ဝံပုလွေများ
Vol. 9 Ch. 125
ထာ့၏ အမဲလိုက်အဖွဲ့သည် နောက်တစ်ခေါက်ပြန်ထွက်ရန်တာစူနေကြသည်။ မျိုးနွယ်စုထဲမှ လူများသည် ထူးဆန်းသော တိရစ္ဆာန်များနှင့် အသားကျသွားပြီဖြစ်သည်။ ထိုတိရစ္ဆာန်လေးများသည် အောင်မြင်ခြင်းလမ်းမပေါ်တွင် သူတို့ကို အဖော်ပြုပေးကြလေသည်။
ဆီဆာသည် အမဲလိုက်ခရီးစဥ်များတစ်ခုပြီးတစ်ခု တောက်လျှောက်လိုက်ပါနိုင်ခြင်းမှာ အံ့သြစရာပင်ဖြစ်သည်။ ဆီဆာ့တွင်အခုဆို အမာရွတ်နှစ်ခုရှိသွားပြီဖြစ်သည်။ ဒဏ်ရာများပျောက်ကင်းသွားပြီ ဖြစ်သော်လည်း အမွှေးများ ပြန်မပေါက်သေးသဖြင့် အမာရွတ်မျာကို အတိုင်းသားမြင်နေရသည်။ လက်သည်းချွန်ကြီးများရှိသော သားရဲကြီးတစ်ကောင်ကြောင့် ထိုဒဏ်ရာများကို ရရှိလာခြင်း
ဖြစ်သည်။
ထိုသားရဲကြီးနှင့်ရင်ဆိုင်ရစဥ်က ရှောက်ရွှမ်သည် လွန်စွာထိတ်လန့်သွားသည်။ ဆီဆာသာ လှုပ်ရှားမှုနှေးနေမည်ဆိုပါက ထိုသားရဲကြီး၏ လက်သည်းတွင် ထက်ပိုင်းပြတ်သွားမည်ဖြစ်သည်။ သူတို့ပြန်ရောက်လာသောအခါ ရှောက်ရွှမ်သည် ဆီဆာကို နောက်အမဲလိုက်ခရီးစဥ်တွင် မပါဝင်စေချင်တော့ပါ။ သို့သော် ဆီဆာက အရမ်းလိုက်ချင်နေသဖြင့် မတားသာတော့ဘဲ လိုက်ခွင့်ပြုလိုက်ရသည်။
ဆီဆာသည် တောထဲတွင်ပြေးလွှားရသည်ကို ကြိုက်နှစ်သက်သလို သူ့ထက်ကြီးသော သားရဲများကို ရင်ဆိုင်ရခြင်းကိုလည်း နှစ်သက်သည်။ အမဲလိုက်ထွက်ရန် အချိန်ကျလာသည့်အခါတိုင်းလည်း ဆီဆာသည် စိတ်လှုပ်ရှား ပျော်ရွှင်နေလေ့ရှိသည်။ ဒဏ်ရာပျောက်ကင်းအောင် စောင့်နေသည့်အချိန်အတွင်းတွင်တော့ သူ့ကို အမဲလိုက်ထွက်ရာတွင် ခေါ်မသွားပေ။
အခုတော့ ဒဏ်ရာများပျောက်သွားပြီဖြစ်သောလည်း ထိုနေရာတွင် အမွှေးများ ပြန်မပေါက်သေးပါ။ မိုင့်အပြောအရတော့ ထိုအမာရွတ်နေရာတွင် အမွှေးပြန်ပေါက်ရန်မလွယ်ဟုဆိုလေသည်။
မျိုးနွယ်စုထဲမှ စစ်သည်တော်များအတွက် အမာရွတ်ဆိုသည်မှာ တိုက်ပွဲကိုအောင်မြင်လာသောအမှတ်အသား၊ သူတို့ထက်အင်အားကြီးသော သားကောင်ကို ရင်ဆိုင်လာရခြင်း အထိမ်းအမှတ်ပင်ဖြစ်သည်။ ထို့ကြောင့် ဆီဆာ၏ အမာရွတ်များသည် သူ့စွမ်းရည်အပေါ်ထားသော သံသယကို ပျောက်ကင်းစေပြီး အများ၏လေးစားမှုကို ရရှိစေသည်။
