကြားပြီးသောအခါတွင် နတ်ဆေးဆရာသည် ယခင်နတ်ဆေးဆရာများ ရေးဆွဲခဲ့သော ရှေးဟောင်းနတ်ဆေးပညာကျမ်းများကို ရှောက်ရွှမ်ကို ပေးလိုက်သည်။ ထိုအထဲတွင် အမဲလိုက်ခွေးများအကြောင်း ပြုစုထားသောကျမ်းစာအုပ်တစ်အုပ်ပါလေသည်။
နတ်ဆေးဆရာသည် ထိုကဲ့သို့ပင်ဖြစ်သည်။ သင့်တန်ဖိုးကိုသာသေချာ ပြနိုင်ပါက နတ်ဆေးဆရာသည် သင့်ကို သိသင့်သိထိုက်သည်များကို ပြောပြပြီး လိုအပ်သည့်အကူအညီကိုပေးမည်ဖြစ်သည်။
အရင်တုန်းကဆိုလျှင်တော့ နတ်ဆေးဆရာသည် ရှောက်ရွှမ်ကို ထိုဆေးပညာကျမ်းများအကြောင်းကို ပြောပြမည်မဟုတ်ပါ။ ထိုဆေးပညာကျမ်းများသည် မျိုးနွယ်စုအတွင်း လျှို့ဝှက်ထားရသော ပညာရပ်များဖြစ်သည်။ ထို့ပြင် နတ်တေးဆရာသည် အချိန်မတိုင်သေးပါက ထိုလျှို့ဝှက်ချက်များကို ပြောပြမည်မဟုတ်ပေ။ သို့သော် အခုတော့ နတ်ဆေးဆရာသည် သူ့စိတ်ကိုပြောင်းလဲလိုက်ပြီဖြစ်သည်။
ဘိုးဘွားများပြုစုခဲ့သော နတ်ဆေးပညာကျမ်းများကို နတ်ဆေးဆရာက ထိန်းသိမ်းစောင့်ရှောက်ရသည်။ သက်တမ်းမှာနှစ်၁၀၀၀ကျော်ရှိပြီ ဖြစ်သဖြင့် အပျက်အစီးလည်း အနည်းငယ်ရှိသည်။ ထိုစာအုပ်များကိုနတ်ဆေးဆရာ၏ နေရာတွင်သာ ဖတ်ခွင့်ရှိပြီး အပြင်သို့ယူဆောင်သွားခွင့်မရှိပါ။
ပထမဦးဆုံး ရှောက်ရွှမ်သည် ထိုပညာကျမ်းများကို အကြမ်းဖျဥ်းဖတ်လိုက်သည်။ ထို့နောက် အမဲလိုက်ခွေးများအကြောင်းပြုစုထားသော တစ်အုပ်ကိုရွေးချယ်လိုက်ပြီး သေချာစွာဖတ်လေ
တော့သည်။ ပုံများကိုလည်း တစ်ပုံချင်းသေချာလေ့လာသည်။
တောင်ခြေရှိအိမ်သို့ပြန်ရောက်သောအခါ အခန်းထဲဝင်ကာ
တံခါးပိတ်လိုက်ပြီး ရှေးဟောင်းပညာကျမ်းများတွင် သူမြင်ခဲ့ရသော အရာများကို ကူးယူလေတော့သည်။
အရင်တုန်းက မိဘမဲ့ဂူအတွင်းတွင်နေထိုင်ခဲ့စဥ်က ကျောက်သားခန်းမ ရှိ နံရံများပေါ်တွင် စစ်သည်တော်များအမဲလိုက်ခွေးများနှင့် အမဲလိုက်နေသည့် ပန်းချီကားပုံများကို သူတွေ့ဖူးသည်။ သို့သော် ထိုစဥ်က သူသည် ရှင်းလင်းပြတ်သားစွာ မြင်ရဖူးခြင်းမဟုတ်ပေ။ အခုနတ်ဆေးပညာကျမ်းများကို ဖတ်ရသည့်အခါ ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလို ခံစားရသည်။ သာမန်မျှသာထင်ရသော ကိစ္စရပ်တိုင်း၏နောက်ကွယ်တွင် မျှော်မှန်းမထားနိုင်သော လျှို့ဝှက်ချက်များစွာရှိနေနိုင်သည်။
