အာဃာတ
Vol. 9 Ch. 126
နောက်တစ်နေ့တွင် တောင်ဒရယ်ကြီးများ ကျက်စားသောနေရာတွင် ထိုဝံပုလွေအုပ်အသစ်ကို တွေ့ရလေသည်။
မနေ့က အဝေးကသာတွေ့လိုက်ရခြင်းဖြစ်၍ သေချာမမြင်လိုက်ရပေ။ ထို့ကြောင့်ဒီနေ့မှသာ သူတို့ကို သေချာလေ့လာ ကြည့်ရှူနေနိုင်သည်။
ယခုဝံပုလွေများသည် ယခင်ဝံပုလွေများနှင့် ပုံစံတူသော်လည်း အရွယ်အစားက ပိုကြီးမားပြီး အမွှေးအရောင်မှာ ကွဲပြားသည်။ ခန္ဓာကိုယ်ပေါ်တွင်အမှတ်အသားများပါပြီး ကျောဘက်တွင် အနက်ရောင်အစက်များရှိသည်။
တောထဲသို့စတင်ဝင်ရောက်သည့်အချိန်မှစ၍
ရှောက်ရွှမ်သည် ဝံပုလွေမျိုးစုံကို တွေ့မြင်ဖူးလေသည်။မိုင်နှင့် အခြားသူများ၏ အဆိုအရ အထူးဝံပုလွေများရှိသည်ဟုသိရသည်။ ဝံပုလွေအဖွဲ့အပေါ်မူတည်၍ အမှတ်အသားကွဲပြားသည်။ ထို့ကြောင့် အမှတ်အသားမတူသော ဝံပုလွေတစ်ကောင်သည် အပြင်ဘက်သားသာဖြစ်သည်။
ရှောက်ရွှမ်သည် ယခုဝံပုလွေများကို မတွေ့ဖူးသော်လည်း မိုင်နှင့် ကျန်သူများကတွေ့ဖူးလေသည်။
“ဒီဝံပုလွေတွေနဲ့ ငါရင်းနှီးနေတယ်လို့ ဘာလို့ခံစားနေရပါလိမ့်” စစ်သည်တော်တစ်ယောက်က ပြောသည်။
“သူတို့အမှတ်အသားကို ငါတွေ့ဖူးနေသလိုပဲ”
“ငါတို့ဂူအောင်းဝက်ဝံတစ်ကောင်နောက်ကို လိုက်တုန်းက သူတို့နဲ့တွေ့ဖူးတယ်လေ” မိုင်ကပြန်အစဖော်ပြောပြသည်။
ထိုအချိန်တုန်းက မိုင်နှင့် တခြားသူများသည် ဒဏ်ရာပြင်းထန်စွာရထားသော ဂူအောင်းဝက်ဝံကြီးတစ်ကောင်ကို တွေ့ခဲ့ရလေသည်။ တခြားသားရဲတစ်ကောင်ကောင်နှင့်တိုက်ခိုက်ရင်း ဒဏ်ရာရလာခဲ့ဟန်တူသည်။ ထို့ကြောင့် သူတို့လည်း အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ဝိုင်းသတ်လိုက်ကြသည်။
ဂူအောင်းဝက်ဝံကြီးမှာ ဒဏ်ရာရထားသည်ဆိုသော်လည်း သူ့ကို အနိုင်ရရန် မလွယ်ကူပေ။ အမဲလိုက်အဖွဲ့သည် ၄င်းနောက်သို့ ကြာရှည်စွာလိုက်နေခြင်းကြောင့် သူတို့ အမဲလိုက်လမ်းကြောင်းမှ သွေဖယ်သွားမလိုပင် ဖြစ်သွားသည်။ နောက်ဆုံးတွင်တော့ ထိုဂူအောင်းဝက်ဝံကြီးကို အနိုင်ရလိုက်သည်။ ထိုအချိန်တွင် ဝံပုလွေအုပ်စု ၂စုမှာတိုက်ခိုက်နေကြဆဲဖြစ်သည်။တစ်ဖွဲ့က အခြားတစ်ဖွဲ့မှ ဝံပုလွေအတော်များများကို ရက်စက်စွာ သတ်ပစ်သည်။ ရှုံးနိမ့်သွားသော ဝံပုလွေများသည် ကိုက်သတ်ခံရရုံသာမက တစစီပင် ဆုတ်ဖြဲခံလိုက်ရသည်။ သွေးချောင်းစီးသော
တိုက်ပွဲပင်ဖြစ်သည်။