ယခုတစ်ခေါက် တောထဲမဝင်ခင် အမဲလိုက်အဖွဲ့ငယ်တို့၏ ခေါင်းဆောင်များသည် ဆီဆာ၏ အကြောင်းကိုထည့်သွင်း ပြောဆိုကြသည်။
ကျန်သောအဖွဲ့လေးဖွဲ့သည် မိုင့်ကို အားကျကြသည်။ မိုင်၏အဖွဲ့တွင်ဆီဆာ ပါဝင်ပြီးနောက် သူ့
အဖွဲ့သည် အံ့သြသင့်စရာများကို ကြုံတွေ့ခဲ့ရသည်။ ဆီဆာ၏ ထက်မြက်သော အနံ့ခံအာရုံကြောင့် မီးလျှံသလင်းကျောက်များကို ရရှိခဲ့သလို ရှားပါးဆေးပင်များကိုလည်း ရရှိခဲ့သည်။ ထို့အပြင် သားရဲများကိုလည်း ကူညီတိုက်ခိုက်ပေးလေသည်။ ထို့ကြောင့် သူတို့သည် ဆီဆာ့ကို မလေးစားဘဲ မနေနိုင်တော့ပါ။
“ကဲ..မိုင်ရေ..အမဲလိုက်နယ်ပယ်ထဲရောက်ရင် သားရဲကြီးတွေကို သတိထားဦးနော်..အပြောင်းအလဲတချို့ရှိနိုင်တယ်”ချန်ကပြောသည်။
“မင်းပြောမှ ငါသတိရတယ်..တောင်ဒရယ်အုပ်တွေ..တောင်ဆိတ်အုပ်တွေ..ဝံပုလွေအုပ်စုတွေ အခုတလော သူတို့အလေ့အထတွေ ပြောင်းကုန်တယ်” မိုင်ကပြောသည်။
“ဘာဖြစ်တာလဲ”
တခြားအဖွဲ့မှ ခေါင်းဆောင်များကလည်း သိလို
စိတ်ဖြင့် မေးမြန်းကြလေသည်။ တောင်ကြီးတစ်ခုလုံးသည် အလွန်ကြီးမားပြီး အမဲလိုက်နယ်ပယ်လေးမှာ ကျဥ်းမြောင်းလွန်းလှသည်။ ယေဘုယျအားဖြင့် ပြောရလျှင် သားရဲကြီးများသည် ရာသီမပြောင်းမချင်း သူတို့စားကျက်ကို ပြောင်းလေ့မရှိပေ။ ထို့ပြင် သားရဲကြီးများသည် သူတို့သားကောင်လိုက်နေကျနေရာများတွင်သာ ပုံမှန်အမဲလိုက်လေ့ရှိသည်။
အခုတော့ မိုင်နှင့်ချန်တို့က သားရဲကြီးများသည် နေရာပြောင်းရွှေ့ကုန်ပြီ ဟုဆိုကြသည်။ ထိုကိစ္စမှာ ထူးဆန်းသောကိစ္စဖြစ်သည်။
“မူမမှန်တဲ့ အခြေအနေမျိုးတွေ ဖြစ်သေးလား” အဖွဲ့ခေါင်းဆောင်တစ်ယောက်က ပြောသည်။ သူဆိုလိုသည််မှာ ပထမဆုံး အမဲလိုက်အခေါက်တုန်းကလို လင်းနို့များနှင့် ရင်ဆိုင်ရသည့် အဖြစ်မျိုးဖြစ်သည်။
“မဟုတ်ဘူး..” ချန်က ခေါင်းခါသည်” ဒါပေမဲ့ လင်းနို့တွေနဲ့တော့ပတ်သက်နေတယ်” ။