ထိုကျမ်းများကို ဖတ်ပြီးသွားသောအခါ ဘိုးဘေးများ၏ အမဲလိုက်ခွေးများကို အသုံးပြုပုံသည် သူတို့နှင့် မတူညီကြောင်း သိလိုက်ရသည်။
နတ်ဆေးပညာကျမ်းများထဲမှ ပန်းချီကားများအရ နတ်ဆေးဆရာများသည် အမဲလိုက်ခွေးများကို ငယ်စဥ်ကပင် ပြုစုပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။ သူတို့သည် အမဲလိုက်ခွေးများကို စည်းကမ်းတင်းကျပ်စွာ လေ့ကျင့်ပေးလေ့ရှိသည်။ ထိုလေ့ကျင့်မှုကို တချို့သားပေါက်များက ကျော်လွန်နိုင်ခြင်းမရှိပေ။လေ့ကျင့်ရေးကို အောင်မြင်သော သားပေါက်များသာ ဒုတိယမြောက်ရွေးချယ်မှုကို ဝင်ရောက်ခွင့်ရသည်။
ဘိုးဘွားများမွေးလေ့ရှိသော အမဲလိုက်ခွေး၂မျိုးရှိသည်။ သာမန်အမဲလိုက်ခွေးနှင့် အဖော်ပြုအမဲလိုက်ခွေးဖြစ်သည်။ လေ့ကျင့်ပေးသည်က သာမန်ခွေးများပင်ဖြစ်သည်။ သူတို့သည် အမဲလိုက်ခရီးစဥ်များတွင် ပါဝင်ရလေ့ရှိသလို အစောင့်အရှောက်အနေနှင့် နေရသည့်အခါ
လည်းနေရသည်။
သို့သော် သူတို့သည် စွမ်းအင်ဆက်ခံရခြင်းမရှိသဖြင့် မျိုးနွယ်စုက သူတို့ကို စစ်မှန်စွာ အသိအမှတ်မပြုပါ။
သို့သော်အဖော်ပြုအမဲလိုက်ခွေးကိုတော့ ထိုသို့ရွေးချယ်သည်မဟုတ်ပါ။ အဖော်ပြုအမဲလိုက်ခွေးတိုင်းကို ကျန်းမာသန်စွမ်းမှု ရှိမရှိ၊ သစ္စာရှိမရှိ စမ်းသပ်ပြီးမှ လေ့ကျင့်ပေးလေ့ရှိသည်။ သူတို့ကို မျိုးနွယိစုတစ်ခုလုံးက အသိအမှတ်ပြုကြပြီး နတ်ဆေးဆရာက သူတို့နာမည်များကို မျိုးနွယ်စုနတ်ရုပ်တွင် ထွင်းပေးလေ့ရှိသည်။ ထို့နောက်တွင်တော့ သူတို့သည် ရိုးရာအခမ်းအနားပွဲပြုလုပ်သည့်အခါ မီးပုံဘေးတွင် မတ်တပ်ရပ်သူများထဲပါဝင်ခွင့်ရှိပြီး ကျန်သူများလိုပင် မီးပုံမှ နတ်စွမ်းအင်ကို ခံစားခွင့်ရှိသည်။ ထို့ကြောင့် သူတို့သည် သာမန်အမဲလိုက်ခွေးများထက်ပို၍ သန်စွမ်းကြသည်။
သို့သော် ထိုကဲ့သို့ နာမည်ရေးထွင်းခြင်းဓလေ့ကို
ဆက်လက် လက်ဆင့်ကမ်းခြင်းတော့ မပြုလုပ်ပါ။ အဖော်ပြုခွေးများ၏ သားပေါက်များကို အခြားသာမန်ခွေးများ၏ သားပေါက်များလိုပင် ပြုစုပျိုးထောင်ပေးကြသည်။ လေ့ကျင့်ရေးပြီးနောက် တူညီသောစံသတ်မှတ်ချက်များဖြင့်ရွေးချယ်ပြီးသောအခါမှသာ သူတို့ကို မျိုးနွယ်စုက အသိအမှတ်ပြုလေသည်။ ယေဘုယျအားဖြင့်ပြောရလျှင် အဖော်ပြုခွေးများ၏ သားပေါက်များသည် အတော်ဆုံးခွေးများဖြစ်ကြသည်။
