မျိုးနွယ်စုထဲမှ သားကောင်ပေါက်လေးများ
Vol. 9 Ch. 124
အမဲလိုက်ခရီးထွက်စဉ် မောင်သည် အစွယ်လေးချောင်းပါသော သတ္တဝါကို တွေ့ပြီး ထိုသတ္တဝါကိုတောဝက်ရိုင်း သို့မဟုတ် ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကောင်ဖြစ်မည်ဟုထင်လိုက်သည်။
အစွယ်လေးချောင်းပါသော တောဝက်ရိုင်းကို မြင်တွေ့ပြီးနောက် သူသည် တောဝက်ရိုင်းသားပေါက်တစ်ကောင်ကို ဖမ်းလာပြီး မျိုးနွယ်စုဆီသို့ ပြန်ယူလာခဲ့သည်။ သို့သော် တောဝက်ရိုင်းဟုတော့ မပြောဘဲ သာမန်တိရစ္ဆာန်တစ်ကောင်သာဖြစ်သည် ဟုပြောလိုက်သည်။ အစွယ်လေးချောင်းနှင့်အကောင်သည် တောဝက်ရိုင်းနှင့်တူသော်လည်း အမွှေးထူထူလည်းမရှိသလို ခက်ထန်ကြမ်းတမ်းခြင်းလည်းမရှိပါ။
မောင် ထင်သည်မှာ ထိုအကောင်လေးသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကောင်၏ သားပေါက် ဖြစ်မည်ဟုထင်သော်လည်း သာမန် တိရစ္ဆာန်လေးတစ်ကောင်သာ ဖြစ်နေသည်။
မောင်သည်ထိုအချက်ကို သိရှိပြီးနောက် စိတ်ပျက်သွားသော်လည်း သားကောင်ပေါက်လေးကို သတ်စားခြင်းမပြုခဲ့ပေ။ သတ်မစားသည့်အပြင် ရှောက်ရွှမ်ဆီသို့သွားကာ ပြုစုပျိုးထောင်ရန်နည်းလမ်းများကို ပင် မေးမြန်းခဲ့သည်။
အခြားသူများက မောင်ကိုလှောင်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်၏ မြေးတစ်ယောက်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်၏ သားတစ်ယောက်အနေဖြင့် ထိုသတ္တဝါမျိုးကို မွေးသောကြောင့် ဖြစ်သည်။ အခြားသူများက ဝံပုလွေ သို့မဟုတ် ကျားသစ်များကို မွေးမြူကြသည်။
မောင်က တောဝက်ရိုင်းလေးနှင့်တူသော ထို
အကောင်လေးကို “စစ်ယာ့” ဟု အမည်ပေးထားသည်။ထိုသို့အမည်ပေးသည်မှာ အစွယ်လေးချောင်းနှင့်သားကောင်ကို သူရှာမတွေ့သောကြောင့်လည်း ဖြစ်ချင်ဖြစ်မည်။ ကံကောင်းချင်တော့ ထိုသတ္တဝါလေးသည် အရွယ်ရောက်လာလျှင် အစွယ်လေးချောင်းပေါက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူယာယီမွေးထားခြင်းဖြစ်သည်။
အစပိုင်းတွင်လူများက ရှောက်ရွှမ်ဆီမှ အကူအညီတောင်းကြသော်လည်း နောက်ပိုင်းတွင် သိပ်မတောင်းကြတော့ပေ။ အမဲလိုက်ခရီးသုံးလေးခါထွက်ပြီးနောက်တွင် ရှောက်ရွှမ်ထံမှ အကူအညီ လာတောင်းသော ဆယ်ပုံတစ်ပုံလောက်က အစာကျွေးရန်နည်းလမ်းကိုသာ လာမေးကြတော့သည်။ ကျန်သူများကတော့ သားပေါက်လေးများကို သတ်စားပစ်ကြတော့သည်။