လင်းနို့များသည် နယ်မြေချဲ့ထွင်ရန် သားရဲကြီးများကို မောင်းထုတ်လိုက်ကြသည်။ သားရဲကြီးများမှာ စားကျက်နယ်မြေအသစ်ရှာရင်း လင်းနို့များနှင့်ဆက်လက်တိုက်ခိုက်သည်။ လင်းနို့များ၏ရန်ကြောင့် ထိုပတ်ဝန်းကျင်ရှိ သားရဲကြီးများနှင့် တခြားသားရဲများမှာ စားကျက်နယ်မြေအသစ်ကို ပြောင်းရွှေ့ပေးရသည်။
သန်စွမ်းသော သားရဲကြီးများ နေရာသစ်တွင် အခြေချနေထိုင်ခြင်းကြောင့် ဒေသပတ်ဝန်းကျင်အသစ်တစ်ခု ဖွံ့ဖြိုးလာနိုင်သည်။
လင်းနို့များက တောင်အသစ်တစ်လုံးတွင် နယ်ချဲ့နေထိုင်ခြင်းကြောင့် တွင်းနက်ကြီးသည်လည်း ပြောင်းလဲသွားခဲ့သည်။
ချန်သည် သူ့အတွက် အကျိုးရှိရာ တစ်ခုခုကို တွေ့နိုးနိုးဖြင့် တွင်းနက်ကြီးထဲတွင် သွားရောက်
တူးဖော်ရန် စိတ်ကူးထားသည်။ သို့သော် ထိုနေရာသို့ရောက်သောအခါ သူသည် တွင်းနက်ကြီးထဲဆင်းရန် မဖြစ်နိုင်တော့ပါ။ တွင်းနက်ကြီးထဲရှိ အက်ကွဲကြောင်းများနှင့် ဂူများမှာ အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ နဂိုတုန်းက ထိုတောင်ကုန်းအနီးတဝိုက်တွင် မြက်ပင်များဖုံးလွှမ်းနေသော်လည်း အခုတော့ ဘာမြက်ပင်မှ မရှိတော့ပါ။ ထိုနေရာတဝိုက်သည် မှောင်မဲနေပြီး ထိတ်လန့်ဖွယ်ဖြစ်နေသည်။
“လင်းနို့တွေ ပြန်ရောက်လာပြီလား” မိုင်က မေးသည်။
“အဲဒါတော့ မသိဘူး..ဒါပေမဲ့ လင်းနို့တွေကိုတော့မတွေ့မိပါဘူး” ချန်ကပြောသည်။
“သူတို့ ပြန်မလာနိုင်လောက်တော့ဘူး..အဆိပ်ငွေ့တွေက လင်းနို့အသေကောင်တွေနဲ့ တခြား တိရစ္ဆာန် အသေကောင်တွေဆီက ထွက်တာဖြစ်မယ်” အဖွဲ့ခေါင်းဆောင် တစ်ယောက်က ပြောသည်။
လင်းနို့ အကောင်၁၀၀ခန့်သည် အသွင်ပြောင်းခြင်းမပြီးဆုံးခင် သေကုန်ကြသောကြောင့် သူတို့ကိုယ်မှ အဆိပ်ငွေ့များ ထွက်နေခြင်းဖြစ်နိုင်သည်။
ချန်တို့အဖွဲ့မှ ပျောက်ဆုံးသွားသူ ၃ယောက်သည် မျိုးနွယ်စုသို့ ပြန်ရောက်သောအခါ အချိန်အတော်ကြာ ကုသယူရလေသည်။ ထိုအချက်ကို ကြည့်လျှင် အဆိပ်ငွေ့များမှာ မည်မျှ ပြင်းထန်ကြောင်းသိရှိနိုင်သည်။ တချို့မှာ ထိုဂူထဲတွင် ခဏသာနေခဲ့သည့်တိုင်အောင် အချိန်အတော်ကြာ သတိမေ့မျောနေခဲ့သည်။ သူတို့အသက်ရှင်နေသည်မှာ ရှောက်ရွှမ်ကျေးဇူးပင် ဖြစ်တော့သည်။
