← Chapters

အခန်း (၂၉၆)

Vol. 20 Ch. 296

အခန်း (၂၉၆)

Vol. 20 Ch. 296

နှစ်မိနစ်အကြာတွင် ကျီဝမ်သည် သူ၏ညအိပ်ဝတ်စုံပေါ်ကို ချည်သားဂျာကင်အကျီထပ်ဝတ်ကာ လျိုစစ်ယွီကိုရှာရန် ဖန့်ရှောင်နွမ်နဲ့ ထွက်သွားခဲ့သည်။

လမ်းမှာ ဖန့်ရှောင်နွမ်က မကြာသေးမီက ဖြစ်ခဲ့တဲ့ အရာအားလုံးကို ကျီဝမ်ကို ပြောပြခဲ့သည်။

ကျီဝမ် ၏ မျက်နှာက မယုံနိုင်စရာများဖြင့် ပြည့်နှက်နေသည်။ “ဒါက မှော်ဆန်လွန်းတယ်။ အိပ်မက်မက်နေတာပဲဖြစ်ရမယ်!" အဲဒါနဲ့ ကားစတီယာတိုင်ကို လက်တစ်ဖက်နဲ့ကိုင်ပြီး ပေါင်တစ်ဖက်နဲ့ ဆိတ်လိုက်သည်။ "F*ck! တကယ် နာတယ်ဟ!” သူ အိပ်မက်မက်နေတာမဟုတ်ဘူး!

ဖန့်ရှောင်နွမ်က သူ့ဖုန်းကို ထုတ်လိုက်ပြီး မြေပုံကို ချဲ့ကြည့်လိုက် ချုံ့ကြည့်လိုက်လုပ်ခဲ့သည်။ သူမသည် ကျင်းမြို့တော် မြေပုံကိုကြည့်ကာ လျိုစစ်ယွီ ဘယ်ရောက်သွားနိုင်သည်ကို ခန့်မှန်းကြည့်ခဲ့သည်။

ရဲတွေက လျိုစစ်ယွီ၏ လှုပ်ရှားမှုမှတ်တမ်းများကို ရှာဖွေနေသော်လည်း သူမ တစ်ကိုယ်တည်းနေချင်နေပါက သူမကို ခြေရာခံရန် သူ့အစ်ကိုသုံးနိုင်သည့်အရာမှန်သမျှကို သူမရှောင်သွားမည်ဖြစ်သည်။

" ဖန့်ရှောင်နွမ်၊ အဲ့တာကို ထပ်ပြောပါဦး။ လျိုစစ်ယွီက ဆယ့်ငါးနှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ငါ့အဒေါ်အရင်းဆိုတာ တကယ်ပဲလား” ကျီဝမ် ပျော့ညံ့စွာ မေးလိုက်သည်။

"အွန်း ဟုတ်တယ်!" ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

ကျီဝမ် တဖြည်းဖြည်း ထိန်းချုပ်မှု ပျောက်ဆုံးသွားသည်။ သူ ကားစတီယာတိုင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ "ဒါက အတုပဲဖြစ်ရမယ်!" သူ့မှာ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်သာ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ နှစ်ယောက်လုံး သူ့အဒေါ်တွေ ဖြစ်နေကြသည်။ ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုဖြစ်လာနိုင်မှာလဲ။

"အဲဒါအမှန်ပဲ။ ငါ နင့်ရဲ့ဆံပင်ကို DNA စစ်ဖို့ သုံးခဲ့တယ်” ဖန့်ရှောင်နွမ် ပြန်ဖြေလိုက်သည်။

"မင်း ငါ့ဆံပင်ကို ဘယ်တုန်းက ခိုးသွားတာလဲ။" ကျီဝမ် ဟောက်လိုက်သည်။

ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ “နင် ဆေးရုံတက်တုန်းက။ အိုး၊ ဒီအဓိပ္ပါယ်မရှိတဲ့ဟာတွေကို အခုထားလိုက်ကြရအောင်။ အရေးကြီးဆုံးက ရှောင်ယွီကို အမြန်ဆုံးရှာဖို့ပဲ။ သူအခုချိန်မှာ မှားနေတဲ့လူအုပ်ထဲကို ချက်ချင်းပြေးဝင်သွားမိရင် ပြီးသွားပြီ ”

ကျီဝမ် ဂီယာကို နင်းပြီး ဖန့်ရှောင်နွမ်၏ လမ်းညွှန်ချက်ကို လိုက်နာခဲ့သည်။

သူတို့ နေရာတစ်ခုကို ရောက်တိုင်း ဖန့်ရှောင်နွမ်က ကျီဝမ်ကို သတိပေးခဲ့သည်။ “ကားထဲမှာ နေပြီး ဘယ်ကိုမှမရွှေ့နဲ့။ ငါသွားကြည့်လိုက်မယ်။"