ထိုသို့ဖြစ်ရခြင်းမှာ မျိုးနွယ်စုထဲမှ လူများသည် သားကောင်လေးများကို အခုမှ စ
မွေးမြူဖူးသောကြောင့်ဖြစ်သည်။ လူတချို့က တချို့အခြေအနေများကို နည်းလမ်းမှန်ကန်စွာမကိုင်တွယ်နိုင်ကြသလို တစ်ခါတလေ သူတို့၏အင်အားကို ထိန်းချုပ်နိုင်ခြင်းမရှိကြပေ။ တချို့က စိတ်မရှည်သောအကြောင့် မွေးမြူသောနည်းလမ်းမမှန်ကန်ကြပေ။
သေချာသည် သားကောင်ပေါက်အားလုံးသည် အမဲလိုက်တိရစ္ဆာန်များအဖြစ် မွေးမြူရန် မလွယ်ကူကြပေ။ တချို့တွေမှ ကြမ်းတမ်းသည့်ဗီဇရှိသလို တချို့တွေမှာ ခန္ဓာကိုယ်မှာ မကြံ့ခိုင်ပေ၊ တချို့တွေက ဉာဏ်ရည်မမီပေ။ လေ့ကျင့်ရေးပြီးသည့်တိုင်အောင် သူတို့သည် အရည်အချင်းပြည့်ဝခြင်းမရှိပေ။
ထိုအခက်အခဲများကို ကြုံရသော်လည်း တချို့ကတော့ ဇွဲရှိရှိ ဆက်လက်မွေးမြူကြလေသည်။ တချို့လူတွေကတော့ လက်လျော့လိုက်ကြသည်။
တစ်ရက်တွင် နတ်ဆေးဆရာသည် မျိုးနွယ်စု
အတွင်း လမ်းလျှောက်လာပြီး အပြန်တွင် ရှောက်ရွှမ်ကို စကားခဏပြောရန်ပြောလေသည်။
နတ်ဆေးဆရာသည် တိရစ္ဆာန်မွေးမြူသည့်ကိစ္စကို သည်းမခံနိုင်တော့ပေ။ မျိုးနွယ်စုထဲတွင် ထိုမျှတိရစ္ဆန်များကို မွေးမြူခြင်းမှာ အလုပ်ရှုပ်သည်ဟုထင်လာပြီး နောက်တစ်ချိန်တွင် အန္တရာယ်ရှိလာနိုင်သည်ဟု ထင်လာာသည်။သူသည် သစ္စာရှိပြီး ခွန်အားကောင်းသည် အမဲလိုက်ရာတွင် အသုံးပြုနိုင်သော တိရစ္ဆာန်များကို တော့ လိုချင်သော်လည်း ကြောက်မက်ဖွယ်ဗီဇရှိသူများကတော့ နောက်ဆုံးတွင် သစ္စာဖောက်မည်ဟုထင်လေသည်။
လေ့ကျင့်ရေးနည်းလမ်းများက လေ့ကျင့်ခံရသော သားရဲများ၏ အရည်အသွေးကို သတ်မှတ်ပေးသည်။
နောက်ပိုင်းတွင် ရှောက်ရွှမ်သည် တောင်ခြေတွင် သင့်တော်သော နေရာလွတ်တစ်ခုတွင် ကျောက်ပြားကြီးတစ်ချပ်ကို ပုံဆွဲပြရန်ထောင်
ထားလေသည်။ သူသည် အမဲလိုက်မထွက်သမျှကာလပါတ်လုံး အစာကျွေးသောနည်းလမ်းများကို ပို့ချပေးလေသည်။ အမဲလိုက်အဖွဲ့နှစ်ဖွဲ့ တာဝန်လဲသောအခါ သူတို့ကို သင်ပေးရန် အချိန်အနည်းငယ်ရလေသည်။ သို့သော် တစ်ဖွဲ့က အမဲလိုက်ထွက်သွားသောအခါ ထိုအမဲလိုက်အဖွဲ့ကို ရှင်းပြရန်မဖြစ်နိုင်တော့ပေ။