အဆိပ်ငွေ့များရှိနေသည်ကို သိလိုက်ရသောအခါ ချန်သည် သူ့အဖွဲ့သားများနှင့် ထိုဂူသို့ ပြန်သွားမည့်အကြံကို လက်လျော့လိုက်ရသည်။ အဖွဲ့သားများကိုလည်း ထိုဂူမှဝေးဝေးနေရန် ပြောလိုက်ရသည်။
တွင်းနက်ကြီးရှိရာ တောင်ကုန်းတဝိုက်နှင့် လင်းနို့များ အပိုင်စီးထားသော နယ်မြေသည် မိုင်၏ အမဲလိုက်လမ်းကြောင်းတွင်မပါဝင်ပါ။ သို့သော် သူတို့၏ အမဲလိုက်ခရီးစဥ်ကိုတော့ နှောင့်နှေးစေသည်ပင်။
“အဲဒီလင်းနို့တွေနဲ့ ထိပ်တိုက်မတိုးစေနဲ့” မိုင်က ပြောသည်။
“အေးပါ...ငါသိပါတယ်” ချန်သည် နားလည်သော်လည်း အထွန့်မတက်ဘဲမနေနိုင်ပေ။
တောထဲဝင်ပြီးသွားသောအခါ အမဲလိုက်အဖွဲ့များသည် တစ်ဖွဲ့ကို တစ်လမ်းဆီဆက်သွားကြသည်။ မိုင်နှင့် သူ့အဖွဲ့ဝင်များက ပထမအခေါက်အမဲလိုက်တုန်းက စခန်းချရာနေရာသို့ အရင်သွားကြလေသည်။
ပထမနေ့တွင် အရာအားလုံးပုံမှန်ပင် ဖြစ်လေသည်။ မိုင်သည် ပျောက်ချက်သားကောင်းနေ
သော သားရဲကြီးများကို သတိထားရန် အခြားအဖွဲ့သားများကို ပြောရသည်။ သားရဲများ၏ အလေ့အထအပြောင်းအလဲကိုလည်း ဂရုစိုက်ရန် သတိပေးသည်။
မိုင်နှင့် သူ့အဖွဲ့ အမဲလိုက်ထွက်ရာနယ်ပယ်တွင် ဧရာမ တောင်ဒရယ်အုပ်ကြီး တစ်အုပ်ရှိသည်။
“မိုင်...မင်းသတိထားမိလား..ဧရာမ တောင်ဒရယ်ကြီးတွေကို ခဏခဏလာတိုက်တဲ့ ဝံပုလွေအုပ်ကိုတောင် အခုမတွေ့ရတော့ဘူး” သက်လတ်ပိုင်းလောက်ရှိသော စစ်သည်တော် တစ်ဦးက ပြောသည်။
“အင်း” မိုင်က ခေါင်းငြိမ့်သည်။
ဆီဆာ၏ ပထမဆုံး အမဲလိုက်ခရီးတွင် သူသည် ဝံပုလွေအုပ်ကို ရင်ဆိုင်ရခြင်းမရှိပေ။ အမဲလိုက်အဖွဲ့မှ လူအားလုံးက ဆီဆာနှင့် ထိုဝံပုလွေအုပ် တိုးမည်ကို စိုးရိမ်နေကြသည်။ သို့သော် သွားနေကျ အမဲလိုက်လမ်းကြောင်းမှ သွေဖီသွား
သောအခါတွင်တော့ ဝံပုလွေများနှင့် တွေ့ဆုံရသည်။ ဒုတိယအကြိမ်တွင်တော့ ဝံပုလွေများကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ဝံပုလွေများမှာ အခြေအနေသိပ်မကောင်းပေ။
အခုတော့ သူတို့သည် ဝံပုလွေတစ်ကောင်တောင် မတွေ့ရပါ။ စစ်သည်တော်များက ထိုအခြေအနေမှာ သာမန်မဟုတ်ဟုယူဆကြသည်။ ဝံပုလွေအုပ်ဆိုသည်မှာ တောင်ဒရယ်အုပ်ကို အမြဲချောင်းနေကြမဟုတ်ပါလား။ အခုတော့...
