အခန်း (၂၉၈)
Vol. 20 Ch. 298
“မြန်မြန် ဆက်ပြောပြ။ ရှောင်ယွီ၊ ငါအဲ့တာကိုကြားချင်တယ်" ဖန့်ရှောင်နွမ် လျှောက်သွားလိုက်ပြီး လျိုစစ်ယွီ နှင့်အတူ ကျောက်ဆောင်ပေါ်သို့ တက်ခဲ့သည်။
“အဲဒီနောက် ငါ့အစ်ကိုက သူ့ကို သူ့ရဲ့စောင်နဲ့ စာသင်ခန်းထဲထိ ခေါ်သွားပြီး စားပွဲပေါ်မှာ အိပ်ခိုင်းခဲ့တယ်။ အဲ့နောက် ရှောင်ဝမ် တိုက်ရိုက်ဖျော်ဖြေခဲ့ပြီးတော့ အိမ်ဖော်တွေက သူ့ကို အတန်းတက်ဖို့ အဝတ်စားတွေ ၀တ်ပေးခဲ့ကြတယ်။ အဲဒီကတည်းက သူဖျားချင်ယောင်ဆောင်ပြီး အတန်းမလစ် ရဲတော့တာ။”
"ဟားဟားဟား!" ဖန့်ရှောင်နွမ် ဝါးလုံးကွဲ ရယ်ပစ်လိုက်သည်။ "နောက်ထပ်ရှိသေးလား"
လျိုစစ်ယွီလည်း ပြုံးခဲ့သည်။ “နောက်ထပ် ဇာတ်လမ်းတွေ အများကြီးရှိသေးတယ်၊ ဒါပေမယ့်… ငါ့မှတ်ဉာဏ်က သိပ်မရှင်းနေဘူး” ဒီစကားကို ပြောရင်း သူမမျက်လုံးတွေမှာ ခါးသီးတဲ့ အရိပ်အယောင်တွေ ရှိနေသည်။
ကျီဝမ်က သူတို့ဘေးမှာ ထိုင်ချလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက်လုံးက အခုငါ့အဒေါ်တွေ ဖြစ်နေကြပြီ။ ဒါပေမယ့် မင်းတို့နှစ်ယောက်လုံးက မျိုးဆက်အတူတူပဲ။ ငါဘယ်လိုတိုင်းတာရမလဲ။"
ကျီဝမ်က လမ်းမှာ သတင်းကြောင့် ထိတ်လန့်သွားပေမယ့် လျိုစစ်ယွီ ဒီစကားတွေပြောနေတာကို သူ ကြားလိုက်တဲ့အခါ မယုံနိုင်စရာကောင်းတာကို သိလိုက်ရသည်။
သူသည် တစ်နည်းနည်းဖြင့် သူ့ သူငယ်ချင်းကောင်းနှစ်ယောက်၏ တူဖြစ်လာခဲ့သည်! သူ ဒီလို ကံဆိုးတဲ့ အဖြစ်အပျက်မျိုး ကြုံလာရသည်။ ဒါက တခြားဘယ်သူဆီမှာမှ ဖြစ်မလာနိုင်ဘူး။
"ရှောင်ယွီ၊ ငါ့အဖိုးက မင်းကို ငါ့ရည်းစားဖြစ်စေချင်တယ်လို့ ပြောခဲ့ဖူးတယ်!"
