ဒဏ်ရာ
Vol. 9 Ch. 125
ထောင်ခြောက်ထောင်ထားသော နေရာသည် သိပ်မကျယ်လှသော်လည်း ထောင်ခြောက်များတွင် မိနေသော ဝံပုလွေများမှာ တော်တော်များသည်။ ရှောက်ရွှမ်သည် ထောင်ခြောက်များတွင်မိနေသော သို့မဟုတ် သေနေသော
ဝံပုလွေ၇ကောင်ထက်မနည်းတွေ့ရသည်။
ဆီဆာနောက်ကို လိုက်လာသော ဝံပုလွေအုပ်စုသည် သူတို့ကို ဆီဆာက ဒီနေရာကို မျှားခေါ်လာမည်ဟု ထင်မထားပေ။
ဆီဆာသည် ထိုနေရာကို ဖြတ်ပြေးသောအခါ သူတို့သည်စဥ်းစားနေရန် အချိန်မရပါ။ ဆီဆာတစ်ကောင် စိတ်ချလက်ချပြေးသွားသည်ကို မြင်သော
ကြောင့် သူတို့သည် ထိုနေရာမှာ အန္တရာယ်မရှိနိုင်ဟုထင်သွားသည်။
ပုံမှန်အားဖြင့်တော့ ထောင်ခြောက်တွင် မိသောဝံပုလွေထိုမျှ များမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အတွေ့အကြုံရင့်ကျက်သော တိရစ္ဆာန်များတွင် မသိစိတ်က ထောင်ခြောက်များကို ရှောင်နိုင်သော ဗီဇရှိသည်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်သော ဝံပုလွေများတွင် ထိုဗီဇမျိုးပိုရှိသည်။ဒီနေ့တွင်တော့ သူတို့သည်ဆီဇာ့နောက်ကိုသာ သဲကြီးမဲကြီးလိုက်နေကြသဖြင့် ထောင်ခြောက်တွင် မိကုန်ခြင်းဖြစ်သည်။
ထောင်ခြောက်များရှိသောနေရာကို ဖြတ်ကျော်လာပြီးနောက် ရှောက်ရွှမ်သည် ဝံပုလွေအုပ်စုနောက်ကို ဆက်လက်ခြေရာခံလိုက်လေသည်။
ထောင်ခြောက်များရှိသောနေရာနားတဝိုက်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော ကတ္တရာတွင်းကြီးတစ်တွင်းရှိသည်။ ထိုတွင်းကြီးမှာ သူတို့အမဲ
လိုက်လမ်းကြောင်း နယ်ပယ်အတွငိးတွင် အကြီးဆုံးသော တွင်းကြီးဖြစ်လေသည်။ ကုန်းနေသတ္တဝါများအပြင် ငှက်များပါ ထိုတွင်းကြီးထဲသို့ ပြုတ်ကျလေ့ရှိသည်။
နွားထီးကြီးတစ်ကောင် ထိုတွင်းထဲ ပြုတ်ကျသည်ကိုပင် ရှောက်ရွှမ်မြင်ဖူးလေသည်။ ထိုနွားကြီးမှာ တွင်းထဲမှ မရုန်းနိုင်ဖြစ်နေသဖြင့် အခြားအသားစားသတ္တဝါများစွာ ထိုနေရာသို့ရောက်လာကြလေသည်။ နောက်ဆုံးတွင်တော့ အားလုံးထိုတွင်းကြီးထဲ နစ်မြုပ်သွားကြသည်။
ထိုကတ္တရာတွင်းကြီးထဲတွင် အရိုးများမည်မျှရှိမည်ကို ဘယ်သူမှ မသိနိုင်ပေ။