“အားလုံးသတိဝီရိယနဲ့နေကြဟေ့” မိုင်က ပြောသည်။
ဝံပုလေများမရှိသောကြောင့် တောင်ဒရယ်ကြီးများကို သူတို့ စိတ်တိုင်းကျဖမ်းယူနိုင်လေသည်။
တစ်စုံတစ်ခုက ဝှီးခနဲ ဖြတ်ကျော်သွားသည်။
ဆီဆာကြောင့် ထွက်ပြေးသွားသော ဒရယ်နှစ်ကောင်ကို လှံဖြင့် လှမ်းပစ်လိုက်ခြင်းဖြစ်သည်။
လန်ကာ့နှင့် သူ့လူများက ဒရယ်ကြီးများဝင်လာစေရန် နေရာဖယ်ပေးလိုက်သည်။ နောက်တချိန်တွင် ဒရယ်ကြီးများကိူ ပြန်လည် ဖမ်းယူနိုင်ရန်ဖြစ်သည်။
ဆီဆာသည် တောင်ဒရယ်ကြီးတစ်ကောင်၏ ကျောပေါ်ခုန်အုပ်လိုက်ပြီး ဂုတ်ကို ခဲထားသည်။ ဧရာမတောင်ဒရယ်ကြီးနှင့် နှိုင်းယှဥ်လျှင် ဆီဆာ၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်သည်။ဒရယ်ကြီးမှာ အိုနေပြီ ဖြစ်သော်လည်း သူ့ခွန်အားကို လျော့တွက်၍ မရပါ။
ဆီဆာ့ကို ခါချပြီး ဒရယ်ကြီးမှာ ထွက်ပြေးသွားသည်။ မြန်လွန်းသဖြင့် ဆီဆာပင် လိုက်၍မမီချေ။ ခဏလောက် ပြေးလိုက်ပြီးနောက် ဆီဇာသည် အရှိန်ကို လျှော့ချလိုက်ပြီး ထိုဒရယ်ကြီးထွက် ပြေးသွားသည်ကို ငေးကြည့်နေရသည်။
လန်ကာ့နှင့် သူ့လူများလည်း ထိုအဖြစ်အပျက်ကိုကြည့်နေကြသည်။ ဆီဆာကိုက်သည်ကိုခံ
လိုက်ရသော ဒရယ်ကြီးမှာ အဝေးကြီးကို ရောက်သွားပြီဖြစ်သည်။ အရင်အမဲလိုက်အခေါက်များတုန်းက များစွာကူညီပေးခဲ့သော ဆီဆာကို သူတို့ကဝိုင်းနှစ်သိမ့်ပေးနေကြသည်။ ထို့ပြင် ဆီဆာသည် မျိုးနွယ်စုထဲမှ သားကောင်ပေါက်လေးများကို သူတို့ကို ဒုက္ခမပေးပေ။ ထို့ကြောင့် ဆီဆာသည် နာမည်ကောင်းရပြီး လူများက ဆီဆာဆိုလျှင်စိတ်ချကြသည်။
အဖြစ်အပျက်ကို ကြည့်ပြီး ဘယ်လိုနှစ်သိမ့်ရန် ကောင်မည်လဲတွေးတောနေသောကြောင့် လန်ကာ့နှင့် သူ့လူများက လုပ်လက်စကို ရပ်တန့်လိုက်လေသည်။ ဆီဆာသည် နောက်လှည့်လိုက်သောအခါ မမျှော်လင့်ဘဲ ဒရယ်ကြီးကို တခြား
ဝံပုလွေကြီး တစ်ကောင်က ခုန်အုပ်၍ ကိုက်ခဲလိုက်လေသည်။
ထိုတိုက်ခိုက်မှုကြောင့်ဝံပုလွေကြီးမှာ တုန်ခါသွားပြီး လဲကျသွားလေတော့သည်။ မတ်တပ်ပြန်ရပ်ရန် ကြိုးစားသော်လည်း ပြန်မထနိုင်တော့။
ထို့နောက်တွင်တော့ တခြားဝံပုလွေများရောက်လာလေသည်။
ဝံပုလွေအုပ်က ဒရယ်ကြီးကို ဝိုင်းထားလိုက်လေသည်။ သူတို့ကို အဝေးမှ စောင့်ကြည့်နေသော်လည်း လိန်ကသည် လေထဲကလွင့်ပျံလာသော သွေးနံ့ကို ရနေလေသည်။
“ဒီဝံပုလွေတွေက...” လန်ကာ့သည် အန္တရာယ်နှင့်ကြုံတွေ့ရမည်ကို အလိုအလျောက်ခံစား သိရှိနေသည်။
“ဒါငါတို့တွေ့နေကျ ဝံပုလွေအုပ်စုမဟုတ်ဘူး..”