လျှို့ဝှက်စာ ထွင်းခြင်းကို မျိုးနွယ်စု၏ နတ်ဆေးဆရာကသာ ထွင်းခွင့်ရှိသည်။ ထိုသို့ထွင်းခြင်းမှာ စွမ်းအင်ဆက်ခံနိုင်မှု စွမ်းအင်ကိူ အသုံးပြုရသောကြောင့်ဖြစ်သည်။
နတ်ဆေးပညာကျမ်းများကို ဖတ်နေရင်းနှင့် နတ်ဆေးဆရာကရှောက်ရွှမ်ကို ပြောသည်။ သူသာ လေ့လာလိုပါက နတ်ဆေးဆရာသည် သတ်ဆိုင်ရာ နတ်ဆေးပညာကျမ်းအားလုံးကို ရှာပေးမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ ဆီဇာသည် နာမည်ရေးထွင်းရန် လိုအပ်ချက်
အားလုံးနှင့် ကိုက်ညီနေလေသည်။
“ လျှို့ဝှက်စာရေးနည်းက အရမ်းရှုပ်ထွေးတယ်..အချိန်တိုအတွင်း သင်ယူလို့မရနိုင်ဘူး” ရှောက်ရွှမ်ထွက်သွားပြီးနောက်တွင် နတ်ဆေးဆရာက ထိုကဲ့သို့ ပြောလေသည်။
အမှန်တကယ်တော့ ရှောက်ရွှမ်သည် နတ်ဆေးဆရာဆိုလိုသည်ကို ကောင်းမွန်စွာနားလည်လေသည်။ သူသည် ရှောက်ရွှမ်အား လျှို့ဝှက်စာရေးထွင်းနည်းကို အလျင်စလို မလေ့လာစေခြင်ပေ။ လျှို့ဝှက်စာရေးထွင်းနည်းကို သေချာနားလည် တတ်ကျွမ်းခြင်းမရှိသေးဘဲ လျှို့ဝှက်စာ ရေးထွင်းမည်ဆိုပါက ဆီဇာ၏ အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်သည်။ နတ်ဆေးပညာကျမ်းထဲတွင် ရေးထားသည်မှာ လျှို့ဝှက်စာ ရေးထွင်းခြင်းလုပ်ငန်းတွင် အမဲလိုကိခွေးတစ်ဝက်ခန့်သာ အောင်မြင်နိုင်သည်ဟု မှတ်တမ်းတင် ထားသည်။
ထိုအန္တရာယ်ကို လျစ်လျူရှုထား၍ မရပေ။
နတ်ဆေးဆရာကိုယ်တိုင်ပင် လျှို့ဝှက်စာရေးထွင်းနည်းကို မစမ်းသပ်ဘူးပေ။ ထို့ပြင် စာရေးထွင်းနည်းကို စမ်းသပ်ရန် မျိုးနွယ်စုအတွင်းတွင် တိရစ္ဆာန်လည်း မရှိပေ။
ရှောက်ရွှမ်အနေဖြင့် သူဘာလုပ်မည်ကို သေချာစွာ စဥ်းစားရန်လိုသည်။ ရွေးချယ်ဆုံးဖြတ်ရမည်မှာ ရှောက်ရွှမ်သာ ဖြစ်လေသည်။ နတ်ဆေးဆရာက ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့်မရှိပေ။
စွန့်စားရမည့် အန္တရာယ်က ကြီးမားသဖြင့် ရှောက်ရွှမ်သည် အလျင်စလို မလုပ်ချင်ပေ။ လျှို့ဝှက်စာရေးထွင်းနည်းကို တဆင့်ချင်း လေ့လာသင်ယူသွားရမည် ဖြစ်ပေသည်။