ဝက်ဝံကိုသတ်ပြီးနောက် မိုင်နှင့်အဖွဲ့သည် ထိုနေရာမှ အမြန်စွန့်ခွာလာရသည်။ ထိုအချိန်တွင် ဝံပုလွေတို့၏ သတ်ဖြတ်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်ပြီး ဝံပုလွေတချို့မှာ ဟိုဟိုဒီဒီလျှောက်သွားနေပြီး မြေပေါ်မှ ဝံပုလွေအသေကောင်များကို ဆွဲယူနေကြလေသည်။ အမဲလိုက်အဖွဲ့ရောက်ရှိလာသောအခါ သူတို့သည် ဗိုက်ပြည့်နေပြီ ဖြစ်သည်။ တချို့က ဒဏ်ရာ ရထားကြသည်။ ထို့ကြောင့် သူတို့သည် အမဲလိုက်အဖွဲ့နှင့် ထိပ်တိုက်မတွေ့ဆုံတော့ဘဲ သူတို့ခေါင်းဆောင်က နောက်လိုက်များကို ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ထိုစဥ်က အမဲလိုက်အဖွဲ့တွင် လန်ကာ့လည်း ပါဝင်ပြီး သားပေါက်အရွယ်သာ ရှိသေးသော ဆီဆာကို ဖမ်းယူလာခဲ့ခြင်း ဖြစ်သည်။
အစုအပြုံလိုက်သတ်ဖြတ်ခံရသော ဝံပုလွေအုပ်စုတွင် ဆီဆာတစ်ယောက်သာ ကျန်ခဲ့သည်။ သူသည် သားရဲတွင်းမှ ထွက်လာပြီး ထိုနားရှိ
ဆင်ခြေလျောလေးတွင်ဆော့ကစားနေသောကြောင့် အသက်ဘေးမှ လွတ်သွားခြင်းဖြစ်သည်။ သားရဲတွင်းကိုစောင့်သော ဝံပုလွေသည် တခြားဝံပုလွေအုပ်စုကို တွေ့ပြီး ထိုဝံပုလွေများကို အာရုံစိုက်နေသဖြင့် ဆီဆာကို ဂရုစိုက်ရန် မေ့သွားခြင်းဖြစ်သည်။
မိုင်နှင့် သူ့အဖွဲ့သည် ထိုနေရာသို့ရောက်သွားသောအခါ ဆီဆာကို ကျောက်တုံးတစ်ခုအောက်တွင် လှဲနေသည်ကို တွေ့လိုက်ရသည်။ မေ့မြောနေရာမှ နိုးလာသောအခါ သူသည် ထအူနေသည်။ထိုအူသံကို ကြားသောကြောင့် လန်ကာ့က သူ့ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုမတ်စောက်သော ဆင်ခြေလျောလေးအောက်တွင် အသံမပေးဘဲ နေနေမည်ဆိုပါက သူ့ကို ဘယ်သူမှ တွေ့လိမ့်မည် မဟုတ်ပေ။ အနိုင်ရသွားသည့်အုပ်စုမှ ဝံပုလွေများက သူ့ကို အနံ့မရသည်မှာ ဆီဆာကံကောင်းသွားခြင်းဖြစ်သည်။
“ဆီဆာကို ငါရှာတွေ့တုန်းက မှတ်မိပါသေးတယ်..အဲဒီတုန်းက သူအကောင်ပေါက်လေးပဲရှိ
သေးတယ်” လန်ကာ့ ကသူ့လက်ဖြင့် ဆီဆာမည်မျှသေးငယ်ကြောင်း ပြသနေသည်။
“ပေါက်ခါစသွားလေးတွေနဲ့ ငါ့ကိုကိုက်ဖို့တောင်လုပ်သေးတယ်” ။
ရှေးဟောင်းနှောင်းဖြစ်များကို ပြောရင်း လိန်ကနှင့် သူ့လူများသည် မရယ်မိဘဲမနေနိုင်ပေ။ တကယ်ပင် ထိုစဥ်က ဆီဆာသည် သေးသေးလေးဖြစ်သည်။ ခဏအကြာတွင်တော့ သူတို့မျက်နှာများ တည်သွားကြသည်။ သူတို့အားလုံးသည် မိုင်၊ လန်ကာ့တို့နှင့်အတူတူ သတ်ဖြတ်ပွဲကြီးကို မြင်ခဲ့ရသူများဖြစ်ပြီး ထိုအကြောင်းကို ပြန်စဥ်းစားမိသောအခါ စိတ်မသက်မသာဖြစ်သွားလေတော့သည်။