ထိုသို့ပြောပြီးနောက် သူမသည် ဖုန်းရှိ ဓာတ်မီးကိုဖွင့်ကာ အမှောင်လမ်းကြားထဲသို့ လျှောက်သွားခဲ့သည်။

"ဘာလို့ မင်းနဲ့ မလိုက်လာခိုင်းတာလဲ။" ကျီဝမ် မေးလိုက်သည်။

"နင်ကားထဲမှာ နာခံမှုရှိရှိနေခဲ့တာ ပိုကောင်းတယ်" လို့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါတို့တကယ်အန္တရာယ်ကြုံလာခဲ့ရင် နင့်ကိုကာကွယ်ဖို့ ငါအချိန်မယူချင်ဘူး!"

ကျီဝမ်က သူမကို ငြင်းဆိုချင်သော်လည်း သူမပြောသည့်စကားက အဓိပ္ပာယ်ရှိနေသည်။ သူ့အရည်အချင်းနဲ့ဆို တစ်ခုခု တကယ်ဖြစ်လာရင် သူ သူမကို ဒုက္ခပေးမိလိမ့်မည်။

ငါးမိနစ်ကြာပြီးနောက် ဖန့်ရှောင်နွမ် ပြန်ရောက်လာသည်။ "မရှိဘူး၊ နောက်တစ်နေရာ သွားရအောင်"

ကျီဝမ်က ဆက်မောင်းနှင်ခဲ့ပြီး ဖန့်ရှောင်နွမ်မှာ သူမကိုရှာဖွေရန် ကားပေါ်မှဆင်းရန် တာဝန်ရှိသည်။ သူမသည် ကိုယ်ခံပညာကို ကျွမ်းကျင်သောကြောင့် စိတ်ပူစရာမလိုပေ။ ထိုကဲ့သို့ပင် သူတို့နှစ်ဦးသည် ကျင်းမြို့တော် ကို တစ်နာရီကြာ ရှာဖွေခဲ့ကြသည်။

ထိုမှသာ ဖန့်ရှောင်နွမ်သည် ပုန်းနေဖို့ ကြံရွယ်ထားသူတစ်ဦးကို ရှာဖွေရန် မည်မျှခက်ခဲသည်ကို သိရှိနားလည်လာခဲ့သည်။

“ ရှောင်ယွီရဲ့ ကိုယ့်ကိုယ်ကိုယ်ရှင်သန်ဖို့အတွက် ကြိုးပမ်းတဲ့ ခံစားချက်က အရမ်းပြင်းထန်နေတုန်းပဲ။ သူ့ကိုယ်သူ အန္တရာယ်ပေးမှာတော့ မဟုတ်ဘူး” ဟု ကျီဝမ်က ဖန့်ရှောင်နွမ်ကို ပြောလိုက်သည်။

ဟုတ်ပါတယ် ဖန့်ရှောင်နွမ် ဒါကိုသိသည်။ “ဒါပေမယ့် အန္တရာယ်ရှိတဲ့ နေရာတွေကို ငါ ဖြတ်မသွားချင်ဘူး။ ရှောင်ယွီ အဲ့မှာ တကယ်ရှိနေရင် ငါတို့ သူ့ကို လွတ်သွားရင် ဘာလိုလုပ်မလဲ " သူမ ပြောလိုက်သည်။

ကျီဝမ်က ဖန့်ရှောင်နွမ်၏ ဆိုလိုရင်းကို သိသောကြောင့် သူဘာမျှ မပြောဘဲ ယာဉ်မောင်းကောင်းတစ်ဦးအဖြစ် ဆက်သရုပ်ဆောင်ခဲ့သည်။

လမ်းမှာကျီလင်းချန်က ဖုန်းဆက်ခဲ့သည်။ "ရှောင်နွမ်၊ ထောက်လှမ်းရေးကင်မရာတွေထဲက တစ်ခုမှာ ရှောင်ယွီ ဖုန့်ယန် ခရိုင်ဆီ လမ်းလျှောက်သွားနေတာကို ဖမ်းမိထားတယ်။"

ဖုန့်ယန် ခရိုင် ? ဖုန့်ယ် ရေကန်!

"သူ ဘယ်မှာရှိမလဲဆိုတာ ကျွန်မသိပြီ !" ဖန့်ရှောင်နွမ် က သူမအား လျိုစစ်ယွီ မကြာခဏပြောပြခဲ့ဖူးသော နေရာတစ်ခုကို ရုတ်တရက် သတိရသွားသည်။ " ရှောင်ဝမ်၊ ဖုန့်ယန် ရေကန်ဆီ မောင်း!"