သူ့ခြေထောက်နားတွင် သမ်းနေသည့်ဆီဇာ့ကိုကြည့်ပြီး ရှောက်ရွှမ်သည် သက်ပြင်းတစ်ချက်ချလိုက်လေသည်။
ဆီဆာသည် သာမန်သားရဲတစ်ကောင်သာဖြစ်ပြီး
သားရဲကြီးတစ်ကောင်ဖြစ်လာရန် လိုအပ်ချက်များရှိနေသေးသည်။ တောထဲမှာဆိုလျှင် ဆီဆာသည် ခေါင်းဆောင်ဝံပုလွေတစ်ကောင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
သာမန်တိရစ္ဆာန်တစ်ကောင်အဖြစ်မှ ကြောက်မက်ဖွယ်သားရဲတစ်ကောင်အဖြစ်သို့ရောက်ရှိရန် အချိန်ယူရဦးမည်ဖြစ်သည်။ ဂူထဲမှ လင်းနို့များကဲ့သို့ပင် ကြောက်မက်ဖွယ်သားရဲတိုင်းသည် သားကောင်ပေါင်းများစွာကို သတ်ဖြတ်ပြီးသည့်အခါ ခေါင်းဆောင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။
ထိုကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် သာမန်တိရစ္တာန်များသည် ကာလကြာရှည် အသက်ရှင်နိုင်ခြင်းရှိမည် မဟုတ်ပါ။
မျိုးနွယ်စုထဲမှ လူသားများပင် တိုးတက်ရေးအတွက် ခက်ခဲစွာကြိုးစားရမည်ဖြစ်သည်။
လူသားဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် ထိပ်ဆုံးပိုင်း
ရောက်ရန်၊ မိမိကိုယ်ကို တိုးတက်မှုရှိရန် ခက်ခဲစွာ ကြိုးစားကြရသည်။
သူတို့လျှောက်လှမ်းသည့်လမ်းတိုင်း အသက်ပေါင်းများစွာကို စတေးရသည်။
ရှောက်ရွှမ်သည် ပျင်းရိစွာသမ်းဝေနေသောဆီဆာကို ကြည့်နေရင်း တီးတိုးပြောမိသည်”ငါအခြေခံအဆင့်ကစမယ်” ။
နေ့တိုင်းလိုလိုပင် ရှောက်ရွှမ်သည် နတ်ဆေးဆရာ၏နေရာတွင် နတ်ဆေးပညာကျမ်းများကို ဖတ်သည်။ ထို့နောက် သားရေချပ်ပေါ်တွင် ပြန်လည်ကူးယူသည်။ မိတ္တူကူးယူခြင်းလုပ်ငန်းစဥ်ကို အာရုံစူးစိုက်စွာ လုပ်လေသည်။ သူ၏စွမ်းအင်ဆက်ခံနိုင်မှုစွမ်းရည်ကိုလည်း လေ့ကျင့်မှုအနေဖြင့် ကိုယ်တွင်းတွင် လှည့်ပတ်စေသည်။
နတ်ဆေးဆရာသည် သူ့ကတိကို တည်ပါသည်။ အမဲလိုက်ခွေးများနှင့် လျှို့ဝှက်စာရေးနည်းများနှ
င့်ပတ်သက်သမျှကို ကျမ်းစာအုပ်များကို ရှာပေးထားသည်။
အမဲလိုက်ထွက်သည့်အချိန်မှ အပ မျိုးနွယ်စုထဲတွင်ရှိနေသည့်အချိန်များတွင် ရှောက်ရွှမ်သည် မိတ္တူကူးယူခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်လေသည်။