တကယ်တော့ သူတို့သည် စိတ်ခံစားချက်ကို ဦးစားပေးနေခြင်းမဟုတ်။ စစ်သည်တော်များသည် တောထဲတွင် နှစ်ပေါင်းများစွာ အမဲလိုက်နေကြသူများဖြစ်သဖြင့် သားရဲများ၏ တစ်အုပ်စုနှင့် တစ်အုပ်စုကြား တိုက်ပွဲများကို မြင်ဖူးနေကြ
ဖြစ်သည်။ ထို့ပြင် စစ်သည်တော်များအားလုံးသည် သားရဲကြီးများကို သတ်ဖြတ်ဖူးသူများသာ ဖြစ်ကြသည်။ ကြင်နာသနားတတ်သူများသည် တောထဲတွင် ရှင်သန်နိုင်ပါ့မလား။ လုံးဝမဖြစ်နိုင်ပေ။
သူတို့ စိတ်မသက်မသာ ဖြစ်သွားသည်မှာ ဝံပုလွေများ၏ ရက်စက်ပုံကို ပြန်တွေးမိသောကြောင့်ဖြစ်သည်။ ဝံပုလွေများသည် တခြားအဖွဲ့ကို ရက်စက်စွာ အစုလိုက် အပြုံလိုက် တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။
“ဒီကောင်တွေကို အကုန်မရှင်းပစ်နိုင်ဘဲနဲ့ သူတို့ကို ရန်သွားမစနဲ့...အထူးသဖြင့် မင်းတို့..သတိထားပါ” မိုင်က သူ့အဖွဲ့မှ လူသစ်များကို ကြည့်ရင်းပြောလိုက်သည်။
သူတို့လည်း မိုင့်ကို ခေါင်းငြိမ့်ပြသည်။
ယခုနှစ် သူတို့အမဲလိုက်အဖွဲ့တွင် လူသစ်များတိုးလာသည်။ သူတို့သည် အားအနည်းဆုံးသူကို
ရွေးချယ်တိုက်ခိုက်တတ်သော သားရဲကြီးများ၏ ပစ်မှတ်များ ဖြစ်လာကြသည်။
သူတို့လည်း ရှောက်ရွှမ်ကြုံတွေ့ခဲ့ရဖူးသလိုပင် ကြုံတွေ့ကြရသည်။
“အားရွှမ်..ဆီဆာ့ကို ကြည့်ထားဦး” မိုင်က ရှောက်ရွှမ်ကို တီးတိုးလှမ်းပြောသည်။
“ဟုတ်ကဲ့” ရှောက်ရွှမ်လည်း မိုင်နှင့် တစ်သဘောထားတည်းဖြစ်သည်။
အမဲလိုက်ခရီးစဥ်တလျှောက်လုံး ရှောက်ရွှမ်သည် ဆီဇာ့ကို စောင့်ကြည့်နေရလေသည်။ ဆီဆာသည်လည်း ပုံမှန်အတိုင်းသာ ပြုမူနေသဖြင့် စိတ်သက်သာရာရသွားသည်။
လက်ဝါးကြီးသားရဲတစ်ကောင်ကို လိုက်ပြီးနောက် အမဲလိုက်အဖွဲ့မှ စစ်သည်တော်များသည် သားကောင်ကိုဖျက်ယူနေကြသည်။ လန်ကာ့ ကတော့ထောင်ခြောက်ကို စစ်ဆေးနေသည်။ ပြီး
နောက် ထောင်ခြောက်ကို ပြန်ပြင်ပေးရန် ရှောက်ရွှမ်ကို ပြောရလေသည်။ အဘယ်ကြောင့်ဆိုသော် ထောင်ခြောက်သည် အလွန်အသုံးဝင်သောကြောင့်ဖြစ်သည်။
ဆီဆာသည် သူ့အနားတွင်သာရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ရှောက်ရွှမ်သည် လိန်ကပြောသော ထောင်ခြောက်ကို လာပြင်ပေးလိုက်သည်။
“လန်ကာ့...ခင်ဗျားဆီဆာ့ကို ခေါ်လာတုန်းက သူ သူ့ရဲ့ သနားစရာ ဝံပုလွေအုပ်စုကို မြင်လိုက်ရသေးလား” ။