“ ခင်ဗျားတို့သင်ပေးတာကို တတ်စေချင်ရင် လေ့ကျင့်နေတုန်းမှာ လက်ဟန်ခြေဟန်တွေပြရတယ်၊ အဲဒီလိုနဲ့ ခင်ဗျားတို့ရဲ့လက်ဟန်ခြေဟန်တွေက ဘာကိုဆိုလိုလဲ သူတို့သိလာလိမ့်မယ်၊ အဲဒီလိုမလုပ်ဘဲ လည်ပတ်ကြိုးပဲအတင်းဆွဲနေမယ်ဆို ခင်ဗျားတို့ကို လေးစားမှာ မဟုတ်တော့ဘဲ လည်ပတ်ကြိုးကိုပဲ သူတို့သခင်လို့ထင်သွားကြလိမ့်မယ်”
“ဆီဆာ..ဒီကိုလာဦး..တွေ့လား…ဒီလိုမျိုးကိုပြောတာ”
တိရစ္ဆာန်မွေးမြူသူများသည် ကြိုးကိုဆွဲ၍
အမိန့်ပေးနေကြသည်ကို ရှောက်ရွှမ်တွေ့ဖူးသည်။ သို့သော်ထိုသို့လေ့ကျင့်နည်းက အောင်မြင်မှုမရသည်မှာတော့ စိတ်မကောင်းစရာပင်။
“ခင်ဗျားတို့ကို သားကောင်ပေါက်လေးတွေ လေ့ကျင့်ပေးဖို့နည်းလမ်းပြောပြမယ်၊ ပြောရမယ်ဆိုရင် ကိုယ်တိုင်လက်နဲ့ညွှန်ပြသင်ကြားနည်းပဲ၊ ပြောရမယ်ဆိုရင် ခင်ဗျားတို့လုပ်စေချင်တာကို အတင်းအကျပ် လုပ်ခိုင်းတဲ့သဘောပေါ့ဗျာ၊ မြက်ခင်းပေါ်တွင် လှဲခိုင်းချင်တယ်ဆိုရင် ခင်ဗျားတို့ကိုယ်တိုင် လက်နဲ့ဖိချလိုက်..၊ အဲဒီနည်းလမ်းနဲ့ ခင်ဗျားတို့သားပေါက်က မြက်ခင်းပေါ်မှာ လှဲပေးလိမ့်မယ်၊ ထပ်ဖန်တလဲလဲ လေ့ကျင့်ပေးမယ်ဆိုခင်ဗျားတို့ အမိန့်ပေးသမျှကို သူတို့ မှန်မှန်ကန်ကန်လိုက်လုပ်ချင်တဲ့ အသိစိတ်ဝင်သွား လိမ့်မယ်”
ရှောက်ရွှမ် ပြောပြနေစဉ် ရှောက်ရွှမ်နှင့် အသက်တူသော စစ်သည်တော်လေးတစ်ယောက်က သူ့သားပေါက်လေးကို လက်နှင့်ကိုင်ရင်း ပြောသည်”’ဒါမျိုးလား”။
“မင်းက လက်နဲ့ကိုင်ရုံကိုင်တာ…လက်နဲ့ဖိထားတာ မဟုတ်ဘူး”
ရှောက်ရွှမ်သည် သူတို့ကို ထိုကဲ့သို့ အသေးစိတ်က အစ လိုက်ပြောပြရသည်။
ထို့ပြင်အစာကျွေးနည်း၊လက်နဲ့ညွှန်ပြသင်ကြားနည်၊ စိတ်နဲ့ညွှန်ပြသင်ကြားနည်းတို့ကိုပါ ပြောပြရသည်။
မျိုးနွယ်စုထဲမှ လူများသည် အစာကျွေးသည့်နည်းလမ်းများကို လက်မခံနိုင်ကြပေ။ သူတို့အမြင်တွင် အစားအစာသည် တန်ဖိုးရှိလှပြီး သားကောင်များကို ကျွေးမည့်အစား သူတို့ကိုယ်တိုင်ပင် စားရန်နှမြောကြသည်။ထိုအချက်ကို သူတို့လက်မခံနိုင်ကြပေ။
သို့သော် တချို့ကတော့ ထိုနည်းလမ်းကို လက်ခံချင်ကြသည်။ အများစုမှာ မော့အာနှင့် မောင်တို့လို လူငယ်များဖြစ်ကြသည်။
အစပိုင်းတွင်ရှောက်ရွှမ်ကဲ့သို့ အခြေအနေကို ကြုံတွေ့ရသောကြောင့် မော့အာသည် တစ်ယောက်တည်းခွဲနေသော်လည်း အစာငတ်ခြင်းနှင့်မကြုံရပေ။ မောင်အာတို့မိသားစုအတွင်းမှ လူများသည် စစ်သည်တော်များဖြစ်ကြသဖြင့် အစာရေစာပြတ်လပ်ခြင်းမရှိပါ။ ထို့ကြောင့် သူ့အတွက် သားကောင်ပေါက်လေးကို အစာကျွေးရန်မှာ ပြဿနာတစ်ခုမဟုတ်ပေ။