မျိုးနွယ်စု နေထိုင်ရာနားတွင်လည်း ကတ္တရာတွင်းငယ်တစ်တွင်းရှိလေသည်။ တချို့လူများ အိမ်အမိုးကပ်ရန် ထိုတွင်းမှ ကတ္တရာများယူကြသည်ကိုရှောက်ရွှမ်တွေ့ဖူးသည်။ သို့သော် လုံခြုံရေးအနေနှင့် ထိုကတ္တရာတွင်းကြီးတွင် လူအနည်းငယ်ကို အစောင့်ချထားရသည်။
ထိုကတ္တရာတွင်းကြီးထဲတွင် ဝံပုလွေ၂ကောင် ပြုတ်ကျနေသည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူတို့ခြေထောက်သုံးပုံတစ်ပုံမှာ ကတ္တရာတွင်းထဲနစ်မြှပ်နေလေသည်။ လွတ်မြောက်ရန် ကြိုးစားသော်လည်း မလွတ်မြောက်နိုင်ပါ။
သူတို့ကို ကယ်တင်သူမရှိပါက တွင်းအောက်ခြေသို့ တဖြည်းဖြည်းနစ်မြှပ်သွားမည် ဖြစ်သည်။ တွင်းအောက်ခြေတွင် အသေကောင်စားသော သတ္တဝါများမရှိသဖြင့် သူတို့ အရိုးများကတော့ ကောင်းမွန်စွာ ကျန်နေခဲ့ဦးမည်ဖြစ်သည်။ နောင်မဝေးလှသော အနာဂတ်တွင် သူတို့အရိုးများကို ရှာတွေ့ချင်လည်း တွေ့လိမ့်မည် သို့မဟုတ် တွင်းအောက်ခြေတွင် ထာဝရ နစ်မြုပ်ချင်လည်း မြုပ်နေပေလိမ့်မည်။
ပုံမှန်အားဖြင့်တော့ ပါးနပ်သောသတ္တဝါများသည် ထိုတွင်းနားသို့လာလေ့မရှိပေ။ ထိုတွင်းနားကို လာသောသတ္တဝါများမှာ ဥာဏ်ရည်နိမ့်သူ၊ တောနှင့်မရင်းနှီသော အကောင်များ သို့မဟုတ်
အစာဇောကပ်နေသော သားရဲများသာ ဖြစ်ပေလိမ့်မည်။
ကတ္တရာတွင်းကြီး၏ တွင်းနံရံမှာ အမည်းရောင်ဖြစ်သည်။ အမှန်တကယ်တော့ တွင်းကြီး၏ ထောင့်တိုင်းသည် သတ္တဝါများကို စုပ်ယူနိုင်သည် မဟုတ်ပါ။ အမဲလိုက်အဖွဲ့သည် ထိုနေရာနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သူတို့သည် ထိုနေရာကို ဖြတ်သွားနေကျဖြစ်ပြီး ဒုက္ခပေးတတ်သော သတ္တဝါများ၊ သားရဲကြီးများ၏ ရန်မှ ကာကွယ်ရန် ထိုနေရာကို အကာအကွယ်ယူ၍ စခန်းချလေ့ရှိသည်။ ထိုနေရာသို့ဝင်သော လမ်းကြောင်းမှာ ကျဥ်းမြောင်းလွန်းသဖြင့် သားရဲကြီးများ ဖြတ်ကျော်နိုင်ခြင်းမရှိပေ။