လန်ကာ့လည်း ပြန်စဥ်းစားလိုက်ပြီး “အင်း သူတွေ့လိုက်တယ်..သူ့ကို ဆင်ခြေလျောထဲက ယူပြီး မြေကြီးပေါ်ကို ချပေးလိုက်တော့ ပတ်ဝန်းကျင်ကို အနံ့ခံနေပြီး အူလိုက်သေးတယ်.. မြေကြီးပေါ်က တခြားဝံပုလွေအသေ၂ကောင်ကို ကိုက်မလို့လုပ်လိုက်သေးတယ်..ဒါပေမဲ့ သူ့ပေါက်ခါစ သွားလေးတွေနဲ့ ဘယ်ကိုက်လို့ရမလဲကွာ” ။
တခြားအဖွဲ့ကို အစုအပြုံလိုက်သတ်ရန်အတွက် ထိုဝံပုလွေအဖွဲ့မှာလည်း အထိအနာခံပြီး တိုက်ရခြင်းဖြစ်သည်။ အနိုင်ရသွားသော အဖွဲ့မှ ဝံပုလွေ၂ကောင်သေဆုံးသွားခဲ့သည်။ သို့သော် ရှုံးနိမ့်သွားသောအဖွဲ့မှာ တစ်ကောင်မကျန် အသက်ဆုံးရှုံးခဲ့ရသဖြင့် သူတို့ဘက်မှ ဝံပုလွေ၂ကောင်လောက် သေဆုံးရသည်မှာ ပြောပလောက်အောင် မဟုတ်ပေ။
“အစက်အပြောက်တွေပါတဲ့ ဝံပုလွေတွေက တခြားအဖွဲ့ထက် ပိုသန်မာတယ်..သူတို့က ကိုက်အားပိုကောင်းပြီး ပင်ကို သဘာဝကလည်း ပိုရက်စက်တယ်..တခြားဝံပုလွေတွေ..သားရဲတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိတယ်..” လန်ကာ့သည် ရှောက်ရွှမ်မျက်မှောင်ကြုံ့နေသည်ကို တွေ့လိုက်ရသောအခါ ရယ်လိုက်ပြီး” မင်းက ဆီဇာလက်စားသွားချေမှာ စိုးရိမ်နေတာလား၊ အဲဒီတုန်းက သူက သားပေါက်လေးပဲရှိသေးတာ၊ သူမှတ်မိမယ် မထင်ပါဘူးကွာ” ။
စကားပြောနေရင်းနှင့် လန်ကာ့သည် ဆီဆာလှဲ
နေရာသို့လှမ်းကြည့်လိုက်သည်။ ဆီဆာသည်လည်း သူတို့ကို ကြည့်နေသည်ကို တွေ့သောအခါမှ လန်ကာ့သည် ခေါင်းငုံ့လိုက်ပြီးထောင်ခြောက်ကို ဆက်ပြင်နေသည်။ သူနှင့်ဆီဆာ ထောင်ခြောက်များကို ပြုပြင်တိုင်း ဆီဆာသည် မလှမ်းမကမ်းမှ သူတို့ကို စိုက်ကြည့်နေလေ့ရှိသည်။
“ငါက ဆီဆာကို မင်းမွေးထားမယ်လို့ မထင်ထားဘူး၊ သူ့ကိုချက်စားမယ်လို့ထင်နေတာ” ဆီဆာတစ်ကောင်ချက်စားခံရလုနီးနီး အခြေအနေကို ကြုံခဲ့ရသည့်အဖြစ်အပျက်ကို ပြန်တွေးမိသည့်အခါ လန်ကာ့သည် စိတ်များလှုပ်ရှားသွားသည်။
ရှောက်ရွှမ်သည် လန်ကာ့ပြောပြသည့် ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်နေရင်း အော်သံတစ်ခုကို ကြားလိုက်ရသည်။
“သတိထားကြဟေ့..သတိထားကြ”
“ဝံပုလွေအုပ်တစ်အုပ်တွေ့တယ်”
ရှောက်ရွှမ်လည်း ခေါင်းထောင်ထလာပြီး ဘေးဘီကို ကြည့်လိုက်သည်။
ဝပ်နေသော ဆီဆာသည် ပျောက်ကွယ်သွားသည်။
မိုင်သည် ထိုဝံပုလွေအုပ်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ ဝံပုလွေအုပ်ကြီးသည် သူတို့ကို ဝိုင်းရန်လာခြင်းဖြစ်သည်။ ခဏအကြာတွင် ဆီဆာပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။ ဆီဆာသည် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ အစွန်ဘက်ဆုံးမှ ဝံပုလွေကို ကိုက်ပြီးထွက်ပြေးသွားသည်။