တစ်ခါတရံ အတုယူခြင်းလေ့ကျင့်ခန်းကိုသင်ပြသောအခါ ရှောက်ရွှမ်သည် ဆီဆာနှင့် ဉပမာ ပြလေသည်။ သားပေါက်လေးများကို ဆီဆာနှင့်အတူနေစေသည်။
ဝံပုလွေသားပေါက်လေးများသည် ရှောက်ရွှမ်၏ အမူအရာများကို လိုက်အတုခိုးနိုင်ကြသော်လည်း မော့အာ၏ ဂူအောင်းခြင်္သေ့လေးများနှင့် မောင်၏ စစ်ယာ့တို့အတွက်တော့ အခက်အခဲဖြစ်နေကြလေသည်။ ဂူအောင်းခြင်္သေ့လေးမှာ အမိန့်ကို သိပ်မနာခံတတ်သလို စစ်ယာ့ကတော့
အစားကြီးပြီး အပြင်းထူလေသည်။
မော့အာသည် ဂူအောင်းခြင်္သေ့လေးကို လျောင်ဟုအမည်ပေးထားသည်။ ရှောက်ရွှမ်မြင်ဖူးသော အခြားတိရစ္ဆန်လေးများနှင့် မတူကွဲပြားနေသည်။
ဂူအောင်းခြင်္သေ့အများစုမှာ အုပ်စုလိုက်နေလေ့မရှိဘဲ တောင်ပေါ်ရှိဂူများထဲတွင် တစ်ကောင်တည်းနေလေ့ရှိသည်။ အများအားဖြင့် တစ်ကောင်တည်းသာ အမဲလိုက်ထွက်လေ့ရှိသည်။ ထိုသို့အမဲလိုက်ထွက်ရာတွင် ဂူအောင်းဝက်ဝံများ ကြောက်မက်ဖွယ်သားရဲများနှင့် ယှဥ်ပြိုင်အမဲလိုက်ထွက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ခွန်အားမှာ မနည်းကြောင်း သိနိုင်သည်။ ထို့ကြောင့်လည်း သူတို့ကို ယဥ်ပါးအောင် ပြုလုပ်ရန် ခက်ခဲလေသည်။
မော့အာရော မောင်ပါ သူတို့တိရစ္ဆာန်လေးများကို လေ့ကျင့်ရာတွင် တခြားသူများထက် ပိုအားထုတ်ရသည်။ သူတို့၏စိတ်ရှည်မှုအပေါ်တွင်လည်း မူတည်သေးသည်။
အချိန်တွေကြာလာသောအခါ လူများသည် တိရစ္ဆာန်လေးများကို ခေါ်ဆောင်လာခြင်းမပြုတော့ပေ။ အသက်မသေဘဲကျန်နေသည့် တိရစ္ဆာန်လေးများကတော့ တဖြည်းဖြည်း ကြီးပြင်းလာလေသည်။
ရှောက်ရွှမ်၏ သရုပ်ပြရှင်းပြမှုများကြောင့် စစ်သည်တော်လေးများသည် သူတို့၏ လေ့ကျင့်မှုနည်းလမ်းများကို တဖြည်းဖြည်းပြောင်းလဲလာကြသည်။ အခုတော့ မျိုးနွယ်စုထဲ လမ်းလျှောက်ထွက်လျှင် သားကောင်ငယ်လေးများကို အဖော်ပြုရင်း တစ်ယောက်နှင့်တစ်ယောက် စကားပြောနေသည့် စစ်သည်တော်လေးများကို တွေ့နိုင်ပေသည်။
အစကတော့ ထိုတိရစ္ဆာန်လေးများ၏ လည်ပင်းတွင် လည်ပတ်ကြိုးလေးများချည်ထားသော်လည်း နောက်ပိုင်းတွင် ဘာကြိုးမှ ချည်မထားတော့ပါ။ သူတို့သည်လည်း ထွက်မပြေးတော့ပါ။ အပြင်ထွက်သောအခါ သူတို့ သခင်များ
နောက်မှ လိုက်ကြလေသည်။ သူတို့၏ လေ့ကျင့်နည်းမှာ ထိရောက်သည်ဟု ဆိုရမည် ဖြစ်ပေသည်။