ရှောက်ရွှမ်သည် ဆီဆာကို ဒီနေရာသို့ခေါ်လာဖူးသည်။ မမျှော်လင့်ဘဲ ရှောက်ရွှမ်သည် ဤနေရာကို မှတ်မိနေသည်။ ထိုနေရာရှိ တချို့ ခြေရာများမှာ ဆီဆာ၏ခြေရာများ ဖြစ်ပြီး ကျန်ခြေရာများမှာ တခြားဝံပုလွေများ၏ခြေရာများ ဖြစ်ကြသည်။
ဆီဆာသည် ပါးနပ်သကဲ့သို့ ကျန်ဝံပုလွေများမှာလည်း ပါးနပ်သည်။ သို့သော် ဝံပုလွေ၂ကောင်မှာ ထိုတွင်းထဲပြုတ်ကျနေသည်။
ထိုဝံပုလွေများသည် ထိုနေရာကို အခုမှရောက်ရှိဖူးခြင်း ဖြစ်ပြီး ထိုနေရာနှင့်ရင်းနှီးခြင်းမရှိပါ။ သို့သော် သူတို့ယခင်နေထိုင်ရာတဝိုက်တွင် ထိုကဲ့သို့ ကတ္တရာတွင်းမျိုးကို မြင်ဖူးသူဝံပုလွေများလည်း ရှိနိုင်သည်။ သူတို့၏ အတွင်းစိတ်က ထိုနေရာသည် အန္တာရာယ်ရှိကြောင်း ညွှန်ပြနေမည်ဖြစ်သော်လည်း သူတို့သည် တခြားဘယ်ကို သွားရမည် မသိ ဖြစ်နေဟန်တူသည်။
ရှောက်ရွှမ်သည် ထိုနေရာကိုကွေ့ဝိုက်သွားသော ခြေရာများတွေ့ရသောကြောင့် ထိုနေရာကို ဝံပုလွေများရှောင်ဖယ်သွားကြောင်း သိလိုက်ရသည်။ ထိုနေရာကိုရှောင်ကွင်းမသွားဘဲ ရှောက်ရွှမ်နောက်လိုက်လာသောဝံပုလွေများကတော့ တွင်းထဲ ပြုတ်ကျသွားပြီဖြစ်သည်။
ထိုတွင်းကြီးကို ကွေ့ဝိုက်သွားနေမည်ဆိုပါက အချိန်ကုန်မည်ဖြစ်သည်။ ထိုကြောင့်ရှောက်ရွှမ်လည်း ထိုတွင်းကြီးကို ခုန်ကျော်လိုက်ပြီး တွင်းထဲသို့ တဖြည်းဖြည်းနစ်မြုပ်နေသော ဝံပုလွေ၂ကောင်ကို ဒီအတိုင်းထားခဲ့လိုက်သည်။
ခြေရာလက်ရာများကို ကြည့်ပြီးနောက် ဆီဆာသည် ဝံပုလွေအတော်များများကို ရှင်းပစ်လိုက်နိုင်ကြောင်း သိရသည်။ ထောင်ခြောက်နယ်မြေနှင့် ကတ္တရာတွင်းကြီးကို ဖြတ်ကျော်ပြီးနောက် ဝံပုလွေဆယ်ကောင်နီးပါးကို ဇီဝိန်ခြွေပစ်နိုင်လိုက်သည်။
ထိုဝံပုလွေအုပ်စုသည် အကောင်သုံးဆယ်ခန့်ရှိမည်ဖြစ်ပြီး အခုတော့ သုံးပုံနတစ်ပုံလောက်က ဆီဇာ့လက်ချက်ဖြင့် ကိစ္စချောသွားပြီဖြစ်သည်။
ဝံပုလွေများသာ သွေးကြောင်နေမည်ဆိုပါက သူတို့သည် ဆီဆာ၏နောက်သို့ ဆက်လိုက်တော့မည်မဟုတ်ပါ။ သို့သော် ဝံပုလွေများသည် ရက်စက်ပြီး အငြိုးအတေးကြီးသောကြောင့် ဆီဆာနောက်
ကို ဆက်လိုက်နေကြသေးသည်။ အခုထိတော့ ဆီဆာနောက်ကို ဆက်လိုက်နိုင်သည်မှာ ၂ကောင်၃ကောင်သာရှိပြီး လမ်းတွင် အတော်များများသေကုန်သည်ကို ရှောက်ရွှမ်တွေ့ခဲ့ရသည်။