"အဓိပ္ပါယ်မရှိတာ!" လျိုစစ်ယွီ ပြောလိုက်သည်။
"ဒါပေမယ့် ငါ့အဖေကတော့ ငါက မင်းအတွက် လုံလောက်တဲ့အထိ မကောင်းဘူးလို့ ပြောခဲ့ပါတယ်" ကျီဝမ်ပြောလိုက်သည်။
"အစ်ကို့မှာ အရသာကောင်းကောင်းရှိတာပဲ!" လျိုစစ်ယွီ ပြောလိုက်သည်။
"ငါ့အမေကလည်း မင်းကို သဘောကျနေတာ" ကျီဝမ် ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါ့ရဲ့ယောက်မက ငါငယ်ငယ်လေးကတည်းက ငါ့ကို အရမ်းသဘောကျတာ" လျိုစစ်ယွီ ပြောလိုက်သည်။
ဖန်ချီက သူ့ယောက္ခမ သမီးလေးမွေးတုန်းက သူမ အဲ့ဒီမှာ ရှိနေခဲ့တာ။ သူမက နူးညံ့တယ်၊ နာခံတယ်၊ အထူးသဖြင့် ချစ်ဖို့ကောင်းသည်။ ဒါပေမယ့် သူမ၏ ကလေးက ရွှံ့နဲ့ကစားတဲ့ မိုက်မဲတဲ့ကောင်လေးဖြစ်သည်။
ရှောင်ယွီကိုတွေ့တိုင်း သူမလည်း သမီးလေး လိုချင်သည်။ ထိုအချိန်တွင် သူမသည် မြို့တော်ဝန် ကျီ အား သူမနှင့် ဒုတိယမြောက် ကလေးယူရန် မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဖန်ပြွန်သန္ဓေသား ယူလုနီးပါး ဖြစ်သွားခဲ့သည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သမီးလေးတစ်ယောက်ရဖို့ အိပ်မက်က အကောင်အထည်မပေါ်ခဲ့ပါပေ။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ငါ ကျီ မိသားစုနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ယောက်မက ကျီဝမ်ထက် ငါ့ကို ပိုပြီးတော့ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတာက အံ့သြစရာမရှိတော့ဘူး။ မသိတဲ့သူတွေက ငါ့ကို ငါ့ယောက်မရဲ့ကလေးလို့ထင်ကြပြီး ကျီဝမ်ကို ကောက်ရထားတာလို့ ထင်နေကြမှာ!”
ကျီဝမ် ပြောလိုက်သည်။ “ငါ့အမေက မိန်းကလေးတွေကို သဘောကျတယ်။ မင်းသာ ယောက်ျားလေးဆိုရင် မင်းကို ဂရုစိုက်မယ်လို့ ထင်လို့လား"
"ငါသာ ယောက်ျားလေးဆိုရင် နင့်ဦးလေး ငါ့ကို လက်ထပ်ပါ့မလား။"
ကျီဝမ် စကားမပြောနိုင်ဘဲ ငြိမ်သွားသည်။
ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီတို့က စကားဆက်ပြောကြသည်။
လျိုစစ်ယွီသည် ရေကန်ကိုကြည့်ကာ အချိန်အများစုမှာ တိတ်ဆိတ်နေခဲ့သည်။ သူမရဲ့အစ်ကိုအငယ်ဆုံးက သူမကို ဘယ်လိုကာကွယ်ပေးခဲ့တယ်ဆိုတာ ကို သူမ ဆက်တွေးနေခဲ့သည်။
“အစ်ကို၊ ညီမလေး ဒယ်ဒီ့ခွက်ကို မတော်တဆ ကွဲအောင်လုပ်လိုက်မိပြီ ” သူမပြောလိုက်သည်။
ကျီလင်းချန်က ကြမ်းပြင်ပေါ်ရှိ အစအနများကို ရှင်းထုတ်ပြီးနောက် သူ့ညီမ ခေါင်းကို ပုတ်လိုက်သည်။ "အစ်ကို့ကို နမ်းရင် အစ်ကိုက ကွဲအောင်လုပ်လိုက်တဲ့သူလို့ ပြောလိုက်မယ်"
သူမ အနမ်းပေးပြီးနောက် ကျီလင်းချန်က အပြစ်တင်တာကိုခံခဲ့သည်။
“အစ်ကို၊ တစ်ခုခုတော့ ဆိုးတာဖြစ်သွားပြီ။ မာမီ့ရေမွှေးကို ဖိတ်အောင်လုပ်လိုက်မိပြီ"
"ရပါတယ် ညီမလေးမှာ အစ်ကိုရှိတယ်!" ကျီလင်းချန်
က ပြန်ဖြေခဲ့သည်။
“အစ်ကို၊ ညီမလေး စာကျက်ရတာ မကြိုက်ဘူး”
"အစ်ကိုတို့ အတူတူ စာကျက်ကြမယ်လေ ပြီးရင် ညီမလေးကို ကစားဖို့ ခေါ်သွားပေးမယ်"