အမဲလိုက်အဖွဲ့တိုင်းသည် သူတို့၏ သက်ဆိုင်ရာ အမဲလိုက်နယ်ပယ်တွင် တွင်ရှိသော သားကောင်များနှင့် သားရဲများအပါအဝင် အထူးသဖြင့် ဝံပုလွေအုပ်များအကြောင်းကို သိရှိထားကြသည်။ ထိုနေရာတဝိုက်တွင် မည်ကဲ့သို့ ဝံပုလွေများ လှုပ်ရှားလေ့ရှိသည်ကို သူတို့ကောင်းစွာသိထားကြသည်။
အဝေးမှနေ၍ ရှင်းလင်းပြတ်သားစွာ မြင်နေရသောကြောင့် ယခုဝံပုလွေအုပ်စုသည် ယခင်ဝံပုလွေအုပ်များထက် ရက်စက်စွာတိုက်ခိုက်တတ်ကြောင်း သိရသည်။ သားကောင်ကို ကိုက်ခဲထားမည့်အစား တစစီကိုက်ဆွဲဖြဲပစ်ကြသည်။
ဆီဆာသည် ထိုဝံပုလွေအုပ်ကို အဝေးမှ လှမ်းကြည့်ရင်း နှာခေါင်းရှုံ့လိုက်ကာ အစွယ်များကိုဖြဲလိုက်ပြီး တစ်ချက်မာန်ဖီလိုက်သေးသည်။
“ဆီဆာ..ပြန်လာခဲ့တော့” ရှောက်ရွှမ်ကလှမ်းအော်လိုက်သည်။
ယခင်ဝံပုလွေအုပ်များနှင့် နှိုင်းယှဥ်လျှင် ယခုဝံပုလွေအုပ်သည် ဆီဆာ့အတွက် အန္တရာယ်ရှိလေသည်။ ရှောက်ရွှမ်သည် ဆီဆာကို သူတို့ကို ရင်ဆိုင်ခွင့်မပြုနိုင်ပါ။ ပထမအချက်မှာ ဝံပုလွေအုပ်က အကောင်ပိုများသည်။ ဒုတိယအချက်မှာ သူသည် ဝံပုလွေတစ်ကောင်နှင့် တိုက်ခိုက်လျှင်တောင် ထိုဝံပုလွေများသည် အကောင်ပိုကြီးပြီး ပို
ရက်စက်သောကြောင့် သူနိုင်မည်မဟုတ်ပါ။ ထိုဝံပုလွေအုပ်နှင့် ရင်ဆိုင်မည်ဆိုလျှင် သူပဲရှုံးမည်မှာ သေချာနေသည်။
အမဲလိုက်ထွက်ကြလျှင် စစ်သည်တော်များသည် ဝံပုလွေအုပ်များကို ရှောင်လေ့ရှိကြသည်။ ဝံပုလွေများသည် အငြိုးအတေးကြီးမားသော ကြောင့်ဖြစ်သည်။ သူတို့ကို ရန်ပြုမိပါက အသက်မသေဆုံးမချင်း လိုက်လံလက်စားချေတတ်သည်။
ယခု ဝံပုလွေအုပ် အသစ်ကိုတွေ့ရသောအခါ အမဲလိုက်အဖွဲ့သည် သူတို့ရထားသော သားကောင်ကို ယူ၍ စခန်းချရာနေရာသို့ အမြန်ပြန်ကြရန် ပြင်ဆင်ကြလေသည်။
“ဆီဆာ ပြန်လှည့်ကြည့်မနေနဲ့တော့” ဆီဆာသည် ထိုဝံပုလွေအုပ်ကို လှည့်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှောက်ရွှမ်ကလှမ်းအော်လိုက်သည်။