ရှောက်ရွှမ်နှင့်အတူနေလာသဖြင့် ဆီဆာသည် ဝံပုလွေများကို ထောင်ခြောက်များတွင် မိအောင်၊ ကတ္တရာတွင်းထဲနစ်အောင် လှည့်ဖြားနိုင်ခဲ့သည်။ သားရဲကြီးများကိုလည်း သူတို့ပိုင်နက်နယ်မြေမှ အပြင်ရောက်လာအောင်လည်း သွေးဆောင်တတ်သည်။ ထို့ပြင် သူ့နောက်လိုက်လာသော ဝံပုလွေများကို သားကောင်ပြန်ဖြစ်အောင်လည်း ပြုလုပ်တတ်သေးသည်။
ဝံပုလွေအုပ်အသစ်မှာ ထိုနေရာနှင့်မရင်းနှီးပါ။ထိုအချက်မှာ ၄င်းတို့၏ အားနည်းချက်ပင်ဖြစ်သည်။
သို့သော်ရှောက်ရွှမ်သည် ဆီဆာဒဏ်ရာရနေမည်ကို စိုးရိမ်သည်။ ဝံပုလွေအုပ်များနောက်ကို လိုက်ရင်းနှင့် သွေးကွက်တချို့ကို သူတွေ့ရသည်။ ထို
သွေးများသည် ဆီဆာဆီမှ ဖြစ်နိုင်သလို တခြားဝံပုလွေများဆီမှလည်း ဖြစ်နိုင်သည်။ ရှောက်ရွှမ်သည် ဆီဆာဒဏ်ရာရမရသိနိုင်ရန် သူ့ကို အမြန်ဆုံးရှာတွေ့ရန် လိုအပ်သည်။
ပြေးရင်းလွှားရင်းဖြင့် အသံတစ်သံကို ရှောက်ရွှမ်ကြားလိုက်ရသည်။
တောထဲမှာ ငှက်များ တခြားနေရာသို့ ပျံပြေးကြပြီး သားကောင်ငယ်များမှာလည်း တောအုပ်ထဲမှ ပြေးထွက်လာသည်။
ဧရာမဝက်ဝံကြီးတစ်ကောင်ဖြစ်သည်။
ထို့ပြင် ဝံပုလွေအူသံများကိုလည်း ရှောက်ရွှမ်ကြားလိုက်ရသည်။ ဆီဆာ၏အသံတော့မဟုတ် အခြားဝံပုလွေများ၏ အူသံပင် ဖြစ်သည်။
ဝက်ဝံဘီလူးမှာ အစွယ်လေးချောင်းတောဝက်မှာ ရင်ဆိုင်ရပိုခက်သည်။ ခန္ဓာကိုယ်ကြီးမားသော်လည်း လျင်မြန်စွာလှုပ်ရှားနိုင်သည်။ ထို့
ကြောင့်အမဲလိုက်အဖွဲ့မှာ ထိုသတ္တဝါကို ရှောင်လေ့ရှိသည်။
အမဲလိုက်အဖွဲ့သည် ဝက်ဝံဘီလူးလိုက်ခြင်းကို ခဏခဏခံရဖူးသည်။ ဝက်ဝံဘီလူးနှင့် ရင်ဆိုင်ရတိုင်း သူတို့သည်
ကတ္တရာတွင်းဘက်သို့ပြေးလာလေ့ရှိသည်။ ထိုတွင်းကြီးထဲသို့ ၄င်းကို ပြုတ်ကျစေရန်ဖြစ်သည်။ သို့သော် ဝက်ဝံကြီးမှာ ပါးနပ်သည်။ တွင်းနားရောက်ခါနီးတွင် လှည့်ပြန်သွားလေ့ရှိသည်။ သူတို့ကိုတော့ဒေါသတကြီး ဟိန်းဟောက်သွားတတ်စမြဲဖြစ်သည်။ “ငါမင်းတို့ကို သိပ်မကြာခင်မှာ စားပစ်မယ်”ဟုကြိမ်းဝါးနေသယောင်ပင်။