မိုင်ထင်သည်မှာ ဝံပုလွေအုပ်ကြီးသည် သူတို့ကို တိုက်ခိုက်ရန်ရည်ရွယ်ပြီး ဆီဆာကို တိုက်ခိုက်ရန် မရည်ရွယ်ဟုထင်ထားသည်။ ဆီဆာကိုမြင်တော့ ဝံပုလွေအုပ်စုကြီးသည် ခဏ ငြိမ်သက်သွားသည်။ ထို့နောက် သူတို့ခေါင်းဆောင်က အချက်ပြလိုက်သောအခါ သူတို့သည် ဆီဆာနောက်သို့
ပြေးလိုက်ကြသည်။
သူတို့အမဲလိုက်ထွက်ကြသည့်အခါ ဆီဆာသည် သားကောင်ကို မျှားခေါ်ခြင်းဖြင့် သူတို့ကို ကူညီလေ့ရှိသည်။ သိုသော် ထိုသားကောင်များမှာ ယခုလိုအန္တရာယ်များသော ဝံပုလွေများမဟုတ်ပါ။ ဆီဆာ ဘာကြောင့် အလျင်စလို ထွက်ပြေးသွားရသနည်း။
“အားရွှမ်...ဆီဆာကို ပြန်ခေါ်လိုက်ဦး” မိုင်သည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ရှောက်ရွှမ်ကို မတွေ့ရပါ။ သူ့မျက်နှာ ပြာတက်သွားပြီး “အားရွှမ် ဘယ်မှာလဲ”။
ခြုံပုတ်ကြီးများထဲမှ ခုန်ထွက်လာသော လန်ကာ့သည် အသက်ကိုပြင်းစွာရှူရင်း “ငါသူ့နောက်ကို လိုက်မမီတော့ဘူး”။
လန်ကာ့သည် ရှောက်ရွှမ် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသောအခါ သူသည်ရှောက်ရွှမ်ကို တားရန် နောက်က ပြေးလိုက်သွားသည်။ သို့သော် သူ
သည် ရှောက်ရွမ်နောက်ကို မလိုက်နိုင်တော့ဘဲ ပြန်လာခဲ့ရသည်။
“သူပြေးတာ မြန်လွန်းတယ်” လန်ကာ့က ပြောသည်။ သူ့ကဲ့သို့ အဖွဲ့ထဲတွင် အမြန်ဆုံး အလတ်တန်းစစ်သည်တော်တစ်ယောက်အနေနှင့် အချိန်တိုအတွင်း ရှောက်ရွှမ်၏ မျက်ခြေဖြတ်ခြင်းခံရမည်ဟု ထင်မထားပါ။
မိုင်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် စစ်သည်တော်ငယ်များကို ကြည့်လိုက်ပြီး “မင်းတို့တွေ ဂူဆီကို အရင်သွားကြ..ချောင်..မင်းက သူတို့ကို ဦးဆောင်ပြီး လိုက်သွားလိုက်”
မိုင်သည်စစ်သည်တော် တချို့ကို ဦးဆောင်ပြီး လန်ကာ့ညွှန်ပြသည့်ဘက်ကို ပြေးထွက်သွားသည်။
ထိုအချိန်တွင် ရှောက်ရွှမ်သည် ဝံပုလွေများနောက်သို့ ခြေရာခံလိုက်လျက်ရှိသည်။
ဆီဆာသည် ထိုဝံပုလွေအုပ်ကို မိုင်ထက်အရင် ရှာတွေ့သွားပြီး လျင်မြန်စွာပြေးလိုက်သွားခြင်းဖြစ်မည်။ သူသည်နဂိုတည်းကဝံပုလွေအုပ်ကို စောင့်နေခြင်းဖြစ်မည်။ ထိုသို့မဟုတ်ပါက သူသည် ယခုလောက်လျင်မြန်စွာ ပြေးထွက်သွားခြင်းပြုမည်မဟုတ်ပါ။