ညရောက်သောအခါ အားလုံးသည် အကင်ကင်စားရင်း စကားစမြည်ပြောနေကြသည်။ ဂူဝင်ပေါက်ကြီးကို ကျောက်တုံးကြီးတစ်တုံးနှင့် ပိတ်ထားလေသည်။ နေရာလပ်လေးများနှင့် လေတိုးပေါက်လေးများမှသာ လေဝင်နိုင်လေသည်။ ဟေးစစ်ဖုန်းကို နှိမ်နင်းပြီးနောက် မိုင်သည် ဤဂူကို စခန်းချရာနေရာ အဖြစ်ရွေးချယ်ထားသည်။
မိုင်က စကားပြောခြင်းကို ရပ်လိုက်သဖြင့် အခြားသူများလည်း ရပ်တန့်လိုက်သည်။ အားလုံးက ဂရုတစိုက်နားထောင်နေကြသည်။
ဝံပုလွေများ အူနေကြသံကို ကြားလိုက်ကြရသည်။
ထိုအူသံများမှာ သူတို့နှင့် သိပ်မဝေးတော့ပေ။ အကြားအာရုံ မထက်မြက်သူများမှာ ကြားနိုင်မည်မဟုတ်သော်လည်း သာမန်လူများထက် အကြားအာရုံထက်မြက်သူများကတော့ ကြားနိုင်လေသည်။
“ငါတို့ ဒီနေ့တွေ့လိုက်ရတဲ့ ဝံပုလွေတွေများလား” တုက အသံကိုနှိမ့်ရင်း မေးလိုက်သည်။
ဤအခေါက်သည် ထူနှင့်ကျဲပါ့တို့ မိုင်၏အဖွဲ့နှင့် သုံးကြိမ်မြောက်လိုက်ပါလာခြင်းဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်က ပြောင်းလဲမသွားသော်လည်း သူတို့၏ အမူအကျင့်များကတော့ ပြောင်းလဲသွားကြသည်။ သူတို့သည် ယခင်ဂူထဲတွင် နေသော စစ်သည်တော်များမဟုတ်တော့ သူတို့စိတ်ထဲတွင် သားကောင်ရရန်သာရှိတော့သည်။
“မနက်ဖြန်ကျရင် အဲဒီဝံပုလွေအုပ်ကို သတိထားကြဟေ့..အရင်ဝံပုလွေအုပ်က သူတို့ကို ရှုံးသွားတာဖြစ်နိုင်တယ်” မိုင်ကပြောသည်။
ထိုနေရာတဝိုက်တွင် ဝံပုလွေအုပ်စုနှစ်ခု စိုးမိုးထားကြပြီး အဖွဲ့၂ဖွဲ့လုံးမှာ ဝံပုလွေများကို ထိုနေရာတွင် တွေ့နိုင်သည်။
သို့သော် ယခုနေရာတဝိုက်တွင်တော့ သူတို့
ဝံပုလွေ၂အုပ်ကို တွေ့ရလေ့မရှိပါ။
အခုတော့ တောင်ခြေတဝိုက်တွင် ဝံပုလွေအုပ်စုအသစ်ကိုတွေ့ရပြီး ယခင်ဝံပုလွေအုပ်စုသည် ထိုအုပ်စုအသစ်ကို ရှုံးနိမ့်သွားကြောင်း သိရှိနိုင်လေသည်။
အားလုံးက ဝံပုလွေအုပ်စုအသစ်အကြောင်းပြောနေကြစဥ် ဆီဆာက အပြင်ဘက်တွင် ဘာတွေဖြစ်နေသလဲ နားထောင်နေလေသည်။
ဆီဆာ၏ အပြုအမူကို ကြည့်ပြီး ရှောက်ရွှမ်သည် နောက်ရက်များတွင် သူ့ကို ပိုဂရုစိုက်ရမည်ဟုတွေးနေလေတော့သည်။