အခုတော့ ဝံပုလွေအုပ်ကို အနိုင်တိုက်ရန် ဆီဆာသည် ဝက်ဝံဘီလူးကြီးကို ပင်သွားရန်စလေသည်။ သူ့သေတွင်းသူတူးခြင်းများ ဖြစ်နေမလား။
ရှောက်ရွှမ်စိတ်ပူသွားပြီး အမြန်ပြေးထွက်သွား
သည်။
ဝက်ဝံဘီလူးကြီးကတော့ ဆက်လက်ဟိန်းဟောက်နေသည်။မကြာခင်တွင် ရန်စွယ်တငေါငေါဖြင့် ထောင်ထောင်မောင်းမောင်း ဝက်ဝံဘီလူးကြီးကို တစ်နေရာသို့ ဦးတည်၍ ဟိန်းဟောက်နေသည်ကို တွေ့လိုက်ရသည်။
ဝက်ဝံကြီးမျက်နှာမူရာဘက်တွင် ရှောက်ရွှမ်သည် ဝံပုလွေလေးကောင်ကို တွေ့မြင်လိုက်ရသည်။ ထိုထဲတွင် အကောင်ပိုကြီးသူမှာ ခေါင်းဆောင်ဖြစ်သည်။ ဝံပုလွေလေးကောင်သာ သူ့နောက်ကို လိုက်လာနိုင်သည်။ တချို့ဝံပုလွေများမှာ ထောင်ခြောက်တွင်မိပြီး တချို့ဝံပုလွေများမှာ နောက်တွင်ကျန်ခဲ့ခြင်းဖြစ်မည်။
ခေါင်းဆောင်ဝံပုလွေအပါအဝင် ဝံပုလွေလေးကောင်တို့၏ ပါးစပ်တွင် သွေးများယိုစီးကြနေသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ရှောက်ရွှ
မ်သည် ဆီဆာကို မတွေ့ရပါ။ ဝက်ဝံကြီးဘေးတွင် ကျောတွင် အစက်အပြောက်ပါသော ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသည်။ ၄င်း၏လည်ပင်းမှာ ဝက်ဝံကြီးကိုက်သတ်သည်ကို ခံထားရသည်။
ခေါင်းဆောင်ဝံပုလွေသည် အရှုံးပေးမည့်အမူအရာမရှိဘဲ သူ၏ အစွယ်များကို ဖြဲကာ ဝက်ဝံကြီးကိုဟိန်းဟောက်နေသည်။ ဝက်ဝံကြီးမှာ မခံချိမခံသာ ဖြစ်နေသည်။ ယခင်ဤနေရာရှိ ဝံပုလွေများသည် သူ့ကို ရန်မစရဲကြပါ။ သူ့ပိုင်နက်ထဲတွင် အမဲလိုက်ကြသော အမဲလိုက်အဖွဲ့ကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ရသည်။ သို့သော် အခေါက်တိုင်းလည်း အမဲလိုက်အဖွဲ့မှ လူများကို ဖမ်းမမိပါ။ ဒီတခေါက်တွင်တော့ သူသည် ထူးဆန်းသောဝံပုလွေများနှင့်ကြုံတွေ့နေရသည်။
ဝက်ဝံကြီးသည် သူ့ဒေါသကို ပြသည့်အနေဖြင့် နောက်တစ်ကြိမ်ဟိန်းလိုက်သည်။
ဝံပုလွေခေါင်းဆောင်မှာ အခြေအနေမကောင်း
သဖြင့် ဆက်မလိုက်တော့ဘဲ နောက်သို့ပြန်လှည့်ပြေးရသည်။ ကျန်ဝံပုလွေသုံးကောင်က ဝက်ဝံကြီးကို လှည့်ပတ်ချောင်းနေသည်။