တစ်ခါတရံ စစ်သည်တော်၂ယောက်သည် သူတို့မွေးထားသော တိရစ္ဆာန်လေးများကို ပျိုးထောင်သည့်စွမ်းရည်ခြင်း ပြိုင်ဆိုင်ကြလေသည်။
မျိုးနွယ်စုထဲတွင်တော့ နှစ်အတော်ကြာ အမဲလိုက်မထွက်တော့သည့် လူအိုများက သားရဲများသည် သူတို့ လူများကိူ ညအချိန်တွင် တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြလေသည်။ ထို့ကြောင့် သူတို့သည် တိရစ္ဆာန်မွေးမြူသောကိစ္စရပ်အပေါ် အကောင်းမမြင်ပါ၊ သူတို့၏သားငယ်များကိူလည်း မစွန့်စားစေချင်ပါ။
ထိုသူများထဲတွင် ကြောက်မက်ဖွယ်သားရဲများကြောင့် ဒဏ်ရာရသူ၊ ကိုယ်လက်မသန်စွမ်းတော့သူများ ပါဝင်လေသည်။ မျိုးနွယ်စုအတွင်း မွေးထားသော တိရစ္ဆာန်များမှာ သိပ်ကြောက်စရာမကောင်းသော်လည်း အသက်ကြီးသော
စစ်သည်တော်များမှာ ထိုတိရစ္ဆာန်များ၏ အန္တရာယ်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် တိရစ္ဆာန်မွေးမြူသော အလေ့အထကို စွန့်လွှတ်ပေးကြရန် အမဲလိုက်အဖွဲ့ခေါင်းဆောင် သို့မဟုတ် မျိုးနွယ်စု အကြီးအကဲနှင့် တိုင်ပင်ဆွေးနွေးကြလေသည်။
သို့သော် အဖွဲ့၂ဖွဲ့မှ ခေါင်းဆောင်များ၏ ကလေးများသည်လည်း တိရစ္ဆာန်လေးများကို မွေးမြူထားလေသည်။ မျိုးနွယ်စု အကြီးအကဲ၏ ကလေးဆိုလျှင် ဝက်ကတုံးတစ်ကောင်ပင် မွေးမြူထားသေးသည်။ ထိုဝက်သည် ထာ့သိမ်းထားသော ဆေးမြစ်အတော်များများကို စားပစ်သည်ဟု ဆို၏။ ထို့ကြောင့် ထာ့သည် ဒေါသူပုန်ထနေခြင်းဖြစ်သည်။ သို့သော် သူမွေးထားသော ဝက်ကိုတော့ သူ မသတ်ပစ်ပေ။
လူအိုစစ်သည်တော်များက တော်တော်စိုးရိမ်နေကြသော်လည်း ထိုသားပေါက်လေးများကို သတ်ပစ်ရန် အကြောင်းပြချက် ရှာမတွေ့ပါ။ လူငယ်
များကတော့ ထိုသားပေါက်လေးများကို နေ့စဥ်နှင့်အမျှလေ့ကျင့်သင်ကြားပေးနေလေသည်။
ထိုအကြောင်းကို လူအိုကြီးများသည် ဓါးများကိုင်၍ တိတ်တဆိတ်ဆွေးနွေးကြသည်ကို သိရသောအခါ ထာ့သည် သွေးကြောများထောင်ထလာသည်အထိ စိတ်ဆိုးလေတော့သည်။ ဒေါသကို ထိန်းချုပ်ထားရသောကြောင့် တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။
သူ့ရှေ့တွင်တော့ ဝက်ကတုံးလေးသည် ကျောက်ခုံအောက်သို့ဝင်ကာ ဆေးမြစ်များကို စားနေလေသည်။ ထိုဆေးမြစ်များမှာ ပိုးမွှားများကို ရှင်းပစ်ရန် အသုံးပြုခြင်း ဖြစ်သည်။ ထိုအပင်ကို မီးရှို့ပြီး မှိုင်းတိုက်ပါက ပိုးမွှားများကို သေစေနိုင်လေသည်။ ထိုဆေးမြစ်များကို စားသော်လည်း ဝက်ကတုံးမှာ ကျန်းမာသန်စွမ်းနေလေသည်။