ကျီဝမ်လည်း တစ်ခုခုကို တွေးမိသွားသည်။ သူ ချက်ချင်းလှည့်ပြီး ဖုန့်ယန် ခရိုင်ဆီ ဦးတည်သွားခဲ့သည်။

ဖုန့်ယန် ခရိုင်သည် မူလက ကျင်းမြို့တော် လက်အောက်ရှိ ခရိုင်တစ်ခုဖြစ်သော်လည်း မြို့တိုးချဲ့ပြီးနောက်၊ ၎င်းသည် ကျင်း မြို့တော်၏ ခရိုင်ဖြစ်လာသည်။ လျိုစစ်ယွီ သည် ကျောင်း၏လက်ကမ်းစာစောင်ကို တစ်ကြိမ်တွေ့ခဲ့ပြီး ထိုနေရာက ရှုခင်းက မဆိုးဘူးဟု ပြောခဲ့ဖူးသည်။ သူမ တကယ်သွားကြည့်ချင်ခဲ့တာ။ အဲ့တာက ကျင်း မြို့တော်မှာ ရှိပေမယ့် သူတို့ သုံးယောက်အဲဒီနေရာကို မရောက်ဖူးကြပေ။

အခုတော့ သူမတစ်ယောက်တည်း ထွက်သွားပြီ။

ကျီဝမ်က ကားမောင်းရင်း လမ်းညွန်ချက်အတိုင်း လိုက်နာခဲ့သည်။ အဆုံးတွင် သူသည် ကျေးလက်လမ်းငယ်တစ်ခုကို ဖြတ်ကာ နောက်ဆုံးတွင် ဖုန့်ယန် ရေကန်သို့ ရောက်ရှိခဲ့သည်။

ဖန့်ရှောင်နွမ်သည် သူမ ဖုန်းကိုကိုင်ကာ ကားပေါ်မှဆင်းပြီး “ ရှောင်ယွီ!” လို့အော်ခေါ်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ကို အော်ခဲ့သည်။

"ရှောင်ယွီ!" ကျီဝမ်လည်း အော်ခဲ့သည်။

သူတို့အော်သံက အင်းအိုင်ထဲက ငါးတွေနဲ့ မြက်ခင်းထဲက ပိုးကောင်တွေကို နှိုးမိခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ပေ။

ဖန့်ရှောင်နွမ်သည် သူမ၏ ဗီဇအတိုင်း လိုက်နာကာ ရေကန်ဘေး တစ်လျှောက် လမ်းလျှောက်ရင်း အော်ခဲ့သည်။ “ ရှောင်ယွီ နင် ဘယ်မှာလဲ”

ကျီဝမ်က သူ့ဖုန်းကို ထုတ်လိုက်ပြီး လျိုစစ်ယွီတစ်ယောက် မြက်ခင်းပြင်ရှည်ရှည်ထဲမှာ ရှိမရှိကို ကြည့်ဖို့ လှည့်ပတ်ကြည့်ခဲ့သည်။

နောက်ကျနေပြီ ဘယ်သူမှ ဒီမှာ မရှိကြဘူး။ ရေကန်ဘေးမှာ သူတို့နှစ်ယောက်ပဲ “ရှောင်ယွီ!” လို့ အော်နေကြသည်။

ရေကန်ပတ်လည်က မြေသားကစိုစွတ်နေသည်။ နှစ်ယောက်သား ရေကန်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်လာရင်း စိုစွတ်ပြီး စေးကပ်နေသော ရွှံ့နွံတွေက ၎င်းတို့၏ ဖိနပ်များတွင် ကပ်နေသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

ဖန့်ရှောင်နွမ်သည် ကျောက်တုံးကြီးကို တွေ့ရှိပြီး ၎င်းပေါ်တွင် ထိုင်လိုက်သည်။ သူမသည် သူမ၏ဖိနပ်မှ ရွှံ့များကို သစ်ရွက်ဖြင့်သုတ်ကာ ဆက်လက် လမ်းလျှောက်ခဲ့သည်။

ရေကန်၏မျက်နှာပြင်သည် အလွန်ငြိမ်သက်နေ၏။ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရုတ်တရက် တုံ့ပြန်သံတစ်ခုကြားလိုက်ရသည်။ "ငါဒီမှာ"

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထိုအသံက လျိုစစ်ယွီ၏ အသံဖြစ်သည်။

နှစ်ယောက်သား ဝမ်းသာအားရဖြင့် ရှေ့သို့ အမြန်လျှောက်သွားလိုက်ကြသည်။

All Chapters