နည်းနည်းလေးကြန့်ကြာသွားသောကြောင့် ရှောက်ရွှမ်သည် ဝံပုလွေများကို မမြင်လိုက်ရပါ၊ အနီးပတ်ဝန်းကျင်မှ သဲလွန်စများကို သာကြည့်ရင်း ဝံပုလွေအုပ်ကို ခြေရာခံလိုက်နေရသည်။
အစကတော့ ထိုဝံပုလွေအုပ်များသည် ထိုမျှ မြန်ဆန်မည်ဟု ထင်မထားပါ။
ရှောက်ရွှမ်သည် ဆီဆာအတွက် စိုးရိမ်သွားသည်။ ဆီဆာသည် ထိုဝံပုလွေများနှင့်တိုက်ခိုက်မည်ဆိုပါက အနိုင်ရရန် ခဲယဥ်းသည်။
လန်ကာ့ကတော့ ဆီဆာသည် ထိုဝံပုလွေအုပ်အပေါ် အငြိုးမထားပါဟု ပြောသော်လည်း ဆီ
ဆာသည် ထိုဝံပုလွေအုပ်ကို မှတ်မိနေသေးကြောင်း ရှောက်ရွှမ်သိနေလေသည်။ ဆီဆာ ဘယ်လောက် အတိုင်းအတာထိ မှတ်မိနေသလဲကိုတော့ ရှောက်ရွှမ်လည်း မသိပါ။
ဝံပုလွေများနောက်ကို လိုက်နေရင်း ရှောက်ရွှမ်သည် တစ်စုံတစ်ခုကို တွေးမိသွားသည်။
သူတို့ ပထမစခန်းချရာနေရာ ပထမနေရာနှင့်ဒုတိယနေရာကြားတွင် လူသူအရောက်အပေါက်မရှိသော နေရာတစ်ခုရှိသည်။ သားရဲကြီးများ ရံဖန်ရံခါ ကျက်စားလေ့ရှိပြီး လန်ကာ့နှင့်ရှောက်ရွှမ်သည် ထိုနေရာတွင် ထောင်ခြောက်များထောင်ထားသည်။
အမဲလိုက်ခရီးထွက်လျှင် အကယ်၍အန္တရာယ်နှင့်ကြုံလာပါက အကူအညီရရန် ထိုနေရာ၌ ထောင်ခြောက်များထောင်ထားခြင်းဖြစ်သည်။ သူတို့သည် ကြောက်မက်ဖွယ်သားရဲများနှင့် ရင်ဆိုင်ရခက်ခဲသော သားရဲများနှင့် ရင်ဆိုင်ရပါက အမဲလိုက်အဖွဲ့ဝင်များသည် ထိုထောင်ခြောက်များရှိ
သောနေရာသို့ သားကောင်များကို မျှားခေါ်သွားမည်ဖြစ်သည်။ ထိုထောင်ခြောက်များက သားရဲကြီးများကို အထိုက်အလျောက် ဟန့်တားပေးမည် ဖြစ်သောကြောင့် သူတို့အတွက် အချိန်မီ လွတ်မြောက်နိုင်လေသည်။
ထိုနေရာတွင် လန်ကာ့သည် ပထမဦးဆုံး ထောင်ခြောက်များထောင်သူဖြစ်သည်။ နောက်ပိုင်းတွင်တော့ လန်ကာ့နှင့်ရှောက်ရွှမ်ပူးပေါင်းပြီး ထိုထောင်ခြောက်များကို ပြုပြင်အဆင့်မြှင့်ကြလေသည်။ ထိုထောင်ခြောက်များသည် သားရဲကြီးများကို ဒဏ်ရာပြင်းထန်စွာရစေနိုင်သလို အသက်လည်း သေစေနိုင်သည်။
သူတို့သည် အမဲလိုက်ထွက်သည့်အခါတိုင်း ထောင်ခြောက်များထောင်ထားသည့်နေရာကို စစ်ဆေးရသည်။ ယခုတခေါက်အမဲလိုက်ထွက်လာရာတွင်လည်း ရောက်ရောက်ချင်း နေ့မှာပင် ထိုထောင်ခြောက်များကို သွားစစ်ဆေးရသည်။ ထိုစဥ်က ဆီဆာလည်း ပါလာသည်။
ဝံပုလွေများရှိသောနေရာကို သားကောင်ကြီးများက ရှောင်လေ့ရှိသည်။ ဝံပုလွေများနှင့် ထိပ်တိုက်ရင်မဆိုင်လိုသောကြောင့် သားရဲကြီးများကလည်း ရှောင်ကွင်းသွားလေ့ရှိသည်။ ထိုသို့ သားရဲကြီးများက ရှောင်ကွင်းသွားလေ့ရှိသောကြောင့် ရှောက်ရွှမ်အတွက် ဝံပုလွေများနောက်သို့ လိုက်ရန် ပိုလွယ်သွားစေသည်။