ဝက်ကတုံးလေးထိုသို့လုပ်သည်မှာ ဘယ်နှစ်ခါရှိပြီ ဖြစ်သနည်း။ သူအိပ်ပြီးနိုးထလာတိုင်း တစ်စုံတစ်ခုကို စားရန် အနံ့ခံ၍ လိုက်ရှာလေ
တော့သည်။ စားစရာတစ်ခုခုတွေ့ပါက ဘာမှမကျန်အောင် စားလေတော့သည်။ အခုဆိုလျှင် စစ်ယာ့ သည် တခြားသတ္တဝါလေးများထက် ပိုမို သန်စွမ်းလေသည်။ တခြားသတ္တဝါများထက် ပိုစားသောကြောင့်လား။
ထာ့သည် နာမည်မပျက်ချင်သောကြောင့် စစ်ယာ့ကို မသတ်ပေ။ သူသာသတ်လိုက်ပါက တောင်၏အခြားတစ်ဖက်မှလူများက ဝက်ကတုံးမွေးသည့်အတွက် သူ့ကို လှောင်ပြောင်ကြမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဒေါသကို အစွမ်းကုန် ထိန်းချုပ်ထားရခြင်းဖြစ်သည်။
“နောက်တစ်ခါ ထပ်စားလို့ကတော့ မင်းကိုငါအသတ်ပဲ”
စစ်ယာ့ကတော့ ဆေးပင်များဝါးနေရင်း ထာ့ကိုမော့ကြည့်နေလေသည်။
ထိုဝက်ကတုံးသည် တော်တော်ဒုက္ခပေးသည်။ မောင်သည် ဘာကြောင့် ထိုဝက်ကတုံးကို ယူလာ
ရသနည်း။
အမိန့်ကိုနာခံတတ်သော ရှောက်ရွှမ်၏ ဆီဆာနှင့် နှိုင်းယှဥ်လျှင် ထိုဝက်ကတုံးမှာ အလကားပင်။
လေ့ကျင့်ရေးကွင်းမှ ပြန်လာသောအခါ မောင်သည် သူ့အဖေ စိတ်ဆိုးနေသည်ကို တွေ့သည်နှင့် စစ်ယာ့ကို ချက်ချင်းအပြင်ကိုခေါ်သွားရလေသည်။
“မင်းဝက်ကို ကြိုးသေချာချည်ထား..အပြင်မထွက်စေနဲ့..နောက်တစ်ခါဆို ငါမင်းကို သတ်မိတော့မယ်” ထာ့က မောင်ကို လှမ်းအော်ပြောလိုက်သည်။
စစ်ယာ့ကို ချီထားရင်း မောင်လည်း အလျင်အမြန်ပြေးရလေသည်။ သူ့စိတ်ထဲတွင် သူ့အဖေဘာလို့ဝက်ကတုံးကို အပြစ်တင်ရသလဲတွေးနေသည်။
တောင်ဘေးတစ်နေရာတွင်...။
အေးစက်သောမျက်နှာဖြင့် ကုတင်ပေါ်တွင်ခင်းထားသော တိရစ္ဆာန်သားရေကို စိုက်ကြည့်နေလေသည်။ ထို့နောက် နံရံနားတွင် ကပ်နေသော စားပွဲဲအောက်ကိုငုံ့ကြည့်လိုက်သည်။
“အပြင်ထွက်ခဲ့” စားပွဲအောက်မှ သားကောင်ပေါက်လေးကို လှမ်းပြောသည်။
ဓါးကိုကိုင်ထားရင်း မော့အာသည် ထိုသတ္တဝါလေးကို သတ်ပစ်ရန် စဥ်းစားနေလေသည်။
မျိုးနွယ်စုထဲတွင်သားကောင်ပေါက်လေးများ မွေးခြင်းကြောင့် လူတွေ ဒုက္ခရောက်နေကြသည်။ ရှောက်ရွှမ်သည်လည်း တခြားကိစ္စများဖြင့် အလုပ်ရှုပ်နေကြသောကြောင့် ဂရုမစိုက်နိုင်တော့ပေ။