ဝက်ဝံဘီလူးကြီးသည် မြေပြင်ပေါ်သို့ ခြေလေးဘက်ချရင်း ခေါင်းဆောင်ဝံပုလွေနောက်ကို ပြေးလိုက်တော့သည်။ ရှောက်ရွှမ်သည် ဝက်ဝံကြီး၏ဒေါသကိုသိသည်၊သူသည် ခေါင်းဆောင်ဝံပုလွေနောက်သို့ အချိန်အတော်ကြာလိုက်နေမည်ဖြစ်သည်။
ဝံပုလွေများနှင့် ဧရာမဝက်ဝံကြီး ထွက်သွားသည့်အခါ ရှောက်ရွှမ်သည် အပင်ပေါ်မှ ခုန်ဆင်းလာပြီး လေထဲမှ အနံ့ကို သေချာခံနေလေသည်။
ဝက်ဝံကြီးသည် တိရစ္ဆာန်များကို သတ်ဖြတ်ထားသည်ကိူတွေ့ရပြီး သွေးနံ့မှာပြင်းထန်လွန်းသဖြင့် အသေကောင်စားသတ္တဝါများမှာ ပါးစပ်တပြင်ပြင်ဖြစ်နေသည်။
ရှောက်ရွှမ်သည် ပတ်ဝန်းကျင်ကို အကဲခတ်
လိုက်ပြီး အထူးအမြင်အာရုံသို့ပြောင်းလဲလိုက်သည်။ ပတ်ဝန်းကျင်မှ အစိမ်းရောင်မြက်ခင်းများနှင့် အပင်များမှာ ပျောက်ကွယ်သွားသည်။ သူသည် မြင်ရသည်မှာ သစ်ပင်များနှင့်ကျောက်တုံးများ၏ အရိပ်များဖြစ်ပြီး တချို့တိရစ္ဆာန်များ၏ အရိုးစုများဖြစ်သည်။
ရှောက်ရွှမ်သည် နေရာတစ်နေရာကို စိုက်ကြည့်လိုက်ပြီး ထိုနေရာသို့ ပြေးသွားလေသည်။
သာမန်အမြင်အာရုံသို့ ပြန်လည်ပြောင်းလိုက်ပြီး ရှောက်ရွှမ်သည် အရွက်ဖားဖားကြီးများရှိသော အပင်များရှေ့မှ ဖြတ်လျှောက်သွားသည်။ အထပ်ထပ်ဖြစ်နေသော သစ်ရွက်များအောက်တွင် သွေးများယိုစီးထွက်နေသည်ကိုတွေ့လိုက်ရသည်။
သစ်ရွက်များကို ဖယ်လိုက်သောအခါ သစ်ရွက်များအောက်တွင်လှဲနေသော ဆီဆာကို တွေ့လိုက်ရသည်။ ဆီဇာသည် အခြေအနေတော်တော်ဆိုးသည်။ သူ၏ အထူးအမြင်အာရုံဖြင့် ဆီ
ဆာ၏ အရိုးတော်တော်များများ ကျိုးကုန်သည်ကိုတွေ့လိုက်ရသည်။ အရိုးများကျိုးကုန်သည့်အပြင် ကိုက်ခံထားရသောဒဏ်ရာများလည်းတွေ့ရသည်။ ကိုက်ခံရသောဒဏ်ရာ နှစ်ခုမှာ တော်တော်နက်ပြီး အသားတစ်များ ပြတ်ပါသွားသဖြင့် သွေးများမှ တရစပ်ထွက်နေလေသည်။
ပါးစပ်တွင်းမှလည်း သွေးများယိုစီးကြနေသဖြင့် သူ၏ ကိုယ်တွင်းအင်္ဂါများလည်း ပျက်စီးကုန်ကြောင်း သိရှိနိုင်သည်။
ရှောက်ရွှမ်သည် ဆေးမြစ်အမှုန်များပါသော ဆေးမြစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။ ဆီဆာ၏ဒဏ်ရာများပေါ်သို့ ဆေးမြစ်မှုန်များ အုံပေးလိုက်သည်။