ထောင်ခြောက်များထောင်ထားသောနေရာမှ အော်သံများကို ကြားလိုက်ရသည်။
ရှောက်ရွှမ်သည် သူ့အရှိန်နှုန်းကို မြှင့်တင်လိုက်သည်။
ထိုနေရာသို့ရောက်သောအခါ ဆူးတွင်းထဲသို့ ပြုတ်ကျနေသော ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသည်။
ဆူးများသည် ကိုယ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်ခြင်းမရှိသော်လည်း ထိုဝံပုလွေမှာ ရုန်းလေ ဆူးပင်များနှင့် ပိုငြိတွယ်လေဖြစ်နေတော့သည်။ သွေ
များလည်း ချင်းချင်းနီလျက်ရှိသည်။ ဆူးချက်များက တဖြည်းဖြည်းပိုနစ်ဝင်သွားကာ ထိုဝံပုလွေမှာလည်း တဖြည်းဖြည်း အားနည်းလာလေသည်။
ထိုဆူးများကို ထုံကျင်စေတတ်သော သတ္တိရှိသည့် အပင်တစ်မျိုးမှ ဖော်စပ်ထားသော ဆေးတစ်မျိုးကို သုတ်လိမ်းထားသည်။ ထိုဆူးများကို နှုတ်မပစ်ပါက၊ ထိုဝံပုလွေသည် သေဆုံးသွားမည်ဖြစ်သည်။ ရှောက်ရွှမ်သည် ထိုဝံပုလွေကို ဂရုမစိုက်ဘဲ ဆက်လက်ထွက်ခွာသွားသည်။
ထိုနေရာနှင့် ခပ်လှမ်းလှမ်းတွင် ဝံပုလွေနောက်တစ်ကောင်သည်သုတ်ကိုင်းတွင် မိပြီး လေထဲတွင် တွဲလောင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူရုန်းလေ၊ ကြိုးကပိုတင်းကျပ်လေဖြစ်လာသည်။ ထိုကြိုးမှာ တိရစ္ဆာန်သွေးများစိမ်ထားပြီး နွယ်ပင်မှဖော်စပ်ထားသော ဆေးများ သုတ်လိမ်းထားသဖြင့် အလွန်ခိုင်ခံ့ ကျစ်လစ်သည်။ ဝံပုလွေသည် ထိုကြိုးကိုကိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပါ။ သူ့ကိုရှောက်ရွှမ်တွေ့
သောအခါတွင် သူ့လည်ပင်းမှာ အနည်းငယ်ပုံပျက်နေပြီ ဖြစ်သည်။
ရှောက်ရွှမ်လည်း ကြိုးကိုဖြတ်ပေးလိုက်သောကြောင့် ဝံပုလွေလည်း လွတ်မြောက်သွားလေသည်။
တွင်းများ၊ ကျော့ကွင်းများ၊ ပိုက်ကွန်များနှင့် ဓါးပုံများတွင် ရုန်းနေသော၊ သေနေသော ဝံပုလွေများကို တွေ့ရလေသည်။ ထိုဝံပုလွေအားလုံးမှာ ကျောဘက်တွင် အစက်အပြောက်များ ပါကြသည်။
ဝံပုလွေများနောက်ကို လိုက်ရင်း ကြိုးကွင်းတွင်ရုန်းနေသော ဝံပုလွေများကို တွေ့ပါက ရှောက်ရွှမ်သည် ဓါးနှင့် ဖြတ်ပေးလိုက်သည်။ ဓါးနှင့်ဖြတ်ပေးရန်အချိန်မရပါက လက်နက်ပုန်းနှင့် ပစ်ကာ ဇာတ်သိမ်းပေးလိုက်သည်။ သူတို့ကို သတ်မပစ်လျှင် ဝေဒနာကိုခံစားစေနေရသည်နှင့် အတူတူပင် ဖြစ်တော့သည်။