လျှို့ဝှက်ပညာများနှင့်ပတ်သက်သော ရှေးဟောင်းပညာကျမ်းများကို သူ၏ စွမ်းအင်တိုးမြှင့်ခြင်းသည် နတ်ရုပ်ကြောင့်မဟုတ် သူ့ကိုယ်
တွင်းတွင်ရှိသော တခြားစွမ်းအင်တစ်မျိုးကြောင့်ဖြစ်သည်။
သူ့စိတ်တွင်းမှ နတ်ရုပ်ကို ဖုံးလွှမ်းထားသော ငှက်ဥအရွယ် အရာဝတ္ထုမှာ ဘာများဖြစ်နိုင်သလဲ။ဒီဘက်ကမ္ဘာကို ရောက်အောင် ခေါ်ဆောင်လာခဲ့သည် ထူးဆန်းသောကျောက်တုံးများလား။
စစ်သည်တော်များက လူတိုင်း၏ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအင်မှာ နတ်ရုပ်၏ လွှမ်းမိုးခြင်းကိုခံရသည်။ သို့သော် ရှောက်ရွှမ်အတွက်တော့ သူ့နတ်ရုပ် ဘယ်လောက်လှုပ်ရှား လှုပ်ရှား၊ ကြက်ဥအရွယ်စက်ဝိုင်းကို မကျော်လွန်နိုင်ဖြစ်နေသည်။ မီးတောက်ဦးချိုများမည်မျှကြောက်မက်ဖွယ်ကောင်းအောင်လှုပ်ရှားသည်ဖြစ်စေ ထိုစက်ဝိုင်းကိုတော့ မကျော်လွန်နိုင်ပါ။
ကြည့်ရသည်မှာ မီးလျှံသလင်းကျောက်မှ စုပ်ယူထားသော စွမ်းအင်သည် အထောက်အပံ့ပေးသည့်စွမ်းအင်ဖြစ်သွားသည်နှင့်တူသည်။ ထိုစွမ်းအင်သည် မူလစွမ်းအင်ကိုတိုးပွားစေခြင်းမရှိ
ဘဲ ဒဏ်ရာမှ ပြန်လည်သက်သာလာနိုင်စွမ်းကို ပိုမိုမြန်ဆန်စေသည်။ နတ်ရုပ်သည် အဓိကလွှမ်းမိုးနိုင်စွမ်းမရှိတော့ပေ။
ရှောက်ရွှမ်လည်း သားရေချပ်ကို အောက်ချ၊ မျက်လုံးများကိုပွတ်လိုက်ရင်း ထိုကျောက်တုံးသည် ဘာနှင့်လုပ်ထားသည်လဲတွေးနေမိသည်။
ဒီတခေါက်တွင်တော့ ဆီဆာသည် ပါးစပ်တွင် သစ်သားသေတ္တာလေးတစ်ခုကိုက်ချီပြီး သူ့ဆီရောက်လာသည်။ သစ်သားသေတ္တာကို ကောက်ရိုးလေးဖြင့်ချီထားသောကြောင့် ထိုကောက်ရိုးကို ကိုက်ပြီး ချီလာခြင်းဖြစ်သည်။
သေတ္တာအတွင်းတွင်တော့ လောင်ခဲ့အရောင်တင်ပေးလိုက်သော ကျောက်လက်နက်များပါဝင်ပါသည်။ ရှောက်ရွှမ်ကတော့ ရှေးဟောင်းပညာကျမ်းများကို လေ့လာနေသည်။ လောင်ခဲ့သည် အရောင်တင်ပြီးသွားသောအခါ ဆီဆာနှင့်ပို့ပေးလိုက်ခြင်းဖြစ်သည်။
သေတ္တာကို ယူလိုက်ပြီး ရှောက်ရွှမ်သည် ဆီဆာ၏ခေါင်းလေးကို ပုတ်လိုက်ရင်း “ငါအပြင်သွားမလို့ မင်းလိုက်ဦးမလား”။
ဆီဆာလည်း လိုက်မည်ဟု အဖြေပေးလိုက်သကဲ့သို့ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်လေသည်။
ရှောက်ရွှမ်လည်း သူရေးလက်စ သားရေချပ်ကို လိပ်ပြီးသိမ်းလိုက်လေသည်။
ရှေးဟောင်းပညာကျမ်းတွင် ဖော်ပြထားသော အဖော်ပြုအမဲလိုက်ခွေးမရှိလျှင်လည်း ဝံပုလွေတစ်ကောင်ကိုသာ အသုံးပြုရမည်သာ။