“အစ်ကို၊ ကယ်ပါဦး။ ညီမလေး အရမ်းကြောက်တယ်။"
နောက်ပိုင်းမှာ သူ့ညီမကို ကာကွယ်ဖို့အတွက် ကျီလင်းချန်က သွေးတွေလွှမ်းသွားတဲ့အထိ အရိုက်ခံခဲ့ရသည်။ ဒါပေမယ့် သူ့ညီမလေးကို ကာကွယ်ရမှာကြောင့် သူ လက်မလွှတ်ချင်သေးပေ။
ခေါ်ဆောင်သွားတာခံရပြီးနောက် သူ့အစ်ကို သူမကို ရှာမတွေ့နိုင်တော့မှာကို ကြောက်တဲ့ ကျီရှောင်ယွီက သူမရဲ့ လက်မောင်းကို ကိုက်ပြီး နာကျင်မှုကို သည်းခံခဲ့ကာ ကိုက်ထားတဲ့ အမာရွတ်တွေကို ချန်ထားခဲ့သည်။
ဒါပေမယ့်လည်း နောက်ပိုင်းတွင် သူမ၏ မှတ်ဥာဏ်များ ရှုပ်ထွေးလာပြီး လျိုစစ်ယန်ကို သူမ၏အစ်ကိုလို့ အထင်မှားခဲ့သည်။
"ရှောင်နွမ်၊ သူ ငါ့ကို အရမ်းကြီးစိတ်ပူနေတာလား"လို့ လျိုစစ်ယွီ မေးလိုက်သည်။
"သူ နင့်ကို စိတ်ပူနေခဲ့တာ ၁၅ နှစ်ရှိပြီ" ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။
လျိုစစ်ယွီက သူမလက်ထဲက ဖုန်းကို ကြည့်လိုက်ပြီး နံပါတ်ကို စိုက်ကြည့်နေခဲ့သည်။ သူမစိတ်ထဲတွင် သူသည် သူမအပေါ် ဘယ်လောက် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့လဲဆိုတာနဲ့ ပြည့်နှက်နေခဲ့သည်။
အဆုံးတွင် သူမသည် ကျီလင်းချန်၏ နံပါတ်ကို ခေါ်ဆိုနေဆဲပင်။
" ဟယ်လို ရှောင်နွမ်၊ ရှောင်ယွီကို ရှာတွေ့ပြီလား" သူဖုန်းကိုင်တာ အရမ်းမြန်သည်။
လျိုစစ်ယန် ပြောစရာ စကားပျောက်ရှသွားသည်။ သူမ အရမ်းကြောက်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
"ဟယ်လို " ကျီလင်းချန် ပြောလိုက်သည်။
လျိုစစ်ယန် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ဘာသံမှ ထွက်မလာပေ။ သူမ မျက်ရည်တွေ ရုတ်တရက် လျှံထွက်လာသည်။
ထိုအချိန်တွင် ကျီလင်းချန် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူလည်း အသံတိတ်သွားသည်။ ခဏကြာတော့ ကျီလင်းချန် မေးခဲ့သည်။ " ရှောင်ယွီ၊ မင်းဘယ်မှာလဲ"
လျိုစစ်ယွီ ပြောလိုက်သည်။ “အစ်ကို၊ ညီ.. ညီမ…” လို့ ပြောပြီး သူမတစ်ကိုယ်လုံး တုန်ယင်ကာ စိတ်လှုပ်ရှားနေခဲ့သည်။
ကျီလင်းချန်က သူ့ကို “အစ်ကို” လို့ ခေါ်လိုက်တာကို ကြားလိုက်ရတဲ့အခါ သူ့နှလုံးသားက နာကျင်သွားသည်။ သူ မျက်လုံးကို တင်းတင်းမှိတ်ထားပြီး မျက်ရည်မကျအောင် ခေါင်းမော့လိုက်သည်။
ဖန့်ရှောင်နွမ်က သူမဘေးနားရှိ ကောင်မလေးကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။
ခဏအကြာတွင် လျိုစစ်ယွီ ပြောလိုက်သည်။ "ညီမလေးက ဖုန့်ယန်ရေကန် မှာ "
ကျီလင်းချန်သည် တည်နေရာကိုကြားသောအခါ နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက်ချလိုက်သည်။ လှည့်လိုက်ပြီး သူ့မျက်ရည်တွေကို လက်နဲ့ ဘယ်သူမှ မမြင်နိုင်အောင် သုတ်လိုက်သည်။
ဖုန်းချပြီးနောက် ဖန့်ရှောင်နွမ်က လျိုစစ်ယွီကို နှစ်သိမ့်ခဲ့သည်။ “ဘာကိုကြောက်နေတာလဲ” ဟုမေးလိုက်သည်။
"ရှောင်နွမ်၊ ငါ့မှာ အိမ်မရှိမှာကို ကြောက်နေခဲ့တာ" လျိုစစ်ယွီ ပြောလိုက်သည်။