ရှောက်ရွှမ်၏အခန်းထဲတွင် သူကူးယူ၍ ပြီးဆုံးသွားသော သားရေချပ် ဆယ်ချပ်ခန့်ရှိလေသည်။ထိုသားရေချပ်များမှာ သူ၏ ကြိုးစားမှုများပင် ဖြစ်သည်။
နတ်ဆေးပညာကျမ်းများကို ကူးယူနေစဥ် မျိုးနွယ်စုထဲမှ လူများသည် ရှောက်ရွှမ်ဆီသို့ လာကြလေသည်။
မျိုးနွယ်စုထဲမှ လူများသည် ဝံပုလွေသားပေါက်တစ်ကောင်မွေးလိုသဖြင့် ရှောက်ရွှမ်နှင့် လာရောက်တိုင်ပင်ကြသည်။
ဥပမာအနေဖြင့် မော့အာသည် ရှောက်ရွှမ်နှင့်စကားလာပြောလေသည်။ ရှောက်ရွှမ်ဆီမှဝံပုလွေမွေးနည်းနှင့် ထိန်းသိမ်းစောင့်ရှောက်နည်းများ လာမေးမြန်းခြင်းဖြစ်သည်။ မျိုးနွယ်စုထဲမှ လူများတွင် တိရစ္ဆာန်မွေးမြူသည့်အတွေ့အကြုံ မရှိကြပေ။ တိရစ္ဆာန်မွေးမြူရသည်မှာ လွယ်သည်ထင်ရသော်လည်း ခက်ခဲသည်။ ထို့ကြောင့်အများစုမှာ သူတို့တိရစ္ဆာန်လေးများကို ရှင်သန်အောင် မမွေးမြူနိုင်ပေ။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်လေးများ သေဆုံးသည်ဆိုပါက သူတို့အသားကို စားပစ်ကြသည်။
ရှောက်ရွှမ်သည် မော့အာလက်ထဲမှ အကောင်ပေါက်လေးကို ကြည့်ပြီးနောက် မျက်ခုံးများပင့်တက်သွားသည်။
“ဂူအောင်းခြင်္သေ့လေးလား”
ထိုမျိုးစိတ်မှာ ရှာရခက်ခဲသည်။ ဂူအောင်းခြင်္သေ့များမှာ ကြောက်မက်ဖွယ်ကောင်းပြီး အရိုင်းဆန်ကြသည်။ ဂူအောင်းခြင်္သေ့များမှာ ကြောက်မက်
ဖွယ် တိရစ္ဆာန်များအဖြစ် တိုးတက်ပြောင်းလဲသွားမည် ဖြစ်သည်။ ဝံပုလွေအုပ်များပင် ဂူအောင်းခြင်္သေ့များကို ရန်မစရဲပေ။ ထို့ကြောင့် မုန့်အာယူလာသော အကောင်ပေါက်လေးမှာ မည်သို့ ဖြစ်လာမည်ကို သူမပြောတတ်ပေ။
မော့အာအပြောအရ ဂူအောင်းခြင်္သေ့များနှင့် ဂူအောင်းဝက်ဝံများတိုက်ပွဲဖြစ်ပြီးနောက် ဂူအောင်းခြင်္သေ့များရှုံးသွားလေသည်။ ဂူအောင်းခြင်္သေ့များအားလုံးလို အသတ်ခံလိုက်ရပြီး ဤအကောင်လေးသာ ကျန်နေခဲ့သည်။ ထို့ကြောင့်မော့အာသည် ထိုအကောင်ပေါက်လေးကို ပြန်လည်ယူဆောင်လာခဲ့ခြင်းဖြစ်သည်။
ရှောက်ရွှမ်တွင်လည်း ဂူအောင်းခြင်္သေ့မွေးမြူသည့်အတွေ့အကြုံမရှိပေ။ သူသည် ဆီဆာ့ကိုခွေးတစ်ကောင်မွေးမြူသလို မွေးမြူခဲ့သည်။ သို့သော် ဆီဆာတွင် သားရဲဗီဇရှိနေသေးသည်။ ကံကောင်းသည်မှာ ဆီဆာသည် သူ၏သားရဲဗီဇကိုထိန်းချုပ်နိုင်လိုက်ပြီဖြစ်သည်။ မော့အာ၏ ဂူအောင်းခြင်္သေ့အတွက် သူသည် အခြေခံဆောင်