သွေးများက ဆေးမှုန့်များကို စုပ်ယူသွားသည်။
ထိုမျှလုပ်ပေးရုံနှင့်ဆီဆာကိုကယ်တင်နိုင်မည်မဟုတ်ပေ။ အရင်ဘဝကသာဆိုလျှင် သူသည်ဆီဆာကို ဆေးခန်းကိုခေါ်သွားမည် ဖြစ်သည်။ အခု
အခြေအနေတွင်တော့ ရှောက်ရွှမ်သည် ဆီဆာကို ဆေးမြစ်မှုန်များ ထည့်ပေးခြင်းသာ တတ်နိုင်သည်။
ရှောက်ရွှမ်၏ ထပ်မံကုသမှုသည် တစ်ခုခုသာလွဲချော်ပါက ဆီဆာ အသက်ရှူရပ်သွားတော့မည် ဖြစ်သည်။ ဆီဆာသည် အသက်ရှူရ ခက်ခဲနေသည်ကို ရှောက်ရွှမ်သိသည်။
ရှောက်ရွှမ်ရောက်လာသည်ကိုသိသောကြောင့် ဆီဆာသည် ခေါင်းထောင်ထလာပြီး မတ်တပ်ရပ်ရန် အားယူနေသည်။
“မထနဲ့ဦး..မင်းထလိုက်ရင် ဒဏ်ရာ အခြေအနေပိုဆိုးသွားမယ်” ။
ဖြည်းဖြည်းလေးလှုပ်ရှားရုံဖြင့် သွေးများပိုထွက်လာပြီး ဆေးမှုန့်များပါ မြေပေါ်သို့ပြုတ်ကျကုန်သည်။
ရှောက်ရွှမ်၏ စကားသံများကို ကြားသောအခါ
ဆီဆာသည် မလှုပ်ရှားတော့ဘဲ မြေပေါ်တွင်သာ လှဲနေတော့သည်။ ရှောက်ရွှမ်၏ လက်ကို ခေါင်းလေးဖြင့် တိုးဝှေ့ရင်း ညည်းညူနေသည်။
“ရှူး...မငိုပါနဲ့ကွာ” ရှောက်ရွှမ်က ဆီဆာ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
ဆီဆာသည် မငိုသော်လည်း ရှောက်ရွှမ်သည် သူ့မျက်လုံးများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များကို တွေ့နေရသည်။ သူသည် သူ့ကိုယ်သူ အခြေအနေမကောင်းမှန်း သိနေပုံပင်။
သူသည် ဆီဆာ့ကို ဂူထဲသို့ ပြန်ခေါ်ယူနိုင်ပါ့မည်လား။ မဖြစ်နိုင်ပါ။ ဆီဆာသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် လမ်းတစ်လျှောက်ကြုံတွေ့ရနိုင်သော ဒဏ်များကိုသူခံနိုင်မည်မဟုတ်ပေ။ ပိုဆိုးသည်က ဂူဆီသို့ရောက်ရန် အချိန်အတော်ယူရမည် ဖြစ်ပြီး လမ်းတွင်သေသွားနိုင်လေသည်။
ဘေးဘီသို့ ကြည့်လိုက်ပြီး ရှောက်ရွှမ်သည် နောက်ဆေးထုပ်တစ်ခုကို ထုပ်လိုက်သည်။ သူ
သည် ဆေးမြစ်များကို ဆီဆာ၏ပါးစပ်ထဲထိုးထည့်ပေးလိုက်သော်လည်း ဆီဆာသည် ဆေးမြစ်ကိုမဝါးနိုင်ပေ။