ရန် ရှောင်ရန်များကိုသာပြောပြနိုင်လေသည်။ နောက်ပိုင်းကိစ္စများကတော့ မော့အာအပေါ်တွင်သာမူတည်သွားမည်ဖြစ်သည်။
ကြောက်မက်ဖွယ်သားရဲများကို မွေးဖွားလိုသည်ဆိုပါက သတိကြီးစွာထား၍ မွေးမြူရမည်ဖြစ်ပြီး သူတို့ကို ထိန်းချုပ်မှုအောက်မှလွှတ်ပေးရမည်ဖြစ်သည်။ ထူးခြားသည့်ကိစ္စတစ်ခုခုပေါ်လာပါက မျိုးနွယ်စုထဲမှ လူများသည် ထိုတိရစ္ဆာန်ကို အရင်ရှင်းပစ်ရမည်ဖြစ်သည်။
မော့အာသာမဟုတ် ကျန်သည့်သူများလည်း အမဲလိုက်ခရီးမှ ပြန်လာသည့်အခါ ဝံပုလွေသားငယ်များကို ခေါ်ဆောင်လာကြသည်။ တခြား သားကောင်ပေါက်လေးများကိုလည်း ရှာယူလာပေးသည်။
တချို့ စစ်သည်တော်များသည် တိရစ္ဆာန်လေးများ မွေးမြူရသဖြင့် ပျော်ရွှင်နေသော်လည်း နောက်ဆုံးတွင် သေကုန်သဖြင့် အသားကိုသာ စားလိုက်ရလေသည်။ သို့သော် အချို့စစ်သည်တော်
များသည် သူတို့ရည်မှန်းချက်ကို အပျက်မခံကြပေ။ ထိုစစ်သည်တော်အများစုမှာ မော့အာ လို လူငယ်စစ်သည်တော်များသာ ဖြစ်သည်။
ဆောင်းရာသီရောက်သောအခါ ချာချာကဲ့သို့ငှက်များကိုပျံသန်းနည်းများ ပြသလေသည်။ ယခုနှစ်သစ်၏အစတွင် သူသည် ဆီဆာ့ကို အရှေ့တန်းသို့ပို့လေသည်။ ထို့ကြောင့် အားလုံးက ဆီဆာ့ကို သိသွားကြလေသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကြောင့် တခြားလူငယ်စစ်သည်တော်များလည်း လုပ်စရာအသစ်တစ်ခုကိုရသွားလေသည်။
အခုတော့ရှောက်ရွှမ်၏ဆီဆာသည် နတ်ဆေးဆရာမှ ပထမဦးဆုံး အသိအမှတ်ပြုခံရသော အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာသည်။ ထို့ကြောင့် လူတိုင်းသည် တိရစ္ဆာန်လေးများရလာသည့်အခါတိုင်း ရှောက်ရွှမ်ဆီသို့ပျော်ရွှင်စွာယူလာပြကြသည်။
ထူးခြားသည်က မောင်ဖြစ်သည်။ အခြားသူများ
က ဝံပုလွေ၊ကျား၊ ကျားသစ်၊ ခြင်္သေ့စသည်တို့ကို စိတ်ဝင်စားလာကြသော်လည်း မောင်ကတော့ တောဝက်ပေါက်စတစ်ကောင်ကို သယ်လာလေသည်။
အမှန်အတိုင်းပြောရလျှင် တောဝက်ရိုင်းပေါက် ပင်မဟုတ် နို့စို့အရွယ်ဝက်ပေါက်လေးသာဖြစ်သည်။