ရှောက်ရွှမ်သည် တုန့်ဆိုင်းနေခြင်းမရှိဘဲ ဆေးမြစ်များကို ဓါးနှောင့်ဖြင့်ထုလိုက်ပြီး ရေဘူးထဲသို့လောင်းထည့်လိုက်သည်။ ထို့နောက် ဆီဆာပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။ ဆေးမြစ်များသည် အလုပ်ဖြစ်မဖြစ်တော့ သူမသိ။
ရှောက်ရွှမ်ကို ဆေးမြစ်ရေတိုက်ကျွေးပြီးနောက် ရှောက်ရွှမ်သည် ဆီဆာ၏ခေါင်းလေးကို ပုတ်လိုက်ကာ “တောင့်ထားဦးနော် ငါပြန်လာခဲ့မယ်”
သူသည် သစ်ရွက်ကြီးများဖြင့် ဆီဆာ့ကို ဖုံးအုပ်ထားလိုက်သည်။ ဒါမှသာ ဝက်ဝံကြီး ထားခဲ့သော အစာများကို စားနေသော သတ္တဝါများ ဆီဆာအားဂရုစိုက်မိမည် မဟုတ်ပေ။
ရှောက်ရွှမ်သည် တုတ်အချို့နှင့် ဂုန်လျော်မြက်များဖြင့် ထမ်းစဥ်တစ်ခုကို ပြုလုပ်လိုက်သည်။
ထို့နောက် ဆီဆာကို ထမ်းစဥ်ပေါ်ထမ်းကာ ထိုနေရာမှ ထွက်ခွာသွားသည်။
ထိုနားတွင် သစ်ပင်ကြီးတစ်ပင်ရှိသည်။ ရှောက်ရွှမ်သည် ထိုသစ်ပင်ကြီးပေါ်တွင် ဆီဆာကို တင်ထားရန် ဆုံးဖြတ်လိုက်သည်။ ဝက်ဝံဘီလူးကြီးမှာ မကြာခင်ပြန်ရောက်တော့မည် ဖြစ်သဖြင့် သူတို့သည် ထိုနေရာတွင် ရှည်ကြာစွာနေနိုင်တော့မည် မဟုတ်ပါ။ ထို့ပြင် ပတ်ဝန်းကျင်မှာ မှောင်လာပြီဖြစ်သောကြောင့် ထိုသစ်ပင်ကြီးသည် သူတို့အတွက် လုံခြုံစိတ်ချရမည့်နေရာဖြစ်သည်။
ထမ်းစင်ကို ချည်ရန် ရှောက်ရွှမ်သည် ခိုင်ခံ့သောဂုန်လျော်ပင်တစ်ပင်ကို ရှာလိုက်သည်။ ထို့နောက် သစ်ကိုင်းတစ်ကိုင်းပေါ် ကြိုးကိုပစ်တင်လိုက်ပြီး အောက်မှနေ၍ ဂုန်လျော်ကြိုးစကိုဆွဲလိုက်ကာ ဆီဆာကိုသစ်ပင်ပေါ်တင်လိုက်သည်။
ရှောက်ရွှမ်သည် ဆီဆာကို သစ်ပင်ပေါ်ဆွဲတင်ပြီးသောအခါ ဝံပုလွေများနောက်သို့လိုက်နေသော ဝက်ဝံကြီး ပြန်ရောက်လာသည်။ သူ့
သားကောင်များကို အသေကောင်စားသတ္တဝါများက စားသောက်နေသည်ကို တွေ့သောအခါ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ထိုသတ္တဝါများဆီပြေးသွားကာ တစစီဆွဲဆုတ်ပစ်လိုက်သည်။ ထိုအခါ ကျန်သည့်အကောင်များ ထွက်ပြေးသွားလေသည်။
ထိုနားတွင် တခြားသတ္တဝါများ မရှိတော့သည်သေချာမှ ဝက်ဝံဘီလူးကြီးသည် သူ့သားကောင်များကိုဆက်လက် ဆွဲဖြဲနေတော့လေသည်။